အခန်း (၁၆၆)
Vol. 12 Ch. 166
"မင်း ငါ့ကို သေအောင်ခြောက်နေတာပဲ"
ရှောက်ယိရဲ့မျက်နှာပေါ်တွင် သက်တောင့်သက်သာရှိတဲ့ အကြည့်ဖြင့် မြေပြင်ပေါ် ထိုင်လိုက်သည်။ "အမေ့ကို အစ်အောက်ကြည့်မယ်လို့ မင်း ပြောခဲ့တာမဟုတ်လား"
“ဟုတ်တယ်လေ” ကျွမ်းကျွမ်း အံ့အားသင့်သွားသည်။ “နေ့လည်က သူမကို လိုက်ရှာတော့ သူက ငါ့ကို ကြည့်လည်းမကြည့်ဘူး စကားလည်းမပြောဘူး။ အဲဒီတုန်းက သူမနဲ့ စကားပြောတုန်းက ငါ့ကို သိပ်ဂရုမစိုက်ဘူး။ အခု ဘာဖြစ်နေတယ်ဆိုတာ ငါ မသိဘူး”
ကျွမ်းကျွမ်း အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ နေ့လည်တုန်းက ရှောင်းကောက သူ့ကို ရှင်းရှင်းလင်းလင်း လျစ်လျူရှုထားသည်။ သူ ရုတ်တရက် သူတို့ကို စစ်ဆေးတော့မယ်ဆိုတာ ဘယ်သူက သိထားလို့များလဲ။
ကံကောင်းဖို့မျှော်လင့်ထားတဲ့ သူတို့နှစ်ယောက်က အခုချုံပုတ်ထဲမှာ ထိုင်ပြီး တုန်လှုပ်နေကြသည်။
"ကျွမ်းကျွမ်း၊ အပြင်ထွက်ရအောင်"
ရှောက်ယိ မခံနိုင်တော့ပေ။ ဆောင့်ကြောင့်ထိုင်နေရတော့ ခြေထောက်တွေ ထုံကျင်လာသည်။
ကျွမ်းကျွမ်းသည် ထိုစကားကိုကြားသောအခါ တုံ့ဆိုင်းသွားသည်။ သူ အပြင်ကို ကြည့်လိုက်ပြီး ပြောခဲ့သည် "ကောင်းပြီ၊ ငါတို့ မြန်မြန်လုပ်ရမယ်"
ရှောက်ယိ ခေါင်းညိတ်ပြပြီး ကျွမ်းကျွမ်းကို အနားသို့ကပ်အောင် ဆွဲလိုက်သည်။ ကလေးနှစ်ယောက်က ပုန်းလျှိုးကွယ်လျှိုးနဲ့ကျောခိုင်းကာ သူတို့ပုန်းနေတဲ့နေရာကနေ ခုန်ထွက်လာကြသည်။
"ရှောက်ယိ၊ အခန်းထဲ မြန်မြန်ပြန်ပြေးကြရအောင်။ အမေ ငါတို့ကို လိုက်ရှာနေဦးမှာပဲ။ ခဏလေးနဲ့တော့ ပြန်လာမှာမဟုတ်ဘူး"
ကျွမ်းကျွမ်းက ဦးဆောင်ခဲ့သည်။ သူထွက်လာသောအခါတွင် ရှောက်ယိ၏ လက်ကိုလွှတ်လိုက်ပြီး အခြေအနေကို စစ်ဆေးရန် ရှေ့သို့ထွက်ခဲ့သည်။ လမ်းတစ်လျှောက်တွင် ရှောက်ယိကို သူက နောက်ဆုံးအခြေအနေတွေကို ရှင်းပြရန် မမေ့ခဲ့ပေ။
ရှောက်ယိက အချိန်အတန်ကြာ တုံ့ပြန်ခြင်းမရှိသောအခါ ကျွမ်းကျွမ်းက ထူးဆန်းနေတာကို ခံစားရပြီး အမှားကို စစ်ဆေးရန် လှည့်ကြည့်လိုက်သည်။
လှည့်ကြည့်လိုက်တော့ ပထမဆုံးမြင်လိုက်ရတာက ခြေတံရှည်ရှည်ကြီး။ ကျွမ်းကျွမ်း ခေါင်းမော့ပြီး မော့ကြည့်လိုက်သည်။
ရှောင်းကောက သူမ၏ ရင်ခွင်ထဲမှာ နှုတ်ခမ်းစူနေတဲ့ ရှောက်ယိကို ချီထားသည်။ ပြုံးနေတဲ့ မျက်နှာဖြင့် သူမ က ကျွမ်းကျွမ်းကို ကြည့်ခဲ့သည်။ “ပြေးနိုင်ဦးမလား ကြည့်ရအောင်လေ”
“ဟဲဟဲ အမေ…”
သူ့အမေနဲ့ ရှောက်ယိရဲ့မျက်နှာပေါ်တွင် တောင်းပန်ရမည့် အကြည့်ကိုမြင်ပြီးနောက်တွင် သူ့သူငယ်ချင်းကို ချပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ကိုယ်သူ ကယ်တင်နိုင်သလောက် သူလုပ်နိုင်တာ ဘာမှမရှိဘူး။
“ဟီးဟီး အမေ…”
ရှောင်းကောက ပြုံးရုံသာပြုံးနေပြီး သူ့ကို လျစ်လျူရှုနေတာကိုမြင်တော့ ကျွမ်းကျွမ်းက သူ့ပါးစပ်ကိုဖွင့်ဟပြီး ချစ်စရာကောင်းတဲ့ အမူအရာလုပ်ပြပြီး ရုန်းထွက်ဖို့ကြိုးစားခဲ့သည်။
“.....…”
ထို့ကြောင့် နေအိမ်၌ အောက်ပါ မြင်ကွင်း ပေါ်လာသည်။
ရှောက်ကောက သူမ၏ လက်အောက်တွင် ညစ်ပတ်ပေကျံနေတဲ့ ကလေးနှစ်ယောက်ကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားသည်။ သူတို့က ရောင်စုံဝတ်ရုံကို ၀တ်ဆင်ထားပြီး သူတို့ခေါင်းပေါ်မှာ အရွက်တွေကပ်နေသည်။ လောလောဆယ်တွင် ကလေးနှစ်ယောက်က ရှောင်းကော၏ အဝတ်အစားများကို ကိုင်ဆွဲကာ သနားညှာတာဖို့ တောင်းပန်နေကြသည်။
–
"နင်တို့အဝတ်အစားတွေကို ချွတ်"
ရှောင်းကောက ခွေးခြေပေါ်တွင်ထိုင်ပြီး စည်ပိုင်းပေါ်မှာ သဘတ်တစ်ထည်ကို တွဲလောင်းချထားသည်။ စိတ်ပျက်လက်ပျက်နဲ့ ကောင်လေးနှစ်ယောက်ကို သူမကြည့်လိုက်သည်။
သူမ ရယ်ချင်နေတာကို ထိန်းထားပြီး မရယ်ခဲ့ပေ။ သူမရယ်လိုက်ရင် ဒီကောင်ဆိုးလေးနှစ်ယောက်က ချစ်စရာကောင်းအောင် လုပ်ပြကြမှာ သေချာသည်။
ကျွမ်းကျွမ်းနဲ့ ရှောက်ယိတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် ရှောင်းကောကို ကြည့်လိုက်ကြသည်။ ထို့နောက် လှည့်ပြီး ဖြည်းဖြည်းချင်း အဝတ်တွေချွတ်ခဲ့ကြသည်။
"မြန်မြန်လုပ်"
ရှောင်းကောက သူမကို ကျောခိုင်းထားတဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီး မသိအောင် ပြုံးခဲ့သည်။ ဒါပေမယ့်လည်း သူမသည် တင်းမာသောလေသံဖြင့် သူတို့ကို ဆက်လက်တိုက်တွန်းနေဆဲပင်။ “တကယ် အရည်အချင်းရှိတဲ့ အတွဲပဲ။လူကြီးတွေ စောင့်ကြည့်ဖို့ အနားမှာ မရှိတဲ့အချိန် သူတို့က အလုပ်ရှုပ်အောင်လုပ်ကြတယ်”
ကလေးနှစ်ယောက်က သူတို့မှားတာကို သိတဲ့အတွက် အမြန် အဝတ်အစားတွေ ချွတ်လိုက်သည်။
သူတို့သည် မရှက်မကြောက်ဘဲ ဖင်ပြောင်ပြောင်နဲ့ ရပ်ကာ ရှောင်းကောက သူတို့ကို တန်းစီပြီး ရေချိုးကန်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
တကယ်တော့ ကလေးနှစ်ယောက်လုံးက တကယ်ကို အသားဖြူသည်။
ရှောင်းကောက ရှောက်ယိကို ရေချိုးကန်ထဲသို့ အရင်ထည့်ပြီးနောက် သူမက ကျွမ်းကျွမ်းကိုလည်း အထဲမထည့်ခင် တင်ပါးဖြူဖြူလေးကို ရိုက်လိုက်သည်။
အချိန်အကြာကြီး ထိန်းထားပြီးနောက် သူမ မကူညီနိုင်သေးပေ။ သူ့တင်ပါးက အရမ်းကို တုန်တုန်တုန်တုန်နဲ့....
ကျွမ်းကျွမ်းက သူ့တင်ပါးကို ကာထားပြီး ထိတ်လန့်နေပုံရသည်။ သူ သူ့ကိုယ်သူ တွေးခဲ့သည်။ “နောက်ဆုံးတော့ စလာပြီ…”
ရှောက်ယိလည်း အဲ့တာကိုမြင်တော့ သူ့မျက်လုံးတွေကို ကာလိုက်ပြီး ချောင်းကြည့်ဖို့ အပေါက်သေးသေးလေး ချန်ထားခဲ့သည်။ ကျွမ်းကျွမ်း အရိုက်ခံရတာကို သူတကယ်မကြည့်နိုင်ဘူး...
ရှောင်းကောရဲ့ နောက်ထပ်ရိုက်ချက်ကို စောင့်ဆိုင်းနေစဉ် ကျွမ်းကျွမ်း၏ ခန္ဓာကိုယ်က တောင့်နေခဲ့သည်။
ဒါပေမယ့် အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက်မှာတော့ သူ့ကိုယ်ပေါ် ရေနွေးနွေးလေးတွေသာရောက်လာသည်။
ကျွမ်းကျွမ်း ရဲရင့်စွာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှောင်းကောက သူတို့နှစ်ယောက်အား ရေချိုးပေးနေသည်ကို သတိထားမိလိုက်သည်။ မုန်တိုင်းမရှိ၊ မိုးဖွဲလေးမျှသာ။
ရှောက်ယိ အချိန်အတော်ကြာ ဘာသံမှ မကြားခဲ့ရပေ။ သူ့သတ္တိကို စုစည်းပြီး မျက်လုံးဖွင့်လိုက်သည်။ လက်ကြားထဲကနေတစ်ဆင့်ကြည့်လိုက်တော့ အရာရာဟာ ငြိမ်သက်နေတာကို သူမြင်ခဲ့ရသည်..
"မရိုက်ဘူးလား"
ကျွမ်းကျွမ်းနဲ့ ရှောက်ယိတို့ နှစ်ယောက်လုံး တူညီတဲ့မေးခွန်းတစ်ခုရှိသည်။
ရှောင်းကောမှာ သူတို့နှစ်ယောက်ကို ကိုင်တွယ်ရန် အချိန်မရှိပေ။ သူတို့ကိုယ်သူတို့ ဘယ်လိုဖြစ်ပြီး ဒီလောက် ညစ်ပတ်အောင်လုပ်ခဲ့ကြလဲ သူမ မသိလိုက်ပေ။ သူတို့အဝတ်အစားတွေ ညစ်ပတ်နေရုံတင်မကဘဲ သူတို့ခန္ဓာကိုယ်တွေကလည်း ညစ်ပတ်နေသည်။ သူမ သူတို့ကို စေ့စေ့စပ်စပ် သန့်စင်ပေးခဲ့သည်။
“လက်တွေ မြှောက်.... မော့… လှည့်…”
ကလေးနှစ်ယောက်က ရှောင်းကောနဲ့ ပူးပေါင်းကာ လှည့်ပြီး ထိုအခိုက်အတန့်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။
ကလေးတွေကို ဆပ်ပြာတိုက်ပေးလို့ပြီးတော့မယ့်အချိန်မှာ ကျန်းတန်းဟယ် ရောက်လာခဲ့သည်။
သူ့အခန်းထဲကနေ ခုလေးတင် အသံ ကြားလိုက်ရတော့ စပ်စုကြည့်ဖို့ ထွက်လာသည်။ ဒါပေမယ့် အပြင်သို့ထွက်လာတော့ တိတ်ဆိတ်နေခဲ့သည်။
စောစောတုန်းက သူ တစ်နေရာရာမှာ အကျဉ်းချုပ်မိတာကြောင့် နေ့လယ်စာ လွတ်သွားခဲ့သည်။ အခု ဗိုက်ဆာနေပြီမို့ အစားအသောက်ရှာဖို့ ထွက်လာသည်။
မီးဖိုချောင်သို့ရောက်သောအခါ အစေခံတွေ ဖြစ်ပျက်ခဲ့သည်များကို ဆွေးနွေးနေသည်ကို ကြားလိုက်ရသည်။ သူသည် သူတို့ထံမှ ကြားသမျှကို ပေါင်းစပ်ကာ အကြံဥာဏ်တစ်ခု ရခဲ့သည်။
ဒီလိုနဲ့ပဲ သူ အသံတွေကို လိုက်ရင်း ဒီမှာ သသူအဆုံးသတ်သွားသည်။
ရှောင်းကောက သူ့ကိုမြင်တော့ လက်တွေတုန်လာပြီး ဆပ်ပြာကိုချလိုက်မိသွားသည်။
ကျန်းတန်းဟယ်က ရှောင်းကောဆီသို့ လျှောက်သွားသည်။ သူမ ချက်ချင်း ခန္ဓာကိုယ်ကိုကိုင်းကာ ဆပ်ပြာကို ကောက်လိုက်သည်။
"ရှင် သူတို့ကိုရေချိုးပေးလိုက်ပါလား။ ရှင် ဆပ်ပြာတိုက်ပေးလိုက်။ ကျွန်မ သူတို့အဝတ်တွေ လျှော်လိုက်မယ်"
ကျန်းတန်းဟယ်က ရပ်တန့်လိုက်ပြီး ခေါင်းညိတ်ခဲ့သည်။ ဒီအချိန်မှာ ရှောင်းကောက သူ့ကို ရှောင်နေတယ်ဆိုတာကို သူသိသည်။ "ကောင်းပြီ ကိုယ် သူတို့ကို ဖြူဖွေးသွားအောင် ဆေးကြောပေးလိုက်မယ်"
ရှောင်းကော ပြုံးပြီး ထွက်သွားခဲ့သည်။ 'ဖြူဖွေးသွားအောင် ဆေးကြောပေးမယ်' ဆိုတဲ့ ဝေါဟာရကို သူတကယ်သိသည်။
ရှောင်းကော ထွက်သွားပြီးနောက် ကျန်းတန်းဟယ်က ရေချိုးကန်ဘေးသို့ လျှောက်သွားလိုက်သည်။ ကလေးနှစ်ယောက်က သူ့ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီး အနည်းငယ် ရှက်သွားကြသည်။ ဆန့်ကျင်ဘက်လိင်ဖြစ်သော ရှောင်းကောနဲ့ ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့မှာ ရှက်ရွံ့ခြင်းမရှိသည်မှာ ရှင်းရှင်းလင်းလင်းပင်၊ ၎င်းတို့သည် လိင်တူတဲ့သူတွေနဲ့ ရင်ဆိုင်ရတော့ ဘာကြောင့် ဒီလောက် အဆင်မပြေဖြစ်နေတာလဲ။
ကျန်းတန်းဟယ် ယခုအချိန်တွင် အရှုံးပေါ်နေသည်။ ရေချိုးကန်ထဲက ကလေးနှစ်ယောက်ကို ကြည့်လိုက်တော့ ကိုယ်လုံးတီးနဲ့ နှစ်ယောက်သား ပွေ့ဖက်ထားကြသည်။ သူဘယ်ကနေ စလုပ်ရမှန်းမသိပေ။
"မြန်မြန် သူတို့ကို ရေချိုးပေးလိုက်။ ရေတွေအေးသွားလိမ့်မယ်"
ရှောင်းကောက သူမကျန်ခဲ့တဲ့ အဝတ်တစ်ထည်ကို ကောက်ယူရန် ပြန်လာခဲ့သည်။ ကျန်းတန်းဟယ် မိန်းမောနေသေးတာကိုမြင်တော့ သူမက သူ့ကို စဖို့ တိုက်တွန်းလိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ။”
ရှောင်းကောက အဝတ်အစားတွေကို လက်ထဲတွင် ကိုင်ထားရင်း သူတို့ သုံးယောက်ကို ချီတုံချတုံဖြင့် ကြည့်လိုက်သည်။ "ထားလိုက်တော့။ ရှင့်ဆီပဲ သူတို့ကို ထားခဲ့တော့မယ်"
ရှောင်းကောရဲ့ တိုက်တွန်းမှုကို ကြားတာနဲ့ ကျန်းတန်းဟယ်က သူ့ဘေးနားက ဆပ်ပြာကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး သူတို့ထဲက တစ်ယောက်ကို ရှေ့တိုးဖို့ လက်ပြလိုက်သည်။
ကလေးနှစ်ယောက်က ရေချိုးကန်ထဲမှာ ရပ်နေတုန်းပင်။ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပေမယ့် ကျန်းတန်းဟယ်အား သူ့အလုပ်ကို လုပ်ခွင့်ပေးဖို့ ဘယ်သူမှ ရှေ့မတိုးရဲကြပေ။
"ကျွမ်းကျွမ်း၊ ဒီကိုလာ။"
ကျန်းတန်းဟယ်က ကောင်လေးနှစ်ယောက်ကို ကြည့်ပြီး ကျွမ်းကျွမ်းကို မခေါ်ခင် ခဏလောက် စဉ်းစားနေမိသည်။
ရှောက်ယိက သူ့ကို ဆုပ်ကိုင်ထားတဲ့ ကျွမ်းကျွမ်းကို တံတောင်နဲ့တို့လိုက်သည်။ သူက ကျွမ်းကျွမ်းကိုကြည့်ပြီးပြောလိုက်သည်။ "သူ မင်းကိုခေါ်နေတယ်"
ကျွမ်းကျွမ်းက တုံ့ဆိုင်းစွာဖြင့် ရေချိုးကန်ဆီသို့ ရောက်လာသည်။ ယောက်ျားလေးတွေ အတူတူ ရေချိုးရတာ နည်းနည်းတော့ အဆင်မပြေဘူး...
သူတို့ ဘယ်လောက် တွန့်ဆုတ်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းတန်းဟယ်က ဟိန်းဟောက်ချင်စိတ်ကို ထိန်းထားခဲ့ရသည်။ "မင်းကို ရေချိုးပေးချင်တယ်လို့ ထင်နေလား"
သူ့လက်ကြီးနဲ့ ဆပ်ပြာကို ကောက်ယူပြီး ရေချိုးကန်ထဲမှာ နှစ်လိုက်သည်။ ထို့နောက် ကျွမ်းကျွမ်း၏ နောက်ကျောကို စတင်ပွတ်တိုက်ခဲ့သည်။
ခဏအကြာတွင်ဆပ်ပြုမြှုပ်တွေထွက်လာသည်။ ကျန်းတန်းဟယ်က ဆပ်ပြာကိုချကာ ကျွမ်းကျွမ်း၏ ခန္ဓာကိုယ်ကို ဆပ်ပြာတိုက်ပေးခဲ့သည်။ သူ၏ လှုပ်ရှားမှုတွေက လေးလံခြင်း၊ ပေါ့ပါးခြင်း မရှိပေ။
ကျွမ်းကျွမ်းက အံကြိတ်ပြီး သူ့အဖေရဲ့လက်တွေက သူ့အမေနဲ့ တကယ်ကို မတူဘူးလို့ သူ့ကိုယ်သူ တွေးလိုက်သည်။ နောက်ဆုံးတော့ သူ မခံနိုင်တော့ပေ။ "အဖေ၊ ညင်ညင်သာသာလေးလုပ်ပေးပါ"
"…....သိပြီ။"
ဒီအချိန်မှာ ကျန်းတန်းဟယ် အတော်လေးကို စိတ်ဆင်းရဲနေပြီး သူ့လှုပ်ရှားမှုတွေကို လျှော့ဖို့ကြိုးစားသည်။ ဒါက သူ့ကိုယ်ပိုင် ထူထဲတဲ့ အသားအရည်မဟုတ်ဘူးဆိုတာကို သူ မေ့သွားခဲ့သည်။ ကျွမ်းကျွမ်းတဲ့ နူးညံ့တဲ့ အရေပြားက သူ့ရဲ့ပွတ်တိုက်မှုကြောင့် နီရဲလာသည်။
ကျွမ်းကျွမ်း ရေချိုးပြီးသောအခါ ရှောက်ယိ၏ အလှည့်ဖြစ်သည်။ ဘေးမှာရပ်နေတဲ့ ရှောက်ယိမှာ သူ့အသားအရေက ရေကြောင့်စိုစွတ်စပြုနေပြီ။ ကျန်းတန်းဟယ်က ကျွမ်းကျွမ်း၏ ခြောက်သွေ့တဲ့ အရေပြားပေါ် ဆပ်ပြာဖြင့် ပွတ်နေသည်ကို တွေ့ခဲ့ရတော့ သူ လွန်စွာ ထိတ်လန့်သွားသည်။ သူ့ကိုယ်သူ ရေ အရင်စွတ်ထားရင် ပိုကောင်းလိမ့်မယ်၊ ဒါမှ နောက်ပိုင်းမှာ အရမ်းကြီး မထိခိုက်စေမှာ။
“ပြီးပြီ။”
ကျန်းတန်းဟယ်က ကျွမ်းကျွမ်း၏ သေးငယ်တဲ့ တင်ပါးဖွေးဖွေးလေးကို ရိုက်လိုက်ပြီး ဘေးသို့ ရွှေ့ရန် ပြောလိုက်သည်။ ရှောက်ယိ ဆပ်ပြာတိုက်ဖို့ အချိန်တန်ပြီ။
ကျွမ်းကျွမ်းက အဆက်မပြတ် ညည်းညူခဲ့သည်။ "ဒီတစ်ချက်က အရမ်းပြင်းတယ်!"
ကျန်းတန်းဟယ်က သွေးဆောင်မှုကို မခံနိုင်ခဲ့ပေ။ ကျွမ်းကျွမ်းရဲ့ သေးငယ်တဲ့ တင်ပါးဖွေးဖွေးလေးက စောစောက သူ့မျက်နှာရှေ့မှာ လှုပ်ယမ်းသွားသည်။ အလွန်ချစ်စရာကောင်းသည်။ ဤအတောအတွင်း သူ၏လက်တွေက အဲ့နားကိုရောက်ဖို့ သေလုမြောပါးဖြစ်ပြီး နောက်ဆုံးတွင် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ရိုက်ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း တင်းပြီး တုန်သွားသည်။
ကျွမ်းကျွမ်း၏ ညည်းညူတဲ့အသံကိုကြားတော့ ရှောက်ယိ ကြောက်ရွံ့တုန်လှုပ်သွားသည်။ သူ လှည့်ပြီးရေပုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ အသံရှူသံကိုထိန်းပြီးပြောခဲ့သည်။ "ဒီလိုလုပ်ရအောင်!"