← Chapters

အခန်း (၁၇၁)

Vol. 12 Ch. 171

အခန်း (၁၇၁)

Vol. 12 Ch. 171

“ကြိုဆိုပါတယ်”

သူတို့ဝင်ပြီးတာနဲ့ ရေချိုးဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်စုက သူတို့ကို ဝိုင်းထားကြသည်။ ခဏလောက်ကြာတော့ ရှောင်းကောက သူမ အနုပ်စုတ်ကုပ်စုတ် နေရာကို ရောက်နေတယ်လို့ ထင်သွားခဲ့သည်။

၎င်းတို့သည် နေရာမှန်ဖြစ်ကြောင်းကို နှစ်ကြိမ်စစ်ဆေးပြီးနောက် သူမ ပို၍သက်တောင့်သက်သာရှိလာသည်။

"အားရိုး ကောင်လေးချောချောလေး၊ မင်းက အရမ်းကြည့်ကောင်းတာပဲ၊ ငါ ပွေ့ဖက်ပါရစေ..."

"ဘေးဖယ်။ လာ ကလေးလေး ငါ နမ်းပါရစေ..."

"အား နင် ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ"

“ဟားဟားဟားဟား…”

အမျိုးသမီး၏ ရယ်မောသံက လေထဲသို့ ချက်ချင်း ထွက်ပေါ်လာသည်။

ရှောင်းကောက အမျိုးသမီးတွေ ဝန်းရံနေတဲ့ ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ သူ စိတ်ရှုပ်နေပေမယ့် သူ့မျက်နှာမှာ လေးနက်ပြီး အရွယ်ရောက်တဲ့ အမူအရာကို ထိန်းသိမ်းထားဆဲပင်။ ကြည့်ရတာ တော်တော်အပျင်းပြေစရာကောင်းသည်။

နောက်ဆုံးတွင် ကျွမ်းကျွမ်းက အမျိုးသမီးတွေရဲ့ ခံပြင်းမှုကို မခံနိုင်ဘဲ ရှောင်ကောဆီ လှမ်းကြည့်ကာ အကူအညီတောင်းခဲ့သည်။

"ရပြီ ရပြီ ညီမတို့၊ ဆော့နေတာကို ရပ်လိုက်တော့၊ ငါတို့ဧည့်သည်တွေကို ကြိုဆိုရမယ့်အချိန်ရောက်ပြီ"

ရှောင်းကော စကားမပြောမီတွင် အမျိုးသမီးတစ်ဦးက အပျော်သဘောပါဝင်နေသည့် အမျိုးသမီးအများအပြားကို မောင်းထုတ်ခဲ့သည်။

လူစုကွဲသွားသောအခါ ကျွမ်းကျွမ်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက ရှောင်းကော ရဲ့နံဘေးကို အမြန်သွားပြီး သူမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

"သခင်မ ဒီနေ့ ဘယ်ရေကန်မှာ စိမ်ချင်ပါသလဲ"

ထိုအမျိုးသမီးသည် စီးပွားရေးတွင် ကောင်းမွန်ပြီး ထက်မြက်တဲ့ မျက်လုံးများရှိသည်။ ရှောင်းကောက ဖောက်သည်အသစ်ဖြစ်သည်မှာ သိသာထင်ရှားသောကြောင့် သူမအား အသေးစိတ် မိတ်ဆက်ပေးခဲ့သည်။ သူမသည် ရှောင်းကောကို လူများရွေးချယ်နိုင်စေရန် သစ်သားပြားတွေလို အမျိုးမျိုးသော ရေကူးကန်ရွေးချယ်မှုများကို ထွင်းထုထားသည့် လိုချင်တာရွေးချယ်နိုင်တဲ့ဇယားဆွဲထားသည့်နံရံသို့ပင် လမ်းညွှန်ခဲ့သည်။

အတန်ကြာစဉ်းစားပြီးနောက် ရှောင်းကောက နှင်းဆီရနံ့သင်းသော ရေကန်ကို ရွေးလိုက်သည်။

ရွေးချယ်မှုတစ်ခုလုပ်ဖို့ ဘာကြောင့် အရမ်းခက်ခဲရတာလဲ။ ဤနေရာတွင် မတူညီသော အရသာရှိသော ရေကန်များသည် နံရံတစ်ခုလုံးကို ဖြည့်ရန် လုံလောက်သော်လည်း ရွေးချယ်မှု၏ ထက်ဝက်အောက်က ပန်းရေကန်များဖြစ်သည်။ ကျန်တာကတော့ အဓိကအားဖြင့် တရုတ်ဆေးဖက်ဝင်တွေပါ။

ရှောင်းကော သည် အမှန်တကယ်ပင် တရုတ်ရိုးရာဆေးဖက်ဝင်ရေကန်ဆီသို့ ဦးတည်နေခဲ့သည်။ ဒါပေမယ့်လည်း ကျွမ်းကျွမ်းက ငယ်ရွယ်သေးသည်ဟု ယူဆသောကြောင့် ထိုရေကူးကန်တွေက သူ့အတွက် မသင့်တော်ပေ။ ထို့ကြောင့် သူမသည် ပန်းရနံ့သင်းသော ရေကူးကန်ကို ရွေးချယ်ခဲ့သည်။

ကလေးတွေနဲ့ လူကြီးတွေအတွက် ဝင်ကြေးမှာ အတူတူပင်ဖြစ်သည်—လူတစ်ဦးလျှင် ကြေးဒင်္ဂါးဆယ်ပြားဖြစ်သည်။ ဒါဟာ အတော်လေး ကျိုးကြောင်းဆီလျော်တဲ့ စျေးနှုန်းဖြစ်သည်။ ရှောင်းကောသည် သူမနဲ့ကျွမ်းကျွမ်း အတွက် ကြေးဒင်္ဂါးနှစ်ဆယ်ကို ပေးခဲ့သည်။

ဤနေရာတွင် အမျိုးသားနှင့် အမျိုးသမီး ရေကန်များကို ခွဲခြားထားသည်။ ရှောင်းကောနဲ့ကျွမ်းကျွမ်းတို့သည် ဆိုင်ဝန်ထမ်း အမျိုးသမီးအခန်းသို့ လိုက်သွားကာ တံခါးကို ဖြတ်သွားခဲ့သည်။ အထဲမှာ သီးသန့်ခန်းတွေရှိသည် တည်းခိုခန်းလိုပါပဲ။

အမျိုးသမီးသည် ရှောင်းကောကို အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး ရေပူစမ်းတွင် ရေစိမ်ရန် သူမဝတ်လို့ရနိုင်တဲ့ ၀တ်ရုံပါးပါးလေးကို ပေးခဲ့သည်။

ရှောင်းကောက ဤအတွက် အလွန်ကျေးဇူးတင်ခဲ့သည်။ ကျွမ်းကျွမ်းက ငယ်ရွယ်သေးတာကြောင့် ယောက်ျားလေးအခန်းကို သူ့ဘာသာသူ သွားခွင့်ပြုဖို့က အဆင်မပြေပေ။ ဒါပေမယ့် သူမနဲ့ ရေချိုးဖို့ကလည်း အတိအကျကို အဆင်မပြေခဲ့ပေ။ ယခု သူမမှာ ဒီဝတ်ရုံကို ဝတ်ထားပြီး အနည်းဆုံးတော့ အနည်းငယ် ကာထားနိုင်သည်။

အခန်းထဲမှာ ကန့်လန့်ကာတစ်ခုရှိသည်။ ရှောင်းကောက ကျွမ်းကျွမ်းရဲ့ အဝတ်အစားများကို ချွတ်ကာ ကန့်လန့်ကာနောက်သို့ ပြန်မသွားမီတွင် သူ့ကို ရေကူးကန်ထဲ ထည့်ပေးခဲ့သည်။ သူမကိုယ်တိုင်လည်း အဝတ်အစားချွတ်ကာ အ၀တ်လဲလိုက်သည်။

ရေထဲသို့ဝင်လိုက်သည်နှင့် တပြိုင်နက် သူမ၏ ခန္ဓာကိုယ်က ပူနွေးသောရေတွေထဲ နစ်မြုပ်သွားခဲ့သည်။ ထိုခံစားမှုက သူမကို သက်တောင့်သက်သာဖြစ်စေသည်။

ကျွမ်းကျွမ်းက ရေထဲတွင် အေးအေးလူလူ လှဲနေပြီး သူ့လည်ပင်းကို ရေကန်ဘေးဘက်မှာ မှီထားသည်။ သူ့ခြေဖဝါးလေးတွေနဲ့ ရှေ့ကန်လိုက် နောက်ကန်လိုက်ဖြင့် ပန်းပွင့်များနှင့်အတူ လေထဲတွင် ရေများ စီးကျလာသည်။

ရှောင်းကောက ရေထဲတွင် နှစ်ထားကာ ခေါင်းကိုသာ ဖော်ထားခဲ့သည်။

ဒီရေက အဆက်မပြတ်ပူနေသည်။ ရေကန်၏ အောက်ခြေတွင် အပြင်ဘက်သို့ ချိတ်ဆက်ထားသော ပိုက်များရှိသည်။ ရေပူနေစေရန် ထင်းထည့်ကာ အပြင်ဘက်တွင် စောင့်နေတဲ့ လူတစ်ယောက်ရှိသည်။

ဤနေရာတွင် အနှိပ်ခန်း ဝန်ဆောင်မှုများလည်း ရှိသည်။ ရှောင်းကော ခဏတုံ့ဆိုင်းသွားပြီး သူ့ကိုယ်သူ အနှိပ်ခံဖို့ ဆုံးဖြတ်လိုက်သည်။

နောက်ရက်အနည်းငယ်ကြာတဲ့အထိ ရထားလုံးစီးရမှာကို စိတ်ကူးကာ ရှောင်းကော ချက်ခြင်း မသက်မသာဖြစ်သွားသည်။

ပင်မခန်းမနှင့် ချိတ်ဆက်ထားသော အခန်းထဲတွင် ခေါင်းလောင်းတစ်ခုရှိသည်။ အခန်းထဲမှာ တစ်ယောက်ယောက်က ကြိုးဆွဲလိုက်ရင် အပြင်က ခေါင်းလောင်းက မြည်လိမ့်မည်။

ရှောင်းကော ထပြီး ကြိုးကိုဆွဲလိုက်သည်။ ရှောင်းကော က တစ်ယောက်ယောက် မကြားမှာစိုးတာကြောင့် ခေါင်းလောင်းကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်တီးခဲ့သည်။

ခဏကြာတော့ တံခါးခေါက်သံထွက်လာသည်။

"ဘာဝန်ဆောင်မှုတွေများလိုအပ်ပါသလဲ "

ရှောင်းကောက ဒါကိုကြားပြီးတာနဲ့ အတွေးထဲက ထွက်သွားမိတာကို ခွင့်လွှတ်လိုက်သည်၊ မိန်းကလေးရဲ့ အသံက ဘယ်လောက်ထိ ချစ်စရာကောင်းလိုက်လဲ။

"အဟမ်း ကျွန်မ အနှိပ်ခံဖို့ လိုလို့"

ရှောင်းကောလည်ချောင်း ရှင်းလိုက်သည်။ အိမ်တွင်း အပူချိန် မြင့်မားမှုကြောင့် သူမ၏ အသံက အနည်းငယ် အောနေသည်။

“ကောင်းပါပြီ….....အနှိပ်ခံဖို့အတွက် ကြေးဒင်္ဂါးဆယ်ပြားကျပါမယ်ရှင်၊ ငွေပေးချေပြီးရင် အနှိပ်သည် လာပါလိမ့်မယ်”

ဤဆိုင်၏ ဆောင်ပုဒ်မှာ ချက်ခြင်းငွေပေးချေပြီးနောက် ဝန်ဆောင်မှုများပေးရန်ဖြစ်သည်။

ရှောင်းကောက ပိုက်ဆံတွေကို တံခါးပေါ် ချိတ်ဆွဲထားတဲ့ သစ်သားသေတ္တာငယ်လေးထဲမှာ ထည့်လိုက်သည်။ တံခါးအပြင်ဘက်ကလူက ပိုက်ဆံထည့်လိုက်တာနဲ့ သေတ္တာကို ဆွဲထုတ်လိုက်သည်။

ငွေပေးချေမှုပြီးသောအခါ ရှောင်းကောဆီ အနှိပ်ဆရာမတစ်ဦးကို အမြန်ပေးအပ်ခဲ့သည်။

ထိုလူထွက်သွားပြီးနောက် ရှောင်းကောသည် ရုတ်တရက် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ အနှိပ်သည်က ယောက်ျားလား မိန်းမလား မေးဖို့ သူမ မေ့သွားသည်။

ကျွမ်းကျွမ်းက ရေထဲတွင် ပျော်ရွှင်စွာ ဆော့ကစားနေသည်။ ခဏနေတော့ သူ့ခေါင်းထက်မှာ ပန်းပွင့်ဖက်တွေကို ကိုင်ထားပြီး နောက်အခိုက်မှာတော့ ပန်းပွင့်ဖက်တွေကို သူ့မျက်နှာပေါ် ကပ်နေသည်။ ရှောင်းကောက သူ့အပြုအမူတွေကို ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒေါက်၊ ဒေါက်၊ ဒေါက်၊ အနှိပ်ဝန်ဆောင်မှုပေးမို့ပါ "

တံခါးခေါက်သံကြောင့် ရှောင်းကော သက်ပြင်းတစ်ချက်ချလိုက်သည်။ အဲဒါ အမျိုးသမီးအသံပဲ။

သူမ လမ်းလျှောက်လာပြီး တံခါးမင်းတုံးကို ဖြုတ်လိုက်သည်။ လင်ဗန်းတစ်ခုနဲ့ အမျိုးသမီးတစ်ဦး ဝင်လာသည်။ အတိအကျပြောရလျှင် ဗန်းကိုကိုင်ဆောင်ထားတဲ့ ပါးလွှာတဲ့ ၀တ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမ၏ ညွှန်ကြားချက်အတိုင်း ရှောင်းကောက အဝတ်အစား ချွတ်လိုက်ပြီး ဘေးနားရှိ ကုတင်ပေါ်တွင် လှဲနေလိုက်သည်။

အမျိုးသမီးက အနှိပ်ခန်းတစ်ဝိုက်တွင် အလုံပိတ်နေရာတစ်ခု ဖန်တီးရန် အခန်းအတွင်းရှိ ကန့်လန့်ကာများကိုဆွဲရန် အစပြုခဲ့သည်။

ကန့်လန့်ကာကို ပိတ်စဖြင့် ပြုလုပ်ထားသောကြောင့် အနှိပ်ခံသည့်နေရာကို လုံး၀ ဖုံးကွယ်ထားခြင်းမရှိပေ။ ရှောင်းကောအတွက် ကျွမ်းကျွမ်း၏ လှုပ်ရှားမှုများကို သတိပြုရန်လည်း အဆင်ပြေသည်။ ရေကန်က အတိအကျဆိုရင် မတိမ်ပေ။ လှေကားထစ်များအနီးတွင် ထားထားသော်လည်း မတော်တဆမှုများ ဖြစ်ပွားနိုင်သေးသည်။ သူ့ကို အနီးကပ် စောင့်ကြည့်တာက ပိုကောင်းသည်။

"အခု ကျွန်မတို့ စပါတော့မယ်။ ကျေးဇူးပြုပြီး အနားယူပါ "

ရှောင်းကောက အနှိပ်သည်က မှော်ဆန်သည်ဟု ခံစားမိသည်။ နှိပ်နယ်ပေးတဲ့အခါ သူမ အိပ်ငိုက်နေတတ်သည်။

"ဒီအင်အားက အဆင်ပြေရဲ့လား"

“အွန်း…အဆင်ပြေတယ်…”

ရှောင်းကောက သူမကို ဘာကြောင့် ဒီလိုလေသံနဲ့ ပြန်ပြောမိလဲဆိုတာ မသိပါပေ။ အနှိပ်ခန်းက တကယ် သက်တောင့်သက်သာရှိလို့ ဖြစ်ကောင်းဖြစ်နိုင်သလို အနှိပ်သည်ရဲ့ အသံကြောင့်လည်း ဖြစ်နိုင်သည်။ မိန်းကလေးတစ်ယောက်အနေဖြင့်ပင် ရှောင်းကော သည် အနည်းငယ်ပေါ့ပါးပြီး လေပြေလေးလိုအသံကို ခံစားလိုက်ရသည်။ ဒါဟာ သူမကို အရမ်းသက်တောင့်သက်သာဖြစ်စေခဲ့သည်။

ရှောင်းကောသည် သူ့ကိုယ်သူ နိုးနေအောင် တွန်းအားပေးခဲ့သည်။ သူမ မျက်လုံးဖွင့်ပြီး ကျွမ်းကျွမ်းကို အဆက်မပြတ် စိုက်ကြည့်နေမိသည်။

နှိပ်နယ်နေစဉ်အတွင်း အနှိပ်သည်က မွှေးကြိုင်သော အဆီအနှစ်ကိုလည်း အသုံးပြုခဲ့သည်။ ရှောင်းကော သည် အနံ့ကြောင့် အလွန်စွဲဆောင်ခံလိုက်ရသည်။ ရနံ့က သူမရဲ့နှလုံးခုန်နှုန်းကိုမြန်စေသည်။

"ဒါက ဘာအဆီအနှစ်လဲ"

ရှောင်းကော သူ့ကိုယ်သူ မကူညီနိုင်ပေ။ မွှေးရနံ့က စွဲမက်ဖွယ်ကောင်းလှသည်။

"ဒါက ကျွန်မတို့ ကိုယ်တိုင်တီထွင်ထားတဲ့ သန့်စင်ပြီးသား အဆီပါ။ လိမ္မော်သီး၊ ပန်း၊ သစ်တော်သီး၊ စံပယ်၊ ဗာဒံစေ့၊ သစ်ခွရည်၊ အသက်ပင်ကရတဲ့အဆီနဲ့ သစ်ကတိုးတွေ အပါအဝင် အမွှေးအကြိုင်နှစ်ဆယ်ကနေ ထုတ်ယူထားတာပါ"

ရှောင်းကော၏ မေးခွန်းကို အမျိုးသမီးကကြားသောအခါ သူမဆီ ချက်ချင်း မိတ်ဆက်ပေးခဲ့သည်။ ဆီကို ရောင်းလို့ရတယ်လို့ ရှောင်းကောကိုလည်း ပြောပြခဲ့သည်။

“ဟုတ်တယ်၊ အဲ့တာကောင်းတယ်” အဲတာက စျေးသက်သက်သာသာနဲ့ မရဘူး။

ရှောင်းကောသည် ဤအဆီအနှစ်က အလွန်စျေးကြီးသည်ဟု ခံစားမိသည်။

“ကျွန်မတို့က အဲဒါကို ကျွန်မတို့ဆိုင်မှာ သီးသန့်ရောင်းတဲ့အတွက် တခြားဘယ်မှာမှ ဝယ်လို့မရပါဘူး။ ဈေးကလည်းမကြီးဘူး။ တကယ်တော့ အရမ်းဈေးသက်သာတယ်။”

ရှောင်းကော သွေးဆောင်ခံခဲ့ရသည်။ 'စျေးမကြီးဘူးလား'

အချိန်အတော်ကြာ ထိန်းထားပြီးနောက် သူမ မထိန်းနိုင်ဘဲ မေးလိုက်သည်။ “… ဘယ်လောက်လဲ”

"တစ်ပုလင်းကို အကြွေစေ့နှစ်ဆယ်ပါ"

“…....”

"ဝိုး၊ ဒါကစျေးမကြီးဘူးတဲ့လား၊ အရမ်းစျေးကြီးတာပဲ။ အသားကို ငါ ဘယ်လောက်နဲ့ဝယ်လို့ရလဲ စဉ်းစားကြည့်"

ရှောင်းကောက အဲ့တာကိုဝယ်ရမလား မဝယ်ရဘူးလား မဆုံးဖြတ်နိုင်သောကြောင့် ပုလင်းအရွယ်အစားကို ကြည့်ကာ အကြွေစေ့နှစ်ဆယ်တန်ဖိုးရှိမရှိ ခန့်မှန်းရန် ကြိုးစားခဲ့သည်။

"ကောင်းပြီ ကျွန်မ တစ်ပုလင်းယူမယ်"

အဆုံးတွင် ရှောင်းကော ပုလင်းတစ်လုံးဝယ်ခဲ့သည်။ ထည့်ထားတဲ့ပုလင်းက တော်တော်ကြီးတယ်ဆိုတော့ အချိန်အတော်ကြာတော့အသုံးခံလိမ့်မည်။

"ကောင်းပါပြီ ခဏနေရင် ယူသွားဖို့ အရှေ့ဘက်ကို သွားလို့ရပါတယ်..."

ရှောင်းကော ပုလင်းဝယ်သွားမယ်ဆိုတဲ့အကြောင်းကြားလိုက်ရတော့ ထိုအမျိုးသမီးက ပို၍ပင် အလုပ်ကြိုးစားခဲ့သည်။ ရှောင်းကော၏ ကျောနှင့် သူမ၏ ခြေထောက်များကို စတင် နှိပ်နယ်ခဲ့သည်။

…

ရှောင်းကောသည် သူမ၏အဝတ်အစားကိုဝတ်ပြီးနောက် ကျွမ်းကျွမ်းကို အဝတ်မဝတ်ပေးမီ ကျွမ်းကျွမ်းကို ရေခြောက်အောင် သုတ်ပေးလိုက်သည်။

"အမေ၊ သားကျတော့ ဘာလို့ အနှိပ်မခံရတာလဲ"

ကျွမ်းကျွမ်းသည် ရှောင်းကောကို ဤအတောအတွင်း ကြည့်နေခဲ့ပြီး သူ ဘာကြောင့် အနှိပ်ခံရန် မလိုအပ်သည်ကို သိချင်နေခဲ့သည်။

"ဘာလို့လဲဆိုတော့... သားက ကလေးပဲရှိသေးလို့လေ"

ရှောင်းကောပြောတဲ့စကားက မိဘတိုင်း အသုံးအများဆုံး စကားဖြစ်သည်။

“အိုး”

'ဒါဆို ငါက ကလေးဖြစ်နေတာကြောင့်မို့ပေါ့။ ငါ ကြီးလာရင် အနှိပ်ခံဖို့သွားရမယ်' ဟု ကျွမ်းကျွမ်း တွေးလိုက်သည်။

All Chapters