← Chapters

အခန်း (၁၇၃)

Vol. 12 Ch. 173

အခန်း (၁၇၃)

Vol. 12 Ch. 173

ကျန်းတန်းဟယ်ရဲ့ မရေမတွက်နိုင်သော သတိပေးချက်များပြီးတဲ့နောက် ရှောင်းကောက သူ့ဖိနပ်ကို နောက်ဆုံးတွင် တွေ့သွားတော့သည်။

ဖိနပ်ကိုတွေ့လိုက်သည်နှင့် ရှောင်းကော အနည်းငယ် ရှက်သွားခဲ့သည်။ အဲ့တာက တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးထားတဲ့ တစ်ခုတည်းသော အရာဖြစ်သည်။ ဒါပေမယ့် ၎င်းကို လူကိုယ်တိုင် ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်က နောက်တစ်ခုဖြစ်သည်။ အဲ့ဒါကြောင့်မို့လို့ သူမကိုယ်တိုင် သူ့ကို မပေးခဲ့တာပင်။ အခု သူမတိုက်ရိုက်ရင်ဆိုင်လိုက်ရတော့ ရှက်ကိုးရှက်ကန်းဖြစ်မှုနဲ့ ပြည့်နှက်နေသည်။

ကျန်းတန်းဟယ်က သူမမြင်သွားကြောင်း ပြောနိုင်သည်။

ခရီးမထွက်ခင် ကျန်းတန်းဟယ်က သူ့အတွက် ရှောင်းကော လုပ်ထားတဲ့ ဘွတ်ဖိနပ်ကို အထူးတလည်စီးခဲ့သည်။ ၎င်းတို့သည် အလွန်တန်ဖိုးရှိသောကြောင့် သူသွားရာလမ်းတွင် မြေပေါ်မနင်းမိစေရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ ဘွတ်ဖိနပ်တွေ တွန့်သွားမှာကို ကြောက်လို့ သူအရမ်းကြီး ဖိအားမသုံးချင်ပေ။

"အဲ့တာတွေစီးထားတော့ မပူဘူးလား!"

သူဒီလိုစီးထားတာကိုမြင်တော့ ရှောင်းကော ရှက်နေပေမယ့် အနည်းငယ် သဘောကျနေမိသည်။ သူမ လုပ်ထားတဲ့ ဘွတ်ဖိနပ်တွေက ဆောင်းရာသီ အအေးဆုံးကာလမှာ စီးဖို့ ရည်ရွယ်ထားတာ။ အခု ရာသီဥတုက သိပ်မအေးသေးဘူး၊ သူ ချစီးနေပြီ။ သူ အခု မပူနေဘူးလား?

"ပူတယ်။ ခြေဖဝါးမှာလည်းပူနေတယ် နှလုံးသားမှာလည်း ပူနေတာကို ခံစားရတယ်"

ကျန်းတန်းဟယ် ခေါင်းညိတ်ပြီး ရိုးသားစွာ ပြန်ဖြေခဲ့သည်။ ဘယ်လိုလုပ် မပူဘဲနေမှာလဲ။ ရှောင်းကော သူ့အတွက် လုပ်ပေးထားတဲ့ ဖိနပ်က ရာသီဥတု အအေးဆုံးအချိန်မှာတောင် ပူနေမှာဘဲ၊ အခု အပူချိန်က နည်းနည်းလေးပဲ ရှိသေးတာ၊ ဆောင်းရာသီတောင် မရောက်သေးဘူး၊ သူ့ရဲ့နောက်ဆုံးစာကြောင်းမှာ ရှောင်းကောနဲ့ ပရောပရီလုပ်ဖို့ မမေ့ခဲ့ပေ။

“နောက်နေတာကို ရပ်လိုက်”

ရှောင်းကော သူ့ကို မျက်စောင်းထိုးလိုက်သည်။

"မြန်မြန် ချွတ်လိုက်။ ခရီးဆောင်အိတ် မယူလာဘူးလား၊ မြန်မြန်သွားလဲလိုက်"

ရှောင်းကောက ဖိနပ်ထဲမှာ အပူလွန်နေမည်ကို ကြောက်နေမိသည်။

ကျန်းတန်းဟယ် ထိုစကားကိုကြားသောအခါ ပြင်းထန်စွာ ခေါင်းယမ်းလိုက်သည်။ "မချွတ်ဘူး၊ မချွတ်ဘူး၊ ကိုယ်ကြိုက်တယ်။"

ရှောင်းကော ဘာပဲပြောပြော သူက လဲဖို့ ရိုးရိုးရှင်းရှင်း ငြင်းဆန်ခဲ့သည်။ သူ့ကို ဒီလောက်ထိ ခေါင်းမာမယ်လို့ မမျှော်လင့်ထားပေ။

"အိုက်ရား ရှင့်ကို နောက်ထပ်တစ်ရံလုပ်ပေးရမလား"

ကျန်းတန်းဟယ်သည် သူ့ဖိနပ်ကို သိမ်းထားရန် သတ္တိရှိနေသည်ကို သူမမြင်လိုက်ရသောအခါ ရှောင်းကော ဒေါသထွက်သွားသည်။

"တကယ်လား"

ကျန်းတန်းဟယ်က ရှောင်းကောကို ကြည့်ကာ ဝမ်းသာအားရ မေးခဲ့သည်။ ရှောင်းကော သူ့အတွက် နောက်ထပ် ဖိနပ် အနည်းငယ် ဖန်တီးမည်ဆိုပါက၊ သူ ၎င်းတို့ကို အလှည့်ကျ စီးနိုင်သည်။ အနာဂတ်မှာ သူ သူမလုပ်ပေးထားတဲ့ ဖိနပ်ကိုပဲ စီးတော့မည်။

ရှောင်းကော ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်သည်။ သူမသည် စောစောက အလွန်လျင်မြန်လွန်းပြီး ထိုစကားများကို မသိလိုက်ဘဲ ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့သည်။ ဒါပေမယ့် ယခု ကျန်းတန်းဟယ်၏ အမူအရာကို ကြည့်ပြီး သူမ ဟင့်အင်းလို့ပြောဖို့ သည်းမခံနိုင်တော့ပေ။ “အင်း။ အဲ့တာက သိပ်မကြာဘူး။”

ကျန်းတန်းဟယ်သည် ထိုစကားကိုကြားသောအခါ ကန့်လန့်ကာကို ချက်ချင်းမလိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူ လှမ်းခေါ်လိုက်သည်။ “ငါတို့ အခုဘယ်ရောက်နေတယ်ဆိုတာ ပြောပြနိုင်တဲ့သူတစ်ယောက်လောက်ရှိလား”

"စစ်သူကြီး၊ ကျွန်တော်တို့ ရွှင်းထန် ပြည်နယ်ကနေ မိုင်နှစ်ဆယ်လောက် ကျော်သွားပါပြီ"

ကျန်းတန်းဟယ်နှင့်အတူ ပါလာသော စစ်သားတစ်စုသည် ရထားလုံးနှင့် လိုက်ပါလာခဲ့သည်။ သူတို့ထဲက တစ်ယောက်က စစ်သူကြီးရဲ့ အမေးကို ကြားတော့ ချက်ခြင်းပြန်ဖြေဖို့ ရောက်လာသည်။

"နောက်ထပ်မြို့တစ်မြို့ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ"

"စစ်သူကြီး၊ နောက်ထပ်ခရိုင်က လော့ယန် မြို့တော်ပါ၊ ကျွန်တော်တို့ အဲဒီကိုရောက်တဲ့အချိန်ဆို ညနေစောင်းလောက်ဖြစ်နိုင်ပါတယ်"

ကျန်းတန်းဟယ်က သူ့ကို လက်ဝှေ့ယမ်းပြပြီး ရထားလုံးပေါ်မှာ ပြန်ထိုင်ခဲ့သည်။ အချိန်အတော်ကြာမှာဆိုတော့ သူ စိတ်ပျက်နေပုံရသည်။

ရှောင်းကောက သူဘာဖြစ်နေသည်ကို နားမလည်နိုင်ခဲ့ပေ။ သူ အပြင်ကို အမြဲကြည့်နေတာကို သူမ သတိထားမိသည်။

_

မကြာခင် နေ့လည်စာစားချိန်ရောက်ပြီ။ ရှောင်းကော သည် တရားသူကြီး လျိုနှင့် သူ့လူများနှင့်အတူ စားသောက်ရန် ပြင်ဆင်နေသော်လည်း အဲ့အစား ကျန်းတန်းဟယ်က သူ့လက်ကို ဝှေ့ယမ်းကာ သူ့လက်အောက်ငယ်သားတွေကို အရသာရှိသော အစားအစာကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။

ရှောင်းကောသည် ကျန်းတန်းဟယ်က ဤခရီးစဉ်အတွက် ကောင်းစွာပြင်ဆင်ထားမည်ဟု မမျှော်လင့်ထားပေ။ သူမသည် ကျွမ်းကျွမ်းနဲ့ အတူထိုင်ပြီး နေ့လည်စာစားရန် တရားသူကြီးတို့နဲ့ မပူးပေါင်းခဲ့ပေ။

တရားသူကြီး လျိုက နေ့လယ်စာစားနေစဉ် တစ်ဝက်ကျော်လောက်မှာ ရောက်လာသည်။ သူသည် မနက်ခင်းတွင် အလုပ်များလွန်းသဖြင့် ကျန်းတန်းဟယ်နှင့် စကားစမြည်ပြောရန် အချိန်မရှိပေ။ ရထားလုံးရပ်လိုက်သည်နှင့် သူချက်ခြင်းထွက်လာသည်။

"စသ်သူကြီး၊ ရထားလုံးစီးရတာ အဆင်ပြေရဲ့လား၊ ခက်ခဲလွန်းနေလား၊ အရမ်းနူးညံ့တဲ့ ချည်သားအခင်း ရှိတယ်။စစ်သူကြီးဆီ အရင်ယူလာခဲ့ပေးရမလား"

"စစ်သူကြီး၊ စစ်သူကြီးမှာ စားစရာနဲ့ရေ အလုံအလောက်ရှိလား။ ကျွန်တော့်မှာ အစားအသောက်ကောင်းတွေ အများကြီးရှိတယ်။ ကျွန်တော်အပိုတွေ ယူလာတဲ့အတွက် ကျွန်တော်တို့ ဘာလို့ အတူတူမစားကြမှာလဲ"

"စစ်သူကြီး၊ အသီးအနှံ လိုချင်လား၊ ကျွန်တော့်မှာ ပန်းသီးနည်းနည်းပါလာတယ်၊ ကျွန်တော် အခု စစ်သူကြီးဆီ ယူလာပေးမယ်။"

တရားသူကြီး လျိုက စကားအများကြီးပြောခဲ့ပြီး ကျန်းတန်းဟယ်က သူ့ကို လျစ်လျူမရှုခဲ့ပါချေ။ ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့ကို အိမ်သို့ခေါ်ဆောင်သွားရန် တရားသူကြီး၏အကူအညီ လိုအပ်နေသေးသည်။

ကျန်းတန်းဟယ်သည် သူနှင့်အတူ ပျော်ရွှင်ဖွယ်ကောင်းမှုများကို မသိမသာ ဖလှယ်ခဲ့သည်။ "မဟုတ်တာ၊ ရပါတယ်…"

ရှောင်းကော၏ အရှက်တရားက မျက်နှာပြင်မှ ပြည့်လျှံလာတော့မည်။ ကျန်းတန်းဟယ်၏ လျစ်လျူရှုတဲ့ သဘောထားနဲ့တောင်မတူဘဲ တရားသူကြီး လျို ကျန်းတန်းဟယ်နှင့် စကားပြောခွင့်ရခြင်းမှာ သူ့အတွက် ဂုဏ်ယူစရာအဖြစ် စိတ်လှုပ်ရှားစွာ ပြောဆိုနိုင်သေးသည်။ ရှောင်းကောသည် သူမ၏ ကျောရိုးတလျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

ကျန်းတန်းဟယ်က တရားသူကြီး လျိုနဲ့ စကားပြောနေချိန်တွင် ရှောင်းကော နဲ့ ကျွမ်းကျွမ်းတို့ကို ဆက်တိုက် စောင့်ကြည့်နေခဲ့သည်။ သူတို့ ပန်းကန်ထဲက ထမင်း လျော့သွားတိုင်း သူက ထပ်ထည့်ပေးသည်။

ရှောင်းကောက သူတို့၏ အသေးအဖွဲစကားများကို စိတ်မဝင်စားသောကြောင့် သူမပန်းကန်ထဲရှိ ထမင်းကို စားရန် အာရုံစိုက်ခဲ့သည်။ ဒါပေမယ့် အချိန်အတော်ကြာအောင် စားပြီးတဲ့ နောက်မှာတော့ သူမပန်းကန်လုံးက ပြည့်နေသေးတာကို သိလိုက်ရသည်။ ကျန်းတန်းဟယ်က သူမ စားနိုင်တာထက် ပန်းကန်ထဲကို မြန်မြန်ဖြည့်ပေးနေလေသည်။

"ရပြီ၊ ရပြီ။ ကျွန်မ ထပ်မစားနိုင်တော့ဘူး"

တရားသူကြီး လျို ထွက်သွားပြီးနောက်၊ ရှောင်းကောက သူမ ပန်းကန်လုံးကို ချလိုက်ပြီး ကျန်းတန်းဟယ်ကို သူမ ပန်းကန်ထဲ ထမင်းမဖြည့်ခိုင်းတော့ပေ။ ဆက်စားရင်သူမ အန်တော့မယ်။

ကျန်းတန်းဟယ် ပခုံးတွန့်လိုက်သည်။ ထို့နောက် ရှောင်းကော၏ပန်းကန်ကို ကောက်ယူပြီး သူမအသုံးပြုနေတဲ့ တူတွေနဲ့ စတင်စားသောက်ခဲ့သည်။ အစားအသောက်ကို မဖြုန်းတီးသင့်ပေ။

ညစာစားပြီးတာနဲ့ ခရီးမထွက်ခင် ခဏလောက် အနားယူကြသည်။ အစကတော့ နေ့လည်စာစားပြီးတာနဲ့ ခရီးထွက်ဖို့ စီစဉ်ထားကြသည်။ ကျန်းတန်းဟယ်က အလုပ်ကိစ္စကြောင့် သူတို့နှင့်အတူ ခရီးသွားနေကြောင်း တရားသူကြီး လျို ကြားသိခဲ့ရသည်။ အချိန်မီလိုက်နိုင်မည်ဟု ဆင်ခြင်မိသောကြောင့် ခရီးဆက်ရန် တရားသူကြီးက ပြင်ဆင်ခဲ့သည်။

အစီအစဉ်ကို ကျန်းတန်းဟယ်က ကြားသောအခါ မမျှော်လင့်ဘဲ လက်ကိုဝှေ့ယမ်းပြီး အလျင်စလိုမဟုတ်ကြောင်း ညွှန်ပြခဲ့သည်။ သူတို့အချိန်ယူနိုင်သည်။

တရားသူကြီး လျိုသည် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းသာသွားသည်။ ထင်ရှားသည်မှာ သူသည် အနည်းငယ်ကြာအောင် အနားယူချင်ပုံရသည်။ သူသည် ကျန်းတမ်းဟယ်၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်ကြောင်း ပြသရန်၊ ထိုလူနှင့် အမှတ်ရရန် ပြောနေခြင်းသာ ဖြစ်သည်။ ဒါပေမယ့် အလျင်စလိုလုပ်ရန် မလိုအပ်ကြောင်း သူကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ အချိန်ကြာကြာ အနားယူရလို့ ဝမ်းသာသည်။ အဆက်မပြတ် ခရီးထွက်ရင် သူ့ခန္ဓာကိုယ်က မခံနိုင်တော့ချေ။

အဖွဲ့လိုက် လုံလောက်စွာ အနားယူပြီးနောက် ခရီးဆက်ကြသည်။

ကျန်းတန်းဟယ်သည် အစောပိုင်းက သူ၏မြင်းစီးခြင်းကို စွန့်လွှတ်ခဲ့သည်။ ယခု သူသည် ရှောင်းကောနဲ့ ကျွမ်းကျွမ်း တို့၏ ဘေးတွင် နီးနီးကပ်ကပ်ထိုင်နေပြီး သူ့အိတ်ဆောင်အိတ်နဲ့ ရထားလုံးဖြင့် ခရီးသွားနေသည်။

ရှောင်းကောသည် ကျယ်ဝန်းသော ရထားလုံးကို လှည့်ပတ်ကြည့်လိုက်သည်။ ကျန်းတန်းဟယ်က တခြားနေရာမှာ ထိုင်ဖို့ ငြင်းဆန်ပြီး သူတို့နှစ်ယောက်ရဲ့ အနားမှာ ကပ်သပ်ပြီးနေနေသည်။ အသားလုံး သေးသေးလေး ကျွမ်းကျွမ်း အသက်မရှူနိုင်လောက်အောင် ကြပ်ပိတ်နေသလို ခံစားရသည်။

ဒါကိုမြင်တော့ ရှောင်းကောက ကောင်လေးကို ကောက်ချီလိုက်ပြီး ကျန်းတန်းဟယ်ရဲ့ပေါင်ပေါ်တင်ပေးလိုက်သည်။ သူသည် သူတို့အနားမှာ ပူးပူးကပ်ကပ်နေရတာကို နှစ်သက်သောကြောင့် သူမသည် သူ့အား ကျွမ်းကျွမ်းကို သူလိုချင်သလောက် ဖက်ထားခိုင်းသင့်သည်။

ကျွမ်းကျွမ်းက သူ့နေရာအတွက် အလွန်ပျော်ရွှင်နေပုံရသည်။ ကျန်းတန်းဟယ်၏ ပေါင်တွေက ကြွက်သားများသည် တောင့်တင်းနေသော်လည်း မာကျောသည့် တွန်းလှည်းထက် ပိုမိုသက်တောင့်သက်သာရှိသေးသည်။

"အမေ၊ သားတို့ ဒီမှာ တစ်လှည့်စီထိုင်ကြမယ်"

ကျွမ်းကျွမ်းက ရှောင်းကောအား ဝမ်းသာအားရ ပြောခဲ့သည်။ ဒီလို သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံကို သူတစ်ယောက်တည်း မခံစားနိုင်ပေ။ သူ့အမေလည်း အရမ်းပင်ပန်းနေလိမ့်မည်။

ကျန်းတန်းဟယ်သည် ထိုစကားကိုကြားသောအခါ သူ့မျက်လုံးတွေ ချက်ချင်းတောက်ပလာသည်။ သူ လျင်မြန်စွာနဲ့ ရှောင်းကောကို မျှော်လင့်တကြီး လှည့်ကြည့်ခဲ့သည်။ သူမ သူ့အပေါ် ထိုင်ဖို့ဆန္ဒရှိရင် သူ့လက်တွေကိုဖွင့်ပြီး သူမကို ကြိုဆိုဦးမှာ။

“… မလိုပါဘူး။”

ရှောင်းကောသည် ထိုစကားကိုကြားသောအခါ သူမ စိတ်မသက်မသာဖြင့် ခေါင်းကို လှည့်ကာ ကျန်းတန်းဟယ်ကိုပင် တိတ်တဆိတ် စိုက်ကြည့်နေသည်။ အရွယ်ရောက်နေတဲ့ သူ့ကို ကလေးလို ဘယ်လိုလှည့်စားလို့ရမှာလဲ။

ကျွမ်းကျွမ်း ပခုံးတွန့်လိုက်သည်။ "ကောင်းပြီ၊ ဒီနေရာက တကယ်ကို သက်တောင့်သက်သာရှိတယ်"

ကျန်းတန်းဟယ် အတော်လေး စိတ်ပျက်သွားပြီး သူ့ပေါင်ပေါ်ရှိ ကျွမ်းကျွမ်း၏ အနေအထားကို ချိန်ညှိလိုက်သည်။ “ပြောရရင် ဒီကလေးက ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ…”

–

ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်လာပြီ။ တရားသူကြီး လျိုက မြို့ထဲသို့ဝင်ရန် ပြင်ဆင်နေပြီဖြစ်သည်။ ကျန်းတန်းဟယ်နှင့်အတူ ဤနေရာ၌ လူတိုင်းအတွက် အနားယူရန် နေရာရှာခြင်းသည် သူ့အတွက် ပိုကောင်းပေလိမ့်မည်။

ယာဉ်တန်းသည် လော့ယန် မြို့တော်သို့ ရောက်ရှိခဲ့သည်။ ကျန်းတန်းဟယ်သည် ခရီးတစ်လျှောက်လုံး ရှောင်းကောကို စနေခဲ့သော်လည်း၊ သူသည် သူတို့၏ ပတ်ဝန်းကျင်ကို အမြဲဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။ မြို့တံခါးမျှော်စင်ကို မြင်သောအခါ ကျန်းတန်းဟယ် အနည်းငယ် စိတ်သက်သာရာရသွားသည်။

လော့ယန် မြို့တော်သည် လက်ရှိတွင် သူ့အသိအကျွမ်းဟောင်းတစ်ဦးမှ စောင့်ကြပ်လျက်ရှိသည်။ သူ အခုဒီမှာရှိကတည်းက သူတို့အမီလိုက်ဖို့က အခွင့်အရေးကောင်းတစ်ခုပါပဲ။

စစ်သည်တွေ၊ မြင်းစီးသူရဲများနှင့် ရထားလုံးများပါ၀င်သော ၎င်းတို့၏ အဖွဲ့အရွယ်အစားကြောင့် ယာဉ်တန်းကို အစောင့်တွေက တားခဲ့သည်။

All Chapters