အခန်း (၁၇၅)
Vol. 12 Ch. 175
"အဖေ ဘာရယ်နေတာလဲ"
ကျွမ်းကျွမ်းက အရူးလို ပြုံးနေတဲ့ ကျန်းတန်းဟယ်ကို ကြည့်လိုက်သည်။ 'သူ့ဦးနှောက်မှာ တစ်ခုခုမှားနေပြီလား'
"မင်းရဲ့ညီမလေးအကြောင်းတွေးနေ..."
ကျန်းတန်းဟယ် မတော်တဆ လွှတ်ခနဲပြောထွက်မိသွားသည်။ ကျွမ်းကျွမ်း စိတ်ရှုပ်သွားသည်။ "ဘယ်က ညီမလေးလဲ"
ကျန်းတန်းဟယ် အသိစိတ် ပြန်ကပ်သွားသည်။ မပြောသင့်တာ ပြောမိသွားတာကို သူသိတဲ့အတွက် သူ့စကားတွေကို ပြန်ပြီးပြောခဲ့သည်။ "အဖေတို့ ဒီနေ့သွားတွေ့မယ့် ကောင်မလေးလေ"
“သြော်…”
ကျွမ်းကျွမ်းက သူ့ကို သံသယမဝင်ဘဲ ခေါင်းညိတ်ခဲ့သည်။
ကျန်းတန်းဟယ် သက်ပြင်းချလိုက်သည်။ ဒီကလေးမှာ စူးရှတဲ့ နားရွက်တွေရှိသည်။
သားအဖနှစ်ယောက်က တံခါးဝတွင် ဆိတ်ငြိမ်စွာ ရပ်လျက် ရှောင်းကောကို စောင့်နေကြသည်။
ကျန်းတန်းဟယ် တံခါးကို ခဏခဏခေါက်ခဲ့ပြီး ရှောင်းကော အရမ်းလှနေမှာကို ကြောက်နေခဲ့သည်။ သူတကယ်ကို စိုးရိမ်နေခဲ့သည်။
ပထမတော့ ရှောင်းကောက ကျန်းတန်းဟယ်ကို စိတ်ရှည်ရှည်နဲ့ ပြန်ဖြေခဲ့သည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမ စိတ်အနှောင့်အယှက်ဖြစ်လာပြီး အော်ခဲ့သည်။ "ခဏစောင့်ဦးလို့!"
ကျန်းတန်းဟယ်က ခြင်္သေ့ဟိန်းဟောက်သံလားလို့ တွေးလိုက်မိသည်။ သူကြားလိုက်တာနဲ့ နှိုင်းယှဉ်လျှင် ဒါက ကြောင်အော်သံလို့သာ ထင်မြင်မိသည်။ သူ ချက်ချင်း နွမ်းလျသွားပြီး ရှောင်းကောကို တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းရင်း ကျွမ်းကျွမ်းနှင့်အတူ ထောင့်မှာ ဆောင့်ကြောင့် ထိုင်နေလိုက်သည်။
"....... မင်းအမေ အမြဲ ဒီလိုဖြစ်ဖူးလား"
ကျန်းတန်းဟယ်သည် ငြိမ်သက်နေသော ကျွမ်းကျွမ်း ကို မေးရုံမှတစ်ပါး မကူညီနိုင်ခဲ့ပေ။
ကျွမ်းကျွမ်းက ကျန်းတန်းဟယ်ကို ကြည့်ပြီး စိတ်မပါစွာနဲ့ပြောလိုက်သည်။ "အဖေ သူ့ကို မနှောင့်ယှက်သရွေ့ သူ အဆင်ပြေတယ်"
သူပြောချင်တာက ကျန်းတန်းဟယ် ခုဏက နားပူနားဆာ လုပ်နေခဲ့တယ်လို့ ပြောချင်တာ။
“….....”
ကျန်းတန်းဟယ် သဘောပေါက်သွားပြီး ပါးစပ်ပိတ်ထားလိုက်သည်။
သူ့ခြေထောက်တွေ ထုံကျင်နေပြီး ရှောင်းကောဆီ နောက်တစ်ကြိမ် အပြေးအလွှားပြေးဖို့ တွေးနေမိသည်။ သူမ ဘာကြောင့် ဒီလောက်ကြာနေတာလဲ။ သူ တံခါးဆီသို့ လျှောက်သွားကာ သူ့လက်ကို မြှောက်ပြီးတံခါးခေါက်တော့မယ့်အချိန် အေးခဲသွားခဲ့သည်။ ကျန်းတန်းဟယ် ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီး ကျွမ်းကျွမ်းကို လှည့်ကြည့်လိုက်သည်။
"ကျွမ်းကျွမ်း၊ မင်းအမေကို မြန်မြန်လုပ်လို့ ပြောပေးလို့ရမလား"
ကျန်းတန်းဟယ် ထိတ်လန့်နေသည်။ အစောက ရှောင်းကောရဲ့ ဟိန်းဟောက်သံကို တွေးလိုက်မိပြီး ကျွမ်းကျွမ်းကို ပြောခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။
ကျွမ်းကျွမ်းက မလိုက်နာပေ။ ကျန်းတန်းဟယ်ရဲ့ အတွေးတွေကို မြင်လိုက်ရပြီး ခေါင်းယမ်းလိုက်သည်။ "သား အလျင်မလိုဘူး"
"အဖေ အလျင်လိုနေရင် အမေ့ကို အဖေကိုယ်တိုင်ပြောလိုက်"
ကျန်းတန်းဟယ်က လိမ္မာပါးနပ်တဲ့ ကောင်လေးကို စိုက်ကြည့်နေသည်။ ဒေါသအရမ်းထွက်လွန်းလို့ အဆုတ်တွေ နာလာသည်။ သူသတ္တိရှိရင် ဘာလို့ သူ့ကို မေးနေဦးမှာလဲ။
"ထားလိုက်တော့၊ ခဏလောက်စောင့်ကြတာပေါ့၊ အလျင်မလိုပါဘူး"
ကျန်းတန်းဟယ်က ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး ကျွမ်းကျွမ်း အနားကို ပြန်သွားခဲ့သည်။ သူဆောင့်ကြောင့် ထိုင်ချလိုက်ပြီး စက်ဝိုင်းပုံတွေ စဆွဲတော့သည်။
–
"သွားကြရအောင်!"
မျှော်လင့်ချက်များစွာဖြင့် နောက်ဆုံးမှာတော့ တံခါးဝတွင် လှုပ်ရှားသွားခဲ့သည်။
ကျန်းတန်းဟယ်နဲ့ ကျွမ်းကျွမ်းတို့သည် ပျော်ရွှင်မှုအရိပ်အမြွက်ဖြင့် တစ်ချိန်တည်း မော့ကြည့်ခဲ့ကြသည်။ သူမ နောက်ဆုံးတော့ ပြီးသွားပြီ။
အပြာဖျော့ဖျော့ ၀တ်စုံက ရှေ့မှာ ပေါ်လာသည်ကို တွေ့လိုက်သောအခါတွင် နှစ်ယောက်သား ဆောင့်ကြောင့်ထိုင်နေကြဆဲပင်။ နှစ်ယောက်သား တစ်ချိန်တည်း မော့ကြည့်လိုက်ကြသည်။
ကျန်းတန်းဟယ်က ရှောင်းကောကိုမြင်တော့ ငြိမ်သက်မနေနိုင်တော့ဘဲ ဆတ်ခနဲထလိုက်သည်။ သူ့ခြေထောက်တွေ မထုံတော့ဘူး။ ခြေလှမ်းသုံးလှမ်းနဲ့ သူ သူမဘက်သို့ ရောက်သွားကာ သူမကိုအခန်းထဲသို့ ပြန်တွန်းထည့်ကာ ရေရွတ်လိုက်သည်။ “အဝတ်စားပြန်လဲ၊ အဝတ်စားပြန်လဲ”
ရှောင်းကော ကျန်းတန်းဟယ်ကို တွန်းထုတ်လိုက်သည်။ "ရှင်ဘာလုပ်နေတာလဲ ကျွန်မ မလဲဘူး"
ဒီအဝတ်ဝတ်တာ သူမအတွက် မလွယ်ဘူး။ သူမ ဘာကြောင့် လဲရမှာလဲ။
"အမေ၊ အမေက နတ်သမီးလား"
ရှောင်းကော သည် ကျန်းတန်းဟယ်၏လက်ကို စိတ်မရှည်စွာ ခါထုတ်လိုက်သည်။ ကျွမ်းကျွမ်းရဲ့ စကားကို ကြားတော့ သူမ ဝမ်းသာသွားသည်။ "တကယ်လား"
ကျွမ်းကျွမ်း အရူးအမူး ခေါင်းညိတ်ခဲ့သည်။ ဒါကို ရှောင်းကော မြင်လိုက်တာနဲ့ သူမ ပျော်ရွှင်စွာဖြင့် လှည့်ပတ်ခဲ့သည်။ ၀တ်စားဆင်ယင်ရန် အလွန်အားထုတ်ပြီးနောက်၊ ချီးကျူးစကား မကြားချင်တဲ့ အမျိုးသမီး မရှိပေ။
ကျွမ်းကျွမ်းရဲ့မျက်လုံးထဲမှာ ရှောင်းကောက စာအုပ်ထဲက နတ်သမီးတစ်ယောက်လိုဖြစ်နေပြီး ကျန်းတန်းဟယ်ရဲ့မျက်လုံးထဲမှာတော့ ဒါက တခြားရှုခင်းတစ်မျိုးပင်။
ရှောင်းကော အခန်းထဲမှာ ၀တ်စားဆင်ယင်ဖို့ အချိန်အများကြီး ပေးခဲ့ရတဲ့ ရလဒ်တွေ မပါဘဲနဲ့တော့ မဟုတ်ပါချေ။ သူမသည် ဤနေရာသို့ ပထမဆုံးကူးပြောင်းလာသောအခါ မူလခန္ဓာကိုယ်ရဲ့အသားအရေက အလုပ်ပိုလုပ်ရပြီး အာဟာရချို့တဲ့မှုကြောင့် ခြောက်သွေ့ကာ အဝါရောင်ဖြစ်နေသည်။ ရှောင်းကော ရောက်လာသောအခါတွင် သူမ၏ အစားအသောက်နှင့် အာဟာရက သိသိသာသာ တိုးတက်လာသည်။
ရလဒ်အနေနဲ့ နေ့ရက်တွေကြာလာတာနဲ့အမျှ သူမရဲ့ အသားအရေက ပိုမိုတောက်ပလာခဲ့သည်။
ယခုအချိန်တွင် သူမသည် အတွင်းကပန်းရောင်ဘလောက်စ် အင်္ကျီနှင့် အပြာနုရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ဘလောက်စ်အင်္ကျီကို ပိတ်ကျဲစနှင့် ပြုလုပ်ထားသောကြောင့် ရှောင်းကော၏ နှင်းလိုဖြူတဲ့ အသားအရေကို ကြည်လင်တောက်ပသော ပစ္စည်းဖြင့် ထင်ရှားစေသည်။ ရှောင်းကောသည် မှန်ကန်သောနေရာတိုင်းတွင် ကောက်ကြောင်းများရှိသောကြောင့် အပြင်ဝတ်စုံကို တင်းတင်းကြပ်ကြပ် ပတ်ထားသော်လည်း၊ သူမ၏ လှပတဲ့ ကောက်ကြောင်းများက ထင်ရှားနေဆဲဖြစ်သည်။ ထို့အတွက်ကြောင့် ကျန်းတန်းဟယ်က ရှောင်းကောကို အဝတ်ပြန်လဲဖို့ တွန်းအားပေးခဲ့တာဖြစ်သည်။
ရှောင်းကောရဲ့ မျက်နှာနဲ့ ပတ်သက်ပြီးတော့ ကျန်းတန်းဟယ် သူမကို ပေးခဲ့တဲ့ အလှကုန် တွေကိုသုံးထားသည်။ ဒီအလှပြင်ပစ္စည်းတွေမှာ မျက်နှာချေ၊ ပေါင်ဒါနှင့် မျက်ခုံးမွှေးဆွဲတဲ့ မှင်များဖြင့် အလွန်ပြည့်စုံနေသောကြောင့် ရှောင်းကောက ပိုမိုအသက်ဝင်နေစေရန် ပေါ့ပါးသောမိတ်ကပ်ကို ရိုးရိုးရှင်းရှင်းလေး လိမ်းထားသည်။
ရှောင်းကောသည် ဆံပင်ကို ယခုလက်ရှိတွင် ရေပန်းအစားဆုံးဆံပင်ပုံစံဖြစ်သည့် ဆံပင်ပုံစံပြုလုပ်ရန် စီစဉ်ထားသည်။ ဒါပေမယ့် ကြိုးစားပြီးတဲ့နောက် သူမ မလုပ်နိုင်ဘူးဆိုတာ သိလိုက်ရသည်။ ဒါကြောင့် သူမရဲ့အချိန်တစ်ဝက်လောက်ကို ဆံပင်လုပ်ဖို့ ကြိုးစားရာမှာ အချိန်အလဟသဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် သူမ စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
နောက်ဆုံးတွင် သူမသည် ဆံပင်တွေကိုသာ ချည်နှောင်ကာ ထွက်ကျနေတဲ့ဆံပင်တွေကိုသိမ်းပြီး သပ်သပ်ရပ်ရပ် စည်းခဲ့သည်။ ထို့နောက်တွင် သူမ ပိုင်ဆိုင်သော အသုံးအဆောင်ပစ္စည်းများမှ လိုက်ဖက်သော ဆံထိုးတစ်ချောင်းကို ရှာတွေ့သွားပြီး ဆံပင်ပေါ်တွင် ထိုးထားသည်။ ရိုးရှင်းပေမယ့် လှပနေသည်။
ယခုအချိန်တွင် ရှောင်းကောသည် လှပသောအသားအရေ၊ လှပသောမျက်လုံးများနှင့် နှင်းဆီရောင်နှုတ်ခမ်းများဖြင့် အံ့မခန်းဖွယ်ကောင်းသည်ဟု ဖော်ပြနိုင်သည်။ သူမက သေလောက်အောင် လှနေတာမဟုတ်သော်လည်း သူမက လှပလွန်းနေသည်။
"အခန်းထဲပြန်သွားပြီးလဲလိုက်။ သွား သွား "
ကျန်းတန်းဟယ် အသိစိတ်ပြန်ဝင်လာပြီး ကျွမ်းကျွမ်း ကို ခေါ်ထုတ်ရန် ကြိုးစားနေသော ရှောင်းကောကို ဖမ်းကိုင်လိုက်သည်။
ရှောင်းကောက အခန်းထဲ ပြန်သွားပြီး အဝတ်လဲဖို့ သူမကို ဆက်တိုက်တွန်းနေတဲ့ သူ့ကို အစပိုင်းမှာ သည်းခံခဲ့သည်။