အခန်း (၁၇၆)
Vol. 12 Ch. 176
"ဘာလဲ"
ရှောင်းကောက သူ့စကားကို ရှင်းရှင်းလင်းလင်း မကြားတာကြောင့် သူ့ကို ထပ်မေးလိုက်သည်။
ကျန်းတန်းဟယ်က ရှောင်းကောကို ငုံ့ကြည့်ကာ သူ့မျက်လုံးများတွင် သံသယများဖြင့် ပြည့်နှက်နေသည်။ သူမ တခြားတစ်ခုခုကို ရည်ညွှန်းနေတာလား။ သူ ဝန်ခံလိုက်ရမလား။
“မြန်မြန်ကြည့်!”
ရှောင်းကောက သူ ခေါင်းထပ်ငုံ့သွားသည်ကို မြင်လိုက်ရပြန်သည်။ သူ့နှာခေါင်းထဲကနေ သွေးတွေ တဖြည်းဖြည်း စီးကျလာသည်။ သူမ မကူညီနိုင်ဘဲ မော့နေဖို့ သူ့ကို အော်လိုက်ရသည်။
ကျန်းတန်းဟယ်ရဲ့ မသိစိတ်က စစ်သားပုံစံဖြင့် ရပ်ပြီး ခေါင်းကို မော့လိုက်သည်။ ထိုအချိန်မှပင် သူ တစ်ခုခု ခံစားလိုက်ရသည်။ နှာခေါင်းကို သုတ်ဖို့ လက်ကိုလှမ်းလိုက်တော့ အဲဒါကိုမြင်သွားပြီး ရှော့ခ်ရသွားသည်။ 'သွေး?!'
"ကျန်းတန်းဟယ် ကျန်းတန်းဟယ် ရှင် ရှက်စရာကြီး!"
သူ့ရဲ့ ထုံထိုင်းနေတဲ့ အမူအရာကိုကြည့်ရင်း၊ ရှောင်းကောက သူ့ကိုယ်သူ ကိုင်တွယ်ဖို့ သူမ သူ့ကိုလုပ်ပေးမှရတော့မှန်း သိလိုက်သည်။ သူမအစား အဲဒါကို ကိုင်တွယ်ရမည်။
သူမနဲ့အတူ ပါလာခဲ့တဲ့ လက်ကိုင်ပုဝါကို ကိုင်ထားပြီး ကျန်းတန်းဟယ်ရဲ့ အဝတ်အစားတွေကို ဆွဲကာ ရထားလုံးပေါ် ဆွဲသွားခဲ့သည်။
ကျန်းတန်းဟယ် ဖြစ်ပျက်နေတာကို သဘောမပေါက်ခင်မှာ ရှောင်းကောက သူ့ရှေ့မှာရှိနေပြီ။
“မလှုပ်နဲ့”
ကျန်းတန်းဟယ် မသိစိတ်က လှုပ်ရှားချင်သော်လည်း ရှောင်းကော၏ အသံက သူ့လမ်းကြောင်းများတွင် ရပ်တန့်သွားစေပြီး သူတကယ် မလှုပ်ရှားတော့ပေ။ ရှောင်းကော က သူ့ကို ထိုင်ခိုင်းပြီး ခေါင်းကို မော့ခိုင်းလိုက်သည်။
ခဏအကြာတွင် နှစ်လိုဖယ်ကောင်းတဲ့ အမျိုးသမီးရနံ့တစ်ခု ပျံ့လွင့်လာသည်။ ထို့နောက် တစ်စုံတစ်ခုက သူ့နှာခေါင်းကို ထိနေကာ ညင်သာစွာ သုတ်ပေးနေခဲ့သည်။
ကျန်းတန်းဟယ် စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီး အခြေခံအားဖြင့် သွေးတွေကို လည်ချောင်းထဲသို့ မျိုချလိုက်သည်။
ရှောင်းကောက သူ့နှာခေါင်းကို သုတ်ပေးပြီး ပိုကောင်းသွားတဲ့ပုံပေါက်သည်ဟု ထင်လိုက်သောကြောင့် သူ့ကို ခေါင်းပြန် ငုံ့ခိုင်းလိုက်သည်။ မော့နေဖို့က အဆင်မပြေဖြစ်နေလိမ့်မည်။ သူ့လည်ပင်းနာသွားမှာကို သူမကြောက်တဲ့အတွက် လည်ပင်းကို ဖြည်းဖြည်းချင်း မတ်ဖို့ သူမလက်ကို သူ့လည်ပင်းပေါ် တင်လိုက်သည်။
"အခု အားလုံးအဆင်ပြေသွားပြီလား"
ရှောင်းကော၏ စိုးရိမ်တဲ့ အသံ ထွက်ပေါ်လာသည်။ ကျွမ်းကျွမ်းလည်း ကျန်းတန်းဟယ်ကို စိုးရိမ်တကြီးကြည့်နေသည်။ အခုပဲ အရွယ်ရောက်နေတဲ့သူတွေ ကိစ္စတစ်ခုခုမှာ နစ်မွန်းနေခဲ့တော့ ကျွမ်းကျွမ်းက နာခံပြီး သူတို့ကို မနှောင့်ယှက်ဖို့ ကြိုးစားခဲ့သည်။ အခု အားလုံးအဆင်ပြေသွားပြီဆိုတော့ သူရောက်လာသည်။
“…....အင်း အဆင်ပြေပါတယ်”
ကျန်းတန်းဟယ်က ရှောင်းကောလို အနံ့ရှိတဲ့ လက်ကိုင်ပုဝါကို ယူလိုက်သည်။ သူမမှာ ပြန်ယူဖို့ ရည်ရွယ်ချက်မရှိတာကို မြင်တော့ သူ့ရင်ခွင်ထဲမှာ သေသေချာချာ ဝှက်ထားလိုက်သည်။ သူသည် ၎င်းကို သူ၏ ရတနာအဖြစ် သိမ်းဆည်းထားလိမ့်မည်။
ရှောင်းကောက သူကောင်းသွားပြီဆိုတာကို တွေ့လိုက်ရတော့ စိတ်သက်သာသွားပေမယ့် သူ့ပုံစံက မိန်းမောနေပုံရသည်။ သူ ဒီဘွတ်ဖိနပ်အထူကြီး စီးထားလို့ ဖြစ်မည်။ သူမ မကြာခင် သူ့အတွက် ပိုပြီးပါးတဲ့ ဘွတ်ဖိနပ်အသစ်တစ်ရံကို လုပ်ပေးမှရတော့မည်။
ကျန်းတန်းဟယ်က သူ့နှလုံးသားကို ဆုပ်ကိုင်ထားသည်။ ဘယ်လောက် စိတ်ပျက်စရာကောင်းလဲ။ ရှောင်းကော ရှေ့မှာမှ နှာခေါင်းသွေးယိုစေတာကို တွေးလိုက်မိသည်။ ဒါက အတွင်းရေး ဖြစ်သင့်ပေမယ့် အခု မြင်ကွင်းက...
ကျန်းတန်းဟယ်သည် သူ့စိတ်ထဲတွင် လှပသော မြင်ကွင်းကို ပြန်လည်ပြသနေချိန်တွင် မကူညီနိုင်ဘဲ စိတ်လှုပ်ရှားနေတော့သည်။ သူ့နှာခေါင်းက သွေးပြန်ယိုလာသလို ခံစားလိုက်ရသည်။ ထို့ကြောင့် စိတ်ထဲကနေ နှလုံးသားကျမ်းဂန်ကို စတင်ရွတ်ဆိုခဲ့သည်။ “အာရုံခံစားရစေတဲ့လောကက ထင်ယောင်ထင်မှားဖြစ်နေတာ လှည့်စားတာက အာရုံလောက…”
ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့သည် ထူးဆန်းစွာ လှုပ်ရှားနေသော ကျန်းတန်းဟယ်ကို ကြည့်နေကြသည်။ သူတို့ အနည်းငယ် ပဟေဠိဖြစ်ခဲ့သည်။ သူ ဘာအကြောင်းတွေ ထပ်ပြောနေပြန်ပြီလဲ။
ကျွမ်းကျွမ်း ပခုံးတွန့်လိုက်သည်။ သူ နားမလည်ဘူး…
"စကားမစပ် လက်ဝတ်ရတနာရောင်းတဲ့ ဆိုင်နားရောက်ရင် ရပ်ပေးပါ"
ရှောင်းကော ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ တစ်လပြည့်ပွဲအတွက် လက်ဗလာနဲ့တော့ မသွားနိုင်ပေ။
ကျန်းတန်းဟယ် အံသြသွားသည်။ ရှောင်းကော တစ်ခုခုဝယ်သွားမလို့လား။ အဲဒါက အဓိပ္ပာယ်ရှိသည်။ ရှောင်းကောမှာ ဘာရတနာမှ မရှိပေ။ သူတို့လက်ထပ်တဲ့နေ့မှာ သူပေးခဲ့တဲ့ လက်စွပ်တစ်ကွင်းပဲ သူမမှာရှိသည်။
“ကောင်းပြီ!”
ကျန်းတန်းဟယ်က သူထွက်လာတုန်းက ပိုက်ဆံတွေအများကြီး ယူလာခဲ့သည်။ ရှောင်းကော အတွက် လက်ဝတ်ရတနာတွေ ဝယ်ပေးဖို့ အားလုံးကို အကုန်အကျခံဖို့ စိတ်ကူးထားသည်။
ရထားလုံးက ထိုဒေသရှိ အကြီးဆုံးရတနာဆိုင်မှာ ရပ်တန့်သွားခဲ့သည်။ ရှောင်းကော ရထားလုံးပေါ်မှ ဆင်းခါနီးတွင် ကျန်းတန်းဟယ်က ခုန်ဆင်းသွားခဲ့သည်။ ရထားလုံးပေါ်မှ ချောင်းကြည့်လိုက်သောအခါတွင် သူမကို ကူညီဖို့ အောက်မှာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
သူမက တခစ်ခစ်ရယ်ပြီး သူမလက်ကို သူ့လက်ပေါ်တင်လိုက်သည်။ သူမ လှည့်ပြီး ကျွမ်းကျွမ်းကို မှာခဲ့သည်။ "အမေတို့ကို ရထားလုံးပေါ်မှာ စောင့်နေနော်"
ကျွမ်းကျွမ်းက ခေါင်းညိတ်ပြပြီး သူ နေခဲ့မည်ဟု ညွှန်ပြခဲ့သည်။
ထို့နောက် ရှောင်းကော ရထားလုံးပေါ်မှ ထွက်ခဲ့သည်။
ကျန်းတန်းဟယ် ရှောင်းကောရဲ့ လက်ကိုထိလိုက်သည့်အချိန်မှစ၍ သူ့နှလုံးခုန်မြန်လာသည်။ သူမအသားအရေက ဘယ်လောက်ထိ ချောမွတ်နေလိုက်လဲ...
ရှောင်းကော ဆင်းပြီးသွားသည်နှင့် သူ့လက်ကိုလွှတ်ပြီး အထဲကို ၀င်သွားခဲ့သည်။ ကျန်းတန်းဟယ်မှာ စိတ်ပျက်မှုတွေနဲ့ ပြည့်နှက်သွားသည်။ သူမရဲ့လက်ကို အချိန်အကြာကြီး ဆုပ်ကိုင်ထားနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ဆိုင်ထဲသို့ဝင်ပြီးနောက် ရှောင်းကောက လသားအရွယ်ကလေးမလေးအတွက် လက်ဝတ်ရတနာတစ်ခုခုရှိမရှိ ဆိုင်ဝန်ထမ်းအား မေးမြန်းခဲ့သည်။ ရှောင်းကော ဆိုင်ဝန်ထမ်းမှ အကြံပြုပေးတဲ့ ရွေးချယ်စရာများမှ အချိန်ယူကာရွေးခဲ့သည်။
ကျန်းတန်းဟယ် အတော်လေး အံ့သြသွားသည်။ ဒါက သူမကိုယ်တိုင်အတွက် ဝယ်တာမဟုတ်ဘဲ ကျူးယန်ရဲ့သမီးအတွက်ပဲ။ အဲဒါကို သူ မတွေးခဲ့မိဘူး။ "ကောအာ က တကယ်ကို တွေးပေးတတ်တာပဲ..."
ကျန်းတန်းဟယ် ထိမိသွားသည်။ လက်ဆောင်ရွေးဖို့ ရှောင်းကော ဘယ်လောက် ခက်ခက်ခဲခဲ ကြိုးစားနေလဲဆိုတာကို မြင်လိုက်ရတော့ ဆိုင်တစ်ဝိုက်မှာ ရွေးချယ်ဖို့ သူမကို ကူညီဖို့မနေနိုင်တော့ပေ။ ရှောင်းကောက သူမကိုယ်တိုင်အတွက် တစ်ခုခုကို ရွေးချယ်နေတာမဟုတ်တော့ သူ သူမအတွက် တစ်စုံတစ်ခုကို ပေးမည်ဖြစ်သည်။
ရှောင်းကောသည် နောက်ဆုံးတွင် ကျောက်စိမ်းပုတီးလုံးများဖြင့် သော့ခလောက်ပုံဆွဲသီးကို ထုတ်ယူလိုက်သည်။ သူမ ငွေပေးချေ ခါနီးတွင် ကျန်းတန်းဟယ်က သူမအတွက် ပိုက်ဆံပေးခဲ့သည်။
သူမရှေ့ကနေ ငွေစက္ကူ အကြီးကြီး ဖြတ်သွားသည်။ ရှောင်းကော ရွေးချယ်ခဲ့တဲ့ သော့ခလောက်ပုံဆွဲသီးက စျေးမကြီးပေ။ ကျန်းတန်းဟယ် သူမကို ပေးခဲ့တဲ့ ငွေပမာဏက သော့ခလောက်ပုံဆွဲသီးဆယ်ခု ဝယ်ဖို့ လုံလောက်သည်။
ခဏကြာတော့ ဆိုင်ဝန်ထမ်းက ငွေလဲပြီး ရောက်လာသည်။ ငွေစက္ကူကနေ ငွေဒင်္ဂါအနည်းငယ်အဖြစ်လျော့သွားခဲ့သည်။
ရှောင်းကော ရှောခ့်ရသွားသည်။ "ဘာလို့ ပြန်အမ်းပေးတာက အရမ်းနည်းနေတာလဲ"
ကျနိးတန်းဟယ်က ငွေဒင်္ဂါးကို အိတ်ထဲသို့ တည်ငြိမ်စွာ ပြန်ထည့်လိုက်ပြီး ရှောင်းကောကို သူ့ လက်ထဲက အိတ်ကို ပြလိုက်သည်။ "ကိုယ် မင်းအတွက် တစ်ခုခုဝယ်ထားတယ်"
“ဝါး!”
ရှောင်းကောရဲ့ နှလုံးကတစ်ဆစ်ဆစ် နာကျင်နေသည်။ ဒီ "အသေးအမွှားလေး" က ပိုက်ဆံဘယ်လောက်ကုန်သွားတာလဲ။
နှစ်ယောက်သား ဆိုင်မှထွက်ပြီး ရထားလုံးပေါ်ပြန်တက်ကြသည်။ ကျွမ်းကျွမ်းက သူတို့ကို စတင်လွမ်းဆွတ်နေပြီဖြစ်သည်။
သူတို့ကိုမြင်တာနဲ့ သူတို့ဝယ်လာတဲ့ပစ္စည်းတွေကို ကြည့်ချင်စိတ်ပေါက်သွားသည်။
ရှောင်းကောက ကျွမ်းကျွမ်း ကြည့်ရအောင်လို့ သော့ခလောက်ပုံဆွဲသီးကို ကမ်းပေးလိုက်သည်။ သူ အဲ့တာကို သေသေချာချာကိုင်ခဲ့ပြီး ကျိုးသွားမှာ ကြောက်မိသည်။ တစ်ကြိမ်ကြည့်ပြီးနောက် ရှောင်းကောကို ပြန်ပေးလိုက်သည်။
ထို့နောက် ကျန်းတန်းဟယ် လက်ထဲက အိတ်ကို ကြည့်လိုက်သည်။
ကျန်းတန်းဟယ်က ပြုံးပြီး သူတို့ကိုရင်ဖိုနေရအောင် ဆက်ပြီးသိမ်းထားခဲ့သည်။ လက်ထဲမှာရှိနေတဲ့ အိတ်ကို ကိုင်ထားပြီး တည်းခိုခန်းကိုပြန်ရောက်တဲ့အခါမှ သူတို့ကို ပြမယ်လို့ ပြောခဲ့သည်။ ထို့နောက် သူ့ရင်ဘတ်အိတ်ထဲသို့ ထည့်လိုက်သည်။
ကျွမ်းကျွမ်း အရမ်းအသည်းတွေယားနေပြီး အဲ့တာကိုကြည့်ချင်လွန်းလို့ သေလုမျောပါးဖြစ်နေသည်။ ဒါပေမယ့်လည်း ကျန်းတန်းဟယ်က သူ့ကိုဆက် စနေပြီး သူ့ကိုပြဖို့ ငြင်းဆန်ခဲ့သည်။ အဲ့တာကြောင့် ကျွမ်းကျွမ်းက ခရီးတစ်လျှောက်လုံး ထိုအကြောင်းကို ညည်းတွားနေခဲ့သည်။
–
ရထားလုံးက ကျူးယန်ရဲ့ နေအိမ်သို့ရောက်ရှိလာခဲ့သည်။ တစ်စုံတစ်ယောက်က သူတို့ကို ကြိုဆိုရန် တံခါးဝတွင် စောင့်ဆိုင်းနေခဲ့သည်။
ကျန်းတန်းဟယ်က ရှောင်းကောနဲ့ ကျွမ်းကျွမ်း တို့ကို ကူညီပေးရန် ရထားလုံးပေါ်မှ ဦးစွာဆင်းခဲ့သည်။
ကျွမ်းကျွမ်းက ရထားလုံးပေါ်မှဆင်းရန် တန်းစီလိုက်သည်။ ကျန်းတန်းဟယ်က သူ ဆင်းမှာကိုမြင်သောအခါ ကောင်လေးကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ချပေးလိုက်သည်။ ကျန်းတန်းဟယ်က ရှောင်းကောကို ရထားလုံးပေါ်မှဆင်းဖို့ ကူညီရန် ပို၍ အာရုံစိုက်ခဲ့သည်။ ကျွမ်းကျွမ်းကို အောက်ချပြီးပြီဆိုတော့ သူလုပ်ချင်တာကိုလုပ်လို့ရပြီ။
ကျွမ်းကျွမ်းက နှာခေါင်းကို ဟွန့်ခနဲလုပ်ပြီး အဝေးကို မထွက်သွားခင် ကျန်းတန်းဟယ်ကို တစ်ချက်ကြည့်လိုက်သည်။
ဖြူဖွေးသွယ်လျတဲ့ လက်တစ်စုံက ကန့်လန့်ကာနောက်ကွယ်မှ ထွက်လာသည်။ ဒါကိုမြင်တော့ ကျန်းတန်းဟယ်က ချက်ချင်းဆိုသလို ရှေ့ကိုလှမ်းပြီး သူမကို ကူညီဖို့ သူ့လက်ကို ဆန့်လိုက်သည်။
သူ့ရဲ့အပြုအမူကိုမြင်တော့ ရှောင်းကော မကူညီနိုင်ဘဲ ရယ်လိုက်သည်။
ကျန်းတန်းဟယ်က သူမရဲ့ ရယ်သံကို ကြားတော့ မော့ကြည့်လိုက်ပြီးနောက် ချက်ချင်း မှင်သက်သွားခဲ့သည်။
သူမရဲ့ အပြုံးက တကယ်ကို လှသည်။
"ဟေ့ အရူး၊ အသိစိတ်ပြန်ဝင်ဦး "
ရှောင်းကောက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ရထားလုံးပေါ်က ဆင်းခဲ့သည်။ သူကြောင်တက်တက်ဖြစ်နေတာကို မြင်တော့ သူ့ကိုအားစိုက်ကာဆွဲခဲ့သည်။ "ဒီနေ့ဘာလို့ဒီလောက်မိန်းမောနေရတာလဲ"
“အိုး၊ သွားကြရအောင်”
ကျန်းတန်းဟယ်က ရှောင်းကောရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး အိမ်ကြီးဆီသို့ လျှောက်သွားခဲ့သည်။
ဒါကိုမြင်တော့ ရှောင်းကောက ရုန်းကန်ခဲ့သည်။ "ဟေး ဟေး ဟေး ကျွမ်းကျွမ်း၊ ကျွမ်းကျွမ်း "
"ရှင် ကျွမ်းကျွမ်းကို မေ့သွားပြီ!"
ကျန်းတန်းဟယ်က ရှောင်းကောကို ဆွဲသွားရန် အာရုံစိုက်နေသောကြောင့် ဘေးမှာ စောင့်နေတဲ့ ကျွမ်းကျွမ်းကို မေ့သွားခဲ့တာပင်။
"မြန်မြန်"
ကျန်းတန်းဟယ်က သူမကိုပြန်ဆွဲလိုက်ချိန် ရှောင်းကော
က ကျွမ်းကျွမ်းရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူ လှည့်ကြည့်လိုက်ပြီး ကျွမ်းကျွမ်းကို မညှာမတာ စကားနှစ်လုံးထုတ်ပြောခဲ့သည်။
ကျွမ်းကျွမ်းက နှုတ်ခမ်းစူပြီး သူ့လက်တွေကို ဆန့်တန်းလျက် မြေပြင်မှာ ရပ်နေခဲ့သည်။ သူ့ဘာသာသူ လမ်းလျှောက်သွားရမယ်ဆိုရင် ဒီလိုပဲနေလိုက်မည်။ “ဟမ့်…”
အိမ်တော်ထိန်းက သူတို့ကိုတွေ့တော့ ချက်ချင်းပြေးလာသည်။ သူက ပြုံးပြီး သူတို့ သုံးယောက်ကို ကြည့်ခဲ့သည်။ "မင်္ဂလာပါ စစ်သူကြီး၊ ဒါက သခင်မနဲ့ သခင်လေးပဲ ဖြစ်ရမယ်"
ကျန်းတန်းဟယ် အစောပိုင်းတုန်း အလည်လာတုန်းက အိမ်တော်ထိန်းက သူနဲ့ တွေ့ပြီးပြီ။ ကျန်းတန်းဟယ်က သူ့ဇနီးနှင့်သားကို ခေါ်ဆောင်လာမည်ကို သူ သိတာကြောင့် သူတို့ရောက်ချိန်အတွက် အပြင်တွင် စောင့်ဆိုင်းနေခဲ့သည်။