အခန်း (၁၇၇)
Vol. 12 Ch. 177
ရှောင်းကောက အခန်းထဲ ဝင်ပြီး ရှောင်ယန်နဲ့ ပျော်ရွှင်စွာ စကားစမြည်ပြောခဲ့ကြသည်။ ကျွမ်းကျွမ်း သူတို့နှစ်ယောက်ရဲ့ ဘေးမှာ ရပ်နေချိန်မှာ သူတို့က ကလေးလေးနဲ့အတူ ဆော့ကစားနေသည်။ သူ တကိုယ်လုံး တွန့်လိမ်နေတဲ့ ကလေးငယ်ကို ကြည့်လိုက်မိသည်။ "ဒါကို ချစ်စရာကောင်းတယ်လို့ ခေါ်တာလား..."
"ရှောင်းကော လာ ချီကြည့်လေ"
ရှောင်ယန်က သူမလက်ထဲက ကလေးလေးကို ရှောင်းကော အား ပေးလိုက်သည်။
"ဟင်" ရှောင်းကော စိတ်လှုပ်ရှားသွားသည်။ သူမရဲ့လက်တွေကို ဘယ်မှာထားရမှန်းသူမ မသိပေ။ ဒီလောက် သေးပြီးနူးညံ့တဲ့ ကလေး တစ်ယောက်ကို ဘယ်လို ချီရမှာလဲ...
ကလေးလေးကို မြင်လိုက်ရသောအခါ ရှောင်းကော၏ နှလုံးသားက နူးညံ့သွားသည်။ ရှောင်ယန်ရဲ့လက်ကနေ ကလေးကိုယူဖို့ သူမ အကောင်းဆုံးကြိုးစားခဲ့သည်။ ကလေးကို ချီတာ ဒါပထမဆုံးအကြိမ်မို့ အဆင်မပြေဖြစ်နေသည်။ သူမရဲ့လက်တွေ တောင့်တင်းနေပြီး လက်ကို လုံးဝ မလှုပ်ရဲတော့ပေ။ လက်ကို တည်ငြိမ်အောင်ထိန်းထားရင်း ကလေး၏ဂုတ်နှင့် တင်ပါးများကို ပင့်ရန်သာ ကြိုးစားနိုင်ခဲ့သည်။
ရှောင်းကောကို ဘေးမှကြည့်ရင်း ရှောင်ယန်က တိုးတိုးလေး ရယ်လိုက်သည်။
ရှောင်းကော သူမ ရယ်နေတာကို သိသည်။ ကျွမ်းကျွမ်းကိုခေါ်ဖို့ကလွဲလို့ သူမမှာ ရွေးချယ်စရာ မရှိတော့ပေ။ "လာ၊ ကျွမ်းကျွမ်း၊ ကလေးလေးကို လာကြည့်ကြည့်။"
သူ့ကို လှမ်းခေါ်လိုက်ကတည်းက ကျွမ်းကျွမ်းက အင်တင်တင်နဲ့ရောက်ဘာပြီး ရှောင်းကောရဲ့ ရင်ခွင်ထဲက ကလေးကို ဂရုတစိုက်ကြည့်ခဲ့သည်။ "အင်း၊ ကြည့်ရတာ မဆိုးပါဘူး…"
သူ ကလေးလေးကို အနီးကပ်ကြည့်လိုက်တော့ သူမက မျက်လုံးကိုကျယ်ကျယ်ဖွင့်ပြီး သူ့ကို ပြုံးပြနေသည်။ ကျွမ်းကျွမ်းမကူညီနိုင်ဘဲ ပြုံးဖြဲဖြဲလုပ်လိုက်သည်။ "အင်း၊ သူက နည်းနည်းလေးတော့ ချစ်စရာကောင်းသားပဲ"
ရှောင်းကော သည် အစပိုင်းတုန်းက အင်တင်တင်ဖြစ်နေခဲ့တဲ့ကျွမ်းကျွမ်း ကို ကြည့်ခဲ့သည် ဒါပေမယ့် သူ့စိတ်ထဲတွင်တော့ သူသည် ကလေးကို သဘောကျစပြုလာသည်။ ရှောင်ယန်နဲ့ အကြည့်ချင်းဖလှယ်ရင်း သူမ မော့ကြည့်ကာ ပြုံးလိုက်သည်။
အငွေ့အသက်တွေ ပိုကောင်းလာတာနဲ့အမျှ ရှောင်းကော ရဲ့ ရင်ခွင်ထဲက ကလေးမလေးက ရုတ်တရက် မျက်နှာကိုကုတ်ကာ တုန်ယင်နေခဲ့သည်။ သူမ မျက်နှာလည်း နီရဲသွားပြီ။
ရှောင်းကောက ဘာတွေဖြစ်နေတာလဲဆိုတာ နားမလည်တော့ပေ။ ကျွမ်းကျွမ်းက သူမကို စူးစမ်းကာ အနီးကပ်ကြည့်လိုက်သည်။ ကုတင်ပေါ်ရှိ ရှောင်ယန်သာလျှင် ကလေး၏ မျက်နှာပေါ်ရှိ ထိုမျက်နှာအမူအရာကို နားလည်သည်။ သူမ နှလုံးခုန်သံတွေ ခုန်သွားပေမယ့် သူမ သူတို့ကို ဘာမှပြန်မပြောခင် အချိန်ကလည်း အရမ်းနောက်ကျနေပြီ။
“အိုး…”
ကျွမ်းကျွမ်းက အနီးကပ်ဆုံးမို့ သူချက်ချင်း အနံ့ခံမိလိုက်သည်။ " နံလိုက်တာ!"
သူ နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်ပြီး အဆိပ်ပြင်း ဓာတ်ငွေ့ဗုံးလေးကို ကြည့်လိုက်သည်။ အနံ့က အရမ်းဆိုးတာပဲ။
ပထမတော့ ရှောင်းကောက ဘာဖြစ်သွားမှန်း မသိခဲ့ပေ။ ထို့နောက် ပုပ်နေတဲ့အနံ့ တစ်ခုခုကို ရလိုက်သည်။ "ဒါဘာအနံ့လဲ"
“ကျွန်မကို ပေး။ သူ ဝမ်းသွားတော့မယ်…”
ရှောင်းကောက ကလေးကို ဂရုတစိုက်ပေးလိုက်သည်။ ကလေးရဲ့အီးအီးက အလွန်အထင်ကြီးလောက်စရာကောင်းနိုင်သည်ကို သူမ မသိခဲ့ပေ...
ရှောင်ယန်လည်း အနည်းငယ်ရှက်သွားသည်။ သူမရဲ့ကလေး ဒီလိုကိစ္စအကြီးဖြစ်တဲ့ အီးအီးပါလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ...
ကျွမ်းကျွမ်းနဲ့ ရှောင်းကောတို့လည်း အမှတ်မထင် အဝေးကို ရောက်သွားကြသည်...
ရှောင်းကောက အဆင်ပြေပါတယ်၊ ဒါပေမယ့် ကျွမ်းကျွမ်းရဲ့ မျက်နှာဟာ အဲဒီ့အချိန်ကစပြီး ခုခံမှုတွေနဲ့ ပြည့်နေခဲ့သည်။ သူသည် ကလေးအနားသို့ မသွားရဲတော့ဘဲ ရှောင်းကော၏ နောက်တွင် ပုန်းနေခဲ့သည်။ ရှောင်းကော သူ့ကို ဘယ်လိုပဲ အော်ခေါ်နေပါစေ သူ ရှောင်ဖို့ ငြင်းဆန်ခဲ့သည်။
ဤတစ်ကြိမ်သည် ရှောင်းကော ရှက်ရွံ့ရမည့်အလှည့်ဖြစ်သည်။ ကလေးရဲ့ အီးအီးတွေက တကယ်ကို နံ့ပေမယ့် ဒီလိုအပြုအမူမျိုး မလုပ်သင့်ပေ။ "အိုး အမေ့ရဲ့ ကျွမ်းကျွမ်းလေး!"
ထိုအချိန်တွင် သူတို့ အခန်းအပြင်ဘက်မှ ဆူဆူညံညံအသံအချို့ကြားလိုက်ရသည်။
"အဲ့တာ ကျူးယန်နဲ့ တခြားသူတွေ ရောက်လာတာ ဖြစ်မယ်"
ရှောင်ယန်က ခင်ပွန်းဖြစ်သူ၏ အသံကို မှတ်မိသည်။ ခင်ပွန်းသည်မှလွဲ၍ ဤကဲ့သို့ ချစ်စရာကောင်းတဲ့ အသံရှိသူ အများအပြားမရှိပေ။
ရှောင်းကောက ကျန်းတန်းဟယ်ရဲ့အသံနက်နက်ကို သူမ တွေ့ရှိထားသဖြင့် သဘောတူပြီး ခေါင်းညိတ်လိုက်သည်။
အိမ်ထဲမှာ ခဏလောက်နေပြီးနောက် ကျူးယန်က ကျန်းတန်းဟယ်အား သူ့ရဲ့အခြားကလေးနှစ်ယောက်ကို ခေါ်ထုတ်ပြခဲ့သည်။ သူတို့ကို တခြားအခန်းမှာ ကလေးထိန်းက ထိန်းပေးနေသည်။ ညစာစားချိန်နီးနေပြီဆိုတော့ ကလေးတွေကို အခုပဲ ခေါ်ထုတ်သင့်သည်။