အခန်း (၁၇၈)
Vol. 12 Ch. 178
“အမေ…”
အခန်းထဲသို့ ဘယ်သူမှ မဝင်မီ တံခါးအပြင်ဘက်မှ တက်ကြွနေတဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။
"အဲဒါ ကျွန်မရဲ့သားအကြီးဆုံး။ သူ အဆင်သင့်ဖြစ်နေပြီဖြစ်မယ်"
အသံကိုကြားတော့ ရှောင်းကောက အဲ့တာက ဘယ်သူ့အသံလဲဆိုတာ သိလိုက်ရသည်။ သူမသည် သူမ၏ အကြီးဆုံးသားဖြစ်သူအကြောင်း ရှောင်းကောကို ချစ်ခင်စွာပြောခဲ့သော်လည်း သူမ၏လေသံတွင် အကူအညီမဲ့တဲ့ အရိပ်အမြွက်တစ်ခုရှိသည်။
ရှောင်းကောက ခေါင်းညိတ်လိုက်ပြီး ကျွမ်းကျွမ်းကို သူ့နောက်ကနေ ဆွဲထုတ်ဖို့ လက်လှမ်းလိုက်ပြီး သူ့သူငယ်ချင်းအသစ်ကို နှုတ်ဆက် ပေးလိုက်သည်။ ကျွမ်းကျွမ်းက အရမ်းစကားနားထောင်သည်။ သူ ကလေးကို အနားကိုမကပ်ရသရွေ့ သူဘာမဆိုလုပ်မည်။
"သားမှာ သူငယ်ချင်းအသစ်ရှိတယ်ဆိုတာ အဖေ့ဆီက ကြားခဲ့လို့"
ကောင်လေးက ရွှင်မြူးသောအမူအရာဖြင့် ကန့်လန့်ကာကို မြှောက်ကာ ခေါင်းပြူထွက်လာသည်။ ကလေး၏ ဆံပင်တွေက ရှုပ်ပွနေပြီး သူ့မျက်နှာကို အနက်ရောင်နှင့် မီးခိုးရောင်အစင်းကြောင်းများဖြင့် ဖုံးလွှမ်းထားသည်။
သူ့မျက်နှာမှာ မြင်သာတဲ့ တစ်ခုတည်းသော အင်္ဂါရပ်ကတော့ သူ့မျက်လုံးဝိုင်းဝိုင်းကြီးတွေပင်။ ဒီအချိန်မှာ သူ အိမ်ပတ်ပတ်လည်ကို လှည့်ကြည့်နေသည်။ ရှောင်းကောသည် သူက အလွန်စိတ်ဝင်စားစရာကောင်းသည်ကို တွေ့ရှိခဲ့သည်—သူသည် ကျူးယန်လိုပဲ တက်ကြွသည်။
ကောင်လေးက ရှောင်းကောနဲ့ ရုတ်တရက် မျက်လုံးချင်းဆုံပြီး အော်ကာ ပြန်ဆုတ်သွားသည်။
ရှောင်းကော စိတ်ရှုပ်သွားပြီး ကျွမ်းကျွမ်း ကို ကြည့်လိုက်သည်။ "အမေ သူ့ကို ခြောက်မိသွားတာလား"
ရှောင်ယန်က သူ့သား၏ ပင်ကိုယ်စရိုက်ကို သိသောကြောင့် သူမ ခေါင်းကို အသာအယာ ခါလိုက်သည်။ သူမ သူ့ကို ခြောက်လိုက်တာမဟုတ်ပါချေ။ အဲ့တာက....
အသံကျယ်ကြီးနဲ့အတူ တံခါးကို ကန့်လန့်ကာနှင့်အတူ တွန်းဖွင့်ခဲ့သည်။ ရှောင်ယန်က ကလေးမလေး၏ နားရွက်ကို အုပ်ခဲ့သည်—ကောင်လေး ဒီလိုလုပ်တော့မယ်ဆိုတာ သူမ သိသည်။
"အဟမ်း မိန်းမလှလေး၊ လက်ဖက်ရည်နဲ့ အဆာပြေစားဖို့ ရေကန်ဆီ ခေါ်သွားလို့ရမလား"
စောစောက အခန်းထဲကနေ ဆုတ်ခွာသွားတဲ့ ကလေးက သူ့ဆံပင်တွေကို သပ်သပ်ရပ်ရပ် ချည်နှောင်ထားကာ အခန်းထဲ၌ ပြန်ပေါ်လာသည်။ သူ့မျက်နှာကိုလည်း သန့်သန့်ရှင်းရှင်းဖြစ်အောင် ဆေးကြောထားသည်။ သူသည် ရှောင်းကောဆီသို့ ပြေပြစ်စွာ လျှောက်သွားကာ ယက်တောင်ကို ကိုင်ထားသကဲ့သို့ သူ့လက်လေးတွေကို ယမ်းလိုက်သည်။
ရှောင်းကော ပြုံးလိုက်ရင်း သူမ ၏ နှုတ်ခမ်းထောင့်တွေက လှုပ်သွားသည်။ သူမ တောင့်တောင့်ကြီး လှည့်၍ အားကိုးရာမဲ့စွာ ရှောင်ယန်ကို ကြည့်လိုက်သည်။ စောစောက သူဘာကိုဆိုလိုသည်ကို အခု သူမသိလိုက်ရပြီ။ “ဒီကာစနိုဗာလေးကတော့…”
ကျွမ်းကျွမ်း ထပ် မပြုံးတော့ပေ။ “ငါ့မျက်လုံးတွေကို ငါ မယုံနိုင်တော့ဘူး…”
"ကျူးမင်၊ ဒေါ်ဒေါ်လို့ခေါ်"
ရှောင်းယန် စကားပြောပြီးတာနဲ့ပဲ အခုမှ ရောက်လာတဲ့ ကျူးယန်က သူ့သားကို ကန်လိုက်သည်။ "လူရှုပ်လေး၊ မင်းအသက်ဘယ်လောက် ရှိနေပြီမို့လို့ မိန်းကလေးတွေကိုအကွက်ရွှေ့နေရတာလဲ!"
“အို့!”
ကျူးမင် အိပ်ယာပေါ်ရောက်သွားသည်။ သူ ရှောင်းကောပေါ် မရောက်သွားခင်မှာ ကျွမ်းကျွမ်းက သူမကို ဆွဲထုတ်ခဲ့သည်။ မျက်လုံးကြီးကြီးနဲ့ ကောင်လေးကို သူ ဝေဖန်ထောက်ပြခဲ့သည်။ “ငါ မမြင်နိုင်ဘူးလို့ မထင်နဲ့။ မင်း ငါ့အမေရဲ့ ရင်ခွင်ထဲဝင်ဖို့ ရည်ရွယ်နေတာ”
သရုပ်ဆောင်နေဆဲဖြစ်သော ကျူးမင်က သူလဲကျတွင် မတူညီသော ခံစားမှုတစ်ခုကို ခံစားခဲ့ရသည်။ သူစိတ်ကူးယဥ်ခါးသလို နူးညံ့တဲ့ ပွေ့ဖက်မှုမရှိနေဘူး။ အဲဒီအစား သူ မာကျောတဲ့ တစ်ခုခုပေါ် ရောက်သွားခဲ့သည်။ တစ်ချက်ချောင်းကြည့်လိုက်တော့ အိပ်ယာပေါ် ထိုင်ချမိနေတာကို တွေ့လိုက်ရသည်။ သူမျှော်လင့်ထားတဲ့ ပွေ့ဖက်မှုက သူနဲ့ အဝေးမှာ ရပ်နေသည်။ ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်လဲ။
ကျူးယန်က သူ့ရဲ့နှစ်နှစ်အရွယ် ကလေးလေးကို အိပ်ယာပေါ် ချီသွားသည်။ ကျွမ်းကျွမ်းက နံစော်နေတဲ့ ကလေးငယ်၏ ပိုကြီးတဲ့ပုံစံကိုမြင်သောအခါ၊ သူချက်ချင်းထွက်ပြေးသွားပြီး ရှောင်းကော၏ နောက်တွင် ပုန်းနေလိုက်သည်။
ကျန်းတန်းဟယ်က ရှောင်းကော နံဘေးတွင်ထိုင်ပြီး ကျွမ်းကျွမ်း ဘာဖြစ်နေတာလဲဟု သူ့မျက်လုံးတွေကိုသုံးပြီး မေးခဲ့သည်။ ရှောင်းကောသည် သူမမျက်နှာပေါ်တွင် ဖော်မပြနိုင်သော အမူအရာဖြင့် တုံ့ပြန်ခဲ့ပြီး သူတို့ပြန်သွားသောအခါတွင် ထိုအကြောင်းကို ပြောကြမည်ဖြစ်သည်။
"လာ၊ ကလေး၊ အမေ့ဆီလာ"
ရှောင်ယန်က သူမ၏ ဒုတိယမြောက်ကလေးကို ကျူးယန် ထံမှ ယူကာ ခပ်မိုက်မိုက်ပုံစံကြည့်နေဆဲဖြစ်သော ကျူးမင်အား ကန်လိုက်သည်။ သူမ နူးညံ့စွာပြောလိုက်သည်။ "ရှောင်းကော၊ ကျွန်မသမီးကြီး ရိုလန်ကို လာကြည့်ပါဦး"
"ရိုလန်၊ တော်တော်လှလိုက်တဲ့နာမည်ပဲ"
"ဘယ်လောက်ချစ်စရာကောင်းလိုက်လဲ!"
ရှောင်းကောသည် နှစ်နှစ်အရွယ် ရိုလန်က တကယ်ချစ်စရာကောင်းသည်ဟု ကလေးအား ချီးကျူးခဲ့သည်။ သူမရဲ့ မျက်နှာအသွင်အပြင်က သူမရဲ့ညီမလေးနဲ့ ဆင်ပေမယ့် သူတို့က ပိုထင်ရှားပြီး သိသာသည်။
“ဟီးဟီးဟီးဟီး....…”
ရှောင်းကောရဲ့ ချီးမွမ်းမှုကြောင့် ကျူးယန် အရမ်းကို ပျော်ရွှင်သွားခဲ့သည်။ သူ့သမီးလေးကို ချီးမွှမ်းနေတော့ သူပျော်သည်။
ရှောင်ယန်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ “ဘယ်လိုသမီးလေးကျွန်လဲ”
ကျန်းတန်းဟယ်သည် ရှောင်းကော မိန်းကလေးငယ်လေးတွေနဲ့ ပိုမိုဆက်ဆံနေတဲ့အတွက် သူ စိတ်အားထက်သန်ခဲ့သည်။ နောက်ထပ် ကလေးယူဖို့ သူ သွေးဆောင်ခံလိုက်ရရင်ကော။ ဒါ သူလိုချင်နေတဲ့ဆန္ဒ မဟုတ်လား။
ဤအတွေးဖြင့် ကျန်းတန်းဟယ် သည် ကျွမ်းကျွမ်းအား မိန်းကလေးတွေနဲ့ ဆက်ဆံပြောဆိုခိုင်းဖို့ အဆင်သင့်ဖြစ်နေပြီ။ နောင်တွင် သူသည် အစ်ကိုကြီးတစ်ဦးဖြစ်လာမည်ဖြစ်ပြီး၊ သူ၏ ညီမငယ်များနှင့် ကစားရမည်ဖြစ်သည်။
မှန်တယ်။ ကျန်းတန်းဟယ်က ရှောင်းကော နဲ့ နောက်ထပ် သမီးလေး နည်းနည်းလောက် မွေးနိုင်ရင် အရမ်းကောင်းမယ်လို့ ခံစားမိသည်။ သူ့သမီးတွေအားလုံး ရှောင်းကော လို ချစ်ဖို့ကောင်းရင် ပိုကောင်းမှာပဲ။ အခုတော့ သူသည် ကလေးဆန်တဲ့ အသံဖြင့် သူ့အား ဖေဖေလို့ ခေါ်နေတဲ့ ဆံမြိတ်လေးတွေနဲ့သမီးလေးတွေအကြောင်း တွေးနေမိသည်။ စိတ်ကူးကြည့်ရုံနဲ့ သူ့အရိုးတွေ ပျော့သွားသလို ခံစားရသည်။
မမျှော်လင့်ဘဲ ကျွမ်းကျွမ်းက ပျော်ရွှင်မှုတွင် လုံးဝမပါဝင်ချင်ပေ။ ရှောင်းကောက ကလေးအနီးနားတွင် မရှိသည်ကို မြင်လိုက်ရသဖြင့် သူ ကျန်းတန်းဟယ် အနားတွင် ပြန်ရပ်လိုက်သည်။ 'ဘာပဲဖြစ်ဖြစ် သူ ဟိုကို မသွားဘူး။ ကလေးငယ်လေးတွေက အရမ်းအနံ့နံတယ်။ ခုနက ရောက်လာတဲ့ အကြီးတစ်ယောက်ကိုမပြောနဲ့။ သူမ အနံ့က ပိုဆိုးနေမှာ။'
ကျန်းတန်းဟယ်က မျက်နှာပေါ်မှာ ခုခံနေရတဲ့ ပုံစံရှိတဲ့ ကျွမ်းကျွမ်း ကို ကြည့်လိုက်ပြီး အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ 'ကျွမ်းကျွမ်းက သူ့အစီအစဥ်နောက်ကို မလိုက်ရင် သူ့မှာ ဘယ်လိုလုပ် သမီးရတော့မှာလဲ။'
သားအဖနှစ်ယောက် တိတ်တဆိတ် ပြိုင်နေကြသည်။ တစ်ယောက်က တွန်းတယ် နောက်တစ်ယောက်က နောက်ပြန်ဆုတ်တယ်။ သူတို့နှစ်ယောက်လုံး ရှုံးနိမ့်မှုကို ဝန်ခံရန် ဆန္ဒမရှိခဲ့ကြပေ။
"ထမင်းစားရအောင်"
ရှောင်ယန်က မီးနေသည်အခန်းအတွင်းမှ ထွက်ခွာသွားလို့မရနိုင်တာကြောင့် ညစာကို အခန်းထဲ ပို့ပေးရသည်။ ကျူးယန်က ရှောင်ယန်ရဲ့ ရှက်ရွံ့တဲ့ဆန္ဒပြမှုများကို ဂရုမစိုက်ဘဲ ခါးကိုင်းကာ သူမကို ကုလားထိုင်ဆီ သယ်သွားခဲ့သည်။
တစ်ချိန်တည်းတွင် သူသည် ရှောင်းကောနှင့် အခြားလူများကို နေရာယူဖို့ လက်ဟန်ပြခဲ့သည်။
"သွားရအောင်၊ ရှင် ဘာကိုစောင့်နေတာလဲ"
ရှောင်းကော မတ်တပ်ထရပ်လိုက်ပြီး မလှုပ်မယှက်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ ကျန်းတန်းဟယ်အတွက် တနေကုန် နေမကောင်းဖြစ်မှာကို သူမစိုးရိမ်နေတာကြောင့် သူမ အနည်းငယ် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သူတို့ တည်းခိုခန်းကို ရောက်ကတည်းက သူက မိန်းမောတွေဝေနေတာ။ အခုလည်း ကျွမ်းကျွမ်းက သူလိုမျိုးဖြစ်နေသည်။
ရှောင်းကော၏ စကားကိုကြားသောအခါ ဒေါသတကြီး ငြိမ်သက်စွာ ထိပ်တိုက်တွေ့မှုကို အဆုံးသတ်လိုက်ကြသည်။
ကျွမ်းကျွမ်းက တိတ်တဆိတ် နှာခေါင်းကိုဟွန့်ခနဲလုပ်လိုက်သည်။ ကျန်းတန်းဟယ်ကို မကြည့်ဘဲ ရှောင်းကော၏ လက်ကို လှမ်းကိုင်လိုက်သည်။ မထင်မှတ်ပဲ နောက်ထပ်လက်သေးသေးလေးက သူ့ကို ရိုက်ခဲ့သည်။
" ဒေါ်ဒေါ် ကောကော၊ သား ဒေါ်ဒေါ့်ကို ထမင်းစား စားပွဲဆီ လိုက်ပို့ပေးမယ်။ ဂရုစိုက်။ ဒီမှာ ခန်းစီးရှိတယ်။ သတိထား။ ဒီမှာ ပန်းအိုးရှိတယ်။ ခလုတ်မတိုက်မိစေနဲ့..."
“ကောင်းပြီ၊ ကောင်းပြီ…”
ရှောင်းကောသည် သူ့စကားကြောင့် အနည်းငယ် သဘောကျသွားသဖြင့် သူမ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ကျူးမင်က သေးပေမယ့် သန်မာသည်။ ကျူးမင် အရွယ်ရောက်ပြီးသူဖြစ်တဲ့ သူမကိုတောင် ဆွဲခေါ်သွားနိုင်သည်။
ကျွမ်းကျွမ်းက သူ့ရဲ့ ကိုးရိုးကားရားဖြစ်နေတဲ့လက်ကိုပြန်ရုတ်လိုက်ပြီး ထွက်ခွာသွားသောလူနှစ်ယောက်ကို ဝမ်းနည်းစွာကြည့်နေသည်။ သူ သက်ပြင်း ချလိုက်သည်။ "အမေ၊ အမေ့ရဲ့ကလေးက ဒီမှာရှိနေသေးတယ်လေ "
ထိုအချိန်တွင် သူ့နောက်က အေးစက်တဲ့ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ ကျွမ်းကျွမ်း ရုတ်တရက် လှည့်ကြည့်လိုက်တော့ ကျန်းတန်းဟယ်က သူ့မျက်နှာပေါ်မှာလှောင်ပြုံးကြီးနဲ့ ခေါင်းယမ်းနေတာကို တွေ့လိုက်ရသည်။ ထို့နောက် သူ ရှောင်းကော အနားမှာမထိုင်ခင် ကျွမ်းကျွမ်းကို အဓိပ္ပါယ်ပါတဲ့ အကြည့်ကို ပေးခဲ့သည်။ ထို့နောက် သူက ကျွမ်းကျွမ်းရဲ့ထိုင်ခုံကိုယူသွားသည်။
ကောင်လေးက မုန်းတီးစွာနဲ့ သူ့အံကြိတ်လိုက်သည်။ ဒီအချိန်ကစပြီး ကျန်းတန်းဟယ်နဲ့ သူ့ရဲ့ဆက်ဆံရေးကို ၁၅ မိနစ်လောက် ခေတ္တဖြတ်တောက်မယ်လို့ ကြေညာခဲ့သည်။
"ကျွမ်းကျွမ်း၊ ဒီကိုလာ"
ရှောင်းကောက ကျူးမင်ရဲ့ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသော်လည်း သူမက သားအဖနှစ်ယောက်ကို အာရုံစိုက်နေဆဲဖြစ်သည်။ ကျန်းတန်းဟယ် ရောက်လာတာကို သူမ မြင်တော့ သူ့ကို တွန်းထုတ်ပြီး ကျွမ်းကျွမ်းကို ခေါ်ခဲ့သည်။
ကျွမ်းကျွမ်းရဲ့ မျက်နှာက တောက်ပလာသည်။ "သား လာပြီ..…"
ကျန်းတန်းဟယ်က သူ့ကိုယ်သူ ဖြည်းဖြည်းချင်းဖယ်ပေးခဲ့ပြီး ဘေးက ကုလားထိုင်ပေါ်မှာ ထိုင်လိုက်သည်။ အခုလေးတင် ကိုးရိုးကားရားနိုင်တဲ့ အခြေအနေတွေက သူ့ကို မထိခိုက်စေချေ။ သူကတော့ လူရည်လည်နေဆဲပင်။
ဟုတ်ပါတယ် ဒါက ကျန်းတန်းဟယ် သူ့ကိုယ်သူမြင်တဲ့ပုံစံပါပဲ။ တခြားသူတွေလည်း ဒီလိုပဲ တွေးနေမှာ မဟုတ်ပါဘူး။
ကျူးယန်နဲ့ ရှောင်ယန်တို့ ဒါကို မြင်လိုက်သောအခါ အပြုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
တစ်လပြည့်ပွဲရဲ့ ဇာတ်ဆောင်လေးကတော့ သူမရဲ့အစ်မနဲ့အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ ကျူးယန် အိပ်နေတဲ့ ကလေးလေးတွေကို ကြည့်ထားဖို့ကလေးထိန်းကို ခေါ်လိုက်ပြီး အခန်းကိုခြားထားဖို့ ခန်းစီးကို ဆွဲလိုက်သည်။ ဒီလိုနည်းနဲ့ သူတို့ရဲ့ စားသောက်တဲ့အသံက ကလေးနှစ်ယောက်ကို မနှောင့်ယှက်နိုင်တော့ပေ။
စားပွဲဝိုင်းတွင် အုပ်စုဖွဲ့ ရယ်မောရင်း စကားစမြည်ပြောနေကြသည်။ အလွန်အသက်ဝင်သော်လည်း စကားစမြည်ပြောတာ အများဆုံးကတော့ ကျူးယန်နဲ့ ကျူးမင်တို့ဖြစ်သည်။ သူတို့နှစ်ယောက် စကားအဆက်မပြတ်ပြောနေကြပြီး ရှောင်ယန်က သူတို့နှစ်ယောက် ဒီလိုမျိုးပြောတာကို ကျင့်သားရနေသည်မှာ သိသာသည်။
သူမ လုံးဝ ဂရုမစိုက်ဘဲ အေးအေးဆေးဆေး စားနေပေမယ့် ရှောင်းကောကတော့ သူတို့ပြောတာတွေကို သဘောကျကာ ကျယ်လောင်စွာ ရယ်မောနေခဲ့သည်။ ဒီနှစ်ယောက်ကတော့ လုံးလုံးလျားလျား ကူးစက်နိုင်သည်။ တစ်ယောက်က ဇာတ်လိုက်နေရာ နောက်တစ်ယောက်ကတော့ ပံ့ပိုးမှုအခန်းကဏ္ဍမှာ ပါနိုင်သည်။