← Chapters

အခန်း (၁၇၉)

Vol. 12 Ch. 179

အခန်း (၁၇၉)

Vol. 12 Ch. 179

စားပွဲက ကြည်နူးစရာပင်။

ကျူးယန်နဲ့ ကျန်းတန်းဟယ်တို့သည် ညစာစားပြီးနောက် စကားစမြည်ပြောဖို့ ထွက်သွားကြသည်။

ရှောင်ယန်နဲ့ ရှောင်းကောတို့က အိပ်ပျော်နေသော ကလေးနှစ်ယောက်၏ ဘေးတွင် နေခဲ့သည်။

ကျွမ်းကျွမ်းက ကျူးမင် ရှောင်းကောအား နှောင့်ယှက်နေသည့်အတွက် မခံမရပ်နိုင်ဖြစ်ပြီး ကောင်လေးနှင့် စကားပြောရန် အစပြုကာ သူ့ကို ကစားဖို့ ဖိတ်ခေါ်ခဲ့သည်။

ရှောင်းကောသည် ကျွမ်းကျွမ်း ထွက်မသွားခင် သူ၏ မျက်နှာပေါ်က အပြုံးကို မြင်လိုက်ရသည်။ အပြစ်ကင်းစင်တဲ့ ကျူးမင်အတွက် သူမ အနည်းငယ် စိုးရိမ်နေမိသည်။ ကျူးမင်လေးက ကစားမက်သော်လည်း ရှောင်းကော၏ မျက်လုံးများတွင်မူ သူက ပူပင်ကြောင့်ကြမှုမရှိ၊ အပြစ်ကင်းပြီး ကြင်နာတတ်သူဖြစ်သည်။ တစ်ဖက်တွင်မူ ကျွမ်းကျွမ်းက သူ့ကိုကြည့်ရသလောက် အပြစ်ကင်းစင်တဲ့သူ မဟုတ်ပေ။ ကျူးမင် သုံးယောက်ပေါင်းရင်တောင် သူမရဲ့သားကို မယှဉ်နိုင်တာကို သိခဲ့သည်။

အစောပိုင်းတွင် သူတို့သည် ရထားလုံးပေါ်တွင်ရှိနေကြပြီး ရှောင်းကော သော့ခလောက်ပုံဆွဲသီးကို ဝယ်ပြီးသွားသောအခါ ကျန်းတန်းဟယ်က ကျူးယန်မှာ အသက်အရွယ်တူ ကလေး သုံးယောက်ရှိကြောင်း နောက်ကျမှ ပြောပြခဲ့သည်။ ကလေးတစ်ယောက်တည်းအတွက်ပဲ လက်ဆောင်ပြင်ဆင်တာက သိပ်ယဉ်ကျေးမနေပေ။

ဒါပေမယ့် ရှောင်းကောသည် ဤအကြောင်းကို သိလိုက်သောအခါ ကျူးယန်၏နေအိမ်ကို ရောက်လုနီးနီးဖြစ်နေပြီ။ နောက်ကြောင်းပြန်လှည့်ဖို့က သူတို့အတွက် လက်တွေ့မကျဘူး။ ထို့ကြောင့် ရှောင်းကောသည် လက်ဆောင်ကို ပေးဖို့ သင့်တော်သော အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။

အခန်းထဲတွင် အခြားဘယ်သူမှမရှိသည်ကို မြင်လိုက်ရသဖြင့် ရှောင်းကောသည် သူမဝယ်ထားသော သော့ခလောက်ပုံဆွဲသီးကို ထုတ်ယူလိုက်သည်။ သူတို့ အရင်ဆုံးရောက်တုန်းက ရှောင်ယန်ကို ပေးခွင့်မရခဲ့ဘူး။ နောက်ပိုင်းတွင် အနီးနားရှိ ကလေးများနှင့် အတူ လက်ဆောင်ကို ရှောင်းကော ထုတ်လိုက်ရင်လည်း မသင့်လျော်ပေ။

"ဒါက ကလေးအတွက်" ရှောင်းကော က လက်ဆောင်ထုပ်ကို ထုတ်ပြီး ရှောင်ယန်ကို ပေးလိုက်သည်။ "ဒါက ကံကောင်းစေဖို့အတွက် သော့ခလောက်ဆွဲသီးလေးပါ။ ဒီသော့ခလောက်က သူ့အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်းပဲ သူမ အသက်ကြီးတဲ့အထိ အသက်ရှင်သန်သွားဖို့ မျှော်လင့်ပါတယ်။"

ရှောင်းကောက စကားအလွန်ပြောတတ်သူမဟုတ်သောကြောင့် သူမက အရိုးသားဆုံး ကောင်းချီးပေးခဲ့သည်။

ရှောင်ယန်က ပျော်ရွှင်စွာဖြင့် သော့ခလောက်ဆွဲသီးကိုယူကာ ဂရုတစိုက်ကြည့်လိုက်သည်။ သူမ အရမ်းကြိုက်သည်။ "ကျေးဇူးတင်ပါတယ်။ တကယ်လှတာပဲ!"

သူစကားပြောနေစဉ်တွင် သူမသည် အိပ်နေသောသမီးလေးအတွက် သော့ခလောက်ဆွဲသီးလေးကို ဝတ်ပေးလိုက်သည်။

ကလေးမလေးက အိပ်နေရင်း သူ့အမေ၏ အထိအတွေ့ကို ခံစားမိပုံရသည်။ သူမ ခေါင်းကို လှုပ်လာပြီး ရလဒ်အနေနဲ့ ရှောင်ယန် လွယ်လွယ်ကူကူ ဝတ်ပေးနိုင်ခဲ့သည်။

ဤသေးငယ်သောအမူအရာက လူကြီးနှစ်ယောက်ကို ရယ်မောစေခဲ့သည်။

–

“ပြန်ကြရအောင်။”

ကျန်းတန်းဟယ်က သူ့လက်ကို ဝှေ့ယမ်းပြီး ရထားလုံးပေါ်သို့ တက်လိုက်သည်။

ရှောင်ယန်သည် သူမရဲ့မီးနေသည်အခန်းအတွင်း ဘာကိုမှ ထိတွေ့လို့မရနိုင်သောကြောင့် အပြင်သို့ထွက်မလာရပေ။ ကျူးယန်နဲ့ ကျူးမင်တို့က တံခါးဝတွင် ရပ်ကာ ရထားလုံးထွက်ခွာသွားသည်ကို စောင့်ကြည့်နေကြသည်။

ကျူးမင် မျက်ရည်တွေကျလာသည်။ ဒီအဒေါ်လှလှလေးနှင့် ခွဲခွာဖို့ သူတကယ် မခံနိုင်ပေ။

ကျူးယန်က ရထားလုံးကို လက်ဝှေ့ယမ်းပြခဲ့သည်။ ဘယ်အချိန်ပြန်ဆုံကြမလဲဆိုတာ သူ မသိပေ။ လော့ယန်မြို့တော်တွင် တပ်စွဲထားသောကြောင့် ထိုနေရာမှ သူထွက်ခွာသွားလို့မရနိုင်ပေ။ ထို့ကြောင့် ကျန်းတန်းဟယ် နှင့်တွေ့ဆုံရန် အခွင့်အလမ်းများစွာမရှိခဲ့ပေ။

ကျူးယန် သက်ပြင်းတစ်ချက် ချလိုက်တော့ ကျူးမင် က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်ခဲ့သည်။ ကျူးယန် စကားမပြောဘဲ ခေါင်းယမ်းလိုက်သည်။ သူက ကောင်လေးရဲ့ခေါင်းကို ပွတ်သပ်ပြီးပြောလိုက်သည်။ “ပြန်ဝင်ကြရအောင်”

ကျူးမင်က ငယ်ရွယ်သေးသည်။ အကြောင်းပြချက်ကို ပြောပြရင်တောင် သူ နားလည်မှာမဟုတ်ချေ။

ကျူးမင်က ပခုံးတွန့်ကာ ကျူးယန်နောက်ကနေ စံအိမ်ထဲသို့ ပြန်သွားခဲ့သည်။ "အဖေ၊ မနက်ဖြန် မိန်းကလေး ရှောင်းကောတို့ နေရာကို သွားလို့ရမလား"

ကျူးယန်ရဲ့ ခြေထောက်တွေ အားနည်းသွားပြီး ဒူးထောက်လုနီးပါး ဖြစ်သွားသည်။ နဖူးပေါ်ရှိ သွေးပြန်ကြောများ ဖောင်းပွလာသည်။ သူသည် သူ့ခြေရင်းဆီသို့ စွမ်းအင်စုဆောင်းပြီး အံ့ဖွယ်ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်။

"အား!!!!"

ကျယ်လောင်စွာ အော်ဟစ်သံသည် လေထဲတွင် ထွက်ပေါ်လာပြီး အမှောင်ထဲတွင် ငှက်များ နားခိုရာနေရာမှ ထိတ်လန့်သွားကြသည်။

"ဒေါ်ဒေါ်ကောလို့ ခေါ်"

ကျူးယန် အသက်ရှူသွင်းပြီး တည်ငြိမ်စွာပြောလိုက်သည်။

–

ကျွမ်းကျွမ်းက ငယ်ရွယ်သေးပြီး ညအချိန်၌ သူ့စွမ်းအင်များ ကုန်ဆုံးသွားခဲ့သည်။ ရထားလုံးပေါ်တက်ပြီးတာနဲ့ ရှောင်းကောကို မှီပြီး အိပ်ပျော်သွားသည်။

ရထားလုံးပေါ်မှဆင်းရန်အချိန်တန်သောအခါ ကျန်းတန်းဟယ်သည် ရှောင်းကောအား ဦးဆောင်ပြီး အခန်းထဲသို့ သွားစဉ် ကျွမ်းကျွမ်းကို ချီခေါ်သွားခဲ့သည်။ ကောင်လေးကို ကုတင်ပေါ် ပြောင်းပေးဖို့ သူမကစောင်တွေ ချခဲ့သည်။

သူ့ခန္ဓာကိုယ်က အိပ်ယာကိုထိလိုက်တာနဲ့ ကျွမ်းကျွမ်း က လူးလှိမ့်ပြီး စောင်ထဲကိုဝင်သွားသည်။ ကျန်းတန်းဟယ် ရေအနည်းငယ်ယူလာပြီး ရှောင်းကောအား မပေးအပ်မီ သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါကို ရေစွတ်ခဲ့သည်။

ရှောင်းကော သည် သူ့ထံမှ မျက်နှာသုတ်ပုဝါကို ယူလိုက်ပြီး ကျွမ်းကျွမ်းကို ရိုးရိုးရှင်းရှင်း သုတ်ပေးလိုက်သည်။ ပထမတော့ ကျွမ်းကျွမ်းက အိပ်ချင်နေတာကြောင့် ပူးပေါင်းဖို့ ငြင်းဆိုခဲ့သည်။ ရှောင်းကောက သူ့ကိုတိုးလျသော အသံဖြင့် နှစ်သိမ့်ရန် ကြိုးစားသော်လည်း သူ မကျေမနပ် ဖြစ်နေသေးသည်။ ဒါကိုမြင်တော့ ကျန်းတန်းဟယ်က ကျွမ်းကျွမ်းရဲ့ ယိမ်းနွဲ့နေတဲ့ ဦးခေါင်းကို သူ့ရဲ့လက်ကြီးတွေနဲ့ ကိုင်ထားခဲ့ပြီး ရှောင်းကောက သူ့မျက်နှာကို သုတ်ပေးခဲ့သည်။

ရှောင်းကော ကောင်လေး၏ မျက်နှာကို လျင်မြန်စွာ သန့်စင်ရန် အခွင့်အရေးကို ရယူခဲ့သည်။

သူမ လုပ်လို့ပြီးသွားတော့ သူတို့ နှစ်ယောက်က ကျွမ်းကျွမ်း ကို လွှတ်ပေးလိုက်ပြီး သူတို့ရဲ့ အသက်ရှူသံကို ထိန်းထားလိုက်ကြသည်။

အခု သူလွတ်လာသောအခါ ကျွမ်းကျွမ်းက မကျေမနပ်နဲ့ ဟွန့်ခနဲလုပ်လိုက်ပြီး ဘေးသို့ လူးလိမ့်ကာ နှစ်ယောက်ကို ကျောပေးထားခဲ့သည်။

ရှောင်းကောနဲ့ ကျန်းတန်းဟယ်တို့ တိတ်တဆိတ် ပြုံးလိုက်ကြသော်လည်း ကျွမ်းကျွမ်း နိုးလာမှာကို စိုးရိမ်သဖြင့် အသံကို ထိန်းထားကြသည်။ ဒါပေမယ့် သူတို့ မတော်တဆ အသံအနည်းငယ်ထွက်မိသွားပြီး ကျွမ်းကျွမ်းက မကျေနပ်သဖြင့် ဟွန့်ခနဲလုပ်ခဲ့သည်။

ဒီအချိန်မှာ သူတို့ သုံးယောက်ကြားက သံယောဇဉ်က ပိုခိုင်မြဲလာသည်။

"ကောအာ ဒီကိုလာ"

ကျန်းတမ်းဟယ်က သူ့လက်ထဲက မျက်နှာသုတ်ပုဝါကို ချလိုက်ပြီး ရှောင်းကောကို စားပွဲဆီခေါ်လိုက်သည်။

ရှောင်းကောက ကျွမ်းကျွမ်း အတွက် ကုတင်ကန့်လန့်ကာများကို ချပေးပြီး လျှောက်သွားလိုက်သည်။ "ဘာရှိလို့လဲ"

ကျန်းတန်းဟယ်က သူ့ဘေးက ထိုင်ခုံကို ပုတ်ပြပြီး ထိုင်ခိုင်းလိုက်သည်။

ရှောင်းကောသည် လျှို့ဝှက်သော ကျန်းတန်းဟယ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ 'သူ ဘာဖြစ်နေတာလဲ'

သူမ၏ အတွေးများကြားမှ ရှောင်းကော လျှောက်သွားခဲ့သည်။ သူမ အနည်းငယ် စပ်စုမိသည်။

ကျန်းတန်းဟယ်က သူဝယ်ထားတဲ့ လက်ဝတ်ရတနာအိတ်ကိုမထုတ်ခင် သူမ ထိုင်မှာစောင့်နေသည်။

“ကြည့်လိုက်”

ကျန်းတန်းဟယ် သူမကို ပေးလိုက်သည်။

ရှောင်းကော အိတ်ကို မြင်လိုက်သောအခါ သတိရသွားသည်။ သူမ အဲ့တာကို လုံးဝမေ့နေတာ။ သူမ သူ့ထံမှ ၎င်းကိုယူကာ ကြိုးကို ဖြည်လိုက်သည်။

အိတ်ဖွင့်ဖွင့်ချင်း ချောင်းကြည့်လိုက်တာနဲ့ အတွင်းထဲမှာရှိတဲ့ အရာတွေကြောင့် မျက်စိကန်းလုမတတ်ပင်။

ရှောင်းကော မသက်မသာဖြင့် မျက်လုံးတွေကိုမှိတ်လိုက်သည်။

"ဝိုး!!"

"စိန်တွေ!"

ရှောင်းကော အော်ဟစ်ပြီးနောက် သူမပါးစပ်ကို အလိုလိုအုပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

“စိန်တွေ။ အဲဒါ တော်တော်လေး ဆီလျော်တဲ့ နာမည်ပဲ”

ကျန်းတန်းဟယ်က အဲ့တာက နာမည်ကောင်းတစ်ခုဟု ထင်မြင်မိသည်။ “အဲဒီဆိုင်မှာ ဒါကိုတွေ့လို့။ ဒါပေမယ့် အဲဒါက ကျောက်တစ်မျိုးမျိုးလို့ ဆိုင်ဝန်ထမ်းဆီက ကြားတယ်။ အဲဒါက ထုတ်ကုန်အသစ်ပဲ”

ရှောင်းကောသည် ဘာကြောင့် ဒီလောက်ဈေးကြီးရသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။

ကျန်းတန်းဟယ်က စိန်အသေးများဖြင့် ထူထပ်စွာ မြှုပ်ထားသော ဆံတိုးတစ်ချောင်းကို ဝယ်ယူခဲ့သည်။ ဒီဆံထိုးက သူမကို မျက်စိကန်းစေလုနီးပါးပင်။

"ဒီဟာမှာ နာမည်မရှိဘူးလား"

ရှောင်းကော ၏ မျက်လုံးတွေက စူးစမ်းလိုစိတ်ဖြင့် ပြူးကျယ်သွားသည်။ ဒီခေတ်မှာ စိန်တွေမှာ နာမည်မရှိဘူးဆိုတာ သူမ မသိပေ။

"ငါ မင်းအတွက် ပန်ပေးမယ်"

ကျန်းတန်းဟယ်က ဆံထိုးကို ကောက်ကိုင်လိုက်ပြီး သူမနောက်ကို လျှောက်သွားလိုက်သည်။

ရှောင်းကောက စိတ်လှုပ်ရှားစွာ ကျောကို တည့်တည့်မတ်မတ်ထားပြီး ကျန်းတန်းဟယ် ပန်ပေးတာကို စောင့်နေသည်။

သူ့နောက်မှာ ဖြစ်ပျက်နေတာကို သူမ မမြင်နိုင်တော့ပဲ တခြားအာရုံတွေက ပိုပြီး အထိမခံဖြစ်လာသည်။

ရှောင်းကောက ကျန်းတန်းဟယ် သူမနောက်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ချက်ချင်းပင် နွေးထွေးသော လက်တစ်စုံက သူမ၏ ပုခုံးပေါ်သို့ လျှောကျလာသည်။ ရှောင်းကောသည် သူ့ရဲ့ မသက်မသာအထိအတွေ့မှ သူမခန္ဓာကိုယ်ကျုံးသွားရသည်။

ကျန်းတန်းဟယ်က သူ အဲ့တာကိုမတွန်းသင့်ဘူးဆိုတာ သိသည်။ တကယ်တော့ သူ သူမပုခုံးတွေကို စိုက်ကြည့်နေတာကြာပြီ။ သူက သူမရဲ့ ခေါင်းပေါ်ရှိ ဆံပင်အသုံးအဆောင်ကို ညင်သာစွာ ချွတ်လိုက်ပြီး ဆံထိုးဖြင့် အစားထိုးရန် ကြိုးစားခဲ့သည်။

ကြိုးစားမှုကတော့ ကောင်းကောင်းမအောင်မြင်ခဲ့ပါဘူး။ ဒါဟာ အမျိုးသမီးတစ်ယောက်အတွက် သူ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်လို့ သူ့လက်တွေက ထိန်းမနိုင်သိမ်းမရ တုန်ရီနေခဲ့သည်။

တုန်ယင်စရာကောင်းပေမယ့် သူ့လှုပ်ရှားမှုတွေက သူမကို နာကျင်စေတဲ့အတွက် ရှောင်းကော အတွက်တော့ ခက်သည်။

အခုရဲ့လေထုက ဘယ်လောက်ပဲ ချစ်စရာကောင်းနေပါစေ အဆင်မပြေမှုတွေနဲ့ နာကျင်မှုတွေပဲ ရှိတော့သည်။

ကျန်းတန်းဟယ်သည် ယခုအချိန်တွင် ရှက်ရွံ့နေသည်။ သူစိုးရိမ်လေလေ၊ သူ မလုပ်နိုင်လေလေပဲ။

ကျန်းတမ်းဟယ်က ရှောင်းကော၏ ခေါင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ဆံပင်အလွန်အမင်း စုလိုက်သည်။

"...ပြီးပြီလား"

ရှောင်းကော မခံနိုင်တော့ပေ။ အချိန်တော်တော်ကြာနေပြီ။ သူ အိမ်များဆောက်နေတာလား။

“…ရပြီ၊ ရပြီ ပြီးပြီ!”

ကျန်းတန်းဟယ်ရဲ့ အသက်ရှုသံထွက်လာသည်။ နောက်ဆုံးတော့ သူပန်ပေးပြီးသွားပြီ။

ကျန်းတန်းဟယ်က သူ့ချွေးတွေကို သုတ်ဖို့ သူ့လက်ကို မြှောက်လိုက်ပေမယ့် သူလုပ်လိုက်တာနဲ့ သူ ကြက်သေသေသွားရသည်။

ရှောင်းကောက သူမ၏ ခေါင်းကို ပွတ်သပ်ရင်း နာကျင်မှုက သူမကို သေစေခဲ့သည်။ ကြည့်ကောင်းလားဆိုတာကြည့်ဖို့ သူမ ထလာတော့သည်။

"… ခဏလေး!"

ကျန်းတန်းဟယ် ရုတ်တရက် ရှောင်းကောကို တားလိုက်သည်။

ကျန်းတမ်းဟယ်က သူမကို ပြင်းပြင်းထန်ထန် ဖိချလိုက်ပြီး ထိုင်ခုံပေါ်ကို ပြင်းပြင်းထန်ထန် လဲကျသွားချိန်မှာ ရှောင်းကောရဲ့ ဖင်က ထိုင်ခုံပေါ်အားကြီးနဲ့ကျသွားလေသည်။

“အို့!”

ရှောင်းကော၏ ဦးခေါင်းတွင် နာကျင်မှုက မသက်သာသေးဘဲ ယခုအခါ သူမ၏ တင်ပါးလည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

“ရှူး၊ ရှူး”

ကျန်းတန်းဟယ်က သူအမှားကြီးလုပ်လိုက်မိကြောင်းသိပြီး ရှောင်းကောကို အသံတိုးတိုးဖြင့် ချော့လိုက်သည်။

ရှောင်းကောက သူ့ကို ဒေါသတကြီး သူ့ညာဘက်လက်ဖြင့်ရိုက်လိုက်သည်။

ထိုအချိန်တွင် ရှောင်းကောသည် သူ၏လက်ကြီးတစ်ဝိုက်တွင် ရစ်ပတ်နေသော အနက်ရောင်ဆံပင်အနည်းငယ်ကို မြင်လိုက်ရသည်။

"...ကျန်း! တန်း! ဟယ်!!"

အိပ်ပျော်နေဆဲဖြစ်သော ကျွမ်းကျွမ်းကို ထောက်ထား၍ ရှောင်းကော သည် သူမ၏ ဒေါသကို မျိုသိပ်ရန် ကြိုးစားခဲ့သည်။

ရှောင်းကောက သူမ ဒေါသမထွက်တတ်ဘူးဆိုတာ သေချာပေမယ့် ကျန်းတန်းဟယ်နဲ့ ပတ်သက်ရင် သူမက မီးရှူးမီးပန်းလိုပဲ။

အဆုံးမှာတော့ ဒေါသက လွှမ်းမိုးနေဆဲပင်။

All Chapters