← Chapters

အခန်း (၁၈၀)

Vol. 12 Ch. 180

အခန်း (၁၈၀)

Vol. 12 Ch. 180

"တောင်းပန်ပါတယ် ကိုယ်မှားသွားတယ်!"

ကျန်းတန်းဟယ်က ရှောင်းကော မပေါက်ကွဲမီ တစ်စက္ကန့်အတွင်း သူမရဲ့ပါးစပ်ကို အုပ်လိုက်သည်။ သူ့ရဲ့တောက်ပတဲ့မျက်လုံးတွေနဲ့ သူမကိုကြည့်ရင်း တောင်းပန်စကားဆိုဖို့ ကြိုးစားခဲ့သည်။

ကျန်းတန်းဟယ်၏ လုပ်ရပ်ကြောင့် လျင်မြန်စွာ ငြိမ်းသွားသောအခါ ရှောင်းကော၏ ဒေါသက အနည်းငယ်သာ ပေါက်ကွဲသွားခဲ့သည်။

အမှန်တော့ ကျန်းတန်းဟယ် သူမရဲ့ပါးစပ်ကို အုပ်လိုက်တဲ့အချိန်မှာ ရှောင်းကော ဒေါသထွက်မနေတော့ပေ။ သူ တောင်းပန်ရင်း သနားစရာကောင်းတဲ့ပုံ ပေါက်နေတာကို မြင်လိုက်ရတော့ သူမရဲ့ ဒေါသတွေပြေလျော့သွားသလို ခံစားလိုက်ရသည်။

မျက်လုံးများဖြင့် လွှတ်ဖို့ သူမက အချက်ပြခဲ့သည်။ ဒါပေမယ့် ရှောင်းကော ဒေါသထွက်နေသေးတယ်လို့ ကျန်းတမ်းဟယ်က လွဲမှားစွာတွေးလိုက်ပြီး ခဏလောက်စဉ်းစားပြီးပြောခဲ့သည်။ "ကလေး မနှိုးသွားစေနဲ့နော်"

သူ့စကားကြားပြီးနောက် ရှောင်းကော ဒေါသအရမ်းထွက်ကာ စတင် ရယ်မောခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်နေသည်။

ကျန်းတန်းဟယ်က ရှောင်းကော သူ့ကို ဒေါသထွက်နေသေးသည်ဟု လွဲမှားစွာထင်ခဲ့သည်။ သူကိုကျူးယန် မျှဝေပေးထားသော မယားစီမံခန့်ခွဲမှုစာအုပ်ပါ စည်းမျဉ်းများထဲမှ တစ်ခုကို ရုတ်တရက် သတိရသွားသည်။ "မင်း မနိုင်ရင် ပြေး!"

ပထမတော့ သူက ရယ်စရာလို့ ထင်ခဲ့သည်။ အခုတော့ အဲဒါက တကယ်ကို အဓိပ္ပါယ်ရှိလာသည်။

ထို့ကြောင့် ရှောင်းကော မြင်လိုက်ရသည့်အရာမှာ ကျန်းတန်းဟယ် လေလိုမျိုး ပြေးသွားခြင်းဖြစ်သည်။ နောက်တခဏမှာတော့ ရှောင်းကောပဲ အခန်းထဲမှာ ကျန်ခဲ့သည်။ သူမ မျက်လုံးကြီးကြီးတွေနဲ့ စိုက်ကြည့်နေရင်း လေတိုက်ခတ်လာတာကြောင့် ဒေါသတွေ တဖြည်းဖြည်း မြင့်တက်လာပြန်သည်။

ရှောင်းကော မတ်တပ်ထရပ်ပြီး တံခါးကိုပိတ်လိုက်သည်။ သူမ ဖယောင်းတိုင်မီးကို တစ်ချက်မှုတ်လိုက်ပြီး ဒေါသတကြီးဖြင့် ကုတင်ပေါ်တွင် လှဲနေလိုက်သည်။ မျက်နှာကျက်ကို စိုက်ကြည့်ရင်း တွေးနေခဲ့သည်။ "ကျန်းတန်းဟယ်၊ ရှင် တက်နိုင်ရင် ပြန်မလာနဲ့"

ညသန်းခေါင်မှာ အိပ်ပျော်နေတဲ့ ရှောင်းကောတစ်ယောက် တံခါးဖွင့်သံကြားလိုက်ရသည်။ မကြာသေးမီကပင် သူမအိပ်ယာပေါ်မှာ လူးလှိမ့်နေခဲ့တာ။ အသံကြားတော့ ချက်ချင်းလှည့်လိုက်ပြီး အေးခဲသွားခဲ့သည်။

ကျန်းတန်းဟယ် ကုတင်အနီးသို့ ခိုးကြောင်းခိုးဝှက် ဝင်လာပြီး လရောင်၏ အကူအညီဖြင့် လူနှစ်ယောက်ကို ကြည့်လိုက်သည်။ ကျွမ်းကျွမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ရှောင်းကောလည်း အိပ်ပျော်နေပုံရသည်။ ကျန်းတန်းဟယ် သက်ပြင်းချလိုက်သည်။ ဖိနပ်ကို ညင်သာစွာ ချွတ်ကာ အိပ်ရာဝင်လိုက်သည်။ သူက ကျွမ်းကျွမ်း နံဘေးမှာ အိပ်ပြီး ရှောင်းကောရဲ့ နောက်ကျောကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ အကယ်၍ သူသာ ကျွမ်းကျွမ်းကို အတွင်းဘက်သို့သာပြောင်းနိုင်ရင် ရှောင်းကောကို သူ့ကို မှီခိုင်းထားလို့ရနိုင်သည်။

ဟုတ်ပါတယ်၊ ဒါက အတွေးသက်သက်ပါ။ သူနဲ့ အလွန်နီးကပ်သော နောက်ကျောမြင်ကွင်းကို ကြည့်လိုက်ပြီး ကျန်းတန်းဟယ် လက်လှမ်းမမီဘဲ သေလုမျောပါး ဖြစ်နေသည်။

ရှောင်းကောက ကျန်းတန်းဟယ်ရဲ့ လှုပ်ရှားမှုများကို နားထောင်နေပြီး ပြုံးနေခဲ့သည်။ သူမ သူ့ကိုစောင့်နေတာကြောင့် တံခါးကို တမင်တကာဖွင့်ထားခဲ့တာ။

ကောင်းကင်မှာ လက ပိုမြင့်လာတာနဲ့အမျှ ရှောင်းကော နဲ့ ကျန်းတန်းဟယ်တို့ မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်သွားကြသည်။

သူတို့ သုံးယောက် အတူတူ အိပ်တာ ဒါ ပထမဆုံးအကြိမ်ပါ။ ရှောင်းကောက သူမ ကောင်းကောင်း အိပ်ပျော်မှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ မထင်မှတ်ပဲ သူမ အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။

နောက်တစ်နေ့မနက်တွင် ရှောင်းကော အိပ်ရာက နောက်ကျခဲ့သည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွမ်းကျွမ်းက အဝတ်စား ဝတ်ပြီးနေပြီဖြစ်သည်။ ကျန်းတန်းဟယ်က မနက်စာ စားပွဲကို ယူလာပေမယ့် အခန်းထဲမှာ သူ့ရဲ့ ဘာလက္ခဏာမှ မတွေ့ရပေ။

“အမေ ဒီနေ့ နည်းနည်းနောက်ကျတယ်…”

ကျွမ်းကျွမ်းရဲ့မျက်နှာပေါ်မှာ လှောင်ပြုံးတစ်ခုရှိသည်။ ရှောင်းကော နောက်ကျမှ နိုးလာတာကို တွေ့ရခဲသည်။ ဒါက သူ့အတွက် အသစ်အဆန်းပင်။

ဤအခိုက်တွင် ကျွမ်းကျွမ်း အနည်းငယ် ချစ်စရာကောင်းနေပုံရသော်လည်း သူ့မျက်လုံးထောင့်တွေမှာ မျက်ချေးတွေရှိနေသည်။

သူမက ပုံမှန်အဝတ်အစားများဖြင့် အိပ်တာကြောင့် ရှောင်းကော မှာ အဝတ်စား လဲရန် မလိုအပ်ပေ။ သူမသည် ပစ္စည်းများကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး အိပ်ရာမှထလိုက်သည်။ ရှောင်းကောသည် ကျွမ်းကျွမ်း၏ စကားကြောင့် မထိခိုက်ခဲ့ပေ။ သူမသည် ကျွမ်းကျွမ်း၏ မျက်လုံးထောင့်တွေကိုသာ ပွတ်ပေးလိုက်သည်။ "မျက်လုံးတွေကို အရင်သုတ်လိုက်ဦး လူချောလေး"

ထိုစကားကို ပြောပြီးနောက် သူမရဲ့ မျက်လုံးတွေကိုလည်း သုတ်လိုက်သည်။ ကျွမ်းကျွမ်းက အော်ဟစ်ပြီး စောင်ထဲခုန်ဝင်ပြီး မျက်နှာကို ပွတ်ခဲ့သည်။ "ဒါက အရမ်းရှက်စရာကောင်းလိုက်တာ!"

ရှောင်းကောက ပြုံးပြီး ကျွမ်းကျွမ်း၏ အမူအရာများကို စောင့်ကြည့်ရန် ကုတင်ဘေးတွင် ရပ်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ကျန်းတန်းဟယ်က ကျွမ်းကျွမ်း၏ အသံကိုကြားသောအခါ လှေကားပေါ်မှတက်လာခဲ့သည်။ တစ်ခုခုဖြစ်နေတယ်လို့ သူထင်လိုက်တာကြောင့် အခန်းထဲသို့ အမြန်ဝင်လာသည်။ ရှောင်းကော နိုးလာသည်ကို သူမြင်သောအခါ စိတ်သက်သာရာရသွားသည်။ ရှောင်းကော အနားမှာရှိရင် ကျွမ်းကျွမ်းက ဘေးကင်းတဲ့လက်ထဲမှာ ရှိနေသင့်သည်။

"သခင်လေးက သူ့မျက်နှာပေါ်က မျက်ချေးတွေကြောင့် ခပ်မိုက်မိုက်ပုံစံလုပ်တာ ကျရှုံးသွားလို့လေ "

ရှောင်းကောက တိုတိုတုတ်တုတ် ရှင်းပြခဲ့သည်။ ကျွမ်းကျွမ်းစောင်အောက်တွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေပြီး ခေါင်းထွက်မကြည့်ရဲပေ။

ကျန်းတန်းဟယ်က ချစ်တတ်တဲ့ဖခင်တစ်ဦးအဖြစ်တာဝန်ယူကာ ကျွမ်းကျွမ်းကို မျက်နှာသစ်ပေးပြီး စားသောက်ဖို့ ချော့ခဲ့သည်။

ရှောင်းကော သူမ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်ကိုလုပ်ခဲ့သည်။ ကုတင်ဘေးမှာ ရှုပ်ယှက်ခတ်နေတာကို ဂရုမစိုက်ဘဲ မျက်နှာကို သစ်ပြီး သုတ်လိုက်သည်။ ကျန်းတန်းဟယ်က ဒီကိစ္စကို ပြေလည်အောင် မဖြေရှင်းနိုင်ဘူးဆိုတာကို သူမ မြင်တော့ ယာဂုတစ်ပန်းကန်နဲ့ ဝက်သားပေါက်စီတစ်လုံးကို အိပ်ယာပေါ်တင်ပြီး သူ့ကို ပေးလိုက်သည်။

ကျန်းတန်းဟယ်က ရှောင်းကော ၏အရိပ်အမြွက်ကို ဖမ်းမိပြီး ခေါင်းညိတ်လိုက်သည်။ သူကပေါက်စီကိုဖွင့်ပြီး ကျွမ်းကျွမ်းဆီသို့ ရွှေ့လိုက်သည်။

ပေါက်စီကို အိုးထဲက ထုတ်ထားတာ။ ဖွင့်ကြည့်လိုက်တော့ အငွေ့နဲ့ အဆီအနှစ်တွေ ချက်ချင်း ထွက်လာသည်။ စက္ကန့်ပိုင်းအတွင်း ပျော့ပျောင်းသော ပေါက်စီဆီမှ ရွှေရောင်အဆာပလာတွေ ထွက်ပေါ်လာသည်။

ကျွမ်းကျွမ်း ရုတ်တရက် စောင်အောက်ကနေ လှုပ်ရှားနေတာကို ရပ်လိုက်ပြီး ကျန်းတန်းဟယ် သူ့ရဲ့ ကျယ်လောင်စွာ ရှူရှိုက်သံကို ကြားနိုင်သည်။ ကျန်းတန်းဟယ် သည် ကောင်လေးကို သွေးဆောင်ရန် ယာဂုယူလာစဉ် ရှောင်းကောကို တစ်ချက်ကြည့်လိုက်သည်။

ကျန်းတမ်းဟယ်ရဲ့အသံထွက်ပြောလိုက်သည်။ "ဒီမွှေးကြိုင်တဲ့ဂျုံယာဂုထဲမှာ တရုတ်ဇီးချိုသီးတွေထည့်ထားတယ်။ အနံ့က အရမ်းကောင်းတယ် မလား ရှောင်းကော"

“ဟုတ်တယ်။ အသီးအရွက်ချဉ်နဲ့ အသားပေါက်စီနဲ့ဂျုံယာဂုတစ်လုတ်နဲ့ ”

ရှောင်းကောက ကျန်းတန်းဟယ်၏ စကားကို ဆက်ပြောခဲ့သည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။ လုံလောက်တဲ့ ငါးစာတွေကို ပစ်ချခဲ့ကြသည်။ သူတို့လုပ်ရမှာက ငါးသေးသေးလေး ကမ်းပေါ်ရောက်လာတာကို စောင့်နေတာ။

သူတို့ စားပွဲမှာ ပြန်ထိုင်ပြီး ကျွမ်းကျွမ်း သူတို့နဲ့ ပူးပေါင်းမှာကို စောင့်နေသည်။

"စားရအောင်"

ရှောင်းကောက ယာဂုကို ကျန်းတန်းဟယ်ဆီ ပေးလိုက်ပြီး ကျွမ်းကျွမ်းအတွက် စိတ်မပူဖို့ ပြောခဲ့သည်။ သူဒီမှာ ခဏနေရင်ရောက်လာလိမ့်မယ်။ သူမ ပြောပြီးတာနဲ့ ကောင်လေးက အိပ်ရာကထလာပြီး ဖိနပ်စီးကာ အသံကျယ်ကြီးနဲ့ လျှောက်လာခဲ့သည်။

ရှောင်းကောက အအေးခံထားတဲ့ ယာဂုပန်းကန်ကို သူမဘေးရှိ ထိုင်ခုံအလွတ်တွင် ချပေးလိုက်သည်။ ကျန်းတန်းဟယ် ကျွမ်းကျွမ်းကို လှည့်ကြည့်လိုက်တော့ ရှောင်းကောက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။ အကယ်၍ သူ အခု လှည့်ကြည့်လိုက်ရင် ကျွမ်းကျွမ်း လာဖို့ အလွန်ရှက်နေမည်မှာ သေချာသည်။ အခု ခြေဆောင့်ပြီးနင်းနေတဲ့ အသံက သူတို့နှစ်ယောက်ကို သူ လာနေပြီဆိုတာ သတိပေးနေတာ။

ကျွမ်းကျွမ်းက အရေထူပြီး သူစိမ်းများကို မကြောက်သော်လည်း ၎င်းသည် အပြင်လူများရှေ့တွင် သူ့အပြုအမူဖြစ်သည်။ မိသားစုနဲ့ အတူရှိရင်တော့ သူ အတော်လေး ရှက်တတ်ပါသေးသည်။

ကျွမ်းကျွမ်းက သူတို့နှစ်ယောက် သူ့ကို လှည့်မကြည့်တာတွေ့လိုက်ရတော့ ပိုပြီးပျော်သွားသည်။ ဘေးနားက ခုံအလွတ်ကို ယူပြီး ဂျုံယာဂုကို ပါးစပ်သေးသေးလေးနဲ့ စားလိုက်သည်။ သူ့မျက်လုံးတွေက သူတို့နှစ်ယောက်ကို ကြည့်နေတုန်းပင်။

ရှောင်းကောက ပေါက်စီကို စက္ကူခွာပေးပြီး ကျွမ်းကျွမ်းကို ပေးလိုက်သည်။ ကျန်းတန်းဟယ်က အသီးအရွက်ချဥ်တွေကို ကောက်ယူပြီး သူ့ပန်းကန်ထဲ ထည့်ပေးခဲ့သည်။

နှစ်ယောက်စလုံးက သူ့မျက်နှာကို တမင်တကာ မကြည့်ဘဲ ရှောင်နေကြသည်။

ကျွမ်းကျွမ်းက ပေါက်စီကို ဖြည်းညှင်းစွာစားကာ တိတ်တဆိတ် ရယ်မောလိုက်သည်။ မတော်တဆ သူ အသံထွက် ရယ်လိုက်မိသည်။ “ဟီးဟီး…”

ကျန်းတန်းဟယ်က သူ့ကိုပုခုံးတွန့်ပြနေတဲ့ ရှောင်းကောကို ကြည့်လိုက်သည်။ “တွေ့လား။ အဆင်ပြေပါတယ်လို့”

“ဟီးဟီးဟီးဟီးဟီးဟီး......…”

ကျွမ်းကျွမ်း၏ရယ်သံက ပို၍ကျယ်လာပြီး ရှောင်းကော နဲ့ ကျန်းတန်းဟယ်တို့ကိုလည်း သူနဲ့အတူ ရယ်မောသွားစေသည်။

–

"သခင်မ၊ ကျုပ်တို့ ခရီးထွက်သင့်ပြီ "

တရားသူကြီး လျိုက တံခါးဝတွင် ပေါ်လာသော်လည်း ဝင်မလာပေ။ အခန်းအပြင်ဘက်မှာ ရပ်နေရင်း ရှောင်းကောကို သတိပေးခဲ့သည်။

ရှောင်းကော ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ ကျွန်မတို့ အခုထွက်လာတော့မယ်။"

အဲဒါနဲ့ တရားသူကြီး လျို ထွက်သွားသည်။ ရှောင်းကောက သူမ၏ အိတ်ကိုထုပ်ပိုးပြီး ကျန်းတန်းဟယ်ရဲ့ အိတ်ကိုကိုင်ထားတဲ့ ကျွမ်းကျွမ်းကို မေးလိုက်သည်။ "သားရဲ့ အဖေဘယ်မှာလဲ"

"သားမသိဘူး " ကျွမ်းကျွမ်း ခေါင်းခါလိုက်သည်။ "ထမင်းစားပြီးတာနဲ့ သားကိုအိတ်ပေးထားပြီး အပြင်ထွက်သွားတာ "

"...…သွားကြရအောင်" ရှောင်းကောက ခေါင်းတညိတ်ညိတ်နဲ့ သူမ ဘာမှမမေ့ကျန်ခဲ့ဘူးဆိုတာကို စစ်ဆေးဖို့ အိမ်ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထို့နောက် ကျန်းတန်းဟယ်ကိုစောင့်ရန် ကျွမ်းကျွမ်းကို အပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။

ရှောင်းကောသည် အခြေအနေကို တရားသူကြီး လျို အား ဦးစွာရှင်းပြခဲ့သည်။ ထိုစကားကိုကြားတော့ သူက စောင့်ဆိုင်းရန် လူတိုင်းကို ချက်ချင်း ညွှန်ကြားခဲ့သည်။ ထို့နောက် ရှောင်းကောအား ပြုံးပြပြီး ကျန်းတန်းဟယ် ပြန်လာချိန်မှ ထွက်ခွာမည်ဟု ပြောခဲ့သည်။

"… ကျေးဇူးတင်ပါတယ်"

ရှောင်းကော ပြုံးလိုက်မိသည်။ ဒါက ဘယ်သူ့ကိုမှ နောက်ကျဖို့ ခွင့်မပြုတဲ့ တရားသူကြီး လျို မလား။ သူ့ကို ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောပြီးနောက်၊ သူမသည် ကျွမ်းကျွမ်းကို ရထားလုံးပေါ်သို့ ခေါ်သွားခဲ့သည်။ သူမက အိတ်တွေကို ထမ်းကာ သယ်လာသည်။ ထို့နောက် ကျန်းတန်းဟယ်ကို စောင့်ရန် ရထားလုံးအပြင်ဘက်တွင် ရပ်နေလိုက်သည်။

သိပ်မကြာခင်မှာပဲ ကျန်းတန်းဟယ် ပြန်ရောက်လာသည်။ အဝေးမှ အပြာရောင်ဝတ်ရုံနှင့် ပန်းပွင့်အဆင် အနီရောင်အိတ်ကို ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးကို သူမ မြင်လိုက်ရသည်။

"ရှင် ဘယ်သွားနေတာလဲ"

ရှောင်းကောက ပြုံးလျက် သူမဆီသို့ လျှောက်လာနေသော ကျန်းတန်းဟယ်ကို ကြည့်နေသည်။

ကျန်းတန်းဟယ် ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်းသာသွားသည်။ 'နောက်ဆုံးတော့ သူမ ငါ့အကြောင်းကိုမေးနေပြီ!'

"ဒါဝယ်လာတာ။" ကျန်းတန်းဟယ်က လက်ထဲမှာကိုင်ထားတဲ့ အိတ်ကို ရှောင်းကော အား ပြလိုက်သည်။ အထဲမှာ ဘာတွေရှိလဲဆိုတာ မမြင်နိုင်တော့ သူမ သူ့ကိုမေးတော့မည်။

နောက်တခဏမှာ ကျန်းတမ်းဟယ်က အိတ်ကို ရထားလုံးထဲ ထည့်လိုက်ပြီး ရှောင်းကောကိုလည်း ရထားလုံးပေါ်ကို တင်ပေးခဲ့သည်။

ရှောင်းကော လန့်သွားပြီး ကျန်းတမ်းဟယ်ကို လက်သီးနဲ့ထိုးလိုက်သည်။

ကျန်းတန်းဟယ်က သူမ၏ အားပျော့တဲ့ လက်သီးတွေကို အလေးအနက်မထားဘဲ ရထားလုံးပေါ်တင်ပေးခဲ့သည်။ ရှောင်းကောက ပန်းပွင့်အဆင်အိတ်ကို ကောက်ယူပြီး ဖွင့်လိုက်သည်။ ရယ်ရမလား ငိုရမှန်းမသိတော့ပေ။ "ဒီတော့ ရှင် ဒါသွားဝယ်တာပေါ့"

All Chapters