← Chapters

အခန်း (၁၈၇)

Vol. 13 Ch. 187

အခန်း (၁၈၇)

Vol. 13 Ch. 187

“အမ် ဟမ်း”

ရှောင်းကော အခိုင်အမာ ခေါင်းညိတ်ပြခဲ့သည်။

ချင်းအန့်မင် မယုံကြည်နိုင်စွာ ခေါင်းခါလိုက်သည်။ “မဖြစ်နိုင်ဘူး၊ သူ ဘယ်လိုလုပ် မရူးနိုင်မှာလဲ ”

"တကယ်ပြောတာ!" ချင်းအန့်မင် သူမကို မယုံသေးတာကိုမြင်တော့ ရှောင်းကော အိပ်ယာပေါ် ထိုင်ချလိုက်သည်။ “အခုလေးတင် ညီမပြန်ရောက်တော့ ညီမအိမ်ရှေ့မှာ သူ ဆောင့်ကြောင့်လေးထိုင်နေတာ တွေ့လာတာ။ ညီမ သူ့ကို ခေါ်လိုက်တော့ သူက ထောင့်တစ်နေရာမှာ ပုန်းနေတယ်။ ညီမ သူ့ဆီ လှမ်းသွားတော့ သူ ထွက်ပြေးသွားတော့တာပဲ။”

ရှောင်းကော၏ စကားကို ကြားသောအခါ ချင်းအန့်မင် ပါးစပ်ဟသွားသည်။ လီကျောက်ဒီ ထွက်ပြေးသွားတယ်။ အဲဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ရှောင်းကောကို သူမမြင်ပြီး ဒီလိုအံ့သြစရာကိစ္စတွေ ဘယ်လိုဖြစ်လာနိုင်တာလဲ။

သူ မယုံနိုင်လောက်အောင်ပါပဲ။ လီကျောက်ဒီ၏ အပြုအမူကို လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ မြင်တွေ့ခဲ့ရသည်။ သာမာန်လူတစ်ယောက် ထိုအရာများကို ဘယ်လိုလုပ်ဆောင်နိုင်မှာလဲ။

လီကျောက်ဒီက မလှပသော်လည်း သူမ၏ ရုပ်ရည်ကို အလွန်အလေးထားသည့် အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပင်။ ရူးနေသလိုလုပ်ဖို့ သူမမျက်နှာကို မစင်တွေ၊ သေးတွေနဲ့ လိမ်းကျံထားမယ်ဆိုတာကို သူတကယ် မယုံနိုင်ခဲ့ပါဘူး။

ဒါပေမယ့် ရှောင်းကောကတော့ လီကျောက်ဒီ ဟန်ဆောင်နေတယ်ဆိုတာ သေချာသည်။ ချင်းအန့်မင် တုံ့ဆိုင်းသွားပြန်သည်။ ရှောင်းကောမှာ စူးရှသော မျက်လုံးများ ရှိသည် ဒါပေမယ့်လည်း....

"သူမဘာလို့ ဒီလိုလုပ်ရတာလဲ"

ရှောင်းကော ပြောတာကို ချင်းအန့်မင် ယုံလိုက်ပြီပဲထားပါတော့ ဒါပေမယ့် လီကျောက်ဒီ ဘာကြောင့် ရူးချင်ယောင်ဆောင်နေလဲဆိုတာ သူ မသိပေ။

ရှောင်းကော ချင်းအန့်မင် ကို ပြုံးပြလိုက်သည်။ “သေချာတာကတော့ သူ အိုးမဲ့အိမ်မဲ့ မဖြစ်ချင်တာကြောင့်ပဲ”

"ဘာလို့အဲ့လိုပြောတာလဲ"

ချင်းအန့်မင် နားမလည်သေးပေ။ အခုသူမမှာ နေစရာနေရာမရှိဘူးလား။

ရှောင်းကော ကြက်သေသေသွားသည်။ လီတဟိုင်အိမ်ရောင်းလိုက်တာကို သူ မသိပုံရသည်။

သူမသည် လီတဟိုင် လုပ်ဆောင်ခဲ့တဲ့ဟာတွေအကြောင်း ချင်းအန့်မင်အား အတိုချုံးရှင်းပြခဲ့သည်။ ချင်းအန့်မင် ဆွံ့အသွားခဲ့သည်။ ထိုလူသည် ဤမျှလောက် ဆိုးသွမ်းသည်ကို သူ မသိပေ။

"...အခု နားလည်ပြီလား" ရှောင်းကော အာခြောက်သွားသည် ။ သူမ ရေတစ်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူမ ပြောလိုက်သည်။ "ဒါကြောင့်မို့ လီကျောက်ဒီက လူတိုင်းရဲ့စာနာမှုကိုရဖို့ ရူးနေသလိုလုပ်ခဲ့တာ။ ဒီလိုအခြေအနေမျိုးမှာ ရွာလူကြီးက သူမရဲ့အိမ်ကို ဘယ်လိုလုပ်ပြန်သိမ်းပြီး အိုးမဲ့အိမ်မဲ့ဖြစ်အောင်လုပ်မှာလဲ"

ချင်းအန့်မင် ပါးစပ်ပိတ်ပြီး ခေါင်းညိတ်လိုက်သည်။ ဒါက တုန်လှုပ်စရာပဲ။ လီတဟိုင်က အမှန်တကယ်ပင် အရှက်မရှိသူဖြစ်သည်။ ဆန်ကုန်မြေလေးကောင်။

ဒါပေမယ့် ထိုသို့ဖြစ်လာတော့ လီကျောက်ဒီ ရူးချင်ယောင်ဆောင်မှ ရွာက သူမရဲ့အိမ်ကို ပြန်မယူကြမှာ။ ဒါနဲ့ သူမနဲ့တွေ့ဆုံလာတဲ့ ယောက်ျားကို နှောင့်ယှက်တဲ့အပိုင်းက သူမရဲ့ အရူး လုပ်ရပ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

ချင်းအန့်မင် နားမလည်နိုင်သောကြောင့် သူ့မေးခွန်းကို ရှောင်းကောကို မေးခဲ့သည်။

မေးခွန်းမေးလိုက်သည်နှင့် ရှောင်းကော တုံ့ဆိုင်းသွားသည်။ သူမသည် သူမကို ရူးနေသည်ဟု လူအများထင်စေရန် ယောက်ျားများကို ရိုက်နှက်ခဲ့လျှင် သူမ ဘာကြောင့် လက်မထပ်ရသေးတဲ့ ယောက်ျားတွေကိုပဲ မရပ်မနားနှောက်ယှက်နေရတာလဲ။

ရှောင်းကော တစ်ခုခုကို တွေးနေပေမယ့် သူမကတော့ အဲဒါကို သိပ်မသေချာပေ။ ချင်းအန့်မင်ကို အဲ့ အကြောင်းမပြောပြမီ သူမ မှန်ကန်ကြောင်းသေချာအောင် လုပ်ရမည်ဖြစ်သည်။ လီကျောက်ဒီ၏ နောက်ဆုံးပန်းတိုင်ကို မကြာမီ ထုတ်ဖော်ပြသသင့်သည်။

"အစ်ကို၊ လောလောဆယ် တစ်ယောက်တည်း အပြင်မထွက်နဲ့"

ရှောင်းကော တွေးတောပြီး ချင်းအန့်မင်ကို ပြောလိုက်သည်။

"ဘာလို့လဲ လီကျောက်ဒီက ရူးချင်ယောင်ဆောင်နေတာမဟုတ်ဘူးလား"

ရှောင်းကော ပြောတာကို ချင်းအန့်မင်နားမလည်ပေ။ သူမ ရူးချင်ယောင်ဆောင်နေသောကြောင့် အရာအားလုံး အဆင်ပြေသင့်သည်။

“ဘာဖြစ်လို့လဲဆိုတာကို...… ရက်ပိုင်းအတွင်း ပြောပြမယ်”

ရှောင်းကောက သူ့ကို ဘယ်လိုပြောရမလဲ မသိပေ။ သူ့ကို ထပ်ကြောက်သွားအောင်လုပ်မိမှာကို စိတ်ပူနေမိသည်။ သူမ၏ ကနဦး ခန့်မှန်းချက်အရ လီကျောက်ဒီ၏ ပစ်မှတ်မှာ ချင်းအန့်မင် ဖြစ်သည်။

ဒါပေမယ့် ရှောင်းကော ချင်းအန့်မင်ကို မပြောနိုင်ပေ။ လီကျောက်ဒီ အပေါ် သူ၏မုန်းတီးမှုက ဖော်ပြ၍မရပေ။ သူမရဲ့နာမည်ကို ကြားလိုက်တိုင်း သူ လုံးဝ ဒေါသထွက်နေပုံရသည်။ လီကျောက်ဒီက သူ့ကို မျက်စိကျနေတာကိုသာ သိသွားရင် သူ ချက်ချင်း မူးလဲသွားနိုင်သည်။

"မင်းက သိပ်လျှို့ဝှက်ဆန်းကြယ်တာပဲ။"

ချင်းအန့်မင် လျှို့ဝှက်စွာ လုပ်ဆောင်နေသော ရှောင်းကော ကို တစ်ချက်ကြည့်လိုက်သည်။ ဒါပေမယ့် သူ့အိမ်မှာနေတာပဲ ကောင်းပါသည်။ မည်သို့ပင်ဆိုစေကာမူ သူ နောက်ရက်အနည်းငယ်ကြာအောင် အိမ်မှ ထွက်လို့ရနိုင်မည်မဟုတ်ပေ။

သူ့မှာ ကန့်ကွက်စရာမရှိတာကို မြင်လိုက်ရတော့ ရှောင်းကော ထထွက်သွားခဲ့သည်။ ဒါပေမယ့် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမ ရုတ်တရက် ရပ်လိုက်ပြီး ချင်းအန့်မင်ကို မဝံ့မရဲ ပြန်ကြည့်မိသည်။ "အစ်ကို၊ အစ်ကို နှလုံးအားနည်းနေတာလား"

“????”

ချင်းအန့်မင် အံ့ဩသွားသည်။ သူမ ဘာအကြောင်းပြောနေတာလဲ။ ဘာလို့သူ့နှလုံးအကြောင်းပြောလာတာလဲ။

"အစ်ကို့ကို တစ်ခုလောက်ပြောချင်တယ်"

ရှောင်းကော ကျန်းတန်းဟယ်ကို တွေးနေမိသည်။ သူ့အစ်ကိုကို အခု မပြောပြလိုက်ရရင် နောက်မှ မေ့သွားလိမ့်မည်။

မကြာသေးမီက သူမ မေ့မေ့ပျောက်ပျောက်ဖြစ်နေကြောင်း သူမ သိလိုက်သောကြောင့် သူမစိတ်ထဲတွင် တစ်ခုခုရှိနေသည်နှင့် သူမ စိတ်မလွတ်သွားမီ မြန်မြန်လုပ်ရမည်ဟု သူမ သိလိုက်ရသည်။

"ဆက်ပြော"

ချင်းအန့်မင် ရေတစ်ငုံသောက်ပြီး ရှောင်းကောကို ကြည့်လိုက်သည်။ သူ တုန်တုန်ယင်ယင်နဲ့ သူ့နောက်ကျောကိုမတ်လိုက်သည်။ "ကြီးကြီးမားမား တစ်ခုခုဖြစ်ခဲ့လို့လား..."

ရှောင်းကော အိပ်ယာပေါ် ဖြည်းညှင်းစွာ လျှောက်လာပြီး ထိုင်လိုက်သည်။ ချင်းအန့်မင်က သူမကို ရူးသွပ်တယ်လို့ မထင်မိအောင် ဘယ်လိုရှင်းပြရမလဲဆိုတာကို သူမတွေးနေခဲ့သည်။

"အဲဒါက... ညီမတို့ မြို့တော်ကို သွားတုန်းက....ကျန်းတန်းဟယ်ကို တွေ့ခဲ့တယ်....."

ရှောင်းကော ပြောလိုက်ပြီး သူမက ချင်းအန့်မင်၏ တုံ့ပြန်မှုကို အနီးကပ်စောင့်ကြည့်ခဲ့သည်။ သူ့ကို ခြောက်လန့်သွားမိမှာကို စိတ်ပူနေမိသည်။

“အင်း၊ အင်း ” ရှောင်းကော၏ စကားကိုကြားတော့ ချင်းအန့်မင်က နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။ ရှောင်းကော နဲ့ ကျွမ်းကျွမ်း ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဒီအကြောင်းကို သူတွေးနေခဲ့သည်။ "နင် ပြောချင်တာက ကျန်းတန်းဟယ်ရဲ့အထိမ်းအမှတ် ကျောက်စာတိုင်ကိုပြောတာ ဟုတ်တယ်မလား။ နင် ထွက်သွားတာ သိပ်မကြာဘူးလို့ ငါထင်တယ်။ အဲ့တုန်းက ငါ နင်တို့ အကြောင်းကြားချင်ခဲ့တာ ဒါပေမယ့်..."

"အစ်ကို၊ အစ်ကို၊ ရပ်လိုက်တော့!"

ချင်းအန့်မင် အကြောင်းအရာနှင့် ဝေးကွာသွားတာကို ရှောင်ကော နားထောင်ခဲ့သည်။ သူဆက်ပြောလာသည်နှင့်အမျှ သူမ ပို၍ ပဟေဋိဖြစ်သွားသည်။ သူ့စိတ်ကူးတွေကို လက်လွတ်မခံရအောင် သူ့ကို တိုက်ရိုက်ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ယောက်ျားတစ်ယောက်၏ စိတ်နှလုံးက ဒီလောက်အားနည်းနိုင်သည်ဟု သူမ မယုံခဲ့ပေ။

"အစ်ကို ကျန်းတန်းဟယ်က အခုထိ မြို့တော်မှာ ရှိနေသေးတယ်"

“...…”

"အစ်ကို"

ရှောင်းကောက ချင်းအန့်မင် သူမရဲ့ စကားများကို မတုံ့ပြန်နေတော့ သူ့ကို ပွတ်သပ်လိုက်သည်။ သူမ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ နှလုံးခုန်ရပ်သွားပြီလား?

"တကယ်ပြောနေတာလား"

ခိင်းအန့်မင် နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။ နောက်အခိုက်အတန့်မှာတော့ သူ လုံး၀ ဝမ်းသာသွားသည်။ သူ့အမူအရာနှင့် လေသံက ကျန်းတန်းဟယ်က သူ့ရဲ့ယောကျ်ားလိုလိုနဲ့။

ရှောင်းကော လက်ခုပ်တီးကာ အားပေးနေသော ချင်းအန့်မင်ကို ကြည့်လိုက်သည်။ သူမ ဘာအတွက်မှ မစိုးရိမ်တော့ပေ။ ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့ ပြန်လည်ဆုံဆည်းစဉ်အတွင်း သူမျှော်လင့်ထားသည့် ဤကဲ့သို့သော တုံ့ပြန်မှုကို ကျန်းတန်းဟယ် မြင်ရင် ဝမ်းသာလိမ့်မည်။

“..… ဒီလောက်ဆို တော်တော်လေး လုံလောက်ပြီလို့ထင်တယ်…”

ဝမ်းသာလွန်းလို့ မတ်တပ်ထရပ်တော့မည့် ချင်းအန့်မင်ကို ရှောင်းကော ကြည့်လိုက်သည်။ ဒါက နည်းနည်း လွန်သွားပြီ။ ကျန်းတန်းဟယ်ရဲ့ဇနီးဖြစ်တဲ့ သူမတောင် ချင်းအန့်မင် လောက် စိတ်လှုပ်ရှားခြင်းမရှိပေ။

" ရှောင်းကော နင် နားမလည်ပါဘူး။ နင့်အတွက် ငါပျော်တယ်၊ ကျွမ်းကျွမ်းအတွက် ငါပျော်တယ်၊ နင်တို့မိသားစုအတွက် ငါပျော်တယ်။"

ချင်းအန့်မင် စိတ်လှုပ်ရှားလွန်းလို့ ချောင်းဆိုးလာသည်။ သူ ရုတ်တရက် နည်းနည်းလေး ချူချာနေပုံရပြီး သူ့မျက်နှာပေါ်တွင် နှင်းဆီရောင်သန်းနေသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ အစ်ကို…”

ရှောင်းကော အမြန် ထရပ်လိုက်ပြီး သူ့ကို ငြိမ်သက်စေခဲ့သည်။

"အဟမ်း၊ ရှောင်းကော " ချင်းအန့်မင် ရှောင်းကော၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို ထိုင်ခိုင်းလိုက်သည်။ "နင် သိမှာမဟုတ်ဘူး၊ အဲဒီနေ့က လီကျောက်ဒီ ငါ့ကို မြစ်ထဲဆွဲချတုန်းက ငါ နင့် အကြောင်းပဲ တွေးနေတာ။ ငါသေသွားရင် နင်တစ်ယောက်တည်း ဘယ်လိုနေမလဲ၊ နင်တကယ်ပဲ မုဆိုးမ မိဘမဲ့တစ်ယောက်လို တစ်ယောက်တည်းနေရမှာကို ငါစိုးရိမ်ပြီး ကြောက်နေခဲ့တာ။ ငါက အရည်အချင်းမရှိပေမယ့် အနည်းဆုံးတော့ နင့်အနားမှာ နေနေတော့ နင်တစ်ယောက်တည်းဖြစ်နေမှာ မဟုတ်ဘူး။ နင် ငါ့ပတ်ဝန်းကျင်မှာဆို ဘယ်သူဆီကမှ အနိုင်ကျင့်ခံရမှာမဟုတ်ဘူး။ ငါသေသွားတဲ့အခါ ငါတို့မိဘတွေနဲ့တွေ့တဲ့အခါမှာ ငါ လိပ်ပြာလုံမှာ ”

"အစ်ကို...ဘာတွေပြောနေတာလဲ!"

ရှောင်းကော ထိုစကားကိုကြားသောအခါ ငိုစပြုလာသည်။ သူမ မကူညီနိုင်ဘဲ သူ့ကို ကြားဖြတ်နှောင့်ယှက်ခဲ့သည်။ "အစ်ကို ဘာလို့ ဒီလိုမင်္ဂလာမရှိတဲ့ စကားတွေပြောနေတာလဲ၊ အစ်ကို နေကောင်းပြီး အသက်ရှင်နေတာကို။ ဘာလို့ဒါတွေလာပြောနေတာလဲ"

သူ သူမရဲ့မျက်ရည်တွေကို သုတ်ပေးရင်း ချင်းအန့်မင်ရဲ့ နှလုံးသား နာကျင်သွားသည်။ "ရှောင်းကော၊ မငိုနဲ့၊ ငါက တကယ်လို့ဖြစ်လာခဲ့ရင် ပြောတာပါ..."

"တကယ်လို့ဆိုတာ မရှိဘူး!"

ရှောင်းကော သူ့ကို ဆက်ပြောခွင့်မပေးပေ။ သူမရဲ့မျက်ရည်တွေကို သုတ်ရင်း သူ့လက်ကို ဖယ်ချလိုက်ပြီး သူ့ဆီကနေ လှည့်ထွက်သွားလိုက်သည်။

"ဟုတ်ပြီ၊ ဟုတ်ပြီ ငါပြောနေတာကို ရပ်လိုက်မယ်။ ငါအသက်တစ်ရာပြည့်အောင်နေရမှာ "

ရှောင်းကော ငိုနေတာကိုမြင်တော့ ချင်းအန့်မင် မခံနိုင်ပေ။ ဒီစကားတွေက သူ့လျှာဖျားမှာ ရှိနေပြီး အားလုံးကို လွှတ်ထားလိုက်သည်။

ရိုးရိုးသားသားပြောရရင် သူနောက်ဆုံးအကြိမ် ရေထဲပြုတ်ကျပြီးနောက်မှာ သူတကယ်ကို ကြောက်သွားခဲ့တာ။ ထိုအချိန်တွင် သူသည် အကြောင်းအရာများစွာကို တွေးတောနေခဲ့သည်။ ရှောင်းကောကို ကောင်းကောင်း ဂရုမစိုက်မိခဲ့တာကို သူ နောင်တရမိသည်။ သေခြင်းမှလွတ်မြောက်ပြီးနောက် သူသည် သူမနှင့် စကားကောင်းကောင်းပြောချင်ပြီး သူမ၏ အနာဂတ်အတွက် လမ်းခင်းရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ ဒါမှ မတော်တဆမှုတစ်ခု တကယ်ဖြစ်လာခဲ့ရင်တောင် သူ ငြိမ်းချမ်းစွာ ထွက်သွားနိုင်မှာ။

All Chapters