အခန်း (၁၈၈)
Vol. 13 Ch. 188
ရှောင်းကော ဤစကားကိုကြားလိုက်ရသောအခါ အလွန်ကြောက်လန့်သွားသည်။ ချင်းအန့်မင်ရဲ့ စကားတွေက သူမ၏ နှလုံးသားကို လေးလံတဲ့ တူနဲ့ထုနေသလိုပင်။ နာကျင်လွန်းလို့ အသက်ရှူလို့မဝတော့ဘူး။
တကယ်တော့ ချင်းအန့်မင်က သူသေသွားခဲ့ရင် ရှောင်းကောနဲ့ တခြားသူတွေ ဘာဖြစ်သွားမယ်ဆိုတာကို တစ်ခါမှ မတွေးခဲ့ဖူးပါချေ။ ဒါပေမယ့် သူ ရေထဲသို့ကျသွားပြီး မည်းမှောင်နေတဲ့ မြစ်ကြမ်းပြင်ကို ကြည့်လိုက်သောအခါ သူ့နားက ရုတ်တရက် ပင်းသွားသည်။ ပထမတော့ သူဘာမှ မကြားရဘူး။ ထို့နောက်တွင်မူ မှားယွင်းပြီး နားထဲကိုထိုးဖောက်ပြီးဝင်ရောက်လာတဲ့ နှလုံးခုန်သံကိုသာ သူကြားနိုင်ခဲ့သည်။ ကျယ်လောင်လွန်းသဖြင့် သူ့အား စိတ်မသက်မသာဖြစ်စေသည်။
ခဏကြာတော့ ဘယ်သူမှ စကားမပြောကြတော့ပေ။ အသက်နှင့် သေခြင်းအကြောင်းပြောခြင်းက လေးနက်သောအရာဖြစ်သည်။ ဤကမ္ဘာမြေမှာ ဘယ်သူမှ အသက်မရှင်နိုင်ပါ။ ဒါကြောင့် လူတိုင်းဟာ သူတို့အသက်ရှင်နေချိန်မှာ နောင်တကင်းစွာနဲ့ အသက်ရှင်နေချိန်မှာ နေ့ရက်တိုင်းကို အကောင်းဆုံးအသုံးချသင့်သည်။
"ကောင်းပြီ၊ ဒီကိစ္စကို ဆက်မပြောကြတော့နဲ့၊ တန်းဟယ် ဘာဖြစ်ခဲ့လဲဆိုတာ နင် ငါ့ကို မပြောသေးဘူး"
ချင်းအန့်မင် သူ့စိတ်သူထိန်းပြီး ရှောင်းကောကိုမေးဖို့လုပ်ခဲ့သည်။
ရှောင်းကောလည်း သူ့စိတ်သူထိန်းပြီး အရာအားလုံးကို ပြောပြဖို့ လှည့်ကြည့်လိုက်သည်။
–
"ငါသိပြီ"
ချင်းအန့်မင်က အလှည့်အပြောင်းများကို နားထောင်ရင်း အလွန်တုန်လှုပ်သွားခဲ့သည်။ ဒါပေမယ့် သူပထမဆုံးစဉ်းစားမိသည်မှာ ကျန်းတန်းဟယ် အတွက် ဒီလောက်ကြီးထိ ခက်ခဲနေပေလိမ့်မည်။ သူ တော်တော် ဒုက္ခရောက်ခဲ့ရမှာပဲ။
ရှောင်းကောသည် ချင်းအန့်မင်၏ သက်ပြင်းချမှုကြောင့် ပဟေဠိဖြစ်သွားသည်။ "ဘာဖြစ်လို့လဲ"
ချင်းအန့်မင် ခေါင်းခါလိုက်သည်။ " တန်းဟယ် ဒီနေရာထိ သူဘာသာသူ ရောက်အောင်လုပ်ခဲ့တယ်ဆိုတာ တကယ်တော့ မလွယ်ကူဘူး။ ဒါက တကယ့်ကို ချီးကျူးစရာကောင်းတယ်"
အမျိုးသားတွေကြား အပြန်အလှန် နားလည်မှုတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို ကျန်းတန်းဟယ် ဘာကြောင့် ကျေးလက်ကိုပြန်လာဖို့ သူ့ရဲ့အာဏာနဲ့ ပိုက်ဆံတွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတာ ချင်းအန့်မင် ချက်ချင်းသဘောပေါက်သွားသည်။
"ရှောင်းကော၊ နင် ကျန်းတန်းဟယ်ကို အမြတ်တနိုးထားရမယ်နော် " ချင်းအန့်မင်က ရှောင်းကောကို လေးလေးနက်နက် ကြည့်ကာပြောခဲ့သည်။ "ဒီလူက နင်တစ်သက်လုံး အားကိုးလို့ရတဲ့သူတစ်ယောက်ပဲ"
“..…ဟုတ်ကဲ့ပါ”
ရှောင်းကော မှိန်းမောလျက် ခေါင်းညိတ်လိုက်သည်။ ဒီအချိန်မှာ သူမစိတ်ထဲ တစ်ခုခုကို တွေးနေမိသည်။ တကယ်လို့သာ သူမရဲ့ အထောက်အထားကြောင့်သာ မဟုတ်ရင် သူမက ဒီအတွဲကို အခိုင်အမာ ထောက်ခံသူ ဖြစ်မှာ။
"ရှောင်းကော ရှောင်းကော "
ချင်းအန့်မင် ရှောင်းကောရဲ့ ပခုံးကို အကူအညီမဲ့စွာ လှုပ်လိုက်သည်။ သူမ ဘာဖြစ်နေမှန်းမသိဘူး။ သူမ အရမ်းစိတ်ရှုပ်သွားပုံရသည်။
"ဟူး၊ ဟူး ၊ ဟူး"
ရှောင်းကော သူမ၏ အာရုံတွေဆီ ပြန်ရောက်လာပြီး ချင်းအန့်မင်ဆီမှ ထွက်ခွာရန် ကြိုးစားခဲ့သည်။ “အစ်ကို ဖျားနေပေမယ့် သဆုပ်ကိုင်တဲ့အားက အရမ်းပြင်းထန်တယ်။ အစ်ကို ညီမကို လုံးဝသတ်နေတာပဲ”
ရှောင်းကော မပျော်မရွှင်နဲ့ နှုတ်ခမ်းစူပြီး သူမ၏ ပုခုံးများကို ပွတ်သပ်နေကာ ချင်းအန့်မင်က သက်ပြင်းချလိုက်သည်။ “သူက ကလေးလို ပြုမူနေတုန်းပဲ။ မိခင်တစ်ယောက်ဖြစ်လာပေမယ့် အရွယ်မရောက်သေးတဲ့ပုံပဲ”
"ဟုတ်သားပဲ။ အစ်ကို!" ရှောင်းကော ချင်းအန့်မင် ကို ခေါ်လိုက်ပြီး သူမရဲ့အခန်းထဲ ပြန်ပြေးသွားသည်။
ချင်းအန့်မင် ကြက်သေသေသွားသည်။ သူမရုတ်တရက် ဘယ်ကိုသွားလိုက်တာလဲ။
ချင်းအန့်မင်ကိုလက်ဆောင် ပေးမယ်ဆိုတဲ့ အတွေးကြောင့် ရှောင်းကော မကူညီနိုင်ဘဲ ပျော်ရွှင်နေခဲ့သည်။ ကျန်းတန်းဟယ်က ၎င်းအတွက် ပိုက်ဆံပေးထားသော်လည်း ၎င်းကို သူမထံမှ လက်ဆောင်အဖြစ် သတ်မှတ်ဆဲပင်ဖြစ်သည်။
ကျွမ်းကျွမ်းက ယန်ကျားနှင့်အတူ စားပွဲတွင် ထိုင်ကာ စာအုပ်ဖတ်နေသည်။ ရှောင်းကောကိုတွေ့တော့ နှုတ်ဆက်ခဲ့သည်။ ရှောင်းကော သက်ပြင်းချလိုက်ပြီး သူတို့နှစ်ယောက်ကို ပြန်လှည့်မကြည့်ဘဲ ဖြတ်သွားလိုက်သည်။
သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပခုံးတွန့်ပြပြီးနောက် သူတို့ရဲ့စာကိုဆက်ဖတ်ခဲ့ကြသည်။
ရှောင်းကော အိမ်သို့ပြန်လာပြီး သူမ၏အိတ်ကို လှမ်းကြည့်လိုက်သည်။ သူမသည် လေးလံသော အထုပ်တစ်ထုပ်ကို ထုတ်ကာ ချင်းအန့်မင်၏ အခန်းဆီသို့ ပြန်သွားခဲ့သည်။
ကျွမ်းကျွမ်းနဲ့ ယန်ကျားတို့ သူတို့ဆီကနေ သူမ နောက်တစ်ကြိမ် ဖြတ်သွားခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သူမ၏ ခြေလှမ်းတွေက စောနကထက် ပိုမိုလေးလံနေခဲ့သည်။
"အစ်ကို၊ ကြည့်ကြည့်!"
ရှောင်းကောက အထုပ်ကို အိပ်ရာပေါ် တင်ပေးလိုက်သည်။ အဲဒီ့မနက် ပြန်ရောက်တဲ့ အချိန်တုန်းက သူ့ ကို ပေးဖို့ အချိန် မရှိခဲ့ပေ။ အခု သူနိုးလာလို့ လက်ဆောင်ကို ပြဖို့ သူမ မစောင့်နိုင်တော့ပေ။
ချင်းအန့်မင်က အိတ်ကို စူးစမ်းလိုစိတ်ဖြင့် ဖွင့်ကြည့်လိုက်ပြီး အထဲမှာ ဘာရှိတာလဲဆိုတာ သိချင်လာသည်။ အရမ်းထူတယ်လို့ ခံစားရသည်။
သူဖွင့်လိုက်တာနဲ့ အထူက လုံးဝကွဲပြားသွားသလို ခံစားရသည်။
ရှောင်းကောသည် ချင်းအန့်မင်၏အဝတ်ကိုဖြန့်ရန်ကူညီပေးခဲ့သည်။
"ဝိုး!" ချင်းအန့်မင် မထိန်းနိုင်ဘဲ အော်ခဲ့သည်။ "သားရေလား"
ဒါက ကောင်းတဲ့ပစ္စည်းပင်။ ဆောင်းရာသီမှာ ဒီကုတ်အင်္ကျီဝတ်ထားရင်တောင် အအေးဒဏ်ကို ခံစားရမှာမဟုတ်ဘူး။
ချင်းအန့်မင် သားရေထူထူကို ခံစားရင်း သူ့လက်နှစ်ဖက်တွင် ချစ်နှစ်သက်စွာ ပွေ့ဖက်ထားသည်။ ဒီလိုဆိုရင် ဆောင်းရာသီက ပိုပူလာတော့မှာပဲ။
"ဘယ်လိုလဲ"
ရှောင်းကော ရှင်းရှင်းလင်းလင်း မေးလိုက်သည်။ ချင်းအန့်မင်ရဲ့အမူအရာကနေ သူအရမ်းကြိုက်ကြောင်း သူမ ပြောပြနိုင်ပေမယ့် သူမ မေးဖို့ကျန်နေပါသေးသည်။
လက်ဆောင်ပေးတာက ဒီလိုပါပဲ။ တစ်ဖက်လူက သဘောကျကြောင်း သူမ သိသော်လည်း ကျေနပ်မှုရရှိရန် ထပ်မံတောင်းဆိုရန် မကူညီနိုင်သေးပေ။
ချင်းအန့်မင် အားတက်သရော ခေါင်းညိတ်လိုက်ပြီး သူ့လေသံက လက်ဆောင်အတွက် သဘောကျနှစ်ခြိုက်မှုအပြည့်နဲ့ပင်။ "အရမ်းကြိုက်တယ်!"
သူ လူတစ်ယောက်လောက် ဒီလိုဝတ်တာကို တစ်ခါမှ မမြင်ဖူးပေမယ့် မြို့ကြီးပြကြီးတွေမှာ ချမ်းသာတဲ့သူတွေက ဆောင်းရာသီမှာ သူတို့ကိုယ်သူတို့ နွေးထွေးဖို့ သားရေအမြဲဝတ်တယ်လို့ ကြားဖူးသည်။
“အရင်တုန်းက ကြားဖူးပေမယ့် တစ်ခါမှ မမြင်ဖူးဘူး။ အခု ငါ့ညီမလေးရဲ့ ကျေးဇူးကြောင့် သားရေအင်္ကျီကို တကယ်ဝတ်ရပြီ”
ချင်းအန့်မင် အလွန်ဝမ်းသာသွားသည်။ သူ ရှောင်းကော ကိုကြည့်ပြီး ရယ်ခဲ့သည်။
ရှောင်းကောလည်း ပျော်သွားသည်။ သူမက ချင်းအန့်မင်ကို အရင်စမ်းဝတ်ကြည့်ဖို့ ပြောလိုက်သည်။ သူနဲ့အဆင်မပြေရင် သူမ ပြင်ပေးမည်။ ထိုသို့ပြောပြီးနောက် အစ်ကိုဖြစ်သူက ခေါင်းညိတ်ကာ ထွက်သွားသည်ကို တွေ့လိုက်ရသည်။
အခန်းအပြင်ဘက်မှာ ယန်ကျားက သူ့လက်ထဲမှာ စာအုပ်နှစ်အုပ်နဲ့ ထွက်သွားဖို့ ပြင်ဆင်နေသည်။ ရှောင်းကောကိုမြင်တော့ သူ မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်သည်။
"အစ်ကို ကျားက အမေ့ကိုစောင့်နေတာ။ အမေ့ကိုအသိမပေးဘဲ ထွက်သွားလို့မရဘူးလို့ ပြောတယ်။ သူသွားတော့မယ်ဆိုတာ သားသိတယ်လို့ သားသူ့ကိုပြောခဲ့တယ်၊ နောက်ဆုံး သူဘာပြောသွားလဲသိလား အမေ"
ကျွမ်းကျွမ်းက ယန်ကျားကို လိုက်ပို့ပြီးနောက် ရှောင်းကော ထံသွားကာ သူမကို မှန်းခိုင်းရန် ကြိုးစားခဲ့သည်။
"အမေ မသိဘူး"
ကျွမ်းကျွမ်း၏ စကားကို တုန့်ပြန်သောအားဖြင့် ရှောင်းကော ခေါင်းခါလိုက်သည်။
ကျွမ်းကျွမ်း ရယ်မောလိုက်သည်။ သူ့အမေ မှန်းဆလို့ မရဘူးဆိုတာ သူသိသည်။ "အစ်ကို ကျားက အိမ်ပိုင်ရှင်ကို နှုတ်ဆက်ချင်တယ်လို့ ပြောခဲ့တာ။ နှုတ်မဆက်ဘဲ အိမ်ထဲကနေ ထွက်သွားတာက မယဉ်ကျေးဘူးတဲ့"
ရှောင်းကော ယန်ကျားရဲ့ အတုယူစရာကြောင့် သဘောကျသွားသည်။ ဒီကလေးက တော်တော်အတုယူစရာကောင်းသည်။ ကျွမ်းကျွမ်းစကားပြောတဲ့အခါ ယန်ကျားနဲ့တူလာသည်။
"အမေ၊ အစ်ကို ကျားက ရှောက်ယိ အမြဲပြောလေ့ရှိတဲ့ ဆရာကြီးလို့ အမေ ထင်လား။"
ကျွမ်းကျွမ်းက ခွေးခြေခုံပေါ်တွင် ဒူးထောက်ထိုင်လိုက်ပြီး လက်နှက်ဖက်ဖြင့်မေးထောက်ကာ ရှောင်းကော ကို စပ်စုကာ မေးလိုက်သည်။
"ဟမ်။ ဘာလို့ဒီလိုပြောတာလဲ" ရှောင်းကောက ခေါင်းကိုစောင်းပြီး ကျွမ်းကျွမ်းကို စူးစမ်းကာ ကြည့်လိုက်သည်။
"ဘာလို့လဲဆိုတော့ ရှောက်ယိနဲ့ သားက သူ့ဆရာကြီးပြောနေတဲ့စကားနောက်ကိုလိုက်တဲ့အခါ သားတို့လည်း ဒီလိုပြောကြတယ်... ....အင်း အဲ့လိုမျိုး... "
ကျွမ်းကျွမ်းသည် ထိုစကားလုံးကို မေ့သွားပြီး အဖြေတစ်ခုအတွက် သူဦးနှောက်ခြောက်အောင်စဥ်းစားနေသည်။ ရှောင်းကော ခဏလောက်စဉ်းစားပြီး ပြောခဲ့သည်။ "ရှေးဟောင်းအယူအဆတွေလား"
ယန်ကျားက ငယ်ပေမယ့် လူကြီးလူကောင်းတစ်ယောက်လို ပြောတတ်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ရှေးဟောင်းအယူအဆတွေ!"
ကျွမ်းကျွမ်း လက်ခုပ်တီးပြီး ခေါင်းညိတ် အတည်ပြုခဲ့သည်။
ရှောင်းကောလည်း အလွန်သင့်လျော်သည်ဟု ခံစားမိသည်။ အမှန်ပင် သူက ရှေးရိုးဆန်သည်။ သူမ မကူညီနိုင်ဘဲ ရယ်နေမိသည်။
ရှောင်းကော ရယ်တာကိုမြင်တော့ ကျွမ်းကျွမ်းက လိုက်ရယ်သည်။
"ဘာတွေရယ်နေကြတာလဲ"
ချင်းအန့်မင် သူ့အခန်းထဲမှ ပေါ်လာသည်။ စောစောက သူ့အခန်းထဲဝင်သွားတုန်း နှစ်ယောက်သားရဲ့ ရယ်မောသံကို ကြားလိုက်ရသည်။
ကျွမ်းကျွမ်းနဲ့ ရှောင်းကောတို့ တစ်ချိန်တည်းတွင် မော့ကြည့်လိုက်ကြသည်။
“ဝိုး!ဦးလေး ”
ကျွမ်းကျွမ်းရဲ့ မျက်လုံးတွေ တောက်ပလာသည်။ သူ့ဦးလေးက အရမ်းချောတယ်လို့ သူခံစားရသည်။
“အဟွတ်၊ အဟွတ် ”
ချင်းအန့်မင် လက်သီးကို ပါးစပ်နားတေ့ပြီး ချောင်းဆိုးလိုက်သည်။ ကျွမ်းကျွမ်း၏ အကြည့်ကြောင့် သူ အနည်းငယ်ရှက်သွားသည်။
"ဘယ်လိုလဲ"
ချင်းအန့်မင်က ရှောင်းကောကို မေးလိုက်သည်။ ရှောင်းကော အာရုံတွေပြန်လည်လာပြီး ဘာမှပြန်မပြောခဲ့ပေ။ သူမထပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ “အစ်ကို၊ မှန်ထဲမှာ သွားကြည့်လ်ုက်”
ချင်းအန့်မင် ကြက်သေသေသွားသည်။ "ဒါက ဘယ်လို တုံ့ပြန်မှုမျိုးလဲ၊ ငါကြည့်ကောင်းနေတယ်လို့ ဆိုလိုတာလား။"
မှန်တယ်။သူ ရုပ်ဆိုးမယ်လို့ သူ မထင်ထားဘူး။ ကုတ်အင်္ကျီပုံစံနှင့် အစောပိုင်းက ကျွမ်းကျွမ်း၏ တုံ့ပြန်မှုအပေါ် အခြေခံ၍ ချင်းအန့်မင်သည် သူဘယ်လိုပုံစံရှိသည်ကို ယုံကြည်မှုရှိခဲ့သည်။
မှန်ကိုကြည့်ရတာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သူကြည့်ကောင်းနေမယ်ဆိုတာ သေချာသည်။
ချင်းအန့်မင် ယုံကြည်မှုအပြည့်နဲ့ လျှောက်သွားခဲ့သည်။ သူ့ကျန်းမာရေးကြောင့် ခြေလှမ်းတွေက နည်းနည်းတော့နှေးနေပေမယ့် ယုံကြည်မှုအပြည့်နဲ့ပင်။
ကျွမ်းကျွမ်း အဲ့တာကို မခံနိုင်တော့ပေ။ သူ ချင်းအန့်မင် မှန်ထဲမှာ သူ့ကိုယ်သူကြည့်တာကို လိုက်ကြည့်ဖို့ သူ အခန်းထဲသို့ လိုက်ဝင်သွားသည်။
ရှောင်းကောက တက်ကြွနေသော ချင်းအန့်မင်ကိုကြည့်ပြီး ရယ်လိုက်သည်။ အမျိုးသမီးတွေပဲ စိတ်ကြီးဝင်တာ မဟုတ်ဘူး၊ အမျိုးသားတွေလည်း အတူတူပဲ။
အစားစားပြီးနောက် ရှောင်းကောသည် ဆေးကို ကျွမ်းကျွမ်း အား ပေးလိုက်သည်။ "ဒါကို ဦးလေးဆီ ယူသွား။ ကိုယ်ပေါ် မဖိတ်ကျအောင် ဂရုစိုက်"
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။”
ကျွမ်းကျွမ်းက ပန်းကန်လုံးကို ဂရုတစိုက်ယူကာ အနက်ရောင်ဆေးဖက်ဝင်အရည်ကို ကြည့်လိုက်သည်။ သူ မုန်းတီးစွာ အာမေဋိတ်သံပြုခဲ့သည်။ “ဒါကြီးက အရမ်းခါးမယ့်ပုံပဲ”
"ဒါဆိုသား ဦးလေးကို သကြားလုံး ပေးရမလား"
ရှောင်းကော မဝံ့မရဲမေးလိုက်သည်။ သူတို့မပြန်ခင်မှာ ကျန်းတန်းဟယ်က ကျွမ်းကျွမ်းအတွက် သကြားလုံးတွေ အများကြီးဝယ်ပေးခဲ့သည်။ သူမ သူ့ဆီကနေ သကြားလုံးတောင်းတိုင်း သူအမြဲငြင်းသည်။ အခုချိန်မှာတော့ သူ့အတွက် အခွင့်ကောင်းတစ်ခုပါပဲ။ ဒီလိုနည်းနဲ့ သူဘာသာပဲ သကြားလုံးတွေကို မစားရမှာ။ ဒါက သွားပိုးစားနိုင်ခြေကို လျှော့ချပေးလိမ့်မည်။
"အခုသွားယူလိုက်မယ်"
ကျွမ်းကျွမ်းသည် ထိုစကားကိုကြားသောအခါ သူ့တွင် ထိုသကြားလုံးများရှိသည်ကို သတိရသွားသည်။
“သွားလေ”
ကျွမ်းကျွမ်း ဝမ်းသာအားရ ခေါင်းညိတ်ပြပြီး ဆေးပန်းကန်နဲ့ အိမ်ထဲသို့ ၀င်သွားသည်။
ရှောင်းကော ပုံရိပ်သေးသေးလေး ထွက်သွားတာကို ကြည့်ရင်း မျက်လုံးကို မှေးကျဥ်းလိုက်သည်။ “ဟားဟား၊ မင်းက အရမ်းငယ်လွန်းပြီး အယုံလွယ်တာပဲ ”