အခန်း (၁၈၉)
Vol. 13 Ch. 189
“အမေ၊ ဦးလေး အိပ်ငိုက်နေပြီ”
ကျွမ်းကျွမ်းက ပန်းကန်လုံးကို ရှောင်းကောအား ပေးလိုက်သည်။ သူမသည် ၎င်းကို ရေနွေးနွေးဖြင့် ဆေးကြောပြီး ထားလိုက်သည်။ “ဒီဆေးဖက်ဝင်အရည်မှာ စိတ်ငြိမ်စေနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ အပင်တစ်ပင် ပါတယ်။ သောက်ပြီးရင် အိပ်ငိုက်လာလိမ့်မယ်။”
“အိုး၊ သား သိပြီ။ ဦးလေးက များသောအားဖြင့် အိပ်မငိုက်တတ်ပါဘူးလို့ သား တွေးနေတာ"
ကျွမ်းကျွမ်း ရှောင်းကော၏ နောက်သို့ လိုက်သွားပြီး သူမသွားလေရာနောက် လိုက်နေသည်။
"အမေ၊ အမေ ဘာလို့ရေနွေးတည်နေသေးတာလဲ"
ကျွမ်းကျွမ်းက ရှောင်းကောကို စိတ်ဝင်တစား မေးလိုက်သည်။ ဆေးကြောရန် သို့မဟုတ် ပွတ်တိုက်ရန် ဘာမှမကျန်တော့ပေ။
ရှောင်းကောသည် ကျွမ်းကျွမ်း၏ ခေါင်းကို မီးဖိုနားမှ တွန်းထုတ်လိုက်ပြီး ထင်းလက်တစ်ဆုပ်စာကို မီးထဲသို့ ပစ်ချလိုက်သည်။ "သားက ရေချိုးစရာ မလိုတော့ဘူးလား။ အိမ်ပြန်သွားပြီး သားရဲ့အဝတ်အစားတွေ ယူပြီး ရေချိုးခန်းထဲမှာ ခဏစောင့်နေလိုက်"
"ဟင်" ကျွမ်းကျွမ်း တုံ့ဆိုင်းသွားသည်။ "သား တစ်မြန်မနေ့က ရေချိုးထားတယ်လေ..ရေထပ်မချိုးချင်တော့ဘူး..."
“ဒါဆိုကောင်းပြီလေ၊ တစ်နေ့က သား ခရမ်းချဉ်သီးနဲ့ကြက်ဥမွှေကြော်စားရသေးတယ်နော်၊ မနက်ဖြန် သား ထပ်မစားတော့နဲ့ပေါ့”
ရှောင်းကောသည် ကျွမ်းကျွမ်း၏ စကားကို လျစ်လျူရှုပြီး ထင်းကို ဆက်ထည့်ခဲ့သည်။
"ဟင်"
ကျွမ်းကျွမ်း၏ ညည်းညူသံက အခန်းတစ်ဝိုက် ပဲ့တင်ထပ်သွားသည်။ ရှောင်းကောက လက်လျှော့ရန် ကြိုးစားနေသော ကျွမ်းကျွမ်းကို တစ်ချက်ကြည့်လိုက်သည်။
သူမကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် ကျွမ်းကျွမ်းတုန်လှုပ်သွားပြီး ချက်ချင်းထရပ်လိုက်သည်။ “အမေ၊ သား ချက်ချင်း လုပ်ပါ့မယ်”
အဲဒါနဲ့ ခြေထောက်ဆောင့်ပြီး ထွက်သွားလေသည်။
ရှောင်းကော ကလေးလေး၏ ကျောကို ကြည့်လိုက်ရာ ရယ်စရာကောင်းနေတာကို တွေ့လိုက်ရသည်။ ကျန်းတန်းဟယ် သူ့ကို ဘယ်အချိန်တုန်းက တပ်စခန်းထဲ ခေါ်သွားမှန်း သူမ မသိပေမယ့် သူ တော်တော်လေး လေ့ကျင့်ပေးထားပုံရသည်။
ရေနွေးနွေးပုံးများကို ရေချိုးကန်ဘေးဘက်သို့ မပို့ဆောင်မီ ရေကို အလယ်အလတ်အပူချိန်အထိ အပူပေးထားသည်။
ကျွမ်းကျွမ်းက သူ့အဝတ်အစားတွေကို ချွတ်ထားပြီး စည်ပိုင်းအတွင်းတွင် ထိုင်နေသည်။
ရှောင်းကော ရေတစ်ပုံး လောင်းထည့်လိုက်ပြီး ကျွမ်းကျွမ်းကို ပူနေလားဟု မေးခဲ့သည်။
“မပူဘူး”
ကျွမ်းကျွမ်းက ဤအပူချိန်ကို အလွန်နှစ်သက်သည်။ရှောင်းကော ရေပုံးထဲသို့ နောက်ထပ်ရေထပ်ထည့်လိုက်သောကြောင့် စည်ပိုင်းထဲမှာဝင်နေတဲ့ သူ့ကို ပက်လိုက်သလိုဖြစ်သွားသည်။ သူ အလွန်ပျော်နေပုံရသည်။
ကျွမ်းကျွမ်း၏ရင်ဘတ်သို့ရောက်သည်အထိ ရေထပ်ထည့်သည်။ အိုးထဲမှာကျန်နေတဲ့ရေအတွက် ရှောင်းကောသည် ရေပူစေရန် ထင်းထပ်မထည့်မီ ရေအေးအနည်းငယ်ထပ်ထည့်ခဲ့သည်။
"လာ၊ ရေချိုးချိန်ရောက်ပြီ"
ရှောင်းကော ထိုင်ခုံသေးသေးလေးပေါ် တက်လိုက်သည်။ ဒါက သူမကို ခါးကိုင်းလို့ရပြီး ကျွမ်းကျွမ်းကို ရေချိုးပေးဖို့ ပိုလွယ်ကူစေသည်။
ကျွမ်းကျွမ်းသည် စည်ပိုင်းအတွင်းရှိ ခွေးခြေခုံပေါ်တွင် ထိုင်ကာ ရှောင်းကော၏ ညင်သာစွာ ပွတ်တိုက်ခြင်းကို နှစ်သက်နေသည်။ ရှောင်းကောက သူ့ကို မကြာခဏ ရေချိုးပေးသောကြောင့် ကျွမ်းကျွမ်းမှာ အလွန်ညစ်ပတ်ခြင်းမရှိပေ။ တကယ်တော့ သူက တော်တော် သန့်သန့်ပြန့်ပြန့် ရှိနေသေးသည်။
ရှောင်းကော သည် ကျွမ်းကျွမ်း၏ တင်ပါးလုံးလုံးလေးတွေကို မကူညီနိုင်ဘဲ ညှစ်လိုက်သည် —အဲ့တာက သူ့ကို ရှက်သွားစေသည်။
“ခေါင်းမော့”
ရှောင်းကော သူ့ရဲ့ခေါင်းကိုလျှော်ပေးလို့ရအောင် ကျွမ်းကျွမ်းက သူ့ ခေါင်းကို နာခံစွာ မော့ပေးလိုက်သည်။
ကျွမ်းကျွမ်းက ငယ်ရွယ်သော်လည်း ဆံပင်ကောင်းသည်။ သူ့ကို မွေးတော့ သူ၏ဆံပင်ကို မရိတ်ပေးဘဲဆက်လက် ရှည်လာရန် ချန်ထားခဲ့သည်။ အဲဒါကြောင့် ဆံပင်တွေ က အခုဆိုအရမ်းထူနေပြီ။
ယောက်ချိုဇွန်းကြီးဖြင့် ရှောင်းကောသည် ရေအင်တုံတစ်ခုကိုဖြည့်ပြီး ကျွမ်းကျွမ်း၏ ဆံပင်များကို အပေါ်မှအောက်အထိ ရေလောင်းချလိုက်သည်။
ရေက သူ့ဆံပင်တွေကို ထိလာတာနဲ့ ကျွမ်းကျွမ်းက ချက်ချင်း မျက်လုံးတွေကို မှိတ်လိုက်ပြီး မျက်လုံးပြန်မဖွင့်ခင် ရေတွေစီးကျတာ ရပ်တန့်သွားအောင် စောင့်ခဲ့သည်။
ကျွမ်းကျွမ်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသောအခါ ရှောင်းကောက သူ့ကို ဆပ်ပြာတိုက်တော့မည်။
“အမေ၊ သားတို့ မြို့တော်မှာ ဆပ်ပြာတွေ မဝယ်လာဘူးလား”
ကျွမ်းကျွမ်းက အမွှေး ဆပ်ပြာတွေအကြောင်း တွေးကာ ရှောင်းကောကို မျှော်လင့်တကြီး ကြည့်နေလေသည်။
သူ့စကားကိုကြားတော့ ရှောင်းကောက စောစောက သန့်ရှင်းရေးလုပ်ရင်း ဗီရိုထဲမှာ ထားခဲ့တာကို သတိရသွားသည်။
"ဒါဆို ခဏလေးစောင့် အမေ သွားယူလိုက်ဦးမယ်"
ရှောင်းကော ထပြီး ဆပ်ပြာသွားယူလိုက်သည်။ မသွားခင်မှာ ကျွမ်းကျွမ်းတွက် တံခါး ပိတ်ပေးဖို့ မမေ့ခဲ့ပေ။
ရှောင်းကော ဗီရိုထဲမှ ဆပ်ပြာတစ်တုံးကို အမြန်ရွေးလိုက်သည် ။ ငါးတုံးခြောက်တုံးလောက် ကျန်သေးသည်။ မြို့တော်မှာ ဈေးဝယ်ထွက်တဲ့ အချိန်တုန်းက ဆပ်ပြာရောင်းနေတာကို တွေ့ခဲ့သည်။ အနံ့ရှူကြည့်လိုက်သောအခါတွင် သူမသည် ရနံ့တစ်ခုကို ရှာဖွေတွေ့ရှိနိုင်သည်။ တိုက်ဆိုင်စွာပင် အိမ်မှာ ဆပ်ပြာမရှိတော့သဖြင့် အိမ်မှာထားဖို့ အချို့ကိုဝယ်ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့ကိုကိုယ်တိုင်လုပ်ရတာ အချိန်ကုန်တာကြောင့်
သူမကို ကယ်တင်နိုင်ပါလိမ့်မည်။ ဒါ့အပြင် အိမ်မှာလုပ်ထားတဲ့ဟာတွေက အမွှေးအကြိုင်တွေ မပါပေ။ နောက်ဆုံးမှာတော့ ကျန်းတန်းဝယ် က အဲ့တာတွေအတွက် ငွေပေးချေခဲ့တဲ့သူပင်။
သူမ မြို့တော်သို့ ခရီးထွက်စဉ်တွင် အသုံးဝင်သော အရာများစွာကို ပြန်လည်ယူဆောင်နိုင်ခဲ့သည်။
ရှောင်းကော ရေချိုးခန်းထဲသို့ ပြန်သွားပြီး ကျွမ်းကျွမ်းတစ်ယောက် ရေထဲတွင် နာခံစွာ ထိုင်နေသည်ကို တွေ့ရတော့ စိတ်သက်သာရာ ရသွားသည်။ အဝါရောင်လေးထောင့်တုံးလေးကို ဖော်ထုတ်ရန် သူမ အထုပ်ကိုဖွင့်လိုက်သည်။
“အမေ… အဲ့အနံ့က အရမ်းကောင်းတာပဲ…”
ကျွမ်းကျွမ်း လေထဲရှိ မွှေးရနံ့ကို ရှူရှိုက်လိုက်သည်။
“အဓိပ္ပါယ်မရှိလိုက်တာ” ရှောင်းကော က ကျွမ်းကျွမ်း ကို ပြုံးလိုက်သည်။ "အဲဒီကနေ ဘယ်လို လုပ်အနံ့ရနိုင်မှာလဲ"
"တကယ်ပြောတာ သား အနံ့ခံနိုင်တယ်!"
ကျွမ်းကျွမ်း အားတက်သရော ခေါင်းညိတ်လိုက်သည်။ ဒီအနံ့က အဝေးကနေ အနံ့ခံလို့ရနိုင်လွန်းသည်။
ရှောင်းကောသည် ကျွမ်းကျွမ်း၏ဆံပင်ကို မပွတ်ခင် ဆပ်ပြာကို ရေစွတ်လိုက်သည်။ အမြှုပ်တွေ အများကြီးဖြစ်အောင် လုပ်ခဲ့သည်။
စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတစ်ခု ဖြစ်နိုင်သော်လည်း ရှောင်းကောသည် အမြှုပ်ပိုထွက်လာသောအခါ သန့်ရှင်းရေးလုပ်တာက ပို၍ စေ့စေ့စပ်စပ်ဖြစ်မည်ဟု ခံစားခဲ့ရသည်။
ရေအေးလာပြီး ကျွမ်းကျွမ်း အအေးမိသွားမှာကို ကြောက်လို့ ရှောင်းကော က သူမရဲ့ အရှိန်ကို အရှိန်မြှင့်လိုက်ပြီး ကောင်လေးကို အချိန်တိုအတွင်း ဆေးကြောပေးလို့ပြီးသွားခဲ့သည်။ သူ့ကို ရေနွေးထဲက သယ်ထုတ်လိုက်တဲ့အခါ အေးတဲ့လေနဲ့ ထိတွေ့မိတဲ့တော့ တုန်သွားသည်။ ရှောင်းကော သဘက်ကို အမြန်ယူကာ သူ့ခန္ဓာကိုယ်နှင့် ဆံပင်ကို ခြောက်အောင်သုတ်ပေးလိုက်သည်။ ထို့နောက် အခန်းထဲသို့ မသွားမီ သူ့ကိုအဝတ်ဝတ်ပေးပြီး သူမရဲ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်။
သူမကိုယ်တိုင် ရေမချိုးခင် ရှောင်းကောက အိပ်ရာပြင်ပေးပြီး ကျွမ်းကျွမ်းကို စောင်အောက်မှာထည့်ထားလိုက်သည်။
"ကိုယ့်ကိုကိုယ် ထွေးထား။ ခဏနေရင် အမေ ပြန်လာခဲ့မယ်"
ရှောင်းကောက သူ့ကို တင်းတင်းကြပ်ကြပ် ထွေးပေးထားလိုက်ပြီး သူ့ခေါင်းကိုသာ မြင်နေရသည်။ သူခေါင်းညိတ်တာကိုတွေ့တော့ သူမ အဝတ်အစားတွေယူကာ ထွက်သွားခဲ့သည်။
ရှောင်းကောက အထူးသဖြင့် ရေချိုးရတာကို နှစ်သက်သည်။ သူမသည် လူအများစုလက်ခံနိုင်သည်ထက် အနည်းငယ်ပိုမြင့်သော အပူချိန်တွင် စိမ်ရတာကို နှစ်သက်သောကြောင့် သူမစိတ်ကြိုက်ရေကို အပူပေးလိုက်သညိ။
နောက်ဆုံးရေပုံးကိုလောင်းထည့်ပြီးနောက် ရှောင်းကော သည် ရေပုံးကိုချကာ သူမ၏လက်ဖြင့် ရေအပူချိန်ကို စမ်းသပ်လိုက်သည်။ အပူကလုံလောက်ပြီလို့ ခံစားမိတဲ့အခါ တံခါးကို ဂျက်ချပြီး ရေချိုးကန်ထဲကို မဝင်ခင် အဝတ်အစားတွေ ချွတ်လိုက်သည်။
သူမ အထဲ ဝင်လိုက်သည်နှင့် တပြိုင်နက် တောက်လောင်နေသော အပူလှိုင်းများက သူမကို လွှမ်းခြုံသွားသည်။ ရှောင်းကော အံ့သြဖွယ် ခံစားခဲ့ရသည်။ သူမတစ်ကိုယ်လုံး ရေထဲမှာ နှစ်မြှုပ်နေပြီး သူမခန္ဓာကိုယ်ရဲ့ အပေါက်တိုင်းက ရေနွေးကို လောဘကြီးစွာ စုပ်ယူနေသလို ခံစားရသည်။
“တအားကောင်းတာပဲ…”
ရှောင်းကော မကူညီနိုင်ဘဲ သက်ပြင်းချလိုက်သည်။
ရေစည်ပိုင်းထဲမှာ စိမ်နေတဲ့အခါ ရေအပူချိန်ကို ဂရုစိုက်ဖို့ မမေ့သင့်ပေ။ ရေအေးစပြုလာသည်နှင့်အမျှ သူမ ခေါင်းကို စလျှော်လိုက်သည်။
ရှောင်းကောက မကြာခဏ ရေချိုးသောကြောင့် သူမရဲ့ခေါင်းက မညစ်ပတ်ပေ။ အနည်းငယ် အမြန်ဆေးချပြီးနောက် သူမရေးချိုးပြီးသွားပြီ။
သူမ ဖယောင်းတိုင်ကိုယူ၍ အိမ်သို့ပြန်ခဲ့သည်။ ချင်းအန့်မင်၏အခန်းရှိ ဖယောင်းတိုင်မီးတွေမှုတ်ထားသောကြောင့် သူ အိပ်ပျော်နေပေလိမ့်မည်။ ရှောင်းကော သူမရဲ့အခန်းထဲကို ခြေသံဖွဖွလေးနဲ့ဝင်ခဲ့သည်။
သူမအခန်းထဲဝင်လာတော့ ကျွမ်းကျွမ်းက အိပ်ပျော်လုနီးပါးဖြစ်နေပြီ။ သူ့မျက်လုံးတွေ လုံးလုံးမပိတ်သွားခင် မျက်လုံးကို အနည်းငယ်သာ ဖွင့်နိုင်တော့သည်။
ရှောင်းကောက ဖယောင်းတိုင်ကို စားပွဲပေါ်တင်လိုက်ပြီး သူမလဲထားတဲ့ အဝတ်အစားများကို သပ်ရပ်အောင် လုပ်လိုက်သည်။ မနက်ဖြန် အဝတ်လျှော်ဖို့ ဖယ်ထားလိုက်ပြီး အိပ်ရာဝင်ဖို့ ပြင်ဆင်လိုက်သည်။
_
နောက်တစ်နေ့မနက်မှာတော့ ရှောင်းကောက တိရစ္ဆာန်တွေအားလုံးကို အစာကျွေးပြီးနောက် မစ္စစ်ယန်က သူမကို လာရှာခဲ့သည်။
"ယောက်မ ဘာလို့ ဒီလောက်အလျင်လိုနေတာလဲ"
မစ္စစ်ယန်က ရှောင်းကောကိုတွေ့တော့ သူမကို ဆွဲထုတ်ခဲ့သည်။ ရှောင်းကော အမှိုက်ဂေါ် ကို အမြန်ချလိုက်ပြီး သူမနောက်သို့ လိုက်သွားခဲ့သည်။
"လီကျောက်ဒီ ထပ်ပြီးရူးသွားပြန်ပြီ!"
မစ္စစ်ယန်က ရှောင်းကော ရဲ့နားထဲကိုတိုးတိုးလေး မပြောခင် အနီးတစ်ဝိုက်ကိုလှည့်ပတ်ကြည့်ခဲ့သည်။
" ဘာကိုဆိုလိုတာလဲ၊ ထပ်ပြီးတော့ဆိုတာက"
ရှောင်းကော မျက်ခုံးပင့်လိုက်ပြီး “ထပ်ပြီးတော့”ဆိုတာက ဘာအကြောင်းလဲ သိချင်လာသည်။
"မနေ့ကနေ့လည်ခင်းမှာ လီကျောက်ဒီ ပြန်ကောင်းလာပြီလို့ တခြားသူတွေဆီကနေ ငါ့ယောက္ခမကြားလာတာ။ ဒါပေမယ့် ဒီမနက်ကျတော့ ရွာလူကြီးက လူအနည်းငယ်နဲ့ သူ့ဆီသွားလည်တော့ သူထပ်ပြီး ရူးနေပြန်ပြီ။ အခုဆို အော်ဟစ်ပြီး သူ့အဝတ်စားတွေကို စုတ်ဖြဲနေတာ"
မစ္စစ်ယန်က အတင်းအဖျင်းအကြောင်း ရှောင်းကော အား ပြောပြနေသည်။ လီကျောက်ဒီ၏ ကံဆိုးမှုက သူမ၏ ကံကြမ္မာ ဖြစ်လာခဲ့သည်။
မစ္စစ်ယန်စကားပြောလို့ ပြီးသွားသောအခါ ရှောင်းကော ရယ်မောလိုက်သည်။ ဒါပေမယ့်လည်း သူမ လီကျောက်ဒီ ကို ရယ်ခဲ့တာမဟုတ်ပေ။ မစ္စစ်ယန်၏ သတင်းကွန်ရက်ကို သူမ ရယ်မောနေခဲ့တာဖြစ်သည်။ မစ္စစ်ယန် က ရွာမှာရှိတဲ့ အရာအားလုံးကို ဘယ်လိုလုပ်သိတာလဲ။ ရှောင်းကော တကယ်ကို သိချင်နေခဲ့သည်။ မစ္စစ်ယန်ကြောင့် ရွာက အတင်းအဖျင်းတွေကို သူမ လိုက်မမှီနိုင်ခဲ့ဘူး။
ပါးစပ်က ပျံ့တဲ့သတင်းက အခုခေတ် အင်တာနက်ထက်တောင် ပိုမြန်သည်။ တစ်ခုခုဖြစ်သွားတာနဲ့အမျှ လူတိုင်း သိသွားကြပြီ။
"သွားကြရအောင်။ နေရာကောင်းတစ်ခုရှာဖို့လိုတယ်"
ရှောင်းကောသည် သူမအား အချိန်ယူနေသေးသည်ကို မြင်လိုက်ရသဖြင့် မစ္စစ်ယန် အနည်းငယ်စိုးရိမ်သွားခဲ့သည်။ သူမကို သယ်ပြီး ပြေးနိုင်ပါစေလို့ ဆုတောင်းလိုက်သည်။