← Chapters

အခန်း (၁၉၁)

Vol. 13 Ch. 191

အခန်း (၁၉၁)

Vol. 13 Ch. 191

အကြောင်းတစ်ခုခုကြောင့် ရှောင်းကောသည် လီကျောက်ဒီကို လွန်ခဲ့သော နှစ်ရက်အတွင်း မမြင်ခဲ့ရပေ။ ဒါက သူမကို ပိုလို့တောင် စိတ်မသက်မသာဖြစ်စေသည်။ လီကျောက်ဒီက ရူးချင်ယောင်ဆောင်နေပြီး သူမ၏ ပစ်မှတ်မှာ ချင်းအန့်မင် ဖြစ်သည်ဟု သူမအမြဲတွေးခဲ့ဖူးသည်။ သူမသည် ဤနှစ်ရက်တာမှာ ခရိုင်ဂိတ်တံခါးတွင် တိတ်ဆိတ်နေပုံရသော်လည်း ရှောင်းကောမှာ စိတ်မသက်မသာဖြစ်နေဆဲပင်။

"ညီမလေး ရှောင်းကော၊ ညီမလေး အစ်မကိုပေးထားတဲ့ ဆိုင်သုံးဆိုင်လုံးကို လူတစ်ယောက်တည်းက စီမံခန့်ခွဲထားတာကိုသိလား။ စုချန်ရှန်တဲ့"

ရူယီသည် ရှောင်းကော မူးမေ့လုမတတ်ဖြစ်သွားစေတဲ့ ဗုံးကြီးတစ်လုံးကို လွှင့်ပစ်ခဲ့သည်။

"လူတစ်ယောက်ထဲလား?!"

!!

"ဟုတ်တယ်!" ရူယီက စာတစ်စောင်ထုတ်ပြီး ရှောင်းကော ကို ပေးလိုက်သည်။ “အစ်မ သတင်းပို့နေတယ်ဆိုတာ သူကြားတာနဲ့ ဒီစာကို ညီမလေးဆီ ယူသွားပေးဖို့သူ တောင်းဆိုခဲ့တာ။ တခြားဘာမှတော့ မပြောဘူး”

"သူ ဘာမှ မပြောဘူးလား"

ရှောင်းကော စာကိုယူလိုက်ပေမယ့် သူမအဲ့တာကိုဖွင့်ဖို့ အလျင်မလိုခဲ့ပေ။ ထို့နောက် သူမသည် ရူယီကို ရွှင်မြူးစွာ ကြည့်လိုက်သည်။ "သူဘာမှမပြောရင် အဲဒါကပြီးသွားပြီဆိုတာ အစ်မ ဘယ်လိုသိလဲ"

သူမ ဘာမှမပြောတော့ဘဲ စိတ်လှုပ်ရှားနေသည်ဟု ထင်သည်။ ဒီတော့ သူဌေးက ဘာမှ မပြောဘူး။

“ညီမလေး အစ်မကို ပေးခဲ့တဲ့ ချက်နည်းအတိုင်း သူ့ကို ပြောင်းဖူးပေါက်ပေါက် လုပ်ပေးလိုက်တာ၊ အဲ့တာစားပြီးတာနဲ့ သူ စာပဲရေးခဲ့တာ ” ရူယီ ခေါင်းကုတ်လိုက်ပေမယ့် သူ့လေသံက အရမ်းသေချာနေသည်။ “သူ့မှာ ဒီလို ရည်ရွယ်ချက် ရှိထားတာဖြစ်မယ် မဟုတ်ရင် သူ ညီမလေးကို စာတစ်စောင် ဘာလို့ ရေးပေးမှာလဲ”

ရှောင်းကောသည် သူမ၏စကားတွေက အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသောကြောင့် သူမ စာကိုစတင်ဖွင့်ခဲ့သည်။

ရူယီ လည်း စာကို သိချင်သည်။ ဒါပေမယ့် သူမ ခေါင်းစောင်းပြီးကြည့်လိုက်ချိန်တွင် ခြံဝင်းထဲတွင် ခွေးဟောင်သံကို ကြားလိုက်ရသည်။ သူမ မော့ကြည့်လိုက်တော့ ချင်းအန့်မင် ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။

"အစ်ကို အန့်မင်!"

ရူယီ သည် ငှက်ကလေးတစ်ကောင်ကဲ့သို့ သူမ၏လက်နှစ်ဖက်ကိုဖွင့်ကာ ချင်းအန့်မင်ဘက်သို့ ပြေးသွားခဲ့သည်။ သူမသည် ကျွမ်းကျွမ်းနဲ့ ယန်ကျားကို သဘာဝအတိုင်း လျစ်လျူရှုခဲ့သည်။

"ရူယီ!"

ချင်းအန့်မင်က အိမ်မှာဘယ်သူရောက်နေတာလဲဆိုတာ သိချင်နေခဲ့သည်။ အကျွမ်းတဝင်ရှိသော သူကို မြင်လိုက်ရသောအခါ၊ သူသည် သူမဖြစ်ကြောင်း မှန်းဆခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း သူဝင်လာသည်နှင့် ရူယီ ကိုတွေ့လိုက်ရသည်။

ယန်ကျားက အဲ့တာက သူစိမ်းတစ်ယောက်ဖြစ်ပြီး အမျိုးသမီးတစ်ဦးဖြစ်သည်ကို မြင်သောအခါ၊ သူသည် မသိစိတ်မှ နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ခေါင်းငုံ့လိုက်သည်။

"ဟေး အစ်မ ရူယီ "

ကျွမ်းကျွမ်း သူမကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။ ရူယီက သူ့ ခေါင်းကို ပွတ်သပ်ရင်း ပြန်နှုတ်ဆက်ခဲ့သည်။

သူတို့ထဲက လူအနည်းစုက အိမ်ထဲကို ပြန်လာပြီး ထိုင်နေကြသည်။ ကျွမ်းကျွမ်းနဲ့ယန်ကျားတို့သည် စာဖတ်ရန် ဘေးအခန်းသို့ သွားခဲ့ကြသည်။

လူကြီးသုံးယောက်က စားပွဲဝိုင်းမှာ ထိုင်နေကြသည်။ ရူယီက ချင်းအန့်မင်ကို မှီပြီး သူ့ကိုခေါင်းအစခြေဖျားအဆုံး ကြည့်ခဲ့သည်။ သူမရဲ့နှလုံးသားက မကူညီနိုင်ဘဲ သူ့အတွက် နာကျင်နေသည်။ သူဘာလို့ ဒီလောက်ပိန်ရတာလဲ...

သူနေမကောင်းဖြစ်နေတာကို သူမ သိလိုက်ရသည်။ ယင်းမတိုင်မီက အစ်ကိုအန့်မင်သည် ဤမျှကြာပြီးနောက် ဘာကြောင့် ပြန်မလာသေးတာလဲဟု တွေးတောနေသေးသည်။ ခုတော့ သူဖျားနေလို့ဆိုတာ သူမ သိလိုက်ရသည်။

ရှောင်းကော ရေတစ်ငုံသောက်လိုက်ပြီး သူတို့ နှစ်ယောက်နှင့် သူတို့၏ သေးငယ်သော တုံ့ပြန်မှုကို ကြည့်နေသည်။ တီဗီကြည့်ရတာထက် ဒါက ပိုစိတ်ဝင်စားစရာကောင်းတယ် မဟုတ်ဘူးလား။

ရူယီသည် ချင်းအန့်မင်နှင့် နီးကပ်သွားပြီး သူ့ကို ချစ်ခင်စွာ ထိလိုက်သည်။

ချင်းအန့်မင် စိတ်မသက်မသာနဲ့ သူမကို ရှောင်ဖို့ ဘေးဘက်ကို ရွှေ့လိုက်သည်။ သူတို့နှစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားတော့မည်ကို မြင်လိုက်ရသဖြင့် ရှောင်းကောက အာရုံစူးစိုက်မှုရရှိရန် ပြောလိုက်သည်။

"အဟမ်း၊ စုမိသားစုရဲ့ ကုန်ပစ္စည်းဆိုင်က မန်နေဂျာက ညီမကို စကားစမြည်ပြောဖို့ တွေ့ကြဖို့ပြောလာတယ်"

"တကယ်လား?!"

ရူယီနဲ့ ချင်းအန့်မင်တို့ အရမ်းပျော်နေပေမယ့် ရူယီ မှာတော့ ထူးခြားတဲ့ တုံ့ပြန်မှုတစ်ခုရှိသည်။

"ရူယီ၊ ဒီလိုဖြစ်လာမယ်ဆိုတာ မသိထားဘူးလား။ အခုဘာလို့အရမ်းစိတ်လှုပ်ရှားနေရတာလဲ"

ရှောင်းကောသည် ပျော်ရွှင်နေသော ရူယီကို စကားမပြောနိုင်စွာ ကြည့်လိုက်သည်။

"မဟုတ်ဘူး၊ ညီမလေး ရှောင်းကော၊ အစ်ကို အန့်မင်၊ အစ်ကိုတို့သိလား။ ဆိုင်ရှင် စု ရဲ့ မျက်နှာက တအားလှတာ " ရူယီ လက်မထောင်ပြလိုက်သည်။ ထိုလူ၏ ပုံသဏ္ဍာန်ကို သူမ မှတ်မိနေသေးသည်။ ဒီလို ချောမောလှပတဲ့ အမျိုးသားတစ်ယောက် ဘယ်လိုလုပ်ရှိနိုင်မှာလဲ။

ရှောင်းကောနဲ့ ချင်းအန့်မင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ရူယီသည် သူမ၏ မှတ်ဉာဏ်များထဲ နစ်မြုပ်နေခဲ့သည်ကို မြင်လိုက်ရသဖြင့် သူတို့ ဘာမှ မပြောဘဲ အဆုံးတွင် သူမ၏ စိတ်ကူးယဉ်မှုကို နှောင့်ယှက်နေဆဲပင်။

"စိတ်ကိုအေးအေးထား ရူယီ"

"ညီမလေး ရှောင်းကော၊ ဒါကအမှန်ပဲ။ ဆိုင်ရှင် စုက အရမ်းလှတာ။ ယောက်ျားတစ်ယောက်ကို အရမ်းကြည့်ကောင်းတယ်လို့ တွေးလို့ရတယ်။ သူ့မျက်နှာကို မြင်ပြီးတော့ အစ်မ မော့တောင်မကြည့်ရဲတော့ဘူး။ သူ့ဘေးမှာ ရပ်ရတာ တကယ်ကို အထင်သေးစရာကောင်းတယ်လို့ ခံစားရတယ်"

ရူယီ သူမ၏ မျက်နှာကို ထိလိုက်သည်နှင့် အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ အကယ်၍ သူမသည် ထိုကဲ့သို့သော မျက်နှာကို တစ်ရက်မျှ ပိုင်ဆိုင်နိုင်လျှင် ချင်းအန့်မင်ကို ဖြားယောင်းသွေးဆောင်ပြီး သူမကို ရှောင်ရှားရန် သေချာပေါက် အသုံးပြုလိမ့်မည်။

သူမ တွေးနေရင်းနဲ့ ချင်းအန့်မင်ကို မကူညီနိုင်ဘဲ စိုက်ကြည့်လိုက်သည်။

ချင်းအန့်မင်သည် အံသြသွားသည်။ 'သူဘာလုပ်ခဲ့လို့လဲ။ သူဘာကြောင့် ဘာမှမလုပ်တာကို အထင်သေးခံနေရတာလဲ။'

"ကောင်းပြီ၊ ကောင်းပြီ၊ အဓိကအကြောင်းအရာကို ပြန်သွားကြရအောင်။" သူမ မူလအကြောင်းအရာမှ ဘေးကို ချော်သွားသည်ကို မြင်လိုက်ရသဖြင့် ရှောင်းကော သည် သူမအား အဓိကအကြောင်းအရာဆီသို့ အမြန်ပြန်ခေါ်သွားခဲ့သည်။ "ညီမ ဈေးကို ဘယ်လိုသတ်မှတ်ရမလဲ"

ရှောင်းကော အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ ဤနေရာတွင် ခုထိ ပေါက်ပေါက်မရရှိနိုင်သေးပေ။ ၎င်းကို ဘယ်လောက်ရောင်းရမှန်း မသိသောကြောင့် သူမအတွက် ရည်ညွှန်းစရာအကြောင်းမရှိပေ။ သူမသည် အဖွဲ့ထံမှ အကြံပြုချက်များကိုသာ စုဆောင်းနိုင်ခဲ့သည်။

ရူယီနဲ့ ချင်းအန့်မင်တို့သည် ထိုအရာကိုကြားသောအခါတွင် သူတို့သည် ၎င်းကို စတင်စဉ်းစားခဲ့ကြသည်။ ရိုးရိုးသားသားပြောရလျှင် ဤအရာသည် အရသာရှိသော်လည်း အစေ့အနည်းငယ်က ပေါက်ပေါက်ကိုအင်တုံကြီးတစ်လုံးထိ ထုတ်ပေးနိုင်သည်။ စျေးအရမ်းမြင့်ဖို့ မသင့်တော်ဘူး။ အခြားတစ်ဖက်တွင်မူ စျေးနှုန်းနိမ့်လွန်းသည်ဟု သတ်မှတ်ခြင်းက သက်သာရာရစေမည်မဟုတ်ပေ။

" အလေးချိန်နဲ့ ရောင်းမှာလား ဒါမှမဟုတ် တခြားနည်းနဲ့ ရောင်းချင်တာလား။"

ချင်းအန့်မင် စကားမပြောခင် ခဏလောက် စဉ်းစားလိုက်သည်။

"အင််... အလေးချိန်နဲ့ ရောင်းရအောင်"

ရှောင်းကောလည်း အဲဒါကို သေချာမသိဘူး။ သူမ အခုပဲ ဈေးသတ်မှတ်နိုင်သလို နောက်ပိုင်းမှာ တွေ့ဆုံကြတဲ့အခါ အသေးစိတ်အချက်လက်တွေကို အကောင်အထည်ဖော်နိုင်မှာ။

တစ်ချို့က စျေးနှုန်းကို အတူတူ ဆွေးနွေးကြသည်။ အဆုံးတွင် ၎င်းတို့သည် အလယ်အလတ်တန်းစားစျေးနှုန်းကို ရွေးချယ်ကာ အခြေခံစျေးနှုန်းနှစ်ခုကို ဖော်ထုတ်ခဲ့သည်။ အနည်းဆုံးတော့ စေ့စပ်ညှိနှိုင်းဖို့ အခန်းတွေ ချန်ထားရသည်။

နေ့လယ်တွင် ရူယီ နေ့လည်စာစားသွားခဲ့သည်။ စားပြီးသောအခါတွင် သူမ မကျေမနပ်ဖြင့် နှုတ်ဆက်ခဲ့သည်။

"အစ်ကိုအန်းမင်၊ ကောင်းကောင်းအနားယူလိုက်ဦး"

အတိအကျပြောရလျှင် သူမသည် ချင်းအန့်မင် နှင့် ခွဲခွာရန် တွန့်ဆုတ်နေခဲ့သည်။

"စိတ်မပူပါနဲ့ ငါ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိဘူး။ ရှောင်းကော ခရိုင်ကို သွားတဲ့အခါ သူ ငါ့ကို ခေါ်သွားလိမ့်မယ်"

ချင်းအန့်မင် က ရူယီ ကို စိတ်ချစေခဲ့သည်။ ရှောင်းကော ၏စောင့်ရှောက်မှုအောက်တွင် သူ၏ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ရှောင်းကောက သူ့ကိုပြန်ခေါ်ဖို့ အဆင်သင့်မဖြစ်သေးရင် သူ ရူယီ နဲ့ အလုပ်ပြန်လုပ်ဖြစ်မှာပါ။

"ကောင်းပြီ။ ကျွန်မ အစ်ကို့ကိုစောင့်နေမယ်။"

ရူယီ ရယ်လိုက်သည်။ သူ ပြန်သွားဖို့ စီစဉ်နေတာ ကောင်းသည်။ အဲဒီအခါမှာ သူမ သူ့ကိုစောင့်နေမယ်။

"ကျွန်မ သွားရတော့မယ့်အချိန်ရောက်ပြီ!"

ရူယီက သူတို့ကို လက်ဝှေ့ယမ်းပြပြီး ရထားလုံးနဲ့ ထွက်သွားခဲ့သည်။

ရထားလုံးကို မမြင်ရတော့တဲ့အချိန်မှာ ရှောင်းကောနဲ့ ကျန်တဲ့သူတွေ ပြန်သွားကြသည်။

ရှောင်းကောသည် အဖွဲ့အတွင်း နောက်ဆုံးပါဝင်ခဲ့သည်။ အိမ်ထဲကို လှည့်ကြည့်လိုက်တော့ သစ်ပင်နောက်ကွယ်မှာ တစ်စုံတစ်ခု ဖျက်ခနဲပေါ်လာသည်။ ရှောင်းကော အနီးကပ် ကြည့်လိုက်တော့ ဘာမှ မတွေ့ပေ။ သူမ မှားမြင်မိတာလို့ သူမ ထင်ခဲ့တော့ ဒါကို သူမဂရုမစိုက်ဘဲ တံခါးကိုပိတ်လိုက်သည်။

_

နှစ်ရက်အကြာတွင် ရှောင်းကော မန်နေဂျာ စုကို ရှာဖို့ အချိန်တန်ပြီ။ ပေးစာအရ ရှောင်းကောသည် ယနေ့ နှစ်ရက်အတွင်း သူနှင့် တွေ့ဆုံရန် လိုအပ်သည်။ တည်နေရာကတော့ စုမိသားစုရဲ့ ကုန်ပစ္စည်းဆိုင်မှာ ဖြစ်သည်။ မနက်ခင်းမှာအချိန်မရွေး သူ့ကိုတွေ့လို့ရသည်။

ရှောင်းကောသည် တတ်နိုင်သမျှ စောစောစီးစီးသွားရန် စီစဉ်နေသည်။ ထမင်းစားပြီးတာနဲ့ ခဏလောက် အနားယူပြီး ခရီးထွက်ဖို့ အဆင်သင့်ဖြစ်နေပြီ။

ချင်းအန့်မင်က အခုမှနေကောင်းခါခပင်။ သူ ဘာမှမလုပ်နိုင်သေးဘူး။ မနေ့က အိမ်မှာရှိတဲ့ ထင်းတွေအကုန်ခုတ်ပြီး မြက်တွေ အများကြီးဖြတ်ခဲ့သည်။ အနည်းဆုံးတော့ ရှောင်းကော ဒီအလုပ်တွေကို ခဏလောက် စိတ်ပူနေစရာ မလိုတော့ပေ။

ထွက်ခွာသည့်နေ့တွင် ကျွမ်းကျွမ်းက ရှောင်းကော မြည်းတွန်းလှည်းကို မောင်းနေစဉ် သူက ချင်းအန့်မင်၏ပေါင်ပေါ်တွင် ထိုင်နေခဲ့သည်။ သူ့တံခါးကို သော့ခတ်ပြီးတာနဲ့ ခရီးဆက်ခဲ့ကြသည်။

ချင်းအန့်မင် အနားတွင် အိတ်ကြီးတစ်လုံးရှိသည်။ အထဲမှာဘွတ်ဖိနပ်အထူကြီးနဲ့ ရှောင်းကော သူ့အတွက် ယူထားတဲ့ သားရေ ကုတ်အင်္ကျီ ရှိသည်။

"ဦးလေး ဦးလေးနေကောင်းသွားပြီဆိုတာ သေချာလား" ကျွမ်းကျွမ်း ချင်းအန့်မင်ကို မော့ကြည့်လိုက်သည်။

"ဒါပေါ့ ကောင်းသွားပါပြီကွာ။ ကျွမ်းကျွမ်း ဦးလေးအတွက် စိတ်ပူနေတာလား"

ချင်းအန့်မင်ကတော့ တော်တော်လေးကို ကျေနပ်နေမိသည်။ ကျွမ်းကျွမ်းက သူ့ကို ဘယ်လိုဂရုစိုက်ပေးရမယ်ဆိုတာကို သူ သိသည်။ သူ့နှလုံးသားက ခံစားချက်တွေနဲ့လောင်ကျွမ်းနေသည်။

“မဟုတ်ဘူး” ကျွမ်းကျွမ်းခေါင်းယမ်းလိုက်သည်။ ချင်းအန့်မင်၏ အေးခဲနေသောအမူအရာကို သူ မမြင်လိုက်ပေ။ “မနေ့ညက အမေက အိပ်မပျော်ခဲ့ဘူး။ ဦးလေး တော်တော်လေး နေကောင်းနေပြီလား၊ ရထားလုံးနဲ့ ခရီးသွားတာကို ခံနိုင်ရည်ရှိပါ့မလားလို့ သူ တွေးနေခဲ့တာ"

ချင်းအန့်မင်သည် ထိုစကားကိုကြားသောအခါ ရှောင်းကောအား နာကျင်စွာ ကြည့်နေလေသည်။ "အစ်ကို တကယ်နေကောင်းပါတယ်။ စိတ်မပူနဲ့"

ဒီနေ့ သူမမျက်လုံးထောင့်တွေက ဘာလို့ဒီလောက်နီနေတာလဲလို့ သူ တွေးနေမိတုန်းပဲ။ တကယ်တော့ မနေ့ညက သူမ ကောင်းကောင်းမအိပ်ထားတာကြောင့်ပဲ။

“မဟုတ်ဘူး၊ အဲ့လို မဟုတ်ဘူး” ရှောင်းကော အနည်းငယ်ရှက်သွားသည်။ ချင်းအန့်မင် စိတ်မသက်မသာဖြစ်နေမှာကို ကြောက်လို့ သူမ ချက်ချင်းပြောလိုက်သည်။ "မနေ့ညက ညီမ အိပ်ပါတယ်၊ တကယ်တော့ ညီမ ကောင်းကောင်းကြီးအိပ်ပျော်သွားတာ "

“အမေ၊ အမေ…”

"လိမ္မာတယ် တိတ်တိတ်လေးနေ"

ရှောင်းကော ကျွမ်းကျွမ်း၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။ သူမ အင်အားအလွန်အကျွံသုံးလိုက်သောကြောင့် ကျွမ်းကျွမ်း အသက်ရှူကျပ်လုနီးပါးဖြစ်ခဲ့သည်။

ချင်းအန့်မင်က ဒီကိစ္စကို ဆက်မပြောချင်တော့ပေ။ သူ ရှောင်းကော၏ လက်ကို ရိုက်ပြီး ဖယ်ခိုင်းလိုက်ကာ ကျွမ်းကျွမ်းက သူ့လည်ပင်းကို ပွတ်သပ်နေစဥ် သူ့ကို အမြတ်တနိုး ပွေ့ဖက်လိုက်သည်။

ရှောင်းကောလည်း အရမ်းစိတ်ကသိကအောက်ဖြစ်ရသည်။ ဤသူသည် သူမ၏သားအငယ်ဆုံးဖြစ်သည်ကို သူမ မေ့လုနီးပါးပင်။

ကျွမ်းကျွမ်းသည် ချင်းအန့်မင်၏ ပခုံးပေါ် နာကျင်စွာ လှဲနေလိုက်သည်။ သူ့အမေ ဘာကြောင့် လိမ်ညာနေတယ်ဆိုတာ သူနားမလည်ပေ။ သူမ မနေ့ညက တစ်ညလုံးကို ဟိုဘက်လှည့်လိုက်သည်ဘက်လှည့်လိုက် လုပ်နေခဲ့တာ။ သူ မေးတော့ သူမကိုယ်တိုင် သူ့ကိုပြောပြခဲ့တာကို။

All Chapters