← Chapters

အခန်း (၁၉၃)

Vol. 13 Ch. 193

အခန်း (၁၉၃)

Vol. 13 Ch. 193

"နောက်ဆုံးတော့ မင်းရဲ့ အာရုံတွေ ပြန်ရောက်လာပြီပဲ!"

ချင်းအန့်မင် ရှောခ့်ရသွားသည်။ စောစောက ရှောင်းကော ဝင်လာတုန်းက သူမစကားမပြောဘဲ လူတိုင်းကို လျစ်လျူရှုထားခဲ့သည်။ သူမ ဝင်လာသည်နှင့် သူမရဲ့ဝိညာဉ်ဆုံးရှုံးသွားပုံပေါ်ပြီး ထိုင်နေသည်။ သူတကယ်ကို ထိတ်လန့်နေပြီး အခုလည်း သူ့နှလုံးသားက ခုန်နေဆဲပင်။

ရူယီနဲ့ ကျွမ်းကျွမ်းတို့ ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူတို့ရဲ့ရင်ဘတ်ကို ပုတ်ခဲ့ကြသည်။ "အစ်မ ရှောင်းကော၊ အစ်မ အခု အရမ်းကြောက်နေတဲ့ပုံပဲ!"

"ဟုတ်တယ် အမေ။ ဘာဖြစ်နေတာလဲ"

!!

ကျွမ်းကျွမ်း ရှောင်းကောထံ ချဉ်းကပ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

ရူယီ ခါးကိုင်းပြီး နူးညံ့စွာ မေးလိုက်သည်။ "အလုပ်ကအဆင်မပြေလို့လား"

ရှောင်းကော စကားထစ်နေသည်။ “…...ပြီးသွားပြီ”

"ပြီးသွားတယ်ဆိုရင် ဘာလို့ နုံးခွေနေသလိုဖြစ်လာရတာလဲ"

ရူယီ သူမကို စိတ်ရှုပ်နေချိန်မှာ ရှောင်းကောက ကြောင်တက်တက်ဖြစ်နေရာမှ ပြန်ကောင်းလာသည်။ သူမ အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ သဘောတူညီချက်က တကယ်ပြီးသွားပေမယ့် ဘာကြောင့် သူမရဲ့အူထဲမှာ နားမလည်နိုင်တဲ့ ခံစားချက်တစ်ခု ရှိနေတာလဲ။

"ဆိုင်ရှင် စုရဲ့ အလှကြောင့် အာရုံတွေ ပြန်မရနိုင်တော့တာလား"

ရူယီ က စနောက်လိုက်ပြီး ရှောင်းကောကို ဆွဲဖို့ လက်လှမ်းလိုက်သည်။

"ဘယ်လိုမှမဖြစ်နိုင်ဘူး" ရှောင်းကောက သူမလက်ကိုရိုက်လိုက်ပြီး အခိုင်အမာပြောခဲ့သည်။ "စီးပွားရေးသမားတွေအားလုံးက မရိုးသားဘူး!"

ရှောင်းကော ကြောင်တက်တက်ဖြစ်နေရာမှ ပြန်ကောင်းလာသည်။ သူ့ရဲ့အသွင်အပြင်က လှည့်စားလွန်းသည်ဟု သူမ ခံစားမိသည်။ သူ့မျက်နှာအတွက် မဟုတ်ရင် သူမက သူ့အကြံအစည်အတိုင်း ချက်ချင်းလျှောက်ပြီး သူတောင်းဆိုသမျှကို လုပ်မှာမဟုတ်ဘူး။ သူမကိုယ်သူမ ရူးသွပ်စေခဲ့သည်!

"ဘာလို့လဲ။ စျေးလျှော့ခံလိုက်ရလို့လား"

ချင်းအန့်မင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“… မဟုတ်ဘူး” သူမ စျေးလျှော့မခံလိုက်ရပါဘူး၊ တကယ်တော့ သူမရတဲ့အရာက ကြီးမားတဲ့ ပမာဏပဲ။

"အစ်မ အခွင့်ကောင်းယူခံလိုက်ရတာလား " ရူယီ ပြောပြီးသည်နှင့် သူမ ငြင်းခဲ့သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ အစ်မ ရှောင်းကောက လှတယ်ဆိုပေမယ့် ဆိုင်ရှင် စု က လူပျိုလေးပဲရှိသေးတယ် ... ဟီးဟီး"

ရူယီ ပါးစပ်ကို အုပ်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။

ရှောင်းကောက သူမကို မျက်ဖြူလှန်ပြလိုက်သည်။

….

"ဒါဆို ဘာဖြစ်နေတာလဲ"

အသံနှစ်သံက တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ သူတို့ရဲ့ မှန်းဆချက်တွေအားလုံး မှားသည်။ သူမဘာဖြစ်နေတာလဲ?

“ဟမ်…”

ရှောင်းကောက သူမ လုံးဝအရှက်ရတယ်လို့ ခံစားရသည်။ သူမ ကြိုတင်ပြင်ဆင်ထားခဲ့သော စကားတစ်ခွန်းကိုမှ မပြောနိုင်ခဲ့ပေ။ မန်နေဂျာစု ပြောသမျှကို သူမလုပ်ခဲ့သည်။ သူတို့သုံးယောက်ကို သူမ ဘယ်လိုပြောရမလဲ။

ရူယီ၏အမြင်တွင် သူမက အရည်အချင်းရှိပြီး သဘောထားကြီးသော အစ်မတစ်ယောက်ဖြစ်သည်။ ချင်းအန့်မင် ၏မျက်လုံးတွေမှာ သူမက စိတ်ကူးတွေပြည့်နှက်နေသော ညီမလေးတစ်ဦးဖြစ်သည်။ ကျွမ်းကျွမ်း၏အမြင်တွင် သူမက ကြီးမြတ်ပြီး အစွမ်းထက်သောမိခင်တစ်ဦးဖြစ်သည်။

သူတို့သုံးယောက်ရဲ့ အထင်ကြီးလေးစားမှုကို ခံရလို့ ရှောင်းကောက သူမ ခြယ်လှယ်ခံလိုက်ရတယ်ဆိုတာ ဘယ်လိုပြောရမှာလဲ။

သူမ ရိုးရိုးရှင်းရှင်း စားပွဲပေါ် မှီလိုက်ပြီး စကားမပြောနိုင်ဘဲ ရှက်ကိုးရှက်ကန်းဖြင့် တံတွေး မျိုချလိုက်သည်။

သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သက်ပြင်းချခဲ့ကြသည်။ ဘာတွေဖြစ်နေတာလဲ?

–

"မုန့်ကြော်တွေ အများကြီးဝယ်ခဲ့တာလား"

ရှောင်းကော နှုတ်ဆိတ်နေငေးတာကိုမြင်တော့ ရူယီက သူမယူလာတဲ့ အိတ်ကြီးထဲကဟာတွေကိုပဲ ညွှန်ပြနိုင်ခဲ့သည်။ “စုမိသားစု ကုန်ပစ္စည်းဆိုင် ” ဟူသော စကားလုံးများကို ၎င်းပေါ်တွင် ရိုက်နှိပ်ထားသည်။ သူမနောက်ဆုံးသွားတုန်းက တစ်ခုခုဝယ်ချင်နေခဲ့တာ။ ဒါပေမယ့်လည်း သူမ အိမ်မှ အလျင်အမြန် ထွက်လာခဲ့တော့ သူမနှင့်အတူ ပိုက်ဆံ ယူလာခဲ့ဖို့ မေ့သွားခဲ့သည်။ အချိန်ပိုရလာသောအခါတွင် သူမသည် ထိုနေရာသို့ ပြန်သွားရန် ရည်ရွယ်ထားသည်။

"ငါ နင့်ကို တစ်ချို့ ပေးမယ်" ရှောင်းကောက ရူယီ နှုတ်ခမ်းသပ်နေတာကို တွေ့လိုက်ရသည်။ သူမသည် ဖယောင်းစက္ကူအိတ်ကိုဖွင့်ကာ သူမလိုချင်သလောက် ယူခွင့်ပေးလိုက်သည်။

“အဲဒါက ပိုက်ဆံအများကြီးကုန်မှာပဲ”

ရူယီ က အဆာပြေမုန့်အိတ် အပြည့်ကို ကြည့်ကာ တံတွေးကို မျိုချလိုက်သည်။ သူမ အနည်းငယ်ပဲယူသင့်လား။

"ငါ ဘာပိုက်ဆံမှ မကုန်လာဘူး"

ရှောင်းကော ပြောပြီးသည်နှင့် တပြိုင်နက် မုန့်ကြော်တွေကို ကိုင်နေသည့် ရူယီရဲ့လက်မှာ ရပ်တန့်သွားခဲ့သည်။ သူမမှာ ရဲရင့်သော အတွေးတစ်ခုဖြင့် တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ရှောင်းကော ပြန်ရောက်လာချိန်တုန်းက ပုံစံကို အခြေခံပြီး ရူယီ ပြောလိုက်သည်။ "ဒါတွေက အစ်မအတွက် အစားထိုးပေးလိုက်တာလို့ မပြောနဲ့နော်..."

"သေချာပေါက်ဘယ်ဟုတ်မလဲ!" ရှောင်းကော သူမ၏စကားကြောင့် ဝါးလုံးကွဲမတတ် ရယ်မောလိုက်သည်။ 'သူမက ဒီလို မိုက်မဲတဲ့လူနဲ့များ တူနေလို့လား။ အဆာပြေစာမုန့်တစ်ထုပ်တည်းနဲ့ ပြောင်းဖူးစေ့တွေကို လွှဲပေးဖို့ သူမ ဘယ်လိုလှည့်စားခံရနိုင်မှာလဲ။'

“ငါ့မှာ သားတစ်ယောက်ရှိတယ်ဆိုတာ သူတို့ကြားထားတော့ စမ်းစားကြည့်ဖို့ အဆာပြေမုန့်တွေ ပြန်ယူသွားဖို့ အထူးတောင်းဆိုခဲ့လို့ပါဟယ်"

ရှောင်းကော အမြန်ရှင်းပြလိုက်သည်။ သူမ၏ တစ်ခုတည်းသော နောင်တကြောင့်သာ သူတို့မှာ ဤမျှလောက်သော ယူဆချက်မျိုး ထွက်ပေါ်လာမည်ဟု သူမ မျှော်လင့်ထားခဲ့ပေ။

ထိုစကားကြားသောအခါ သုံးယောက်သား သက်ပြင်းချလိုက်ကြသည်။

ကျွမ်းကျွမ်းက သူ၏လက်သေးသေးလေးဖြင့် မုန့်အကြော်တွေကို လှမ်းယူလိုက်သည်။ ကံမကောင်းစွာပဲ၊ သူ့လက်တွေက တိုလွန်းသည်။ ရှောင်းကောက သူ့အတွက် လက်တစ်ဆုပ်စာ နှိုက်လိုက်ပြီး သူ့ရှေ့မှာ ချပေးလိုက်သည်။

ကျွမ်းကျွမ်းက သူ့မျက်လုံးတွေကို မှေးကျဥ်းပြီး ရှောင်းကောကို ဝမ်းသာအားရ ပြုံးပြရင်း မုန့်အကြော်များကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

မွန်းတည့်ချိန်ရောက်သည်ကို မြင်လိုက်ရသဖြင့် ရှောင်းကောက သူတို့ အလုပ်ရှုပ်နေမှန်းသိသောကြောင့် သူမပြန်သွားဖို့ ပြင်လိုက်သည်။

မထွက်သွားခင်မှာ ချင်းအန့်မင်ကို သူ့ကိုယ်သူ ဂရုစိုက်ဖို့ သတိပေးခဲ့သည်။ ထပ်ခါတလဲလဲ အာမခံချက်ရပြီးနောက် သူမသည် ကျွမ်းကျွမ်းကို အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။

အပြန်လမ်းတွင် ရှောင်းကောသည် မနေ့ညက မက်ခဲ့သော အိပ်မက်ကို တွေးမိသည်။ သူမ၏ အရေပြားအောက်မှ အဖုအထစ်များ ထွက်လာသည်ကို ခံစားရနိုင်သည်။

သူမ၏ အိပ်မက်ထဲတွင် ချင်အန်းမင်းက ချင်းအိမ်တော် တွင် နေထိုင်ဆဲဖြစ်သည်။ အစာငတ်ခြင်းနှင့် အနွေးထည်မရှိခြင်းတို့ကြောင့် သူ နေမကောင်းဖြစ်ခဲ့ရသည်။ အချိန်အတော်ကြာ နေမကောင်းဖြစ်ပြီး ဆေးမကုခဲ့ရပေ။ နောက်ဆုံးတွင် သူ၏ ကျန်းမာရေးက ဆိုးရွားလာပြီး အချိန်ကြာလာသည်နှင့်အမျှ ရောဂါမျိုးစုံ တိုးလာသဖြင့် အိမ်တွင် အိပ်ရာပေါ်၌ တစ်ယောက်တည်း သေဆုံးသွားခဲ့သည်။ သူသည် ရွာရှိဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်တာကြောင့် အရိုးစုပုံဖြစ်သွားပြီးနောက်မှသာ သူ၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ရှောင်းကော အတွေးကြောင့် တုန်လှုပ်သွားသည်။

"မဟုတ်ဘူး! ငါ ဒီလိုဖြစ်လာခွင့်ပြုမှာမဟုတ်ဘူး!"

"အမေ၊ သားတို့ ဘယ်သွားမလို့လဲ"

ရထားလုံးက ခရိုင်မှ ထွက်သွားခွာခါနီးတွင် မြည်းရထားလုံးသည် ဆန့်ကျင်ဘက်သို့ ရုတ်တရက် နောက်ပြန်လှည့်သွားသည်။ ကျွမ်းကျွမ်းက ဘာတွေဖြစ်နေတာလဲဆိုပြီး သိချင်မိသွားသည်။

"အမေတို့ ဈေးပြန်သွားမို့။ အမေ့မှာ တစ်ခုခုဝယ်စရာရှိလို့"

ရှောင်းကော ရုတ်တရက် အဖြေကို စဉ်းစားလိုက်သည်။ ချင်းအန့်မင်က ဆေးသောက်ရတာမကြိုက်ဘူးဆိုတော့ သူ့အတွက် ဆေးဖက်ဝင်အပင်တွေ သူမ လုပ်ပေးရမည်။ အာဟာရပြည့်ဝသော အစားအစာများ ဖြည့်စွက်ပေးခြင်းသည် သူ၏ တက်ကြွမှုကို ဖြည့်တင်းပေးနိုင်သည်။သူ ကျန်းမာရေးပြန်ကောင်းလာတဲ့အထိ သူမ ရပ်မနေဘူး။

သူမသည် ဆေးဖက်ဝင်အပင်တွေရောင်းတဲ့ဆိုင်သို့ သွားကာ ဟင်းရည်ချက်ရန် အသုံးပြုနိုင်သည့် ဟင်းသီးဟင်းရွက်များဝယ်ရန် စီစဉ်ခဲ့သည်။ ဆေးဖက်ဝင်ဟင်းလျာများပြုလုပ်ရန်အတွက် ကြက်၊ ဘဲ၊ ဝက်ရိုးများကိုလည်း ဝယ်ယူရမည်ဖြစ်သည်။

"အမေ၊ ဘာလို့ ကြက်တွေဝယ်နေတာလဲ"

ရှောင်းကော၏ အစီအစဉ်ကို ကြားသောအခါ ကျွမ်းကျွမ်း အနည်းငယ် စိတ်ရှုပ်သွားသည်။ အိမ်မှာ ကြက်တွေရှိတာကို ဘာလို့ ကြက်တွေဝယ်နေရတာလဲ။

“အမေက သတ်ပြီးသားကြက်တွေ ဝယ်ချင်တာ၊ အမေတို့အိမ်မှာ မွေးထားတဲ့ကြက်တွေက ဥဥဖို့ပဲ၊ အမေတို့က သူတို့ကိုအသားအတွက် မစားဘူး”

ရှောင်းကောက စကားပြောနေစဉ် သူမသည် သူဌေးထံ ပိုက်ဆံတွေ ပေးချေပြီး ကြက်တွေနဲ့ ဘဲအသေတွေကို မြည်းရထားလုံးပေါ်သို့ မတင်မီ သူ့ထံမှ ယူခဲ့သည်။

“ဝိုး၊ အများကြီးပဲ။”

ကျွမ်းကျွမ်းသည် ကြက်၊ ဘဲနှင့် ဝက်အရိုးတွေအပုံလိုက်ကြီးအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဒါတွေအားလုံးကုန်အောင်စားဖို့ အချိန် ဘယ်လောက်ကြာမလဲ။

"ဟုတ်တာပေါ့။ အရသာရှိတဲ့ အစားအစာတွေကို အမေလုပ်ပေးမယ်"

ရှောင်းကော သည် သူမ ဒီကိုရောက်ကတည်းက ဝက်သားစားနေခဲ့တာ။ သူမသည် ကြက်သားနှင့် ဘဲသားကို တောင့်တလာသည်။ သူမက ဒီတခေါက် ပိုဝယ်လာပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားမည်။ ဟင်းတစ်ခုခုကို ချက်ချင်တိုင်း ရေခဲသေတ္တာထဲက ယူလို့ရနိုင်သည်။

သူမ စီစဉ်ထားသော ဆေးဖက်ဝင်အပင် ဟင်းလျာများအပြင် ရှောင်းကော၏ စိတ်ထဲတွင် ကြက်ကင်၊ ဘဲကင်၊ ကြက်ကြော်၊ ဘဲသားပြုတ်၊ ဘဲသားပြုတ်နှင့် စပ်ထားသော ကြက်သားဟင်းမျိုးစုံတို့ဖြင့် ပြည့်နှက်နေသည်။

"အိုး အချစ်လေး၊ အမေ အဲဒါကို တွေးနေတာ ရပ်မှရတော့မယ်။ အမေ သွားရည်ကျနေပြီ"

"ကျွမ်းကျွမ်း၊ အသားတွေကို ကြည့်ထားဦး။ အမေ ဟင်းသီးဟင်းရွက်သွားဝယ်လိုက်ဦးမယ်။"

"ကောင်းပါပြီ၊ စိတ်မပူနဲ့ အမေ!"

ရှောင်းကော၏စကားကိုကြားတော့ ကျွမ်းကျွမ်းက အစောင့်လေးတစ်ယောက်လို အသားဘေးတွင် ထိုင်နေခဲ့သည်။

သူမ ဆေးဖက်ဝင်အပင်တွေရောင်းတဲ့ ဆိုင်သို့ရောက်သောအခါ ရှောင်းကောသည် ဟင်းရည်ချက်လုပ်ရန်သုံးနိုင်သည့် သူမ သိထားသော ဟင်းသီးဟင်းရွက်အားလုံးကိုတောင်းခဲ့သည်။ ဆိုင်ဝန်ထမ်းက ဟင်းသီးဟင်းရွက်များကို ထုပ်ပိုးနေစဉ် ရှောင်းကောသည် ကျွမ်းကျွမ်းကို စစ်ဆေးရန် ထွက်လာခဲ့သည်။ သူအနားမှာ ရှိနေကြောင်း သေချာပြီးနောက် ဆိုင်ထဲသို့ ပြန်ဝင်သွားသည်။

အသီးအနှံတွေကို ယူပြီး ပိုက်ဆံပေးပြီး ထွက်လာခဲ့သည်။ ဝန်ထမ်းက ရှောင်းကော ဝယ်ထားတာတွေကို မြည်းရထားလုံးဆီ သယ်ပို့ပေးရန်ပင် ကူညီပေးခဲ့သည်။

ဟင်းသီးဟင်းရွက်အိတ်အကြီးကြီးကို ထောင့်ထဲသို့ တွန်းပို့လိုက်သောကြောင့် ကျွမ်းကျွမ်းမှာ ဘေးသို့ ရွှေ့လိုက်ရသည်။

"အမေ၊ ဆေးဖက်ဝင်ဟင်းလျာတွေက အရသာရှိပါ့မလား"

ရှောင်းကောက ကျွမ်းကျွမ်းကို ရင်ခွင်ထဲတွင် ထည့်ထားသည်။ သူ မော့ကြည့်ပြီး တရုတ်ဆေးပညာကို အသားနဲ့ပေါင်းစပ်မည့် ရှောင်းကောကို မေးလိုက်သည်။ ဒါက သူ စိတ်ကူးမယဉ်နိုင်တဲ့ အရသာတစ်ခုပင်။ သူ မကူညီနိုင်ဘဲ အနည်းငယ် စိတ်ပူသွားသည်။ ဟင်းပွဲတွေရဲ့ အရသာက ကြောက်စရာကောင်းနေရင် ဘယ်လိုလုပ်မလဲ။

"စိတ်မပူပါနဲ့ ကျွမ်းကျွမ်း ရယ်၊ သား အမေ့ကို ယုံကြည်ရမယ်။ အမေဟင်းချက်တာကို သားက ယုံကြည်မှုမရှိဘူးလား။"

ရှောင်းကောအဲ့ဒီယုံကြည်မှု မရှိသော်လည်း သူမ အဲ့တာကို မပြသနိုင်ခဲ့ပေ။

ဆိုရိုးစကားအတိုင်း သူတို့ ဝက်သားမစားဖူးရင် ဝက်ပြေးတာကို သူတို့ မြင်ဖူးသည်။ သူမ အိမ်မှာရှိတုန်းက သူမအဖေက သူမအမေအတွက် ဆေးဖက်ဝင်ဟင်းလျာတွေ အမြဲလုပ်ပေးသည်။ သူမကိုယ်တိုင် အဲ့တာကို မလုပ်ဖူးသော်လည်း ဘေးကနေ ဘယ်လို လုပ်ဆောင်ခဲ့သည်ကို သူမ ကြည့်ခဲ့ရသည်။ သူမ၏ ခံယူချက်ဖြင့် သူမပြုလုပ်သော ဟင်းပွဲတွေက ဆိုးရွားနေမည်ကို သူမ မယုံကြည်ပေ။

"ဒါပေါ့ သား အမေ့ကိုယုံတယ်!"

ကျွမ်းကျွမ်းသည် အစားအစာကို မြည်းစမ်းရန် မစောင့်နိုင်တော့ပေ။ သူ့အမေက အချက်အပြုတ်ကျွမ်းကျင်တာတော့ အမှန်ပဲ၊ ဒါကြောင့် သူ့မှာ ဘာမှစိုးရိမ်စရာမရှိပါဘူး။ ဟင်းပွဲတွေက အရသာမရှိရင်တောင် အားလုံးကို ကုန်အောင်စားနေဦးမှာပဲ။

"တော်လိုက်တဲ့သားလေး၊ မွ "

“မွ…”

ကျွမ်းကျွမ်းသည် သူ့မျက်နှာကို ရှောင်းကော ထံ အမြန်ရွှေ့လိုက်သည်။သူမ သူ့ကို နမ်းပြီးသွားတော့ သူက သူမကိုအနမ်းတွေ ပြန်ပေးခဲ့သည်။

သားအမိနှစ်ယောက် စကားစမြည်ပြောရင်း ရယ်မောကာ အိမ်ပြန်ခဲ့ကြသည်။ သူတို့အတွက် ကြီးမားတဲ့ အံ့အားသင့်စရာတစ်ခု စောင့်ကြိုနေတယ်ဆိုတာကို သူတို့ မသိခဲ့ကြပေ။

All Chapters