← Chapters

အခန်း (၁၉၅)

Vol. 13 Ch. 195

အခန်း (၁၉၅)

Vol. 13 Ch. 195

ကျန်းတန်းဟယ်က ရှောင်းကော ထလိုက်တာကိုမြင်တော့ ကျွမ်းကျွမ်းကို သူ့ရင်ခွင်ထဲမှာထည့်ထားပြီး မတ်တပ်ထရပ်လိုက်သည်။

"ဘာလုပ်တာလဲ"

ရှောင်းကောက သူမနောက်မှ လိုက်လာသော အမြီးလေးနှစ်ချောင်းကို ကြည့်ပြီး အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ယခင်က သူမမှာ အမြီးလေး တစ်ချောင်းသာရှိသည်။ အခု နောက်ထပ် အမြီးကြီးတစ်ခု ရှိလာသည်။ သူတို့က တကယ့် သားအဖတွေပဲ။

"ကိုယ်တို့ မင်းနောက်လိုက်ပြီး မင်းလုပ်တာ လိုက်လုပ်မလို့လေ"

"သားတို့ အမေ့နောက်လိုက်ပြီး အမေလုပ်တာ လိုက်လုပ်မလို့လေ "

!!

နှစ်ယောက်သား တူညီသော လေသံဖြင့် တစ်ချိန်တည်း စကားပြောခဲ့ကြသည်။

ရှောင်းကော ပခုံးတွန့်ပြီး ပြောခဲ့သည်။ "ကြိုက်သလိုသာလုပ်" သူမ ချက်ပြုတ်တော့မှာမို့ သူတို့လည်း ကူညီပေးလို့ရနိုင်သည်။

"အရင်ဆုံး အသားကို မီးဖိုခန်းထဲယူသွားလိုက် "

ခြံဝင်းနားကို ဖြတ်သွားစဉ် ရှောင်းကောသည် သူမ နောက်မှ အမြီးနှစ်ချောင်းကို အားစိုက်ထုတ်ကာ ညွှန်ကြားလိုက်သည်။

သူတို့လည်း အရမ်းပျော်နေပုံရသည်။ သူမ၏ ညွှန်ကြားချက်ကို အသိအမှတ်ပြုပြီးနောက် အသား သွားယူကြသည်။

နောက်ဆုံးတွင်၊ ကျန်းတန်းဟယ်သည် ခြေတံလက်တံပိုရှည်သောကြောင့် ကျွမ်းကျွမ်းထက် အသားများများ သယ်နိုင်ခဲ့သည်။

ကျန်းတန်းဟယ် ခက်ခဲကြမ်းတမ်းသော ခရီးကို ဖြတ်သန်းခဲ့ရသည်ကို မြင်နေရသည်။ ရှောင်းကော သည် နေ့လယ်စာအတွက် ဆေးဖက်ဝင်အပင်ဟင်းရည်ကို ပြုလုပ်ရန် ဆုံးဖြတ်ထားသည်။

သူမဝယ်ထားတဲ့ ကြက်တွေကို ပြုတ်ပြီး ချက်လိုက်သည်။ ရေပွက်ပွက်ဆူလာတဲ့အခါ အိုးထဲက အညစ်အကြေးတွေကို ခပ်ထုတ်လိုက်သည်။ ထို့နောက် ရှောင်းကောသည် စောစောက ပြင်ဆင်ထားသည့် ဆေးဖက်ဝင်အပင်ထုပ်များကို အိုးထဲသို့ ထည့်လိုက်သည်။ အခြား ဟင်းခတ်အမွှေးအကြိုင်များ မထည့်ဘဲ ဟင်းရည်ကို မြေအိုးထဲမှာ ကျိုထားခဲ့သည်။

ထိုအချိန်တွင် ကျန်းတန်းဟယ် သည် ပတ်ဝန်းကျင်နှင့် ရင်းနှီးစေရန် အိမ်တစ်ဝိုက်တွင် ကျွမ်းကျွမ်းနဲ့ လမ်းလျှောက်ခဲ့သည်။ သူ ပြန်မရောက်ဖြစ်တာ နှစ်အတော်ကြာခဲ့ပြီမို့ အဲဒီနေရာကို သူတကယ်မသိတော့ပေ။ လမ်းလျှောက်လို့တော့ ကောင်းသည်။

ကျွမ်းကျွမ်းသည် ခြံဝင်းအတွင်းရှိ တိရစ္ဆာန်အားလုံးကို ကျန်းတန်းဟယ်အား ပျော်ရွှင်စွာနဲ့ မိတ်ဆက်ပေးခဲ့သည်။

ပထမတော့ ရှောင်းကောက သူတို့နှစ်ယောက်နောက်ကို လိုက်နေပေမယ့် ဟင်းရွက်ခင်းလမ်းကနေ ဖြတ်သွားတဲ့အခါ အသီးအရွက်တွေကို ခူးဖို့ ရပ်ခဲ့သည်။ ကျန်းတန်းဟယ်က သူမငုတ်တုတ်ထိုင်နေသည်ကိုမြင်သောအခါ ကျွမ်းကျွမ်းကို တိတ်တဆိတ်ကြည့်ကာ သူလည်း ငုတ်တုတ်ထိုင်ချလိုက်သည်။

ကျွမ်းကျွမ်းက သူ့ဘာသာသူ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။ သူသည် ကျန်းတန်းဟယ်အား တိရိစ္ဆာန်များကို မိတ်ဆက်ပေးနေသေးသည်။ ဒါပေမယ့် သူလှည့်ကြည့်လိုက်တော့ သူ့နောက်မှာ ဘယ်သူမှမရှိနေပေ။

ဟင်းရွက်ခင်းထဲက အနက်ရောင်ခေါင်းနှစ်လုံးကို ကြည့်ပြီး ကျွမ်းကျွမ်းက သူ့မကျေနပ်မှုကို ဖော်ပြဖို့ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

ရှောင်းကော ဒါကိုကြားတော့ သူမ ကျန်းတန်းဟယ်ကို တံတောင်ဖြင့်တို့လိုက်သည်။

ကျန်းတန်းဟယ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ခူးဆွတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ရှောင်းကော ကို ပေးခဲ့သည်။ ထို့နောက် သူသည် ကျွမ်းကျွမ်းရဲ့တိရစ္ဆာန်သူငယ်ချင်းများကို သိရအောင် ကျွမ်းကျွမ်း၏ နောက်သို့ ဆက်လိုက်သွားခဲ့သည်။

ရှောင်းကောက သူ့နောက်ကနေ ရယ်မောလိုက်သည်။ ဒီနှစ်ယောက်က ရယ်စရာကောင်းလိုက်တာ။

ဆေးဖက်ဝင်အပင်ဟင်းရည်ကို ချက်ပြုတ်ပြီးနောက် ရှောင်းကောသည် ပန်းကန်တွေနဲ့ ဟင်းပွဲ အားလုံးကို စားပွဲဆီသို့ ယူဆောင်လာခဲ့သည်။ သူမသည် ကြက်စွပ်ပြုတ် ပန်းကန်လုံးကြီးတစ်လုံးကို လှမ်းယူလိုက်ပြီး ကျန်းတန်းဟယ်ကို သူမနောက်ကနေ မစ္စစ်ယန်အိမ် လိုက်လာခိုင်းလိုက်သည်။

နေ့လည်စာစားချိန်ရောက်ပြီမို့ အားလုံးစုနေကြသည်။ မစ္စစ်ယန်၏ ယောက္ခမတစ်ဦးတည်းသာ အခန်းထဲတွင် အနားယူနေဆဲဖြစ်သည်။

ယန် မိသားစုမှ အားလုံးက ကျန်းတန်းဟယ်ကို စူးစမ်းကာ ကြည့်နေကြသည်။ မစ္စစ်ယန်က ရှောင်းကော အား စိတ်ဆိုးကာ လက်ဖြင့် ရိုက်ခဲ့ပြီး ရှောင်းကော ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်၏ အကျဉ်းချုပ်ကို မစ္စစ်ယန်အား ပြောပြနေသည်။ "ဘာလို့ ဒီအကြောင်းကို အစောကြီးကတည်းက မပြောတာလဲ"

“ ပြောဖို့ အခွင့်မသာခဲ့လို့ပါ၊ သူရုတ်တရက်ပြန်လာပြီး အစ်မရဲ့ယောက္ခမကို ခြောက်လန့်မိသွားမယ်ဆိုတာ ဘယ်သူက သိမှာလဲ ”

သူမ မှားမှန်းသိသဖြင့် ရှောင်းကောက လေးနက်စွာတောင်းပန်ခဲ့သည်။

ကျန်းတန်းဟယ်၏ နှလုံးသားက ရှောင်းကော အတွက် နာကျင်နေသည်။ မစ္စစ်ယန်၏ ကိုယ်လုံးကိုယ်ပေါက်က ရှောင်းကောထက် နှစ်ဆလောက်ရှိသည်။ ဒီလို ရိုက်ခံရတာ ဘယ်လောက်တောင် နာသွားမလဲ။ သူ ရှောင်းကောအတွက် တောင်းပန်ပြီး ထိုးနှက်ချက်တွေကို တားဆီဖို့ သူ ခြေလှမ်းစတော့မယ့်အချိန်မှာ အစ်ကိုယန်က သူ့ကိုစကားပြောဖို့ ဘေးကိုခေါ်သွားသည်။

သူတို့ ထလိုက်တာနဲ့ အခန်းထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ရှောင်းကောက ကျန်းတန်းဟယ် မစ္စစ်ယန်ရဲ့ ယောက္ခမကို ထပ်ပြီးခြောက်လန့်မိသွားမှာကို စိုးရိမ်တာကြောင့် ကျန်းတန်းဟယ်ကို ဘေးနားသို့ အမြန်ခေါ်ခဲ့သည်။ ရှောင်းကောနဲ့ မစ္စစ် ယန်တို့ အခန်းထဲသို့ ဦးစွာဝင်သွားပြီး ကျန်းတန်းဟယ်ကို တံခါးဝတွင် စောင့်ခိုင်းလိုက်သည်။ သူ အပြင်မှာ စောင့်ကြည့်ပြီး နောက်မှ ဝင်လို့ရသည်။

ရှောင်းကောသည် ကြက်စွပ်ပြုတ်ကို အဖွားကြီး မစ္စစ်ယန်ထံ ယူဆောင်လာပြီး အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။ “အန်တီ”သူမ တိုးတိုးလေး ခေါ်လိုက်သည်။

"ဟင်။ ရှောင်းကော"

အဖွားကြီးမစ္စစ်ယန်သည် အဲ့တာက ရှောင်းကော ဖြစ်သည်ကိုမြင်သောအခါ သူမ ချက်ချင်းထထိုင်လိုက်သည်။

ဒါကိုမြင်တော့ ရှောင်းကောက သူမကို အမြန်ကူညီခဲ့သည်။ "အန်တီ အဆင်ပြေရဲ့လား"

"ဟူး၊ ငါ အခု အဆင်ပြေသွားပါပြီ"

မစ္စစ်ယန်က ပြောလိုက်သည်။ "အမေ၊ ကြည့်ပါဦး။ ဒါက ရှောင်းကော ယူလာတဲ့ ကြက်စွပ်ပြုတ်၊ ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ထားတာလို့ ပြောတယ်။ အနံ့က အရမ်းမွှေးတာပဲ"

"ဟုတ်တယ် အနံ့လေးက ကောင်းလိုက်တာ"

အဖွားကြီးမစ္စစ်ယန်သည် လေထဲတွင်ရှိနေတဲ့ ရနံ့ကို ရှူရှိုက်လိုက်သည်။ စောစောက ဒီအနံ့ကြောင့် သူမ နိုးလာတာ။ အနီးကပ်ရတဲ့ ရနံ့က ပိုကောင်းနေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။

"အမေ၊ နည်းနည်းတော့ပူနေသေးတယ်၊ နောက်မှ သောက်လိုက်နော်"

မစ္စစ်ယန်က ခေါင်းညိတ်ခဲ့သည်။ ထို့နောက် မစ္စစ်ယန်က ကြက်စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်ကာ ရှောင်းကောကို ကြည့်လိုက်သည်။

"အန်တီ၊စောစောက တန်းဟယ် အန်တီ့ကိုခြောက်မိသွားတာလား။ ကျွန်မ တကယ်တောင်းပန်ပါတယ်"

ရှောင်းကောသည် အဖွားကြီး မစ္စယန်၏ အရိပ်အမြွက်ကို လက်ခံရရှိပြီး ထိုအကြောင်းအရာကို ချက်ချင်းတင်ပြခဲ့သည်။

"ဘာ" အဖွားကြီး မစ္စစ်ယန်သည် ထိုစကားကိုကြားသောအခါ သူမ၏မျက်နှာက ဖြူဖျော့သွားပြန်သည်။ "တန်းဟယ် တကယ်မသေဘူးလား"

“မသေဘူး၊ မသေဘူး”

ရှောင်းကောက ဆက်ပြောခဲ့ပြီး သူမကို စိတ်တည်ငြိမ်အောင်လုပ်ပေးဖို့ ကြိုးစားခဲ့သည်။ သူမ စိတ်ငြိမ်သွားသောအခါ ရှောင်းကောက သူမအား အရာအားလုံးကို ရှင်းပြခဲ့သည်။

ထိုမှသာ အဖွားကြီးမစ္စစ်ယန်သည် ပိုပြီးစိတ်ငြိမ်လာလေသည်။ အချိန်တန်သောအခါ ရှောင်းကောက ကျန်းတန်းဟယ်ကို အထဲ ခေါ်လိုက်သည်။

အဖွားကြီးမစ္စစ်ယန်သည် သူ့ကို လူချင်းတွေ့ပြီးသည့်အချိန်မှ ၎င်းကို တကယ်ယုံကြည်ခဲ့သည်။ သူမ အရမ်းပျော်သွားသည်။ “ကောင်းလိုက်တာ၊ အရမ်းကောင်းတယ်!”

သူမ တကယ် စိတ်လှုပ်ရှားနေတယ်ဆိုတာ ထင်ရှားသည်။

အတန်ကြာ စကားစမြည်ပြောဆိုပြီးနောက် ရှောင်းကော နဲ့ ကျန်းတန်းဟယ်တို့ အဖွားကြီးမစ္စစ်ယန်အား ကြက်စွပ်ပြုတ်သောက်ခိုင်းဖို့ကို အကြောင်းပြ၍ သူတို့ အပြင်ထွက်လာရအောင် အကြောင်းဖန်ခဲ့ကြသည်။

အိမ်ပြန်ရောက်တော့ ကျွမ်းကျွမ်းက စိုးရိမ်တကြီးနဲ့ စောင့်မျှော်နေပြီပင်။ စားပွဲပေါ်ရှိ အစားအသောက်တွေကဆွဲဆောင်မှု ရှိလှသည်။ သူတကယ် မခံနိုင်တော့ဘူး။ သူ့မိဘတွေက ဘယ်တော့ပြန်လာမှာလဲ။

ကျွမ်းကျွမ်း သူတို့ နှစ်ယောက်ကို လှမ်းခေါ်တော့မယ့်အချိန်မှာပဲ သူတို့ ပြန်လာခဲ့သည်။

ကျန်းတန်းဟယ် ဗိုက်ဆာနေပြီ။ သူပြန်လာတဲ့အချိန် ပထမဆုံးလုပ်ခဲ့တာက လက်ဆေးပြီး ထမင်းစားဖို့ပင်။

ရှောင်းကောက သူ့အတွက် ဟင်းရည်တစ်ခွက်ခပ်ထည့်ပေးခဲ့သည်။ အစာမစားမီ ဟင်းရည်တစ်ခွက်သောက်တာက ဆေးညွှန်းစာထက် ပိုကောင်းသည်။

ထမင်းစားပြီးနောက် ကျန်းတန်းဟယ် အနည်းငယ် ပင်ပန်းသွားပုံရသည်။ ရှောင်းကောက သူ အနားယူရအောင် သူ့အခန်းထဲပြန်သွားခိုင်းခဲ့သည်။ သူမက သူ အခြားအခန်းသို့သွားဖို့ ရည်ရွယ်ထားသော်လည်း သူက ရှောင်းကော၏ အခန်းဆီသို့ တည့်တည့်သွားကာ အိပ်ရာပေါ်တက်သွားခဲ့သည်။

သူ့ကိုဒီလိုမြင်လိုက်ရတော့ ရှောင်းကောမှာ သူ့ကိုပြန်ဆွဲထုတ်ဖို့ အရမ်းရှက်သွားသည်။ သူ့ကို စောင်နဲ့ခြုံပေးဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။ "သွားအိပ်တော့၊ ကောင်းကောင်းအိပ်"

သူမကိုကျောခိုင်းထားတဲ့ ကျန်းတန်းဟယ်က သူ့ကိုယ်သူ ပြုံးနေခဲ့သည်။ သူ့လမ်းကိုသူရောက်လာပြီ။

ရှောင်းကောက သူ့ကို စောင်ခြုံပေးခဲ့ပြီး တိတ်တိတ်လေး ထွက်သွားခဲ့သည်။ တံခါးဝသို့ရောက်သောအခါ အထဲ ဝင်လာတော့မည့် ကျွမ်းကျွမ်းနဲ့ သူမ တိုက်မိသွားသည်။ ရှောင်းကော သူ့ကို အမြန်တားလိုက်သည်။

"အမေ"

"ကျွမ်းကျွမ်း " ရှောင်းကောက ကျွမ်းကျွမ်းကို တံခါးကနေ အဝေးကို ခေါ်မသွားခင် "သားရဲ့ အဖေ အိပ်နေတယ်၊ သားအဲဒီအခန်းထဲ သွားအိပ်"လို့ပြောခဲ့သည်။

ကောင်လေးက သူ့မျက်လုံးတွေကို ပွတ်သပ်ပြီး သူနားလည်ကြောင်းပြခဲ့သည်။ သူလှည့်ပြီး တခြားအခန်းကို ပြန်သွားခဲ့သည်။

ကျန်းတန်းဟယ်အိပ်ရာက နိုးလာတော့ နေဝင်ခါနီးနေပြီ။

အိပ်ရာပေါ်ထထိုင်ကာ အပျင်းကြောဆန့်လိုက်သည်။ သူ ကောင်းကောင်းအိပ်စက်တာက အတော်ရှားသည်။ သူ့တစ်ကိုယ်လုံး ပိုပြီး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

သူနိုးလာသည်နှင့်တပြိုင်နက် ရှောင်းကောကို လှည့်ပတ်ရှာကြည့်လိုက်ရာ နောက်ဆုံးတွင် သူမနဲ့ ကျွမ်းကျွမ်းတို့ကို မီးဖိုချောင်ထဲတွင် တွေ့လိုက်ရသည်။

"နိုးပြီလား"

ရှောင်းကောသည် ညစာအတွက် ဟင်းရည်ချက်ရာတွင် အသုံးပြုမည့် တရုတ်ဆေးဖက်ဝင်အပင်များကို ခွဲခြားသိမြင်နိုင်စေရန် ကျွမ်းကျွမ်းကို သင်ကြားပေးနေချိန်တွင် သူမ မော့ကြည့်လိုက်သောအခါ ကျန်းတန်းဟယ် မီးဖိုချောင်တံခါးဘောင်ကို မှီနေသည်ကို တွေ့လိုက်ရသည်။

သူအိမ်မှာရှိနေလို့ဖြစ်ကောင်းဖြစ်နိုင်သလို ကျန်းတန်းဟယ် ရဲ့အမူအရာက ဒီအချိန်မှာ ထူးထူးခြားခြား သက်တောင့်သက်သာရှိနေခဲ့သည်။ သူ အိမ်တံခါးဝမှာ အကြာကြီးရပ်ပြီး သားအမိနှစ်ယောက် တိတ်တိတ်လေး ကစားနေတာကို ကြည့်နေခဲ့သည်။

“နိုးပြီ” ကျန်းတန်းဟယ် ခေါင်းညိတ်ပြပြီး သူတို့ နှစ်ယောက်ဆီ လျှောက်သွားခဲ့သည်။ "မင်း တရုတ်ဆေးအကြောင်း သိတာလား"

သူ့မိန်းမက သူထင်ထားတာထက် ပိုစွမ်းဆောင်နိုင်တယ်ဆိုတာ သူ ရုတ်တရက် ခံစားလိုက်ရသည်။

"နည်းနည်းပါ၊ ဟင်းချက်တဲ့အခါမှာသုံးလို့ရတဲ့ ဆေးဖက်ဝင်အပင်တွေ အားလုံးကိုတော့ မှတ်မိသေးတယ်။ ဒါပေမယ့် ဆေးဖြစ်ဝါးဖြစ်သုံးတဲ့ ဆေးဖက်ဝင်အပင်တွေကိုတော့ ကောင်းကောင်းမကျွမ်းကျင်ဘူး"

ရှောင်းကောသည် ကျွမ်းကျွမ်းအား ဆေးတစ်ပင်ချင်းစီ၏ အမည်များနှင့် အသုံးပြုပုံများကို ရှင်းပြရင်း လက်တစ်ဖက်တည်းဖြင့် ဆေးဖက်ဝင်အပင်များနှင့် ကစားခဲ့သည်။

ကျန်းတန်းဟယ် သည် တောက်ပနေပုံပေါ်သော ရှောင်းကော ကို ကြည့်လိုက်သည်။ သူမ၏ ပြတ်သားပြီး လှုပ်ရှားနေသော အသံကို နားထောင်ရင်း ဆေးဖက်ဝင်အပင်များအကြောင်း ဘာမှမသိသော လူပြိန်းတစ်ယောက်ပင်လျှင် သူမ၏ စကားများကို အလွယ်တကူ မှတ်မိနိုင်သည်။

ရှောင်းကောသည် ဆေးဖက်ဝင်အပင်အိတ်ကို ချည်နှောင်ပြီး အိုးထဲသို့ ထည့်လိုက်သည်။ အထဲမှာ အချိန်အတော်ကြာ ပြုတ်ထားတဲ့ ဘဲနဲ့ အသားတွေရှိသည်။

တစ်နပ်စာတိုင်းအတွက် စွပ်ပြုတ်ပြင်ဆင်တာက ရှောင်းကောရဲ့ အလေ့အကျင့်ပင်။ ဒါပေမယ့် ယနေ့မှစ၍ ဟင်းရည်ဟင်းလျာများကို ဆေးဖက်ဝင်အပင်ဟင်းရည်များဖြင့် အစားထိုးမည်ဖြစ်သည်။ သာမာန်ဟင်းရည်နှင့် ဆေးဖက်ဝင်အပင် ဟင်းရည်များအကြား ကွာခြားချက်တစ်စုံတစ်ရာ ရှိခဲ့ပါက၊ အကြီးမားဆုံး ကွာခြားချက်မှာ နောက်ပိုင်းတွင် ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများ ပိုမိုအားကောင်းလာခြင်းဖြစ်သည်။

ဟုတ်ပါတယ်၊ ဆေးဖက်ဝင်အပင်နံ့လည်း ပိုပြင်းသည်။ ကံကောင်းထောက်မစွာ၊ ရှောင်းကောသည် သူမအသုံးပြုထားတဲ့ အစိတ်အပိုင်းများနှင့် အလွန်တိကျသောကြောင့် ဆေးဖက်ဝင်အပင်၏ အရသာက လွန်ကဲလွန်းမည်မဟုတ်ပေ။ တကယ်တော့ ဟင်းရည်က အရသာကောင်းတာက ဆေးဖက်ဝင်တဲ့ အာနိသင်တွေကို တစ်ချိန်တည်းမှာ ရရှိစေနိုင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားတွေရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုအားလုံးရဲ့ ကျေးဇူးကြောင့်ဖြစ်သည်။

ရှောင်းကော သည် အစာစားပြီးတိုင်း အမြဲလိုလို ပြောင်ရှင်းနေတဲ့ ပန်းကန်ပြားများကို ကြည့်ကာ သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။

သူမ စိတ်ကောင်းနေချိန်တွင် ရှောင်းကောက တေးသွားတွေကိုပင် ညည်းနေတော့သည်။ ပန်းကန်ဆေးနေကြတဲ့ သားအဖအတွက် ဒါက ဇဝေဇဝါဖြစ်စေခဲ့သည်။

All Chapters