အခန်း (၁၉၆)
Vol. 14 Ch. 196
ယောကျ်ားသားတွေက မီးဖိုချောင်နှင့် ဝေးဝေးနေသင့်ကြောင်းကို ကျန်းတန်းဟယ် သဘောမတူပေ။ သူ့အတွက်တော့ ဒီစကားတွေက အဓိပ္ပါယ်မရှိတဲ့ စကားတွေပင်။ အမျိုးသမီးက မီးဖိုချောင်ထဲ နေနေချိန်မှာ အမျိုးသားတွေက ဘာလို့ ခပ်ဝေးဝေးမှာ နေသင့်တာလဲ။ သူ့အတွက်ကတော့ ရှောင်းကော တစ်ယောက်တည်း ထမင်းဟင်းချက်ပြီး ပန်းကန်ဆေးတာကို မခံစားနိုင်ပေ။
သူ ချက်ပြုတ်နည်းကို မသိသော်လည်း ပန်းကန်တွေကိုတော့ ဆေးပေးနိုင်သည်။ တစ်ခုတည်းသောအချက်မှာ၊ ကျွမ်းကျွမ်းသည် ၎င်းနှင့်ပတ်သက်၍ အလွန်ပျော်ရွှင်နေပုံမပေါ်ပေ။
ကျန်းတန်းဟယ်သည် သူ့လက်ကို ဆေးပြီးနောက် ကျွမ်းကျွမ်းကို သူ့လက်တွေဆေးဖို့ လမ်းဖယ်ပေးခဲ့သည်။ ဒါပေမယ့်လည်း ကျွမ်းကျွမ်းက သူ့လက်တွေကိုဆေးပြီးသွားပြီးနောက် သူ့ကိုယ်သူ နှာမှုတ်ခဲ့သည်။ ကျန်းတန်းဟယ် အနည်းငယ် စိတ်ရှုပ်သွားသည်။ ကောင်လေး ဘာဖြစ်နေမှန်း သူ မသိပေ။
ကျွမ်းကျွမ်းသည် သူ့လက်ထဲမှ ရေကို ခါလိုက်ပြီး အနည်းငယ် ဝမ်းနည်းသွားသည်။ သူ့အလုပ်ကို သူ့အဖေက လုယူသွားတာ။ ဒါ့အပြင် သူ့အမေက သူ့အဖေကို ကြည့်ပြီး ပြုံးပြသည်။ များသောအားဖြင့် သူ့အမေက သူ့ကို ချီးမွမ်းတတ်တာပါ။ ဒါပေမယ့် ဒီနေ့တော့ သူ ပန်းကန်လုံးအနည်းငယ်သာ ကိုင်ခဲ့ရသည်။ သူ့အဖေက အများစုကို ဆေးကြောပေးခဲ့သည်။ ကျွမ်းကျွမ်းက ဒါကို မကျေနပ်ပေ။
!!
ဒါပေမယ့် သားအဖနှစ်ယောက် အတူတူရယ်မောဖို့ အချိန်သိပ်မကြာလိုက်ပါဘူး။ ရှောင်းကောက သူတို့ကို ပြုံးပြပြီး အိပ်ရာပြင်ပေးဖို့သွားလိုက်သည်။
အိပ်ချိန်ရောက်သောအခါ ရှောင်းကောမှာ အကျပ်ရိုက်နေသည်။ ကျွမ်းကျွမ်းက ကျန်းတန်းဟယ်နဲ့ အိပ်ချင်ပေမယ့် ကျန်းတန်းဟယ်က သူမနဲ့ နှစ်ယောက်တည်းပဲ အိပ်ချင်နေသည်။
ဟုတ်ပါတယ် ရှောင်းကောက သဘောမတူပေ။ သူမ ထိုစကားကိုကြားသည်နှင့် ကျန်းတန်းဟယ်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် နတ်ဆိုးဆန်တဲ့အကြည့်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
“ကောင်းပြီ၊ ကောင်းပြီ။ ဒါက လွယ်ပါတယ်။” ရှောင်းကော က ထပြီး သူတို့နှစ်ယောက်ကို အခြားအခန်းသို့ တွန်းပို့လိုက်သည်။ "ရှင်တို့နှစ်ယောက်ဒီမှာအိပ် ကျွန်မက တစ်ယောက်တည်းပဲ အိပ်မယ်"
ဤပြဿနာကို ဖြေရှင်းပြီးနောက် ရှောင်းကောသည် လက်ခုပ်တီးကာ သူမ၏ အခန်းထဲသို့ ပြန်သွားခဲ့သည်။ သူမကိုယ်တိုင်လည်း အရမ်းသဘောကျခဲ့သည်။ ဒီညတော့ သူမတစ်ယောက်တည်းပဲ အိပ်ရာဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
ကျန်းတန်းဟယ် သည် အိမ်ထဲတွင် ခါးခါးသီးသီး ရပ်နေကာ ရက်စက်ကြမ်းကြုတ်စွာ ထွက်ခွာသွားသည့်ပုံသဏ္ဍာန်လေးကို ကြည့်နေခဲ့သည်။ သူ အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ ဒါက သူလိုချင်တဲ့ ရလဒ်မဟုတ်ပေ။
သူ ကျွမ်းကျွမ်းကို ငုံ့ကြည့်လိုက်သည်။ ကောင်လေးက မော့ကြည့်ပြီး သူ့ကိုတောင် ပြုံးပြလိုက်သေးသည်။
ကျန်းတန်းဟယ် ပျော်ရွှင်ချင်ယောင်ဆောင်ရန်မှတပါး ရွေးချယ်စရာလမ်းမရှိတော့ဘဲ ကောင်လေးကို သူ့ရင်ခွင်ထဲတွင် မြှောက်လိုက်ကာ သူ့ကိုရယ်မောစေခဲ့သည်။
–
ရှောင်းကောသည် မကြာသေးမီက ဆေးဖက်ဝင်အပင် ဟင်းလျာများကို စွဲလမ်းလာသောကြောင့် ကျွမ်းကျွမ်း သည်လည်း သူမ၏ လွှမ်းမိုးမှုအောက်တွင် တရုတ်ဆေးဖက်ဝင်အပင်များကို နှစ်သက်လာခဲ့သည်။ ရှောင်းကောသည် အဝတ်အိတ်တစ်ခုထဲသို့ ဟင်းသီးဟင်းရွက်အချို့ထည့်ရန် ပြင်ဆင်နေချိန်တွင် ကျွမ်းကျွမ်း ပေါ်လာပြီး သူလည်းလုပ်ကူမည်ဟု အခိုင်အမာပြောခဲ့သည်။
ရှောင်းကော လည်း ကျွမ်းကျွမ်းက မှတ်ဉာဏ်ကောင်းသည်ဟု ခံစားမိသောကြောင့် သူ့ကို ဆေးဖက်ဝင်အပင်များကိုကူညီခိုင်းရန် သူမ မစိုးရိမ်ခဲ့ပေ။ ကျွမ်းကျွမ်း ဆေးဖက်ဝင်အပင်များ ထုပ်ပိုးရန် သွားနေစဉ် သူမက ဘေးမှကြည့်နေခဲ့သည်။
ကျွမ်းကျွမ်းက အရာအားလုံးကို မှတ်မိသည်။ သူသည် အဝတ်အိတ်ကိုယူကာ ရှောင်းကော၏ ညွှန်ကြားချက်အတိုင်း ဆေးဖက်ဝင်အပင်များကို သေသေချာချာ ထုပ်ပိုးလိုက်သည်။
"ကောအာ နွားတွေကို မွေးထားတာ ဘာအကျိုးရှိလဲ"
ကျန်းတန်းဟယ် အပြင်ကပြန်လာပြီး သူ့ခန္ဓာကိုယ်ပေါ်က မြက်တွေကို သပ်ချရင်း ရှောင်းကောကို မေးလိုက်သည်။
“နွားတွေက အာဟာရပြည့်ဝတဲ့ နို့တွေကို ထုတ်ပေးနိုင်တယ်။ ခန္ဓာကိုယ်အတွက် ကောင်းတယ်။ နွားနို့ကိုလည်း အဆာပြေအစားအစာအဖြစ် အများကြီး လုပ်လို့ရတယ်လေ”
ရှောင်းကောက လက်လှမ်းခဲ့ပြီး သူ့ခေါင်းပေါ်က မြက်ပင်တစ်ချောင်းကို ဖယ်ပေးလိုက်သည်။ ကျန်းတန်းဟယ်က ပူးပေါင်းကာ ခေါင်းငုံ့ပေးခဲ့သည်။ "ကိုယ်သိပြီ။ နွားနို့က ထူးဆန်းတယ်နော်"
ကျန်းတန်းဟယ် မျက်မှောင်ကြုတ်လိုက်မိသည်။ နွားနို့သောက်ဖို့ အတွေးက သူ့အား စိတ်မသက်မသာ ဖြစ်စေသည်။
နွားနို့သည် အလွန်တန်ဖိုးရှိပြီး အာဟာရပြည့်ဝသော နို့သည် ကလေးများ၊ လူကြီးများနှင့် သက်ကြီးရွယ်အိုများအတွက် အလွန်အကျိုးရှိသည်။
ရှောင်းကောသည် ကျန်းတန်းဟယ်နှင့် စကားစမြည်ပြောနေစဉ်တွင် ကျွမ်းကျွမ်း ဆေးဖက်ဝင်အပင်တွေထုပ်ပိုးနေတာကို ကြည့်ရှုရန်လည်း မမေ့ခဲ့ပေ။
ကျန်းတန်းဟယ် နားလည်သဘောပေါက်ကာ ခေါင်းညိတ်လိုက်သည်။ ထူးဆန်းတယ်လို့ ခံစားမိပေမယ့် ရှောင်းကော ပြောတာ မှန်သည်။ သူမကို ယုံကြည်ဖို့ပဲလိုသည်။
ကျွမ်းကျွမ်းသည် သူ့လက်ထဲတွင်ရှိသော တရုတ်ဆေးဖက်ဝင်အပင်များကို အာရုံစိုက်နေသည်။ အစပိုင်းမှာတော့ သူယုံကြည်ချက်ရှိပေမယ့် သူ့လက်ထဲမှာ ဆင်တူတဲ့ ဆေးဖက်ဝင်အပင်နှစ်ပင်ကို ကြည့်ရင်း ရုတ်တရက် အကျပ်ရိုက်နေတာကို တွေ့လိုက်ရသည်။ အဲ့တာက ဘယ်တစ်ခုလဲ။
ရှောင်းကော မော့ကြည့်ကာ ရှောင်းကောကို မေးချင်သော်လည်း သူမက သူ့အဖေနှင့် စကားပြောနေသည်ကို မြင်လိုက်ရသဖြင့် သူကိုယ်တိုင် အဖြေရှာရန် ဆုံးဖြတ်လိုက်သည်။
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ကျွမ်းကျွမ်းသည် သူ့ဘယ်ဘက်ရှိ ဆေးဖက်ဝင်အရွက်ကို ကောက်ယူလိုက်သည်။ လက်တဆုပ်စာ အသေးလေးကို ယူပြီး အဝတ်အိတ်ထဲ ထည့်လိုက်သည်။ ဒါပဲဖြစ်ရမယ်။
ကျွမ်းကျွမ်း နောက်ထပ်ဆေးဖက်ဝင်အပင်ကို ထည့်နေချိန်တွင် ရှောင်းကော လှည့်ကြည့်လိုက်တော့ သူ အဲ့တာကိုယူလာသည်အား တွေ့လိုက်ရသည်။ သူမ အနီးကပ်ကြည့်လိုက်ကာ အဲ့တာက မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ တစ်ဖန် သူမက ကျွမ်းကျွမ်း၏ ဦးနှောက်ကို အံ့ဩသွားပြန်သည်။
ညစာအတွက် ရှောင်းကော သည် ကျွမ်းကျွမ်း ပြင်ဆင်ထားသော ဆေးဖက်ဝင်အပင်အထုပ်ကို အသုံးပြု၍ ဟင်းရည်အချို့ကို ပြုလုပ်ခဲ့သည်။ ကျန်းတန်းဟယ် သည် ဟင်းရည်ကို အလွန်နှစ်သက်သောကြောင့် ဟင်းရည်အိုးတစ်အိုးလုံးနီးပါး သူ့ဗိုက်ထဲသို့ ရောက်သွားခဲ့သည်။ ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့က အသားအနည်းငယ်သာ စားခဲ့ကြသည်။
ထုံးစံအတိုင်း ရှောင်းကော တစ်ယောက်တည်း အိပ်နေစဉ် ကျန်းတန်းဟယ်နဲ့ ကျွမ်းကျွမ်းတို့က အခြားအခန်းတွင် အိပ်ကြသည်။ ညသန်းခေါင်မှာ ရှောင်းကောက သူမဘေးနားက လှုပ်ရှားမှုတစ်ချို့ကို ခံစားလိုက်ရသည်။
သူမ မျက်လုံးတွေကို အလိုလိုဖွင့်ကြည့်လိုက်တော့ အိပ်ရာဘေးမှာ ထိုင်နေတဲ့ မည်းမှောင်နေတဲ့ပုံရိပ်ကို တွေ့လိုက်ရသည်။ ရှောင်းကော၏ နှလုံးခုန်သံ မြန်လာပြီး သူမ အလိုလို အော်ချင်လာသည်။
ဒါပေမယ့် သူမပါးစပ်ကိုဟလိုက်စဉ်မှာပဲ လေပူတစ်ချက်က သူမမျက်နှာဆီသို့ ရိုက်ခတ်သွားလေသည်။ နောက်တစက္ကန့်အတွင်းမှာပင် လက်ကြီးတစ်ဖက်က သူမပါးစပ်ကို အုပ်လာခဲ့သည်။ လက်ပိုင်ရှင်က ရှောင်းကော ကို ထိလိုက်တာနဲ့ သူ တဖိမ့်ဖိမ့်တုန်သွားသည်
"ရှူး၊ ကိုယ်ပါ။ ကောအာ"
သူအသက်မှန်မှန်ရှူနေသည်။
“...…” ကျန်းတန်းဟယ်လား?
ရှောင်းကော၏ပါးစပ်ကို သူ့လက်ဖြင့် အုပ်ထားဆဲဖြစ်သောကြောင့် သူမ အသံမထွက်နိုင်ပေ။ သူမလုပ်နိုင်သမျှက အနည်းငယ် လှုပ်ရှားပြီး သူမကို လွှတ်ပေးရန် အချက်ပြခဲ့သည်။
ကျန်းတန်းဟယ် တံတွေး မျိုချလိုက်ပြီး ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သည်။ သူသည် ရှောင်းကောနှင့် ခပ်ဝေးဝေးတစ်နေရာတွင် တိတ်တဆိတ်ထိုင်ခဲ့သည်။
"ရှင်ဘာဖြစ်လို့လဲ"
ရှောင်းကောသည် သူ၏ခန္ဓာကိုယ်အပူချိန်မှာ ပုံမှန်မဟုတ်တဲ့ ပူနွေးနေမှုကို သိနိုင်သောကြောင့် သူမ စိုးရိမ်စွာထကာ ဖယောင်းတိုင်မီးထွန်းလိုက်သည်။
အခန်းက ချက်ခြင်း မီးလင်းသွားပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူမ းက အစောကြီးကတည်းက အိပ်နေတာကြောင့် ရှောင်းကော ရဲ့ အဝတ်အစားတွေက အနည်းငယ် တွန်းနေခဲ့သည်။ သူမဝတ်ထားသည့် အတွင်းခံအင်္ကျီများတွင် ကြယ်သီးအချို့က ပြုတ်နေပြီး သူမ၏ညှပ်ရိုးနှင့် သူမ၏ လက်ပြတ်ခါးတိုအင်္ကျီ သိုင်းကြိုးကို ထင်ရှားစေသည်။
သူမ၏ ဆံပင်တွေက သူမ၏ နောက်ကျောဘက်မှာ စီးကျနေသော ပိုးချည်မျှင်များကဲ့သို့ ရှုပ်ပွနေပြီး အနီရောင် လက်ပြတ်ခါးတိုအင်္ကျီ သည် သူမရဲ့ အဖြူရောင်အင်္ကျီကနေ ဖောက်ထွင်းမြင်နေရသည်။ ကျန်းတန်းဟယ်၏ အသက်ရှုသံတွေ မြန်လာပြန်သည်။ သူ့မျက်လုံးတွေမှာ သွေးထွက်သံယိုဖြစ်ပြီး အသက်ရှုသံတွေက လေးလံမြန်ဆန်နေသည်။ သူ အချိန်မရွေး ပေါက်ကွဲသွားနိုင်ပုံရသည်။
သူမ စောင့်ကြည့်ခံနေရမှန်းကို မသိဘဲ ရှောင်းကော အနည်းငယ် စိုးရိမ်နေမိသည်။ “ရှင်ဘာဖြစ်လို့လဲ” လို့ သူမ ထပ်မေးလိုက်သည်။
ကျန်းတန်းဟယ်ကို ဒီလိုမြင်လိုက်ရတော့ ရှောင်းကော ရဲ့ နှလုံးခုန်သံတွေမြန်လာသည်။ သူမ သူ့ကိုကို မေးခွန်းတစ်ခုမေးခဲ့ပေမယ့် အဖြေမပေးခဲ့ပေ။ စိုးရိမ်စိတ်ကြောင့် သူမ အနားကို တိုးကပ်ခဲ့ပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
“ရှင်…”
ရှောင်းကော သူ့အနားကို တိုးကပ်လာစဥ်
ကျန်းတန်းဟယ် မထိန်းနိုင်တော့ပေ။ သူ သူမအား ဖမ်းကိုင်လိုက်ပြီး အားအင်အပြည့်ဖြင့် အိပ်ရာပေါ် ဖိချလိုက်ကာ စိတ်အားထက်သန်စွာ လိုက်စမ်းနေမိသည်။
"ကျန်းတန်းဟယ်! ကျန်းတန်းဟယ်!!"
ကျွမ်းကျွမ်း ထိုနေရာတွင် ရှိနေသည်ကိုတွေး၍ ရှောင်းကော မအော်ခဲ့ပေ။ သူမအစွမ်းကုန် တွန်းထုတ်ဖို့ ကြိုးစားခဲ့သည်။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ အသိစိတ်ပျောက်ဆုံးလာတဲ့ ကျန်းတန်းဟယ် က သူမရဲ့ အားနည်းနေတဲ့ ခွန်အားကြောင့် ဘယ်လိုလုပ် ရပ်တန့်သွားနိုင်မှာလဲ။ သူသည် သူမရဲ့လက်နှစ်ဖက်ကို ဘေးသို့ပို့ပြီး ဖိလိုက်ကာ သူ့ရဲ့ကိုယ်ထိလက်ရောက် ကျူးလွန်မှုဆီ ဆက်လျှောက်ခဲ့သည်။
ရှောင်းကော ၏ ပြင်းထန်သော ရုန်းကန်မှုကြောင့် ကျန်းတန်းဟယ် တဖြည်းဖြည်း ငြိမ်သက်သွားတာ ဖြစ်နိုင်သည်။ သူ့အာရုံတွေ တဖြည်းဖြည်း ပြန်ရောက်လာသည်။ သူ့မျက်လုံးတွေ ကြည်လင်လာတဲ့အခါ သူ့ရှေ့က မြင်ကွင်းကိုတွေ့လိုက်ရသည်။
“… ကိုယ်..…”
"ထ"
ရှောင်းကောရဲ့ အသံက အလွန်ငြိမ်သက်နေသည်။ ကျန်းတန်းဟယ် ထိတ်လန့်တကြားထကာ စောင်ကို သူမပေါ်ဆွဲခြုံပေးလိုက်သည်။
သူ ရှင်းပြချင်သော်လည်း ဘာပြောရမှန်းမသိပေ။သူ နောက်ကျောပေးကာ အလွန်အမင်း တောင်းပန်ခဲ့သည်။ သူ့တစ်ကိုယ်လုံး နီမြန်းနေပြီး သူ့နဖူးမှာ ချွေးတွေ ရွှဲနေသည်။
ရှောင်းကော ငြိမ်သက်သွားပြီး စောင်အောက်မှာ အဝတ် ဝတ်ခဲ့သည်။ သူမရှိုက်လိုက်ပြီး ကျန်းတန်းဟယ်ကို တုန်လှုပ်နေတဲ့ မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ကျန်းတန်းဟယ်က သူမနဲ့ မျက်လုံးချင်းမဆုံမိအောင် ရှောင်ခဲ့သည်။ အလွန်အမင်း အပြစ်ရှိသလို ခံစားရပြီး သူ့ကိုယ်သူ ပါးရိုက်လိုက်ချင်ခဲ့သည်။ ဒီလိုမျိုးလုပ်ဖို့အထိ သူတကယ်ကို ရူးသွားတာပဲ။
“ရှောင်းကော ကိုယ် …”
သူ့စကားမပြီးခင်မှာ ကျန်းတန်းဟယ်ရဲ့ စိတ်တွေ ဗလာဖြစ်သွားပြီး သူ သတိလစ်သွားလေသည်။
ရှောင်းကောက သူ သတိလစ်ပြီးလဲသွားတာကိုတွေ့တော့ အံ့သြသွားသည်။ အိပ်ရာပေါ် မှာလှဲနေလို့ရအောင် သူ့ကို အမြန်ဆွဲလိုက်သည်။
ရှောင်းကောသည် သူမ၏ အတွေးများကို မဖြေရှင်းနိုင်မီ ကျန်းတန်းဟယ် နှာခေါင်းသွေးတွေထွက်နေသည့်အတွက် သူမ ထိတ်လန့်သွားခဲ့သည်။
ရှောင်းကောသည် တစ်ညလုံး သူ နှာခေါင်းသွေးတိတ်ကာ သူ့ရဲ့ကိုယ်ပူချိန်ကို လျှော့ချပေးဖို့ ကြိုးစားခဲ့သည်။ သူမ တစ်ညလုံး မအိပ်ဘဲ သူ တစ်ချိန်လုံး နေမကောင်းဖြစ်နေမှာကို စိုးရိမ်နေမိသည်။
ကံကောင်းထောက်မစွာ ကျန်းတန်းဟယ်၏ ခန္ဓာကိုယ်အပူချိန်က အနည်းငယ်သာတက်တော့သည်။ နှာခေါင်းသွေးနည်းနည်း ထွက်နေတာကလွဲရင် သူအဆင်ပြေသွားပြီ။ ဒါက ရှောင်းကောကို နည်းနည်းလေး ပိုသက်တောင့်သက်သာ ဖြစ်စေသည်။
ညသန်းခေါင်မှာ သူမ သူ့ကိုရေပတ်တိုက်ပေးတဲ့အချိန်မှာ ကျန်းတန်းဟယ် ရုတ်တရက် နိုးလာခဲ့သည်။ သူရာဂစိတ်ပြန်ကြွလာမှာကို ကြောက်လို့ ရှောင်းကောက သူ့ကို ပါးရိုက်လိုက်သည်။
မိုးလင်းသည် အထိပင် ပင်ပန်းနွမ်းနယ်နေသော ရှောင်းကောသည် မီးဖိုချောင်တွင် ရေသွားရှာသောအခါ ကျန်းတန်းဟယ်၏ အပြုအမူအတွက် အကြောင်းရင်းကို သူမ သိလိုက်ရတော့သည်။