← Chapters

အခန်း (၁၉၈)

Vol. 14 Ch. 198

အခန်း (၁၉၈)

Vol. 14 Ch. 198

သူတို့ကြားတွင် တင်းမာလွန်းနေသဖြင့် ရှောင်းကော သည် ရထားလုံးပေါ် ဝန်တင်ပေးသည့်လူ၏စကားကြောင့် သူမ ကယ်တင်ခြင်းခံလိုက်ရသည်။ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။

"သိပြီ" စုချန်ရှန်က ရှောင်းကောကို စိတ်မကောင်းစွာကြည့်ဟန်ဆောင်လိုက်သည်။ "ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေက တိုတောင်းဖို့ ကံပါလာတယ်"

ရှောင်းကောက သူ့ကို အပြုံးတု ပေးခဲ့သည်။ အဲ့တာက သနားစရာပဲလို့ သူမ ဆက်ပြောနေပေမယ့် စိတ်ထဲမှာတော့ မိုးကောင်းကင်ကို ကျေးဇူးတင်နေမိသည်။ 'မြန်မြန်လေး ထွက်သွားစမ်းပါ အမြတ်ကြီးစားရှင်ကြီးရယ်'

စုချန်ရှန် ရထားလုံးပေါ်တက်နေစဉ် ကျန်းတန်းဟယ် ကို ဒေါသထွက်စေမည့် စာသားကိုပြောသွားခဲ့သည်။ “ဒါဆို မစ္စစ်… မဒမ်ချင်း ကိစ္စတွေပြေလည်သွားပြီနော်၊ နောက်ကျရင် ပြန်ဆုံကြတာပေါ့”

သူသည် သူမကို မစ္စစ်ကျန်းဟု တမင်တကာ မခေါ်ခဲ့တာဖြစ်သည်။ အဲဒါအတွက် အကြောင်းပြချက်မရှိဘူး—သူ ရိုးရိုးရှင်းရှင်းပဲ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ။

ရှောင်းကော က သူ့စကားကို ခေါင်းညိတ်ခဲ့သည်။ သူပြောနေတာတွေကို သူမ သိသည်။ “ကောင်းပါပြီ” ဟု သူမ ပြောလိုက်သည်။ “နောက်မှ တွေ့ကြမယ်။”

စုချန်ရှန်သည် သူ့လက်ကို တမင်ဝှေ့ယမ်းပြီး ရထားလုံးပေါ်သို့ ငုံ့ကာမတက်မီ ရှောင်းကောအား အဓိပ္ပါယ်ရှိသော အကြည့်ကို ပေးခဲ့သည်။

ရှုံ့တွနေသော မျက်နှာထားရှိသည့် ကျန်းတန်းဟယ် သည် ရထားလုံးထွက်ခွာချိန်ကို ကြည့်နေစဉ် ရှောင်းကောက သူ့ဘေးတွင် အပြုံးတုကို ဆင်မြန်းကာ သူ့ဘေးတွင် ရပ်နေသည်။

ရထားလုံး ထွက်သွားသည်နှင့်၊ ရှောင်းကော သည် ချက်ချင်းပင် သူမ၏ မျက်နှာပေါ်မှ အပြုံးတုကို ဖယ်ရှားလိုက်ပြီး သူမရဲ့လက်မောင်းဆီမှ ကျန်းတန်းဟယ်၏ လက်ကြီးကို အစွမ်းကုန် ဆွဲထုတ်လိုက်သည်။

"နာတယ်လေ!"

ရှောင်းကော သူမ၏ လက်မောင်းကို ပွတ်လိုက်ပြီး ကျန်းတန်းဟယ်အား ညည်းညူပြလိုက်သည်။

ကျန်းတန်းဟယ်အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။ သူ ခုဏက အားအင်တွေ အရမ်းများသွားတာမို့ သူမကို အမြန်တောင်းပန်လိုက်သည်။

ရှောင်းကော သူ့နဖူးကို ကြည့်လိုက်သည်။ သူမမှာ အပြစ်ရှိမှန်း သူမ သိတာကြောင့် ဒီကိစ္စကို ရိုးရိုးရှင်းရှင်း ဖယ်ပစ်လိုက်သည်။

ရှောင်းကော အဆင်ပြေနေတာကိုမြင်တော့ ကျန်းတန်းဟယ်က ခုဏက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မေးခွန်းကို မေးခဲ့သည်။

"မင်းဘာကို သဘောတူလိုက်တာလဲ"

ရှောင်းကောသည် သူ့အား ကိုးယိုးကားယားဖြင့် မျက်ဖြူလှန်လိုက်သည်။ သူမ ပြန်မဖြေဘဲ လှည့်ကာ အိမ်ထဲပြန်သွားခဲ့သည်။

ကျန်းတန်းဟယ်က သူ့ မျက်လုံးကြီးကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ရှောင်းကော နောက်သို့ လိုက်သွားခဲ့သည်။ သူ့ဘဝက အဲဒီအပေါ်မှာ မှီခိုနေရသလိုမျိုး မေးခွန်းကိုပဲ ဆက်မေးနေခဲ့သည်။ "မင်းတို့ ဘာသဘောတူခဲ့တာလဲလို့"

ရထားလုံးပေါ်တွင်ထိုင်နေသော စုချန်ရှန်က ကန့်လန့်ကာကို မလိုက်သည်။ ပထဝီဝင်ဆိုင်ရာပတ်ဝန်းကျင်အကြောင်း အံ့အားသင့်စွာပြောနေချိန်မှာပဲ မြင်းမောင်းသမားက စကားပြောခဲ့သည်။

"သခင်လေး၊ သခင်ကြီး မနေ့တုန်းက သခင်လေးဆီ စာရေးပြီး ပြန်လာဖို့ တိုက်တွန်းနေတယ်။ သခင်လေးအိမ်က ထွက်သွားတာ ကြာပြီမို့ ပြန်လာဖို့ အချိန်တန်ပြီတဲ့"

"သိပြီ၊ ငါတို့မနက်ဖြန်ထွက်ကြမယ်။" စုချန်ရှန် သက်ပြင်းချလိုက်သည်။ "ငါတို့ နောက်နှစ် ထပ်လာကြမယ်။ ကျားပေါင်၊ ဒီနေရာကို ကောင်းကောင်းမှတ်ထား။ နှစ်သစ်ကူးပြီးရင် ငါတို့ ဒီမိသားစုနဲ့ အဆက်အသွယ်လုပ်ရမယ်။"

ကျားပေါင် ကန့်လန့်ကာကို မလိုက်ပြီး သူ့မျက်နှာပေါ်တွင် လေးနက်သောအသွင်ကို ဆင်မြန်းထားသည့် စုချန်ရှန် ကို ကြည့်လိုက်သည်။ "သခင်လေး၊ တကယ်ပြောနေတာလား"

"တကယ်ပေါ့" စုချန်ရှန် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ "နို့က ကောင်းတဲ့ပစ္စည်းပဲ"

ကျားပေါင် နှာခေါင်းရှုံ့လိုက်သည်။ နွားနို့ အရသာကထူးဆန်းတယ်။ သူ အဲ့တာကို မခံနိုင်ဘူး။

"မင်းကိုကြည့်ပါဦး" စုချန်ရှန် သူ့ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ “ငါတို့ဆီမှာ ခုထိ နွားနို့မရသေးဘူး။ နိုင်ငံခြားသားတွေချည်းပဲ နွားနို့ရကြတာ။ ဒါပေမယ့် သူတို့က နွားတွေမတင်ပို့ကြဘူး ဒီတော့ သူမရဲ့နွားတွေကို ဘယ်ကရလာမှန်း ငါ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်ကူးပြီးရင် ခရီးများများထွက်ပြီး သူမဆီသွားလည်ဖို့ မှတ်ထားရမယ်”

"အိုး သိပါပြီ!"

စုချန်ရှန် တည့်တည့်မတ်မတ်ထိုင်ပြီး သူဗြိတိန်ကိုသွားတဲ့အချိန်ကအကြောင်း တွေးခဲ့သည်။ အဲဒီမှာ နိုင်ငံခြားသားတွေက နွားနို့မရှိရင် ဘာမှမလုပ်နိုင်ကြဘူး။ သူတို့ရဲ့ သရေစာတွေအားလုံးကို နို့နဲ့ပြုလုပ်ထားတာကြောင့် အရသာထူးခြားသည်။ အဲဒီ သရေစာတွေကို ရှောက် နိုင်ငံမှာ ရောင်းချနိုင်ရင် ဒီနေရာက လူတွေကြားမှာ ရေပန်းစားမှာ သေချာသည်။ ကံမကောင်းစွာဖြင့်၊ နိုင်ငံခြားသားတွေက အခြားနိုင်ငံဆီ နွား သို့မဟုတ် နွားနို့ကို မရောင်းခဲ့ကြပေ။ သူ ကူကယ်ရာမဲ့ ကြည့်နေရရုံပဲ။

ဒါပေမယ့် ဤရွာကလေးတွင် နွားနှစ်ကောင်ရှိသည်ကို ဘယ်သူသိမှာလဲ။ ကံကောင်းထောက်မစွာ၊ သူဒီခရီးကိုသွားခဲ့ရသည်။ မဟုတ်ရင် သူ ဒီအံ့အားသင့်စရာကြီးနဲ့ လွဲချော်သွားလိမ့်မည်။ ဒါ့အပြင် သူမအခုနကပြောခဲ့တဲ့စကားအပေါ်အခြေခံပြီး အဲဒီနွားနို့နဲ့ပတ်သတ်တဲ့မို့်လုပ်နည်းကို သူမ သိပုံရသည်။

ဒီလိုသာဆိုရင် သူနောက်ထပ် ငွေရှာနိုင်တဲ့ အခွင့်အလမ်းကို ကြုံရပြန်ဦးမည်။ အထူးစတိုးဆိုင်အသစ်ဖွင့်လို့ရနိုင်သည်။ နို့ထွက်ပစ္စည်းများ၏ ဖြစ်နိုင်ချေက သူတွေးဖူးသည်ထက် ပိုများသည်။

စုချန်ရှန်သည် သူ၏ စိတ်ကူးများဖြင့် သွေးဆောင်မှုကို ခံစားနေရသည်။ ဒါပေမယ့် ဤကိစ္စကို အလျင်စလို မလုပ်နိုင်ခဲ့ပေ။ နွားတစ်ကောင်သည် အရွယ်ရောက်ရန် အချိန်များစွာယူရပြီး ကိုယ်ဝန်ရှိချိန်တွင်သာ နို့ထွက်သည်။ ဒါကို အလျင်စလိုလုပ်ဖို့ နည်းလမ်းမရှိဘူး။ ပိုတန်ဖိုးရှိလေလေ တန်ဖိုးကြီးလေလေပါပဲ။

စုချန်ရှန်၏ တွက်ချက်မှုများကြောင့် စိတ်တွေ တအား လှုပ်ရှားနေလေသည်။ သူနုတ်ယူလိုက်သော ငွေတွေက ကြည်နူးစရာပင်။

ကျယ်လောင်စွာ ရယ်မောခြင်းကို သူ မတားဆီးနိုင်ခဲ့ပေ။

ကျားပေါင်က ရယ်သံကိုကြားသောအခါတွင် သူ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ သူ့သခင်လေးက အရာရာတိုင်းတွင် တော်သည်။ သူက ရုပ်ချောပြီး မိသားစုနောက်ခံလည်းရှိသည်။ သူ့မှာ ငွေကြေးနဲ့ ရုပ်ရည်လည်း ရှိပေမယ့် သူ့မှာ မကောင်းတာတစ်ခုတော့ ရှိသည်။ သူက ငွေကို အစွဲအလမ်းကြီးသည်။

…

“ပြီးပြီလား…”

ရှောင်းကော မီးဖိုချောင်သုံးဓားကို မြှောက်ကာ စဥ့်တီတုံးရှေ့တွင် ရပ်နေသည်။ သူမဘေးမှာရပ်နေတဲ့ ကျန်းတန်းဟယ်ကိုကြည့်လိုက်ပြီး သူ့ကို ကူကယ်ရာမဲ့စွာ တံတောင်ဖြင့်တို့လိုက်သည်။

မထင်မှတ်ပဲ ပေါ့ပေါ့ပါးပါး တွန်းလိုက်ရုံနဲ့ ကျန်းတန်းဟယ်က သူမအပေါ်ကို ပြုတ်ကျလာလုနီးပါး ဖြစ်နေပုံရသည်

ဒါကိုမြင်တော့ ရှောင်းကောက မီးဖိုချောင်သုံးဓားကို အမြန်ပစ်ချပြီး သူ့ကို ဖမ်းဖို့လုပ်လိုက်သည်။

ကျန်းတန်းဟယ်က အခြေအနေကို အခွင့်ကောင်းယူကာ သူ့ရင်ခွင်ထဲတွင် သူမကိုပွေ့ဖက်လိုက်သည်။ သူသည် သူမဆီ ခေါင်းတိုးဝှေ့ပြီး ဒေါသတကြီးဖြင့် ပြောခဲ့သည်။ “မင်းတို့တွေ ဘာကို သဘောတူခဲ့တာလဲလို့ ”

ရှောင်းကော ရယ်မောလိုက်သည်။ ကျန်းတန်းဟယ်ကို သူမနောက်ဆုံးတွေ့ခဲ့တာက ရက်ပိုင်းပဲရှိသေးသည်။ ဒီလိုမျိုး လေချွန်ဖို့ သူ ဘယ်မှာ သင်ယူခဲ့တာလဲ။

တစ်နည်းနည်းနဲ့ သူ့နည်းဗျူဟာတွေက အလုပ်ဖြစ်ပုံရသည်။ သူမစတင်ပြီးမျက်နှာနီရဲလာသည်။ "ဖယ်"

“မဖယ်ဘူး”

"ရတယ်လေ၊ သူ သူမပြောတာကို မကြားချင်ယောင်ဆောင်နေတာလား" ရှောင်းကော ကျန်းတန်းဟယ်ကို နောက်တစ်ကြိမ် တွန်းလိုက်သည်။

“ မြေကြီးပေါ်မှာ ဘာရှိလို့လဲ…”

မဖြေပြန်ဘူး…

"ရပ်တော့!"

ကျန်းတန်းဟယ် တူညီတဲ့မေးခွန်းကို ထပ်မေးတော့မည်ကို မြင်သောအခါ ရှောင်းကော စကားမပြောနိုင်ဖြစ်နေခဲ့သည်။ သူ့ကို နောက်ဆုံးတွေ့တာ ရက်ပိုင်းပဲ ရှိပေမယ့် သုံးနှစ်ကျော်သွားသလို ခံစားရသည်။ အကယ်၍ သူပုံစံက တူညီနေသေးသည့်အချက်ကြောင့်သာ မဟုတ်ရင် ကျန်းတန်းဟယ် အစစ်ကို အခြားလူတစ်ယောက် အစားထိုးသွားသည်ဟု ရှောင်းကော ထင်ကောင်းထင်မိလိမ့်မည်။

ကျန်းတန်းဟယ် မျက်လုံးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ရှောင်းကောကိုကြည့်ကာ တစ်စုံတစ်ခုကို ဖော်ထုတ်ရန် ကြိုးစားနေသကဲ့သို့ပင်။

ရှောင်းကော ခေါင်းညိတ်ပြပြီး စိတ်ရှည်ရှည်နဲ့ ပြောခဲ့သည်။ "လွှတ်၊ ကျွန်မ ပြောပြမယ်"

ကျန်းတန်းဟယ် သူ့လက်တွေကို ဖြည်းညှင်းစွာ ဖြေပေးလိုက်သည်။ ရှောင်းကော ၁၈၀ ဒီဂရီလှည့်ရန် သူ၏ ဆုပ်ကိုင်မှုကို ဖြေလျော့လိုက်ချိန်တွင် အခွင့်အရေးကို ဆုပ်ကိုင်ထားသည်။ သူမ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ကျန်းတန်းဟယ်၏ နောက်ကျောကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။

ချက်ချင်းပဲ အသားချင်းထိတဲ့အသံက လတ်လတ်ဆက်ဆက် ထွက်ပေါ်လာသည်။

လေက အေးခဲသွားသလိုပင်။ သုံးစက္ကန့်အကြာတွင် ရှောင်းကော အော်ဟစ်ပြီး ညာလက်ကို ဆုပ်ကိုင်ကာ နာကျင်စွာ အော်ခဲ့သည်။

နာကျင်လွန်းလှသည်။ သူ့အသားက သံနဲ့လုပ်ထားတာလား။

"က... ကောအာ တိတ်တိိတ် တိတ်တိတ်"

ကျန်းတန်းဟယ်က ရှောင်းကော သူ့ကျောပြင်ပေါ် ပုတ်ပေးနေသည်ကို ခံစားနိုင်သည်။ ထို့နောက် သူမ ချက်ချင်းပင် ငိုချလိုက်တော့သည်။ သူ ရှောင်းကော ရဲ့လက်ကို ကိုင်ပြီး မှုတ်ပေးခဲ့သည်။ "လိမ္မာတယ်၊ မကြာခင် နာတာပျောက်သွားမှာနော်"

"နာလိုက်တာ!" ရှောင်းကော က အထင်ကြီးမခံပေ။ "ရှင့်ရဲ့အသားက သံနဲ့လုပ်ထားတာလား။ အရမ်းနာတာပဲ"

ကျန်းတန်းဟယ်သည် ရှောင်းကော ၏ဤကဲ့သို့သောအပြုအမူကို ပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်သည်။ သူမ အနည်းငယ် လန်းဆန်းသွားသည်ကို တွေ့လိုက်ရပြီး သူမရဲ့ ချစ်စရာကောင်းနေမှုကို ကြည့်နေမိသည်။ "ဒါဆို မင်းကိုယ့်ကို ဘာလုပ်စေချင်လဲ"

“ကျွန်မ လိုချင်တာက… ကျွန်မ လိုချင်တာက…” ရှောင်းကော သူမလိုချင်တာကို သေချာစဉ်းစားလိုက်သည်။ ဒါပေမယ့် အချိန်အတော်ကြာပြီးနောက် ဘာကိုမှ သတိရမလာပေ။ ထို့နောက် သူမသည် တူညီသော စကားများကို ဆက်၍ ထပ်ခါတလဲလဲပြောခဲ့သည်။ “ကျွန်မ လိုချင်တာက ....ကျွန်မ လိုချင်တာက….”

ကျန်းတန်းဟယ် မျက်နှာနီသွားပြီး ပတ်ပတ်လည်ကို လှည့်ကြည့်ခဲ့သည်။ "ဒီနေ့ညကျမှ ကိုယ်တို့အဲ့တာကိုပြောကြမယ်"

… မေးခွန်းအမှတ်အသားတွေနဲ့ ပြည့်နေတဲ့ မျက်နှာရှိတဲ့ လူမည်း အီမိုဂျီကြီး…

ရှောင်းကော ကျန်းတန်းဟယ်ကို မိန်းမောတွေဝေစွာကြည့်နေသည်။ 'သူမ ဘာပြောလိုက်လို့လဲ? သူကဘာလို့ ညဆိုတာကြီးကို ပြောလာတာလဲ။'

လေထုထဲတွင် တခဏမျှ တိတ်ဆိတ်သွားသည် ။ ကျန်းတန်းဟယ် သူမ၏ စကားတွေကို နားလည်မှုလွဲသွားပြီဖြစ်ကြောင်း သူမ စတင်သိရှိလာသည်။ သူ့မာနကြောင့် သူ စောစောက မေးခဲ့သော မေးခွန်းကို သူ ဆက်မေးခဲ့သည်။

"မင်းဘာကိုသဘောတူလိုက်တာလဲ"

ရှောင်းကော သက်ပြင်းချလိုက်ပြီး အသီးအရွက်လှီးရန် မီးဖိုချောင်သုံးဓားကို နောက်တစ်ကြိမ် ကောက်ကိုင်လိုက်သည်။ သူ ဆက်မေးလာသောအခါတွင် သူမနဲ့ စုချန်ရှန် တို့ သဘောတူထားသည့်အရာအားလုံးကို အမြန်ပြောပြခဲ့သည်။

“အိုး ကိုယ်သိပြီ ” ကျန်းတန်းဟယ်သည် ထိုစကားကိုကြားသောအခါ ပြုံးလိုက်သည်။ ဒီတော့ အဲဒါက ဒါပါပဲ။

" အသီးအရွက်တွေကို ရေဆေးပေးရမလား။ဆေးစရာတွေရှိသေးလား " ကျန်းတန်းဟယ် မေးပြီး သူ့ကိုယ်သူပဲ ဖြေခဲ့သည်။ “ဟုတ်တယ်၊ ဒါတွေပဲ။”

ကျန်းတန်းဟယ်အတော်လေး ရိပ်မိသွားသည်။ ရှောင်းကော ဒေါသပုန်မထခင်မှာ အသီးအရွက်တွေကို ဆေးကြောဖို့ ရေတွင်းဆီ ဇလုံကို ယူလာပြီးပြီ။

ဒီအပိုင်း အသေးလေးကြောင့် ကျန်းတန်းဟယ် မနေ့ညကအကြောင်းမေးဖို့ မေ့သွားခဲ့သည်။ ထို့ကြောင့် သူ့နဖူးကို ရိုက်ခံလိုက်ရသည်ကို သူ မသိခဲ့ပေ။ သူမှန်ကိုကြည့်ခွင့်ရတဲ့ အချိန်မှာ ရိုက်ခံထားရတဲ့ အမှတ်အသားက လုံးဝ မှိန်ဖျော့နေပြီ။

All Chapters