← Chapters

အခန်း (၂၀၀)

Vol. 14 Ch. 200

အခန်း (၂၀၀)

Vol. 14 Ch. 200

စားသောက်ဆိုင်ရှေ့က လေထုက ပိုကောင်းလာသည်နှင့်အမျှ ချင်းအန့်မင်နဲ့ ကျွမ်းကျွမ်းတို့ အကျပ်ရိုက်နေကြသည်။

ကျွမ်းကျွမ်းက ပြေးဝင်လာပြီး သူ့အဖေ ဒီကိုရောက်လာကြောင်း ချင်းအန့်မင်ကို ပြောပြတဲ့အချိန်မှာ စတင်ခဲ့သည်။ ထိုစကားကိုကြားသောအခါ ကျွမ်းကျွမ်းကို အိမ်နောက်ဖေးသို့ ချက်ချင်းခေါ်သွားခဲ့သည်။

အဝတ်အစားအသစ်ကို လဲပြီးရင် အဆင်ပြေမယ်လို့ သူထင်ခဲ့သည်။ ကျွမ်းကျွမ်းက ကျန်းတန်းဟယ် မနက်စောစောထပြီး ချင်းအန့်မင်ကို တွေ့ဖို့ အထူးတလည်ဝတ်စားထားတာကို မထင်မှတ်ပဲပြောခဲ့သည်။ သူ မနေ့ညက အိပ်ရာမဝင်ခင်မှာတောင် ရေချိုးခဲ့သေးသည်။

ဒါကိုကြားတော့ ချင်းအန့်မင်က သူ့ကိုယ်သူ အနံ့ခံလိုက်သည်။ ကံကောင်းထောက်မစွာ၊ မနေ့က သူရေချိုးထားပြီး အနံ့အသက်က ကောင်းနေသေးသည်။ ဒါပေမယ့် သန့်ရှင်းတဲ့ အဝတ်အစားကို လဲရုံနဲ့ မရသေးဘူး။ အနည်းဆုံးတော့ ဆံပင်ဖြီး၊ မျက်နှာသစ်ပြီး သင့်တင့်လျောက်ပတ်သော အ၀တ်စားကို လဲရမည်။

!!

ထို့ကြောင့် ပြင်ဆင်ရန် အချိန်အတော်ကြာခဲ့သည်။

သူ ကျွမ်းကျွမ်းကို ခေါ်လာသောအခါ ရူယီက ပင်မတံခါးကို ပိတ်ပေးထားသည်။

"ရှောင်းကောနဲ့ တခြားသူတွေ ထွက်သွားပြီလား "

ချင်းအန့်မင်က ရီစရာမေးခွန်းတစ်ခုကို မေးခဲ့သည်။ ရှောင်းကောနဲ့ တခြားသူတွေ ထွက်သွားမယ်ဆိုရင် သူတို့ ကျွမ်းကျွမ်းကို ဘာလို့ လာမခေါ်တာလဲ။

ကျွမ်းကျွမ်း သူ့ဦးလေးအား မော့ကြည့်လိုက်သည်။ သူဘာမှားသွားတာလဲ။

“အစ်ကို…”

ရှောင်းကော သူ့ကို အကူအညီမဲ့စွာ ခေါ်လိုက်သည်။ သူဘာတွေမေးနေတာလဲ။

ချင်းအန့်မင်က အသံလာရာနေရာကို ကြည့်လိုက်တော့ ကျန်းတန်းဟယ်ကို ချက်ချင်း မြင်လိုက်ရသည်။

ကျန်းတန်းယ်လည်း သူ့ကို သတိထားမိသည်။ သူတို့ရဲ့ အကြည့်တွေက လေထဲမှာ ဆုံသွားသည်။ အချိန်အတော်ကြာအောင် နှစ်ယောက်လုံး စိတ်တွေလှုပ်ရှားနေကြသည်။

ကျန်းတန်းဟယ်သည် မတွေ့ရတာ ကြာပြီဖြစ်သော ယောက်ဖကို တွေ့လိုက်ရတော့ လန့်သွားသည်။ သူ့အပေါ် ကောင်းမွန်တဲ့ အထင်အမြင်ကို ချန်ထားခဲ့ဖို့ သူစိတ်အားထက်သန်ခဲ့သည်။

တုန်လှုပ်ချောက်ချားမှုနှင့် စိတ်လှုပ်ရှားမှုကြောင့် သူ ထိုင်ခုံပေါ်မှ ခုန်သွားခဲ့သည်။

ချင်းအန့်မင်လည်း အလွန်စိတ်လှုပ်ရှားနေသည်။ ကျန်းတန်းဟယ်က စစ်သူကြီးဖြစ်လာကြောင်း သူကြားသိထားရသည်။ ရလဒ်အနေဖြင့် ရှောင်းကော သည် သူ၏ကိုယ်ပိုင်ပုံရိပ်နှင့် ၎င်းအပေါ် မည်သို့အကျိုးသက်ရောက်နိုင်သည်ကို သူစိုးရိမ်ခဲ့သည်။ အဲ့ဒါကြောင့်ပဲ သူဝတ်စားဆင်ယင်မှုအပေါ် အရမ်းအာရုံစိုက်ခဲ့တာပင်။

ကျန်းတန်းဟယ် မတ်တပ်ရပ်နေတာကိုမြင်တော့ သူ့လက်တွေကို သူ ဘယ်မှာထားရမှန်း မသိတော့ပေ။ ထို့ကြောင့် သူသည် သူ့လိုပဲ မတ်မတ်ကြီး ရပ်နေခဲ့သည်။

နှစ်ယောက်သား ဘာမှမပြောဘဲ အဝေးကနေ ကြည့်နေကြသည်။ နှစ်ယောက်စလုံး၏ မျက်နှာမှာ အိန္ဒြေရှိမှုကိုတင်မြန်းထားကြသည်။

ရှောင်းကော က သူမ ယူလာတဲ့ သစ်သီးခြောက်တွေနဲ့ ဖရဲစေ့တွေကို ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်။ သူမသည် လူနှစ်ယောက်ကိုကြည့်ရင်း အဆာပြေစာစားရန် အားလုံးကိုဖိတ်ခေါ်လိုက်သည်။

မထင်မှတ်ဘဲ အချိန်အတော်ကြာပြီးနောက် ကျွမ်းကျွမ်း ဇီးသီးခြောက် စားပြီးသွားတာတောင် သူတို့က တစ်နေရာတည်းမှာပဲ ဆက်ပြီးရပ်နေကြသည်။ တစ်ယောက်ကိုတစ်ယောက် သာလွန်အောင်လုပ်ဖို့ ကြိုးစားနေပုံရသည်။

ရှောင်းကော မနေနိုင်တော့ပေ။ သူမလက်ထဲက ဖရဲသီးစေ့တွေကို လွှင့်ပစ်လိုက်ပြီး ကျန်းတန်းဟယ်ကို ချင်းအန့်မင်ဆီ ခေါ်သွားလိုက်သည်။

"အစ်ကို၊ ဘာလုပ်နေတာလဲ၊ ဒါ ကျန်းတန်းဟယ်လေ " သူမစကားပြောနေစဉ်တွင် သူမက ကျန်းတန်းဟယ် ကို ချင်းအန့်မင် ရှေ့ ဆွဲခေါ်လိုက်သည်။ "ကျန်းတန်းဟယ် ရှင် ဘာလုပ်နေတာလဲ၊ ဒါ ကျွန်မတို့အစ်ကိုလေ"

ထိုစကားကြောင့် သူတို့နှစ်ဦးကြားရှိ လှောင်အိမ်အငွေ့အသက်များက ချက်ချင်း ကွဲအက်သွားသည်။

"အစ်ကို"

ကျန်းတန်းဟယ်က အရင်စကားပြောလိုက်သည်။ အမှန်တကယ်တော့ သီးသန့်ဖြစ်နေစရာ ဘာမှမရှိပေ။ ဒီလူက သူ့ဇနီးရဲ့အစ်ကို၊ အပြင်လူမဟုတ်ဘူး။ ဒါ့အပြင် ရှောင်းကောနဲ့ လက်မထပ်ခင်မှာ သူတို့နှစ်ယောက်က အကြိမ်ပေါင်းများစွာ အပြန်အလှန် ဆက်ဆံရေးတွေရှိခဲ့ကြပြီးသား။

"အာ၊ တန်းဟယ်"

ချင်းအန့်မင် သူ့ကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။ အမှန်မှာ၊ သူတို့က မိသားစုတွေဖြစ်ပြီး သူစိမ်းတွေမဟုတ်ပေ။

"ရူယီက ငါတို့ကို နေ့လယ်စာစားစေချင်လို့ တံခါးပိတ်လိုက်တာ။ အဲဒါကြောင့် ဆိုင်ကို ခဏလေးပိတ်ထားတာ"

ရှောင်းကောသည် တခစ်ခစ်ရယ်နေသောအတွဲကို စားပွဲသို့ပြန်ဆွဲခေါ်သွားပြီး သူတို့ချက်ချင်း အဖွဲ့လိုက်စကားဝိုင်း တွင်ပါဝင်ခဲ့သည်။

ချင်းအန့်မင်သည် ဒါကိုကြားသောအခါ သူသည် ဤမေးခွန်းကို မေးရန် ဘယ်လောက် မိုက်မဲခဲ့သည်ကို သူသိလိုက်သည်။

၎င်းတို့ထဲမှ အနည်းငယ်သည် ဖရဲစေ့တွေကို စားရင်း စကားစမြည်ပြောနေကြသည်။ နေ့လယ်စာ စားချိန်ရောက်သောအခါ အားလုံး အတူတူ အလုပ်ရှုပ်နေကြသည်။

ရှောင်းကောသည် ဤပတ်ဝန်းကျင်ကို အလွန်နှစ်သက်သည်။ သူမ ရူယီ နဲ့ အတူထိုင်ရင်း ဟင်းသီးဟင်းရွက်တွေ ကောက်နေတုန်း ရူယီက ရှေ့တိုးလာပြီး မေးခွန်းတစ်ခုမေးခဲ့သည်။

"အစ်မ ရှောင်းကော "

"အင်း"

ရှောင်းကောသည် သူမအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး စကားပြောဖို့ သူမကို လှုံ့ဆော်လိုက်သည်။

"အစ်မရဲ့ ဆေးဖက်ဝင်အပင် ဟင်းလျာတွေကိုရော ညီမတို့ရောင်းလို့ရမလား။"

ရူယီ အိုးကို ပထမဆုံးမြင်လိုက်သောအခါတွင် သူမသည် အကြောင်းအရာများစွာကို စတင်တွေးတောခဲ့သည်။ အခု ခေါက်ဆွဲဆိုင်က ပိုက်ဆံရနေပေမယ့် အလုပ်ကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်သည်။ အခုခေတ်မှာ လူတွေက ကျန်းမာရေးကို ပိုဂရုစိုက်လာကြသည်။ ဒါကြောင့် နောက်ထပ်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ဒီအခွင့်အရေးကို ရအောင်ယူဖို့ စဉ်းစားနေသည်။

"ဒါပေါ့ ငါတို့လုပ်သင့်တယ်!"

သူမ၏ အနာဂတ်အစီအစဉ်များကိုကြားပြီးနောက် ရှောင်းကော အလွန်အထင်ကြီးသွားခဲ့သည်။ ဟုတ်ပါတယ်၊ ရူယီ မှာ တကယ်ရဲရင့်တဲ့ စိတ်ကူးတွေရှိသည်။ ဒါပေမယ့် သူမ အနည်းငယ် စိတ်ပူသွားသည်။ "ဒါက အစီအစဉ်ကောင်းတစ်ခုပဲ၊ ဒါပေမယ့် ညီမလေး ဒါကို ထိန်းနိုင်ပါ့မလား"

“ညီမ အဲ့တာကိုစဉ်းစားထားတယ်။ အချိန်တန်ရင် ဆိုင်ပိတ်ခါနီးမှာ ဘေးနားဆိုင်ခန်းကို သွားဝယ်လိုက်မယ်။ ဆိုင်တွေကြားက နံရံကို ဖယ်ပြီး စားသောက်ဆိုင်တစ်ခုအဖြစ် ပေါင်းလိုက်မယ်။ အချိန်တန်လာရင် လူပိုပြီးငှားလိုက်မယ်လေ”

ရူယီ သည် ဤကာလတွင် ငွေများစွာရခဲ့သည်။ အနီးနားက ဆိုင်ကို အလွယ်တကူ ဝယ်နိုင်ရင်၊ လူပိုငှားဖို့ သေချာသည်။ ထို့ကြောင့် သူမသည် ထိုကဲ့သို့ ရဲရင့်တဲ့ အကြံဥာဏ်ကို တဖြည်းဖြည်း တီထွင်လာခဲ့သည်။

ရှောင်းကောသည် ၎င်းကို သေသေချာချာ စဉ်းစားပြီး အလုပ်ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ၊ အစ်မ ညီမနဲ့ အတူရှိမယ်။ ညီမလေးအကူအညီလိုရင် အစ်မကို ပြော"

"အား! အစ်မ ရှောင်းကော အစ်မကို ချစ်လိုက်တာ!"

ရူယီ အသီးအရွက်များကို ချလိုက်ပြီး ရှောင်းကော ကို ပွေ့ဖက်လိုက်သည်။ သူမ၏ အကြံအစည်က ရဲရင့်လွန်းသည်ဟု သူမ ထင်ခဲ့သော်လည်း သူမ၏ အကြံအစည်များကို တစ်စုံတစ်ဦးမှ ပံ့ပိုးပေးသည့် ခံစားချက်က အံ့မခန်းပင်။

နှစ်ယောက်သား ဟင်းချက်နေတုန်း သူတို့ရဲ့ အစီအစဉ်တွေကို တွေးပြီး အချိန်မဖြုန်းခဲ့ကြပေ။ ရှောင်းကော ယူလာပေးတဲ့ ဆေးဖက်ဝင်အပင်ဟင်းရည်ကိုလည်း အပူပေးပြီး စားပွဲပေါ်သို့ ယူလာခဲ့သည်။ အာဟာရဓာတ်တွေ ပါ၀င်တာကြောင့် အတူတူသောက်တာ ကောင်းသည်။

သူတို့ ထမင်းစားနေတုန်း ရူယီက သူမရဲ့ အစီအစဉ်ကို လူတိုင်းကို အတိုချုံး ရှင်းပြခဲ့သည်။ အသေးစိတ်အချက်အလတ်များကို ပြုစုရဦးမည်ဖြစ်သော်လည်း သူမရည်ရွယ်ထားသည့်အရာ၏ ယေဘူယျအကျဉ်းချုပ်ကို ပေးခဲ့သည်။

လူတိုင်းသည် ဤနေရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရူယီ သည် ၎င်းတို့အား မိသားစုကဲ့သို့ ဆက်ဆံသောကြောင့် သူမသည် ၎င်းတို့၏ခွင့်ပြုချက်ကို ဦးစွာရယူရမည်ဖြစ်သည်။

နောက်ဆုံးမှာတော့ သူမ လူတိုင်းရဲ့ သဘောတူညီမှုကို ရရှိခဲ့သည်။

ကျန်းတန်းဟယ် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အမှန်ပင် ကောင်းတဲ့အကြံတစ်ခုဖြစ်သည်။ မြို့တော်မှာရှိတုန်းက သူသိတဲ့လူအများစုက သူတို့ရဲ့ကျန်းမာရေးကို အရမ်းဂရုစိုက်ကြသည်။ သူတို့သည် ဆေးဖက်ဝင်အပင်များ နှင့် အဖျော်ယမကာ အများအပြားကို ၎င်းတို့၏ ဗိုက်ထဲသို့ ထည့်ကြသည်။

ယုံဟိုင် ကောင်တီက ကြီးကြီးမားမားမဟုတ်ပေမယ့် အဲ့မှာ ချမ်းသာတဲ့သူတွေ အများကြီးရှိသည်။ ခရိုင်အတွင်း မိသားစုများနှင့်အတူ အခြေချနေထိုင်ခဲ့ကြသော အရာရှိများစွာလည်း ရှိသည်။ ထို့ကြောင့် ဆေးဖက်ဝင်အပင်များကို အထူးပြုသည့် ဆိုင်တစ်ဆိုင်ဖွင့်မည်ဆိုပါက ကောင်းမွန်စွာ လည်ပတ်လောက်သည်။

နေ့လည်စာစားပြီးနောက် လင်းလုံနဲ့ဖူအာ တို့က စားပွဲကို ရှင်းပေးသည်။ တခြားသူတွေက စားပွဲဝိုင်းမှာ စုပြီး အစီအစဉ်ကို ဆွေးနွေးကြသည်။

လူတိုင်းသည် ၎င်းတို့၏ အတွေးအမြင်များကို ပေးကြသည်။ အချိန်အတော်ကြာပြီးနောက် ပြီးပြည့်စုံပြီး တင်းကျပ်သော လုပ်ငန်းမူဘောင်ကို စားပွဲပေါ်တွင် သေသေသပ်သပ် ခင်းကျင်းထားသည်။ ဆိုင်တွင်ငှားရမ်းခြင်းမှသည် ဟင်းပွဲများ၏ စျေးနှုန်းများအထိ စေ့စေ့စပ်စပ်နှင့် ပြည့်စုံသော လုပ်ငန်းအစီအစဉ်တစ်ခုကို စီစဥ်ထားသည်။

ရူယီ က ကောက်ရိုးစက္ကူကို သေချာဖယ်ထားလိုက်သည်။ စီမံချက်ကို လက်ထဲမှာ ကိုင်ထားပြီး မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ရမည်။ နောက်ဆုံးတော့ အချိန်က ပိုက်ဆံပဲ။

ရှောင်းကော ချောင်းဆိုးသံ အနည်းငယ် ထွက်လာသည်။ သူမ၏လည်ချောင်းက အနည်းငယ်ခြောက်နေသလို ခံစားရသည်။ သူမသည် ရူယီ တွေးနိုင်သော ချက်ပြုတ်နည်းအားလုံးကို ပေးထားပြီးဖြစ်သည်။ ရူယီ က မှတ်စုများကို တာဝန်ယူသည်။ ပါဝင်ပစ္စည်းများနှင့် ဆေးဖက်ဝင်အပင်များကို အသေးစိတ်ဖော်ပြထားသော စာရွက်ကြီးငါးရွက်ပါရှိသည်။ အဲ့တာကရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်သည်။

ရှောင်းကော ရေကိုရှာနေစဉ်တွင် သူမကို စောင့်ကြည့်နေသော ကျန်းတန်းဟယ်က ချက်ချင်း ရေနွေးတစ်ခွက် ကမ်းပေးလိုက်သည်။

သူမ သူ့ကို ကျေးဇူးမတင်ခဲ့ပေ။ သူတို့က ဤကဲ့သို့သော ရင်းနှီးပြီးသား ဝေါဟာရများရှိသောကြောင့် တရားဝင်ဆန်တာတွေ မလိုအပ်ပေ။

သူမ ခွက်ကိုယူကာ တစ်ကျိုက်တည်း သောက်ခဲ့သည်။ ကျန်းတန်းဟယ်က သူမကို နောက်ထပ်တစ်ခွက် ပေးလိုက်သည်။ ရှောင်းကော ရေကိုမသောက်မီ သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ပြီးတာနဲ့ ချက်ချင်းပဲ သူမ လေချဥ်တက်သွားခဲ့သည်။ သူမ ဗိုက်ထဲမှာ ရေတွေအရမ်းပြည့်နေပြီ။

"နောက်ကျနေပြီ ကျွန်မတို့ အခုပြန်မှရတော့မယ်"

နေ့လည်ခင်းအထိ အုပ်စုလိုက် ဝိုင်းဖွဲ့နေကြပြီးရှောင်းကော က ထကာ နှုတ်ဆက်ဖို့ ပြင်ဆင်ခဲ့သည်။

ချင်းအန့်မင် က ကျွမ်းကျွမ်းကို ကောက်ချီလိုက်ပြီး သူတို့နှစ်ယောက်ကိုပြောခဲ့သည်။ "ရှောင်းကော၊ တန်းဟယ်၊ ကျွမ်းကျွမ်းကို ငါနဲ့ နောက်ထပ်နှစ်ရက်လောက် ဒီမှာနေခွင့်ပြုပါလား"

ဒီအကြောင်းကို သူ အချိန်အတော်ကြာ စဉ်းစားခဲ့ဖူးသည်။ ကျန်းတန်းဟယ် ပြန်ရောက်လာပြီးကတည်းက နှစ်ယောက်သား စုံတွဲအချိန်လေးကို ပျော်စရာတွေလုပ်ဖို့ကောင်းသည်။

ထိုအကြောင်းကို တွေးရင်း သူ အနည်းငယ် ရှက်ရွံ့သွားသည်။ ချင်းအန့်မင် နည်းနည်းလေးကြီးလာကတည်းက သူ့အတွက် အသံထွက်ပြောဖို့ မလွယ်ခဲ့ပေ။

"ဟင်။ ဘာလို့လဲ"

ကျွမ်းကျွမ်းက ပထမဆုံး မေးတဲ့သူဖြစ်သည်။

"ဘာလို့လဲ ဟုတ်လား။ ဦးလေးနဲ့ မနေချင်ဘူးလား "

သူ့ယောက်ဖကို ကူညီရန်အတွက် ချင်းအန့်မင်သည် ကျွမ်းကျွမ်း ကို သူနှင့်အတူနေဖို့ နှိုးဆော်ခဲ့သည်။

“…အတိအကျ မရှိဘူး”

ကျွမ်းကျွမ်း သူ့မျက်နှာကို ကိုးရိုးကားရားနိုင်စွာ လှည့်လိုက်သည်။ သူ့ဦးလေး ဒီလိုလုပ်နေတာကို ကြည့်ရတာ ခက်သည်။

“အစ်ကို..…”

ရှောင်းကော၏ ပါးစပ်ထောင့်က လှုပ်သွားသည်။ အဲဒါ ဘယ်လိုအသုံးအနှုန်းလဲ။ သူမ သူ့ကိုကြည့်ဖို့ မခံနိုင်ပေ။

ကျန်းတန်းဟယ်သည် ချင်းအန့်မင်၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ချင်းအန့်မင်က ကျွမ်းကျွမ်းနဲ့ အချိန်ပိုနေချင်သည်ဟု သူ ထင်လိုက်တာကြောင့် သူ အလွယ်တကူ သဘောတူခဲ့သည်။ "ရတာပေါ့"

အဲဒါနဲ့ သူ ရှောင်းကော ကို ပြန်ကြည့်ပြီး အသေအချာမေးလိုက်သည်။ "ဒါဆို အဆင်ပြေပါ့မလား"

သူကတော့ အဆင်ပြေပေမယ့် အိမ်မှာ ဆုံးဖြတ်ချက်ချပေးတဲ့သူကတော့ ရှောင်းကော ဖြစ်နေတုန်းပါပဲ။

ကျန်းတန်းဟယ်က သဘောတူကြောင်းကိုမြင်တော့ ချင်းအန့်မင်သည် သူ့နှလုံးသားထဲတွင် သက်သာရာရကာ မျက်ရည်များဝဲလာသည်။ သူ့ယောက်ဖက သူ့ရည်ရွယ်ချက်ကို နားလည်ပုံရသည်။

All Chapters