← Chapters

အခန်း (၂၀၁)

Vol. 14 Ch. 201

အခန်း (၂၀၁)

Vol. 14 Ch. 201

"….... ကောင်းပြီလေ "

ကျန်းတမ်းဟယ် သဘောတူလိုက်တာကိုမြင်တော့ ရှောင်းကော တခြားဘာမှ မပြောခဲ့ပေ။ သူမလည်း သူနဲ့တစ်ပုံစံတည်း တွေးခဲ့သည်။ ချင်းအန့်မင်က ကျွမ်းကျွမ်းနဲ့ အချိန်ဖြုန်းချင်နေတာဖြစ်နိုင်တာကြောင့် ကောင်လေးက နေသင့်တာပေါ့။ ဒါပေမယ့်…

"နောက်နှစ်ရက်နေရင် အစ်ကိုတို့ အားလို့လား"

နောက်နှစ်ရက်အတွင်း ဆိုင်ပြန်ဖွင့်မည်။ ကျွမ်းကျွမ်း လမ်းမပေါ်ရောက်နေမလား။ ရှောင်းကောသည် ကျွမ်းကျွမ်းရောက်နေတာက များစွာသောပြဿနာဖြစ်စေမည်ဟု မထင်ခဲ့ပေ။

"အဆင်ပြေပါတယ်။ ညီမတို့ ရက်အနည်းငယ်လောက် အနားယူမှာဆိုတော့ ဆိုင်ကို ခဏပိတ်ထားမှာ။ ဘေးက ဆိုင်ကို ပြန်ပြုပြင်နေတဲ့အချိန်မှာတော့ ဒီအချိန်ကို ကောင်းကောင်း အနားယူလို့ရမှာပဲ"

ရူယီက အနားကနေ ပြောခဲ့သည် ။ နှစ်ရက်အတွင်း ဆိုင်ပြန်ဖွင့်သောအခါတွင် ပို၍ အလုပ်များလာမည်ဖြစ်သောကြောင့် လူတိုင်း အနားယူပြီး လာမည့်ရက်များတွင် တိုက်ပွဲအတွက် ပြင်ဆင်ရန် အနားယူသင့်သည်။

ရှောင်းကောသည် ထိုစကားကြားတော့ စိတ်သက်သာရာ ရသွားသည်။ “ဒါပေမယ့် ကျွမ်းကျွမ်းရဲ့ အဝတ်အစားနဲ့ ဖိနပ်တွေ…”

"ရပြီ၊ ရပြီ၊ မြန်မြန်ပြန်ကြတော့။ ကျွမ်းကျွမ်း အတွက် စိတ်မပူနဲ့၊ ငါ သူ့အတွက် အဝတ်အစားနဲ့ ဖိနပ်အသစ်တွေ ဝယ်ပေးလိုက်မယ်။"

ရှောင်းကော စကားမပြီးသေးတာကိုတွေ့လိုက်ရတော့ ချင်းအန့်မင်က သူတို့နှစ်ယောက်ကို အမြန်တွန်းထုတ်လိုက်သည်။

ရှောင်းကော တစ်ခုခုပြောချင်လို့ လှည့်ကြည့်ခဲ့သော်လည်း ချင်းအန့်မင်က သူမကို စကားပြောခွင့်မပေးပေ။ မြည်းရထားလုံးပေါ်တက်တဲ့အထိ သူတို့ကို သူလိုက်ပို့ခဲ့သည်။

"ညီမရဲ့မြေအိုး မယူရသေးဘူးလို့ ပြောမလို့ကို"

ရှောင်းကော ချင်းအန့်မင်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သူမသည် မြေအိုးအကြောင်း အသံထွက်ရန် ကြိုးစားခဲ့သော်လည်း သူက သူမကို စိတ်မပူဖို့ပြောခဲ့သည်

"သူဘာလို့စိတ်မပူဖို့ပြောနေတာလဲ၊ မြေအိုး မယူရသေးဘူးဆိုတာကို သူက စိတ်မပူဖို့ပြောနေတယ်၊ သူဘာလုပ်ဖို့ကြိုးစားနေတာလဲ"

ရှောင်းကော ချင်းအန့်မင်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်ကာ သူဘာဖြစ်နေတာလဲဆိုတာ သိချင်လာသည်။

ချင်းအန့်မင် မျက်နှာပူသွားသည်။ တခြားသူတွေကတော့ မကူညီနိုင်ဘဲ ရယ်ခဲ့ကြသည်။

"ငါ သွားယူလိုက်မယ်"

လင်းလုံက သူမ၏လက်ကိုမြှောက်ကာ အိုးသွားယူရန် ဆိုင်ထဲသို့ ပြေးသွားခဲ့သည်။ သူမ အဲ့တာကိုဆေးကြောထားပြီးပြီမို့ ဘယ်မှာရှိမှန်း သူမ သိသည်။

ရှောင်းကော၏ သံသယ အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ ချင်းအန့်မင်၏ အသားအရေက နီလာပြီး ပန်းရောင်ပြောင်းသွားသည်။ ပုံမှန်အသားအရည်ပြန်ဖြစ်မလာပေ။

"ရပြီ၊ ရပြီ၊ သွားကြတာပိုကောင်းမယ်။ နေရှိနေတုန်း ပြန်သွားကြတော့"

ကျန်းတန်းဟယ် အိုးကိုယူလိုက်သည်ကိုမြင်ပြီးနောက် ချင်းအန့်မင်သည် ၎င်းတို့နှစ်ဦးကို ထွက်ခွာရန် တိုက်တွန်းခဲ့သည်။

ရှောင်းကော နဲ့ ကျန်းတန်းဟယ်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။သူတို့ ကူကယ်ရာမဲ့စွာ ရထားလုံးကိုမောင်းနှင်ခဲ့ကြလေသည်။

မိုးသောက်ချိန်မှာ ပြန်တာမလား? ကျေးဇူးပြုပြီး နေကထွက်နေတုန်းပဲလေ။ လမ်းလျှောက်ပြန်ရင်တောင် စောနေသေးသည်။

ချင်းအန့်မင် သက်ပြင်းချလိုက်သည်။ “နောက်ဆုံးတော့ သူတို့ပြန်သွားပြီ၊ ငါ့ကိုစိတ်ပျက်ရအောင်တော့ မလုပ်ပါနဲ့ ငါ့ကို တူမလေးတစ်ယောက် မြန်မြန်မွေးပေး”

ကျွမ်းကျွမ်းသည် အဝေးမှ မြည်းရထားလုံးကို လှမ်းကြည့်ကာ ပြိုကျလုနီးဖြစ်နေပြီဖြစ်သည်။ မထွက်သွားကြခင်သူ့ ခံစားချက်ကို ဘယ်သူကမှ ဘာလို့ မမေးခဲ့ကြတာလဲ။

လမ်းတစ်လျှောက်တွင် ရှောင်းကောသည် ရှုခင်းကိုကြည့်နေသော်လည်း ကျန်းတန်းဟယ်၏ မျက်လုံးတွေနဲ့ မဆုံမိအောင် ရှောင်နေခဲ့သည်။ ဘာကြောင့်မှန်းမသိပေမယ့် သူမ ဘေးမှာ ကျွမ်းကျွမ်း မရှိနေတော့ စိတ်မသက်မသာဖြစ်နေသည်။

ထို့အပြင် အိမ်သို့မရောက်မီလေးမှာပဲ ကျွမ်းကျွမ်း ကျန်နေခဲ့ပြီး သူမနဲ့ ကျန်းတန်းဟယ်ပဲ အိမ်မှာ နှစ်ဦးတည်းကျန်တော့မည်ကို သူမ သဘောပေါက်ခဲ့သည်။

ဘယ်လိုမှမဖြစ်နိုင်ဘူး! ကျန်းတန်းဟယ်သည် လမ်းတစ်လျှောက် သူမ ထူးဆန်းနေတာကို သူကြည့်နေခဲ့ပြီး အဲ့တာက အံ့သြစရာတော့မဟုတ်ပေ။

မကောင်းဘူးဆိုတာ သူ ရှင်းရှင်းသိသည်။

ရှောင်းကောသည် သူမ၏အဝတ်တွေကို တိတ်တိတ်ဆိတ်ဆိတ် ချည်လိုက်ပြီး အလွယ်တကူ စုတ်ပြဲသွားမည်မဟုတ်ကြောင်း သေချာစေခဲ့သည်။ ဒါက မမှန်ဘူး။ ကျန်းတန်းဟယ်က သူမအဝတ်အစားတွေကို ဆွဲချွတ်လိမ့်မယ်လို့ သူမ ဘာကြောင့်ထင်ရတာလဲ။ အိုး ဘုရားရေ၊ သူမခေါင်းထဲမှာ အသုံးမဝင်တဲ့ အမှိုက်တွေ အများကြီးနဲ့ ပြည့်နေပြီ။

ကျန်းတန်းဟယ် လည်း အလားတူသဘောပေါက်ခဲ့သည်။ အိမ်ပြန်ရောက်တာနဲ့ သူ့အခန်းကို ပြန်သွားဖို့ သူ မစောင့်နိုင်တော့ပေ။ သူ့အဝတ်ပုံအောက်မှာ ဝှက်ထားတဲ့ စာအုပ်ကို လှန်ကြည့်လိုက်သည်။ သရုပ်ဖော်ပုံတွေအရ ရှောင်းကော ကို သွေးဆောင်ဖို့ မကြိုးစားခင် သူ အပြင်ထွက်ပြီး ရေချိုးသင့်လား။

ထိုအချိန်တွင် ကျန်းတန်းဟယ် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ အကြံကောင်းတစ်ခုလိုထင်ရသော်လည်း ထိုသို့သောရာသီဥတုအခြေအနေအောက်တွင် ထိုသို့ပြုလုပ်ခြင်းက ပညာရှိမဟုတ်ပေ။ ဒီလိုလုပ်ရင် နောက်နေ့ကျမှ ဖျားသွားလိမ့်မည်။ သူဖျားနေရင် ဘယ်သူ့ကိုမှ ဘယ်လိုမှ သွေးဆောင်နိုင်တော့မှာမဟုတ်ဘူး။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ ဒါကို မေ့ထားပြီး အဲ့အစား နွေရာသီကျမှ စမ်းကြည့်သင့်တယ်"

"အင်း ငါ့မှာကြွက်သားတွေ ရှိနေသေးတာပဲ မဟုတ်ဘူးလား" ဒါကိုတွေးပြီး ကျန်းတန်းဟယ်က သူ့အင်္ကျီကို မလိုက်ပြီး ဝမ်းဗိုက်ကြွက်သားတွေကို ထိလိုက်သည်။ သူ့မှာကြွက်သားတွေ ရှိနေကြောင်း အတည်ပြုပြီးနောက်မှာတော့ စိတ်သက်သာရာရသွားသည်။

ဒါပေမယ့် သူ လေ့ကျင့်ခန်းလုပ်ထားသည်မှာ ကြာခဲ့ပြီ။ သူ ပျော့ပြဲသွားပြီလား? ကျန်းတန်းဟယ် ပြင်းပြင်းထန်ထန် ဖျစ်ညှစ်လိုက်ပြီး သူ တော်တော် လေးတောင့်နေသေးတာကို သဘောပေါက်လိုက်သည်။ သူ လုံးဝ စိတ်သက်သာရာ ရသွားသည်။

ကျန်းတန်းဟယ် သူ၏ကြွက်သားများကို စစ်ဆေးနေစဉ် ရှောင်းကော က အခြားအခန်းတွင် ရှိနေကာ သူမ၏ အဝတ်အစားများကို အစွမ်းကုန် ချည်နှောင်နေသည်။

ညနေစောင်းတော့ နှစ်ယောက်သား ညစာစားပြီး သူတို့အခန်းထဲကိုယ်စီ ပြန်ဝင်သွားကြသည်။ ရှောင်းကော သက်ပြင်းတစ်ချက်ချလိုက်သည်။ ညစာစားချိန်အတွင်း အဆင်မပြေဖြစ်ခဲ့သောကြောင့် သူမအများကြီးမစားခဲ့ရပေ။

အရာအားလုံး လုံခြုံတယ်လို့ ရှောင်းကော တွေးလိုက်ချိန်မှာပဲ တံခါးကို ခေါက်ခဲ့သည်။

"ကောအာ မင်းအိပ်ပျော်နေပြီလား"

“အိပ်နေပြီ”

ထိုစကားကို ပြောပြီးနောက် ရှောင်းကော သူမ၏အမှားကို နားလည်ခဲ့သည်။ အိပ်ပျော်နေရင် ဘယ်လိုလုပ်စကားပြောမလဲ။

ကျန်းတန်းဟယ် ပြုံးလိုက်ပြီး စောင်နဲ့ ခေါင်းအုံးကိုယူလာကာ တံခါးကို ဖွင့်ခဲ့သည်။

လန့်ဖျပ်သွားပြီးနောက် ရှောင်းကော တတ်နိုင်သမျှ သူမ၏ အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်ပြီးနောက် သူမ အဝတ်သေချာဝတ်ထားသည်ကို သေချာစေရန် ငုံ့ကြည့်လိုက်သည်။

"ဘာလုပ်နေတာလဲ"

"ကိုယ် မင်းနဲ့ အိပ်ချင်လို့၊ စိတ်မပူနဲ့ ကိုယ်တို့ ဒီတိုင်းလေးပဲ အိပ်ရုံပါ "

ကျနိးတန်းဟယ် သည် သူမ၏ ခုခံမှုအား ခံစားရသော်လည်း သူသည် အိပ်ခြင်းမှလွဲ၍ အခြားအကြောင်းများကို အမှန်တကယ် မတွေးခဲ့ပေ။ သူသာလုပ်ခဲ့မယ်ဆိုရင် ပြီးတဲ့အကြိမ်တုန်းက လုပ်ပြီးလောက်ပြီ။ အခုတော့ မဖြစ်နိုင်မှန်း သူသိပြီမို့ မကြိုးစားတော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့ရှေ့မှာ အချိန်တွေအများကြီးရှိနေသေးသဖြင့် သူ့အချိန်ကို သူ ရနိုင်မည်။ ထို့အပြင် သူက ငယ်သေးသည်။ နောက်နှစ်အနည်းငယ်ကြာအောင် သူ သည်းခံနိုင်ပါသေးသည်။

ရှောင်းကော သူမ၏ တံတွေးကို မျိုချလိုက်ပြီး ခေါင်းအုံးကို ဘေးဘက်သို့ ဆွဲလိုက်သည်။

ကျန်းတန်းဟယ် ဝမ်းသာသွားသည်။ သူမသဘောတူလိုက်တယ်!

သူမ စိတ်ပြောင်းသွားမှာစိုးလို့ သူ ခေါင်းအုံးကို အိပ်ရာပေါ် အမြန်ချလိုက်သည်။

နှစ်ယောက်သား ပက်လက်လှန်နေကာ သူတို့ကြားမှာ လက်သီးတွေခြားထားသည်။ အသက်ရှုလိုက်တိုင်း နီးကပ်လာပြီး တစ်ယောက်နဲ့တစ်ယောက် ပိုနီးကပ်လာကြသည်။

ကျန်းတန်းဟယ်၏ ခန္ဓာကိုယ်က ကျောက်တုံးလို တောင့်တင်းနေသည်။ ရှောင်းကော၏ ကိုယ်သင်းနံ့က အလွန်ဆွဲဆောင်မှုရှိသည်။ မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်သည်ဟု သူစတင်တွေးတောလာခဲ့သည်။

ရှောင်းကောလည်း အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။ သူမ ကန့် ကွက်နေတာ မဟုတ်ဘူး။ နားမလည်နိုင်သော ခံစားချက်တစ်ခုသာ ဖြစ်ခဲ့သည်။ သူမသည် ယခင်က ကျန်းတန်းဟယ်နဲ့ အတူတူအိပ်ရာပေါ်တွင် အိပ်ခဲ့ဖူးသော်လည်း ထိုအချိန်တုန်းက ကျွမ်းကျွမ်းက သူတို့ကြားမှာ လဲလျောင်းနေပြီး ၎င်းတို့နှစ်ဦးစလုံးမှာ အဝတ်အစားများ အပြည့်ရှိနေသည်။ ဒါပေမယ့် အခုတော့ သူတို့နှစ်ယောက်လုံး ၎င်းတို့၏ အတွင်းခံတွေ ၀တ်ထားကြပြီး ကျွမ်းကျွမ်းကတော့ အနားမှာ မရှိခဲ့ပေ...

ရိုးရိုးသားသားပြောရရင် ဒီည ဘာမှမဖြစ်ခဲ့ဘူးဆိုရင် သနားစရာပဲ။

ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့နှစ်ဦး ထူးထူးခြားခြား ညတစ်ညကို ဖြတ်သန်းအိပ်စက်ခဲ့ကြသည်။

နောက်တစ်နေ့နံနက်တွင် ရှောင်းကော မျက်လုံးဖွင့်လိုက်ချိန်တွင် ပူပြင်းလှတဲ့မီးလုံးကြီးဝိုင်းထားသကဲ့သို့ သူမ ခံစားလိုက်ရသည်။ အရမ်းသက်တောင့်သက်သာရှိပြီး သူမတစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားရသည်။

ရှောင်းကောသည် သူမကို နွေးထွေးစေသော အရာဝတ္တုကို မသိစိတ်ဖြင့် ပွတ်တိုက်မိခဲ့သော်လည်း သဲသဲကွဲကွဲမကြားရတဲ့ ညည်းသံက သူမကို နိုးထစေခဲ့သည်။

သူမ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့မေးရိုးကို မြင်လိုက်ရသည်။ ရှောင်းကော တံတွေး မျိုချလိုက်ပြီး သူ့လည်စလုတ်မှာလည်း လှုပ်ရှားနေတာကို ရုတ်တရက် သိလိုက်ရသည်။ သူမ ရုတ်တရက် စိတ်ခံစားချက်မကောင်းတော့ပေ။

မျှော်လင့်ထားသည့်အတိုင်း သူမ မော့ကြည့်လိုက်သောအခါတွင် စိတ်ခံစားချက် ပြင်းထန်နေတဲ့ မျက်လုံးတစ်စုံက သူမကို တည့်တည့်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှောင်းကော လန့်သွားပြီး အလိုလို ထထိုင်လိုက်သည်။ သူမမျက်နှာရဲ့ ပူလောင်မှုကို ခံစားမိနိုင်သည်။

သူမ၏ မှန်းဆချက်အပေါ် အခြေခံ၍ ရေဘဝဲတစ်ကောင်လို သူမ တစ်ညလုံး သူ့ကို တွယ်ကပ်နေခဲ့သည်။ ထို့အပြင် သူမ၏ ခြေထောက်တွေကလည်း သူ့ရဲ့...

အား...!!!

ဒါကိုတွေးပြီး ရှောင်းကော သူ့ကိုပြန်မကြည့်ရဲတော့ပေ။ သူမခေါင်းကို စောင်နဲ့အုပ်ခဲ့ပြီး ငှက်ကုလားအုတ်တစ်ကောင်လို ပုန်းနေလိုက်သည်။

ကျန်းတန်းဟယ်က သူမကို ဒီလိုမျိုးမြင်လိုက်ရသောအခါ ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။ သူမနိုးလာသောအခါတွင် ကိုယ့်ကိုယ်ကို စောင်နဲ့ခြုံထားသည်။

အမျိုးသားတွေက မနက်ခင်းမှာဆိုရင် အချစ်စိတ်ပြင်းထန်ကြသည် အထူးသဖြင့် တစ်ညလုံး သူမရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံရပြီးတဲ့နောက်မှာပေါ့။ သူထိန်းချုပ်နိုင်မှု မပျောက်ဆုံးသွားတာက ကောင်းတဲ့အရာပင်။

" ရှောင်းကော၊ အိုး ရှောင်းကော မင်းက အရမ်းချစ်စရာကောင်းတာပဲ။ ကိုယ် သိပ်ပြီးသည်းမခံနိုင်တော့ဘူး"

ရှောင်းကောသည် ငှက်ကုလားအုတ်တစ်ကောင်ကဲ့သို့ ပုန်းနေခဲ့သည်။ ကျန်းတန်းဟယ် အိပ်ကာပေါ်က ထွက်သွားတဲ့အသံကိုကြားရချိန်မှာ သူမ သူ့အသံကို မကြားရနိုင်တော့တဲ့အထိတိုင်အောင် သူမ စိတ်အိုက်နေခဲ့သည်။

ခဏအကြာတွင် သူမ ပုန်းအောင်းနေရာမှ ထွက်လာရန် ကြိုးစားခဲ့သည်။ သူမ ချောင်းကြည့်လိုက်တော့ ကျန်းတန်းဟယ်ကို မတွေ့တော့ပေ။ စိတ်သက်သာရာ ရသွားသလို စောင်ကို မလိုက်ပြီး လတ်ဆတ်တဲ့လေကို ပြင်းပြင်းထန်ထန်ရှုရှိုက်လိုက်သည်။ သူမ စောင်အောက်ထဲမှာ အသက်ရှူကျပ်လုနီးပါး ဖြစ်ခဲ့သည်။

ရှောင်းကော တစ်ချက်ကြည့်လိုက်တော့ ကျန်းတန်းဟယ် ရဲ့ ခေါင်းအုံးနဲ့ စောင်ကို တွေ့လိုက်ရသည်။ ဒီည သူနဲ့ထပ်အိပ်ဦးမှာလား? ရှောင်းကောလည်း ရှက်သွားပြန်သည်။ ဒီအချိန်မှာ သူမ တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ စောစောက သူမခြေထောက်နဲ့ ပွတ်မိတဲ့ဟာက ဘာကြီးလဲ...?

All Chapters