← Chapters

အခန်း (၂၀၂)

Vol. 14 Ch. 202

အခန်း (၂၀၂)

Vol. 14 Ch. 202

ရှောင်းကော ဘယ်လောက်ပဲ ရှက်နေပါစေ သူမထပြီး မနက်စာ ချက်ရဦးမည်။

အခန်းထဲက မထွက်ခင် တံခါးကို ဟပြီးကြည့်လိုက်တော့ ကျန်းတန်းဟယ် အနားမှာ မရှိတာကို တွေ့လိုက်ရသည်။ ထိုမှသာ သူမ အပြင်ထွက်ရဲတော့သည် ။ သူမ မီးဖိုချောင်သို့ ပြေးသွားပြီး ဆန်ပြုတ်လုပ်ရန် အိုးတစ်လုံးထဲဖြည့်လိုက်သည်။

သူဘယ်ကိုသွားတယ်ဆိုတာ သူမ သိချင်ပေမယ့် သူမ ထွက်လာချိန်မှာတော့ သူအနားမှာ မရှိနေတာက ထူးဆန်းသည်။

ရှောင်းကော ချက်ပြုတ်နေစဉ် ပြတင်းပေါက်မှ လှမ်းကြည့်ခဲ့သည်။ အိမ်ထဲမှာကော အိမ်အပြင်မှာကော မရှိနေဘူး။ သူ ဘယ်ရောက်သွားတာလဲ။

ရှောင်းကော ချက်ပြုတ်ပြီးလို့ ပန်းကန်တွေထုတ်ယူလာသောအခါ ကျန်းတန်းဟယ်က အခြားအခန်းမှ ထွက်လာခဲ့သည်။ သူ့တစ်ကိုယ်လုံး စိုစွတ်နေသေးသည်။

ရှောင်းကော သူ့ကိုတွေ့လိုက်ရတော့ အံ့သြသွားသည်။ ဒါဆို သူတကယ်ပဲ အိမ်ထဲမှာရှိနေခဲ့တာပဲ။ သူအပြင်ထွက်သွားတယ်လို့ သူမ ထင်ခဲ့တာ။ ဒါပေမယ့် စိုစွတ်နေတဲ့ ဆံပင်တွေနဲ့ဆိုတော့ သူ ရေချိုးထားတာလားလို့ တွေးမိသည်။

"နည်းနည်းပူလို့ ရေချိုးလိုက်တာ"

ကျန်းတန်းဟယ်သည် သူမ၏ ပဟေဋ္ဌိဖြစ်နေတဲ့အကြည့်ကို ကြည့်ပြီး ရှင်းပြလိုက်သည်။ သူ မျက်လုံးချင်းမဆုံအောင် ရှောင်ပြီး ထမင်းစားဖို့ ခုံမှာ ထိုင်ခဲ့သည်။

သူမ ခေါင်းညိတ်ပြီး နောက်ထပ် မမေးတော့ပေ။ သူ ပူတယ်ဆိုတော့လည်း ပူတယ်ပေါ့။ ဒါပေမယ့်ရာသီဥတုက အရမ်းအေးနေသည်။

ရှောင်းကော ရိုးရိုးဆန်ပြုတ်ကို ပြုတ်ထားသည်။ သူမ ရေခဲသေတ္တာထဲမှ ဝက်အူချောင်းအချို့ကို ထုတ်ရန် အခြားနေရာသို့ သွားခဲ့သည်။ ဝက်အူချောင်းများကို ကြော်ပြီးနောက် မုန်လာဥချဉ်အချပ်များကို ပြင်ဆင်ရန် ဆက်သွားခဲ့သည်။

နှစ်ယောက်သား စားသောက်ခဲ့ကြသည်။ ကျွမ်းကျွမ်း မရှိတော့ ရှောင်းကော နေသေးမကျနေသေးပေ။ သူမသည် သုံးယောက်စာအတွက် ဟင်းချက်ရန် တွေးနေခဲ့သည်။

မနက်ပိုင်း ဇာတ်လမ်းအသေးလေးကြောင့် သူတို့ နှစ်ယောက်လုံး အနည်းငယ် အဆင်မပြေ ဖြစ်ခဲ့ရသည်။ နှစ်ယောက်လုံး စကားစပြောဖို့ အစမပျိုးခဲ့ကြပေမယ့် ထမင်းစားပွဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်နေကြဆဲပင်။ ကျန်းတန်းဟယ်သည် ရှောင်းကော ၏ပန်းကန်ထဲသို့ အစားအစာများကို ဆက်လက်ထည့်ပေးနေပြီး ရှောင်းကောက ကျန်းတန်းဟယ် ဆန်ပြုတ် ထပ်ထည့်ပေးခဲ့သည်။

အစားစားပြီးနောက် ကျန်းတန်းဟယ် ပန်းကန်တွေ ဆေးရန်သွားခဲ့သည်။ ရှောင်းကောက တံမြက်စည်းတစ်ချောင်းကိုယူကာ ကြမ်းပြင်ကို စတင်လှဲခဲ့သည်။ ထိုအချိန်တွင် မစ္စစ်ယန်၏အိမ်မှ ရှောင်ဟူ ရောက်လာသည်။

"အန်တီ၊ ကျွမ်းကျွမ်း ရှိလား"

သူစကားပြောနေစဉ်တွင် သူသည် အတွင်းဘက်သို့ချောင်းကြည့်ကာ ကျွမ်းကျွမ်းကိုရှာခဲ့သည်။

"ကျွမ်းကျွမ်း ဒီမှာ မရှိဘူး၊ သူ သူ့ဦးလေးနဲ့ကောင်တီမှာ နေနေတယ် "

ရှောင်းကောသည် ရှောင်ဟူ၏ ခေါင်းကိုဖွကာ စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

“ဟွန်…” ရှောင်ဟူ ဒါကို ကြားတော့ သူ မြည်တမ်းလိုက်သည်။ “ဟုတ်ကဲ့၊ ဒါဆို သော်သော် အိမ်ကို အရင်သွားလိုက်ဦးမယ် ”

အဲဒါနဲ့ သူထွက်ပြေးသွားသည်။ ရှောင်းကောသည် စိတ်လှုပ်ရှားနေသော ရှောင်ဟူကိုကြည့်ပြီး ပြုံးလိုက်သည်။ “သူက အရမ်း ခွန်အားပြည့်နေတာပဲ”

သူတို့နှစ်ယောက်လုံး အိမ်မှာ ဘာမှလုပ်စရာမရှိတာကြောင့် ကျန်းတန်းဟယ်က ရှောင်းကောကို လမ်းလျှောက်ထွက်ဖို့ ဖိတ်ခေါ်လိုက်သည်။

သူမ သဘောတူခဲ့ပြီး မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်ခဲ့သည်။ အငွေ့အသက်က သာယာလှသည်။

"တကယ်အေးလာပြီပဲ"

ရှောင်းကော လေးနက်စွာ လေကိုရှုရှိုက်လိုက်သည်။ ယခင်က လေထုသည် နွေးထွေးနေသေးသော်လည်း ယခုတော့ အနည်းငယ်အေးသွားသလို ခံစားလိုက်ရသည်။ အသက်ရှုသွင်းလိုက်တဲ့အခါ အဆုတ်ထဲမှာ အေးမြတဲ့ခံစားမှုကို ခံစားရသည်။

"ဟုတ်တယ်၊ ဒီဇင်ဘာတောင်ရောက်တော့မယ်ဆိုတော့ အေးလာပြီ" ကျန်းတန်းဟယ်သည် ထိုစကားကိုကြားသောအခါ ရှောင်းကော အနီးသို့ လျှောက်သွားပြီး အေးနေတဲ့လေထုမှ သူမကို ကာပေးရန်ကြိုးစားခဲ့သည်။

“ မြန်လိုက်တာနော်”

ရှောင်းကောသည် အဝါရောင်ရှိသော အရွက်များကို ကြည့်ရင်း သက်ပြင်းမချဘဲမနေနိုင်ခဲ့ပေ။ သူမ စရောက်လာတုန်းက ပူတယ် ဆိုတာ မှတ်မိနေသေးသည်။ မကြာခင် ဆောင်းရာသီ ရောက်တော့မယ် လို့ တွေးခဲ့သည်။

"စကားမစပ် ကျွမ်းကျွမ်းရဲ့ မွေးနေ့ ရောက်တော့မှာလား"

ကျန်းတန်းဟယ် သည် ဒီဇင်ဘာကို တွေးပြီး ကောင်လေး၏ မွေးနေ့ကို ရုတ်တရက် တွေးမိသွားသည်။ အရင်က ရက်စွဲတွေကို သူ တွက်ခဲ့သည်။ သူတို့ ဖေဖော်ဝါရီလမှာ လက်ထပ်ခဲ့ကြပြီး ကိုယ်ဝန်ဆယ်လ လွယ်ထားခဲ့ရပြီး ကျွမ်းကျွမ်းက ဒီဇင်ဘာလလယ်လောက်ကနေ ဒီဇင်ဘာလ နှောင်းပိုင်းလောက်အတွင်းမှာ မွေးခဲ့လောက်သည်။

ရှောင်းကော ထိုစကားကိုကြားသောအခါ သူမ ၎င်းကို အသေအချာတွေးပြီး မှန်ကန်ဖြစ်ကြောင်း သိလိုက်သည်။ "နှစ်ဆယ့်ခြောက်"

ကျွမ်းကျွမ်းကိုမွေးဖွားခဲ့စဉ်က သူက လစေ့ပြီးမွေးလာခဲ့တဲ့ ကလေးမဟုတ်ပေ။ သူက နည်းနည်းစောပြီးရောက်လာခဲ့တာ။ ရှောင်းကော မှတ်မိသည်မှာ အဲ့တာက ညအချိန်ဖြစ်သည်။ တစ်ညလုံးဗိုက်နာခဲ့ပြီးနောက် ကျွမ်းကျွမ်းက နေထွက်ချိန်မှာ မွေးလာခဲ့သည်။

ကျန်းတန်းဟယ် ခေါင်းငုံ့ကာ အတွေးနက်နေပုံရသည်။

"ဘာဖြစ်လို့လဲ" သူ့အဖြေကို သူမ မကြားရသောအခါ ရှောင်းကောက သူ့ကို စူးစူးစိုက်စိုက် ကြည့်လာသည်။

“ဘာမှမဖြစ်ပါဘူး။” ကျန်းတန်းဟယ် ခေါင်းယမ်းပြီး စိတ်မကောင်းစွာနဲ့ပြောခဲ့သည်။ "အဲဒီအချိန်အထိ ကိုယ် ရှိနေနိုင်မှာမဟုတ်ဘူး"

အချိန်က သူ့ကို အကြာကြီးနေဖို့ ခွင့်မပြုတဲ့အတွက် ကျွမ်းကျွမ်းရဲ့ မွေးနေ့မှာ သူအနားမှာ မရှိနေလောက်ဘူး။

ရှောင်းကော ထိုစကားကိုကြားသောအခါ သူမ ခေါင်းညိတ်လိုက်သည်။ အရင်တုန်းကတော့ ကျွမ်းကျွမ်းက သူ့အဖေ အသက်ရှင်နေသေးတာကို မသိတဲ့အတွက်ကြောင့် သူ့မွေးနေ့ကို သူစောင့်မျှော်နေစရာ သိပ်မရှိပေ။ ဒါပေမယ့် အခု ကျန်းတန်းဟယ်က အသက်ရှင်နေသေးတော့ ကျွမ်းကျွမ်းက သူ့မွေးနေ့ကို သူ့အဖေနဲ့ ကုန်ဆုံးချင်နေပေလိမ့်မည်။

ဒါပေမယ့် လက်ရှိအခြေအနေတွေက ခွင့်မပြုသလို ဘာမှလုပ်လို့လည်းမရပေ။

သူတို့နှစ်ယောက် မြစ်ကြောင်းတစ်လျှောက်ကနေ ရွာထဲပတ်သွားခဲ့ကြသည်။ ရွာသူ/သားတွေက ဒီကိုလာတာရှားတော့ လမ်းက အရမ်းတိတ်ဆိတ်သည်။ သူတို့ကို အနှောင့်အယှက်ပေးမယ့်သူ မရှိပေ။

သူတို့ လမ်းဆုံတစ်ခုသို့ရောက်သောအခါ ကျန်းတန်းဟယ်က ရပ်တန့်သွားသည်။

"ဘာဖြစ်လို့လဲ"

ရှောင်းကောသည် ကျန်းတန်းဟယ်ကို စူးစူးစိုက်စိုက်ကြည့်ကာ သူဘာလို့ ရုတ်တရက် လမ်းလျှောက်နေတာကို ရပ်ခဲ့လဲဆိုတာကို သူမ နားမလည်ပေ။

ကျန်းတန်းဟယ်က ရှောင်းကောကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးခဲ့သည်။ ထို့နောက် သူမကို ဆွဲကာ လမ်းကြောင်းတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။

"ကျွန်မတို့ ဘယ်သွားမလို့လဲ"

ရှောင်းကောသည် သူမ ထိုလမ်းကြောင်းဆီသို့ ဆွဲခေါ်သွားခံလိုက်ရသောအခါ ထူးဆန်းသည်ဟု ထင်ခဲ့သည်။ ဒီလမ်းက တောင်တန်းတွေဆီ ဦးတည်နေပုံရသည်။ သူတို့အဲဒီကိုတက်ကြမလို့လား။

"စိတ်မပူပါနဲ့ ကိုယ့်နောက်လိုက်ခဲ့၊ မင်းကို တစ်နေရာရာကို ခေါ်သွားပေးမယ်"

ကျန်းတန်းဟယ်က ရှောင်းကော၏ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ထူးထူးခြားခြားပြောခဲ့သည်။

ရှောင်းကောက သူ၏ လျှို့ဝှက်သော အမူအရာကြောင့် သဘောကျသွားသည်။ "သူငါ့ကို သူ့ရဲ့လျှို့ဝှက်စခန်းဆီ ခေါ်သွားမို့လား"

သူမ သူ့အရှိန်အဟုန်ကို လိုက်မီရန် ကြိုးစားရင်း စိတ်ထဲမှာ စပ်စပ်စုစု မှန်းဆနေသည်။

ကျန်းတန်းဟယ်က စိမ်းစိုနေသောပေါင်းပင်များကြားမှ အကျွမ်းတဝင်ရှိသည့် လမ်းကို ကြည့်ခဲ့သည်။ လမ်းလျှောက်လာလေလေ အမှတ်တရတွေ များလေလေပါပဲ။

သူ့မိသားစုရှိတဲ့နေရာကို သူ မြို့တော်ကနေ မက်မွန်ပွင့်ရွာဆီ လိုက်လာတဲ့အခါ ဆင်းရဲတဲ့ ကျေးလက်က ဘယ်လိုပုံစံမျိုးလဲဆိုတာ ပထမဆုံးအကြိမ် တွေ့လိုက်ရသည်။ ပါးစပ်ထဲမှာ ငွေဇွန်းတစ်ချောင်းကိုက်ပြီး မွေးဖွားလာတဲ့ ကျန်းတန်းဟယ်လေး အတွက်ကတော့ သူ့အတွက် စွဲလန်းစရာတွေ အများကြီးပါပဲ။ အဲဒီတုန်းက အစိမ်းရောင် အသီးအရွက်တွေကို မစားတတ်သေးတဲ့အတွက် မကြာခဏ အစာငတ်ခံ ဆန္ဒပြလေ့ရှိသည်။ သူ့ကို ပညာပေးဖို့ မစ္စတာ ကျန်းက သူ့ကို ဆာလောင်မှု ရဲ့အရသာကို ခံရအောင် အစားအသောက်ပေးတာကို ရပ်လိုက်သည်။

တစ်ခါက သူ အံကြိတ်ကာ ပြေးထွက်လာပြီး ရွာက လမ်းတွေကို မကျွမ်းသောကြောင့် လမ်းပျောက်သွားခဲ့သည်။ လမ်းလျှောက်သွားရင်း မထင်မှတ်ဘဲ နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။ အဲဒီ့မှာ သစ်တော်သီးတွေ သီးနေတဲ့ သစ်ပင်ကြီးတွေ အများကြီးရှိသည်။ အချို့မှာ အမည်မသိ အသီးအနှံများ သီးနေကြသည်။ ထိုနေရာ၌ သူ အသီးအနှံများကို ကောက်ခဲ့သည်။ သူ့မိသားစုက သူ့ကိုတွေ့သွားတဲ့အချိန်မှာ သူက သစ်သီးတွေကို သူ့အင်္ကျီနဲ့ ပတ်ပြီး ကိုင်ထားသည်။

ထိုအချိန်မှစ၍ အသီးအနှံစားရန် သူ မကြာခဏ သွားလေ့ရှိသည်။ အသားမဟုတ်ပေမယ့် အဲဒီအသီးအနှံတွေက အဲဒီတုန်းက သူ့အတွက် ပိုစားလို့ကောင်းသည်။

ကျန်းတန်းယ်သည် သူ့အမှတ်တရများထဲမှ ထွက်လာပြီး သူတို့သွားလိုရာကို ရောက်ရန် သူတို့ဖြတ်သွားရမည့် မတ်စောက်သော တောင်စောင်းတစ်ခုဆီသို့ သူမကို ခေါ်ဆောင်သွားခဲ့သည်။

"ကိုယ့်လက်ကို မြဲမြဲဆုပ်ကိုင်ထား"

ကျန်းတန်းဟယ်က ရှောင်းကောကို သူ့နံဘေးကို ခေါ်ခဲ့ပြီး သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခဲ့သည်။ ရှောင်းကောက ထိုစကားကိုကြားသောအခါ သူမ သူ့ကို လှမ်းဆွဲကိုင်လိုက်သည်။ သူတို့ဘာကြောင့် ဒီကိုရောက်နေမှန်း သူမ မသိပေမယ့် ရှောင်းကော က သူနဲ့အတူရှိနေရင်ဘေးကင်းတယ်လို့ ခံစားရသည်။

ဒီလမ်းတွေက နည်းနည်းထူးဆန်းပြီး ကွေ့ကောက်နေသည်။ အကိုင်းအခက်များဖြင့် စီတန်းထားသည်။ အဲဒီအပေါ်မှာ မတ်စောက်တဲ့ တောင်စောင်းကို တက်ရမည်။ ဒါတောင် ရှောင်းကောက ကျန်းတန်းဟယ်ရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပင်။ သူနဲ့အတူဆိုရင် ဘယ်နေရာကိုမဆို သူမ သွားနိုင်သည်။

ကျန်းတန်းဟယ်က အရပ်ရှည်ပြီး သန်မာသည်။ ရှောင်းကောကို သယ်ဆောင်လာရင်း သူမမှာ အများကြီး အားစိုက်ထုတ်နေစရာတောင် မလိုပေ။ သူသည် သူမအား ပြန့်ပြူးသော လွင်ပြင်ပေါ်သို့ ဘေးကင်းလုံခြုံစွာ ဆွဲတင်ခဲ့သည်။

ရှောင်းကော မြေပြင်ပေါ်တွင် မတ်တပ်ရပ်ပြီး သူမရှေ့က မြင်ကွင်းကိုကြည့်လိုက်သည်။ ဒီနေရာက အရမ်းအံ့သြစရာကောင်းသည်

"ဘယ်လိုလဲ"

ကျန်းတန်းဟယ်က သူ့အနောက်မှ ဖုန်မှုန့်များကို ပုတ်ခါချပြီးနောက် ရှောင်းကော အနားသို့ လျှောက်လာသည်။ သူမလက်ကိုဆွဲကာ သူမကို ရှေ့သို့ ဦးဆောင်ကာခေါ်သွားခဲ့သည်။

"ကြည့်ရတာ အံ့သြစရာကောင်းတာပဲ"

ရှောင်းကော ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး သူမရှေ့ရှိ ရှုခင်းများကို သဘောကျနေသည်—မက်မွန်ပွင့်ကျေးရွာက မလှမ်းမကမ်းတွင်သာရှိသည်။

"ဒါက တောင်ထိပ်ပေါ်မှာလား"

ရှောင်းကော စိတ်ဝင်တစား မေးလိုက်သည်။ အပြာရောင်ကောင်းကင်၊ နေထွက်ချိန်နှင့် မက်မွန်ပွင့်ကျေးရွာတစ်ခုလုံး၏ မြင်ကွင်းကို သူမ မြင်နေရသည်။

" သေချာပေါက် မဟုတ်ဘူး။ ထိပ်ဆုံးက မင်းထင်ထားတာထက် ပိုမြင့်တယ်။ ဒါက တောင်တက်လမ်းရဲ့ သုံးပုံတစ်ပုံပဲရှိသေးတာ"

ကျန်းတန်းဟယ် ရယ်မောရင်း သူမ နှာခေါင်းကို တို့လိုက်သည်။ သူမရဲ့စကားက အလွန် အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းတာကို သူ တွေ့ခဲ့သည်။

ရှောင်းကော ရှက်ရွံ့စွာဖြင့် သူမရဲ့နှုတ်ခမ်းကိုဖိလိုက်သည်။ အမှန်မှာ၊ ဤအမြင့်သည် တောင်ထိပ်အတွက် အနည်းငယ်နိမ့်လွန်းသည်။

"ဒီကိုလာ"

သူမ ရွာကိုကြည့်နေတုန်းမှာ ကျန်းတန်းဟယ်‌က သူမကို အနောက်ဘက်ဆီ ဦးတည်ဖို့ အစပြုခဲ့သည်။

ရှောင်းကောက တွန့်ဆုတ်စွာနဲ့ အဝေးကို လှမ်းကြည့်ခဲ့သည်။ အဝေးက သူတို့အိမ်ကို ရှာဖို့ ကြိုးစားရင်း ပြတင်းပေါက်တွေကနေ သူမ လှမ်းမြင်နိုင်မလားလို့ တွေးနေသည်။

ကျန်းတန်းဟယ် ရှောင်းကော ရှေ့မှာ ရပ်လိုက်ပြီး သစ်ကိုင်းတွေဆီကနေ သူမကို ကာလိုက်သည်။ လျင်မြန်သော လှုပ်ရှားမှုအနည်းငယ်ဖြင့် သူ့ရှေ့ရှိ သစ်ကိုင်းများကို ရှင်းထုတ်နိုင်ခဲ့သည်။

သူ့ရဲ့ အချက်ပြချိန်တွင် ရှောင်းကော ငုံ့ပြီး သစ်ကိုင်းများကြားရှိ နေရာလွတ်ကို ဖြတ်လျှောက်သွားခဲ့သည်။ သူမ ဝင်လိုက်သည်နှင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သစ်သီးပုပ်တွေကြောင့် သူမ အံ့သြသွားမိသည်။

All Chapters