အခန်း (၂၀၃)
Vol. 14 Ch. 203
"ဒါဘာလဲ"
ရှောင်းကောသည် စိမ်းလန်းစိုပြေနေတဲ့ သစ်သီးပင်များနှင့် ရင့်မှည့်နေသော အသီးအနှံများကို မော့ကြည့်လိုက်သည်။ သူမ အလွန်သွေးဆောင်ခံလိုက်ရသည်။
ကျန်းတန်းဟယ်က သူမနောက်မှာ ရှိနေသည်။ သူသည် ရင်းနှီးကျွမ်းဝင်သော သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်ကာ သစ်တော်သီးအကြီးကြီးနှစ်လုံးကို ခူးလိုက်သည်။ သူ သူ့အဝတ်တွေနဲ့ သုတ်လိုက်ပြီး ရှောင်းကောကို တစ်လုံး ပေးခဲ့သည်။
ရှောင်းကောသည် သူမ၏ အံ့အားသင့်သော အကြည့်များကို မရုတ်သိမ်းမီတွင် ကျန်းတန်းဟယ်က ဆင်းနေပြီဖြစ်သည်။ သူမသည် အရသာရှိလှသော အဖြူရောင်သစ်တော်သီးကို ယူကာ မကိုက်မီ သူမ၏ တံတွေးကို မျိုချခဲ့သည်။ သစ်တော်သီးက အလွန်အရည်ရွှမ်းပြီး ချိုသည်။
!!
“အရသာရှိတယ်နော်”
ရှောင်းကော မျက်လုံးပြူးသွားပြီး ခေါင်းညိတ်ခဲ့သည်။ အသီးအနှံတွေ မစားရတာကြာပြီ။ သူမ သစ်တော်သီး၏ အရသာကို မေ့လုနီးပါးဖြစ်ခဲ့သည်။ အခု သူမ မြည်းစမ်းကြည့်တော့ သူမ အရမ်းလွမ်းသွားသည်။
ကျန်းတန်းဟယ်လည်း ကိုက်လိုက်သည်။ တကယ့်ကို အရသာရှိသည်။
သူတို့နှစ်ယောက် သစ်တော်သီးတစ်လုံးလုံးကို ကမန်းကတန်း စားပြီးသွားပြီ။ ရှောင်းကောသည် သူမ၏ နှုတ်ခမ်းထောင့်ရှိ သစ်တော်သီးအရည်ကို လျှာဖြင့်သပ်လိုက်ပြီး ကျန်းတန်းဟယ်အား စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ "နောက်ထပ်..."
ကျန်းတန်းဟယ်၏ စိတ်တွေ မူးမိုက်ပြီး အခြားဘာကိုမှ မကြားရတော့ပေ။ သူ့နှလုံးခုန်သံကိုသာ သူ ကြားနေရသည်။ ရှောင်းကော၏ စိုစွတ်နေတဲ့ နှုတ်ခမ်းတွေနဲ့ ပန်းနုရောင် လျှာတို့ကို သူမြင်ခဲ့သည်။ သူမရဲ့နှုတ်ခမ်းကို သပ်လိုက်တိုင်း သူ့နှလုံးသားကို တစ်စုံတစ်ခုက ဖြတ်သန်းသွားသလိုမျိုးသူ ခံစားလိုက်ရသည်။
သူနက သစ်တော်သီး တောင်းနေတာမဟုတ်ဘူး သူ့အသက်ကို တောင်းနေတာ။
ကျန်းတန်းဟယ်၏ စိတ်ထဲတွင် မူးမိုက်သွားသည်။ ရှောင်းကော ကြောင့် သူ သစ်ပင်ပေါ် တက်ရပြန်သည်။ သူ နောက်ထပ် သစ်တော်သီးတွေကို ခူးလိုက်ပြီး သူ့အင်္ကျီနဲ့ ထုပ်ပိုးလိုက်သည်။
သူ ဆင်းလာချိန်မှာတော့ သူ့မျက်နှာက နီမြန်းနေပြီး နှလုံးတွေက ခုန်ပေါက်နေဆဲပင်။ သူ့ရဲ့မီးကို ငြှိမ်းသတ်ဖို့ နှာခေါင်းသွေးလျှံဖို့အတွက် မျှော်လင့်နေမိသည်။
ရှောင်းကောက သစ်တော်သီးတွေကို စားနေသော်လည်း၊ သူမသည် ပတ်ဝန်းကျင်ရှိ သစ်သီးပင်များကို ကြည့်ရှုရန် မမေ့ခဲ့ပေ။ အနီးကပ်စစ်ဆေးပြီးနောက်တွင် အခြားအသီးအနှံ အမျိုးအစားများစွာကို တွေ့ရှိခဲ့သော်လည်း သူမ အထူးသတိပြုမိသော အပင်တစ်ပင်ရှိသည်။
"ဒါကို လိုချင်လို့လား "
ကျန်းတန်းဟယ် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သစ်ပင်ပေါ်ရှိ ထူးဆန်းတဲ့ အသီးတွေကို ကြည့်လိုက်သည်။ သူ ရှောင်းကောကို မသေချာမရေရာစွာ အထပ်ထပ်မေးခဲ့သည်။
သူမရဲ့လက်ထဲမှာ သူအင်္ကျီရှိနေပြီး ရှောင်းကောက သူ့မေးခွန်းအတွက် ဖျားနေပြီ။ သူမ သူ့ကိုအင်္ကျီကို ပေးခဲ့ပြီး သူမကိုယ်တိုင် သစ်ပင်ပေါ်တက်ဖို့ ပြင်ခဲ့သည်။
ကျန်းတန်းဟယ် ထိတ်လန့်သွားပြီး ရှောင်းကောကို အမြန်တားလိုက်သည်။ "ကောအာ မင်း ဒါကို စားလို့မရဘူး။ အဲဒီအဆူးလေးတွေရှိတဲ့အခွံက မင်းကို နာကျင်စေလိမ့်မယ်"
ထိုအသီးကို သူ ငယ်ငယ်ကတည်းက မြင်ဖူးသည်။ စူးစမ်းချင်စိတ်ကြောင့် သူ တစ်လုံး ခူးလိုက်သော်လည်း သူအဲ့တာကိုထိလိုက်တဲ့အချိန်မှာ သူ ဆူးစူးသွားခဲ့သည်။ အဲဒီတုန်းက သူ တော်တော်ငယ်သေးသည်။ သူအရမ်းကြောက်သွားပြီး အဲဒီအသီးကို ထပ်မထိရဲတော့ပေ။
"အဲဒါကိုကလော်ဖွင့်ပြီး အထဲကဟာကိုစားရတာ "
ရှောင်းကောသည် သူမရှေ့ရှိ သစ်အယ်သီးများကို တောင့်တစွာ ကြည့်နေသည်။ သူမ စားချင်တဲ့ဟာတွေကို စာရင်းပြုစုရမယ်ဆိုရင် သစ်အယ်သီးက စာရင်းရဲ့ထိပ်ဆုံးမှာ ရှိနေမှာ။
ကျန်းတန်းဟယ် တုံ့ဆိုင်းနေသေးတာကို မြင်လိုက်ရတော့ ရှောင်းကောက ကိုယ်တိုင် သစ်ပင်ပေါ်တက်ဖို့ ဆုံးဖြတ်လိုက်သည်။
ကျန်းတန်းဟယ်က သူမကို မတားခင်မှာ သူမကို “ဘိုးဘေးလေး” လို့ အကြိမ်ကြိမ် ခေါ်ဖို့လုပ်ခဲ့ရသည်။ ကျန်းတန်းဟယ် ကိုယ်တိုင်လည်း သစ်ပင်ပေါ်မတက်တော့ ရှောင်းကော စတင်၍ စိတ်ကောက်နေသော်လည်း သူက ခုထိသူမကို တက်ခွင့်မပြုပေ။ သူမ မပျော်မရွှင်ဖြစ်ကာ ဘေးတွင် ရပ်နေသည်။ သူမ သူ့ကို တစ်ချက်ကြည့်ကာ အဲ့သစ်ပင်ပေါ်တက်ဖို့ အချက်ပြခဲ့သည်။
ကျန်းတန်းဟယ်မှာ သူ့ဝတ်ရုံကို သူ့ခါးပတ်ထဲ ထည့်ဖို့ကလွဲလို့ ရွေးစရာမရှိတော့ပေ။ ထို့နောက် အနည်းငယ် လှုပ်ရှားကာ သစ်ကိုင်းတစ်ခုပေါ်သို့ တက်ခဲ့သည်။ ရှောင်းကော၏ တိုက်တွန်းချက်ကြောင့် သူ သစ်ကိုင်းတစ်ကိုင်းကို ချိုးလိုက်ကာ စိမ်းစိုပြီး ဆူးများစွာရှိသော အခွံများကို ချိန်ရွယ်ထားသည်။ "ကောအာ၊ ဝေးဝေးမှာနေ"
ကျန်းတန်းဟယ်သည် သစ်အယ်သီးများ သူမအပေါ်ပြုတ်ကျသွားမှာကို စိတ်ပူနေမိသည်။ သူမ ဝေးဝေးကိုသွားပြီးနောက် အသီးတွေကို သူ ပြင်းပြင်းထန်ထန် ရိုက်ချခဲ့သည်။
ရှောင်းကော သွားရည်ကျလာမှာစိုးသဖြင့် ပါးစပ်ကို ပိတ်ထားခဲ့သည်။ စိမ်းစိုနေတဲ့ အသီးတွေသစ်ပင်ပေါ်မှ ပြုတ်ကျနေသည်ကို ကြည့်ရင်း ချက်ပြုတ်ပြီးစားသောက်ဖို့ သူမ မစောင့်နိုင်တော့ပေ။
သစ်အယ်သီးအမြောက်အမြား သစ်ပင်ပေါ်မှ ပြုတ်ကျသွားတာကို မြင်လိုက်ရတော့ ကျန်းတန်းဟယ် ပြန်ဆင်းလာသည်။ ရှောင်းကောသည် သူမ၏ဂျာကင်အင်္ကျီကို ချွတ်လိုက်ပြီး သစ်အယ်သီးများကို တစ်လုံးပြီးတစ်လုံး မကောက်ယူမီ မြေပြင်ပေါ်မှာ ဖြန့်ခင်းလိုက်သည်။ သူမ အခု နောင်တရနေမိသည်။ ဒီမှာ အသီးအနှံတွေ အများကြီးရှိတယ်ဆိုတာ သူမ သိခဲ့ရင် ကျန်းတန်းဟယ်အရပ်လောက်ရှည်တဲ့ တောင်းကြီးကို ယူလာခဲ့မှာပေါ့။
ကျန်းတန်းဟယ်သည် ရှောင်းကော ဘာတွေ ရွှင်မြူးနေသလဲဆိုတာကို သူ အမှန်တကယ်ပင် မသိခဲ့ပေ။ "ဒီဟာက စားမရဘူး"
ဒါပေမယ့်လည်း သူက ငုံ့ပြီး ၎င်းတို့ကို သူမနှင့်အတူ ကောက်နေဆဲပင်။ ကျန်းတန်းဟယ်အတွက်ကတော့ သူသည် ရှောင်းကော ပျော်ရွှင်စေသည့် မည်သည့်အရာကိုမဆို လုပ်ပေးချင်စိတ်ရှိသည်။
ရှောင်းကော အသီးများကို ပျော်ရွှင်စွာ ကောက်ယူပြီး သူတို့၏ အဝတ်အစားများကို အသုံးပြု၍ အခြားအသီးအနှံများစွာကိုလည်း ထုပ်ပိုးခဲ့သည်။ ဒါပေမယ့် အများစုမှာ ပန်းသီးနဲ့ သစ်တော်သီးတွေဖြစ်သည်။ ရှောင်းကောသည် နောက်ထပ် သစ်အယ်သီးများစွာကို ပြန်သယ်သွားချင်သော်လည်း သူမမှာ အဝတ်မကျန်တော့ပေ။
သူတို့ နှစ်ယောက်သား တောင်ပေါ်မှ ဆင်းလာသောအခါ အဝတ်တစ်ထည်တည်းကိုသာ ၀တ်ဆင်ထားကြသည်။ ကျန်အဝတ်အစားများကို သစ်သီးဝလံများ သယ်ဆောင်ရန် အသုံးပြုထားကြသည်။
အဆင်းလမ်းတွင် ရှောင်းကောက လမ်းကြောင်းကို မှတ်ထားရန် ကြိုးစားခဲ့သည်။ သူမ နောက်တစ်ကြိမ် လာခဲ့ရင် တောင်းတွေ များများယူလာရန် စီစဉ်ထားသည်။ ဒါမှ အသီးအနှံတွေ ပိုပြီးစုဆောင်းနိုင်မှာပင်။
ကျန်းတန်းဟယ်က သူမ တွေးနေတာတွေကို တစ်ချက်တည်းနဲ့ ပြောပြနိုင်သည်။ “မင်း ဒီကို တစ်ယောက်တည်း လာလို့မရဘူး” လို့ သူ လေးနက်စွာပြောလိုက်သည်။
ဤလမ်းများသည် သွားလာရန် မလွယ်ကူသည့်အပြင် မတ်စောက်သော တောင်စောင်းများလည်း ရှိသည်။ ကျန်းတန်းဟယ်သည် ရှောင်းကော တစ်ယောက်တည်း တက်လာပြီး တောင်ပေါ်မှ ပြုတ်ကျသွားမှာကို မတွေးဘဲမနေနိုင်ပေ။
တွေးကြည့်ရုံဖြင့် သူ ကြောက်ရွံ့ထိတ်လန့်သွားသည်။
သူ၏ လေးနက်သော အမူအရာကို သူမမြင်လိုက်သောအခါ ရှောင်းကောသည် ၎င်းနှင့်ပတ်သက်သည့် ဒုတိယအတွေးများ ဝင်လာခဲ့သည်။ ဒါပေမယ့် ဒီအသီးအနှံတွေ ရှိနေတာကို လျစ်လျူရှုလိုက်တာက သနားစရာပါပဲ။
"ကောင်းပြီ ကျွန်မရှင့်ကို ကတိပေးတယ်။ ရှင် မပါဘဲ ကျွန်မ မလာဘူး "
နောက်ဆုံးတွင် ရှောင်းကော သဘောတူလိုက်သည်။ ကျန်းတန်းဟယ်၏ မျက်လုံးများတွင် ခံစားချက်များ ရှုပ်ထွေးနေပုံရသည်။ ရှောင်းကော သူ့ကို ဒီလိုမြင်လိုက်ရတော့ ကြောက်စရာကောင်းနေသည်။ သူ့ကို စိတ်ချစေဖို့အတွက် သူမတစ်ယောက်တည်း ဒီကိုမလာပါဘူးလို့ ကတိပေးခဲ့သည်။
ကျန်းတန်းဟယ် ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ ပြုံးပြီး ရှောင်းကောရဲ့ ခေါင်းကို ပွတ်သပ်ပေးချင်ခဲ့သည်။ ဒါပေမယ့် သူအဲဒီလိုမလုပ်ခင် ရှောင်းကောက ချက်ချင်း ပြောလာခဲ့သည်။ "ရှင့်လက်ကို မမြှောက်နဲ့ အသီးတွေပြုတ်ကျသွားလိမ့်မယ်"
လေထဲ၌ရပ်သွားသော ကျန်းတန်းဟယ်၏လက်က လွန်စွာ အဆင်မပြေဖြစ်နေပုံရသည်။ ရှောင်းကောက သူမ စကားမပြောဘဲနေချင်သည်။ သူမက ဤကဲ့သို့ အရူးအမူးဖြစ်ခဲ့သည်။
နောက်ဆုံးတွင် ကျန်းတန်းဟယ်မှာ သူမ၏ ခေါင်းကို ပွတ်သပ်နိုင်ခဲ့သည်။ “သူတို့ပြုတ်ကျမှာ မဟုတ်ဘူး” ဟု အားကိုးရာမဲ့စွာ ပြောလိုက်သည်။
လက်ကို မြှောက်လိုက်သောအခါ အသီးတွေပြုတ်ကျသွားမှာမဟုတ်ကြောင်း သူ၏လုပ်ရပ်များဖြင့် သက်သေပြခဲ့သည်။
ရှောင်းကော ရှက်ရွံ့စွာ ပြုံးလိုက်သည်။ တကယ့်ကို ရှက်စရာကြီး။ ထိုစကားများက သူမရှေ့က လူကိုဂရုမစိုက်ဘဲ ထိုအသီးများကိုသာ ဂရုစိုက်နေတဲ့ အရူးတစ်ယောက်လို အသံဖြစ်စေခဲ့သည်။
ကျန်းတန်းဟယ်က စိတ်ထဲမထားပေ။ သူသည် ရှောင်းကော ၏ရှေ့တွင် အရပ်ရှည်ရှည် ခန္ဓာကိုယ်ဖြင့် သူမကို ပိတ်ဆို့ထားခဲ့သည်။ ရှောင်းကောသည် သူမ၏ စိတ်ကူးစိတ်သန်းလား သို့မဟုတ် လက်တွေ့ဟုတ်မဟုတ် မသိသော်လည်း သူ့ပတ်ဝန်းကျင်ရှိ လေထုက ပိုမိုပူနွေးလာသည်ကို သူမ ခံစားခဲ့ရသည်။
သူမရှေ့ကပုံသဏ္ဍာန်ကိုကြည့်ပြီး ရှောင်းကော ဖော်မပြနိုင်တဲ့ လုံခြုံသည့်ခံစားချက်ကို ခံစားရသည်။ သူမ တိတ်တဆိတ် လက်လှမ်းပြီး သူ့အင်္ကျီထောင့်ကို လှမ်းဆွဲလိုက်သည်။
အမျိုးသားမှာ အံ့ဩသွားခဲ့သည်။ ထို့နောက် ရှောင်းကော၏အရှိန်အဟုန်နှင့် လိုက်လျောညီထွေဖြစ်စေရန် သူ့ခြေလှမ်းများကို ချိန်ညှိကာ ရှေ့သို့ထပ်လျှောက်ခဲ့သည်။
သူမက သူမရဲ့ နှုတ်ခမ်းကို လျှို့ဝှက်စွာဖိကာ ပြုံးလိုက်သည်။ ကျန်းတန်းဟယ်က သူ့နောက်က သိမ်မွေ့တဲ့ လှုပ်ရှားမှုကို ခံစားလိုက်ရကတည်းက သူ့နားရွက်တွေ နီရဲလာသည်။
သူတို့နှစ်ဦးသည် ၎င်းတို့၏ လက်ရှိအသွင်အပြင်ကြောင့် လူနည်းသောလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ သူတို့ခေါင်းပေါ်မှာ သစ်ရွက်တွေ သူတို့ရဲ့အဝတ်စားတွေမှာ ကောက်ရိုးတွေ တွဲလောင်းကျနေခဲ့သည်။ သူတို့လုပ်ခဲ့တဲ့ပုံကို ကြည့်လိုက်ရင် သူစိမ်းတွေက သူတို့ရှက်စရာကောင်းတဲ့ လုပ်ရပ်တစ်ခုလုပ်ခဲ့ကြတယ်လို့ ထင်ကောင်းထင်နိုင်သည်။
သူတို့ အရမ်းကံကောင်းခဲ့ကြသည်။ လမ်းတလျှောက်လုံး ဘယ်သူ့ကိုမှ ဝင်မတိုးမိကြပေ။ ဒါပေမယ့် သူတို့အိမ်ပြန်ရောက်လာပြီး ရှောင်းကောက တံခါးဖွင့်လိုက်သောအခါ ကျန်းတန်းဟယ်သည် အိမ်တစ်ဝိုက်က လှုပ်ရှားမှုအချို့ကို တွေ့ရှိခဲ့သည်။
သူ ထိုလမ်းကြောင်းကို လျင်မြန်စွာ လှမ်းကြည့်လိုက်သော်လည်း ဘာကိုမှ မတွေ့ပေ။ ကျန်းတန်းဟယ် မျက်မှောင်ကြုတ်ကာ အနီးကပ်ကြည့်ချင်ခဲ့သော်လည်း ရှောင်းကောက သူ့ကို တားခဲ့သည်။
"အထဲဝင် "
ရှောင်းကောက တံခါးကိုဖွင့်ပြီး ကျန်းတန်းဟယ်ကို အထဲဝင်ခိုင်းလိုက်သည်။ ဒါပေမယ့် အဲဒီလူက တံခါးနားမှာ ရပ်ပြီး အပြင်ကို ကြည့်နေသည်။ ရှောင်းကောမှာ သူ့လောက် ဆက်ဆက်ထိမခံမှုမရှိသလို ထူးထူးခြားခြား ဘာကိုမှ သတိမထားမိခဲ့ပေ။
နှစ်ယောက်သား တံခါးဝမှာ ခဏရပ်နေကြသည်။ လေပြင်းတိုက်ခတ်သွားတော့ ရှောင်းကော ဆက်မထိန်းနိုင်တော့ပေ။ သူမ ကျန်းတန်းဟယ်ကို အိမ်ထဲသို့ အတင်းဆွဲခေါ်သွားလိုက်သည်။
ကျန်းတန်းဟယ် ပဟေဠိဖြစ်သွားသည်။ အခုမြင်တွေ့လိုက်တဲ့ဟာက အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာပင်။ သူ စိတ်ထင့်စရာကောင်းတဲ့ စိုးရိမ်တဲ့ခံစားချက်ကို ခံစားလာရတော့သည်။
သူက ထုံးစံအတိုင်း ဆက်ဆက်ထိမခံသောကြောင့် သူ့ဗီဇကို သူသေချာသိသည်။ အခု တစ်ခုခုတော့ ဖြစ်နေပြီ။
ဒါပေမယ့် ဒီအကြောင်းကို ရှောင်းကောကို မပြောခဲ့ပေ။ အခြေအနေကို မသိသေးတဲ့အတွက် သတိထားဖို့ လိုအပ်သည်။ ဒီအကြောင်းကို သူမကို ပြောပြလိုက်ရင် သူမကို စိတ်ပူစေမိမှာ။ အဲဒါကို အရင်ရှာတာက ပိုကောင်းသည်။
ရှောင်းကော ရေချိုးပြီးနောက် ကျန်းတန်းဟယ်သည် ကုလားထိုင်ပေါ်တွင် မျက်မှောင်ကြုတ်ပြီး ထိုင်နေသေးတာကို သူမမြင်လိုက်ရသည်။ "တကယ်တော့ ဒီလူက သူ့မှာ ခန္ဓာကိုယ်အကြီးကြီးရှိလို့ ကျန်းမာရေးကို လစ်လျူရှုထားတာလား၊ သူ ခပ်ပါးပါးလေး ဝတ်ထားပေမယ့် အခန်းထဲကို အမြန်ပြန်သွားရမယ်ဆိုတာကို မသိဘူး"
ရှောင်းကောက ကျန်းတန်းဟယ်ကို အိမ်ထဲသို့ တွန်းပို့လိုက်သည်။ ပြန်သယ်လာတဲ့ အသီးတွေကို သူမ ဆေးကြောခါနီးမှာ တံခါးလာခေါက်ခဲ့သည်။
တံခါးကိုဖွင့်ဖို့ သူမ လမ်းလျှောက်မသွားခင်မှာ သူမဝတ်ထားတဲ့ အဝတ်အစားတွေက သင့်လျော်မှုရှိကြောင်းကို စစ်ဆေးခဲ့သည်။
"မရီး"
“အင်း”
ယန်ကျား ခေါင်းငုံ့ကာ မော့မကြည့်မီ ရှောင်းကောရဲ့ အဖြေကို စောင့်ဆိုင်းနေခဲ့သည်။ "စာအုပ်ပြန်ပေးဖို့လာတာ "
သူလာရောက်လည်ပတ်ရသည့် ရည်ရွယ်ချက်ကို ကြားပြီးနောက် ရှောင်းကောသည် အသီးတွေကို ဆက်လက်ခွဲထုတ်နေစဉ်တွင် စာအုပ်အချို့ကို လဲလှယ်ရန် အိမ်ထဲသို့ ဝင်ခွင့်ပြုခဲ့သည်။
ယန်ကျားသည် အဲ့တာကအကြံကောင်းတစ်ခုလို့ မထင်ထားပေမယ့် ရှောင်းကောက ဘယ်လောက်လေးနက်လဲဆိုတာကိုမြင်တော့ သူဘာမှ မပြောနိုင်ခဲ့ချေ။ အိမ်ထဲသို့ဝင်ကာ စာအုပ်အသစ်များကို မကောက်ယူမီ စာအုပ်တွေကို အမြန်ပြန်ပေးခဲ့သည်။ သူ တစ်စက္ကန့်ထက်ပိုပြီး မကြာလိုက်ပေ။