အခန်း (၂၀၅)
Vol. 14 Ch. 205
ကျန်းတန်းဟယ် အရာအားလုံးကို သတိမမူမိပေ။ ရှောင်းကောကို မီးမွှေးပေးဖို့ ပျော်ရွှင်စွာ ကူညီပေးခဲ့သည်။
"ဘာလို့ဒီလောက်ပျော်နေတာလဲ"
ရှောင်းကောသည် အလွန်ပျော်ရွှင်နေပုံရသော ကျန်းတန်းဟယ်ကို ကြည့်လိုက်သည်။ အဲ့တာက ထူးဆန်းနေတာကို သူမ တွေ့လိုက်ရသည်။ သာမာန်နေ့များတွင် သူပျော်တာက မရှိသလောက်ပင်။
ကျန်းတန်းဟယ် သူမစကားကြားတော့ အသိအမှတ်ပြုသလို ခေါင်းညိတ်ခဲ့သည်။ သူ ဘယ်လိုလုပ် မပျော်နေမှာလဲ။ ယန်ကျားနဲ့ တွဲထားတဲ့ ဇာတ်လမ်းတွဲက သူ့အတွက် အမှတ်ရစရာပါပဲ။ အဲ့အစား စာအုပ်ကို ကောက်ယူခဲ့တဲ့သူက ကျွမ်းကျွမ်းဆိုရင်ကော။ ဖခင်တစ်ယောက်အနေဖြင့် သူ၏ပုံရိပ်က ပြိုပျက်သွားလိမ့်မည်။ ရှောင်းကော ဒီအကြောင်းကို သိသွားရင် ပိုဆိုးလိမ့်မည်။ အဖြစ်အပျက်ကို တွေးပြီး သူ မတုန်လှုပ်ဘဲ မနေနိုင်ပေ။ဘယ်လောက်ကြောက်စရာကောင်းတဲ့ အတွေးလဲ။
ရှောင်းကောက သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။ သူ့မျက်နှာအမူအရာက ကျွမ်းကျွမ်းနဲ့တူသည်။
မကြာခင်မှာပဲ ကျန်းတန်းဟယ်ရဲ့ ကောင်းမွန်တဲ့ စိတ်တွေ ပျောက်ကွယ်သွားသည်။
ကျန်းတန်းဟယ်က ရှောင်းကောကို သစ်အယ်သီးခုတ်ဖို့ ကူညီနေချိန်မှာ ရှောင်ဟူနဲ့ တခြားကလေးတွေက တံခါးလာခေါက်ခဲ့ကြသည်။
အပြင်ဘက်တွင် ကလေးအုပ်စု အော်ဟစ်သံကို ကြားသောအခါ ကျန်းတန်းဟယ်မှာ ရုတ်တရက် ဆိုးရွားသော ခံစားချက်ကို ခံစားခဲ့ရသည်။ သူ ရှောင်းကောကို တားပြီးပြောလိုက်သည်။ "ကိုယ် တံခါးသွားဖွင့်လိုက်မယ်"
ရှောင်းကောသည် ထိုစကားကိုကြားသောအခါ သူမ ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး ကျန်းတန်းဟယ်ကို သံသယဖြင့် မျက်လုံးမှေးကာကြည့်ခဲ့ သည်။ တစ်ခုခုကတော့ မမှန်နေဘူး။
ကျန်းတန်းယ် ချောင်းဟန့်ပြီး တံခါးဖွင့်ရန် ထကာ ငြိမ်သက်သလို ဟန်ဆောင်ခဲ့သည်။
ထို့နောက် ရှောင်ဟူ ၏လက်ထဲတွင် စာအုပ်တွေကို တွေ့လိုက်ရသည်။ တခဏချင်းမှာပဲ ကျန်းတန်းဟယ်ရဲ့ ငြိမ်သက်မှု ပျောက်ကွယ်သွားတော့သည်။ ရှောင်းကောရဲ့ အမြင်ကို ပိတ်ဆို့ဖို့ သူ့နောက်က တံခါးကို ပိတ်လိုက်သည်။
"ဦးလေး ဒါ ဦးလေးဟာလား"
ရှောင်ဟူသည် အကြွေးတောင်းခံနေရသကဲ့သို့ စာအုပ်တွေကို ကျန်းတန်းဟယ်အား လွှဲပေးခဲ့သည်။ သူ့နောက်က ကလေးလေးကလည်း ကျန်းတန်းဟယ်ကို မျှော်လင့်တကြီး ကြည့်နေသည်။
ဖြူစင်ပြီး အပြစ်ကင်းစင်သော မျက်လုံးပေါင်းများစွာဖြင့် ရင်ဆိုင်လိုက်ရာ ကျန်းတန်းဟယ်၏ မျက်နှာမှာ နီရဲလာတော့သည်။ ဒီ့ထက် ပိုရှက်စရာကောင်းတာ မရှိတော့ပေ။
မျှော်လင့်ချက်ကြီးဖြင့် စာအုပ်တွေ ယူလိုက်သည်။ "အကြောင်းအရာတွေ မြင်ပြီးသွားကြပြီလား"
“မမြင်ဘူး၊ အစ်ကို ရှောင်ဟူ ကပြောတယ် စာအုပ်က ကိုယ်ပိုင်ဥစ္စာတဲ့၊ ဒါကြောင့် ကျွန်တော်တို့ ဖတ်လို့မရဘူး ”
တစ်ဖက်မှာတော့ ကျန်းတန်းဟယ်ရဲ့ အချစ်ဆုံးကလေးက ကြားဖြတ်ပြောခဲ့ပြီး ကောင်လေးက စကားပြောပြီးတာနဲ့ နှစ်ယောက်စလုံး ရယ်မောလိုက်ကြသည်။ ဒါပေမယ့် တစ်ယောက်က စိတ်သက်သာရာရစွာ ရယ်မောပြီး ကျန်တစ်ယောက်က ချီးမွမ်းခံရဖို့ ရှာဖွေနေသည်။
ကျန်းတန်းဟယ် သည် စာအုပ်တွေကို စိတ်သက်သာရာရစွာဖြင့် ဖယ်ထုတ်လိုက်ပြီး ကလေးတွေရဲ့ ခေါင်းတွေကို တစ်ခေါင်းပြီးတစ်ခေါင်း ပွတ်သပ်လိုက်သည်။ ဒီကလေးတွေက အထူးသဖြင့် ရှောင်ဟူဆိုတဲ့ကလေးက အရမ်းချစ်ဖို့ကောင်းသည်။ သူက သူ့အသက်ကို တကယ်ကယ်ခဲ့တာ။
"မင်းကတော်လိုက်တာ၊ အရမ်းတော်တယ်"
ကျန်းတန်းဟယ် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ချီးကျူးခဲ့သည်။ ထို့နောက် လှည့်ပြီး ခြံထဲသို့ ပြန်ဝင်လာခဲ့သည်။ ရှောင်းကော ဆေးကြောထားတဲ့ သစ်တော်သီးကြီးတွေကို သူတွေ့လိုက်ရသည်။ သူ့မရဲ့ခွင့်ပြုချက်ကိုရပြီးနောက် အသီးအနှံများကို ကလေးငယ်များထံ ပေးခဲ့သည်။
ကလေးတွေက ကျန်းတန်းဟယ်ရဲ့နောက်ကျောပေါ်တက်ချင်ခဲ့ကြပေမယ့် သစ်တော်သီးတွေကိုမြင်တော့ ရတနာတွေလို ဆုပ်ကိုင်ထားပြီး အိမ်ပြန်ပြေးသွားကြသည်။
ကျန်းတန်းဟယ်က ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ စာအုပ်တွေကိုင်ပြီး အိမ်ထဲပြန်ဝင်လာခဲ့သည်။
ရှောင်းကောက သူ့ကို ထွက်သွားခွင့်မပြုပေ။ သူမသည် သူ့ကို အကဲခတ်လိုက်ပြီး နောက်ဆုံးတွင် သူမ သူ၏ ဝမ်းဗိုက်ကို စိုက်ကြည့်လိုက်သည်။
“အဲဒီမှာ ရပ်နေ ”
ကျန်းတမ်းဟယ်သည် ထိုစကားကိုကြားသောအခါ အသိစိတ်က ရပ်တန့်သွားသော်လည်း သတိပြန်လည်လာသောအခါတွင် သူ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။ ရှောင်းကောသည် သူ့ကို ကျီစယ်ရန်သာ ကြိုးစားခဲ့သော်လည်း သူက အမှန်တကယ်ပင် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့သည်။ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူကို မြင်တော့ ရှောင်းကောက မျက်တောင်ခတ်ပြီး တွေးခဲ့သည်။ "သူ တစ်ခုခုဖြစ်နေတာပဲ ဖြစ်ရမယ်"
ကျန်းတမ်းဟယ် အိမ်သို့ပြန်ဝင်လာပြီး တံခါးကို တင်းတင်းပိတ်လိုက်သည်။ စာအုပ်တွေကို ထုတ်ကာ အိပ်ရာပေါ် ပစ်ချလိုက်သည်။ သူ သူတို့ကို မုန်းတီးစွာ ကြည့်နေ၏။ "မင်းတို့က ငါ့ကို တွယ်ကပ်နေတုန်းပဲ။ မင်းတို့ကို ဘာလို့မရှင်းထုတ်နိုင်ရတာလဲ။ ငါမယုံဘူး!"
နောက်ပိုင်းကာလများတွင် ကျန်းတန်းဟယ် သည် စာအုပ်များကို အကြိမ်ကြိမ် စွန့်ပစ်ရန် ကြိုးစားခဲ့သည်။ ဒါပေမယ့် အကြိမ်တိုင်းမှာတော့ ရှောင်ဟူနဲ့ ကလေးတွေက စာအုပ်တွေကို ရှာပြီး ပြန်လာပေးခဲ့ကြသည်။ ၎င်းတို့တွင် ရေဒါတပ်ဆင်ထားသကဲ့သို့ပင်။ ကျန်းတန်းဟယ် အလွန်ထိတ်လန့်သွားပြီး စာအုပ်များကို လွှင့်ပစ်ရန် မကြိုးစားတော့ပေ။
ဒီတစ်ခါတော့ အတူတူပါပဲ။ သူသည် စာအုပ်များကို မြှုပ်နှံထားပြီးဖြစ်သော်လည်း ရှောင်ဟူသည် ၎င်းတို့ကို ပြန်ပေးရန် ပြန်လာဆဲပင်။
ကျန်းတန်းဟယ် ထုံကျင်နေပြီ။ စာအုပ်တွေယူကာ သူ အိမ်ပြန်လာခဲ့သည်။ ရှောင်းကော က မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသည်။ သူမ စိတ်ရှုပ်နေသောလူကိုကြည့်ရင်း တစ်နေကုန် အပြင်ထွက်ပြီး သူဘာတွေဖြစ်နေတာလဲဟု တွေးမိသည်။
"ကျန်းတန်းဟယ် ဒီကိုလာပြီးမီးမွှေးပေးဦး"
ရှောင်းကော အိမ်ထဲကို ခြေချခဲ့တဲ့လူကို ခေါ်လိုက်သည်။
ကျန်းတန်းဟယ် တုံ့ပြန်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လှည့်သွားသည်။ လမ်းတစ်ဝက်မှာ သူရုတ်တရက် လှုံ့ဆော်မှုတစ်ခု ပေါ်လာခဲ့သည်။ သူ့ကိုယ်သူ ပါးရိုက်လိုက်သလို ခံစားလိုက်ရသည်။ ဒီလို ရိုးရှင်းတဲ့ ဖြေရှင်းနည်းကို သူ မစဉ်းစားမိခဲ့ဘူး တုံးအလိုက်တာ။
"လာပြီ!"
ဝမ်းသာအားရဖြင့် ကျန်းတန်းဟယ်က ကျယ်ကျယ်လောင်လောင်အသံဖြင့် အော်ဟစ်ပြီး တုံ့ပြန်လိုက်သည်။
ရှောင်းကောက သူ့ကို ထူးဆန်းစွာ ကြည့်နေသည်။ လာပြီလို့ပြောပြီး သူဘာလို့ပြန်ဖြေခဲ့တာလဲ။
ကျန်းတန်းဟယ်သည် စာအုပ်များကို ပစ်ရန် အခွင့်အရေးကို ရှာဖွေခဲ့သော်လည်း ရှောင်းကောက မီးဖိုတဝိုက်တွင် လှည့်ပတ်နေခဲ့သည်။ အခွင့်အရေးကို စောင့်ဆိုင်းပြီး နောက်ဆုံးအခွင့်အရေးကို ရှာတွေ့သောအခါတွင် နောက်ဘက်မှ ရှောင်းကေ၏ အသံကြောင့် သူ ရုတ်တရက် ထိတ်လန့်သွားသည်။သူ လှည့်ကြည့်လိုက်တော့ သူ့ကိုယ်သူ ကန်လိုက်မိတဲ့ ဇလုံသံဖြစ်မှန်းကို သိလိုက်ရသည်။
ထိုကဲ့သို့ပင် ကျန်းတန်းဟယ်သည် နောက်ဆုံးတွင် စာအုပ်များကို မမီးရှို့ဖြစ်ခဲ့ပေ။ ရှောင်းကော တစ်ခုခုကို ရှာဖွေတွေ့ရှိသွားလားဟု သူ တွေးမိသည်။ သတိထားရမယ့်ဘက်က အမှားအယွင်းဖြစ်ဖို့ရန်အတွက် စာအုပ်တွေကို လွှင့်ပစ်မယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်သည်။
ကျန်းတန်းဟယ်သည် အလှည့်အပြောင်းများစွာဖြင့် ကျန်ရှိနေသည့် စာအုပ်များကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူ့အတွက် နေရာကောင်းတစ်ခုကို တွေးလိုက်သည်။
သူတို့ကို မဖယ်ရှားနိုင်သောကြောင့် လီရှို့ကျီအား ပေးရန်အတွက် မြို့တော်သို့ ပြန်ယူသွားဖို့လုပ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ့ကို အထီးကျန်လူပျိုကြီးဟု အမြဲပြောခဲ့တာမဟုတ်လား။ စာအုပ်တွေက သူ့အထီးကျန်မှုကို ပြေပျောက်စေနိုင်သည်။
_
အချိန်တွေကုန်တာမြန်သည်။ ကျွမ်းကျွမ်းကို ခေါ်ရန် အချိန်နီးနေပြီဖြစ်သည်။ အဲ့တာက ခေါက်ဆွဲဆိုင်သစ်ဖွင့်ပွဲနေ့လည်း ဖြစ်ခဲ့သည်။
ရှောင်းကောသည် လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းတန်းဟယ်နဲ့ သူမလုပ်ခဲ့တဲ့ သစ်အယ်သီး ပန်ကိတ်များကို ထုတ်ယူခဲ့သည်။ သူမသည် ဆိုင်ရှိလူတိုင်းအား ပန်ကိတ်မုန့်များကို ဝေငှပေးခဲ့သည်။
သစ်အယ်သီး ပန်ကိတ်များ၏ အရသာနှင့် ပုံသဏ္ဍာန်များသည် အကောင်းဆုံး အရည်အသွေးဖြစ်သည်—ဒါပေမယ့် ရှောင်းကောလုပ်ထားတဲ့ အမျိုးအစားများနှင့်သာ သက်ဆိုင်သည်။ ကျန်းတန်းဟယ် ဖန်တီးထားတဲ့ ရယ်စရာကောင်းတဲ့ပုံစံတွေကို အိမ်မှာ စားသုံးဖို့ သိမ်းထားခဲ့သည်။
ရှောင်းကောသည် ပန်ကိတ်များကို ထုတ်ယူပြီး ဖယောင်းစက္ကူဖြင့်ထုပ်ရန် တာဝန်ယူခဲ့သည်။ ကျန်းတန်းဟယ်က ကြိုးတွေကို ချည်နှောင်ရန် တာဝန်ယူခဲ့သည်။
"ဖဲကြိုးပုံလေးချည်ရမှာနော်"
ရှောင်းကောက သူမလက်ထဲရှိ ဖယောင်းစက္ကူကို ခေါက်လိုက်ပြီး ကျန်းတန်းဟယ်ကို သတိပေးရန် မမေ့ခဲ့ပေ။ ရှောင်းကော သူ့ကိုသတိမပေးရင် အထုပ်တွေကို သူ ပေါ့ပေါ့ဆဆ ချည်လိုက်မှာကို ကြောက်သည်။
“ဟုတ်ပါပြီ”
မျှော်လင့်ထားသည့်အတိုင်း ကျန်းတန်းဟယ်သည် ထိုစကားကိုကြားသောအခါ သူချည်ထားသည့်ကြိုးကို ဖြည်လိုက်ပြီး ဖကြိုးပုံစံကို အတတ်နိုင်ဆုံးချည်လိုက်သည်။
သူ အဲ့တာကို ဘယ်လိုချည်ရမှန်း မသိပေမယ့် သူလုပ်နိုင်သလို ဟန်ဆောင်ခဲ့သည်။ မဟုတ်ရင် ရှောင်းကော သူ့ကို ထပ်ပြီး သက်ပြင်းချမှာကို သူကြောက်သည်။ သူတို့ သစ်အယ်သီး ပန်ကိတ်များ ပြုလုပ်သောအခါတွင် သူမ၏ သက်ပြင်းချသံကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သူ ကြားခဲ့ရပြီးပြီ။
သူ ကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါ သူ့ကို ချီးကျူးဖို့ ရှောင်းကော အတတ်နိုင်ဆုံး ကြိုးစားနေတာကို သူ စိတ်ပူခဲ့သည်။
ရှောင်းကော မော့ကြည့်လိုက်ပြီး သူ ဖဲကြိုးပုံစံချည်နည်းအကြောင်း မသိတာကို သူမ ပြောပြနိုင်သည်။ သူမထပြီး သူ့လက်ကို ဆုပ်ကိုင်ကာ တစ်ဆင့်ချင်းဆီကို သေသေချာချာ သင်ပေးလိုက်သည်။
"နားလည်သွားပြီလား"
ရှောင်းကော ကြိုးကို လွှတ်လိုက်ပြီးနောက် သူမသည် ထုပ်ပိုးထားသော အထုပ်ကို ကောက်ယူပြီး ဖယ်လိုက်သည်။ ထို့နောက် စာရွက်ကို ဆက်ခေါက်ခဲ့သည်။
“...…” ကျန်းတန်းဟယ် စကားမပြောရဲပေ။ သူ အလုပ်များလွန်းနေသဖြင့် ရှုပ်ထွေးနေသောကြောင့် ယောင်ဝါးဝါးဖြင့် သိသည်ဟုသာ ပြောနိုင်သည်။ ရှောင်းကောက အခု သူ့အနားမှာ ရပ်နေသည်...
"မကြည့်ထားဘူးလား"
သူ့အမူအရာကိုမြင်တော့ ရှောင်းကောက စောနက သူကြည့်နေတာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားခဲ့သည်။
“…....”
“နောက်ဆုံးတစ်ခေါက်ပြမယ် သေချာကြည့်”
ရှောင်းကော ကူကယ်ရာမဲ့စွာ ထလာသည်။ သူက လူကြီးဖြစ်နေပြီ။ သူဘာလို့ ကလေးတစ်ယောက်လို ပြုမူနေတာလဲ။
“စိတ်မပူနဲ့”
ကျန်းတန်းဟယ်၏ မျက်လုံးတွေ ပြူးကျယ်သွားသည်။ ရှောင်းကော သည် အဆင့်များကိုပြသရန် သူ့နောက်ကျောကို တင်းတင်းကြပ်ကြပ် ဖိထားရသည့်အချက်ကို သူ လျစ်လျူရှုရန် အစွမ်းကုန်ကြိုးစားခဲ့ရသည်။ နောက်ကျောမှာ ခံစားနေရတာကိုထက် သူ့ရှေ့မှာရှိနေတဲ့အရာကို အာရုံစိုက်ဖို့ ကြိုးစားခဲ့သည်။
ရိုးရိုးလေးသည် ကျန်းတန်းဟယ်အတွက် ပြဿနာမဟုတ်ပေ။ ရှောင်းကောထံမှ သူ့အာရုံကို ဖယ်ထားသရွေ့ ရိုးရှင်းသော အလုပ်တစ်ခုကို သူ တစ်ချက်တည်း နားလည်နိုင်သည်။
သူတို့နှစ်ယောက် ပင်မတံခါးကို သော့ခတ်ခဲ့ပြီး ကောင်တီမြို့သို့ မောင်းနှင်သွားခဲ့ကြသည်။
သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ တံခါးဝမှာ ပုံပန်းသဏ္ဍာန်တစ်ခု ပေါ်လာခဲ့သည်။ သူက သော့ကိုကိုင်ပြီး လေးလေးနက်နက် ကလိနေသည်။
ခဏအကြာတွင် အားလျှော့လိုက်ပြီး ဒေါသတကြီးဖြင့် တံခါးကို ကန်လိုက်သည်။ သော့ကိုဖွင့်ဖို့ ကျရှုံးခဲ့တဲ့အတွက် သူဒေါသထွက်နေခဲ့တာ ထင်ရှားသည်။
ထိုအချိန်တွင် မစ္စစ်ယန်က သူ့မရဲ့အိမ်မှ ထွက်လာခဲ့သည်။ သူမ လှမ်းကြည့်လိုက်တော့ အနက်ရောင်ပုံပန်းသွင်ပြင်တစ်ခုကို သတိထားမိသွားခဲ့သည်။ သူ့ရဲ့ မသင်္ကာစရာ လုပ်ရပ်တွေကို မြင်လိုက်တော့ သူမ အော်ဟစ်ခဲ့ပြီး သူ့ကိုကြောက်လန့်တကြားထွက်ပြေးသွားစေခဲ့သည်။
မစ္စစ်ယန်သည် သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ သူ ဘယ်သူလဲဆိုတာ သူမ မသိပေမယ့် လူပျောက်သွားတော့ တံခါးကို လှမ်းကြည့်လိုက်သည်။ သော့ခတ်ထားဆဲဖြစ်သည်ကို တွေ့လိုက်ရတော့ သူမ စိတ်သက်သာရာရသွားသည်။ အိမ်မှာဘယ်သူမှမရှိသလို သော့လည်းမပျက်သွားပေ။
သူမ သတိထားဖို့ ရှောင်းကောကို ပြောမှရမည်။ ဒါက ဟာသမဟုတ်ပေ။
မစ္စစ်ယန်သည် တစ်စုံတစ်ယောက်မှ မမြင်နိုင်သော လမ်းကြောင်းကို ဝမ်းနည်းစွာ ကြည့်နေလေသည်။ သူမသာ သိခဲ့ရင် အဲဒီလူကို ခေါ်မှာမဟုတ်ဘူး။ ဘယ်သူလဲဆိုတာ စုံစမ်းဖို့ သူမ တိတ်တဆိတ် လျှောက်သွားလိမ့်မည်။