← Chapters

အခန်း (၂၀၈)

Vol. 14 Ch. 208

အခန်း (၂၀၈)

Vol. 14 Ch. 208

ရှောင်းကော သူမ၏ လွင့်နေတဲ့ အတွေးများကို ဖယ်ထုတ်လိုက်ပြီး ကျွမ်းကျွမ်းကို ထပ်မံ ကြည့်လိုက်သည်။ "ဘယ်သူလဲဆိုတာ သိလို့လား"

ကျန်းတနိးဟယ်သည် မည်သူမည်ဝါဖြစ်သည်ကို ကြားချင်၍ စိတ်ဝင်တစား ကြည့်နေခဲ့သည်။

ကျွမ်းကျွမ်းက အရွယ်ရောက်ပြီးသားသူတစ်ယောက်လို လုပ်နေ၏။ သူကလက်တွေကိုနောက်ပစ်ပြီး အိပ်ရာပေါ် ဖြည်းညှင်းစွာ နင်းလိုက်သည်။ "အဲဒီလူက... လီ! ကျောက်! ဒီ!"

ရှောင်းကော မျက်ခုံးပင့်ကာ ကျွမ်းကျွမ်းကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ "ဒါက သူမဆိုတာ ဘယ်လိုလုပ်သေချာနိုင်တာလဲ"

ကျန်းတန်းဟယ်သည် သူမစကားကိုကြားသောအခါ ကျွမ်းကျွမ်းကို ထပ်ကြည့်ခဲ့သည်။ သူလည်း စပ်စုနေသည်။ 'ဘာကြောင့် သူမ လဲ။' လီကျောက်ဒီက ဘယ်သူဆိုတာကို သူ မှတ်မိနေသေးသည်။

"ဘာလို့လဲဆိုတော့ လီကျောက်ဒီက အဝတ်အစားအစုတ်တွေ ၀တ်ဆင်ထားပြီး သူမရဲ့ မျက်နှာပေါ်က ထူးဆန်းတဲ့ အမူအရာကြောင့်ပဲ"

ကျွမ်းကျွမ်းက အိပ်ရာပေါ်တွင် ထိုင်ကာ အပြစ်ကင်းစင်စွာ ပြောလိုက်သည်။

"ဒါပဲလား"

ရှောင်းကော ပြုံးလိုက်သည်။ ကျွမ်းကျွမ်းသည် ဤအချက်ကြောင့် သံသယရှိသူအား အမှန်တကယ် အတည်ပြုခဲ့သည်။ ဖောက်ထွင်းဖို့ ကြိုးစားနေတဲ့ လီကျောက်ဒီကို ဒီကောင်လေးက မြင်ဖူးလိုက်တယ်လို့ သူမ တွေးထင်ခဲ့သည်။

ကျန်းတန်းဟယ် ခေါင်းယမ်းလိုက်သည်။ ဒါက သိပ်ပြီး ယုံကြည်နိုင်စရာမကောင်းဘူး။

သူတို့နှစ်ယောက်လုံး သူ့ကို မယုံကြတာကိုတွေ့တော့ ကျွမ်းကျွမ်း အနည်းငယ် စိုးရိမ်မကင်းဖြစ်သွားသည်။ "အဲဒါအမှန်ပဲ!"

ရှောင်းကောနဲ့ ကျန်းတန်းဟယ်တို့ သူ့ကို နှစ်သိမ့်ပြီး အမြန် ခေါင်းညိတ်လိုက်ကြသည်။ “ဟုတ်တယ်၊ ဟုတ်တယ်၊ အမှန်ပဲ။”

"ဟမ့်!"

ကျွမ်းကျွမ်း ထိုကဲ့သို့ ဝတ်ကျေတမ်းကျေ စကားလုံးများကို ကြားလိုက်သောအခါ စိတ်အနှောင့်အယှက်ဖြစ်မိသည်။ သူ နောက်လှည့်လိုက်ပြီး သူခြေထောက်တွေနဲ့ ကစားရင်း သူတို့နှစ်ယောက်ကို လျစ်လျူရှုလိုက်သည်။

ရှောင်းကောက ပြုံးပြီး တစ်ခုခုကို တွေးမိချိန် ရပ်တန့်သွားခဲ့သည်။

"အဲ့တာမှန်တယ်။ သူမ ဘယ်လိုလုပ်မေ့သွားရတာလဲ လီကျောက်ဒီက သံသယဖြစ်စရာကောင်းတယ်!"

"ဘာဖြစ်တာလဲ"

ကျနိးတန်းဟယ်သည် ရှောင်ကောက သူ့ကို အိမ်ကနေ ရုတ်တရက် ဆွဲထုတ်သွားတာကိုခံလိုက်ရသဖြင့်သူ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“ရှူး” ရှောင်းကောက သူ့ကို စကားတွေ မပြောဖို့ ပြောလိုက်သည်။ ထို့နောက် သူမ ကျွမ်းကျွမ်းကို လှည့်ကြည့်လိုက်သည်။ သူ စိတ်ကောက်နေသေးတာကို တွေ့ရတော့ သူမ စိတ်သက်သာရာ ရသွားသည်။ သူမ ကျန်းတန်းဟယ်ကို အိပ်ခန်းမှ ဝေးရာသို့ ဆက်လက်ဆွဲထုတ်ခဲ့သည်။

မကြာသေးမီကပင် သူတို့နှစ်ဦးသည် ကျွမ်းကျွမ်း ပြောခဲ့တဲ့ နာမည်ကို ရယ်မောနေခဲ့ကြဆဲပင်။ အခု သူတို့ လီကျောက်ဒီအကြောင်း ထပ်ပြောနေတော့ သားဖြစ်သူက သူတို့ပြောတာကို ကြားတော့ ဒေါသဖြစ်သွားသည်။ ဒါကြောင့် သူ့နောက်ကွယ်မှာ ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

"တကယ်အတည်ကြီးလား"

ကျန်းတန်းဟယ်သည် ရှောင်းကော၏သုံးသပ်ချက်ကိုကြားပြီးနောက် အံ့သြစွာမေးလိုက်သည်။

"ဟုတ်တယ်။" ရှောင်းကောသည် အဲ့တာက လီကျောက်ဒီ ဖြစ်ကြောင်း ရှစ်ဆယ်ရာခိုင်နှုန်း သေချာသည်။ “အရင်က သူကျွန်မတို့အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ပြီး အစ်ကို့ကို နှောင့်ယှက်ခဲ့တာ။ ကျွန်မအစ်ကို ဒီမှာမနေတော့ဘူးဆိုတာကို သူမ မသိဘူး”

"သူမ မသိဘူးလား" ကျန်းတန်းဟယ် မျက်မှောင်ကြုတ်လိုက်သည်။ "သူမ ရူးချင်ယောင်ဆောင်နေတယ်လို့ မင်းပြောတာ မဟုတ်လား။

ရှောင်းကော ခေါင်းညိတ်လိုက်သည်။ 'သူမ ရူးချင်ယောင်ဆောင်ထားတာ မဟုတ်ရင် မစ္စစ်ယန် သူမကို အော်လိုက်တော့ သူမ ကြောက်လန့်ပြီး ထွက်ပြေးသွားမှာ မဟုတ်ဘူး။'

“သူ ရူးချင်ယောင်ဆောင်ထားကတည်းက အစ်ကို ထွက်သွားတယ်ဆိုတာ သူ သိထားရမယ်” ရှောင်းကော နားမလည်သေးတာကိုမြင်တော့ ကျန်းတန်းဟယ် ဆက်ပြောလိုက်သည်။ "သူမ ရူးချင်ယောင်ဆောင်ထားတော့မှ တခြားသူတွေဆီကနေ ခိုးနားထောင်ဖို့ သူမအတွက် လွယ်ကူမှာပေါ့၊ နောက်ဆုံး ရူးနေတဲ့လူရှေ့မှာစကားပြောရင် ဘယ်သူမှ သတိထားပြီးပြောကြမှာမဟုတ်ဘူး"

ရှောင်းကော ခေါင်းခါလိုက်သည်။ “အဲဒါတော့ မဖြစ်နိုင်ဘူး။ ကျွန်မအစ်ကို ထွက်သွားတုန်းက ဘယ်သူမှ သူ့ကို မမြင်ကြဘူး ”

"သူမကိုယ်တိုင် မြင်သွားတာဆိုရင်ရော " ကျန်းတန်းဟယ် ထပ်မေးလိုက်သည်။ ရှောင်းကော အရင်နေ့က ချင်းအန့်မင်ကို လိုက်ပို့သောအခါ တံခါးဝတွင် သတိပြုမိခဲ့သည့်အရာကို ရုတ်တရက် တွေးလိုက်မိသွားသောကြောင့် သူမ ယခုအချိန်တွင် စကားမပြောခဲ့ပေ။ ကျန်းတန်းဟယ်ရဲ့စကားကို ကြားလိုက်ရတော့ သူမ သတိရသွားတော့သည်။

ရှောင်းကော ဒီလိုဖြစ်နေတာကို မြင်တော့ ကျန်းတန်းဟယ်က ဒါကဖြစ်နိုင်တယ်ဆိုတာကို သိလိုက်သည်။ သူ သူမရဲ့အတွေးတွေကို မနှောင့်ယှက်ဘဲ သူ့ဘေးနားက ရေကို လှမ်းယူလိုက်သည်။

“ဒါက ဖြစ်နိုင်တယ်…” ရှောင်းကောက ကျန်းတန်းဟယ်ကို အရင်နေ့တုန်းက သတိထားမိခဲ့တဲ့ဟာအကြောင်း ပြောပြခဲ့သည်။ ကျန်းတန်းဟယ်က သူမှန်ကြောင်းပြသရန် ခေါင်းညိတ်လိုက်သည်။

"ကျွန်မတို့အစ်ကို ထွက်သွားမှန်း သူမ သိနေတာကို ဘာလို့ ဒီကို ထပ်ရောက်လာရတာလဲ"

ဒါကို ရှောင်းကော နားမလည်နိုင်ခဲ့ပေ။ ပစ်မှတ်က ချင်းအန့်မင် မဟုတ်ရင်၊ သူမများ ဖြစ်နိုင်မလား...?

ဒါကိုတွေးပြီး ရှောင်းကော တုန်လှုပ်သွားကာ ရုတ်တရက် ဆံပင်တွေထောင်လာတာကို ခံစားလိုက်ရသည်။ လီကျောက်ဒီ ဘာဖြစ်နေတာလဲ။

ကျန်းတန်းဟယ်က ရှောင်းကောနဲ့ တစ်ပုံစံတည်း တွေးနေတာ ထင်ရှားသည်။ သူက မျက်မှောင်ကြုတ်ထားကာ သူ့အကြည့်များက စူးရှနေသည်။ သူမရဲ့ပစ်မှတ်က ရှောင်းကောဆိုရင် လီကျောက်ဒီကို လွှတ်ပေးလို့မရချေ။

သူက သူမတို့အနားမှာ အချိန်တိုင်း မနေပေးနိုင်ပေ။ လီကျောက်ဒီသည် ရှောင်းကောနဲ့ ကျွမ်းကျွမ်း တို့၏ အသက်ကို အမှန်တကယ်ခြိမ်းခြောက်ခဲ့ပါက သူ သူမကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။

ကျန်းတန်းဟယ်က သူ့မျက်လုံးထဲမှာ ခံစားချက်တွေကို ဖုံးကွယ်ပြီး ရှောင်းကောကို ပြန်ကြည့်လိုက်သည်။ “ဒါဆို ကိုယ်တို့…”

"အခြေအနေကို အရင်ကြည့်ရအောင်။ ဘယ်လိုလဲ"

အများကြီးစဉ်းစားပြီးနောက် ရှောင်းကောသည် အရင်ဆုံး အကြောင်းအရာများကို ရှင်းလင်းရန် ဆုံးဖြတ်ခဲ့သည်။ လီကျောက်ဒီ ဘာတွေဖြစ်နေလဲဆိုတာ သူမ သိနိုင်သရွေ့ သူမ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်သည်။

"ကိုယ်တို့ ဘယ်လိုရှာကြမလဲ" ကျန်းတန်းဟယ်က သူပြောချင်တာကို မျိုသိပ်ထားခဲ့သည်။ ရှောင်းကော မှာ အကြံတစ်ခုရှိနေတာကို မြင်တော့ သူက မေးခဲ့သည်။

“….....” ရှောင်းကောက မျက်တောင်ခတ်ပြီး “မသိဘူး” လို့ အပြစ်ကင်းစွာ ပြောလိုက်သည်။

“….....”

သူမ ရှာချင်တာပဲသိသည်။ ဘယ်လိုလုပ်ရမယ်ဆိုတာကို သူမ သေချာမသိပေ။ နောက်ဆုံး လီကျောက်ဒီပဲ ဒါကိုသိသည် ဒါကြောင့် သူမ စဉ်းစားဖို့ လိုနေသေးသည်။

ခဏအကြာတွင် ကျန်းတန်းဟယ် သက်ပြင်းချလိုက်ပြီး သူမ ခေါင်းထိပ်ကို ပွတ်သပ်လိုက်သည်။ ဒီလိုလုပ်တာက သူ့အတွက် ပိုကောင်းလိမ့်မည်။

ရှောင်းကော ရှက်သွားသည်။ နောက်ဆုံးတော့ သူမက ရှာမယ်လို့ ပြောခဲ့ပေမယ့် လုံးဝ အစီအစဉ် မရှိပေ။ ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ။

"မင်းဘယ်သွားမလို့လဲ"

ထရပ်လိုက်တဲ့ ရှောင်းကောကို ကြည့်ပြီး ကျန်းတန်းဟယ် အနည်းငယ် စိတ်ရှုပ်သွားသည်။

"ရေနည်းနည်းလောက်သောက်မို့!"

ရှောင်းကောက ကျန်းတန်းဟယ်ကို လှည့်ကြည့်ပြီး သူ့လက်ထဲက ရေခွက်အလွတ်ကို ကြည့်ခိုင်းလိုက်သည်။ ရေဘယ်ရောက်သွားလဲလို့ သူမ တွေးလိုက်သည်။

ရှောင်းကော၏ အဓိပ္ပါယ်ရှိသော အမူအရာကို ကြည့်ပြီး ကျန်းတန်းဟယ်က သူ့နှာခေါင်းကို ကိုးရို့ကားရားနိုင်စွာ ပွတ်ကာ ခေါင်းညိတ်လိုက်သည်။ "ဆက်လုပ်..…"

—-

ညသန်းခေါင်ယံ၌ ကျန်းတန်းဟယ်က အအိပ်ဆတ်တဲ့သူဖြစ်သည်။ ကျွမ်းကျွမ်း၏ တည်ငြိမ်သော အသက်ရှုသံကို ကြားသောအခါတွင် သူသည် တိတ်တိတ်လေး အိပ်ရာမှ ထကာ အိမ်မှ ထွက်လာခဲ့သည်။

နေ့ခင်းဘက်တုန်းက လမ်းလျှောက်ထွက်ခဲ့ပြီး လီကျောက်ဒီ နေထိုင်တဲ့နေရာကို အထူးအာရုံစိုက်ခဲ့သည်။ အခြေအနေကို ပိုမိုသိရှိနိုင်ရန် ညသန်းခေါင်တွင် သူ ထွက်လာဖို့ စီစဉ်ထားသည်။ အစီအစဉ်သည် နောက်ထပ် သဲလွန်စများကို ရှာဖွေကာ သူမ၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန်ဖြစ်သည်။ မသိရသေးရင် သူမကို သေခြင်းတရားကိုသာ သူ ပို့ပေးနိုင်မှာ။

သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ ကျန်းတန်းဟယ်သည် ထိုအကြောင်းကို များစွာတွေးတောခဲ့ဖူးပြီး ၎င်းကို စွဲမြဲစွာလုပ်ဆောင်ခဲ့သည်။ ဒါပေမယ့်လည်း သူ စစ်တပ်ထဲဝင်ပြီးကတည်းက သတ်ဖြတ်ခြင်းသည် အမှန်တကယ် အရိုးရှင်းဆုံး ဖြေရှင်းချက်ဖြစ်သည်ဟု သူခံစားခဲ့ရသည်။

ထို့အပြင် သူထွက်ခွာဖို့ အချိန် နီးကပ်နေပြီဖြစ်သည်။ လီကျောက်ဒီလို နောက်ကွယ်က ဘေးဆိုးကြီးကြောင့် သူ ထွက်သွားဖို့ ဘယ်လိုလုပ်စိတ်သက်သာရာရနိုင်မှာလဲ။ ထို့ကြောင့် သူသည် ကိစ္စများကို ပိုမိုလွယ်ကူစေရန် ဆုံးဖြတ်ခဲ့သည်။

ကျန်းတန်းဟယ်သည် သူ့ခါးတွင် ဓားမြှောင်ထက်ထက်တစ်ချောင်းကိုထိုးထားကာ အိမ်မှ တိတ်တဆိတ် ထွက်လာခဲ့သည်။ သူသည် ခြံဝင်းအတွင်းရှိ ခွေးနှစ်ကောင်ကို ချော့မော့ကာ ရှောင်းကော၏ အခန်းဆီ လှမ်းကြည့်လိုက်သည်။ မှောင်နေတာကို မြင်တော့ တံခါးဖွင့်လိုက်ပြီး လီကျောက်ဒီ ရဲ့အိမ်ဘက်သို့ လျှောက်သွားလိုက်သည်။

သူ တံခါးက ထွက်သွားတာနဲ့ ရှောင်းကောလည်း တံခါးဝမှာ ပေါ်လာခဲ့သည်။ သူမသည် ကျန်းတန်းဟယ်လိုမျိုး အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။

ရှောင်းကော က အိမ်ရှေ့တံခါးကိုဖွင့်လိုက်ပြီး ခေါင်းထွက်လာခဲ့သည်။ တံခါးကိုပိတ်ပြီး အပြင်မထွက်ခင် ဘေးကင်းကြောင်း သေချာအောင် လှည့်ပတ်ကြည့်ခဲ့သည်။

သူမရဲ့ ပန်းတိုင်က အရမ်းရှင်းသည်။ သူမလည်း လီကျောက်ဒီ၏အိမ်သို့ ဦးတည်ထားသည်။ မစ္စစ်ယန်နှင့် နောက်ဆုံးအကြိမ် သွားခဲ့တုန်းက အဲ့တာက လွယ်ကူလှသည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် ပြဿနာမရှိလောက်ဘူးဟု သူမ ခံစားမိသည်။ သူမ အရင်ဆုံးသွားပြီး အခြေအနေအကြောင်း ပိုရှာမည်။ သူမပိုကောင်းတဲ့အကြံဥာဏ်တစ်ခုရလာတဲ့အခါ သူမရဲ့ဂုဏ်သိက္ခာကိုပြန်လည်ရရှိဖို့အတွက် ကျန်းတန်းဟယ်ကို သူမပြန်ရောက်လာတဲ့အခါ ပြောပြမည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် သတိမထားမိကြဘဲ လီကျောက်ဒီ၏ အိမ်ဆီသို့ လျှောက်သွားခဲ့ကြသည်။

ကျန်းတန်းဟယ်က အရင်ရောက်လာခဲ့ပေမယ့် အိမ်ထဲကို မရောက်ခင် လီကျောက်ဒီရဲ့အိမ်အပြင်ဘက်မှာ တစ်ယောက်ယောက်ရှိနေပုံရတာကြောင့် အမြန်ပုန်းအောင်းခဲ့သည်။

ပုန်းပြီးနောက် ကျန်းတန်းဟယ်သည် နောက်ဆုံးတွင် ထိုလမ်းကြောင်းကို ကြည့်ရန် အခွင့်အရေးရခဲ့သည်။

မှောင်နေသောကြောင့် သဲသဲကွဲကွဲ မမြင်ရသော်လည်း အရာအားလုံးကို ကြားနေရသည်။

လီကျောက်ဒီ၏ တံခါးဝတွင် အရပ်ပုတဲ့လူတစ်ယောက် ရှိနေသည်။ သူသည် အရင်ဆုံး သတိထားပြီး လှည့်ပတ်ကြည့်ကာ ထူးထူးခြားခြား ဘာမှမတွေ့ရသောအခါမှ တံခါးခေါက်ခဲ့သည်။

ကျန်းတန်းဟယ်က သူ့ဦးတည်ရာကို လှမ်းကြည့်နေတဲ့လူကို မြင်လိုက်တဲ့အခါ ချက်ချင်းဆိုသလို သူ့ကိုယ်သူ ပုန်းနေလိုက်ပြီး အဲဒီလူကို ပြန်မကြည့်ခင် သူ့အကြည့်ကို ပြန်ရုတ်သိမ်းဖို့ စောင့်နေလိုက်သည်။

ထိုလူက တံခါးကို သုံးကြိမ်ခေါက်ပြီး အကြိမ်အနည်းငယ်လောက် ညောင်လို့အော်ခဲ့သည်။ ထို့နောက် အတွင်းမှ တံခါးပွင့်လာခဲ့သည်။ ထိုလူက ပြုံးပြီး တံခါးမပိတ်ခင် ချက်ချင်းဝင်သွားခဲ့သည်။

ကျန်းတန်းဟယ် ဂရုတစိုက် နားထောင်ခဲ့သည်။ လှုပ်ရှားမှုမရှိတော့သောအခါ ပုန်းအောင်းနေသည့်နေရာမှ ထွက်လာရန် အဆင်သင့်ဖြစ်နေသည်။

ဒါပေမယ့် သူ မလှုပ်ရှားခင်မှာ သူ့နောက်က အသံတစ်ခုကြားလိုက်ရပြီး ချက်ချင်း ပြန်ပုန်းနေခဲ့သည်။

ခဏအကြာတွင် ရင်းနှီးသောပုံပန်းသွင်ပြင်လေးတစ်ခုက အနောက်မှ ဂရုတစိုက် လျှောက်လာခဲ့သည်။

ကျန်းတန်းဟယ် ဒါကိုမြင်လိုက်ရတော့ ရယ်မိလုနီးပါးပင်။ တစ်ချက်ကြည့်လိုက်တာနဲ့ ဒီပုံပန်းသွင်ပြင်က ဘယ်သူလဲဆိုတာ သူ သိလိုက်သည်။ ဒီအမျိုးသမီးငယ်လေးက ညဘက်မှာ မအိပ်ဖို့ ရွေးချယ်ခဲ့ပြီး အိမ်အပြင်ကို လှည့်ပတ်သွားလာဖို့ သတ္တိရှိခဲ့သည်။ သူမက ရဲရင့်လွန်းသည်။

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

အပိုင်း ၂၀၈

All Chapters