← Chapters

အခန်း (၂၀၉)

Vol. 14 Ch. 209

အခန်း (၂၀၉)

Vol. 14 Ch. 209

ကျန်းတန်းဟယ် ရှောင်းကောကို ဒေါသနှင့် ရယ်မောကာ စိုက်ကြည့်နေသည်။

လီကျောက်ဒီရဲ့အိမ်နံရံဆီ ဖြေးဖြေးမှန်မှန်ပြေးနေရင်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားတာကို သူကြည့်နေခဲ့သည်။ သူမ ခုန်ပြီး အထဲဝင်ဖို့ နံရံကို စကေးချနေပုံရသည်။

ကျန်းတန်းဟယ် သူမထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

ရှောင်းကောက သုံးကနေ တစ်အထိ ရေတွက်နေသည်။

ရေတွက်ပြီးသည်နှင့် ရှောင်းကော ချက်ချင်း အစွမ်းကုန် ပြေးခဲ့သည်။ ဒါပေမယ့် သူမ မခုန်မီတွင် ကြားဖြတ် တားဆီးခြင်းခံလိုက်ရသည်။

ရှောင်းကော အလွန်ထိတ်လန့်သွားပြီး အလိုလို အော်ဟစ်လိုက်သည်။ ဒါပေမယ့် လက်ကြီးတစ်ဖက်က သူမပါးစပ်ကို အုပ်ခဲ့သည်။

သူ့ရဲ့ရင်းနှီးလှသော ရင်ဘတ်ကို မှီရင်း ရှောင်းကော ရုတ်တရတ် စိတ်ပြေလျော့သွားသည်။ သူမ၏ တင်းမာသော အာရုံကြောများ ချက်ခြင်းသက်သာရာရသွားသည်။

သူမ ရယ်သံတိုးတိုးကို ကြားလိုက်ရသည်။ "အမျိုးသမီးငယ်လေး ဒီအချိန်ကြီးမှာ ဘာလို့မအိပ်သေးတာလဲ"

ရှောင်းကော နားရွက်တွေ နီရဲလာခဲ့သည်။ အဲဒီ အသံနိမ့်နိမ့်က အရမ်း ဆွဲဆောင်မှုရှိလွန်းသည်။

သူမ လှည့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။ သူမရဲ့မျက်လုံးတွေနဲ့ သူ့ကို အကဲခတ်ကြည့်လိုက်သည်။ သူမ၏ ပါးစပ်ကို သူအုပ်ထားဆဲမို့ သူမ မျက်လုံးများဖြင့်သာ အချက်ပြနိုင်ခဲ့သည်။

"ကျွန်မကို ဘယ်လိုတောင်မေးရဲရတာလဲ။ ရှင်ကကော!"

ကျန်းတန်းဟယ် သူမကို လက်လွှတ်မပေးခင် ရှူးလို့ လုပ်ပြလိုက်သည်။ "မင်းလိုပဲလေ"

အဲဒါနဲ့ သူမကို နံရံဘက် ဆွဲခေါ်လိုက်သည်။

ကျန်းတန်းဟယ် မေးစရာ မလိုပေ။ သူမကိုမြင်လိုက်သည်နှင့် သူမ၏စိတ်အားကို ခန့်မှန်းနိုင်သည်။ ဤသည်မှာ လင်နှင့်မယားအကြား အပြန်အလှန်နားလည်မှုဖြစ်သည်။

ရှောင်းကော သူ၏ လုပ်ရပ်ကြောင့် ထိတ်လန့်သွားသော်လည်း သူမ အသံကို ထိန်းရန် ကြိုးစားခဲ့သည်။ နောက်ဆုံးတော့ သူတို့ နှစ်ယောက်လုံး လုံး၀ အပြစ်မကင်းပေ။

ကျန်းတန်းဟယ် ခြံဝန်းကို တစ်ချက်ကြည့်လိုက်သည်။ ဘေးကင်းကြောင်း အတည်ပြုပြီးနောက် သူမကို သယ်သွားလိုက်သည်။

ဤအတောအတွင်း ရှောင်းကောကို ကျန်းတန်းဟယ်မှ တစ်စုံတစ်ရာ ကန့်ကွက်ခြင်းမရှိဘဲ သယ်ဆောင်သွားခဲ့သည်။ တကယ်တော့ ခုခံမှုတိုင်းက အချည်းအနှီးပင်။

မြေပြင်ပေါ်သို့ ဆင်းပြီးနောက် နောက်ဆုံးတွင် သူမ မတ်တတ်ပြန်ရပ်ခဲ့သည်။ သွေးတွေစီးဆင်းနေတဲ့ သူမရဲ့ခေါင်းကို ပွတ်လိုက်ပြီး သူ့ကိုမျက်ဖြူလှန်ကြည့်ခဲ့သည်။ ထို့နောက် ပြတင်းပေါက်ဆီသို့ ညင်သာစွာ သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

ရှောင်းကောသည် လီကျောက်ဒီ၏ အခန်းရှိ အလင်းရောင်ကို ကြည့်ကာ အနည်းငယ် စပ်စုနေမိသည်။ သူမ ဘာလို့ ညလယ်ကြီးမှာ မအိပ်နေသေးတာလဲ။

ရျောင်းကော အနီးကပ် စိုက်ကြည့်ရင်း အိမ်မှ ထွက်လာသော အသံများကို ကြားလိုက်ရသည်။

အိမ်တွင်းမှ ထူးထူးခြားခြား အသံများ ထွက်ပေါ်လာသည်။ ရှောင်းကော တစ်ခါမှ မကြုံဖူးပေမယ့် ဘာတွေဖြစ်နေတာလဲဆိုတာ သူမ သိနေသည်။ သူမမျက်နှာတွေ နီရဲလာပြီး အဝေးကို အမြန်ရွှေ့ဖို့ ကြိုးစားလိုက်သည်။

ဒါပေမယ့် သူမမလှုပ်နိုင်ခင်မှာ ကျန်းတန်းဟယ်က အနောက်ကနေရောက်လာပြီး ထိုင်ချလိုက်ကာ ရှောင်းကောကို သူနဲ့ နံရံကြားမှာ ဖမ်းချုပ်ထားလိုက်သည်။ သူမကို နေရာမှာတင် ချုပ်နှောင်ထားလိုက်သည်။

ကျန်းတန်းဟယ်သည် အနည်းငယ် နောက်ကျပြီးမှ ရောက်လာသော်လည်း အိမ်မှ ထွက်လာသော အသံများကို သူလည်း ကြားနေရသည်။ အရှက်တရားတွေနဲ့ ပြည့်နှက်နေတဲ့ မျက်နှာနီနီနဲ့ပင် ရှက်သွေးဖြာနေတဲ့ ရှောင်းကောနဲ့အတူ အသံတွေကို နားထောင်ခဲ့ကြသည်။

မကြာမီ အတွင်းမှ သာမန်စကားပြောသံများကို ကြားနိုင်မည်ဖြစ်သည်။

ကျန်းတန်းဟယ်က သူ့နှုတ်ခမ်းတွေကိုဖိရင်း ထိုလူကို တိတ်တဆိတ် ရွံရှာနေသည်။ “သူဝင်သွားတာ ခဏပဲရှိသေးတယ်။ သူပြီးတဲ့အချိန်ကလည်း အသီးအရွက်တွေ ကြော်ဖို့ ဒါမှမဟုတ် အိုးကို အပူပေးဖို့တောင် မလုံလောက်ဘူး။ ဟီးဟီး ”

ရှောင်းကော သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ ပြဇာတ်၏ မူရင်းတေးသံကို ထပ်ပြီးနားဆင်ရန် မလိုအပ်တော့ပေ။

သူတို့ ပြတင်းပေါက်ကို တိတ်တဆိတ် မှီ၍ လှုပ်ရှားမှု၏ လက္ခဏာကို နားထောင်နေကြသည်။

အခန်းထဲမှာ လီကျောက်ဒီက အဝတ်အစားလဲနေသည်။ ဒီတစ်ခါမှာတော့ သူမမျက်နှာမှာ အရောင်စုံ ဆေးသုတ်ထားခြင်း မရှိခဲ့ပေ။ သူမ၏ တစ်ကိုယ်လုံးရှိ အရေပြားတွေက နီမြန်းနေသည်။ စောစောက ဖြစ်ပျက်ခဲ့တဲ့ဟာကြောင့်ဆိုတာ ထင်ရှားသည်။

အရပ်ပုပုနဲ့ ရုပ်ဆိုးတဲ့ အမျိုးသားက အဝတ်စားကို ကိုယ်တစ်ပိုင်းသာ ဝတ်ထားရသေးသည့် လီကျောက်ဒီ ကို ပွေ့ဖက်ကာ ဂုဏ်ယူစွာဖြင့်ပြောခဲ့သည်။ "ဘယ်လိုနေလဲ"

လီကျောက်ဒီသည် ထိုစကားကိုကြားသောအခါ သူမ အလွန်ရွံရှာသွားသည်။ ဒါပေမယ့်လည်း သူမသည် ရှက်ရွံ့ဟန်ဆောင်ကာ သူ့ရင်ခွင်ထဲတွင် တိုးဝှေ့နေဆဲဖြစ်သည်။

သူမကိုမြင်သောအခါတွင် ထိုလူ၏ မူလမီးမှာလောင်ကျွမ်းသွားသည်။ လီကျောက်ဒီက မလှပသော်လည်း သူမက အမျိုးသမီးတစ်ဦးဖြစ်နေဆဲပင်။ သူသည် အနှစ်လေးဆယ်ကျော်နေထိုင်ခဲ့ပြီး ရှားရှားပါးပါး အမျိုးသမီးများနှင့် ထိတွေ့ခွင့်ရလာခဲ့သောကြောင့် သူ့မျက်လုံးထဲက ဘယ်အမျိုးသမီးမဆို သူလုပ်မှာပဲ။

"အိုက်ရား" လီကျောက်ဒီ ထိုလူကို တွန်းထုတ်လိုက်ပြီး သူမ၏ ရွံရှာနေတဲ့စိတ်ကို ချုပ်တည်းရန် လှည့်လိုက်သည်။ ထို့နောက် သူမ ရှက်ဟန်ဆောင်ကာ ပြောလိုက်သည်။ "ဟို၊ ရှင်က မိန်းမတစ်ယောက်ကို မထိဖူးသလိုမျိုး ဘာလို့ လုပ်နေရတာလဲ။ ရှင် အနာဂတ်မှာ ချင်းရှောင်းကောပေါ် ရှင့်လက်တွေတင်ရတဲ့အချိန် ရှင်ဘယ်လိုလုပ်မလဲ"

စကားထဲမှာ ချင်းရှောင်းကော အကြောင်းပါလာသောအခါ လီကျောက်ဒီ၏ မျက်လုံးတွေမှာ သူတစ်ပါးကိုဖျက်ဆီးချင်နေတဲ့ အရိပ်အယောင်တွေ တဖျပ်ဖျပ်ပေါ်လာသည်။ မှောင်မိုက်သောညတွင် ထိုမျက်လုံးတွေက အထူးကြောက်စရာကောင်းသည်။

ပြတင်းပေါက်အပြင်ဘက်ရှိ အရာအားလုံးကိုစောင့်ကြည့်နေကြသော သူတို့နှစ်ဦးသည် ရှောင်းကော ၏နာမည်ကို ရုတ်တရက်ကြားလိုက်ရသည်။ ရှောင်းကော ထိုအချိန်တွင် မအီမသာ ခံစားရသည်။ "ဘယ်လောက် ရွံရှာစရာကောင်းလိုက်လဲ၊ ဘယ်လောက် ရွံရှာစရာကောင်းလိုက်လဲ!"

ဒီအချိန်မှာ ကျန်းတန်းဟယ်ကတော့ ဒေါသတွေထွက်လာပြီး သူ့အသက်ရှူသံက ပို၍ပြင်းထန်လာသည်။ လီကျောက်ဒီနဲ့ ထိုလူ အသက်ရှင်နေတဲ့အကြောင်းကို မေ့သွားနိုင်သည်။

"ဟားဟားဟားဟား!" အခန်းထဲကလူက ချင်းရှောင်းကော ရဲ့နာမည်ကိုကြားတော့ ခေါင်းကိုပြန်လှည့်ပြီး ရယ်တော့သည်။ "အဲ့ဒီကောင်မလေးအကြောင်း တွေးလိုက်ရင် အရမ်းစိတ်လှုပ်ရှားနေမိပြီ !"

လီကျောက်ဒီက သူမစိတ်ထဲကနေ ဟွန့် ခနဲနှာမှုတ်ခဲ့သည်။

ပြတင်းပေါက်အပြင်ဘက်တွင် ရှောင်းကောမှာ အန်တော့မည်ဖြစ်သော်လည်း ကျန်းတန်းဟယ်၏ သွေးကြောတွေက ဖောင်းပွနေပြီး အားသွင်းရန် အဆင်သင့်ဖြစ်နေသောကြောင့် သူမမှာ ထိုသို့လုပ်ဆောင်ရန် မတတ်နိုင်ခဲ့ပေ။

ရှောင်းကောမှာ သူ့ကို အရင်ဆုံး စိတ်တည်ငြိမ်အောင်သာ လုပ်ပေးရသည်။

"ကျွန်မဆီ ကျန်းတန်းဟယ်ကို အရင်ခေါ်လာပေး။ မဟုတ်ရင် သူအနားရှိနေရင် အဲဒါကို စဥ်းတောင်မစဉ်းစားနဲ့"

လီကျောက်ဒီသည် သူမ၏ အကြည့်ထဲက စက်ဆုပ်ရွံရှာမှုကို မဖုံးကွယ်နိုင်ပေ။ သူမရဲ့ အစီအစဥ်ကြောင့်သာမဟုတ်ဘူးဆိုရင် သူမ ဒီလူနဲ့ ချိတ်မှာမဟုတ်ဘူး။

"ကျန်းတန်းဟယ် လား" ထိုလူသည် သူ့နာမည်ကိုကြားသောအခါ ရပ်တန့်သွားခဲ့သည်။ သူနည်းနည်းကြောက်သွားသည်။ "သူက တကယ် စသ်သူကြီးလား"

"ငကြောက် " လီကျောက်ဒီ ဟွန့်ခနဲ နှာမှုတ်လိုက်သည်။

ထိုလူ ဒေါသ ထွက်နေသည်မှာ ထင်ရှားသည်။ သူအိပ်ရာကို ပြင်းထန်စွာရိုက်ချလိုက်ပြီး ဒေါသတကြီးနဲ့ ပြောခဲ့သည်။ "လီကျောက်ဒီ၊ လီကျောက်ဒီ၊ မင်းက တကယ့်ကို အရည်ထူတာပဲ။ တစ်ခေါက်တုန်းကတော့ မင်း ချင်းအန့်မင်ကို ပစ်မှတ်ထားပြီး နောက်ပိုင်းကျတော့ ကျန်းတန်းဟယ်ကို ပစ်မှတ်ထားတယ်။ မင်းရဲ့ စားသောက်ချင်စိတ်က အရမ်းကြီးလွန်းတာပဲ "

လီကျောက်ဒီ၏ မျက်နှာက နီရဲလာပြီး သူမ ၎င်းကို ထိန်းထားရန် ကြိုးစားခဲ့သည်။ နောက်ဆုံးတွင်တော့ သူမ အကူအညီ လိုအပ်နေသေးသည်။ “အစ်ကို လော့ဇီ… တောင်းပန်ပါတယ်။ ကျွန်မ အရမ်းလောသွားလို့ပါ "

"ဟမ့်၊ အနည်းဆုံးတော့ မင်းအတွက် ဘာကကောင်းလဲဆိုတာ မင်းသိတာပဲ!" ချုံလော့ဇီ ချက်ချင်း ကျေနပ်သွားသည်။ သူသည် သူမ၏ လက်အောက်ခံမှုကို ခံစားနေပြီး နှာခေါင်းမှ ထွက်သက်ဝင်သက်ကို ရှင်းရှင်းလင်းလင်း သိနေသည်။

လီကျောက်ဒီ သူ့ရင်ခွင်ထဲကို မျက်နှာအမူအရာဘာမှမရှိဘဲ မှီလိုက်ပြီး သူ့ရဲ့ဟိုစမ်းဒီစမ်းလုပ်နေတာကို သူမ သည်းခံခဲ့သည်။

"စကားမစပ်၊ ကျန်းတန်းဟယ်က စစ်သူကြီးတစ်ယောက်ဆိုတာ တကယ်သေချာရဲ့လား"

“သေချာတယ်။” လီကျောက်ဒီ မနေ့ က ကြားခဲ့သည့် စကားကို သတိရသွားသည်။ " ယန် မိသားစုက ရှောင်ဟူ အဲ့နေ့တုန်းက တခြားကလေးတွေကို ပြောပြနေတာ။ သူက ကျွန်မရှိနေတာကို အဲ့တာကို ဖုံးကွယ်ထားခဲ့ဘူး။ ကျွန်မကြားခဲ့ရတဲ့အတိုင်းဆို ကျန်းတန်းဟယ်က စစ်သူကြီးပဲ "

ချုံလော့ဇီ ထိုစကားကိုကြားသောအခါ တုံ့ဆိုင်းမနေတော့ပေ။

အစပိုင်းတွင် လီကျောက်ဒီ သူ့ကို လာရှာခဲ့သောအခါ သူမနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခဲ့ပြီး သူမနှင့် ချင်းအန့်မင်ကို ဖမ်းသည့်ဇာတ်ကွက်ကို သရုပ်ဆောင်ခိုင်းသည်။ လက်တွေ့လုပ်ဆောင်ချက်ပြီးတာနဲ့ ချုံလော့ဇီက ရွာသားတွေကို သူတို့ကို ဖမ်းဖို့ ခေါ်သွားခဲ့သည်။ မမျှော်လင့်ဘဲ ချင်းအန့်မင် တစ်ယောက်တည်းရှိနေတဲ့ အခွင့်အရေးကို သူမ ရှာမတွေ့ခဲ့တော့ သူမလက်လျှော့လိုက်ရသည်။

ဒါပေမယ့် တိမ်တိုင်းတွင် ငွေရောင်အလွှာတစ်ခုရှိသည်။ ချင်းအန့်မင် ထွက်သွားပြီးနောက် ကျန်းတန်းဟယ်သည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာသည်။ အခုသူ စစ်သူကြီးဖြစ်သွားပြီဆိုတာ ကြားတော့ သူမလည်း အံ့သြသွားသည်။

"စစ်သူကြီး! သူက စစ်သူကြီး!!"

လီကျောက်ဒီ ချက်ချင်း ချုံလော့ဇီကို ထပ်မံရှာဖွေခဲ့သည်။ သူတို့နှစ်ဦးသည် လက်ချင်းချိတ်ကာ ကျန်းတန်းဟယ်ကို အလားတူလှည့်ကွက်ကို အသုံးပြုရန် ပြင်ဆင်ခဲ့ကြသည်။

ထိုအချိန်တွင် ကျန်းတန်းဟယ်က လီကျောက်ဒီနဲ့သက်ဆိုင်ဖို့နဲ့ ချင်းရှောင်းကောက ချုံလော့ဇီနှင့်အဆုံးသတ်မည်ဖြစ်သည်။ ဒါက သူတို့အတွက် ပြီးပြည့်စုံတဲ့ အဆုံးသတ်ဖြစ်မှာ။

“အစ်ကို လော့ဇီ၊ ရှင် နောက်ဆုတ်လို့မရဘူးနော် ” လီကျောက်ဒီသည် ကျန်းတန်းဟယ်၏ အထောက်အထားကြောင့် ရုတ်တရက် နုတ်ထွက်သွားမှာကို ကြောက်ရွံ့ခဲ့သည်။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက ဤကာလအတွင်း သူမ၏ အပေးအယူအားလုံးက အချည်းနှီးဖြစ်လိမ့်မည်။

"အဓိပ္ပါယ်မရှိတာ!" ချုံလော့ဇီက လီကျောက်ဒီ၏ တင်ပါးကို ဆုပ်ကိုင်လိုက်သည်။ "ငါက ဒီလို ကြောက်တတ်တဲ့သူလား။ ဒါပေမယ့် မင်း စစ်သူကြီးရဲ့ မိန်းမဖြစ်လာရင် မင်း ငါ့အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံလို့မရဘူးဆိုတာ မင်း မှတ်ထား။ နောက်ဆုံးတောာ့ ငါ့မှာ အဲ့ဒီဟာမ ချင်းရှောင်းကောကို ထောက်ပံ့ဖို့ ကျန်နေသေးတယ်။ဟားဟားဟားဟား"

လီကျောက်ဒီ မျက်ဖြူလှန်လိုက်သည်။ အစပိုင်းမှာတော့ သူတို့ရဲ့ အစီအစဉ်ဟာ ချင်းရှောင်းကောနဲ့ ဘာမှမဆိုင်ပေ။ ဒါပေမယ့် ထိုနေ့က သူမ ချင်းရှောင်းကောနဲ့ ဝင်တိုးမိပြီး သူမ မကောင်းတဲ့ အကြံအစည်တွေကို စုဆောင်းမိတော့သည်။ နောက်ဆုံးတွင် ရှောင်းကော သည်လည်း သူမ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။

လီကျောက်ဒီ၏ မျက်လုံးများတွင် လူသတ်တော့မည့်အကြည့်များ ရှိနေသည်။ "ချင်းရှောင်းကော၊ ငါ့ကို အပြစ်မတင်နဲ့။ တစ်စုံတစ်ယောက်ကို အပြစ်တင်ရမယ်ဆိုရင် အရာရာမှာ ကောင်းချီးပေးခံရတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်လိုက်။ နငိက ရုပ်ရည်ချောမောပြီး အိမ်ထောင်လည်းပြုထားပြီး ယောကျ်ားကောင်းတစ်ယောက်လည်း ရှိတယ်။ နင်က အရမ်းတော်တာမို့၊ ငါတို့ နေရာချင်းဖလှယ်တာကို နင်စိတ်ထဲထားနေမှာ မဟုတ်ပါဘူး။ နင် သေချာပေါက် စိတ်ထဲထားမှာမဟုတ်ဘူး!"

ယခုအချိန်တွင် လီကျောက်ဒီ လုံးဝ လှည့်ဖြားနေခဲ့သည်။ သူမ၏အခက်အခဲအားလုံးကို ချင်းရှောင်းကောအပေါ် အပြစ်တင်ခဲ့သည်။

ချုံလော့ဇီက လီကျောက်ဒီရဲ့ တင်ပါးကို ညှစ်လိုက်ပြီး မကောင်းဆိုးဝါးအပြုံးနဲ့ ပြောခဲ့သည်။ "ငါတို့ရဲ့ သဘောတူညီချက်အရ၊ ငါ ချင်းရှောင်းကောနဲ့ ပိုက်ဆံတွေလိုချင်တယ်!"

လီကျောက်ဒီ သူမ၏ အတွေးတွေကို ဖယ်လိုက်ပြီး သူနှင့်အတူ ရက်စက်ယုတ်မာစွာ ရယ်မောလိုက်သည်။

သူတို့နှစ်ဦးသည် ၎င်းတို့၏ အစီအစဉ်ကို ပြန်လည်ပြင်ဆင်ပြီး အသေးစိတ် အချက်အလက်များကို လုပ်ဆောင်ခဲ့သည်။

"စကားမစပ် ကလေးကကော"

လီကျောက်ဒီ ကျွမ်းကျွမ်းကို ရုတ်တရက် တွေးမိသွားသည်။ သူမ အပိုဝန်ထုပ်ဝန်ပိုးကို ယူဖို့ နည်းလမ်းမရှိပေ။

All Chapters