အခန်း (၂၁၀)
Vol. 14 Ch. 210
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦး၏ အစီအစဉ်က သေချာပေါက် အလုပ်ဖြစ်မည်ဟု ခံစားမိသည်။ ထို့ကြောင့် ကျန်းတန်းဟယ်နဲ့ ချင်းရှောင်းကောတို့၏ အခန်းကဏ္ဍကို သူတို့တာဝန်ယူလိုက်သောအခါ၊ ၎င်းတို့နှစ်ဦးစလုံးက အပိုအိတ်ဖြစ်သည့် ကျွမ်းကျွမ်းတို့ကို မယူချင်ကြပေ။ ဒါကြောင့် သူ့ကို ဖယ်ရှားဖို့ ရက်စက်ကြမ်းကြုတ်တဲ့ အစီအစဥ်ကို အကောင်အထည်ဖော်ခဲ့ကြသည်။
"အိုက်ရား၊ အဲဒါပြီးရင် ငါတို့တွင်းတစ်တွင်းရှာပြီး ကလေးကို မြှုပ်လို့ရတာပဲ"
ချုံလော့ဇီသည် လီကျောက်ဒီ၏ စိုးရိမ်မှုကို ကြားသောအခါတွင် စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်ကို ဝှေ့ယမ်းကာ နှလုံးသားမဲ့စွာ ပြန်ဖြေခဲ့သည်။
လီကျောက်ဒီ ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။ သူမ မျက်လုံးထဲရှိ ရက်စက်မှုများက တဟုန်ထိုးတက်လာသည်။ ကျွမ်းကျွမ်း၏ တည်ရှိမှုသည် ချင်းရှောင်းကောရဲ့ သန္ဓေအောင်ခြင်း သက်သေဖြစ်သည်။ သူမ အတွက်၊ အဲဒါက သူ့လည်ချောင်းမှာ ကပ်နေတဲ့ ငါးရိုးတစ်ခုလိုပဲ။ သူမ သူ့ကို အသက်ပေးမရှင်နိုင်ဘူး။ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး လက်စသတ်နိုင်ရင် ပိုကောင်းသည်။
“ကောင်းပြီ၊ ကောင်းပြီ။” ချုံလော့ဇီသည် အမှန်တကယ်ဖြစ်လာမည့် အရာများအကြောင်းကို ထပ်မဆွေးနွေးချင်တော့ပေ။ အဓိပ္ပါယ်ရှိတဲ့ တစ်ခုခုကို အခုလုပ်လိုက်တာကမှ ပိုကောင်းသည်။ “မိုးမလင်းခင်အထိ လုပ်ရအောင်…”
သူက လီကျောက်ဒီကိုထပ်ပြီး တပ်မက်လာကာ သူမကို လက်ဟန်ပြလိုက်သည်။
လီကျောက်ဒီက ရှက်ရွံ့နေတဲ့အကြည့်ဖြင့် ဟန်ဆောင်လှဲလျောင်းလိုက်သော်လည်း သူမ၏စိတ်ထဲတွင်တော့ သူ့ကိုအပိုင်းပိုင်းခုတ်ဖြတ်ပစ်ဖို့ သေလုမျောပါးဖြစ်နေသည်။
သူ၏စိတ်လှုပ်ရှားမှုနှင့် တပ်မက်ဖွယ် အမူအရာကိုကြည့်ရင်း လီကျောက်ဒီသည် အံကြိတ်ကာ စစ်သူကြီးရဲ့မိမ်းမဖြစ်လာတဲ့အခါကျမှ သူ့ကို ဓားနဲ့ လှီးဖြတ်ပြီး ကင်းခြေများ စာကျွေးပစ်မည်ဟု တွေးထားလိုက်သည်။
သူတို့စကားစမြည်ပြောနေတဲ့တစ်ဝက်မှာ ရှောင်းကော သူမ၏ ခံစားချက်များကို မထိန်းနိုင်တော့ပေ။ ခေါင်းကိုငုံ့ပြီး သင့်တော်တဲ့ကိရိယာကို ရှာနေသည်။ သူမ ဒီလူယုတ်မာနှစ်ကောင်ကို ဓားနဲ့ခုတ်သတ်ရန် သေလုမျောပါးဖြစ်နေသည်။
နောက်ပိုင်းမှာ ကျွမ်းကျွမ်းအကြောင်း သူတို့ပြောနေတာကို သူမ ကြားလိုက်ရတဲ့အခါ သူမရဲ့ နှလုံးသားထဲမှာ ဒေါသတွေ ထွက်ပေါ်ခဲ့သည်။ ကျန်းတန်းဟယ်က သူမအား စိတ်တည်ငြိမ်စေရန် တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားသည်။ မဟုတ်ရင် သူမ အိမ်ထဲဝင်သွားလိမ့်မည်။
ကျန်းတန်းဟယ်၏ မျက်လုံးတွေထဲက မုန်တိုင်းကို မထိန်းထားနိုင်တော့ပေမယ့် အခုကအချိန်မကျသေးပေ။ သူတို့ရဲ့ ခြေလှမ်းတစ်လှမ်းချင်းစီရဲ့ အစီအစဉ်ကို နားထောင်ရင်းနဲ့ သူတို့ကို သတ်ပစ်ချင်စိတ်က ပိုပြင်းပြလာခဲ့သည်။
အဆုံးတွင် အိမ်ထဲမှ နောက်ထပ် စိတ်အနှောင့်အယှက်ဖြစ်စေသော အသံများကို မကြားရသေးမီတွင် ကျန်းတန်းဟယ်က ရှောင်းကောကို ပွေ့ချီကာ နံရံပေါ်မှ ခုန်ဆင်းသွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ရှောင်းကောက အံသွားတွေကို တင်းတင်းကြပ်ကြပ်ကြိတ်ထားပြီး ပါးစပ်ဖွင့်လိုက်မိပါက ဒေါသတွေဟိန်းထွက်လာမည်ကို စိုးရိမ်နေသည်။
ကျန်းတန်းဟယ်က ပထမဆုံး စိတ်အေးအေးထားခဲ့သူဖြစ်သည်။ ရှောင်းကောရဲ့နှုတ်ခမ်းတွေက သူမကိုယ်သူမကိုက်ရာမှ သွေးထွက်နေသည်ကိုတွေ့လိုက်ရသောအခါတွင် သူ့နှလုံးသားက နာကျင်လာသည်။ သူက သူမရဲ့ အံသွားကြိတ်ထားတာကိုပြေလျော့သွားစေဖို့ သွေးထွက်နေတဲ့ သူမရဲ့နှုတ်ခမ်းတွေကို ညင်သာစွာ ပွတ်သပ်ပေးခဲ့သည်။ "စိတ်မပူနဲ့၊ ကိုယ် သူတို့ကို ထိုက်တန်တဲ့ အပြစ် သေချာပေါက်ပေးမှာပါ"
“…...”
ရှောင်းကော ထူးထူးခြားခြား ငြိမ်သက်သွား၏။ သူမ ကျန်းတန်းဟယ်၏ မျက်လုံးတွေကိုကြည့်ကာ အေးစက်စွာပြောလိုက်သည်။ "သူတို့ကို တိုက်ရိုက်မသတ်ပစ်နဲ့၊သူတို့ကိုသေချင်တဲ့ဆန္ဒ ပေါ်လာတဲ့အထိ လုပ်ပစ်လိုက်"
ကျနိးတန်းဟယ် အံ့အားသင့်သွားသည်။ သူ သူတို့ကိုသတ်တော့မယ်ဆိုတာ သူမ ဘယ်လိုသိလဲ။
ရှောင်းကော ကျန်းတန်းဟယ်၏ခါးက ဓားမြှောင်ကို ညင်သာစွာ တွန်းလိုက်သည်။ သူမ စောနက အဲ့တာကိုမြင်လိုက်တာဖြစ်ပြီး သူ့ရဲ့ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သည်။
“....ကောင်းပြီ၊ ကိုယ် သူတို့ကို သေချင်တဲ့ ဆန္ဒပေါ်လာအောင် လုပ်လိုက်မယ်။”
ကျန်းတန်းဟယ် ခေါင်းညိတ်လိုက်ပြီး ရှောင်းကော၏ ခံစားချက်မဲ့နေတဲ့ မျက်နှာကို ထိလိုက်သည်။ ဒီလိုလုပ်ရတာက ပိုစိတ်လှုပ်ရှားစရာကောင်းလိမ့်မည်။
ရှောင်းကောက သူ့ကိုယ်သူ လူကောင်းတစ်ယောက်လို့ မတွေးထားပေမယ့် လီကျောက်ဒီကို နှိုးဆွဖို့ ဘယ်တုန်းကမှ အစပြုခြင်းမရှိခဲ့ပေ။ သူမကို ကိုင်တွယ်ဖြေရှင်းဖို့ တစ်စုံတစ်ယောက်နဲ့ လက်တွဲမယ်လို့ သူမ မမျှော်လင့်ထားပေ။ အရေးကြီးဆုံးကတော့ သူမက သူမဘဝရဲ့ တစ်ခုတည်းသော အားနည်းချက်ဖြစ်တဲ့ ကျွမ်းကျွမ်းကို ဆန့်ကျင်ဖို့ ကြံစည်နေတာပဲ။
ထိုအခြေအနေမျိုးတွင် သူမ နူးညံ့သိမ်မွေ့မည်မဟုတ်ပေ။ သူတို့ကို သေစေခြင်းက သူတို့အတွက် လွယ်ကူလွန်းလှသည်။ သူတို့ကို သေစေတာထက် နေထိုင်ခွင့်ပေးခြင်းက ပိုကောင်းသည်။
—-
ထိုနေ့ပြီးတဲ့နောက် ရှောင်းကောမှာ ကျန်းတန်းဟယ်ကို အနီးတစ်ဝိုက်တွင် မမြင်ရတော့ပေ။ ကျွမ်းကျွမ်းက ဤအရာအတွက် အလွန်ပင် အံ့အားသင့်သွားပြီး ရှောင်းကောကို သူ့အဖေ ဘယ်သွားတာလဲလို့ ဆက်တိုက်မေးမြန်းခဲ့သည်။
ရှောင်းကောက သူအလုပ်ရှုပ်နေတာကို သိပေမယ့် ကျွမ်းကျွမ်းကို အမှန်အတိုင်း မပြောပြနိုင်တာကြောင့် သူ့ကို ရှင်းရှင်းလင်းလင်း အဖြေတစ်ခုပဲ ပေးခဲ့သည်။ ကျွမ်းကျွမ်းက နားမလည်သော်လည်း ထပ်မမေးတော့ပေ။
ရှောင်းကောက အသိစိတ်ဖြင့် စာရေးနေသော ကျွမ်းကျွမ်းကို ကြည့်လိုက်ရာ ကျောရိုးထဲ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ အပြစ်မရှိတဲ့ကလေးငယ်ကို အန္တရာယ်ပြုဖို့အကြောင်း တွေးတောဖို့ ဒီလူနှစ်ယောက် ဘယ်လိုများ ရက်စက်နိုင်ရတာလဲ။
လီကျောက်ဒီနဲ့ ပတ်သတ်ပြီး အရင်ပိုင်ရှင်ရော သူမကိုယ်တိုင်ရော ဘယ်လိုမှ ရန်ငြိုးထားတာမျိုး မရှိခဲ့ချေ။ သူမနှင့်ဆက်ဆံရန် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို ကြံစည်နေပြီး ထိုလူနှင့်ပင် မကောင်းမှုကျူးလွန်ရန် ကြံစည်နေသည်ဟု ထင်မြင်မိသည်။
မနေ့ညက သူမ ကြားခဲ့သမျှကို ပြန်တွေးရင်း ရှောင်းကောသည် အထူးသဖြင့် သူတို့နှစ်ဦး သူမနဲ့ ကျန်းတန်းဟယ်အကြောင်း စိတ်ကူးယဉ်နေကြတာကို ရွံရှာသွားခဲ့သည်။ မနေ့ညက သူမ သူမ ညစာစားထားတဲ့ဟာတွေကိုကိုတောင် သူမအပေါ် အန်ထုတ်ပစ်လိုက်ချင်သည်။
မက်မွန်ပွင့်ရွာမှာ လော့ဇီလို့ ခေါ်တဲ့ လူတစ်ယောက်ရှိမှန်း သူမ မသိခဲ့ပေ။ တကယ့်ကို ရွံရှာစရာကောင်းတာပဲ။ အခုမှ ရှောင်းကော ဒီစကားကို နားလည်သွားရသည်။
တွင်းနက်ကြီး၏ အောက်ခြေရှိသော်လည်း လူ့စိတ်က မှန်းဆ၍မရပေ။
—-
ရှောင်းကော ကျွမ်းကျွမ်းကို အိပ်ရာထဲ၌သိပ်ပြီးနောက် ညဘက်တွင် ကျန်းတန်းဟယ် ပြန်လာခဲ့သည်။
"စားပြီးပြီလား"
ရှောင်းကော သူမ၏အဝတ်အစားနှင့် ဖိနပ်ကို ဝတ်ကာ အိပ်ရာမှ ထလိုက်သည်။ အခန်းထဲက ထွက်လာပြီး စားပွဲမှာထိုင်နေတဲ့ ယောက်ျားကို ကြည့်လိုက်သည်။
ကျန်းတန်းဟယ် မစားရသေးကြောင်း ညွှန်ပြရင်း ခေါင်းယမ်းလိုက်သည်။
"ကျွန်မ ရှင့်ကို တစ်ခုခု လုပ်ပေးမယ်။"
ရှောင်းကော ထိုစကားကိုကြားသောအခါ သူမဖယောင်းတိုင်ကိုယူကာ ချက်ပြုတ်ရန် မီးဖိုချောင်သို့သွားဖို့ ပြင်ဆင်လိုက်သည်။
ဒီအချိန်မှာ ကျန်းတန်းဟယ်က သူမကို လှမ်းဖမ်းလိုက်သည်။ "ကိုယ့်ကိုကိုယ် ဒုက္ခမပေးနဲ့။ ကိုယ်တို့ မနက်ကျမှ အဲ့တာကို စကားပြောကြမယ်"
"မရဘူး!"
ရှောင်းကော ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။ သူမ သူ့လက်ကိုဖယ်ကာ ချက်ပြုတ်ရန်သွားခဲ့သည်။
'ဒီလူ ဘာအကြောင်းပြောနေတာလဲ။ အဲဒါကို မနက်ဖြန်မှာ ပြောကြမယ်တဲ့။ တစ်ညလုံး ဗိုက်ဆာနေရင် ကြောက်စရာကောင်းတယ်လေ။'
ရှောင်းကော သူမလက်ကို ဝှေ့ယမ်းလိုက်သောအခါ ကျန်းတန်းဟယ်က သူ့ဒဏ်ရာကို တစ်စုံတစ်ယောက်က နာကျင်စေသကဲ့သို့ ရုတ်တရက် အသက်ရှူကျပ်သွားသည်။
"ရှင်ဘာဖြစ်သွားတာလဲ"
သူလုပ်လိုက်တဲ့အသံကိုကြားတော့ ရှောင်းကော စိတ်ပူပန်စွာ ဖယောင်းတိုင်ကို ချလိုက်ပြီး စစ်ဆေးဖို့ အပေါ်ကို မော့ကြည့်လိုက်သည်။
“အဆင်ပြေပါတယ် ” ကျန်းတန်းဟယ်က ရှောင်းကော လက်ကို ဆုပ်ကိုင်ပြီး သူမကို အာမခံခဲ့သည်။
ရှောင်းကောက သူ့စကားကိုနားမထောင်ပေ။ သူမ အခုလေးတင် တစ်ခုခုကိုကြားလိုက်ရသည်။ သူဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ။
မျှော်လင့်ထားသည့်အတိုင်း ဖယောင်းတိုင်မီးကို သုံးပြီး သူ့လက်ဆစ်တွေမှာ ဒဏ်ရာရလာသည်ကို သူမမြင်လိုက်ရသည်။ သူမလက်ကို ဝှေ့ယမ်းလိုက်တဲ့အချိန် မတော်တဆ ပွတ်မိသွားပုံရသည်။
"တွေ့လား။ အဲဒါက ဘာမှ မပြင်းထန်ပါဘူး။"
ကျန်းတန်းဟယ်သည် ရှောင်းကော၏ စိုးရိမ်မှုကို လက်ခံရရှိတော့ ကျေနပ်နေမိသည်။ ဒီဒဏ်ရာသေးသေးလေးက ဘာမှမဟုတ်ဘူးလို့ သူတကယ်ခံစားရပေမယ့် ရှောင်းကောက သူ့အတွက် စိတ်ပူပေးနေတာကြောင့် ကျေနပ်မိသည်။
"ဒါက ဘာမှမဟုတ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ " ရှောင်းကောသည် ပွန်းပဲ့နေသော လက်ဆစ်များကို ဂရုတစိုက် ပွတ်သပ်လိုက်သည်။ “အိမ်မှာ လိမ်းဆေး မရှိဘူး၊ ဘယ်လ်ုလုပ်ရမလဲ…”
ရှောင်းကော မကူညီနိုင်ဘဲ အနည်းငယ် ဝမ်းနည်းမိသည်။ အိမ်မှာ သူမ ဘာလို့ လိမ်းဆေး မထားရတာလဲ။အခု သူ့လက်တွေ ဒဏ်ရာရနေတယ် နောက်ပိုင်း ကူးစက်ရောဂါတွေဖြစ်လာရင် ဘယ်လိုလုပ်မလဲ။
"ကိုယ် တကယ်အဆင်ပြေပါတယ်" ကျန်းတန်းဟယ် ညင်သာစွာပြောခဲ့သည်။ သူ့နှလုံးသားက ပျော့ပျောင်းနေတဲ့အရာအဖြစ်သို့ အရည်ပျော်ကျသွားသည်။ “ဒီသွေးတွေက တခြားသူရဲ့ဟာ။ ကိုယ် သူ့ကို ပြင်းပြင်းထန်ထန် ထိုးခဲ့တော့ လက်ဆစ်တွေ ပွန်းပဲ့သွားရုံလေးပါပဲ ”
ကျန်းတန်းဟယ်သည် ရှောင်းကော၏ မျက်လုံးတွေ အနည်းငယ်နီနေသည်ကို မြင်လိုက်ရသောကြောင့် အမြန်ရှင်းပြလိုက်ရသည်။
"...တကယ်လား"
ရှောင်းကော ရှိုက်ပြီး ကျန်တန်းဟယ်ကို သံသယဖြင့် မော့ကြည့်လိုက်သည်။
“တကယ်”
ကျန်းတန်းဟယ်ရဲ့ နှလုံးသား အရည်ပျော်သွားကျသွားပြီ။ ရှောင်းကောက ဘာလို့ဒီလောက် အရမ်းချစ်စရာကောင်းနေရတာလဲ။ သူမ သူ့ကိုကြည့်ရင်း သူမမျက်လုံးကြီးကြီးလေးတွေ နီရဲလာပြီး မျက်ရည်တွေဝိုင်းနေခဲ့သည်။ သူ လုံးဝ အရည်ပျော်သွားပြီ။ သူ မခံနိုင်တော့ပေ။
ရှောင်းကော မယုံကြည်သေးတာကိုမြင်တော့ ကျန်းတန်းဟယ်က ဒဏ်ရာတွေပေါ်မှာ ရေအနည်းငယ်ကို ခပ်မြန်မြန်လောင်းလိုက်ပြီး ပေနေတဲ့သွေးတွေကို ရှင်းပစ်လိုက်သည်။ သူက ပွန်းပဲ့နေတဲ့ အရေပြားကို ဖော်ထုတ်ပြီး အနီးကပ်ကြည့်နိုင်စေဖို့ ရှောင်းကောကို ပြသခဲ့သည်။
“တွေ့လား အဆင်ပြေပါတယ်လို့”
ရှောင်းကော သူ့လက်ကို ဆုပ်ကိုင်ထားပြီး သေသေချာချာ စစ်ဆေးခဲ့သည်။ တကယ်က ဒီလောက်လေးနက်တဲ့ ကိစ္စမဟုတ်ဘူးဆိုတာ သူမသဘောပေါက်ခဲ့သည်။ စကားမပြောဘဲ သူ့လက်ကို လွှတ်ချလိုက်သည်။ "ဒါဆို စောနက ရှင် ဘာလို့ နာသွားတဲ့အသံလိုလုပ်လိုက်တာလဲ"
“ရှီး…” ကျန်းတန်းဟယ် သူ့ပခုံးနဲ့ တံတောင်ဆစ်တွေကို ပွတ်သပ်လိုက်သည်။ "ကိုယ့်လက်က ကောင်းပေမယ့် တံတောင်ဆစ်က ဒဏ်ရာရလာလို့"
ရှောင်းကော ထိုစကားကိုကြားသောအခါ၊ သူမ သူ့ကို မျက်ဖြူလှန်ပြလိုက်သည်။ "ရှင်ကလေ တကယ်တစ်ခုခုပဲ"
ကျန်းတန်းဟယ် ဘာမှပြန်မပြောဘဲ သူ့နှုတ်ခမ်းကို ဖိလိုက်သည်။ ထိုအချိန်တွင် သူအလုပ်လုပ်ထားရလို့ ပင်ပန်းလွန်းလှပြီ။
“ဘာဖြစ်လာတာလဲဆိုတာ ပြောပြပါဦး။”
ရှောင်းကောက သူ့ကို ရေနွေးတစ်ခွက် လောင်းထည့်ပေးပြီး သူ့မျက်နှာကို သူမလက်နှစ်ဖက်နဲ့ကိုင်ကာ ကြည့်လိုက်သည်။ အလုပ်များတဲ့နေ့ပြီးတဲ့နောက် သူသည် သူ၏အောင်မြင်မှုများကို မျှဝေရန်အချိန်ဖြစ်သည်။
ကျန်းတန်းဟယ် ရေတစ်ငုံသောက်လိုက်ပြီး ရှောင်းကော ကို ကြည့်လိုက်သည်။ သူ ပြုံးပြီးပြောလိုက်သည်။ "ကိုယ် အရာရာတိုင်းကို ဂရုစိုက်နေတယ်။ ခဏလောက်တော့စောင့်ကြည့်နေ"
ရှောင်းကော ချက်ချင်း မကျေနပ်တော့ပေ။ ဒါက ဘယ်လိုမျှဝေမှုမျိုးလဲ။ "အသေးစိတ် ကြားချင်တာကို "
“မ…ပြော...နိုင်... ဘူး…”
ကျန်းတန်းဟယ် နောက်တီးနောက်တောက်နဲ့ပြောလိုက်သည်။ ရှောင်ကော စိတ်လှုပ်ရှားနေတာကို သူကြိုက်သည်။
“ဟေး!” ရှောင်းကော နှုတ်ခမ်းစူပြီး သူ့ရဲ့ဘဝင်ခိုက်နေတဲ့သူ့အမူအရာကို ကြည့်လိုက်သည်။ သူမ တကယ်ပဲ သူ့ခေါင်းကို ခေါက်ပစ်လိုက်ချင်သည်။
“ကောင်းပါပြီ…” ကျန်းတန်းဟယ် ရှောင်းကောရဲ့ဆံပင်တွေကို ထိုးဖွပြီးပွတ်သပ်လိုက်သည်။ “ရှင်းရှင်းပြောရရင် အဲဒါက သူတို့ကို သူတို့ကိုယ်ပိုင်း ဆေးရဲ့အရသာကို ပေးမြည်းစမ်းလိုက်တာ”
သူစကားပြောနေစဉ်တွင် ရှောင်းကော၏ တွေးတောနေသည့်အမူအရာကိုကြည့်ကာ သူမ၏နှာတံလေးကို လက်ညှိုးလေးကွေးပြီး တို့လိုက်သည်။ "ပြပွဲကိုစောင့်ကြည့်နေ"
သူ့အတွက် ချန်ထားသင့်တဲ့အရာတွေရှိသည်။ မကောင်းတဲ့ကိစ္စအားလုံး၏ အသေးစိတ် အချက်အလက်များကို သူမအား ပြောပြပြီး သူမရဲ့နားတွေကို မညစ်ပတ်သွားစေချင်ပေ။