အခန်း (၂၁၂)
Vol. 15 Ch. 212
“အဲဒါ…” လီကျောက်ဒီ သူ့စကားကြားတော့ သူမရဲ့မသိစိတ်က သူ့ကို ချေပချင်ပေမယ့် ဘာမှ မပြောနိုင်ခဲ့ပေ။ စကားလုံးတွေက သူမပါးစပ်ထဲမှာ လှိမ့်နေပြီး နောက်ဆုံးမှာတော့ သူမ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “…အမှန်ပါပဲ!”
'မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။' လီကျောက်ဒီရဲ့ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ရှိနေသည်။ ဒါက သူမ ပြောချင်တာမဟုတ်ပေမယ့် သူမပါးစပ်ကို ထိန်းချုပ်နိုင်မှု ပျောက်ဆုံးနေပုံရသည်။
လီကျောက်ဒီ ထိတ်လန့်သွားသည်။ ချုံလော့ဇီက သူမကို မယုံကြည်နိုင်စွာ လှည့်ကြည့်ခဲ့သည်။ "ဒီမိန်းမ ရူးနေတာပဖြစ်မယ်!"
“ဟုတ်ပြီ၊ ဟုတ်ပြီ ဟုတ်ပြီ …” ရွာသူကြီးက ထိုစကားကို ထပ်ခါတလဲလဲ ပြောနေသည်။ သူ့ကန့်သတ်ချက်သို့ တွန်းပို့ခံရသည်မှာ ထင်ရှားသည်။ “ဒါဆို မင်းတကယ်မေးခဲ့…”
ရွာသူကြီးမှာ အသက်ရှူရကြပ်နေပြီး ခဏရပ်တန့်လိုက်သည်။ သို့သော်လည်း သူ့ခြေရင်းက အမျိုးသားက သူ့စကားတွေကို သူမေ့သွားတယ်လို့ ထင်မိတဲ့အတွက် သူ ကြင်နာစွာ သတိပေးလိုက်သည်။ “လီကျောက်ဒီက ဆေးသမားနဲ့ လက်ထပ်နိုင်ဖို့ ကျွန်တော့်ကို သူနဲ့ ပူးပေါင်းခိုင်းခဲ့ပါတယ်”
သူပြောလိုက်သည်နှင့် တပြိုင်နက် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လီကျောက်ဒီမှာ ဒီလို ရွံရှာစရာကောင်းတဲ့ အကြံအစည်တစ်ခုကို အကောင်အထည်ဖော်ရန် အမှန်တကယ်ပင် ရဲတင်းသည်။
"လီကျောက်ဒီ၊ ဒါအမှန်လား "
ရွာသူကြီးက ဒေါသတကြီး ကြည့်နေ၏။
"ဘယ်ဟုတ်မလဲ!"
ရွာသူကြီးက သက်ပြင်းတစ်ချက်ချကာ သူမကို ထပ်မေးခဲ့သည်။
ဤတစ်ကြိမ်တွင် လီကျောက်ဒီသည် အဲ့တာကတကယ်ကိုအဲ့လူ မဟုတ်တာကြောင့် အမှန်တရားကို နှုတ်ကပြောခဲ့သည်။ "ကျွန်မ သူ့ကို အကူအညီ မတောင်းခဲ့ဘူး။ ချုံလော့ဇီကို ကျွန်မကို ကူညီပေးဖို့ တောင်းဆိုခဲ့တာ!"
ထိုစကားကိုပြောပြီးနောက် သူမပါးစပ်ကို ထိတ်လန့်တကြားအုပ်လိုက်ကာ ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး!"
ရွာသူကြီးမှာ ပြောစရာစကားပျောက်ရှသွားသည်။ သူသည် ချုံလော့ဇီကို သူ့ရဲ့ အရေတွန့်နေတဲ့ လက်ချောင်းဖြင့်သာ ညွှန်နိုင်ခဲ့သည်။ "သူမရဲ့စကားက အမှန်ပဲလား"
ဤအခိုက်အတန့်တွင် ချုံလော့ဇီသည် အဓိပ္ပါယ်မရှိသောစကားကြောင့် ဒီခွေးမကို ပါးရိုက်ရန် သေလုမျောပါးဖြစ်နေသည်။ ရွာသူကြီး၏ စကားကို ကြားသောအခါ ခေါင်းယမ်းပြပြီး ငြင်းလိုက်သည်။ ဒါပေမယ့် အဲ့အစား သူစကားပြောခဲ့သည်။ "အဲ့တာအမှန်ဆိုတာဟုတ်ပါတယ်။ ကျွန်တော် သူမကို ကူညီခဲ့တယ်။ ပထမတုန်းကတော့ ပိုက်ဆံမတောင်းခဲ့ဘူး။ ကျွန်တော် သူမနဲ့ အတူအိပ်ချင်ခဲ့တာ "
သူပြောပြီးတာနဲ့ လူအုပ်ကြီးက သူတို့ နှစ်ယောက်ကို ဆဲဆိုကြိမ်းမောင်းကြသည်။ လူအုပ်ထဲမှ ကျိန်စာတွေက ဒီနှစ်ယောက်လုံးကို ချေမှုန်းရန် လုံလောက်လုနီးပါးပင်။
ရှောင်းကောသည် မစ္စစ်ယန်ကို လူအုပ်ကြားမှ တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။ ပထမအချက်က သူတို့နောက်ကလူတွေ နင်းသွားမှာကို သူမကြောက်သည်။ နောက်တစ်ချက်ကတော့ ဒီလူနှစ်ယောက်ကို ဆူပူကြိမ်းမောင်းဖို့က နောက်ကလူတွေအတွက် ပိုလွယ်ကူစေမှာ။
ရွာသူကြီးသည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားသော်လည်း သူ့စကား၏ အဓိကအချက်ကို ကြားနေရဆဲပင်။ "ပထမတုန်းကတော့ဆိုတာ မင်းဘာကိုဆိုလိုတာလဲ!"
ဆူပူအုံကြွမှုကို စောင့်ကြည့်နေကြတဲ့ ရွာသူ/သားများ ချက်ခြင်း တိတ်ဆိတ်သွားကြသည်။
ထိုမှသာ ချုံလော့ဇီသည် သူက သူပိုင်တဲ့လူကဲ့သို့ ပြုမူနေမိမှန်း သိလိုက်ရသည်။ မေးခွန်းတွေမေးတဲ့အခါ အမှန်တရားကို ထုတ်ပြောပစ်ခဲ့မိသည်။ ဤအခိုက်အတန့်တွင် သူ လွန်စွာစိုးရိမ်နေသဖြင့် ချွေးအေးတွေ ထွက်လာသည်။ ရွာသူကြီးရဲ့အမေးကို သူကြားလိုက်တဲ့အခါ သူ့ပါးစပ်က သူ့ဦးနှောက်ထက် ပိုမြန်လာပြီး သူ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
"မှန်ပါတယ်။ ကျွန်တော်တို့ နောက်ပိုင်းမှာ အစီအစဉ်ပြောင်းလိုက်တဲ့အတွက် ကြောင့်ပါ။ ကျွန်တော်က သူမ ကျန်းတန်းဟယ်ကို ရအောင်လို့ကူညီပေးပြီး သူမက ကျွန်တော့်အတွက် ချင်းရှောင်းကောကို ယူပေးလိမ့်မယ်။ အချိန်တန်ရင် ကျွန်တော်တို့ ကျွမ်းကျွမ်းကို သတ်ပစ်မယ်။ အဲဒါက ပြီးပြည့်စုံတဲ့အဆုံးသတ်ပဲ!"
သူပြောပြီးသည်နှင့် တပြိုင်နက် လူအုပ်ကြားထဲမှာ စကားသံတွေထွက်လာပြန်တော့သည်။ ရှောင်းကောက အေးစက်တဲ့အမူအရာဖြင့် ချုံလော့ဇီ ဝန်ခံနေသည်ကို နားထောင်လိုက်ရာ သူမ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းမှ ဖိနှိပ်ချုပ်ချယ်ထားတဲ့ အငွေ့အသက်များ ထွက်ပေါ်လာသည်။
မစ္စစ်ယန် ထိုစကားကိုကြားသောအခါ မြေပြင်ပေါ်ရှိ လူနှစ်ယောက်ကို ဒေါသတကြီး ကြည့်လိုက်မိသည်။ သူမသည် ရှောင်းကောကို ဂရုတစိုက်ကြည့်ကာ စိုးရိမ်တကြီးဖြင့် သူမကို ကိုင်ထားသည်။ ရှောင်းကောက သူမကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။ သူမ အဆင်ပြေကြောင်း ပြသရန် ခေါင်းယမ်းလိုက်သည်။
ရွာသူရွာသားတွေမှာ ဒေါသတကြီးဖြစ်နေခဲ့ကြသည်။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဒီနှစ်ယောက်က ကလေးတစ်ဦးအပေါ် ဤကဲ့သို့ ဆိုးရွားသော ရည်ရွယ်ချက်များ ထားရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။
ရွာလူကြီးက ပိုလို့တောင် စိတ်ပျက်သွားသည်။ “ဝိုး၊ ဒီလိုမျိုး အကျင့်ဆိုးတွေ လုပ်ဖို့ မင်းတို့မှာ ဘယ်လောက် သတ္တိရှိကြလဲ”
လီကျောက်ဒီနဲ့ ချုံလော့ဇီတို့ တစ်ကိုယ်လုံး တုန်တက်သွားခဲ့သည်။ 'သူတို့ဆီမှာ ဒီလိုမဖြစ်လာသင့်ဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ အစကတည်းက မမှန်နေခဲ့တာ။ မျက်လုံးဖွင့်ပြီးကတည်းက လူတိုင်းရှေ့မှာ လုပ်ဆောင်ချက်တွေလုပ်နေတာက မမှန်ဘူး။ ပြောခဲ့တာတွေ မေးခဲ့တာတွေက မှားနေတယ်။'
"ဒါက ဒီလို မဖြစ်သင့်ဘူး!"
လီကျောက်ဒီ သူမရဲ့ဆံပင်တွေကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး တခြားဘာမှ မပြောနိုင်တော့ပေ။
"နောက်ထပ် ဘာရှိသေးလဲ"
ရွာလူကြီးက ဆက်မေးခဲ့သည်။
လီကျောက်ဒီ ပါးစပ်ကို အုပ်ပြီး သူမရဲ့ လျှာကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ 'သူမ တခြားဘာမှ မပြောရဘူး!'
ရှောင်းကောသည်လည်း ထိုကိစ္စ၏ လေးနက်မှုကို နားလည်သောကြောင့် သူမ လီကျောက်ဒီရဲ့နောက်လိုက်ကာ သူမ၏လျှာကို ဆုပ်ကိုင်ထားသည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမရဲ့ အစီအစဉ်တွေနဲ့ လီကျောက်ဒီ ရဲ့ အစီအစဥ်တွေရဲ့ နောက်ကွယ်က အသေးစိတ်နဲ့ ရည်ရွယ်ချက်တွေကို ရှင်းမပြနိုင်ခဲ့ပါဘူး။
လီကျောက်ဒီ၏ သွေးကြောတွေက ၎င်းကို ထိန်းထားရာမှ ဖောင်းပွလာခဲ့သည်။ ချုံလော့ဇီလည်း ဖော်ကောင်လုပ်နေသည်။ အဆုံးတွင် သူမ မကျေမနပ်ဖြစ်လာပုံရပြီး အပြင်းအထန် မောပန်းလာကာ ချွေးအေးတွေထွက်လာသည်။
အထူးသဖြင့် ကလေးငယ်ကို ဖယ်ရှားရန် လူနှစ်ဦး၏ အစီအစဉ်များကို ကြားသိရသောအခါတွင် လူစုလူဝေးမှာ အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့သည်။ လူတိုင်း တဟုန်းဟုန်းတောက်လောင်နေခဲ့ကြသည်။
မက်မွန်ပွင့်ရွာမှ ရွာသူရွာသားတွေက ကလေးတွေကို အလွန်ချစ်ခင် မြတ်နိုးကြသည်။ ထို့ကြောင့် ဤလူယုတ်မာနှစ်ဦး၏ အကြံအစည်ကို ကြားသိရသောအခါတွင် ၎င်းတို့အား အုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
လူတစ်ယောက်က ခေါင်းဆောင်ဖြစ်ပြီး နောက်ထပ်လူအနည်းငယ်က ချက်ချင်းလိုက်လုပ်ခဲ့ကြသည်။
နှစ်ယောက်သား အဝတ်အစားတွေမရှိတော့ ကျောက်တုံးကြီးတွေ သူတို့ကို ထိမှန်တာနဲ့ သွေးတွေက မြန်မြန်စီးကျလာခဲ့သည်။
သူတို့ နှစ်ယောက် ခေါင်းကို အုပ်ပြီး ရှောင်တိမ်းနေကြပေမယ့် အချိန်တိုင်း လူနှစ်ယောက်ပေါ်ကို တိကျစွာ ဆင်းသက်လာတာကြောင့် ကျောက်တုံးတွေမှာ မျက်လုံးတွေ ရှိပုံရသည်။
မစ္စစ်ယန်က သူတို့ကို ကျောက်တုံးနဲ့ ပစ်ဖို့ အခွင့်အရေးယူခဲ့သည်။ မစ္စစ်ယန် အလွန်အမင်း လုပ်လိုက်မှာကို စိုးရိမ်သဖြင့် ရှောင်းကောက သူမအား ဖမ်းကိုင်ကာ နှစ်သိမ့်ခဲ့သည်။
ပထမတော့ ရွာလူကြီးက မျက်လုံးတစ်ဖက်ကို တမင်မှိတ်ထားပြီး မတားခဲ့ပေ။ ဒီနှစ်ယောက်နဲ့ လုံးဝထိုက်တန်သည်။ ဒါပေမယ့်လည်း အဆုံးတွင် သူ လူတိုင်းကို ရပ်တန့်စေခဲ့သည်။ နောက်ဆုံး တစ်ယောက်ယောက်များ သေသွားခဲ့ရင် ကြောက်စရာကြီး။
လူအုပ်ကြီးက သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့ကြသည်။ ဦးခေါင်းမှလွဲ၍ လူနှစ်ယောက်ရဲ့ ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ သွေးများဖြင့် ပြည့်နှက်နေသည်။
ရပ်တန့်ရန် ကြွေးကြော်သံကို ကြားလိုက်ရသဖြင့် သူတို့ သက်ပြင်းလေးလေးကြီးဘချလိုက်မိကြသည်။
ရွာလူကြီးက သူတို့နှစ်ယောက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။ အဆုံးတွင် သူ ဖြေးညှင်းစွာပြောခဲ့သည်။ “ကောင်းကင်မှာ မျက်လုံးတွေရှိတယ် ပြီးတော့ ဘယ်အရာကမှ သူ့မျက်လုံးတွေဆီကနေ မလွတ်နိုင်ဘူး၊ တစ်လှည့်ဆိုတာပြန်လာမှာပဲ”
သူတို့ ဝန်ခံခဲ့တဲ့ အစီအစဉ်ကို သူတို့ကိုယ်တိုင် အပြည့်အဝ ပြန်လည် အကောင်အထည်ဖော်ခဲ့သည်။
လီကျောက်ဒီနဲ့ ချုံလော့ဇီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့ရဲ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးမှုများက သိသာထင်ရှားသည်။ သူတို့ ခန္ဓာကိုယ်တွေ ပျော့ခွေသွားသည်။ 'ပြီးသွားပြီ၊ တကယ်ပဲ ပြီးသွားပြီ...'
ရှောင်းကောသည် ထိုနောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်များကို အထူးဂရုစိုက်မနေတော့ပေ။ မစ္စစ်ယန်ကို ဆွဲထုတ်လိုက်ရင်း ရွာသူကြီးပြောသည့်စကားကို ဆက်တွေးနေမိသည်။ အဲ့တာက လီကျောက်ဒီနဲ့ ချုံလော့ဇီ တို့ကို အသုံးပြုရန် မှန်ကန်သော ဖော်ပြချက်သာဖြစ်သည်။
လမ်းတစ်လျှောက်တွင် မစ္စစ်ယန်မှာ ဘာပြောရမှန်းမသိသောကြောင့် စကားပြောဖို့ ချီတုံချတုံဖြစ်နေသည်။
"ကံကောင်းတာက ကောင်းကင်မှာ မျက်လုံးတွေရှိတယ်" အချိန်အတော်ကြာ ချီတုံချတုံ ဖြစ်ပြီးနောက် သူမ ပြောလိုက်သည်။ “လက်စားချေတာက ကောင်းတယ်”
ရှောင်းကော ပြုံးပြီး ခေါင်းညိတ်ခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ သူမ သူတို့၏ အစီအစဉ်ကို သိရှိခဲ့ရသည်။ ပြီးတော့ ကံကောင်းထောက်မစွာနဲ့ ကျန်းတန်းဟယ်အနားမှာရှိနေလို့သာပေါ့...
သူမ မစ္စစ်ယန်ကို နှုတ်ဆက်ပြီး အိမ်သို့ စိတ်အားထက်သန်စွာ ပြေးသွားခဲ့သည်။ သူမ၏ နှလုံးသားထဲတွင် နားမလည်နိုင်သော စိတ်လှုပ်ရှားမှုတစ်ခု ရှိနေသည်။ ထိုလူကို ခုချက်ချင်းတွေ့ချင်လာသည်။
"ဘာလို့ ဒီလောက်မြန်မြန်ပြေးလာတာလဲ"
ရှောင်းကော၏ နားထဲသို့ ရယ်မောသံတစ်ခု ဝင်ရောက်လာသည်။
ရှောင်းကော ခေတ္တရပ်ပြီး တံခါးဝဆီ ပွင့်ပွင့်လင်းလင်း မော့ကြည့်လိုက်သည်။ တံခါးဝမှာ ပုံရိပ်တစ်ခု အဲဒီမှာ အကြာကြီး စောင့်နေခဲ့တာဖြစ်သည်။
“ကျန်းတန်ဟယ်....…”
"အင်း"
သူမ မတ်တပ်ရပ်နေတာကို မြင်လိုက်ရတော့ ကျန်းတန်းဟယ် တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။ စိုးရိမ်တကြီးဖြင့် သူမဆီသို့ လျှောက်လာလိုက်သည်။ ဒါပေမယ့် သူ အနားမကပ်သွားခင်မှာ ရုတ်တရက် သူမက သူ့ရင်ခွင်ထဲကို ပြေးဝင်လာတာကြောင့် သူ တုန်လှုပ်သွားခဲ့သည်။
ရှောင်းကောက ကျန်းတန်းဟယ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး သူ၏ ပြင်းထန်စွာခုန်နေသည့် နှလုံးခုန်သံကို နားထောင်နေသည်။ သူမ၏ မျက်လုံးတွေ တဖြည်းဖြည်း နီရဲလာသည်။ အကယ်၍ သူမ ထိုအကြံအစည်များကို မတွေ့ခဲ့ပါက၊ ကျန်းတန်းဟယ် သူမအနားတွင် မရှိခဲ့ပါက၊ သူမသာ ဒီနေ့ ဒုက္ခရောက်ခဲ့တဲ့သူဖြစ်နေခဲ့ပါက၊ သူမအတွက် ဘာဖြစ်သွားမလဲ။
ဤအခိုက်တွင် ရှောင်းကော တစ်ကြိမ်လေးအတွက် အထီးကျန်သလို ခံစားခဲ့ရသည်။ အရင်တုန်းကတော့ သူမ ဘာမဆိုလုပ်နိုင်သလို ဘယ်အရာကမှ သူမကို အနိုင်ယူလို့ မရနိုင်ဘူးလို့ သူမ ခံစားခဲ့ရသည်။ ဒါပေမယ့် ဒီအချိန်မှာ သူမ တကယ်ကို အထီးကျန်နေသလို ခံစားရသည်။ ကံကောင်းထောက်မစွာနဲ့ ကျန်းတန်းဟယ်က သူမအနားတွင် ရှိနေခဲ့သည်။
ကျန်းတန်းဟယ်က သူမမှာ ဘာမှားနေမှန်း မသိပေမယ့် သူမ ကြောက်နေတာကို သူ ခံစားလိုက်ရသည်။ သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး သူ့ခန္ဓာကိုယ်ရဲ့ အနွေးဓာတ်တစ်ချို့ကို သူမဆီ လွှဲပြောင်းပေးဖို့ ကြိုးစားလိုက်သည်။ သူ နောက်တစ်ကြိမ် နောင်တရနေပြန်သည်။ သူသိခဲ့မယ်ဆိုရင် ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို သွားကြည့်ရအောင် သူမကို လွှတ်မှာမဟုတ်ဘူး။
"ကောအာ"
"ကျန်းတန်းဟယ်၊ ရှင့်ကိုရလိုက်တာ အရမ်းကောင်းတာပဲ "
ကျန်းတန်းဟယ် အံ့အားသင့်သွားသည်။ သူ မယုံကြည်နိုင်စွာ အဝေးကို လှမ်းကြည့်လိုက်ပြီး သူ့မျက်ဝန်းတွေမှာ ပြူးကျယ်လာပြီး တုန်ယင်နေခဲ့သည်။ " ရှောင်းကော ပြောလိုက်တာက... ကိုယ်နားကြားများ မှားသွားတာလား..."
သူတို့၏ နှလုံးသားတွေမှာ တူညီတဲ့ ကြိမ်နှုန်းဖြင့် ခုန်လာတော့သည်။
“....…” ကျန်းတန်းဟယ် ပြုံးပြီး ရှောင်းကောကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူ့ရဲ့မေးစေ့ကို သူမ ခေါင်းပေါ် တင်ကာ ဖြေးညှင်းစွာပြောခဲ့သည်။ “ကိုယ်ကောပဲ”
"ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အတူ ရှိနေတာ အရမ်းကောင်းတာပဲ "