အခန်း (၂၁၃)
Vol. 15 Ch. 213
အဖြစ်အပျက်ပြီးတဲ့နောက် ရှောင်းကောသည် မစ္စစ်ယန်ထံမှ လီကျောက်ဒီအကြောင်း များစွာကြားသိခဲ့ရသည်။ အကျဉ်းချုပ်ပြောရလျှင် လီကျောက်ဒီနဲ့ ချုံလော့ဇီ တို့သည် မက်မွန်ပွင့်ရွာမှ ရွာသူကြီးရဲ့ နှင်ထုတ်ခြင်းကိုခံလိုက်ရသည်။ အိမ်ပြန်လာခွင့်မပေးတော့ဘဲ ရွာထဲကနေ နှင်ထုတ်ခံခဲ့ရသည်။ သူတို့ရဲ့ အိမ်ထောင်စုစာရင်းကိုလည်း ဖျက်ပစ်လိုက်သည်။ ရွာလူကြီးက သူတို့ နှစ်ယောက် ရွာထဲကို တိတ်တိတ်လေး ဝင်လာရင် အရာရှိတွေဆီ သတင်းပို့မယ်လို့တောင် ကြေညာထားသည်။
ရွာသူရွာသားတွေက ရွာသူကြီးရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပြီး သူတို့ နှစ်ယောက်ကို စောင့်ကြည့်ထားမယ်လို့ ပြောခဲ့ကြသည်။ သူတို့နှစ်ယောက်ကို ရွာထဲမှာ တွေ့လိုက်တာနဲ့ သူတို့ အရိုက်ခံရမှာပါ။
ဤရလဒ်နှင့်ပတ်သက်၍ ရှောင်းကောက သူတို့ကိုယ်တိုင် ဒါကို သူတို့ဆီ ယူဆောင်လာကြတာပဲလို့သာ ပြောနိုင်သည်။
—-
လီကျောက်ဒီ၏ကိစ္စက ပြီးဆုံးသွားသော်လည်း ရှောင်းကောမှာ သူမ မဖြေနိုင်တဲ့မေးခွန်းတစ်ခုရှိနေဆဲပင်။
!!
"ရှင် ကျွန်မကို ပြောပြမှာလား"
ပဉ္စမအကြိမ် ရှောင်းကောက ကျန်းတန်းဟယ်အား အဖြေပြန်ပေးရန်အတွက် နှောင့်ယှက်ခဲ့သော်လည်း သူက သူမအား တမင်တကာ ငြင်းဆိုခဲ့သည်။
ကျန်းတန်းဟယ်က ပဲစေ့ကို ဖြည်းညှင်းစွာ ကြိတ်နေသည်။ သူ ခေါင်းယမ်းပြီး ဘာကိုမှမပြောပြဖို့ ငြင်းဆိုခဲ့သည်။
ရှောင်းကောက ပဲစေ့များကို ကြိတ်နေသည့်လူကို ကြည့်ကာ အံကြိတ်လိုက်သည်။ ဒေါသတကြီးနဲ့ သူမ လက်ထဲက ပဲပုပ်ခြောက်ကို ပဲမည်းပုံကြီးထဲ ပစ်ချပစ်လိုက်သည်။
"အချိန်ယူပြီး ကြိတ်နေ။ ပဲအနက်မှုန့်နဲ့ ပဲပိစပ်မှုန့်ကို သပ်သပ်စီထုပ်ဖို့ လိုတယ်"
အဲဒါနဲ့ ရှောင်းကောက ပဲအားလုံးကို ကောင်းကောင်းကြီး ရောမွှေပစ်ခဲ့သည်။ အစပိုင်းမှာတော့ ပဲပိစပ်တွေက ပဲပုံကြီးရဲ့ထိပ်မှာ ရှိနေခဲ့သည်။ အနည်းငယ် မွှေလိုက်ပြီးတဲ့နောက် အောက်က ပဲမည်းတွေနဲ့ ရောသွားတော့သည်။
သူမ၏ နောက်ပြောင်မှု အောင်မြင်သွားပြီးနောက် ရှောင်းကော ကျိတ်ရယ်မောကာ ခါးထောက်ပြီး ဘေးမှာရပ်နေလိုက်သည်။ ကျန်းတန်းဟယ်၏ အားကိုးရာမဲ့နေတဲ့အမူအရာကိုမြင်ရရန် သူမ စောင့်နေခဲ့သည်။
ဒါပေမယ့် ရလဒ်က သူမအတွက် စိတ်ပျက်စရာဖြစ်ခဲ့သည်။ ကျန်းတန်းဟယ်က သူမကို ပြုံးပြပြီး ပဲပိစပ်တွေကို ခွဲထုတ်ဖို့ စိတ်ရှည်စွာ ထိုင်ချလိုက်သည်။ သူက ရှောင်းကောရဲ့ ကလေးဆန်ပုံကြောင့် လှောင်နေပုံရသည်။
ကျန်းတန်းဟယ် ခွေးခြေခုံအသေးလေးပေါ်တွင် ထိုင်ကာ ပဲပိစပ်များကို ဂရုတစိုက် ခွဲထုတ်ခဲ့သည်။ သူ အနည်းငယ် သနားစရာပုံပေါက်သွားသည်ကို ရှောင်းကော ရုတ်တရက်ခံစားလိုက်ရပြီး သူမ၏စိတ်ထဲတွင် ပြင်းထန်သော အပြစ်စိတ်ရှိကြောင်း ခံစားချက်တစ်ခု ချက်ခြင်းပေါ်လာသည်။
ယခုအချိန်တွင် ကျန်းတန်းဟယ်က ရှောင်းကော သူ့ကို အနိုင်ကျင့်နေသည်ဟု စွပ်စွဲနေပုံရသည့် အမူအရာကို ဆင်မြန်းထားသည်။ ဒါက ရှောင်းကောကို သူ့အား တောင်းပန်ခိုင်းပြီး သူနဲ့အတူ ပဲတွေကို ခွဲခိုင်းနေသလို ခံစားရစေသည်။
ရှောင်းကော ရဲ့ အပြစ်ကို ကျော်လွှားခါနီးမှာ ရုတ်တရက် တံခါး ခေါက်လာခဲ့သည်။ ရှောင်းကော အသိစိတ်ပြန်ဝင်လာပြီး သူမ ကောက်ထားတဲ့ ပဲပိစပ်တွေကို ချလိုက်သည်။ သူမ ကျန်းတန်းဟယ်ကို မကြည့်ဘဲ တံခါးဖွင့်ဖို့ သွားခဲ့သည်။
ကျန်းတန်းဟယ်က အပြုံးကိုဖုံးကွယ်ထားခဲ့သည်။ 'ရှောင်းကောက အရမ်းချစ်စရာကောင်းတယ်။'
"ကျွမ်းကျွမ်း" ကျွမ်းကျွမ်းက နံနက်စာစားပြီးနောက် ရှောင်ဟူနဲ့ ကစားရန် ထွက်သွားခဲ့သည်။ သူပြန်လာဖို့ အချိန်တန်ပြီလေ။
ရှောင်းကော တံခါးဖွင့်လိုက်တာနဲ့ သူ့နာမည်ကို ခေါ်ခဲ့သည်။ "ဒီကလေးလေး ဘာလို့တံခါးခေါက်နေတာလဲ၊ သူဝင်လာလို့ရနေတာကို"
“ကောင်ကလေး…”
"မင်္ဂလာပါ မဒမ် "
ရှောင်းကော စကားမဆုံးခင်မှာ တံခါးနောက်မှာ သူစိမ်းတစ်ယောက်ရှိနေတာကို သူမ သိလိုက်ရသည်။ သူမကို မဒမ် လို့ခေါ်နေသည်။
"ရှင်က"
ရှောင်းကော ထိုလူကို သေသေချာချာကြည့်လိုက်သည်။ လွန်ခဲ့သည့်နှစ်ရက်က သူ့ကိုတွေ့ဖူးထားသောကြောင့် သူစိမ်းတစ်ယောက်ဟု လုံးဝမပြောနိုင်ပေ။ ဤသည်မှာ လီကျောက်ဒီ ကို ရင်ဆိုင်ဖူးသူဖြစ်သည်။
"ဟီးဟီး" ဧည့်သည်က ဟိုနေ့ကနဲ့ လုံးဝကွဲပြားနေသည်။ ဒီအချိန်မှာ သူ၏ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ဖြူဖွေးသော သွားနှစ်တန်းကို ပေါ်လွင်စေသည်။ သူရှောင်းကောရဲ့နောက်ကို ညွှန်ပြလိုက်သည်။ "ကျွန်တော် စစ်သူကြီးကို လာရှာတာ"
ကျန်းတန်းဟယ်ရဲ့အကြောင်းကိုပြောပြီးသည်နှင့် ရှောင်းကောမှာ သူ၏အထောက်အထားကို ခန့်မှန်းနိုင်သည်။ သူ့လက်အောက်ငယ်သားများမှလွဲ၍ ဤနေရာတွင် ကျန်းတန်းဟယ်၏ အထောက်အထားကို သိတဲ့သူမရှိပေ။
"ကျန်းတန်းဟယ်၊ ရှင့်ကို လူတစ်ယောက်ရှာနေတယ်"
ရှောင်းကော လမ်းဖယ်ပေးလိုက်ပြီး အဲဒီလူကို ဝင်ခွင့်ပြုခဲ့သည်။ "ဒီလူက ကျန်းတန်းဟယ်နဲ့ ဆက်နွယ်နေတာမို့ အဲဒီနေ့တုန်းက သူ သရုပ်ဆောင်နေခဲ့တာပဲ ဖြစ်ရမယ်"
ကျန်းတန်းဟယ် လှုပ်ရှားမှုများကို ကြားပြီး ထိုလူကို မော့ကြည့်လိုက်သည်။ စကားမပြောဘဲ ပဲပိစပ်ကို ဆက်ခွဲထုတ်နေသည်။
ရှောင်းကော လျှောက်လာပြီး သူ့ကို ဆွဲလိုက်သည်။ "ခွဲနေတာတွေ ရပ်လိုက်တော့။ ကျွန်မလုပ်လိုက်မယ် "
သူမ စကားပြောနေရင်း ဘေးနားမှာ ရပ်နေတဲ့ လူကို လက်ဟန်ပြလိုက်သည်။ သူမသည် သူ့အား စကားတစ်ခွန်းမှ မပြောဘဲ မျက်မိမှိတ်ပြလိုက်ပြီး နောက် သူလာတဲ့ကိစ္စကို ရှင်းပြရန် ပြောနေပုံရသည်။
ကျန်းတန်းဟယ် နှုတ်ခမ်းကိုဖိကာ ပြုံးလိုက်သည်။ ရှောင်းကောက ဉာဏ်ကောင်းကြောင်း သူသိသည်။ သူဘာတွေဖြစ်နေလဲ တစ်ချက်လောက်ကြည့်ရုံနဲ့ ခန့်မှန်းကြည့်နိုင်သည်။ ထိုလူကိုအကြည့်တစ်ချက်ပေးလိုက်ပြီး အိမ်ထဲသို့ လျှောက်သွားလိုက်သည်။ ထိုလူက ရှောင်းကောကို ခေါင်းညိတ်ပြပြီး ကျန်းတန်းဟယ် နောက် လိုက်သွားခဲ့သည်။
ဇလုံထဲက ပဲတွေကို ကြည့်ပြီး ရှောင်းကော သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူမမှာ ရွေးချယ်စရာမရှိပေ။ ရောနေတဲ့ ပဲတွေကို ခွဲထုတ်ရမည်။
ကျန်းတန်းဟယ် အခန်းထဲသို့ဝင်ကာ ပြတင်းပေါက်ဘေးတွင်ရပ်ပြီး ပဲတွေကိုကောက်နေတဲ့ ရှောင်းကောကိုကြည့်နေသည်။ "ဘယ်လိုလဲ"
"သူတို့နှစ်ယောက် ရွာက ထွက်သွားတော့ လီကျောက်ဒီက သူ့မိခင်ဘက်က မိသားစုဆီ ခိုလှုံဖို့ ချင်အိမ်ကို သွားချင်ပေမယ့် သတင်းဖြန့်ဖို့ ကျွန်တော်တို့လူတွေ အဲဒီကို အစောကြီး သွားလိုက်ကြပါတယ်။ သူတို့ ရွာထဲ မဝင်ခင် လီကျောက်ဒီက မောင်းထုတ်ခံလိုက်ရတယ်။ ရွာကနေထွက်သွားပြီး ချုံလော့ဇီက လီကျောက်ဒီ ဆီမှာပဲတွယ်ကပ်နေတယ်။ သူမသွားလေရာနောက်ကို သူလိုက်သွားပြီး အဲ့အတွက်ကြောင့် သူတို့ ရုတ်တရက် ရန်ထဖြစ်ကြသေးတယ်။ မနေ့က လီကျောက်ဒီက သူပိုင်ထားသလိုမျိုးနဲ့ ခရိုင်ကိုသွားခဲ့ပါတယ်။ သူမမှာ ပိုက်ဆံမရှိတဲ့အတွက်ကြောင့် ခြေလျင်သွားခဲ့တယ်။ ခရိုင်ကိုရောက်တာနဲ့ သူမ မတော်တရော်ဝတ်စားထားတဲ့အတွက်ကြောင့် အရာရှိတွေက အချုပ်ထဲထည့်ထားပါတယ်"
ထိုလူသည် အသက်တစ်ချက်သာရှူပြီး စကားစပြောပြီးနောက် ကျန်းတန်းဟယ်၏ နောက်ထပ်အမိန့်ကို စောင့်မျှော်ရင်း ခေါင်းကိုငုံ့ထားသည်။
ကျန်းတန်းဟယ် လုံးဝမတုံ့ပြန်ခဲ့ပေ။ သူ့နောက်ကလူကို ပျင်းရိစွာ ကြည့်နေမိသည်။ “မင်းသင့်တော်သလိုကြည့်လုပ်လိုက်”
ထိုလူ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ ဒီအကြည့်က ဘာကိုဆိုလိုသည်ကို သူနားလည်သည်။ စစ်သူကြီးက မကျေနပ်နေတာ...
"သေတာထက် ပိုဆိုးတဲ့ဘဝနဲ့ နေရအောင်လုပ်လိုက်လို့ဆိုလိုတယ်လို့ မင်းထင်လား "
ကျန်းတန်းဟယ် ခဏအကြာတွင် ထိုစကားများကို ဖြည်းညှင်းစွာ ပြောခဲ့သည်။ ထိုလူက ဒါကိုကြားသောအခါ ချက်ချင်း ဒူးထောက်ချင်လာသည်။ သူ့လုပ်ရပ်တွေက စစ်သူကြီးလိုချင်တဲ့ ရလဒ်ကို မရောက်ဘူးလို့ ထင်ရသည်။ “စစ်သူကြီး…”
“အဲဒီနေ့က မင်း ကြိုးကြိုးစားစား လုပ်ခဲ့တယ်။ ဒီကိစ္စကို နောက်ဆက်တွဲတွေ ဆက်လုပ်ဖို့ မင်းကို ငါ ဒုက္ခပေးရလိမ့်မယ်”
ကျန်းတန်းဟယ်သည် ထိုလူ၏ စိတ်ခံစားချက်ကို သတိမထားမိဘဲ ဆက်ပြောနေခဲ့သည်။
ထိုလူက ခေါင်းညိတ်ပြီး သေချာပြောလိုက်သည်။ "စိတ်မပူပါနဲ့ စစ်သူကြီး!"
ကျန်းတန်းဟယ်က သူ့အတွက် ခက်ခဲတဲ့အရာတွေကို မလုပ်ခဲ့ပေ။ သူ ဒူးထောက်နေသေးတာကို မြင်တော့ ပြောလိုက်သည် “ထတော့”
“ဟုတ်ကဲ့!”
ထိုလူ မတ်တပ်ရပ်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်ကာ ကျန်းတန်းဟယ်ကို ဦးညွှတ်လိုက်သည်။ ဒါပေမယ့် သူ လှည့်ကြည့်လိုက်တော့ တစ်စုံတစ်ခုကို သတိရသွားပြီး သူ့ကို မဝံ့မရဲ ကြည့်လိုက်မိသည်။ "စစ်သူကြီး၊ မြို့တော်ကနေ စာတစ်စောင် ရောက်လာပါတယ်။ ကျွန်တော်တို့ ဒီမှာ အချိန်တွေ အများကြီးဖြုန်းပြီးသွားကြပြီ"
ကျန်းတန်းဟယ်သည် ခြံဝင်းအတွင်းရှိ ရှောင်းကောကို တွန့်ဆုတ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ဟုတ်တယ်…”
ထိုလူက စစ်သူကြီးဘာတွေတွေးနေမှန်း မခန့်မှန်းနိုင်ခဲ့ပေ။ ကျန်းတန်းဟယ်၏ အမိန့်ကို တိတ်တဆိတ် စောင့်ရုံသာ တတ်နိုင်သည်။
"အဆင်သင့်ပြင်ထား။ သဘက်ခါ "
ကျန်းတန်းဟယ် ဘယ်လောက်ပဲ ဝန်လေးနေပါစေ သူ အကူအညီမဲ့နေခဲ့သည်။ အချိန်အတော်ကြာခဲ့ပြီ၊ အဲဒီလူ မျက်စိမှိတ်ထားခဲ့တာ ကြာလှပြီ။ သူ့မှာ အချိန်ဆွဲဖို့ အကြောင်းပြချက် မရှိတော့ပေ။
ရှောင်းကော တစ်ခုခုကို ခံစားလိုက်ရပြီး လှည့်ကြည့်လိုက်သည်။ ကျန်းတန်းဟယ်၏ ခေါင်းထဲတွင် အတွေးများ တောက်လောင်နေသည့် အခိုက်အတန့်ကို သူမ တွေ့လိုက်ရသည်။ သူမ အနီးကပ် မကြည့်ခင်မှာ သူက ပြုံးပြနေသည်။
သူမ သူ့ကို ဟွန့်ခနဲလုပ်ပြပြီး ပဲတွေကို ခွဲထုတ်ဖို့ ပြန်လှည့်သွားသည်။ သူမကို ပြုံးပြတာက အသုံးမဝင်ဘူး။ နောက်မှ သူကိုယ်တိုင် သူမကို ရှင်းပြအောင်လုပ်ရလိမ့်မည်။
ကျန်းတန်းဟယ်က သူမရဲ့စိတ်ဆိုးနေတဲ့ နောက်ကျောကို ကြည့်ပြီး မကူညီနိုင်ဘဲ အကျယ်ကြီး ရယ်လိုက်သည်။ သူ့နောက်ကလူက ဒါကိုကြားတော့ သူ တိတ်တဆိတ် ခေါင်းမော့ပြီး ကျန်းတန်းဟယ်ရဲ့ ပြုံးနေတဲ့ပုံစံကို ကြည့်လိုက်သည်။ သူ ခေါင်းကိုအလျင်အမြန်ပြန်မငုံမီ ရှော့ခ်ရပြီး တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။
ထိုလူထွက်သွားပြီးနောက် ကျန်းတန်းဟယ်က ပဲတွေကိုယူကာ ၎င်းတို့ကိုခွဲထုတ်ပြီး ကြိတ်ဖို့စတင်လုပ်ဆောင်ခဲ့သည်။ ရှောင်းကောက သူ့အနားတွင် ရှိနေကာ အတွင်းထဲကဇာတ်လမ်းအကြောင်း မမောမပန်း မေးနေသည်။ နောက်ဆုံးတော့ သူမ နှောင့်ယှက်နေတာကို မခံနိုင်တော့လို့ သူပြောပြလိုက်ရသည်။
အဲဒီနေ့မှာပဲ ကျန်းတန်းဟယ်က သူ့လက်အောက်ငယ်သားတွေကို တွေ့ပြီး ရှောင်းကောကို အသရေဖျက်ဖို့ လီကျောက်ဒီ ငှားထားတဲ့ လူကို ရှာခိုင်းခဲ့သည်။ အဲဒီလူကို တွေ့ရှိပြီးနောက် သူ့လက်အောက်ငယ်သားတွေက ရိုက်နှက်ခဲ့ကြသည်။
ကျန်းတန်းဟယ်က ရှောင်းကော အကြောင်း ထိုလူပြောရမယ့်စကားကိုကြားတော့ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ရိုက်နှက်ခဲ့ပြန်သည်။ ထို့ကြောင့် အဆိုပါအမျိုးသားမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ထို့ကြောင့် သူ့လက်အောက်ငယ်သားတွေက ရှောင်းကောအတွက် လီကျောက်ဒီ ရည်ရွယ်ထားသော သအသေရေဖျက်မည့်အကြောင်းအရာအားလုံးကို အစားဝင်ပြောဖို့ အသုံးချခဲ့သည်။
လီကျောက်ဒီနဲ့ ချုံလော့ဇီတို့ဘာကြောင့် ဒီလောက်အလွယ်တကူ ဝန်ခံခဲ့ကြတာလဲ ဆိုတာအတွက်ကတော့ ကျန်းတန်းဟယ်မှ ၎င်းတို့ နှစ်ဦးအား အလဲထိုးမည့် အမှုန့် နှင့် အမှန်တရားပြောလာစေမည့် အမှုန့်တွေနဲ့ သုံးခဲ့ကြောင်း ရှင်းပြခဲ့သည်။ ၎င်းတို့သည် ပြစ်ဒဏ်စီရင်သည့်ဌာနမှ သုံးစွဲလေ့ရှိသော အထူးဆေးဝါးများဖြစ်သည်။
ရှောင်းကောသည် အစွမ်းထက်သော ဆေးများ၏ အမည်များကို ကြားသောအခါတွင် သူမ အနည်းငယ် သွေးဆောင်ခံလိုက်ရသည်။ သူမ ဤကဲ့သို့သော ပြသနာများကို တစ်ကြိမ်တစ်ခါလေးသာ ကြုံတွေ့ခဲ့ရသော်လည်း၊ သူမမှာ ထိုကဲ့သို့သော အစွမ်းထက်သည့် ဆေးတွေကို အသင့်အနေအထားတွင်ထားရှိပါက ပို၍ စိတ်ချနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ရှောင်းကောသည် ထိုဆေးတွေ နောက်ထပ်ရှိမရှိ ရှာဖွေရန် ကြိုးစားခဲ့သည်။ ဒါပေမယ့်လည်း ကျန်းတန်းဟယ်က သူမအား တုံ့ပြန်ရန် ငြင်းဆိုခဲ့ပြီး မသိနားမလည်သလို ဟန်ဆောင်ခဲ့သည်။ ရှောင်းကော ဒေါသထွက်လွန်းလို့ လက်လျှော့လိုက်သည်။ "မေ့လိုက်တော့၊ ကျွန်မကိုယ့်ဘာသာကိုယ်ပဲ အားကိုးတော့မယ်"