← Chapters

အခန်း (၂၁၄)

Vol. 15 Ch. 214

အခန်း (၂၁၄)

Vol. 15 Ch. 214

ကျန်းတန်းဟယ် ထွက်ခွာမည့်ရက်ကို ဆုံးဖြတ်ပြီးနောက် သူတစ်နေကုန် ပုံမှန်မဟုတ်စွာ အလုပ်များနေခဲ့သည်။ ဒါပေမယ့် ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့ကို ထိုအကြောင်းကို မပြောရသေးပေ။

ကျန်းတန်းဟယ် တစ်နေကုန် မြက်ဖြတ်လိုက် ထင်းခုတ်လိုက်လုပ်နေသည်။ သူလည်း ထမင်းစားဖို့ အချိန်မရှိသလို အိမ်မှာ ထွေရာလေးပါးကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့သည်။

တကယ်တော့ ရှောင်းကောက အဲဒါကို အနည်းနဲ့အများ မှန်းဆမိခဲ့ပေမယ့် သူမကတော့ လက်မခံနိုင်သေးချေ။ သူတို့စတွေ့ချိန်ကစလို့ နောက်ဆုံးမှာ လမ်းခွဲရမယ်ဆိုတာ သူမ သိသည်။ သူမ ငြင်းဆိုနေရုံလေးပဲ။

ထိုကဲ့သို့ပင် တစ်ဖက်လူက အကြောင်းအရာကို ဘယ်လို ရေးသွင်းရမည်ကို မသိသဖြင့် သူက ၎င်းကို ဆွဲထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ တစ်ဖက်ကလည်း ၎င်းကို မှန်းဆမိခဲ့သော်လည်း သူမက ထိုအကြောင်းအရာကို မသိစိတ်မှ ရှောင်ရှားနေခဲ့သည်။ ကျန်းတန်းဟယ်နဲ့ ရှောင်းကော တို့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို ကောင်းကောင်းခံစားနိုင်ကြပေမယ့် အဲ့တာကို အကျယ်ကြီး မပြောချင်ကြပေ။

သူတို့သုံးယောက်ထဲမှာ ကျွမ်းကျွမ်းက အမှောင်ထဲမှာပဲ ရှိသေးသည်။ သူက ကျန်းတန်းဟယ်ကို နှောင့်ယှက်ပြီး သူသွားလေရာနောက်ကို လိုက်ခဲ့သည်။

ညဘက်တွင် ရှောင်းကောသည် ကျန်းတန်းဟယ်နဲ့ကျွမ်းကျွမ်းတို့ကို တစ်အိပ်ရာတည်းမှာ အတူပေးအိပ်ရန် တိတ်တဆိတ် သဘောတူထားခဲ့သည်။

"ရှင်ဘယ်တော့သွားမှာလဲ"

ရှောင်းကောက ကျွမ်းကျွမ်းကို အိပ်ပျော်သွားအောင် ချော့သိပ်ပေးပြီးနောက် သူမ ကျန်းတန်းဟယ်ဘက် မျက်နှာလှည့်လိုက်သည်။ နောက်ဆုံးတော့ သူတို့ခွဲခွာရတော့မယ်ဆိုတာ သူမ သိသည်။ ထွက်ပြေးတာက ရွေးချယ်စရာ မဟုတ်ပေ။ သူတို့ထဲက တစ်ယောက်ကတော့ ရေခဲကို အရင်ခွဲရမည်။

“…....” ကျန်းတန်းဟယ်လည်း သူမဘက်ကို မျက်နှာမူပြီး နူးညံ့စွာပြောလိုက်သည်။ “သဘက်ခါမနက်”

ရှောင်းကော အသက်ရှူရပ်သွားသည်။ “သဘက်ခါ လား။ မြန်လိုက်တာ…”

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နှစ်ယောက်လုံး စကားမပြောဖြစ်ကြတော့ပေ။

"မနက်ဖြန် ကိုယ် လုပ်စရာကိစ္စရှိလို့"

ကျန်းတန်းဟယ် ပြောလိုက်သည်။

“ကောင်းပြီ”

ရှောင်းကောက ဘာလဲဆိုတာကို မမေးပေ။ သူမ နူးညံ့စွာနဲ့ပဲ ကောင်းပြီလို့ ပြန်ဖြေခဲ့သည်။ ထို့နောက် သူမ အိပ်ပျော်နေတဲ့ ကျွမ်းကျွမ်းကို ကိုင်လိုက်ပြီး ပြောခဲ့သည်။ "ရှင် ဒီအကြောင်းကို ကျွမ်းကျွမ်းကို ပြောပြမှရမယ်"

ကျန်းတန်းဟယ် သဘက်ခါ ထွက်သွားမှာကို ကျွမ်းကျွမ်း သိရင် သူ အလွန်ဝမ်းနည်းနေလိမ့်မည်။

ကျန်းတန်းဟယ်လည်း ဒါကိုတွေးပြီး ခေါင်းညိတ်လိုက်သည်။ "ကိုယ် ပြောလိုက်ပါ့မယ်"

ရှောင်းကော ဘာမှပြန်မပြောဘဲ စိတ်ထဲမှာ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ပြန်လည်ဆုံဆည်းပြီးနောက် နှုတ်ဆက်ပွဲဆိုတာက အမြဲလာတတ်သည်။ သူမ အရင်ကတည်းက နားမလည်ခဲ့လို့လား။ ဒါပေမယ့် သူမဘာလို့ဒီလောက်ထိ ကြောက်နေရတာလဲ။

"ရှင် ဘာလို့ပြန်လာရတာလဲ။ ရှင် ကျွန်မကို ထပ်ပြီးကြောက်စရာကောင်းအောင် လာလုပ်တာလား "

စိတ်ကောက်ကောက်နဲ့ ပြောပြီးနောက် ရှောင်းကော လှည့်ပြီး နံရံဆီသို့ ပြေးသွားခဲ့သည်။ ဒီလို နာကျင်စရာကောင်းတဲ့ စကားတွေပြောမိလို့ သူမ ချက်ချင်းပဲ နောင်တရမိသည်။ ဒါ သူမပြောချင်တာမဟုတ်ဘူး။

ကျန်းတန်းဟယ် ဒါကိုကြားတော့ သူ အံ့အားသင့်သွားသည်။ သူ တိတ်တိတ်လေးထလိုက်ပြီး ကျွမ်းကျွမ်းကို ရှောင်းကော၏ အခန်းသို့ ပြောင်းရွှေ့ဖို့ ပြင်ဆင်လိုက်သည်။

သူ့ကို သူမကျောပေးထားသဖြင့် ရှောင်းကော အနည်းငယ် စိတ်မသက်မသာဖြစ်နေသည်။ သူမ ပြောခဲ့တဲ့စကားအတွက် တုန်လှုပ်နေသလို ခံစားလိုက်ရပြီး နောက်ကွယ်က ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားလိုက်ရကာ သူမ ထိတ်လန့်သွားသည်။ ကျန်းတန်းဟယ် ထိုစကားကြောင့် စိတ်ဆိုးပြီး ထွက်သွားတာလား။

ထို့ကြောင့် ရှောင်းကော အလျင်အမြန်ထကာ သူ့ကိုရှင်းပြချင်ခဲ့သည်။ ဒါပေမယ့် သူမလက်ကို မြှောက်လိုက်သည်နှင့် သူမဘေးက မည်းမှောင်နေသည့် အသွင်အပြင်ကို တွေ့လိုက်ရသည်။ နောက်တခဏမှာတော့ သူမကို အမည်မသိအင်အားတစ်ခုရဲ့ ပြန်ဆွဲတာကိုခံလိုက်ရပြီး ကျန်းတန်းဟယ်ရဲ့ရင်ဘတ်နဲ့ သူမရဲ့နောက်ကျောကို တင်းတင်းကြပ်ကြပ် ဖိထားခံလိုက်ရသည်။

ကျန်းတန်းဟယ်၏ ရင်ဘတ်တစ်ခုလုံးက ရှောင်းကောဆီမှာ ခိုင်မြဲစွာ ရစ်ပတ်ထားသည်။ ခွန်အားများစွာဖြင့် သူမကို ဆုပ်ကိုင်ထားရင်း သူမ အသက်ရှုသံမြန်လာသည်။ သူမမျက်နှာမှာ နီမြန်းနေပြီး နှလုံးတွေကခုန်ပေါက်နေလေသည်။

"ကျန်းတန်းဟယ်၊ ကျွန်မပြောတာက..."

"ကိုယ်သိတယ်၊ အဲဒါ လိမ်နေတယ်ဆိုတာ" ရှောင်းကော စကားမဆုံးခင် ကျန်းတန်းဟယ်က သူမကို တားလိုက်သည်။

ရှောင်းကော ထိမိသွားသည်။ "ဒါဆို ကျွန်မ ဒီစကားတွေ ပြောချင်တာမဟုတ်ဘူးဆိုတာ ရှင်သိတယ်ပေါ့..."

သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် မှီထားရင်း ရှောင်းကော တဖြေးဖြေး အိပ်ပျော်သွားခဲ့သည်။ သူမ သူနဲ့စကားပြောချင်တာကြောင့် အစပိုင်းမှာတော့ မအိပ်ချင်ခဲ့ပေမယ့် သူမ အိပ်ငိုက်သွားတာက ပိုကောင်းပါသည်။

သူမခေါင်းကို ကုတင်ပေါ် လှဲချလိုက်တာနဲ့ ကျန်းတန်းဟယ် ဒါကို ခံစားလိုက်ရသည်။ သူက ချက်ချင်းပဲ သူ့ကြွက်သားတွေကို ပြေလျော့စေပြီး သူမကို သက်တောင့်သက်သာ အိပ်ပျော်စေခဲ့သည်။

—-

နောက်တစ်နေ့ ရှောင်းကော နိုးလာသောအခါ သူမ ကျန်းတန်းဟယ်ကို မတွေ့ခဲ့ပေ။ သူမ လှည့်ကြည့်လိုက်တော့ ကျွမ်းကျွမ်းကိုလည်း မတွေ့ခဲ့ရပေ။ သူမ စိတ်ရှုပ်ထွေးနေချိန်တွင် ခေါင်းအုံးဘေးက စာရွက်ကို တွေ့လိုက်ရသည်။

"အိမ်သူလေး ကောအာ၊ မင်း နိုးလာပြီပေါ့။ မင်းယောကျ်ားနဲ့ သားနဲ့ အပြင် ထွက်သွားတယ်နော်။ နေ့လယ်အထိတော့ ပြန်မလာဘူး။ သူတို့ကို အရမ်းမလွမ်းနေနဲ့ဦး ကိုယ် မင်းကို ခေါ်သွားချင်ပေမယ့် မင်း သစ်တုံးလို အိပ်နေမယ်လို့ မမျှော်လင့်ထားဘူးလေ၊ ဒါကြောင့် နောက်ဆုံးမှာ ကိုယ် လက်လွှတ်လိုက်ရတယ် "

ရှောင်းကော စာရွက်ကိုကြည့်ကာ အသံထွက်လုနီးပါး ရယ်ခဲ့သည်။ 'အိမ်သူလေး ကောအာက ဘာကိုဆိုလိုတာလဲ။ ဟားဟားဟားဟား။ မသိတဲ့သူတွေက သူမကို အသီးတစ်မျိုးလို့ ထင်ကြလိမ့်မယ်။'

ဒါပေမယ့် သူမ အလွန်နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်မှာ အမှန်ပင်။ ရှောင်းကော သူမ၏ မျက်နှာကို ကိုင်လိုက်ပြီး ရှက်ရွံ့စွာ တွေးလိုက်မိသည်။ မကြာသေးမီက ရာသီဥတုက အေးစိမ့်နေပြီး သူမ၏ လက်တွေခြေတွေက ညဘက်တွင် အမြဲအေးနေတတ်သည်။ ဒါပေမယ့် မနေ့ညက သူမ တကယ်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။ သူ့ကို ပွေ့ဖက်ထားတာက မီးဖိုကြီးကို ပွေ့ဖက်ထားရသလိုပဲ။သူမ နိုးလာတော့ အိပ်ကာက နွေးနေသေးသည်။

နေ့လယ် မတိုင်ခင်ထိ ပြန်မလာဘူးလို့ ပြောထားခဲ့ပြီး တကယ်လည်း ပြန်မလာခဲ့ပေ။ ရှောင်းကော တစ်ယောက်တည်း စားနေရပြီး စားရတာ အရသာမရှိနေတာကို တွေ့လိုက်သည်။ သူမ အနည်းငယ်သာစားခဲ့ပြီး နေ့လည်စာစားတာ ပြီးသွားသည်။

မွန်းလွဲပိုင်းတွင် ကျန်းတန်းဟယ်က ကျွမ်းကျွမ်းကို မြင်းပေါ်တင်ပြီးပြန်ခေါ်လာသည်။

ကျွမ်းကျွမ်းက ရှောင်းကောကိုမြင်သည်နှင့် ကျန်းတန်းဟယ်နဲ့ တစ်နေ့တာလုံး သူလုပ်ခဲ့သမျှအရာတွေကို စိတ်လှုပ်ရှားစွာ ပြောပြခဲ့သည်။ မြင်းကြီးကိုစီးရတာ ဘယ်လို ခံစားတယ်ဆိုတာကိုလည်း ပြောပြခဲ့သည်။

ရှောင်းကော နားထောင်နေစဉ်တွင် သူမ သူ့နောက်က ကျန်းတန်းဟယ်ကို ကြည့်ကာ မနာလိုစွာပြောခဲ့သည်။ "ကောင်းလိုက်တာ၊ မေမေ မသွားခဲ့ရတာ သနားစရာပဲ"

“အဖေ မနက်တုန်းက မေမေ့ကို နှိုးဖို့ ကြိုးစားပေမယ့် မေမေက လှုပ်မှမလှုပ်တာ။ မေမေ အဖေ့ နဖူးကိုတောင် ရိုက်ခဲ့သေးတယ် ”

ကျွမ်းကျွမ်းက သူတို့ဝယ်ထားတဲ့ပစ္စည်းတွေကို စားပွဲပေါ်တင်ပြီး ရှောင်းကောကို တိုင်တန်းနေသည်။ သူမကိုပြသရန် သူက ကျန်းတန်းဟယ်ရဲ့ နဖူးကိုပင် သနားစရာကောင်းစွာညွှန်ပြခဲ့သည်။

"တကယ်လား" ရှောင်းကော မနက်တုန်းက သူမ စိတ်ဆိုးမာန်ဆိုးဖြစ်ခဲ့တာကို မယုံနိုင်ခဲ့ပေ။ သူမ လှည့်ပြီးကျန်းတန်းဟယ်ရဲ့ နဖူးကို ကြည့်လိုက်တော့ ထူးထူးခြားခြား ဘာမှမတွေ့ပေ။ ဒါက သူမအတွက် အတော်လေးကို ပုံမှန်ပါပဲ။

ကျနိးတန်းဟယ် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ကျွမ်းကျွမ်း ပြောတာ မှန်တယ်။ မနက်တုန်းက သူ သူမကိုနှိုးနေတုန်း သူမက ရုတ်တရက် လှည့်သွားပြီး သူ့နဖူးကို ရိုက်ခဲ့သည်။ နာကျင်မှုကို သူလျစ်လျူရှုနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ သူမ၏တုံ့ပြန်မှုကြောင့် သူတော်တော်လေး တုန်လှုပ်သွားခဲ့သည်။

"ဘာလို့ ဒီလောက်အများကြီး ဝယ်လာတာလဲ"

ကျန်းတန်းဟယ်၏ အမူအရာကိုမြင်သောအခါ ရှောင်းကောသည် ကျွမ်းကျွမ်း၏ စကားတွေက အမှန်ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။ ရှက်ရွံ့စွာဖြင့် စားပွဲပေါ်ရှိ ပစ္စည်းများကို လှမ်းကြည့်ကာ အကြောင်းအရာကို ပြောင်းလိုက်သည်။

ဒါပေမယ့် သူမ ပစ္စည်းတွေကို သေချာကြည့်မိတော့ သူမ တကယ်ကို ရှောခ့်ရသွားသည်။ အစားအသောက်၊ အချိုရည်၊ အိမ်သုံးပစ္စည်းတွေနဲ့ အိပ်ရာခင်းတွေ ဘာကြောင့် သူ အများကြီးဝယ်လာတာလဲ။

ကုန်စုံဆိုင်ကို လုယက်လာခဲ့တာလား။

ကျွမ်းကျွမ်းက တခစ်ခစ်ရယ်ပြီး ကျန်းတန်းဟယ်ကို ကျီစယ်ကာကြည့်နေသည်။ သူ့မေမေက အဲ့တာကို များလွန်းတယ်လို့ တွေးနေမှန်း သူသိသည်။

ကျန်းတန်းဟယ် သိပ်စဉ်းစားမနေဘဲ ခပ်တည်တည်နဲ့ ပြောလိုက်သည်။ “ဒီပစ္စည်းတွေကို ကျပန်းဝယ်လာလိုက်တာ ”

များလွန်းသည်ဟု သူ မထင်ပေ။ တကယ်လို့ ကျွမ်းကျွမ်း သူ့ကို မတားခဲ့ဘူးဆိုရင်၊ သူ ဒီထက်ပိုပြီး ဝယ်လာလိမ့်မည်။

ရှောင်းကော ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး တောင်လိုပုံနေသည့် ပစ္စည်းများကို ကြည့်လိုက်သည်။ ဒါက အရမ်းအံ့သြစရာကောင်းတယ်။ အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သူမ ကုန်စုံဆိုင်တစ်ခုကဟာတွေဆိုတာ စတင်နိုင်ခဲ့သည်.....

ရှောင်းကော ပစ္စည်းတွေကို ဖယ်နေစဉ် ကျန်းတန်းဟယ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်သွားပြန်သည်။ သူ့နောက်ကျောမှာ ခြင်းတောင်းကိုလွယ်ပြီး ပြန်ထွက်သွားတာကို ကျွမ်းကျွမ်းဆီကပဲ သူမ သိလိုက်ရသည်။ ရှောင်းကော အိမ်ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အိမ်တွင် အကြီးဆုံးသောခြင်းတောင်းကို သူနှင့်အတူ ယူဆောင်သွားကြောင်း သတိပြုမိခဲ့သည်။

'အိမ်မှာ ထင်းတွေ၊ မြက်တွေရှိနေတာပဲ။ သူဘာဖြစ်နေတာလဲ?'

ရှောင်းကော ထူးဆန်းနေတာကို တွေ့သော်လည်း သူမ လုပ်နေသမျှကို ပြီးအောင် လုပ်ရသေးသည်။ ထုပ်ပိုးပြီးနောက် ကျန်းတန်းဟယ်ပြန်လာရင် သူမတို့ ညစာစားကြမည်။

ရှောင်းကော အနီးကပ်ကြည့်လိုက်တော့ သူတစ်ယောက်တည်း ပြန်လာတာမဟုတ်ဘူးဆိုတာ သိလိုက်ရသည်။ သူ့နောက်မှာ သေးငယ်တဲ့ပုံရိပ်လေးတစ်ခု ရှိသည်။

သူဘယ်သူလဲဆိုတာကိုမြင်တော့ သူမ ရယ်ရခက်ငိုရခက်ဖြစ်သွားသည်။ "ရှင်တို့နှစ်ယောက်က ဘာလို့ အတူတူပြန်လာတာလဲ"

"ဟီးဟီး အန်တီ " ရှောင်ဟူ ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။ သူ့လက်ထဲတွင် အဖြူရောင်သစ်တော်သီးကြီးတစ်လုံးကို ကိုင်ထားသည်။

ရှောင်းကောက သူ့ကို ပြန်နှုတ်ဆက်လိုက်ပြီး အိမ်ထဲကို ဖိတ်ခေါ်တော့မည်။ ရှောင်ဟူ မထင်မှတ်ပဲ ခေါင်းယမ်းကာပြောလိုက်သည်။ "အန်တီ၊ သား မဝင်တော့ဘူး။ ဦးလေးကို ဘေးကင်းကင်းနဲ့ လိုက်ပို့ပေးရတာနဲ့တင် ကောင်းနေပါပြီ။ သား ပြန်သွားသင့်ပြီ။ မေမေက သားကို ညစာစားဖို့ စောင့်နေတယ်"

ဒါကိုကြားတော့ ရှောင်းကော ပြုံးလိုက်သည်။ သူမသည် အားကိုးရာမဲ့စွာ ကျန်းတန်းဟယ်ကိုကြည့်ကာ ရှောင်ဟူ ကိုမေးခဲ့သည်။ "ဦးလေးကို သားက ဘာလို့ ပြန်လိုက်ပို့ပေးတာလဲ"

"ဘာလို့လဲဆိုတော့ ဦးလေးပစ္စည်း ပျောက်နေလို့လေ။ ပြီးခဲ့တုန်းက..."

ရှောင်ဟူ စကားမဆုံးခင်မှာ သစ်တော်သီးကြီးတစ်လုံး သူ့ပါးစပ်ထဲကို ထိုးထည့်တာကိုခံလိုက်ရသည်။

"ဘာလုပ်တာလဲ"

ရှောင်းကောသည် သူ့မျက်နှာမှာ ထူးဆန်းတဲ့အမူအရာရှိနေတဲ့ ကျန်းတန်းဟယ်ကို သံသယဝင်စွာ ကြည့်လိုက်သည်။

ကျန်းတန်းဟယ်က ပြုံးပြီး ဘာမှပြန်မပြောပေ။ သူ စိတ်ရှုပ်နေတဲ့ ရှောင်ဟူကို တံခါးဆီသို့ သယ်သွားကာ သူ့ကိုချပေးလိုက်သည်။ သူ့ ခေါင်းကို ပွတ်သပ်ပြီး နူးည့စွာပြောလိုက်သည်။ “ပြန်တော့။ မင်းမေမေ ညစာစားဖို့ မင်းကိုစောင့်နေတယ် ”

ရှောင်ဟူ ခေါင်းညိတ်ပြပြီး ပြန်သွားသည်။ အပြန်လမ်းတွင် စောစောက သူဘာပြောဖို့ ရည်ရွယ်လိုက်တာလဲဆိုတာကို သိချင်လာသည်။ 'ဒါကထပ်ပြီးတော့ဘာရီးလဲ ?'

ကောင်လေးထွက်သွားတာကို ကြည့်ရင်း နောက်ဆုံးတော့ ကျန်းတန်းဟယ် သက်ပြင်းချလိုက်သည်။

ကံကောင်းထောက်မစွာနဲ့ သူ့မှာ အကျပ်အတည်းရှိတာကို သူ ကောင်းကောင်းသိသည်။ မဟုတ်ရင် ရှောင်ဟူက သူ့စာအုပ်တွေကို မနေ့တနေ့က ပစ်ခဲ့တဲ့အကြောင်း ရှောင်းကောကို ပြောပြလိုက်မယ်ဆိုရင် သူ့ကိုယ်တိုင် ရှင်းပြဖို့ ခက်ခဲလိမ့်မည်။

All Chapters