အခန်း (၂၂၁)
Vol. 15 Ch. 221
"မဆိုးဘူးလို့ ထင်တယ်"
ရှောင်းကောသည် မာနထောင်လွှားမှု လုံးဝမရှိခဲ့ပေ။ သူမ ကျွမ်းကျွမ်း၏ ချီးမွမ်းသံကို ကြားလိုက်ရတော့ ချက်ချင်း သူ့စကားကို သဘောတူပြီး အဲ့တာကသူ့ကို ရယ်မောစေခဲ့သည်။
အဲ့လိုနဲ့ သူတို့နှစ်ဦး နှင်းလူသားများပြုလုပ်ရန် နေရာတစ်ခုကို ဆက်ရှာဖွေခဲ့ကြသည်။ ထိုအချိန်တွင် ထူးဆန်းသောပုံစံရှိသည့် နှင်းလူသားတွေက ထိုသားအမိ၏ လက်၌ မွေးဖွားလာခဲ့ကြသည်။
အမှန်မှာ ပုံမှန်အားဖြင့် သူတို့ကို ပုံသဏ္ဍာန်ရှိသော နှင်းလူသားတွေလို့ ခေါ်ခြင်းမှာ အတိအကျတော့ မမှန်ကန်ပေ သူတို့တွေက ပုံမှန်အားဖြင့်ဝိုင်းတဲ့ပုံစံရှိသည် ။ သူတို့လုပ်ထားတဲ့ ခြံဝင်းတစ်ခုလုံးထဲက နှင်းလူသားတွေထဲက ပထမနှစ်ခုက သမားရိုးကျအမျိုးအစားတွေပင်။ သူတို့ ဖန်တီးထားတဲ့ နောက်ဆက်တွဲတွေက သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေအပေါ် လုံးလုံးလျားလျား အခြေပြုထားတာတွေ။
နေ့ရက်တွေကြာလာတာနဲ့အမျှ သူတို့က နှင်းလူသားတွေကို မဖန်တီးတော့ဘဲ၊ အဲဒီအစား နှင်းပန်းပုတွေကို ဖန်တီးနေကြပုံရသည်။
ထိုအချိန်တွင် ရှောင်းကောသည် SpongeBob SquarePants မှ အဓိကဇာတ်ကောင်များကိုပင် ပြန်လည်ဖန်တီးခဲ့သည်။ Plankton ကသူမရဲ့ ဖန်တီးမှုတွေထဲက တစ်ခုလည်း ဖြစ်သည်။
နှင်းပန်းပုတွေကို သူတို့ ပိုလုပ်လေလေ ပိုစိတ်လှုပ်ရှားလာလေလေပဲ။ အစပိုင်းမှာတော့ သူတို့က ခြံဝင်းထဲမှာ နှင်းလူသားတွေကိုသာ လုပ်ခဲ့ကြပေမယ့် တဖြည်းဖြည်းနဲ့ အိမ်အပြင်ဘက်မှာ နှင်းတွေနဲ့အလုပ်လုပ်လာကြသည်။
သူတို့နှစ်ယောက်လုံး အိမ်တံခါးတစ်ဖက်တစ်ချက်တွင် နှင်းခြင်္သေ့ရုပ်ကို ဖန်တီးခဲ့သည်။
အပြင်မှာက နေရာကျယ်သည်။ နှစ်ယောက်သား ကျေနပ်စွာ ဆော့ကစားခဲ့ကြသည်။
သူတို့နှစ်ယောက်လုံး လေးလေးနက်နက် လုပ်နေချိန်မှာပဲ၊ မစ္စစ်ယန်ဟာ မီးသွေးပြာတွေကို လွှင့်ပစ်ဖို့ သူမအိမ်က ထွက်လာချိန်မှာ ဒီထူးဆန်းတဲ့ မြင်ကွင်းကို တွေ့လိုက်ရသည်။
" ရှောင်းကော နင် ဘာလုပ်နေတာလဲ"
မစ္စစ်ယန်သည် သူမ၏အဝတ်အစားများကို တင်းတင်းကြပ်ကြပ်ပတ်ထားကာ သူတို့နှစ်ဦးဆီသို့ ဖြည်းညှင်းစွာလျှောက်လာသည်။ သူမပတ်ဝန်းကျင်က ထူးဆန်းတဲ့ အရာတွေကို ကြည့်ဖို့ အချိန်ယူခဲ့သည်။
"ယောက်မ" ရှောင်းကော သူမ၏ အာရုံတွေဆီသို့ ပြန်ရောက်လာပြီး မစ္စစ်ယန်၏ စူးစမ်းနေတဲ့ အကြည့်ကို ကြည့်လိုက်သည်။ သူမ ရှက်ရွံ့စွာ ပြုံးလိုက်သည်။ နှင်းတွေထဲမှာ ဒီလိုကစားနေတဲ့ လူကြီးတစ်ယောက်ကိုမြင်သွားတာက အဆင်တော့မပြေပေ။
"အားရိုး အေးမှာမကြောက်ဘူးလား"
ရှောင်းကောရဲ့ နှာခေါင်းနှင့် မျက်နှာမှာ အအေးဒဏ်ကြောင့် နီရဲနေပြီဖြစ်သည်။ အရေးအကြီးဆုံးကတော့ နှင်းတွေပေါ် ဆုပ်ကိုင်ထားတဲ့ သူမရဲ့လက်တွေက နီရဲနေပြီး ချက်ပြုတ်ထားသလိုပင်။ သူမ အပြင်ထွက်တိုင်း ကိုယ့်ကိုယ်ကိုလုံနေအောင်ထုပ်ပိုးထားတဲ့သူက သူမ မဟုတ်ဘူးလား။
"မအေးဘူး။ ကျွန်မကို ထိကြည့်လို့ရတယ် ကျွန်မပူနေတာ" ရှောင်းကောသည် စကားပြောနေစဉ်တွင် သူမတစ်ကိုယ်လုံးမှ နှင်းများကို သုတ်လိုက်ပြီး မစ္စစ်ယန်၏ လက်ဖမိုးကို သူမ လက်နှင့်ထိလိုက်သည်။ "ဘယ်လိုထင်လဲ"
“အဲဒါတော့ အမှန်ပဲ။ တော်တော်လေး နွေးနေတယ်လို့ ခံစားရတယ်"
မစ္စစ်ယန်က သူမလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ သူမ အံသြစွာ ကြည့်လိုက်မိသည်။ ရှောင်းကော နှင်းထဲတွင် ဆော့ကစားနေသည်မှာ ကြာပြီဖြစ်သော်လည်း သူမ၏ လက်တွေက အလွန်နွေးနေသည်။
"စိတ်မပူနဲ့ တကယ်တော့ ကျွမ်းကျွမ်းနဲ့ ကျွန်မ နည်းနည်းပူနေတယ်လို့ ခံစားနေရတာ"
ရှောင်းကောက ကျွမ်းကျွမ်း၏ နေရာသို့ ခေါင်း မော့ကြည့်လိုက်သည်။ မစ္စစ်ယန် တချက်ကြည့်လိုက်ပြီး ကျွမ်းကျွမ်းက သူ့ပူနေတယ်ဆိုတာ ပြသဖို့ ခေါင်းညိတ်လိုက်သည်။
"နင်တို့နှစ်ယောက် ဘာတွေလုပ်နေတာလဲ" သူတို့ မအေးနေတာကို မြင်တော့ မစ္စစ် ယန်က ဘာမှ မပြောတော့ပေ။ သူမသည် အကြောင်းအရာကိုပြောင်းလိုက်ပြီး ပန်းပုများအကြောင်းကို စတင်မေးမြန်းခဲ့သည်။
ရှောင်းကော စကားမပြောခင်မှာ ကျွမ်းကျွမ်းက အရင်ပြောခဲ့သည် း။ "မေမေက သားနဲ့အတူ နှင်းလူသားတွေလုပ်နေတာ၊ သားတို့ခြံထဲမှာ နောက်ထပ်အများကြီးရှိသေးတယ်"
ကျွမ်းကျွမ်းက သူ့လက်ထဲက နှင်းတွေကို ချလိုက်ပြီး မစ္စစ်ယန်ကို သူတို့၏ ခြံဝင်းကို ကြည့်ရန် လက်ဟန်ပြလိုက်သည်။ သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ခဲယဉ်းလှသည်။
“ဝိုး တကယ်ပဲတော့ ” မစ္စစ်ယန်သည် အိမ်ရှေ့တံခါးမှ ဝင်းထဲသို့ လှမ်းကြည့်လိုက်သည်။ ခြံဝင်း၏ ထောင့်တိုင်းတွင် အရွယ်အစားနှင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် နှင်းလူသားများရှိသည်။ ထူးဆန်းသော မြင်ကွင်းဖြစ်သော်ငြားလည်း ၎င်းတို့သည် စိတ်ဝင်စားဖွယ်ကောင်းလှသည်ဟု သူမထင်ခဲ့သည်။
"မေမေ၊ ဘာလုပ်နေတာလဲ" မစ္စစ်ယန် ရှောင်းကော၏အိမ်ကို အနီးကပ်ကြည့်ရှုရန် မဝင်ရောက်မီ ရှောင်းဟူက သူမအား လှမ်းခေါ်ခဲ့သည်။ အစ်ကိုယန်က မစ္စစ်ယန်အိမ်ကို အချိန်အတော်ကြာအောင် ပြန်မဝင်လာတာကို တွေ့တော့ သူမ ချော်လဲပြီး လဲကျနေမှာကို သူစိုးရိမ်ခဲ့သည်။ သူ အပြင်ထွက်ကြည့်ဖို့ စီစဉ်နေပေမယ့် ရှောင်းဟူက သူမကို စေတနာနဲ့ လိုက်ရှာခဲ့တာပင်။
"အစ်ကို ရှောင်းဟူ၊ နှင်းလူသားတွေကို လာကြည့်ပါဦး " ကျွမ်းကျွမ်းက ရှောင်းဟူကို တွေ့ရတော့ ဝမ်းသာသွားသည်။ သူ့ကို ဖမ်းကိုင်ပြီး ခြံဝင်းထဲကို လျှောက်သွားခဲ့သည်။ သူသည် သူ့သူငယ်ချင်းကို ပတ်ပတ်လည်က ပန်းပုများကို လည်ပတ်ကြည့်ရှုစေပြီး နှင်းလူသားတိုင်း၏ အမည်များကို မိတ်ဆက်ပေးခဲ့သည်။ သူတို့နာမည်တွေရဲ့ ဇစ်မြစ်ကိုတောင် ရှင်းပြခဲ့သည်။
“ဟူး” မစ္စစ်ယန် ခြံဝင်းထဲမှ ထွက်လာပြီး ရှောင်းကော ကို တံတောင်ဖြင့် တို့လိုက်သည်။ လှည့်ကြည့်လိုက်တော့ သူမ ပြောခဲ့သည်။ "နင့်သားက မှတ်ဉာဏ်ကောင်းလိုက်တာ"
"ဘာဖြစ်လို့လဲ"
ရှောင်းကော သူမ၏လက်ထဲမှ နှင်းတွေကို ပွတ်သပ်လိုက်ပြီး စိတ်ရှုပ်ထွေးနေပုံရသည်။ သူမတို့နောက် သူတို့ လိုက်မလာသလို မစ္စစ်ယန်ပြောတာကို သူမ နားမလည်ပေ။
"ကြည့်လေ၊ သူ နှင်းလူသားတွေအကြောင်း ရှောင်းဟူ ကို ရှင်းပြနေတယ်။ သူတို့နာမည်တွေ အားလုံးကိုလည်း သူရှင်းရှင်းလင်းလင်း မှတ်မိတယ်။"
မစ္စစ်ယန်က သူမကို မနာလိုစွာ ကြည့်ခဲ့သည်။ "နင့်သားက တကယ်ကို အံ့သြစရာကောင်းလိုက်တာ။ သူသာ ငါ့သားဖြစ်ခဲ့ရင်လေ"
ဒါကို ရှောင်းကော ကြားတဲ့အခါ သူမ ပြုံးပြီး နှိမ့်ချစွာ ပြန်ဖြေခဲ့သည်။ "အဲ့လိုမထင်ပါဘူး"
"ဟီးဟီး မထင်ဘူးလား..." မစ္စစ်ယန်က ရှောင်းကော ရဲ့ လေသံကို တုပပြီးစနောက်ခဲ့သည်။ "ဒါဆို ငါတို့သားချင်း လဲကြရအောင်"
“ကိစ္စမရှိဘူး” ရှောင်းကော ရိုးသားစွာပြုံးလိုက်သည်။ "ငါ့သားလေးအတွက် ဒီလိုကောင်လေးကြီးကြီးရလို့ ဝမ်းသာတယ်"
ရှောင်းကော၏ စကားကြောင့် မစ္စစ်ယန် သဘောကျသွားသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အကြာကြီး ရယ်မောခဲ့ကြသည်။
ရှောင်းကော ခြံဝင်းအတွင်းရှိ ကျွမ်းကျွမ်းကိုကြည့်ကာ ကိုယ့်ဘာသာတွေးခဲ့သည်။ "ဒါက ငါ့ကလေးပဲ၊ ငါ သူ့ကို ကမ္ဘာပေါ်က ဘယ်အရာနဲ့မှ လဲမှာ မဟုတ်ဘူး"
နောက်ဆုံးတွင် မစ္စစ်ယန်နှင့် ရှောင်းဟူတို့ နှင်းလူသားများကို စိတ်ဝင်စားလာကြသည်။ ကျွမ်းကျွမ်း၏ ကွက်ကွက်ကွင်းကွင်း ရှင်းပြချက်ကို နားထောင်ရင်း၊ စမ်းလုပ်ကြည့်ရန် လှုံ့ဆော်ခံခဲ့ရသည်။ နောက်ဆုံးတွင် မစ္စစ်ယန်အိမ်သို့ မပြန်ဘဲ သူမကိုရှာဖို့ ထွက်လာတဲ့ ရှောင်းဟူကိုလည်း ယန်အိမ်တွင် မည်သည့်နေရာမှာမှ မတွေ့ခဲ့ရပေ။
ထို့ကြောင့် ရှောင်းဟွာက အပြင်ထွက်ကြည့်ဖို့လုပ်ခဲ့သည်။ ဟုတ်ပါတယ် အဆုံးမှာတော့ ရှောင်းဟွာ ပြန်မလာခဲ့ချေ။ သူမနဲ့အတူ စာအုပ်ဖလှယ်ဖို့ ထွက်သွားတဲ့ ယန်ကျားလည်း ပျောက်သွားသည်။
အစ်ကို ယန်က ဂနာမငြိမ်ဖြစ်သွားသည်။ တစ်ယောက်မှ ပြန်ဝင်မလာကြပေ။ အပြင်မှာ မကောင်းဆိုးဝါး ဝံပုလွေကြီး ရှိနေလို့လား။
ထို့ကြောင့် သူလည်း အိမ်မှ ထွက်လာခဲ့သည်။ သူမြင်လိုက်ရတာက တံခါးနားမှာ အမျိုးအမည်မသိ အရာဝတ္ထုတွေ စုပုံနေသည်။ အရွယ်အစားအမျိုးမျိုးရှိ နှင်းပစ္စည်းများတန်းစီထားသည်—အရမ်းမိုက်သည်။
သူ နှင်းထဲတွင် ခြေရာများနောက် လိုက်လျှောက်သွားခဲ့ကာ ရှောင်းကော၏အိမ်သို့ ရောက်ရှိလာသည်။
"ဘာလို့ဒီမှာစုနေကြတာလဲ"
အစ်ကို ယန် ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။ လူတိုင်း ဘာကြောင့် ပျောက်သွားကြတာလဲလို့ သူ တွေးနေတာ။ ဒီတော့ သူတို့အားလုံး ဒီမှာ ကစားနေကြတာပဲ။
သူတို့တစ်ဦးစီသည် နှင်းလူသားတစ်ရုပ်စီ၏ ဘေးတွင် ရပ်နေပြီး ၎င်းတို့၏ ဖန်တီးမှုများတွင် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများကို ထည့်သွင်းနေကြသည်။ ထိုအသံကိုကြားသောအခါ အားလုံး တပြိုင်နက် မော့ကြည့်ခဲ့ကြသည်။
အစ်ကို ယန် လန့်သွားသည်။ နီရဲနေတဲ့ မျက်နှာခြောက်မျက်နှာကို စိုက်ကြည့်ခြင်းက အမြင်အာရုံကို ထိခိုက်စေခဲ့သည်။
"အဖိုးကြီး ယန်၊ မြန်မြန်လာ နှင်းလူသားလာလုပ်" မစ္စစ်ယန်က သူမ၏ နှပ်ရည်တွေကို သုတ်ပြီး အမြန်ပါဝင်ရန် ဖိတ်ခေါ်လိုက်သည်။
“ငါတော့ မထင်ပါဘူး၊ ငါ ဒါလုပ်ဖို့ အရမ်း အသက်ကြီးနေပါပြီ” အစ်ကိုယန်က ရှက်ရွံ့သောအမူအရာဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။ “ဒီဟာက တကယ်ကို စိတ်ဝင်စားစရာကောင်းပေမယ့်…”
"အိုက်ရား" မစ္စစ်ယန်က လက်တွေခါချပြီး သူ့ဆီ တည့်တည့်လျှောက်သွားလိုက်သည်။ သူမ လက်ကို လှမ်းပြီး သူ့ကို လှမ်းဆွဲလိုက်သည်။ "တော်ပြီ၊ တော်ပြီ၊ မြန်မြန် ကျွန်မနဲ့လိုက်ခဲ့၊ မရှက်နေနဲ့"
သူမပြောပြီးသည်နှင့် အားလုံးက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ဤလှုပ်ရှားမှုသည် အနည်းငယ် ကလေးဆန်ပုံပေါက်သော်လည်း ၎င်းသည် အလွန်စွဲလမ်းစရာကောင်းကြောင်း လျင်မြန်စွာ သဘောပေါက်သွားကြသည်။
“ကျွန်မဆီလာ အစ်ကို” ယန်ကျားသည် အစ်ကိုယန် တုံ့ဆိုင်းနေသေးသည်ကို မြင်သောအခါ အကူအညီအပြည့်နဲ့ ပြောလိုက်သည်။ ယန်ကျားသည် အစပိုင်းတွင် အဲ့တာကို သင့်လျော်သည်ဟု မထင်ခဲ့ဘဲ ခဏအကြာတွင် ၎င်းသည် တကယ်ပျော်စရာကောင်းကြောင်း သူသဘောပေါက်လာသည်။
ရှောင်းကောက ဘာမှပြန်မပြောဘဲ သူမလက်ထဲတွင် နှင်းတွေကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ရံဖန်ရံခါတွင် သူမသည် အစ်ကိုယန်ကို မော့ကြည့်တတ်သည်။
အစ်ကို ယန်က အစပိုင်းတွင် ချီတုံချတုံရှိနေဆဲပင်။ မစ္စစ်ယန်က သူ့ကို နှစ်ကြိမ်ဆွဲချပြီးမှသာ ထိုင်ချခဲ့သည်။ သူက သူ့လက်ထဲ ပေးလာတဲ့ နှင်းဘောလုံးကို ယူလိုက်ပြီး နှင်းတွေထဲမှာ လှိမ့်လိုက်သည်။
မကြာမီတွင် အစ်ကိုယန်က အဖွဲ့၏အစိတ်အပိုင်းဖြစ်လာခဲ့သည်။ ဒါပေမယ့်လည်း မစ္စစ်ယန်နဲ့ အတူ နှင်းလူသားအဖြစ် ပြုလုပ်ရန် သူ မကျေနပ်တော့ပေ။ သူစကားပြောရင်းနဲ့ လွတ်နေတဲ့နေရာကို ရှာပြီး သူ့ကိုယ်ပိုင်နှင်းလူသားကို လုပ်တော့သည်။
အချိန်တိုလေးအတွင်းမှာပဲ သူတို့ထဲက အနည်းငယ်က နှင်းလူသားတွေ အများကြီးကို ဘာမှမသိလိုက်ဘဲ ဖန်တီးလိုက်ကြသည်။ ပထမတော့ သူတို့နှစ်ယောက် အိမ်အဝင်ဝမှာသာ အလုပ်လုပ်ပေမယ့် နောက်ပိုင်းမှာတော့ သူတို့ထဲက တစ်ယောက်က အိမ်ကနေ အဝေးကို ထွက်သွားတော့သည်။
ကျန်တဲ့သူတွေက နောက်ကလိုက်သွားခဲ့ကြပြီး မသိလိုက်ဘဲ လမ်းပေါ်ကို ရောက်သွားကြသည်။ ကံကောင်းထောက်မစွာဖြင့် မိသားစုနှစ်စုသည် ရွာအစွန်တွင် နေထိုင်ကြသောကြောင့် ဤလမ်းကို ဖြတ်သွားတဲ့ ရွာသူရွာသားက အနည်းငယ်မျှသာ ရှိသည်။ သူတို့သည် မည်သူတစ်ဦးတစ်ယောက်၏ လမ်းကိုမှ အမှန်တကယ် မတားဆီးခဲ့ကြသောကြောင့် စိတ်ပူစရာမလိုဘဲ ၎င်းတို့၏ နှင်းလူသားများကို ဆက်တည်ဆောက်ခဲ့ကြသည်။
ထိုအချိန်တွင် ရွာထောင့်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ရွာသူသားအချို့ သတိပြုမိခဲ့ကြသည်။ အဖွဲ့လိုက်လုပ်နေတာကိုတွေ့တော့ တစ်ယောက်ယောက်က အိမ်ပြန်သွားပြီး သူ့မိသားစုကို လာကြည့်ဖို့ ခေါ်လာသည်။
အခြေခံအားဖြင့် သူတို့သည် အလုပ်ရှုပ်ကြတဲ့သူတွေသာဖြစ်သည်။ နှင်းထဲမှာ ဆော့ကစားဖို့ ထွက်လာတဲ့ ကလေးတစ်ယောက်က အပြင်မှာ သရဲတစ္ဆေတွေ ရှိနေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ့မေမေကို ရှာရန် အိမ်သို့ အမြန်ပြန်သွားခဲ့သည်။
နောက်ဆုံးတွင် မိသားစုလိုက်ကြည့်ရန် ထွက်လာသောအခါတွင် ၎င်းသည် နှင်းထုတည်ဆောက်ပုံများသာဖြစ်ကြောင်း သိရှိလိုက်ကြသည်။ ၎င်းတို့သည် သရဲတစ္ဆေများမဟုတ်ကြဘဲ နှင်းထဲတွင် ကစားရန် ထွက်လာကြသော အရူးအနည်းငယ်သာ ဖြစ်သည်။ အိမ်မှာနေမယ့်အစား နှာရည်တွေထွက်နေရင်တောင် ဆော့ကစားဖို့ ထွက်လာကြသည်။ အရူးတွေမဟုတ်ရင် သူတို့ကဘာတွေလဲ။
ရွာသားအချို့က စတင်၍ ဖြန့်ကျက်ပြီး အရူးလုပ်ရပ်ကို ကြည့်ရှုရန် လူတွေ ပိုမိုစုရုံးလာကြသည်။
သူတို့နှင်းလူသားတွေ လုပ်နေတုန်း မော့ကြည့်လိုက်တော့ ရုတ်တရက် လန့်သွားကြသည်။ သူတို့သည် မြေကြီးပေါ်၌ အမြစ်တွယ်၍ ရပ်လျက် မသိမသာ စုရုံးနေကြသော လူအုပ်ကြီးကို ကြည့်နေကြသည်။ တစ်ယောက်နဲ့တစ်ယောက် အံသြစွာကြည့်ရင်း ဘာလုပ်ရမှန်းမသိဖြစ်သွားကြသည်။