အခန်း (၂၂၄)
Vol. 15 Ch. 224
ကျွမ်းကျွမ်း အဲ့တာကို သေသေချာချာ လေ့လာနေသည်။ ထောင်မနေဘဲ သေးငယ်တဲ့ အစိတ်အပိုင်းကလွဲလို့ သူလုပ်ထားတဲ့ ပန်းက တခြားတစ်ပွင့်နဲ့ လုံးဝမတူပေ။ တကယ်ကြည့်ကောင်းတယ် ဒါပေမယ့်...
“ပန်းပွင့်တွေမှာ ပုံသဏ္ဍာန် အတိအကျ မရှိဘူး။ ဆန့်ကျင်ဘက်အနေနဲ့ကတော့ သူတို့အားလုံးမှာ သူတို့ရဲ့ ထူးခြားတဲ့ အလှတရားတွေ ရှိကြတယ်”
ကျွမ်းကျွမ်း ပဟေဋ္ဌိဖြစ်နေတာကိုမြင်တော့ ရှောင်းကော ထပ်ပြောလိုက်သည်။ "နှင်းလူသားတွေလုပ်ပြီး အပြင်မှာ အကြာကြီးကစားခဲ့ပြီးပြီလေ။ နှင်းတွေက မတူတာကို သတိထားမိလား"
"နှင်းလား" ကျွမ်းကျွမ်း သူ၏ ဦးနှောက်ကိုအလုပ်ပေးလိုက်ပြီး နောက်ဆုံးတွင် ခေါင်းယမ်းလိုက်သည်။ "နှင်းတွေက မတူဘူးလား။ အမြဲတမ်း အေးပြီး ဖြူနေတာပဲ မဟုတ်ဘူးလား"
"ဘယ်ဟုတ်မလဲ" ရှောင်းကော ခေါင်းခါလိုက်သည်။ အဲဒါနဲ့ သူမထပြီး ဗီရိုဆီသွားလိုက်သည်။ သူမ ၎င်းကိုဖွင့်ကာ အနက်ရောင်အ၀တ်တစ်ထည်ကို လှန်လှောရှာဖွေလိုက်သည်။ "ကျွမ်းကျွမ်း၊ ဒီကိုလာ။"
ကျွမ်းကျွမ်း စိတ်ရှုပ်ထွေးစွာဖြင့် သူမဆီသို့ လျှောက်သွားခဲ့သည်။ ရှောင်းကောဆီမှ အနက်ရောင် ၀တ်စုံကို ယူ၍ စိတ်ရှုပ်ထွေးစွာဖြင့် သူမကို မော့ကြည့်လိုက်သည်။
"ဒါကိုထုတ်ပြီး နှင်းပွင့်တွေကိုဖမ်းဖို့ အထည်ကိုဖြန့်လိုက်။ စောင့်ကြည့်လေ့လာပြီး ဘာထူးခြားတာရှိလဲဆိုတာကို ကြည့်လိုက်"
ကျွမ်းကျွမ်းက ရှောင်းကော၏ အကြံဉာဏ်ကို အမြဲလိုက်နာသည်။ သူမရဲ့စကားကိုကြားတော့ ခြံထဲကို ချက်ချင်းသွားပြီး အဝတ်စကို ဖြန့်လိုက်သည်။
ရှောင်းကောက ကန့်လန့်ကာကို မပြီး ကြားထဲကနေ သူ့ကို ကြည့်နေသည်။
ပထမတော့ ကျွမ်းကျွမ်းက နှင်းတွေက မတူဘူးလို့ မထင်ခဲ့ပေ။ အနက်ရောင် အဝတ်အစားပေါ်ကို နှင်းပွင့်တွေကျလာချိန်မှာတော့ ရှောင်းကောရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး အနီးကပ်ကြည့်ဖို့ ငုံ့လိုက်သည်။ နှင်းတွေနဲ့ မတူတဲ့ အရာတစ်ခု ရှိနေတာကို သူ မြန်မြန် သတိထားမိသွားသည်။ သူ သူမကိုပြရန် ရှောင်းကော အနားသို့ စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့သည်။ ဒါပေမယ့် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် အိမ်တွင်းရှိ အပူရှိန်ကြောင့် နှင်းပွင့်တွေက ချက်ချင်း အရည်ပျော်သွားသည်။ ကျန်တာအားလုံးက စိုစွတ်နေတာလေးတွေပဲကျန်တော့သည်။
"မေမေ၊ သူတို့အားလုံးက တစ်ခုနဲ့တစ်ခု ကြည့်ရတာမတူကြဘူး"
ကျွမ်းကျွမ်း ကမ္ဘာသစ်တစ်ခုလုံးကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်။ ယခင်က နှင်းပွင့်တွေက တစ်ခုနှင့်တစ်ခု မတူကွဲပြားသည်ကို သူ မသိခဲ့ပေ။ အခုတော့ သူကိုယ်တိုင်မြင်လိုက်ရတော့ စူးစမ်းချင်စိတ်တွေ ချက်ချင်းထကြွလာခဲ့သည်။
"ကမ္ဘာပေါ်မှာ ထပ်တူကျတဲ့ နှင်းပွင့်တွေဆိုတာ မရှိဘူး။ နှင်းပွင့်တိုင်းက ထူးခြားတယ်၊ ဒါပေမယ့် အဖြူရောင်တွေ နေရာ ကျယ်ကျယ်ဝန်းဝန်းထဲမှာ စုမိတဲ့အခါ သူတို့ ဘယ်လောက်တောင် လှပနေလဲဆိုတာ ကြည့်လိုက်"
"ဟုတ်တယ်၊ သူတို့က အရမ်းလှတယ်!" ကျွမ်းကျွမ်းက ရှောင်းကောစကားကို သဘောတူခဲ့သည်။ အမှန်ကတော့ သူတို့က တူညီတဲ့ပုံပေါက်ဖို့ မလိုပါဘူး။ သူတို့ရဲ့ ကွဲပြားမှုက သူတို့ကို ထူးခြားစေသည်။
ရှောင်းကော သူ့ခေါင်းကို ပွတ်သပ်ပြီး ချီးကျူးလိုက်သည်။
ကျွမ်းကျွမ်းက ကျန်ရှိနေတဲ့ပန်းတွေကို ခေါက်လိုက်သောအခါတွင်မူ ၎င်းတို့ကို တူညီအောင်ပြုလုပ်ရန် မတိုက်တွန်းတော့ပေ။ ယင်းအစား သဘာဝတရားက ၎င်း၏ လမ်းစဉ်ကို ခံယူခွင့်ပေးခဲ့သည်။ စိတ်ဓာတ်ကျတာ နည်းနည်းလေးရှိရင်တောင် သူ့ကို အနှောင့်အယှက်မပေးပေ။
ရှောင်းကော ဒီရလဒ်ကို ကျေနပ်နေသည်။ မကြာသေးမီက သူမသည် ကျွမ်းကျွမ်းက ပြီးပြည့်စုံသူလေးဖြစ်ကြောင်း သူမ သတိပြုမိခဲ့သည်။ သူမ သူနဲ့ စကားကောင်းကောင်းပြောဖို့ ဒီအခွင့်အရေးကို ယူခဲ့တာဖြစ်သည်။ နောက်ဆုံးတွင် ပွင့်ချပ်မပါသော ပန်းတစ်ပွင့်ကို ပန်းတစ်ပွင့်ဟုပင် ခေါ်တွင်ခဲ့သေးသည်။
ရှောင်းကော ဝယ်လာတဲ့ ရောင်စုံစက္ကူကို ကြိုမဖြတ်ထားပေ။ ယင်းအစား ၎င်းကို ပိုကြီးသော စာရွက်တစ်ရွက်မှ ဖြတ်ထုတ်ခဲ့သည်။ ပန်းတွေကို ပိုကြီးအောင်လုပ်ဖို့ ရည်မှန်းထားတာကြောင့် ပိုကြီးတဲ့ စာရွက်တွေလိုသည်။ ပန်းအားလုံးကို ပေါင်းလိုက်သောအခါတွင် ပန်းကုံးတစ်ခုရသည်။ အခန်းထဲမှာ ချိတ်ဆွဲထားရင် လှပပြီး စွဲမက်ဖွယ်ကောင်းနေလိမ့်မည်။
ရှောင်းကော ရေတွက်လိုက်ပြီး ပန်းတွေ အလုံအလောက်ရှိမှန်း သူမ သိလိုက်သောအခါ ရပ်လိုက်သည်။
"မေမေ၊ ပန်းတွေ ဆက်မလုပ်တော့ဘူးလား"
ကျွမ်းကျွမ်းက ကျန်ရှိနေတဲ့ စာရွက်အနီလေးတွေကို ညွှန်ပြခဲ့သည်။
"ဟင့်အင်း၊ မေမေ မလုပ်တော့ဘူး၊ မေမေ အဲဒါတွေ ကိုရေးဖို့လိုတယ်။"
ရှောင်းကောသည် စားပွဲပေါ်ရှိ အနီရောင်စာရွက်ကို ကြည့်ပြီး ကျွမ်းကျွမ်းကို ဘယ်လောက်ကျန်နေလဲဆိုတာ ရေတွက်ပေးဖို့ ပြောလိုက်သည်။
"ရှစ်ရွက်ကျန်သေးတယ်"
ရှောင်းကော ခေါင်းညိတ်လိုက်သည်။ အဲဒီထဲက ရှစ်ရွက်ကျန်သေးသည်။ စာရေးဖို့ ခြောက်ရွက်သုံးပြီးရင် နှစ်ရွက်ပဲကျန်တော့မည်.....
"မေမေ၊ သားတို့ဘာဆက်လုပ်ကြမလဲ"
ကျွမ်းကျွမ်း၏လက်တွေ ယားလာသည်။ သူပိုပြီးလုပ်ချင်နေသည်။
“ဟွန်…” ရှောင်းကော ခဏစဉ်းစားပြီး တခြားဘာမှ လုပ်စရာမရှိတော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။ "ထမင်းစားကြတော့မလား။ နေ့ခင်းကျရင် အလုပ်ပိုလုပ်ရမှာ"
ကျွမ်းကျွမ်း ခေါင်းညိတ်လိုက်သည်။ "ထမင်းစားတာ ကောင်းတယ်!"
"သွားချက်ပြုတ်ကြရအောင်!" ရှောင်းကောသည် ကျွမ်းကျွမ်းကို မီးဖိုချောင်သို့ ခေါ်ကာ သူလက်ဆေးနေစဉ် သူမ သူ့ကို ကြည့်လိုက်သည်။
နေ့လည်စာစားပြီးနောက် ရှောင်းကောက ကျွမ်းကျွမ်းအား နေ့ခင်းတစ်ရေးအိပ်စေချင်သည်။ အသက်ကြီးတဲ့သူတွေပြောကြတာတော့ ကလေးတွေက များများအိပ်ရင် အရပ်ရှည်လာမယ်လို့ ပြောဖူးသည်။ သူမသည် ကျွမ်းကျွမ်း အရပ်ရှည်လာစေရန် ဆန္ဒရှိသော်လည်း မည်သို့ပင်ဖြစ်စေ သူက အိပ်ဖို့ ငြင်းဆန်ခဲ့သည်။ ရှောင်းကောမှာ ရွေးချယ်စရာမရှိပေ။
"ကျွမ်းကျွမ်း၊ ဘာလို့ ခဏလေးဖြစ်ဖြစ်တစ်ရေးလောက် မအိပ်တာလဲ"
"မအိပ်ဘူး။ မေမေ တစ်ယောက်တည်း အလုပ်လုပ်နေရလိမ့်မယ်" ကျွမ်းကျွမ်းက ခါးထောက်ထားကာ ကျောကို မတ်ထားသည်။
"မဟုတ်ဘူး မေမေ အလုပ်မလုပ်ဘူး" ရှောင်းကောက ပြုံးပြီး ကောင်လေးကို လှည့်စားဖို့ ကြိုးစားနေသည်။
"ဒါဆို မေမေကျတော့ ဘာလို့ သားနဲ့မအိပ်တာလဲ" ကျွမ်းကျွမ်းက လွယ်လွယ်နဲ့ အလိမ်ခံရမှာ မဟုတ်ပေ။
“မေမေ့မှာလုပ်စရာတွေ အများကြီးရှိသေး…” ရှောင်းကော မသိစိတ်က အမှန်အတိုင်း ပြောလိုက်မိသော်လည်း သူမရဲ့စကားကိုပြန်ရုတ်သိမ်းရန် အချိန်နှောင်းသွားခဲ့သည်။
ကျွမ်းကျွမ်းက သူမကို သိနေတယ်ဆိုတဲ့ အကြည့်ကိုပေးလိုက်သည်။
သူမမှားကြောင်းသိလိုက်ရသဖြင့် ရှောင်းကော သက်ပြင်းချလိုက်သည်။ "ကောင်းပြီ သား မအိပ်ချင်ဘူးဆိုရင်လည်း မအိပ်နဲ့တော့ "
ဘယ်လိုပဲဖြစ်ဖြစ် ကျန်းတန်းဟယ်ရဲ့ မျိုးရိုးဗီဇကြောင့် ကျွမ်းကျွမ်းက အရပ်ပုမှာ မဟုတ်ပေ။ ထို့အပြင် ရှောင်းကော၏ အရပ်က သာမန်ထက် မြင့်သည်။ ထို့ကြောင့် မျိုးရိုးဗီဇကိုအခြေခံ၍ ကျွမ်းကျွမ်း၏ အရပ်က စိုးရိမ်စရာအကြောင်းမရှိသင့်ပေ။ မအိပ်ချင်ဘူးဆိုရင်လည်း မအိပ်နဲ့ပေါ့။ မနက်ဖြန်ရောက်မှ ပျောက်ဆုံးသွားသော အိပ်စက်ခြင်းကို သူ ဖြည့်လို့ရနိုင်သည်။
ဒါကိုတွေးပြီး ရှောင်းကော စိတ်သက်သာရာရသွားသည်။ "ကောင်းပြီ ဒါဆို အနားယူကြရအောင်။ အစာကြေသွားရင် အစားအသောက်ပြင်ဆင်ဖို့ မီးဖိုချောင်ကို သွားကြမယ်"
“ဟုတ်ကဲ့…”
ဘယ်လိုပဲဖြစ်ဖြစ် ကျွမ်းကျွမ်းသည် အခက်တွေ့ရန် မကြိုးစားခဲ့ဘဲ သူ့မိခင်၏အနားတွင်သာ နေချင်ခဲ့သည်။
—-
"မေမေ၊ သားတို့ ဘာအရင်လုပ်ကြမလဲ"
ကျွမ်းကျွမ်းက အထူးခါးစည်းကို ၀တ်ဆင်ထားပြီး ရှောင်းကော အနားတွင် ရပ်နေသည်။ သူ့ပုံစံက အချက်အပြုတ်စကေးကို ပြသတော့မည့်ပုံပေါ်သည်။
“….....”
"သားလုပ်မို့လား။" ရှောင်းကောက ကျွမ်းကျွမ်းကို ခေါင်းမှ ခြေဖျားအထိ ကြည့်လိုက်သည်။ မသိတဲ့သူတွေက သူ့ကို လက်ထောက်စားဖိုမှူးလို့ ထင်ကြလိမ့်မည်။
"ဟီးဟီး" ကျွမ်းကျွမ်း ထိုစကားကိုကြားသောအခါ ရှက်ကိုးရှက်ကန်းဖြင့် ဆင်းလာပြီး သူမအတွက် နေရာချပေးရန် သူ့ထိုင်ခုံကို အဝေးသို့ ရွှေ့လိုက်သည်။ "ကျေးဇူးပြုပြီး ဆက်လုပ်ပါ "
ရှောင်းကော ခေါင်းခါလိုက်သည်။ ဒီမိုက်မဲတဲ့ကောင်လေးက ကျန်းတန်းဟယ်နဲ့ ပိုပိုပြီး တူလာပြီ။ သူမ၏ လေ့လာတွေ့ရှိချက်အပေါ် အခြေခံရလျှင် သူတို့က သွေးသား ဆက်စပ်နေတာကြောင့်ဖြစ်နိုင်သည်။
"ဒါဆို အသီးအရွက်တွေ အရင်လှီးရအောင်"
ရှောင်းကောသည် စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် ခင်းထားသော ဟင်းသီးဟင်းရွက်များကို ကြည့်လိုက်သည်။ သူတို့က ကြည့်ကောင်းရုံသာမက ဟင်းချက်တဲ့အခါမှာလည်း သူမကို ပျော်ရွှင်စေခဲ့သည်။ အခု သူမသည် ရှေးခေတ်ကာလတွင် နေထိုင်နေသော်လည်း၊ သူမသည် ဘဝတွင် သာလွန်ကောင်းမွန်သောအရာများကို တန်ဖိုးထားနေဆဲဖြစ်သည်။ ဤသည်မှာ ကမ္ဘာပျက်ကာလတွင် သူမ မစွန့်လွှတ်ခဲ့သော အရာဖြစ်ပြီး ယခုကာလတွင် နေထိုင်ရင်း ယခု ၎င်းနှင့်ပတ်သက်၍ သူမ ပို၍ပင် တောင့်တင်းလာခဲ့သည်။
"ဒါဆို သား အသီးအရွက်တွေ ဆေးပေးမယ်!"
ကျွမ်းကျွမ်းက စေတနာဖြင့် ကူညီခဲ့သည်။ သူ့မေမေက ဓားကို ကိုင်ခွင့်မပေးတာကြောင့် အသီးအရွက်တွေကို မလှီးနိုင်ပေ။ ဘယ်လိုပဖြစ်ဖြစ် သူ ဘယ်လိုပြုလုပ်ရမည်ကို မသိပေ။ ထို့ကြောင့် ဟင်းသီး ဟင်းရွက်ဆေးသည့်အလုပ်မှာ အလွန်တော်သောကြောင့် သူလုပ်ခဲ့သည်။
ရှောင်းကောက ဇလုံကြီးတစ်ခုကိုယူကာ သူမလိုအပ်တဲ့ ဟင်းသီးဟင်းရွက်များအားလုံးကို ထည့်လိုက်သည်။ ထို့နောက် ဇလုံထဲသို့ ရေနွေးလောင်းထည့်ကာ ရေအေးအနည်းငယ်နဲ့ ရောလိုက်သည်။ ကျွမ်းကျွမ်းကို မလွှဲပေးမီ ရေအပူချိန်ကို စမ်းသပ်ခဲ့သည်။ "ဆက်လုပ်တော့"
ကျွမ်းကျွမ်းက ဘေးနားတွင် နာခံစွာ ရပ်ကာ ရှောင်းကောကို ကြည့်နေသည်။ သူမခွင့်ပြုချက်ရပြီးနောက် ဟင်းသီးဟင်းရွက်များကို ဆေးကြောတော့သည်။
သူက ငယ်သေးသည်။ သူ့မေမေပြောတာ မှန်တယ်- ရဲရင့်မှုကို ရှေ့တန်းတင်ရုံနဲ့ သူ မလုပ်နိုင်တဲ့ အရာတွေ အများကြီးရှိသည်။ ဒါက အတိတ်မှာဖြစ်ခဲ့ရင် သူ့မှာအစွမ်းအစရှိပေမဲ့ သူ အစွမ်းကုန်ကြိုးစားမှာ သေချာသည်။ ဒါပေမယ့် အခုတော့ သူနားလည်သွားပြီ။ သူ့မေမေကို သူ အစွမ်းကုန် ကူညီနိုင်ခဲ့သည်။ သူ အသက်ကြီးလာရင် သူ တာဝန်အားလုံးကို ထမ်းဆောင်နိုင်ပြီးတော့ သူ့မေမေ ဤဒီလောက် ပင်ပင်ပန်းပန်း လုပ်စရာမလိုတော့ဘူး။
အကယ်၍ ရှောင်းကောသည် ကျွမ်းကျွမ်း၏ ကြီးမားသော ဆန္ဒကို သိပါက သူမ ရင်ဖိုမိလိမ့်မည်။
ကျွမ်းကျွမ်း ဟင်းသီးဟင်းရွက်များကို ဆေးကြောနေစဉ် ရှောင်းကောက ဓားကို ထက်အောင်သွေးပြီး အသား လှီးရန် ပြင်ဆင်ခဲ့သည်။ သူမစိတ်ထဲတွင် တွေးထားသည့် ခန့်မှန်းချက်များကို အခြေခံ၍ ဝက်သားတွဲကြီးကို အတုံးကြီးတစ်တုံး လှီးဖြတ်လိုက်သည်။
သူမအထင် ချင်းအန့်မင် နေ့လည်လောက် ပြန်လာလောက်သည်။ ရူယီနဲ့ တခြားသူတွေ သူ့နောက်ကို လိုက်လာကြမလားလို့ သူမ တွေးမိသည်။ နောက်တော့ ဆိုင်က အရမ်းအလုပ်ရှုပ်သည်။ သူတို့ မလာနိုင်တာလည်း ဖြစ်နိုင်သည်။
ရှောင်းကော ခဏတုံ့ဆိုင်းနေပြီး သူ့တို့ရဲ့ အစိတ်အပိုင်းများကိုလည်း ထည့်သွင်းရန် ဆုံးဖြတ်ခဲ့သည်။ ပါတီပွဲအတွက် ဒါတွေကို သူတို့မလုပ်နိုင်ရင်တောင် အပိုစားစရာတွေလုပ်ထားလည်း ဘာမှမဖြစ်ပေ။
နေ့လယ်စာအတွက် ခေါက်ဆွဲ၊ ကြက်ဥနှင့် ငရုတ်သီးကြော်၊ ဂေါ်ဖီထုပ်နုပ်နုပ်စင်းထားတာနဲ့ ဝက်သားရှိမည်။ ထို့အပြင် သူမသည် အသားလုံးများ၊ ဝက်သားချက်၊မုန်ညှင်းနဲ့ မှိုကြော်တို့ကို သူမပြင်ထားမည်။ ကြက်သားအစပ်တုံးတွေလည်း ရှိမည်။
စာရင်းထဲက ပစ္စည်းတွေကို ရေတွက်ကြည့်တော့ စုစုပေါင်း ဟင်းခြောက်မျိုး ရှိသည်။ ဒါဆိုလုံလောက်ပါပြီ။
ရှောင်းကော မီးဖိုချောင်သုံးဓားကို ချလိုက်ပြီး လှီးဖြတ်ထားသော ပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်ပြားတစ်ခုပေါ်တွင် ထားလိုက်သည်။ သူမ သူတို့ကို ပိတ်စများဖြင့် ဖုံးအုပ်ထားသည်။ ဒီလိုရာသီဥတုမျိုးမှာ သူတို့တစ်ညလုံး မပျက်စီးပေ။ မနက်ဖြန်မှ ကြော်လို့ရသည်။ အရမ်းအဆင်ပြေသည်။
"မေမေ၊ သားတို့ ဘာလုပ်ကြဦးမလဲ"
ကျွမ်းကျွမ်းက ရှောင်းကော၏ နောက်ကျောကို နှိပ်နယ်ပေးနေသည်။ အခု သူ့မေမေက သူ့ကျောကို မတ်လိုက်တဲ့အခါ ခါးကနေဂျွတ်ခနဲဆိုတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ ပင်ပန်းနွမ်းနယ်နေရမည်။
"ဒါက ဟင်းပွဲတွေအတွက်ပဲ၊ ဒါပေမယ့် မေမေ့မှာ ပြင်ဆင်စရာ တစ်မျိုး ကျန်သေးတယ်"
ကျွမ်းကျွမ်း ရပ်လိုက်ပြီး ရှောင်းကောကို ပွေ့ဖက်လိုက်သည်။ သူ မျက်လုံးကြီးကြီးတွေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး စပ်စုကာမေးလိုက်သည်။ "ဘာများလဲ"
ရှောင်းကော ထူးထူးခြားခြား ပြုံးပြီး ကျွမ်းကျွမ်း၏ မျက်နှာလေးကို ထိလိုက်သည်။ ဒီအတိုင်းပဲ ပြောင်ပြောင်တင်းတင်း မျက်နှာထားရှိနေတုန်းဘဲ၊ ဒါပေမယ့် အံ့အားသင့်စရာလေးတွေအကြောင်း သူ့ကို ပြောပြမှာ မဟုတ်ပေ။
" မပြောပြပါဘူး"