← Chapters

အခန်း (၂၂၆)

Vol. 16 Ch. 226

အခန်း (၂၂၆)

Vol. 16 Ch. 226

ပထမမှာ "ကျွမ်းကျွမ်း" ဖြစ်သည်။ ထို့နောက် "ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပါ " ဖြစ်သည်။

ရှောင်းကော လုပ်လို့ပြီးသွားပြီးနောက် သူမ ထိုင်ခုံပေါ်မှ ဆင်းကာ တစ်ချက်ကြည့်လိုက်သည်။

ကြည့်ပြီးတဲ့နောက်တွင် သူမ အလွန်ကျေနပ်သွားသလို ခံစားလိုက်ရသည်မှာ အဲအတွက် စကားတစ်ခွန်းသာရှိသည်။ “မိုက်တယ်!”

ကျန်တဲ့စာရွက် အနီနှစ်ရွက်ကို ကြည့်လိုက်တော့ ရှောင်းကော အစီအစဉ် ပေါ်လာသည်။

မနက်ဖြန်မှာ ကိတ်မုန့်ရှိတော့ ဆန္ဒထုတ်ဖော်ဖို့ တစ်ရွက်ရှိနေမှရမှာ သေချာသည်။ ဖယောင်းတိုင်မှလွဲ၍ ဤအပိုင်းအတွက် သူမ မေ့နေသည့် တစ်ခုတည်းသော အရာမှာ မွေးနေ့ဦးထုပ်ဖြစ်သည်။ လက်ကျန် အနီရောင် စာရွက်ကို ဦးထုပ်ပြုလုပ်ရန် အသုံးပြုနိုင်သည်။

ရှောင်းကောချက်ချင်း အလုပ်စလိုက်သည်။ မွေးနေ့ဦးထုပ်လုပ်ရတာက လွယ်သည်။ ရှောင်းကော အနီရောင်စက္ကူလေးထောင့်စာရွက်ကို ကောက်ယူလိုက်ပြီး ဆန့်ကျင်ဘက်ထောင့်နှစ်ခုကို တူညီသောဦးတည်ချက်ဆီသို့ ခေါက်လိုက်သည်။ ဒါက ချွန်တဲ့ ဦးထုပ်ပုံသဏ္ဍာန်ကို ဖန်တီးခဲ့တာဖြစ်သည်။

ထို့နောက် ရှောင်းကောသည် စက္ကူအစွန်းနှစ်ဖက်ကို ချိတ်ကာ ကျွမ်းကျွမ်း၏ ဦးခေါင်းနှင့် လုံးပတ်တူသော အကွင်းတစ်ကွင်းကို ဖန်တီးလိုက်သည်။ လွှတ်လိုက်သောအခါ မကွဲသွားစေရန် အစွန်းနှစ်ဖက်ကို ချိတ်ထားသည်။

သူမကိုယ်တိုင်ကြိုးစားပြီးလုပ်ခဲ့သည်။ သူမခေါင်းအတွက် အဲ့တာက အနည်းငယ်သေးနေသည်မှလွဲ၍ အခြားမည်သည့်အရာမှ အမှားအယွင်းမရှိပေ။ တကယ့်မွေးနေ့ ဦးထုပ်နဲ့ မကွာခြားပေ။

ဒါပေမယ့် စာရွက်အနီ တစ်ရွက် ကျန်နေသေးသည်။ ရှောင်းကောက အဲဒါကို ဖယ်ထားချင်ပေမယ့် နောက်တော့ တခြားတစ်ခုခုကို တွေးလိုက်သည်။ သူ့မှာ မွေးနေ့ရှင်လေးရဲ့ ပုံတူပန်းချီကလွဲလို့ အရာအားလုံး ရှိသည်။

ရှောင်းကော စုတ်တံကို ကိုင်လိုက်ပြီး အခြေချရန် ကြိုးစားခဲ့သည်။ ထို့နောက် သူမ ကျွမ်းကျွမ်း၏ ချစ်စဖွယ်မျက်နှာကို ဂရုတစိုက်ပုံဖော်ခဲ့သည်။

သူမ လက်တွေ့ကျကျ မရေးဆွဲနိုင်သော်လည်း ချစ်စရာကောင်းသော မျက်နှာပုံစံကို ဖန်တီးနိုင်ခဲ့သည်။

နောက်ဆုံးပုံဆွဲလို့ပြီးသောအခါ ရှောင်းကော မှင်ကိုမှုတ်လိုက်သည်။ သူမဆွဲခဲ့တဲ့ ကျွမ်းကျွမ်းရဲ့ ချစ်စရာပုံစံကိုကြည့်လိုက်တော့ စာရွက်ပေါ်မှာ သူ့အမူအရာနဲ့ မျက်နှာအမူအရာတွေကို လုံး၀ ဖမ်းစားထားမှန်း သူမ သိလိုက်သည်။ သူမ ကျေနပ်စွာဖြင့် ထကာ နံရံပေါ်တွင်ရှိနေပြီဖြစ်သော "ကျွမ်းကျွမ်း" ဆီ ကပ်လိုက်သည်။

အနီးကပ်ကြည့်လိုက်ရင် ပိုပြီးပြည့်စုံတယ်လို့ မြင်သည်။ လက်ဆေးဖို့ မီးဖိုချောင်ကို ပြန်လာခဲ့သည်။ အချိန်ကို တွက်ချက်ကြည့်ပြီးတော့ ကိတ်မုန့်ထုတ်ချိန်ရောက်ပြီဆိုတာ သိလိုက်ရသည်။ ထို့ကြောင့် သူမ မီးဖိုဆီသို့ စိတ်မသက်မသာ လျှောက်လာခဲ့သည်။ မီးဖိုမရောက်ခင်မှာ မွှေးရနံ့တွေ ရနိုင်ခဲ့သည်။

ရှောင်းကော အသက်ပြင်းပြင်းရှူပြီး အနံ့က အဆင်ပြေတယ်လို့ တွေးလိုက်သည်။ သူမ နည်းနည်း ပိုသက်တောင့်သက်သာဖြစ်သွားသလို ခံစားရသည်။

အနံ့ကောင်းနေရင် ကိတ်မုန့်က အရမ်းမဆိုးလောက်ဘူး။

ရှောင်းကော၏ နှလုံးက ဒရမ်ကဲ့သို့ခုန်ပေါက်နေသော်လည်း သူမ မီးဖိုကိုဖွင့်နေဆဲပင်။ မှောင်နေတော့ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူမ မီးဖိုချောင်ထဲသို့ အမြန်မပြေးမီ ကိတ်မုန့်ကိုထုတ်ရန် ဖယောင်းတိုင်မီးအလင်းရောင်ကိုသာ အားကိုးနိုင်ခဲ့သည်။ ကိတ်မုန့်က အရမ်းပူနေတာကြောင့် ဖယောင်းတိုင်တွေ ယူသွားဖို့ အချိန်တောင် မရှိပေ။ သူမ ၎င်းကိုထိန်းကိုင်ထားရန် ထူထဲသောအဝတ်ကိုအသုံးပြုနေသော်လည်း ရှောင်းကောအား ခုန်ပေါက်စေသည်အထိ အပူချိန်ကမြင့်မားနေခဲ့သည်။

မီးဖိုချောင်ထဲရောက်သွားတော့ ကိတ်မုန့်ကို စားပွဲပေါ်ကို အထိန်းအကွပ်မရှိ ပစ်ချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းသည် ဘေးကင်းစွာ ရောက်သွားခဲ့ပြီး ရှောင်းကော သက်ပြင်းချလိုက်သည်။

ကိတ်မုန့်က စစ်မှန်ကြောင်း တွေ့လိုက်ရတော့ သူမ တိတ်တဆိတ် ဝမ်းသာမိသည်။

ကံကောင်းထောက်မစွာဖြင့် သူမ ကြက်ဥကို ခေါက်ထားသည်မှာ အချိန်အတော်ကြာသည်။ မဟုတ်ရင် ကိတ်မုန့်အရောအနှောက တက်လာမှာ မဟုတ်ပေ။

သူမ ဇလုံကို စင်ပေါ်၌ ဇောက်ထိုးထားထားပြီး မထုတ်မီ အေးသွားစေရန် စောင့်ဆိုင်းနေခဲ့သည်။ ဒါပေမယ့် မနက်ဖြန်အထိ စောင့်ရဦးမည်။

ရှောင်းကော သမ်းပြီး အကြောဆန့်လိုက်သည်။ ဖယောင်းတိုင်မီးကို မှုတ်ပြီးနောက် အမှောင်ထဲတွင် ခြံဝင်းဆီသို့ သွားခဲ့သည်။

ထိုအခိုက်တွင် ရှောင်းကော နှင်းတွေပါးသွားပုံရသည်ကို သိလိုက်ရသည်။ သူမ အလွန်အံ့သြသွားမိသည်။ "ဒါက တိုက်ဆိုင်မှုများ ဖြစ်နိုင်မလား။ မနက်ဖြန် မနက်ကျရင် လုံးဝရပ်သွားမှာလား၊ တကယ်သာဖြစ်ခဲ့ရင် မယုံနိုင်စရာဖြစ်လိမ့်မယ်"

မီးဖိုသို့သွားကာ စောစောက မကိုင်လာခဲ့မိတဲ့ ဖယောင်းတိုင်ကို ထုတ်ယူလိုက်သည်။ ဖယောင်းတိုင်မီး၏ အကူအညီဖြင့် အိမ်ထဲသို့ပြန်လာခဲ့သည်။ ထိုအချိန်တွင် ကျွမ်းကျွမ်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။

သို့တိုင် ရှောင်းကောက သူမ၏ လှုပ်ရှားမှုများကို ညင်သာစေခဲ့သည်။ အဝတ်ချွတ်ပြီးနောက် ဖယောင်းတိုင်ကို မှုတ်ပြီး အိပ်ရာဝင်ခဲ့သည်။ နူးညံ့သောအိပ်ရာပေါ်တွင် လဲလျောင်းရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ တကယ့်ကို သက်တောင့်သက်သာရှိလွန်းသည်။

ပင်ပန်းတဲ့နေ့ပြီးသွားတဲ့နောက် ဟိုးအရင်ကတည်းက သိပ်မလှုပ်ရှားခဲ့တဲ့ ရှောင်းကောမှာ အရမ်းပင်ပန်းခဲ့ရသည်။ မောပန်းနွမ်းနယ်မှုသည် ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ နာမ်ပိုင်းဆိုင်ရာဖြစ်သည်။ ခေါင်းအုံးကို ထိလိုက်သည်နှင့် စောင်၏ရနံ့ကို ရှူရှိုက်လိုက်သည်နှင့် လျင်မြန်စွာ အိပ်ပျော်သွားတော့သည်။

—-

နောက်တစ်နေ့တွင် ကျွမ်းကျွမ်း မျက်လုံးမဖွင့်မီ ရှောင်းကော နိုးလာသည်။ မီးဖိုချောင်ထဲက ကိတ်မုန့်အကြောင်း တွေးနေရင်းနဲ့ တိတ်တဆိတ် အဝတ်အစားတွေဝတ်ကာ အိမ်ထဲက ထွက်လာခဲ့သည်။

တံခါးမှ ထွက်လာသည်နှင့် တပြိုင်နက် အိပ်ချင်မူးတူးဖြစ်နေသေးတဲ့ သူမ၏ မျက်လုံးတွေက ဖြူဖွေးတောက်ပနေတဲ့ မြင်ကွင်းကြောင့် ချက်ချင်း ဒေါသထွက်သွားသည်။ သူမ မျက်လုံးမဖွင့်နိုင်တော့ဘူး။ သူမ အိမ်နောက်ဘက်သို့ ဆုတ်သွားပြီး ပိုသက်တောင့်သက်သာရှိတာကို မခံစားရမီ မျက်လုံးကို အကြိမ်အနည်းငယ် ပွတ်သပ်ခဲ့သည်။

သူမမျက်လုံးတွေ ပိုပြီးနေသားကျလာသလို ခံစားလာရပြီးနောက် ကန့်လန့်ကာကို ပြန်မလိုက်သည်။ ခြံထဲကို ဝင်လိုက်တာနဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး လုံးဝနိုးသွားတော့သည်။

သူမ ကောင်းကင်ကို မှင်တက်စွာ မော့ကြည့်ကာ လေကို ဖမ်းရန် လက်လှမ်းလိုက်သည်။ လှည့်စားခြင်းမဟုတ်ကြောင်းကို သူမ သဘောပေါက်သည်။ တကယ် နှင်းကျတာ ရပ်သွားပြီ။

"ဘယ်လိုမှမဖြစ်နိုင်ဘူး…"

ရှောင်းကော သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ဒါက မှော်ဆန်လွန်းသည်။ ကျွမ်းကျွမ်းက နှင်းထဲကလာတဲ့ ကလေးများလား။ နှင်းထူထူတွေနဲ့ ကြိုဆိုခံရတဲ့ ကလေးတစ်ယောက်လား။

ရုတ်တရက် အေးစက်သော လေပြင်း တိုက်ခတ်လာသည်။ ရှောင်းကော တုန်တုန်ယင်ယင်နှင့် မီးဖိုချောင်သို့ အမြန်ပြေးသွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း နှင်းတွေအရည်ပျော်လာသောအခါတွင် ပိုအေးလာသည်။ သူမကို ဖြတ်တိုက်သွားသောလေက သူမ၏အရိုးတွေကို နာကျင်စေသည်။

မီးဖိုချောင်သို့ ပြန်ရောက်သောအခါ ပထမဆုံးလုပ်သည်မှာ မီးဖိုကိုမီးမမွေးဘဲ ကိတ်မုန့်ကို စစ်ဆေးရန်ဖြစ်သည်။

တစ်ညတာ အအေးခံပြီးသွားရင် တတ်နိုင်သလောက် အေးသွားပြီ။ ရှောင်းကော အဲဒါကို ယူလာပြီး ချလိုက်သည်။ သူမ ကောင်းကောင်းမလှုပ်ခင် အကြိမ်အနည်းငယ် ဟိုရွှေ့သည်ရွှေ့လုပ်ခဲ့သည်။ ကိတ်မုန့်က နောက်တခဏအတွင်း ဇလုံထဲမှ ထွက်လာသည်။ လုံးဝကိုပျော့အိနေတာပဲ။

ရှောင်းကောသည် ဇလုံအောက်ခြေတွင် ကပ်နေသော ကိတ်မုန့်အစအနများကို စားခဲ့သည်။ သူတို့က အရသာကောင်းတာကြောင့် သူမ အရမ်းစိတ်သက်သာရာရသွားသည်။

သူမ ကိတ်မုန့်ကို ဘေးဖယ်ထားလိုက်သည်။ ခရင်မ်မရှိပေမယ့် အရသာရှိနေတုန်းပဲ။ အပြင်ဘက်က အရွယ်အစား ကြီးမားသော နွားတွေကို သူမ ကြည့်လိုက်သည်။ ခရင်မ်ကိတ်မုန့်လုပ်ချင်ရင် နောက်နှစ်လောက်မှာ တစ်ခုပြီးတစ်ခု လုပ်လို့ရနိုင်သည်။

မနက်စာစားပြီးတာနဲ့ ရှောင်းကောက ကျွမ်းကျွမ်းကို နှိုးလိုက်သည်။

မနေ့က ရှောင်းကော ပြောတာကို သူ မှတ်မိနေသေးသည်။ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင်ပင် အပြုံးမပျက်ပေ။ သူက ဒီနေ့ရဲ့ မွေးနေ့ရှင်လေးကိုဆိုတာကို သူ့ကိုယ်သူ ဆက်တွေးနေခဲ့သည်။

ရှောင်းကော သူ့အတွက် ပြင်ဆင်ပေးထားတဲ့ အဝတ်အစားနဲ့ ဖိနပ်အသစ်ကို ဝတ်လိုက်သည်။ အပြင်ခန်းကိုရောက်တာနဲ့ နံရံက ဆွဲဆောင်မှုရှိနေသည်။ အနီးကပ်ကြည့်လိုက်တော့ ဝမ်းသာအားရ ခုန်ပေါက်လုမတတ်ပင်။ နံရံကို ကောင်းကောင်းကြည့်ပြီးနောက် ရှောင်းကောကို ပြေးရှာသည်။ သူမကိုတွေ့တော့ သူ ပွေ့ဖက်လိုက်ပြီး အလှဆင်ထားတာကို ဘယ်လောက်ကြိုက်လဲဆိုတာ ပြောပြခဲ့သည်။

ကျွမ်းကျွမ်း အရမ်းပျော်နေတာကိုမြင်တော့ ရှောင်းကော အရမ်းပျော်သွားသည်။ သူမ သူ့ကို ပွေ့ဖက်ပြီး အကြိမ်အနည်းငယ် နမ်းခဲ့သည်။ သူ့အပြုံးမျက်နှာကို ကြည့်လိုက်ရင် သူမ ဘယ်လောက်ပင်ပန်းနေပါစေ အဲ့တာကတကယ်တန်သည်။

ကျွမ်းကျွမ်း အလွန်စိတ်လှုပ်ရှားနေသည်။ မျက်လုံးဖွင့်ကတည်းက အစားစားနေတာမရပ်တော့ပေ။ သူ စားပြီးတာနဲ့ ရှောင်းဟူနဲ့ ရှောင်းဟွာကို သွားဖိတ်ချင်နေသည်။

ရှောင်းကော အချိန်ကိုကြည့်လိုက်ပြီး အချိန်မှန်သည်ဟု ခံစားမိသောကြောင့် သူမ သဘောတူခဲ့သည်။

ကျွမ်းကျွမ်း ထွက်သွားပြီးနောက် ရှောင်းကောက တံမြက်စည်းကြီး တစ်ချောင်းကိုယူကာ နှင်းတွေကို လှည်းကျင်းရန် ပြင်ဆင်လိုက်သည်။ အနည်းဆုံးတော့ ပင်မဝင်ပေါက်မှာ ဖုံးလွှမ်းနေတဲ့ နှင်းတွေကို လှည်းကျင်းရမည်။

ရှောင်းကော အိမ်အား စကင်န်ဖတ်ပြီး မကြာမီပင် ပင်မဝင်ပေါက်သို့ ရောက်လာခဲ့သည်။ ကျွမ်းကျွမ်းကို အနားမှာ သူမ မမြင်မိပေ။ သူဘာလို့ ဒီလောက်ကြာနေတာလဲလို့ တွေးမိလာသည်။

သူပြန်မလာတော့ ရှောင်းကော ဆက်ပြီးတံမြတ်စည်းလှည်းနေသည်။ သူမ အိမ်ကနေ နှင်းတွေကို သူမအိမ်ရှေ့က သစ်ပင်တွေဆီ လှည်းထုတ်လိုက်သည်။ ပင်မတံခါးရှေ့မှာ လွတ်နေတဲ့နေရာကိုမရှင်းလင်းလာမချင်း သူမ မရပ်ခဲ့ပေ။

ထိုအချိန်တွင် ကျွမ်းကျွမ်းက ရှောင်းဟူနဲ့ ရှောင်းဟွာတို့နှင့်အတူ ရောက်ရှိလာသည်။

အခုမှ သူဘာကြောင့် ဒီလောက်ကြာနေရတာလဲဆိုတာ သိသွားပြီ။ သူတို့ကို ဖိတ်ဖို့လေးတင် သွားတာမဟုတ်ဘူး။ အဲဒီအစား သူတို့ကို ကိုယ်တိုင် ခေါ်လာတာ။

"ဒေါ်လေး"

ရှောင်းဟူနဲ့ ရှောင်းဟွာတို့ ရှောင်းကောကို ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့ကြသည်။

“ဟုတ်ပြီ၊ ဟုတ်ပြီ အထဲဝင်ကြရအောင်။” ရှောင်းကော က ပြုံးပြီး သူတို့ကို ဖိတ်ခေါ်ခဲ့သည်။ သူမ ကသူတို့နောက်ကနေ လိုက်သွားပြီး တံခါးကို အကုန်ဖွင့်လိုက်သည်။ ခွေးနှစ်ကောင် ဆော့ဖို့ ပြေးထွက်လာမှာ စိုးသဖြင့် ရှောင်းကောသည် ၎င်းတို့အား အိမ်တွင်းသို့ ခေါ်ဆောင်လာပြီး ကျွမ်းကျွမ်းကို စောင့်ကြည့်ထားရန် သတိပေးခဲ့သည်။

ကောင်လေး၏ အဖြေကိုရရှိပြီးနောက် ရှောင်းကော မီးဖိုချောင်သို့သွားခဲ့သည်။ သူမ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီး ဆေးကြောရမည့်အရာအားလုံးကို ဆေးကြောလိုက်သည်။ ဒီနေ့ ကျွမ်းကျွမ်းရဲ့မွေးနေ့မို့ ရှောင်းကောက သူ့ကို ပန်းကန်တွေကို မဆေးခိုင်းပေ။ အခုတော့ သူမကိုယ်တိုင် ဆေးရတော့မည်။

ချင်းအန့်မင်က ရှောင်းကော မျှော်လင့်ထားသည်ထက်စောပြီး ပြန်လာခဲ့သည်။ ဒါပေမယ့်လည်း ရူယီက သူနှင့်အတူ လိုက်ပါလာတဲ့သူ တစ်ဦးတည်းသာ ဖြစ်သည်။ ဒါကလည်း ရှောင်းကောရဲ့ မျှော်လင့်ချက်ထဲမှာ ပါသည်။ ဆိုင်က အရမ်းလူများနေတဲ့အတွက် ရူယီ ရောက်လာပေးတာနဲ့တင် မယုံနိုင်လောက်အောင် ဖြစ်နေပါပြီ။

"အစ်မ ရှောင်းကော " ရူယီ ရထားလုံးပေါ်က ဆင်းလာပြီး ရှောင်းကောကို ချက်ချင်း ရှင်းပြခဲ့သည်။ "ဒီနေ့ ဆိုင်က နည်းနည်း အလုပ်များနေလို့။ ကျန်တဲ့ သူတွေက လာချင်ပေမယ့် အလုပ်များနေလို့ အပြင်ထွက်လာလို့မရကြလို့နော်။ နောက်ဆုံး အဲ့အစား ညီမကို ဒီနေရာ ပို့လိုက်တာ"

ရူယီ လိမ်တာမဟုတ်ပေ။ ဒီနေ့ ဆိုင်က အရမ်းအလုပ်များနေတာပင်။ မနက်အစောကြီး အိပ်ရာကနိုးလာတဲ့အခါ အားလုံးက ကျွမ်းကျွမ်းရဲ့မွေးနေ့ကို သူနဲ့အတူကျင်းပနိုင်ဖို့ တစ်ရက်ပိတ်ဖို့ စီစဉ်ထားတာ။ မထင်မှတ်ပဲ သူမ တံခါးကိုဖွင့်လိုက်တော့ အပြင်မှာ စောင့်နေတဲ့ လူအုပ်ကြီးနဲ့တွေ့ပါလေရော။ ဆိုင်ရဲ့ နာမည်ကောင်းကို ကြားသိပြီး လာခဲ့ကြတာလို့ ဆိုကြသည်။ သူမ ဘာမှမပြောခင် သူတို့ ဝင်လာပြီး ထိုင်နေကြပြီ။ ဆိုင်ရှိ ထိုင်ခုံအားလုံးနီးပါး ပြည့်သွားသည်။ သူတို့ကို မောင်းထုတ်တာက မသင့်တော်ပေ၊ ဒါကြောင့် ဆိုင်ဝန်ထမ်းတချို့က ဆိုင်ကို စောင့်ကြည့်ဖို့ နောက်မှာနေခဲ့ရသည်။

All Chapters