အခန်း (၂၂၇)
Vol. 16 Ch. 227
"ရှောင်းကောက စိတ်မရှိပါဘူး"
ချင်းအန့်မင်သည် ရထားလုံးကို ချည်နှောင်ကာ သူတို့ဘက်သို့ လိုက်လာသည်။
“အတိအကျပဲ” ရှောင်းကော ရူယီ၏ လက်ကို ကိုင်ကာ ပျော်ရွှင်စွာ ပုတ်လိုက်သည်။ "ဒါပေါ့ အစ်မနားလည်ပါတယ်။ ညီမ လာနိုင်တာကို အစ်မအရမ်းဝမ်းသာနေပါပြီ"
ရူယီ ရောက်ရှိလာခြင်းက ရှောင်းကောကို အံ့အားသင့်စေခဲ့သည်။ လူများလေလေ ကျွမ်းကျွမ်းက ပိုပျော်ရွှင်လေပဲ။
" စကားပြောတာ ရပ်ကြရအောင်။ အထဲဝင်ကြစို့"ရှောင်းကော ရူယီ၏ အေးစက်သော လက်များကို ကိုင်ကာ အိမ်ထဲတွင် သူမကိုနွေးထွေးသွားစေရန် တိုက်တွန်းလိုက်သည်။
!!
ချင်းအန့်မင်က သူတို့နောက်ကို လိုက်သွားသည်။ ရှောင်းကော အိမ်ထဲသို့ ဝင်ခါနီးတွင် သူက သူမကို ချက်ချင်းတားခဲ့သည်။
"ဘာဖြစ်တာလဲ" ရှောင်းကော ကန့်လန့်ကာကို လျှော့ချလိုက်ပြီး ထူးထူးခြားခြား ပြုမူနေသော ချင်းအန့်မင်ကို ကြည့်လိုက်သည်။
ချင်းအန့်မင်က စကားမပြောပေ။ သူ့ရဲ့ခြုံထည်ကို ခါလိုက်ပြီး အပြုံးရေးရေးလေးနဲ့ တစ်ချက်ကြည့်လိုက်သည်။
"ဘာရီးလဲ" ရှောင်းကောက သူ့ကို စိုက်ကြည့်ရင်း ပြောစရာစကားမဲ့နေသည်။ သူဘာလုပ်ဖို့ကြိုးစားနေတာလဲ။
"ကျစ်" ချင်းအန့်မင် နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး တစ်စုံတစ်ခုကို ပြသရန် ကြိုးစားနေပုံရသည်။
သူမ ကြောင်နေသေးတာကိုမြင်တော့ ချင်းအန့်မင် သက်ပြင်းချလိုက်သည်။ အများအားဖြင့် ပိုင်းခြားသိမြင်နိုင်တဲ့ ရှောင်းကောက ဒီနေ့ကျမှ ဘာကြောင့် ဒီလောက်ထုံအနေရတာလဲ။
သူ မကျေမနပ်ဖြစ်နေတာကို မြင်လိုက်ရတော့ ရှောင်းကော ပိုလို့တောင် ရှုပ်သွားသည်။ ဒီလိုအေးတဲ့ရာသီဥတုမှာ သူ အခုဖျော်ဖြေဖို့ ကြိုးစားနေတာလား။
ချင်းအန့်မင် ခပ်ဝေးဝေးတွင် ရပ်လိုက်သည်။ သူလက်နှစ်ဖက်ဖြင့်ခါးထောက်ကာ သူ့ကိုကြည့်ရန် အချက်ပြလိုက်သည်။
“အိုး…” ချင်းအန့်မင် အဲဒါကို သိသာထင်ရှားအောင်လုပ်နေပြီ။ ရှောင်းကော နားမလည်သေးဘူးဆိုရင် သူမ တော်တော်ကို ဒုံးဝေးသွားပြီပဲ။ "ဒီအဝတ်အစားတွေနဲ့ အစ်ကိုအရမ်းလန်းနေပုံပဲ!"
"ဟုတ်လား" ချင်းအန့်မင် သူ့ခြုံထည်ကို ပျော်ရွှင်စွာ ဝှေ့ယမ်းလိုက်သည်။ “ငါလည်း အဲ့လိုထင်တယ်”
သူ့ကို ရှောင်းကော ပေးထားတဲ့ အဝတ်အစားအသစ်ကို သူဝတ်ထားသည်။ ဒီနေ့ဝတ်လာတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး သူ ဒါကိုလက်ခံပြီးကတည်းက ဝတ်ဖို့ မစောင့်နိုင်တော့ပေ။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်!" ရှောင်းကော ချင်းအန့်မင်ကို အိမ်ထဲသို့ ဆွဲခေါ်သွားသည်။ အအေးဒဏ်ကြောင့် အပြင်ဘက်မှာ သူနဲ့ စကားမပြောချင်ပေ။
အိမ်ထဲကို အရင်ဝင်ခဲ့တဲ့ ရူယီက အလှဆင်ထားတဲ့ဟာတွေအတွက် အံ့သြသွားခဲ့သည်။ အကျယ်တဝင့်ကြီး မဟုတ်သော်လည်း အလွန်ဆန်းသစ်သည်။ မွေးနေ့ပွဲအတွက် ဒီလိုချစ်စရာကောင်းတဲ့ အလှဆင်ပစ္စည်းတွေကို သူမ တစ်ခါမှ မမြင်ဖူးပေ။
သူမ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရှောင်းကောနဲ့ ချင်းအန့်မင်တို့ အိမ်ထဲ ၀င်လာသည်ကို သူမ တွေ့လိုက်ရသည်။ ရှောင်းကော၏နောက်မှ ချင်းအန့်မင် လိုက်လာသည်ကို သူမ တွေ့လိုက်ရသောအခါ နှောင့်နှေးရခြင်းအကြောင်းရင်းကို သူမ သိလိုက်သည်။
"အစ်ကို အန့်မင်က သူ့အဝတ်အစားတွေအကြောင်း အစ်မကို ထပ်မေးနေတာပဲဖစ်ရမယ်"
ရူယီ သေချာစွာပြောခဲ့သည်။
"အမှန်ပဲ" ရှောင်းကော မျက်ခုံးပင့်ကာ ခေါင်းညိတ်လိုက်သည်။ "သူ ဆိုင်မှာလည်း အဲ့လိုလုပ်လာတာလား"
ရူယီ တိတ်တဆိတ် ခေါင်းညိတ်ပြပြီး နှုတ်ထွက်လိုက်သည်။ "ပုံမှန်အားဖြင့်တော့ သူ လူတိုင်းကို မေးတာ"
ရှောင်းကော ထိုစကားကို ကြားလိုက်ရသောအခါ သူ့အတွက် ရှက်ရွံ့သွားသည်။ ချင်းအန့်မင်က ကလေးဆန်လွန်းသည်။ အမှန်မှာ အမျိုးသားတွေက ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ကလေးဆန်နေမည်ဖြစ်သည်။
သူတို့နှစ်ယောက် စကားပြောနေချိန်တွင် ချင်းအန့်မင်က ကျွမ်းကျွမ်းကိုရှာရန် အခန်းထဲသို့ ဝင်သွားသောကြောင့် အမျိုးသမီးနှစ်ဦးက သူ့အကြောင်းပြောနေကြသည်ကို သူ မသိလိုက်ပေ။
နေ့လည်စာစားနေစဉ် ရှောင်းကောက ကိတ်မုန့်ကိုထုတ်ယူလာကာ ဖယောင်းတိုင်တွေကို မီးထွန်းလိုက်သည်။ ကျွမ်းကျွမ်းက ဆုတောင်းပြီး ဖယောင်းတိုင်မှုတ်လိုက်ပြီးနောက် လူတိုင်းက သူ့အတွက် လက်ဆောင်တွေ ပေးကြသည်။ ရှောင်းဟွာနဲ့ ရှောင်းဟူတောင် သူ့အတွက် လက်ဆောင်တွေ ပြင်ဆင်ထားခဲ့သည်။
ကျွမ်းကျွမ်းက လက်ဆောင်ပစ္စည်းတွေကို ပျော်ရွှင်စွာ ဖယ်ထားလိုက်သည်။ အားလုံးကို ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောပြီးနောက် သူ ရှောင်းကော ကို ကြည့်လိုက်သည်။ "မေမေ၊ မေမေ့ရဲ့လက်ဆောင်ကကော "
ဒါကို လူတိုင်းကြားသောအခါ အားလုံးက ရှောင်းကော ကို ကြည့်လာကြသည်။
"ညကျမှ သားကို မေမေပေးမှာ"
ရှောင်းကောက အခု ထုတ်မပေးပေ။ ဒီညမှ သူ့ကိုပေးမှာပင်။
အသံက အရမ်းလျှို့ဝှက်ဆန်းကြယ်သည်။ ကျွမ်းကျွမ်း အလွန်ပျော်ရွှင်နေခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သောအရာများကို သူ နှစ်သက်သည်။
စားပွဲပေါ်က အစားအစာတွေက ပူပူနွေးနွေးနဲ့ မွှေးကြိုင်နေသည်။ ၎င်းတို့ထဲမှ အရာအားလုံးနီးပါးကို ရှင်းထုတ်ပြီးသွားပြီ။ ခေါက်ဆွဲခြောက်အချို့သာ ကျန်ရှိတော့သည်။ ရှောင်းကောသည် အိုးထဲမှ ကျန်နေတဲ့ခေါက်ဆွဲတွေကို ခပ်လိုက်ပြီး ဇလုံတစ်ခုထဲ ထည့်လိုက်သည်။ အများကြီးမကျန်တော့တဲ့အတွက် ရှောင်းကော က ခွေးပေါက်လေးတွေအတွက် သွန်ထည့်ပေးလိုက်သည်။
အစားစားပြီးနောက် ရှောင်းဟွာနဲ့ ရှောင်းဟူတို့ အိမ်မပြန်ခင် အချိန်အနည်းငယ်ကြာ ကစားခဲ့ကြသည်။ ရှောင်းကော၊ ရူယီနှင့် ချင်းအန့်မင်တို့ မီးဖိုဘေးတွင်နေပြီး စကားစမြည်ပြောနေစဉ် ကျွမ်းကျွမ်းကို ၎င်းတို့ဆီ လွှတ်ထားလိုက်လေသည်။
ရူယီက ထောင့်နားရှိ ထူးခြားသည့် မီးဖိုကို စူးစူးစိုက်စိုက် ကြည့်ခဲ့သည်။ ဒီလိုမျိုး သူမ တစ်ခါမှ မမြင်ဖူးဘူး။ မေးပြီးတဲ့အခါမှာတော့ ဘာလဲဆိုတာကို သိလိုက်ရသည်။ သူမ၏မျက်လုံးတွေက စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"အစ်မ ရှောင်းကော၊ အစ်မရဲ့မီးဖိုက တကယ်အဆင်ပြေတယ်။ အပြင်ဘက်က အခန်းက အပူကနေ နွေးနေတုန်းပဲ။ ဝင်လိုက်တာနဲ့ ချွေးတွေထွက်လုမတတ်ပဲ"
ဆောင်းရာသီမှာ ရူယီရဲ့ လက်တွေ ခြေထောက်တွေဟာ အမြဲအေးစက်နေခဲ့တာ။ သူမလက်တွေကို မီးဖိုပေါ်ကနေမချနိုင်ခဲ့ပေ။ ထို့အပြင် သူမအခန်းတွင် ထားထားတဲ့ မီးလင်းဖိုသည် အပူအများကြီးမထုတ်ပေးပေ။ ပြီးတော့ အခန်းကို လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ကို ဖွင့်ထားရသည်။ မီးလင်းဖိုမှ အပူသည် အခန်းကို မနွေးစေမီတွင် ပြတင်းပေါက်မှ ထွက်သွားပြီဖြစ်သည်။ ဒါက ဆောင်းရာသီရောက်တိုင်း ပြဿနာဖြစ်နေတာ။
“အဲဒါက လွယ်ပါတယ်။” ရှောင်းကော ဗီရိုသို့သွားကာ ၎င်းကို လှမ်းကြည့်လိုက်သည်။ ခဏကြာတော့ စာရွက်တစ်ရွက်နဲ့ ပြန်လာခဲ့သည်။ "ဒါက မီးဖိုရဲ့အသေးစိတ်အစီအစဥ်တစ်ခု။ ဒါကို သတ္တုဆိုင်မှာ သွားပြီး တစ်ခုလုပ်ခိုင်းလိုက်"
ရူယီ ထိမိသွားသည်။ သူမရှောင်းကော ထံမှ အစီအစဉ်ကို ယူခဲ့ပြီး ပျော်ရွှင်စွာပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ အစ်မ ရှောင်းကော!"
ချင်းအန််မင်းက စာရွက်ကိုယူ၍ သေသေချာချာကြည့်ခဲ့သည်။ မီးဖိုလို့ခေါ်တဲ့ အရာတစ်ခုကို ဒါ သူပထမဆုံးမြင်ဖူးတာပဲ။ ဤကဲ့သို့သော သေးငယ်သည့် ကိရိယာလေးက အပူများစွာကို ထုတ်ပေးနိုင်မည်ဟု သူ မမျှော်လင့်ထားပေ။
"ဒါကဘာမှမဟုတ်ပါဘူး။ ရပါတယ်။"
ရှောင်းကော သူမလက်ကို မသိမသာ ဝှေ့ယမ်းလိုက်သည်။ တကယ်တော့ ရာသီဥတုအေးလာတဲ့အခါ ချင်းအန့်မင်၏ ကျန်းမာရေးအတွက် သူမ အနည်းငယ် စိတ်ပူမိသည်။ ခရိုင်မှာ အေးနေမလားမသိပေ။ သူ့ရောဂါဟောင်းတွေ ပြန်ထလာခဲ့ရင် ရူယီ သတ္တုဆိုင်မှာ မီးဖိုတစ်ခု မှာလိုက်မယ်ဆိုရင် ချင်းအန့်မင်လည်း သူ့အတွက် တစ်ခု ရနိုင်သည်။ လူတိုင်းအတွက် ဒါက အကောင်းဆုံးဖြစ်မှာပါ။
ကျွမ်းကျွမ်း ပြန်လာသောအခါ သူတို့အနည်းစုသည် ချင်းအန့်မင်နှင့် ရူယီ ပြန်သွားရန် အဆင်သင့်မဖြစ်မီတွင် ထိုင်၍ကစားခဲ့ကြသည်။ ဆိုင်မှာ လုပ်စရာတွေ အများကြီးရှိနေတုန်းမို့ ရှောင်းကောက သူတို့ကို မဆွဲထားခဲ့ပေ။ ထို့အပြင် နေဝင်သွားရင် လမ်းတွေ အေးခဲလာသောအခါ ရထားလုံးကို မောင်းနှင်ရန် မဖြစ်နိုင်ပေ။ ရှောင်းကော သူတို့ရဲ့ အပြန်ခရီးအတွက် အရမ်းစိတ်မပူရအောင် သူတို့ စောစောပြန်သွားတာက ပိုကောင်းသည်။
ကျွမ်းကျွမ်းက တစ်နေကုန် စိတ်အခြေအနေ ကောင်းနေပြီး သူ့မျက်နှာမှာ နီမြန်းနေသေးသည်။ သူ့ရဲ့ ဖြူဖွေးတဲ့ ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက် မျက်နှာကို ကြည့်လိုက်တော့ ရယ်စရာကောင်းပြီး ချစ်ဖို့ကောင်းသည်။ နှစ်ယောက်သား ထွက်သွားတော့မည်ကို သိလိုက်ရသဖြင့် သူ တံခါးဆီသို့ လိုက်လာကာ လက်ပြနှုတ်ဆက်ခဲ့သည်။
"ဦးလေး၊ နှုတ်ဆက်ပါတယ်၊ အစ်မ ရူယီ၊ လမ်းမှာ ဂရုစိုက်ကြပါ"
“ကောင်းပါပြီ နှုတ်ဆက်ပါတယ်…”
ရူယီက ကန့်လန့်ကာကို မလိုက်ပြီး ကျွမ်းကျွမ်းနဲ့ ရှောင်းကော တို့ကို လက်ဝှေ့ယမ်းပြခဲ့သည်။
ချင်းအန့်မင်က ရထားလုံးပေါ်က ဆင်းပြီး ကျွမ်းကျွမ်း ရဲ့ မျက်နှာလေးကို နမ်းလိုက်သည်။ ဝဝတုတ်တုတ်ဘောလုံးလေးကို သူတကယ် သည်းမခံနိုင်ပေမယ့် ဘယ်လောက်ပဲ တွန့်ဆုတ်နေပါစေ သူထွက်သွားရမည်။ "လိမ်လိမ်မာမာနေနော်။ ဦးလေး ရက်ပိုင်းအတွင်း သားဆီလာလည်မယ်။"
"ဟုတ် ဟုတ်!" ကျွမ်းကျွမ်း သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ့မျက်နှာမှာ ရွှင်လန်းမှုနှင့် ပြည့်နေသည်။
ချင်းအန့်မင် ခေါင်းညိတ်ပြီး ထလိုက်သည်။ သူ ရှောင်းကောကိုကြည့်ပြီး နူးညံ့စွာပြောခဲ့သည်။ "အစ်ကိုသွားတော့မယ်"
"ဟုတ်၊ အပြန်လမ်းမှာ ဂရုစိုက်သွားဦး"
ရှောင်းကော ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ရထားလုံးကိုကြည့်ပြီးနောက် သားအမိနှစ်ယောက် အိမ်ထဲပြန်ဝင်ခဲ့ကြသည်။
လမ်းတွင် ရူယီသည် ရထားပေါ်တွင် သက်တောင့်သက်သာဖြင့် ကွေးနေသည်။ သူမရဲ့ဝတ်ရုံနဲ့ သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ပတ်ထားပြီး အပြင်မှာ ထိုင်နေတဲ့ ချင်းအန့်မင်ကို ပြောလိုက်သည်။ "ကျွမ်းကျွမ်းက အရမ်းအသိတရားရှိတယ်နော်။ ကလေးက လမ်းမှာ ဂရုစိုက်သွားဖို့ ကျွန်မတို့တွေကို သတိတောင်ပေးလိုက်သေးတယ်"
ထိုစကားကိုကြားသောအခါ ချင်းအန့်မင် ပြုံးလိုက်သည်။ "ကျွမ်းကျွမ်း အမြဲတမ်း အသိတရားရှိတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ ပိုလို့တောင် အသိတရားရှိလာပြီ"
“မှန်တယ်၊ မှန်တယ်။” ရူယီ ကန့်လန့်ကာကို မလိုက်ပြီး သူ့ရဲ့ စွဲလန်းနေတဲ့ အမူအရာကို ကြည့်လိုက်သည်။ သူမ သဘောထားကြီးစွာ ပြောလိုက်သည်။ "ကျွမ်းကျွမ်းက အတိတ်မှာကော၊ အခုရော အနာဂတ်မှာပါ အသိတရားရှိမှာပါ။ ဒါကိုလုံလောက်ပြီလား"
ချင်းအန့်မင်က လှည့်တောင်မကြည့်ဘူး။ သူက ပခုံးတွန့်ပြီးပြောခဲ့သည်။ “ဒါဟာ အမှန်တရားပဲလေ”
"ဟား၊ လာစမ်းပါ၊ အစ်ကိုတကယ် သည်းမခံနိုင်ဘူးပဲ"
ရူယီ ရယ်မောလိုက်သည်။ အစ်ကိုအန့်မင်က တကယ်ကို သည်းမခံနိုင်ဘူးပဲ။
ချင်းအန့်မင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
ရထားလုံးသည် ခါတိုင်းကဲ့သို့ ရွာဝင်ပေါက်မှ မောင်းထွက်လာသော်လည်း ဂိတ်ဝတွင် ရထားလုံးအုပ်စု ဖြတ်သန်းသွားခဲ့သည်။
ရူယီ သူတို့ကို တွေ့လိုက်သည်။ သူတို့ရထားလုံးက အဝေးကိုရောက်သွားပြီးတဲ့နောက် သူမ ချင်းအန့်မင်ကိုမေးခဲ့သည်။ "အစ်ကိုအန့်မင်၊ ဒီရထားလုံးတွေကို ရင်းနှီးနေတယ်လို့ ထင်လား"
ချင်းအန့်မင် သူမညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်ရာ ရထားလုံးနောက်ကျောကိုသာ မြင်လိုက်ရသည်။ ရထားလုံးတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သောကြောင့် ခေါင်းကိုသာ ခါယမ်းလိုက်သည်။ "မသေချာဘူး"
"ညီမ မမှားဘူးဆိုရင် ဒီမနက် မနက်စာစားဖို့ ညီမတို့ဆိုင်ကို လာကြတဲ့သူတွေ အကုန်လုံး ဒီလိုပုံစံ ရထားလုံးတွေရောက်လာကြတာ"
“လမ်းတွေမှာ ပုံစံတူ ရထားလုံးတွေနဲ့ ပြည့်နေတာပဲ။ အဲဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး” ချင်းအန့်မင်က သိပ်ပြီး မစဉ်းစားပေ။ နောက်ဆုံးတော့ ရထားလုံးအများစုဟာ အတော်လေးကို တူသည်။ ခြားနားချက်တွေကို သူ မပြောနိုင်ဘူး။
“သူတို့က မတူဘူး။” ရူယီ အရမ်းသေချာသွားပြီ။ “မနက်စာလာစားတဲ့ လူတွေရဲ့ ရထားလုံးပေါ်မှာ ထူးခြားတဲ့ သင်္ကေတတစ်ခု ရှိတယ်။ သာမန်ရထားလုံးပေါ်မှာ မတွေ့မိပေမယ့် ဖြတ်သွားတဲ့ ရထားလုံးပေါ်မှာ တွေ့လိုက်ရတယ်။”
"မင်း အမြင်မှားနေတာလား" ချင်းအန့်မင် ရေရွတ်လိုက်သည်။ "နောက်ပြီး တစ်ချက်ကြည့်လိုက်တဲ့ဟာ ဒီအရာတွေအားလုံးကို မြင်နိုင်ပါ့မလား"
"အသေအချာပဲ၊ အဲဒါတွေအားလုံးက တစ်ပုံစံတည်းတူတဲ့ ရထားလုံးတွေပဲ!"