အခနိး (၂၂၈)
Vol. 16 Ch. 228
ရူယီက သူမ မြင်ခဲ့တဲ့ဟာက မှန်တယ်ဆိုတာ သေချာသည်။ ထို့အပြင် သူမက ခရိုင်မှာ ကြီးပြင်းလာခဲ့ပြီး မရေမတွက်နိုင်သော ရထားလုံးများကို မြင်တွေ့ခဲ့ဖူးသည်။ သူမရဲ့ကိုယ်ပိုင်ရထားလုံးပဲဖြစ်ဖြစ် ဖြတ်သန်းသွားသူတွေဟာပဲဖြစ်ဖြစ်၊ သူတို့ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နိုင်သည်။ သူမမြင်လိုက်ရတဲ့ ရထားလုံးတွေက သူတို့ရဲ့ ဒီဇိုင်းနဲ့ အလှဆင်မှုအရ အတော်လေးကို ကွဲပြားသည်။ ထို့ကြောင့် သူမသည် ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မှတ်မိနိုင်ခဲ့သည်။
"သူတို့ မက်မွန်ပွင့်ရွာမှာ ဘာလာလုပ်ကြတာလဲ"
ရထားလုံးတွေ ရွာထဲကို ဝင်လာတာကို ကြည့်ရင်း ရူယီ က စပ်စုကာမေးခဲ့သည်။
ချင်းအန့်မင် ခေါင်းခါလိုက်သည်။ သူဘယ်လိုလုပ်သိမှာလဲ?
“ဒီလိုရထားလုံးတွေက အများအားဖြင့် ချမ်းသာတဲ့သူတွေ ဒါမှမဟုတ် မြင့်မြတ်တဲ့ သူတွေနဲ့ သက်ဆိုင်တယ်။ မြင်းတိုင်းက မြင့်ပြီး သန်မာကြတယ်။ ဒါ့အပြင် သူတို့က သစ်ကြားသား ဒါမှမဟုတ် စန္ဒကူးသားနဲ့ လုပ်ထားတာ။ အများစုကတော့ ဒီလိုပစ္စည်းတွေကို သုံးဖို့ မတတ်နိုင်ကြဘူး"
ရူယီသည် ယာဉ်တန်းထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်နေဆဲဖြစ်သည်။
"မင်းပြောနေတဲ့ ဒီရထားလုံး အမျိုးအစားအတွက် မင်းမှာ ပြင်းပြတဲ့ဆန္ဒရှိနေတယ်လို့ အစ်ကို ပြောနိုင်တယ်" ချင်းအန့်မင် ပြုံးလျက်ပြောလိုက်သည်။
ထိုလူ၏ အပြုံးကိုမြင်တော့ ရူယီ အာရုံတွေပြန်ရောက်လာပြီး ဟွန့်ခနဲ နှာမှုတ်လိုက်သည်။ “ဘယ်သူက အဲ့တာကို မလိုချင်မှာလဲတဲ့။ အဝါရောင်သစ်နက်က ညီမရဲ့အိမ်မက်ပဲ။ အဲဒီလို ရထားလုံးတစ်စီး ပိုင်ဆိုင်နိုင်ရင် အိပ်မက်ထဲမှာတောင် ညီမ ရယ်နေလိမ့်မယ်”
"မင်းအဲ့တာကို မတတ်နိုင်တာ မဟုတ်ဘူး၊ ငါတို့သွားပြီးတော့ နောက်မှ သစ်နက်သားရထားလုံး သွားယူကြမယ်။"
ချင်းအန့်မင်က သူမဆန္ဒကို ချက်ချင်းဖြည့်ဆည်းပေးဖို့ ကူညီပေးနေသလိုပဲ။
သူ သူမကို စနေမှန်း သိသဖြင့် ရူယီက ချင်းအန့်မင်ကို လက်ဖြင့် ပုတ်လိုက်သည်။ "ညီမ ရူးနေတာမှ မဟုတ်ရင် ရထားတစ်ခုလုံးမှာ သစ်နက်သားတွေကို ဘယ်လိုလုပ်သုံးရမှာလဲ"
ဒါကိုကြားတော့ ချင်းအန့်မင် ရယ်လိုက်သည်။ ရူယီက ကပ်စေးနှဲကော်တရာသာ ဖြစ်သည်ကို သူ သိသည်။ ပိုက်ဆံတွေ သူမဆီရောက်လာတာနဲ့ သူမဆီက ခွဲခွာရတာခက်လိမ့်မည်။
"ဆက်ရယ်နေ။ သတိထားဦး ရယ်လွန်းလို့ဗိုက်အောင့်နေအုံးမယ်"
သူစကားပြောပြီးသည်နှင့် ချင်းအန့်မင် ရုတ်တရက် အေးစက်သောလေကို ပါးစပ်ဖြင့် ရှူသွင်းလိုက်မိပြီး ချောင်းဆိုးလာတော့သည်။
ရူယီ ကန့်လန့်ကာကို ချလိုက်ပြီး ရထားလုံးထဲ ပြန်ဝင်သွားကာ ရယ်လိုက်သည်။
—-
ဇိမ်ခံယာဉ်တန်းသည် မက်မွန်ပွင့် ရွာထဲသို့ဝင်ရောက်ပြီးနောက် ရှောင်းကော၏ အိမ်သို့ရောက်ရှိသွားသည်။
သူတို့ထဲက တစ်ယောက်က ရထားလုံးပေါ်က ဆင်းလာပြီး တံခါးခေါက်ခဲ့သည်။
ရှောင်းကော တစ်စုံတစ်ယောက် တံခါးလာခေါက်နေသည့်အသံကိုကြားတဲ့အချိန်မှာ သူမက အိမ်ကို သပ်ရပ်စွာ ပြင်ဆင်နေခဲ့သည်။ သူမ ပဟေဌိဖြစ်သွားသည်။ သူမ တံခါး ပိတ်ထားတာ။ အဲ့တာဘယ်သူဖြစ်နိုင်မလဲ။
"အမေ၊ သား သွားလိုက်မယ်!"
"မသွားနဲ့၊ အမေသွားမယ်။"
ရှောင်းကောက ပြောပြီးပြီးချင်း ပြေးထွက်သွားသော ကျွမ်းကျွမ်း ကို ခေါ်လိုက်သည်။ သူက အဝတ်မဝတ်ဘဲ အပြင်ထွက်ခဲ့သည်။ သူ နေမကောင်းဖြစ်ချင်လို့လား။
သူမ တံမြက်စည်းကို ချလိုက်ပြီး သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ထုပ်ပိုးကာ ထွက်လာခဲ့သည်။
"လာပြီ!"
ခြံထဲသို့ သူမရောက်သည်နှင့် တံခါးခေါက်သံတစ်ခု ထပ်မံထွက်ပေါ်လာသည်။ ရှောင်းကော အမြန်အော်ပြီး တံခါးဆီသို့ အမြန်လျှောက်သွားလိုက်သည်။
"ရှင်က" ရှောင်းကော အိမ်ရှေ့တံခါးကိုဖွင့်လိုက်ပြီး သာမန်ဝတ်ရုံဝတ်ထားသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
ထိုလူသည် နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ စကားမပြောခဲ့ပေ။ ရှောင်းကောကိုသာ ပြုံးပြနေသည်။
"အယ်။ ကွမ်းရှီ?!"
ရှောင်းကော ဘယ်သူဘယ်ဝါဆိုတာကို မြင်ပြီး သူမ၏ မှတ်ဉာဏ်များကို ရှာဖွေခဲ့သည်။ 'ဒါက ဧကရာဇ်အစောင့်တပ်ရဲ့ တပ်မှူး ကွမ်းရှီမလား။ သူမကို မြို့တော်ရဲ့နန်းတော်ဆီ ခေါ်ဆောင်သွားတဲ့ သူမလား'
"သခင်မ၊ ကျွန်တော့်ကို မှတ်မိသေးလား "
"ဟုတ် ကျွန်မ မှတ်မိပါတယ်!" ရှောင်းကော ပြုံးပြီး အပြင်ဘက်က ယာဉ်တန်းကို ကြည့်လိုက်သည်။ သူမ ပဟေဠိဖြစ်သွားသည်။
ကွမ်းရှီက သူ့ရှေ့ကလူက ပဟေဠိဖြစ်နေတယ်လို့ ပြောနိုင်တဲ့အတွက် သူ ရှင်းပြလိုက်သည်။ “သခင်မကို အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က တစ်စုံတစ်ယောက်ကို လိုက်ပို့တာမို့ ဒီကိုရောက်လာတာပါ”
"ဘယ်သူလဲ"
ရှောင်းကော သူ့ကို ကြည့်လိုက်သည်။ ဘယ်သူဖြစ်နိုင်မလဲ။ ဒီလူက အစောင့်အကြပ်လိုနေပြီး သူမနဲ့ ရင်းနှီးတဲ့သူလား။ ဘယ်လိုပဖြစ်ဖြစ် အဲ့တာက ကျန်းတန်းဟယ် မဟုတ်ပေ။ သူသာဆိုရင် မြင်းစီးလာလိမ့်မည်။ သူ့ကို ဒီကိုလိုက်ပို့ပေးမယ့်သူ မလိုပေ။
"ဟုတ်တယ် ကျွန်တော်ပဲ!"
ကွမ်းရှီ စကားမပြောမီ မဝေးလှသော ရထားလုံးပေါ်မှ ငယ်ရွယ်ပြီး အသက်ဝင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံကို သူမ ကြားလိုက်သည်နှင့် ရှောင်းကော၏ မျက်ခွံတွေ လှုပ်သွားပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။
ခွဲခြား၍မရသော အဝိုင်းပုံသဏ္ဍာန်ရှိသော ကုလားကာကို မကာ ရထားလုံးအပြင်ဘက်တွင် ရဲဝံ့စွာ ရပ်နေသည်။ သူ့လက်တွေက ခါးထောက်ထားပြီး ရှောင်းကော ကို သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ ကြည့်နေသည်။ သူ့နောက်ကျောမှာ ဖောင်းနေတဲ့ အိတ်ကြီးတစ်လုံးရှိသည်။ ရံဖန်ရံခါ သူ့ပါးစပ်မှ ရယ်မောသံများကို ကြားနေရသည်။
“အင်း…”
ရှောင်းကော သူမ၏ မျက်လုံးတွေကို မှေးကြည့်ပြီး အနီးကိုရွှေ့လာသည်။ မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး "ရှောက်ယိ?!"
သူမ သူ့နာမည်ကို အလိုလိုခေါ်လိုက်မိသည်။ မျှော်လင့်ထားသည့်အတိုင်း အမွှေးလုံးကလေးက ရယ်သည်။ "ဟုတ်တယ်ကျွန်တော်ပဲ!"
အဲဒါနဲ့ သူ ခုန်ဆင်းသွားသည်။ အနီးနားရှိလူတွေက ထိတ်လန့်သွားသဖြင့် ဒဏ်ရာရမရ စစ်ဆေးရန် အလျင်အမြန် ပြေးလာကြသည်။ ရှောက်ယိ စိတ်မရှည်စွာဖြင့် သူတို့ကို တွန်းထုတ်လိုက်ပြီး ရှောင်းကောကို ပွေ့ဖက်လိုက်သည်။
ရှောင်းကော ထိုင်ချလိုက်ပြီး သူ့ကို ပြန်ပွေ့ဖက်လိုက်သည်။ "မတွေ့တာကြာပြီနော် ရှောက်ယိ ..."
ရှောက်ယိ ရှောင်းကောကို ပွေ့ဖက်ထားပြီး ခက်ခက်ခဲခဲအသက်ရှုနေကာ နောက်စက္ကန့်တွင် သူ ငိုမိမည်ကို ကြောက်သည်။ သူ သူမကို အရမ်းလွမ်းနေတာ။
ရှောင်းကောက သူ့ကို ချီဖို့ ကြိုးစားလိုက်ပြီး သူ့ကို လွယ်လွယ်ကူကူ မြှောက်နိုင်ခဲ့သည်။
အမှန်တော့ သူမ သူ့ကို ပထမဆုံးမြင်လိုက်ရတော့ ရှောက်ယိနဲ့ ကျွမ်းကျွမ်းတို့သည် ဘောလုံးလေးတွေလို ဝိုင်းစက်ကြနေခဲ့သည်ကို သူမ သတိပြုမိခဲ့သည်။ ဒါပေမယ့် သူမ သူ့ကို ကောက်ချီလိုက်သောအခါ ရှောက်ယိက မျှော်လင့်ထားသလောက် မလေးကြောင်း သူမ သိလိုက်ရသည်။ သူက ထူထဲသောအဝတ်အစားကို ဝတ်ထားသောကြောင့် ဝတယ်လို့ထင်နေရတာ ဒါပေမယ့် ကျွမ်းကျွမ်းကတော့ အစိုင်အခဲဘောလုံးဝိုင်းဝိုင်းလေးဖြစ်နေပြီ။
" ရှောက်ယိ ဒီလိုဘယ်လိုလုပ် ရောက်နေတာလဲ။"
ရှောင်းကော အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ ဒီကလေးကို သူမ တွေ့ခဲ့ဖူးတာကြာသွားပြီ။ သူမ တကယ်ပဲ သူ့ကို လွမ်းနေတာ။
"ဒီနေ့က ကျွမ်းကျွမ်းရဲ့ မွေးနေ့မဟုတ်လား။ ကျွန်တော် နန်းတော်ကနေ ထွက်ခဲ့တာ ကြာပြီ၊ ဒီကိုရောက်ဖို့ အချိန်တော်တော်ကြာတာပဲ" ရှောက်ယိက ရှောင်းကောကို ညည်းတွားပြလိုက်သည်။
ရှောင်းကော သူ့အတွက် နာကျင်နေသည်။ ဒီလိုကလေးငယ်လေးကို ဘာလို့ တစ်ယောက်တည်း လွှတ်ရတာလဲ။
သူမ၏ မျက်လုံးတွေထဲမှာ ဇိမ်ခံရထားလုံးနှင့် အစောင့်အကြပ်များကို လျစ်လျူရှုထားခဲ့သည်။ သူမ ရှောက်ယိ အကြောင်းကိုသာ တွေးနေခဲ့သည်။ သူသည် ကျွမ်းကျွမ်း၏ မွေးနေ့ပွဲကို ကျင်းပပေးရန် ဤနေရာသို့ လမ်းတစ်လျှောက်လုံး ခရီးထွက်ခဲ့ရသည်။ အံ့သြခြင်းမှလွဲ၍ သူမ ထိမိသွားပြီး သူ့အတွက် နှလုံးသား နာကျင်သွားသည်။
"ကျွမ်းကျွမ်းကတော့ ရှောက်ယိကို တွေ့ရလို့ အရမ်းပျော်နေတော့မှာပဲ !"
ရှောက်ယိ ခေါင်းညိတ်လိုက်ပြီး ဒီနေ့၏ကြယ်ပွင်ြကို ရုတ်တရက် တွေးလိုက်သည်။ "ကျွမ်းကျွမ်းကော "
သူမေးပြီး သူ့သူငယ်ချင်းကို လှည့်ပတ်ကြည့်ခဲ့သည်။
"သူ အိမ်ထဲမှာ ရှိတယ်။ ဝင်သွားလိုက်!"
စကားပြောနေစဉ် ရှောင်းကောက တံခါးကိုတွန်းဖွင့်ပြီး ရှောက်ယိ ကို ဝင်ခွင့်ပြုခဲ့သည်။ ပြတင်းပေါက်မှ တံခါးကို ကြည့်နေတဲ့ ကျွမ်းကျွမ်းက နောက်ဆုံးတွင် ဘယ်သူရောက်လာသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေကို အံ့မခန်းဖြစ်သွားကာ စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် "ရှောက်ယိ ရှောက်ယိ ရှောက်ယိ!!" ဟု စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"ကျွမ်းကျွမ်း! ကျွမ်းကျွမ်း! ကျွမ်းကျွမ်း!"
ရှောက်ယိက ကျွမ်းကျွမ်းရဲ့ နာမည်ကို လှမ်းအော်လိုက်ကာပြေးသွားသည်။ ကလေးနှစ်ယောက်ဆုံတွေ့ကြတဲ့အခါ သူတို့ရဲ့အော်သံက တစ်အိမ်လုံးကို ခါသွားစေခဲ့သည်။ တိရိစ္ဆာန်အားလုံး၏ အော်ဟစ်သံက ခြံဝင်းအတွင်း ထွက်ပေါ်လာသည်။
ရှောင်းကောက ဒါကိုမြင်ရလို့ ဝမ်းသာနေပေမယ့် ကွမ်းရှီဆီက ပိုသိချင်တာကြောင့် ဆူညံသံတွေကို လျှော့ချဖို့ တံခါးကို အရင်ပိတ်ခဲ့သည်။
"ကွမ်းရှီ၊ ဘာတွေဖြစ်နေတာလဲ"
ရှောင်းကောက သူမဘေးမှာ ငြိမ်ငြိမ်လေးရပ်နေတဲ့လူကို မေးလိုက်သည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က အိမ်ရှေ့စံမင်းသားက ကျွမ်းကျွမ်းရဲ့မွေးနေ့ပွဲကျင်းပပေးဖို့ဆိုပြီး နန်းတော်ကနေထွက်ဖို့အတွက် ဘုရင်မင်းမြတ်ဆီ အသနားခံခဲ့ပါတယ်။ ကျွန်တော်တို့ကို အိမ်ရှေ့စံမင်းသားကို ခေါ်ဆောင်ခွင့်ပြုဖို့ ဝန်လေးစွာနဲ့ခွင့်မပြုခင်အထိ သူ အချိန်အတော်ကြာအောင် တောင်းဆိုခဲ့တာပါ "
ကွမ်းရှီ ရှင်းပြပြီးနောက် ရှောင်းကော တုံ့ဆိုင်းသွားသည်။ "ရှင်တို့ ဘယ်တော့ပြန်ကြမှာလဲ"
သူမ ဤအရာကို ပိုမိုသိရှိရန် သက်သက်မေးခဲ့သည်။ သူမရဲ့စကားအတွက် အခြားအဓိပ္ပါယ်မရှိပေ။
“ကျွန်တော့်ရဲ့ ပဏာမခန့်မှန်းချက်ကတော့ နောက်သုံးရက်လောက်ပေါ့ "
ထိုအချိန်တွင် ကွမ်းရှီသည် တစ်နေရာမှ အိတ်ကြီးတစ်လုံးကို ထုတ်ကာ ရှောင်းကောအား ပေးလိုက်သည်။
ရှောင်းကော ၎င်းကိုလက်ခံရန် မသိစိတ်က လှမ်းယူခဲ့သော်လည်း သူမ မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ခြင်းမရှိမီတွင် ချော်ထွက်သွားခဲ့သည်။ ဖမ်းဖို့ သူမ လက်နှစ်ဖက်လုံးကို အသုံးပြုလိုက်ရသည်။ ကွမ်းရှီက လက်တစ်ဖက်နဲ့ မြှောက်ထားတာကို သူမမြင်လိုက်တော့ သူလည်း ဒီလို လုပ်နိုင်တာပဲလို့ တွေးလိုက်မိသည်။ ဒါပေမယ့်လည်း သူမသည် အလေးချိန်ကို လျှော့တွက်ခဲ့ပြီး သူ့ကိုယ်သူ အရူးလုပ်လုနီးပါး ဖြစ်ခဲ့သည်။
“ဂရုစိုက် သခင်မ”
"အဆင်ပြေပါတယ်၊ အဆင်ပြေတယ်"
သူမကို စိတ်ပူနေတာကိုမြင်တော့ ရှောင်းကောက ပိုရှက်သွားသလို ခံစားရသည်။
"သခင်မ၊ ဒါက အိမ်ရှေ့စံမင်းသားဟာ။ သူ့အဝတ်အစားနဲ့ တခြားလိုအပ်တာတွေ ပါတယ်။ နောက်ရက်အနည်းငယ်လောက်ထိ သူ့ကို ပြုစုဖို့ သခင်မကို ဒုက္ခပေးရတော့မယ်!"
ကွမ်းရှီက အရာအားလုံးကို ရှင်းပြပြီးနောက် ရှောင်းကော ခေါင်းညိတ်လိုက်သည်။ "ရှင်တို့တွေကကော"
“အိုး၊ ကျွန်တော်တို့ သခင်ကို မနှောင့်ယှက်တော့ပါဘူး သခင်မ၊ ကျွန်တော်တို့အတွက် နေရာတစ်ခု စီစဉ်ပေးဖို့ ရွာသူကြီးကို ကျွန်တော် တောင်းဆိုထားပြီးပြီ”
ရှောင်းကော ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါတယ်၊ ကျွန်မအိမ်က လူအများကြီး မဆံ့နိုင်ဘူး"
ကွမ်းရှီသည် ရှောင်းကောဆီ အရာအားလုံးကို အပ်ပြီးသွားတဲ့နောက်၊ ရွာသူကြီး ရောက်လာသည်။ ထို့နောက် ယာဉ်တန်းသည် ရွာသူကြီးနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ယာဉ်တန်းထွက်ခွာတာကိုကြည့်ပြီးနောက် ရှောင်းကော သက်ပြင်းချလိုက်သည်။ ဒါကို သူမ ပျော်သင့်လား။
ဧကရာဇ်က သူမကို ဒီလောက်ထိယုံကြည်ထားတာလား။ ဒီနေရာမှာ ရှောက်ယိ တစ်ခုခုဖြစ်ခဲ့ရင်ကော။ သူမမှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်းပါရင်တောင် ဖိအားကို သူမ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး...
ရှောင်းကော ဘယ်လောက်ပဲ စိတ်ပူနေပါစေ သူမ အရမ်းပျော်နေပါသေးသည်။ ရှောက်ယိက အဆင်သင့် ရောက်နေပြီ ဆိုတော့ သူမ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးမှာ သေချာသည်။
သူမ အထုပ်အပိုးကို အစွမ်းကုန်အားထုတ်ပြီး ပခုံးပေါ်တင်လိုက်သည်။ တံခါးကို တင်းတင်းစေ့ပြီး အိမ်ထဲသို့ ဝင်သွားခဲ့သည်။ သူမ ကျွမ်းကျွမ်းကို ပြုစုရန် လိုအပ်နေပြီ ဖြစ်သောကြောင့် နောက်ထပ် ကလေးတစ်ယောက်ကိုပြုစုရတာက ထူးထူးခြားခြား ရှိလာမည်မဟုတ်ပေ။ အရင်က မလုပ်ဖူးတာမျိုးလည်း မဟုတ်ဘူး။
မြို့တော်တွင် သူမသည် ကျန်းတန်းဟယ်၏ အိမ်တော်ကြီးတွင်နေခဲ့စဉ်က သူမ ကလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်ရန် အလွန်ကောင်းမွန်သောအလုပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။ ဒါကြောင့် ဖိအားလုံးဝမရှိပေ။ ပေါ့ပေါ့ပါးပါးပဲ…