← Chapters

အခန်း (၂၃၀)

Vol. 16 Ch. 230

အခန်း (၂၃၀)

Vol. 16 Ch. 230

“အိုး ငါ့နှယ်!”

ရှောက်ယိ သူ့‌ခေါင်းသူ ရိုက်လိုက်သည်။ သူ့မှတ်ဉာဏ်က လုံးဝပျက်နေပြီ။ ဒီလောက် အရေးကြီးတဲ့ ကိစ္စတစ်ခုကို သူ မေ့လုနီးပါးပင်။

ရုန်းရင်းဆန်ခတ်ဖြစ်သံကိုကြားတော့ ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး သူ့အမှားကို နားမလည်သောကြောင့် ရှောက်ယိကို လှည့်ကြည့်လိုက်သည်။

ရှောက်ယိ အိပ်ရာပေါ်ပြေးသွားပြီး အထုပ်ကိုယူခဲ့သည်။ ဖွင့်ကြည့်လိုက်တော့ အရုပ်ပုံထဲက စာတစ်စောင်ကို ရှာတွေ့ခဲ့ပြီး ရှောင်းကောကို ပေးလိုက်သည်။

ရှောင်းကော စိတ်ရှုပ်ထွေးနေပုံရသည်။ သူမ အဲ့တာကိုယူလိုက်ပြီး ရှောက်ယိကို တစ်ချက်ကြည့်လိုက်သည်။ "အဒေါ့်အတွက်လား"

ရှောက်ယိ ခေါင်းညိတ်လိုက်ပြီး သူမယူသွားတာကို မြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ တာဝန်ပြီးသွားပြီ။

ရှောက်ယိထံမှ ခေါင်းညိတ်ပြတာကိုခံရပြီးနောက် ရှောင်းကော စိတ်ရှုပ်ထွေးစွာဖြင့် လက်မှတ်မထိုးထားသော စာအိတ်ကို ဖွင့်လိုက်သည်။ ဖွင့်ကြည့်လိုက်တာနဲ့ လက်ရေးက ဘယ်သူရေးမှန်း သိသွားသည်။

ထိုလူမှလွဲ၍ အခြားဘယ်သူမှ သူမကို ဒီလိုခံစားရစေနိုင်မှာလဲ။ သူ၏ ကြည့်ကောင်းတဲ့ လက်ရေးက သူမအား မြင်းရိုင်းတစ်ကောင်လို နှလုံးခုန်စေခဲ့သည်။

မျှော်လင့်ထားသလို အစပျိုးထားတာကတော့ အတူတူပါပဲ။ “ကိုယ့်ရဲ့ချစ်ဇနီးလေး နေကောင်းရဲ့လား…”

ရှောင်းကော ရှက်စိတ်ဖြင့် သူမအနီးသို့ ချဉ်းကပ်နေသော ခေါင်းလေးနှစ်လုံးဆီမှ ရုန်းထွက်ရန် ကြိုးစားခဲ့သည်။

သူမ ထပြီး ကလေးနှစ်ယောက်နဲ့ ခပ်လှမ်းလှမ်းက ထောင့်တစ်နေရာကို သွားလိုက်သည်။ ထို့နောက် သူမ စာကိုပြန်ကြည့်ခဲ့သည်။

ရှောက်ယိ မျက်တောင်ခတ်လိုက်ပြီး ကျွမ်းကျွမ်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ "အဲဒီစကားလုံးတွေက ဘာကိုဆိုလိုတာလဲ"

ကျွမ်းကျွမ်း ထိုစကားကိုကြားသောအခါ မနှစ်မြို့တော့ပေ။ "မင်း ထပ်ပြီးတော့ စာမလေ့လာပြန်ဘူးလား"

ရှောက်ယိ ကျွမ်းကျွမ်း၏အကြည့်ကို ရှောင်လိုက်ပြီး “… မဟုတ်ဘူး” ဟု အားလျော့စွာ ပြန်ပြောလိုက်သည်။

“ဟူး…” ကျွမ်းကျွမ်းက ရင့်ကျက်သလို ပြုမူပြီး သူ့နဖူးကို ကိုင်လိုက်သည်။ ရှောက်ယိကို ဒီလိုမျိုးမြင်လိုက်ရတော့ ပြစ်တင်ရှုံ့ချဖို့ မခံနိုင်တော့ပေ။သူ သူ့ကိုရှင်းပြဖို့လုပ်ခဲ့သည်။ “ပထမစကားလုံးနှစ်လုံးက ကိုယ့်ဇနီးလေးဆိုတာကို ရည်ညွှန်းတာ။ ကျန်တဲ့သုံးလုံးက စာကိုဖတ်နေမယ်လို့ မျှော်လင့်ပါတယ်တဲ့။ စကားလုံးတွေ အားလုံး ပေါင်းလိုက်ရင် နှုတ်ဆက်နေတာ”

သူ့အသံက ကလေးလိုပါပဲ၊ ဒါပေမယ့် သူပြောသမျှစကားတိုင်းက တိကျပြီး အဓိပ္ပါယ်ရှိသည်။ ဒါက သူ့ရဲ့ fan boy ရှောက်ယိအား သူ့ကို ပိုပိုပြီး လေးစားလာစေသည်။

“အိုး…” အဲ့တော့ ဒီလို အဓိပ္ပာယ်ပဲ။ ရှောက်ယိ ဉာဏ်အလင်းရသွားသည်။

ကျွမ်းကျွမ်း ထိန်းဖို့ ကြိုးစားပေမယ့်သူ မတတ်နိုင်ခဲ့ပေ။ "ရှောက်ယိ၊ မင်း ဒီလိုဆက်သွားနေလို့မဖြစ်ဘူး။ မင်း စာကိုကြိုးကြိုးစားစားလုပ်ရမယ်။ မင်းအားလပ်ချိန်တွေမှာ စာလုပ်မှရမယ်။ ငါ့အမေကပြောတယ်....."

"ကျွမ်းကျွမ်း ကျွမ်းကျွမ်း ငါနားလည်တယ်။ ငါပြန်သွားရင် ငါကြိုးကြိုးစားစားနဲ့ စာလုပ်မယ်လို့ ကတိပေးတယ်"

သူပြန်စလာတော့မယ်ဆိုတာကို မြင်လိုက်တော့ ရှောက်ယိက သူ့အမှားကို အမြန်ဝန်ခံလိုက်သည်။ အကယ်၍ သူ ကျွမ်းကျွမ်းပွစိပွစိ ပြောတာကို မတားခဲ့ပါက သူစကားပြောလို့ပြီးသည့်အချိန်က မိုးလင်းမှ ဖြစ်ပေလိမ့်မည်။ ဒီလိုဖြစ်မှာကို သူ မတတ်နိုင်ဘူး။

“ဟုတ်ပြီ၊ ဟုတ်ပြီး၊ မင်းက အလားအလာရှိတဲ့ ကလေးပဲ”

ကျွမ်းကျွမ်းသည် လမ်းလွဲခဲ့သော ကလေးအား အကြံဉာဏ်ပေးခြင်းအတွက် ပြီးမြောက်အောင်မြင်မှုကို ခံစားရပြီး မှန်ကန်သောလမ်းကြောင်းဆီသို့ ပို့ဆောင်ပေးခဲ့သည်။

ရှောက်ယိ ပြုံးလိုက်သည်။ ကျွမ်းကျွမ်းက တစ်ခုမှလွဲ၍ အရာရာတိုင်းတွင် ကောင်းမွန်သည်။ သူက အရမ်းငယ်ပေမယ့် ပွစိပွစိပြောရတာ ကြိုက်တယ်...

ဒါပေမယ့်လည်း သူက ကျွမ်းကျွမ်းကို အနှစ်သက်ဆုံးဘဲ။

ရှောင်းကောက ထောင့်တစ်နေရာမှာ နေနေပြီး စာဖတ်နေသည်။ ကျန်းတန်းဟယ် ဘာကြောင့် ဒီလောက် နူးညံ့နေလဲ မသိပေ။ ပုံမှန်အတိုင်းပြောနိုင်ရင် ပိုကောင်းသည်။ သူ ဒီလို ယဉ်ကျေးသိမ်မွေ့တဲ့အပြုအမူနဲ့တောင် ရေးထားသည်။ သူမ ဖတ်ရတာ သိပ်အဆင်မပြေဘူး—ကျွမ်းကျွမ်း အဲဒီစကားလုံးတွေကို ဘယ်လိုဖတ်နိုင်တာလဲ။ သူ စာကို ကြံ့ကြံ့ခံပြီး ရေးထားမယ်လို့ ထင်သည်။

"ဒီစာကို ကျွမ်းကျွမ်းရဲ့မွေးနေ့မှာ ပို့ပေးနိုင်လိမ့်မယ်။ သူ့ရဲ့ထူးခြားတဲ့နေ့မှာ ကိုယ့်ကိုကူပြီး သူ့ကို ဂုဏ်ပြုပေးပါဦး။ ကိုယ် သူ့အနားမှာ မနေနိုင်ပေမယ့် မင်းတို့ကို ကိုယ် နေ့ရောညပါ လွမ်းနေပါတယ်..."

စာရွက်နှစ်ရွက်ပါသော စာတစ်စောင်ဖြစ်သည်။ အကြောင်းအရာ၏ သုံးဆယ်ရာခိုင်နှုန်းသည် ကျွမ်းကျွမ်း အကြောင်းပြောရန် အသုံးပြုထားသည်။ ကျန်နေသည့်စာများတွင် ရှောင်းကောကို သူဘယ်လိုနေခဲ့ရလဲ၊ သူ ဘယ်လိုခံစားနေရလဲ၊ သူမကို ဘယ်လောက်လွမ်းဆွတ်နေလဲဆိုတာ ပြောပြထားသည်။ ရှောင်းကော ဆက်ဖတ်လေလေ သူမ ရှက်လာလေလေပဲ။ စကားလုံးများကို စာထဲမှာရေးထားသော်လည်း ကျန်းတန်းဟယ်က သူမ၏ နားထဲသို့ တိုးတိုးလေး ပြောနေသည်ဟု သူမ ခံစားခဲ့ရသည်။ သူ့စကားထဲက စိတ်အားထက်သန်နေတဲ့ စိတ်ခံစားမှုတွေက စာလုံးထဲကနေ ပေါက်ကွဲထွက်လာပြီး သူမအနားကို ပျံသန်းသွားခဲ့သည်။

သူမစာစဖတ်သည့်အချိန်မှစ၍ ရှောင်းကော၏ ခြေချောင်းတွေက သူမဖိနပ်၏ ဖိနပ်ခုံတွေကို ထိုးနေပြီဖြစ်သည်။

ရိုးရိုးသားသားပြောရလျှင် ကျန်းတန်းဟယ်က စကားပြောပြေပြစ်တဲ့သူ ဖြစ်လာပုံရသည်။ အရင်တုန်းကတော့ သူ့စာတွေဖတ်တဲ့အခါ သူမ ရှက်ပြီးထိမိသလို ခံစားရပေမယ့် ဒီတစ်ခါတော့ သူမအတွက် နည်းနည်း များလွန်းသည်။ စာကိုမဖတ်ခင်မှာ အချစ်က ဒီလောက်ဆန်းကြယ်တယ်လို့ သူမ တစ်ခါမှ မတွေးဖူးပေ။ သူမဖတ်လေလေ၊ ကျန်းတန်းဟယ်၏ အရေးအသားပုံစံနှင့် လုံးဝမတူကြောင်း သူမ ပိုခံစားရလေလေပဲ။

စာကိုဖတ်ရုံဖြင့် စာရေးဆရာက ကျန်းတန်းဟယ်နှင့်တူမည်ကို ဘယ်သူမျှ စိတ်ကူးယဉ်မိမှာ မဟုတ်ပေ။ စာရေးဆရာကို နေ့တိုင်း ပန်းတိုင်မဲ့စွာ နေထိုင်နေတဲ့ သနားစရာကောင်းတဲ့ ပညာရှင်တစ်ဦးဟု တွေးထင်မိကြပေမည်။

နောက်စာတစ်ပိုဒ်ကိုတွေ့လိုက်ရတော့ သူမရဲ့ခံစားချက်တွေ ပေါက်ကွဲသွားသည်။

"မင်းရဲ့အင်္ကျီလက်နဲ့ မင်းရဲ့လက်တွေကို ကိုယ်ကိုင်ထားရတဲ့အချိန် ကိုယ့်ရဲ့ဘဝက မင်းအပိုင်ပဲ။ ကိုယ်တို့အတူတူ အသက်ရှင်ပြီး အတူတူသေကြမယ်..."

“ဟွန့်…”

ရှောင်းကော သူမ၏ ဇီဝကမ္မတုံ့ပြန်မှုကို မထိန်းနိုင်ဘဲ၊ သူမ အမှန်တကယ် မအီမသာဖြစ်နေသည်ဟု ခံစားရသည်။

"ကျွမ်းကျွမ်း၊ စာထဲက ဘာပြောထားမယ်လို့ထင်လဲ"

ရှောက်ယိသည် ရှောင်းကောဘက်က အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ အစကတည်းက ရှောင်းကောရဲ့အမူအရာက ထူးဆန်းသလိုလို ခံစားရသည်။ တစ်စုံတစ်ယောက်အား ဤမျှဖော်ပြ၍မရသောအမူအရာကို ဖော်ပြစေနိုင်ဖို့ စာထဲမှာ ဘယ်လိုအကြောင်းအရာတွေပါနေတာလဲ။ သူ အကျပ်ရိုက်နေသည်။ ဒီအမူအရာကို စစ်သူကြီးကျန်းဆီ သူ ဘယ်လိုဖော်ပြပေးရမှာလဲ။ ပျော်ရွှင်နေတဲ့မျက်နှာမဟုတ်ဘူး ဒါပေမယ့် မကြိုက်တဲ့ပုံစံလည်း မဟုတ်ဘူး။

“ငါ မသိဘူး၊ အဲဒါက ငါတို့ ဖတ်လို့ရမယ်လို့ ငါ မထင်ဘူး။”

ကျွမ်းကျွမ်း ခေါင်းခါလိုက်သည်။ ဘာရေးထားမှန်း မသိပေမယ့် သူ့အမေရဲ့ အမူအရာအရတော့ ကလေးတွေအတွက် မသင့်တော်တာ ဖြစ်နိုင်သည်။

"ဘာလို့အဲ့လိုပြောတာလဲ"

ရှောက်ယိက ကျွမ်းကျွမ်းရဲ့ အဓိပ္ပါယ်ကို နားမလည်ပေ။ သူမရဲ့မျက်နှာကနေ သူ ဘာလို့ ဘာကိုမှ မပြောနိုင်ရတာလဲ။

ကျွမ်းကျွမ်း စကားမပြောခဲ့ပေ။ သူ မော့ကြည့်လိုက်ပြီး ရှောင်းကောကို ကြည့်ဖို့ လက်ဟန်ပြသည်။ ရှောက်ယိ ထောင့်နားက လူကို လေးလေးနက်နက်ကြည့်ခဲ့သည်။

စာထဲကအကြောင်းအရာများသည် အနည်းနှင့်အများ ဖုံးကွယ်ထားသောကြောင့် ရှောင်းကော ရှင်းရှင်းလင်းလင်း အပြစ်ရှိသလို ခံစားခဲ့ရသည်။ ရံဖန်ရံခါ သူမ မော့ကြည့်လိုက်တော့ ကလေးနှစ်ယောက်က ခိုးကြည့်နေကြသည်။ ထို့အပြင် သူမသည် ထိုစကားလုံးများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ခံစားခဲ့ရသောကြောင့် ဖြစ်စဉ်တစ်ခုလုံးတွင် သူမ အနည်းငယ် လျှို့ဝှက်နေပုံရသည်။

"ဟုတ်တယ်နော်!"

ရှောက်ယိမှာ ကျွမ်းကျွမ်းနဲ့ တူညီတဲ့ခံစားချက်ရှိသည်။ အကြောင်းအရာကို သူ မသိသော်လည်း အဲ့တာက ကလေးများအတွက်တော့ မသင့်တော်ပေ။ ဒါက ငြင်းလို့မရဘူး။

"ငါတို့အဲ့တာကိုဖတ်လို့ရသေးလား"

ရှောက်ယိက စပ်စုခဲ့သည်။ ပထမတော့ သူက ကျွမ်းကျွမ်းနဲ့ အတူ ချောင်းကြည့်ဖို့ သူ့ကို တောင်းဆိုချင်ခဲ့သည်။ ဒါပေမယ့် အခု အကြောင်းအရာတွေကို သူတို့ ခန့်မှန်းပြီးပြီ သူတို့ သွားကြည့်ကြဦးမှာလား။

"ရူးနေလား...သေချာပေါက် မလုပ်ဘူး!"

ကျွမ်းကျွမ်းက ရှောက်ယိကို အိပ်ယာပေါ်ပြန်ဆွဲတင်လိုက်သည်။ ကလေးတွေအတွက် မသင့်တော်ဘူးဆိုတာ သူတို့သိထားပြီးသားမို့ စာကိုဖတ်ကြည်ဖို့ မသင့်ပေ။ ကလေးတွေက လူကြီးတွေရဲ့ ကိစ္စကို မစွက်ဖက်သင့်ပေ။

"ဟုတ်တယ် ငါမသွားတော့ဘူး!"

ရှောက်ယိက ကျွမ်းကျွမ်းနံဘေးမှာ နာခံစွာထိုင်နေသည်။ အကြောင်းအရာများကို မဖတ်တော့ဘဲ ရှောင်းကော၏အမူအရာကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။ နန်းတော်ကို ပြန်ရောက်ရင် စစ်သူကြီးကျန်းကို စကားတစ်ခွန်းပြီးတစ်ခွန်း သူ တင်ပြရမည်။ သူ့ကတိကို သူစောင့်ထိန်းရမယ်!

ကလေးနှစ်ယောက် မျက်တောင်မခတ်ဘဲ ရှောင်းကော ကို ကြည့်နေကြသည်။ ရှောင်းကောသည် နောက်ဆုံးတွင် သူမ၏အဆင်မပြေမှုကို အားတင်းထားပြီး စာကို ပြီးအောင်ဖတ်ခဲ့သည်။ စကားလုံးတွေက သိပ်ကို ကွက်ကွက်ကွင်းကွင်း ဖြစ်နေတယ် ဒါပေမယ့်...

နာကျင်စွာနဲ့ သူမ စာကို ဖယ်လိုက်ပြီး စာအိတ်ထဲ ပြန်ထည့်လိုက်သည်။ ထိုအချိန်တွင် သူမမျာ အတွေးတစ်ခုသာရှိခဲ့သည်။ စာကို ကောင်းကောင်းရေးထားပေမယ့် သူ ဒီလိုမျိုး ထပ်မရေးသင့်တော့ဘူး။

ရှောက်ယိ သည် သူမစာကို ဖယ်လိုက်သည်ကိုမြင်သောအခါ သူ သက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းထောက်မစွာနဲ့ သူမ ဖတ်ပြီးသွားပြီ။ သူမရဲ့ အမူအရာတွေက ပိုရှုပ်ထွေးနေတယ်ဆိုရင်တောင် အဲ့တာတွေကို သူ မှတ်မိဖို့ ခက်ပါလိမ့်မည်။ သူသည် ဤအမူအရာအနည်းငယ်ကို အချိန်အတော်ကြာအောင် အလွတ်ကျက်ခဲ့ရသေးသည်။ နှစ်ရက်အတွင်း မေ့သွားခဲ့ရင် ပြီးသွားလိမ့်မည်။

—-

"အိုး! ဟုတ်သားပဲ!" ဝမ်ရှောက်ယိ သူ၏ အတွင်းခံအင်္ကျီနှင့် အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။ သူ ရုတ်တရက် ထထိုင်လိုက်သည်။ သူ တခြားအရာတစ်ခုကို မေ့သွားခဲ့တယ်!

"ဘာဖြစ်တာလဲ"

ကျွမ်းကျွမ်းသည် အိပ်ရာပေါ်မှ ပြေးထွက်ကာ အိတ်ထဲကို အသည်းအသန်နှိုက်နေတဲ့ ရှောက်ယိကို ကြည့်လိုက်သည်။ သူစပ်စုကာ ထလိုက်သည်။

ဂလုတ်၊ ဂလုတ်၊ ဂလုတ်…

ရှောက်ယိသည် သူ့နောက်ဘက်မှာ လက်နှစ်ဖက်ကိုပစ်ထားပြီး ကျွမ်းကျွမ်းဆီသို့ ပြေးသွားပြီး သူ့နောက်မှ ဘူးသေးသေးလေး နှစ်ဘူးကို ထုတ်ယူလိုက်သည်။

"ဒါကဘာလဲ"

"ဒါက မင်းအဖေရဲ့ မွေးနေ့လက်ဆောင်" ရှောက်ယိက သူ့ကို ဘယ်ဘက်လက်ကဟာကို ပေးလိုက်ပြီး ညာဘက်လက်က တစ်ခုကို ပြလိုက်သည်။ "ဒါက မင်းအတွက် ငါ့ရဲ့လက်ဆောင်!"

ကျွမ်းကျွမ်း သူ့ထံမှ ဘူးတွေကို ဝမ်းသာအားရ ယူလိုက်သည်။ "ကျေးဇူးတင်ပါတယ် ရှောက်ယိ !"

"ဖွင့်ပြီးကြည့်လိုက်!"

ကျွမ်းကျွမ်း ခေါင်းညိတ်ပြပြီး ရှောက်ယိရဲ့လက်ဆောင်ကို အရင်ဖွင့်ခဲ့သည်။ သူ့အဖေရဲ့ဟာကို ပထမဆုံး ဖွင့်ချင်ပေမယ့် အဲ့တာက မသင့်တော်ပေ။ ရှောက်ယိက သူ့ရှေ့မှာ ရှိနေတာကြောင့် သူ့လက်ဆောင်ကို အရင်ဆုံးဖွင့်သင့်သည်။

"ဝိုး!" ကျွမ်းကျွမ်း လှပတဲ့ဘူးကိုဖွင့်လိုက်တော့ ထူးဆန်းသည့်ဒီဇိုင်းဖြင့် ရှည်လျားသောပြွန်တစ်ခုကို တွေ့လိုက်ရသည်။ "ဒါကဘာလဲ"

"ဒါက ရုပ်စုံမှန်ပြောင်းလေ " ရှောက်ယိက ကျွမ်းကျွမ်း သူ့လက်ဆောင်ကို ဖွင့်နေသည်အား သူပျော်ရွှင်စွာ ကြည့်နေခဲ့သည်။ ရုပ်စုံမှန်ပြောင်းက သူအလွန်နှစ်သက်သော အရာတစ်ခုလည်းဖြစ်သည်။ "ဘယ်လိုကစားရလဲဆိုတာသင်ပေးမယ်!"

ရှောက်ယိက အဲ့တာကို ကောက်ကိုင်လိုက်ပြီး ကျွမ်းကျွမ်းရဲ့ မျက်လုံးတစ်ဖက်ပေါ်မှာ တင်လိုက်သည်။ "မင်းရဲ့မျက်လုံးတစ်ဖက်ကိုမှိတ်ထား"

All Chapters