အခန်း (၂၃၂)
Vol. 16 Ch. 232
ရှောက်ယိ ရောက်ရှိလာခြင်းကြောင့် ကျွမ်းကျွမ်း ပို၍ ပျော်ရွှင်လာသည်။ သူကတော့ ရှောင်းကောနဲ့ အိမ်မှာ ဘာမှလုပ်စရာမရှိပေမယ့် အခုချိန်မှာတော့ ရှောက်ယိ၊ ရှောင်းဟူတို့နဲ့အတူ ရွာတစ်ဝိုက်ကို လည်ပတ်နေသည်။
ပထမတော့ ရှောင်းကောက အဲ့တာကနည်းနည်းအန္တရာယ်များတယ်လို့ ခံစားရသည်။ ရှောက်ယိက အိမ်ရှေ့စံမင်းသားဖြစ်တာကြောင့် သူမသည် အစပိုင်းတွင် ရွာတစ်ဝိုက်ကို ပတ်လိုက်ခဲ့လေသည်။ ဒါပေမယ့် သူမ ဤကဲ့သို့ တွေးတောမှုကို အမြန်ရပ်တန့်လိုက်သည်။
ဧကရာဇ်အစောင့်များကို ရွာတစ်ဝိုက်တွင် မမြင်နိုင်သော်လည်း အမှန်မှာ နေရာတိုင်းတွင် ရှိနေသည်။
ယခုတစ်ကြိမ်တွင် ရှောင်းဟူသည် ကျွမ်းကျွမ်းနှင့် ရှောက်ယိကို သစ်ပင်ပေါ်တက်ဖို့ ခေါ်သွားသည်။ သစ်ပင်က မမြင့်ပေမယ့် အရင်က သစ်ပင်ပေါ်မတက်ဖူးတဲ့ ကောင်လေးနှစ်ယောက်အတွက်တော့ အဲ့တာက တော်တော်ခက်သည်။ ရှောက်ယိ ဟန်ချက်ပျက်ပြီး ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ရှောင်းကော လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး သူ့ကို ဖမ်းဖို့ ရှေ့ကို လှမ်းခဲ့ပေမဲ့ သူမကတော့ ခြေတစ်လှမ်း နောက်ကျနေပါသေးသည်။
ယောကျ်ားနှစ်ယောက်က တစ်နေရာမှ ထွက်ပေါ်လာပြီး ရှောက်ယိကို နှစ်ဖက်စလုံးဖြင့် လှမ်းဖမ်းလိုက်သည်။ သူ မတုံ့ပြန်ခင်မှာ သူ့ကိုသစ်ကိုင်းပေါ် တင်ထားပြီးသားပင်။
ပြီးတာနဲ့ အဲ့ယောကျ်ားနှစ်ယောက် ထွက်သွားသည်။
ရှောင်းကောသည် သူမ၏ပါးစပ်ကိုပိတ်ပြီး ညာခြေကိုပြန်ရုတ်ရန် ကြိုးစားခဲ့သည်။ သူမ ထိတ်လန့်သွားသည်...
"အာ"
ရှောင်းဟူနဲ့ ကျွမ်းကျွမ်းတို့က ဒါကို သူတို့မျက်စိနဲ့ မမြင်ခဲ့ဘူးဆိုရင်၊ သူတို့ တစ်ခုခုကို မြင်လိုက်တယ်လို့ ထင်မိလိမ့်မည်။
ရှောက်ယိ မှလွဲ၍ ကျန်တဲ့လူများအားလုံး အံ့သြသွားပုံရသည်။
ရှောင်းကော သူမ၏ ခြေသလုံးများကို ပွတ်သပ်လိုက်သည်။ သူမမှာ လုပ်စရာအများကြီးမရှိဘူးဟု ထင်ရသည်။ သူမ ပြန်သွားလို့ရနိုင်သည်။ ရှောက်ယိကို စောင့်ကြပ်နေသော အစောင့်များ ရှိနေကြောင်း သူမ သိခဲ့လျှင် သူမ နေ့တိုင်း သူတို့နှင့်အတူ လျှောက်သွားရန် ဤမျှလောက် အားစိုက်ထုတ်နေမည် မဟုတ်ပေ။
သူမ ကျွမ်းကျွမ်းကို လက်ဝှေ့ယမ်းပြပြီး သူ နားလည်ကြောင်းတွေ့ပြီးနောက် သူမ ထွက်သွားခဲ့သည်။
ရှောင်းဟူက တုတ်တဲ့သစ်ပင်က သစ်ကိုင်းပေါ်တွင် ထိုင်ကာ အချင်းချင်း အချက်ပြနေကြသည့် သားအမိကို ကြည့်နေသည်။ ရှောင်းကော ထွက်သွားပြီးနောက် သူက ကျွမ်းကျွမ်း ကို စပ်စုပြီးမေးလိုက်သည်။ "ကျွမ်းကျွမ်း မင်းမေမေ ဘယ်သွားတာလဲ"
"ငါလည်းမသေချာဘူး။" ကျွမ်းကျွမ်း ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ " အိမ်ပြန်သွားတာဖြစ်မယ်"
“အိုး…” ထိုသို့ပြောပြီးနောက် ရှောင်းဟူသည် သစ်ကိုင်းပေါ်တွင် ကောင်းမွန်စွာထိုင်နေသော ရှောက်ယိကို လှည့်ကြည့်ကာမေးလိုက်သည်။ “ရှောက်ယိ၊ အဲဒီလူတွေက ဘယ်သူတွေလဲ ”
“ဟွန်…....” ရှောက်ယိက သူ့ကို ဘယ်လိုဖြေရမှန်းမသိပေ။ အပြင်ထွက်တဲ့အခါ သူ့အဖေက သူ့အထောက်အထားကို မဖော်ပြဖို့ ညွှန်ကြားထားသည်။ ဒါပေမယ့် ရှောင်းဟူကို သူ့သူငယ်ချင်းအဖြစ် သတ်မှတ်ထားသည်။ သူ့ကို လျှို့ဝှက်ထားရတာက အဆင်မပြေဘူး...
ရှောက်ယိ ဝေခွဲမရဖြစ်နေချိန်တွင် ကျွမ်းကျွမ်းက ရှောင်းကော၏ ညွှန်ကြားချက်များကို သတိရသွားသည်။ သူ ရှောင်းဟူ ဘက်လှည့်ပြီးပြောလိုက်သည်။ "အဲ့လူတွေက ရှောက်ယိရဲ့ဖေဖေက သူ့ကို စောင့်ရှောက်ဖို့အတွက် လွှတ်ထားတဲ့လူတွေလေ"
ဒါကို ရှောက်ယိ ကြားတဲ့အခါ ကျွမ်းကျွမ်းကို စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်သည်။ တစ်ဖက်သားက သူ့ကို ပြုံးရုံသာပြုံးပြသည်။ ရှောက်ယိ အပြုံးကို ပြန်မပြမီ ခဏတာ အံ့အားသင့်သွားသည်။
"အိုး... ဒါဆို ရှောက်ယိရဲ့ မိသားစုက သူ့အတွက် အရမ်း စိတ်ပူလို့ပဲဖြစ်ရမယ်။ မဟုတ်ရင် သူ့ကို စောင့်ရှောက်ခိုင်းဖို့ တစ်ယောက်ယောက်ကို လွှတ်မှာ မဟုတ်ဘူး"
“ဟုတ်တယ် ” ရှောင်ယိ ခေါင်းညိတ်လိုက်သည်။ သူ့အဖေက သူ့ကို အရမ်းတင်းကြပ်ထားပေမယ့် သူ့ကို အရမ်းစိတ်ပူပြီး စိုးရိမ်သည်။ ဒါကြောင့် ရှောင်းဟူ ပြောတာမှန်သည်။
"ဒီလူနှစ်ယောက်က အရမ်းတော်တာပဲ!"
ရှောင်းဟူ ရဲ့ အိပ်မက်က သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ပဲ။ သူသည် ယခုပင် ထိုလူနှစ်ယောက်ကဲ့သို့ဖြစ်လာရန် အမြဲစိတ်ကူးယဉ်ခဲ့သည်—သူတို့က သွက်လက်ပြီး အစွမ်းထက်သူများဖြစ်သည်။
"ဒါတော့အမှန်ပဲ၊ သူတို့နှစ်ယောက်က အကျွမ်းဆုံးပဲ"
ရှောက်ယိ ခေါင်းညိတ်သဘောတူလိုက်သည်။ အစောင့်နှစ်ယောက်က များသောအားဖြင့် သူ့အဖေရဲ့ဘေးမှာနေတာ။ ဒီတစ်ခါတော့ သူ့ကို ပြုစုဖို့ ထွက်လာကြသည်။
"သူတို့က မင်းကို ဒီလမ်းတစ်လျှောက်လုံး စောင့်ကြပ်ပေးနေတာလား"
ရှောက်ယိ ခေါင်းညိတ်လိုက်တာကိုမြင်တော့ ရှောင်းဟူ က သူ့မေးစေ့ကို ပွတ်လိုက်သည်။ "ဒီလိုဆိုရင် အဲ့ဒါက သူတို့ကို ဒဏ္ဍာရီလာ 'ပန်း စောင့်ရှောက်သူ' ဖြစ်လာစေလိမ့်မယ်။ ပြီးတော့ ရှောက်ယိက အဲဒီပန်းပဲ!"
သူပြောပြီးတာနဲ့ ရှောက်ယိက အမှားအယွင်းရှိတယ်လို့ မထင်တော့ ခေါင်းညိတ်လိုက်သည်။
"ပန်း စောင့်ရှောက်သူ" ၏အဓိပ္ပါယ်ကို နားလည်သူ တစ်ဦးတည်းအနေဖြင့် ကျွမ်းကျွမ်း သစ်ပင်ပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်ခဲ့သည်။ သူ့ကိုယ်သူ တုန်လှုပ်ခြင်းမှ ရပ်တန့်ကာ ဘာမှားနေမှန်း မသိတဲ့ ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်သည်။ ပါးစပ်ကို ဟလိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။ ထားလိုက်ပါတော့၊ အဲဒါတွေကို ပြင်ပေးဖို့ မလိုအပ်ဘူး။
"ကျွမ်းကျွမ်း၊ ဘာဖြစ်လို့လဲ"
“အဆင်ပြေပါတယ်။” ဒါကို စဉ်းစားပြီးနောက် ကျွမ်းကျွမ်းက ရှောက်ယိကို ခေါင်းခါပြပြီး သူ့ကို နှစ်သိမ့်လိုက်သည်။
ရှောက်ယိက သူ အလွန်ခုန်ပေါက်မြူးတူးနေသည်ဟု ထင်ခဲ့သော်လည်း ရှောင်းဟူက ပို၍ပင် မြူးတူးနေခဲ့သည်။ သူနှင့် ကျွမ်းကျွမ်းကို တစ်ရွာလုံးဆီသို့ ဆွဲခေါ်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူတို့ သစ်ပင်ပေါ်သို့တက်ကြပြီး နောက်အခိုက်တွင် နှင်းဘောလုံးနဲ့ ဆော့ကြသည်။
နှင်းအများစုမှာ အရည်ပျော်သွားသော်လည်း နေမပွင့်သည့်နေရာများစွာတွင် နှင်းထူထပ်စွာဖုံးလွှမ်းနေဆဲဖြစ်သည်။
စူးစမ်းချင်စိတ်ကြောင့် ရှောက်ယိသည် နှင်းလက်တစ်ဆုပ်စာကို ကိုင်လိုက်ပြီး သူ့လက်ဖဝါးပေါ် တင်လိုက်သည်။ သူ့လက်ဖဝါးပေါ်မှာ နှင်းတွေအရည်ပျော်သွားသည်ကို ဂရုတစိုက်ခံစားရပြီး နောက်ဆုံးတွင် ရေအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။
နန်းတော်မှာလည်း နှင်းတွေကျနေပေမယ့် သူ မကစားနိုင်ခင်မှာ နှင်းတွေကို နန်းတော်က အစေခံတွေနဲ့ မိန်းမစိုးတွေ လှည်းကျင်းပြီးသားပင်။ ဒါက ရှောက်ယိ နှင်းထဲတွင် ပျော်ပျော်ပါးပါး ကစားခွင့်ရသည့် ပထမဆုံး အကြိမ်ဖြစ်သည်။
သူတို့ သုံးယောက် တစ်ချိန်လောက် သစ်ပင်ပေါ်တက်ပြီး နောက်တစ်ခေါက်မှာ နှင်းဘောလုံးနဲ့ ဆော့ကြသည်။ နောက်ဆုံးတွင် သူတို့အားလုံး အလွန်ညစ်ပတ်ပေရေနေသောအကြည့်ဖြင့် အဆုံးသတ်သွားကြသည်။
အစားစားချိန်ရောက်သောအခါ သုံးယောက်သား သီးခြားစီ အိမ်ပြန်လာခဲ့ကြသည်။ ရှောင်းကော ချက်ပြုတ်ပြီးတဲ့နောက် မီးဖိုချောင်မှ ထွက်လာသောအခါတွင် ခြံဝင်းထဲတွင် ရွှံ့အရုပ်နှစ်ရုပ် မတ်တပ်ရပ်နေပြီး ဖြူဖွေးတောက်ပနေသော သွားများဖြင့် သူမကို ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
ရှောင်းကောသည် သူတို့၏ မိုက်မဲပြီး ချစ်စရာအသွင်အပြင်ကို ကြည့်ပြီးနောက် ဒေါသမထွက်နိုင်တော့ပေ။ သူမမှာ ရွေးချယ်စရာမရှိပေ။ အစားအသောက်တွေ ချက်ပြီးသားမို့ ကောင်လေးနှစ်ယောက်ကို လက်အရင်ဆေးပြီး အရင်စားခွင့်ပြုလိုက်ရုံပင်။
အစားစားပြီးနောက် ရှောင်းကော ရေနွေးတည်ထားလိုက်သည်။ ရေတွေ ပွက်ပွက်ဆူလာတဲ့အခါ အိမ်ထဲကို ပြန်သွားပြီး ကလေးနှစ်ယောက်ရဲ့ လှပတဲ့ ခန္ဓာကိုယ်ကိုဖော်ထုတ်ကာ အဝတ်တွေချွတ်ပေးလိုက်သည်။ ထို့နောက် သူမသည် သူတို့ကို စောင်အထူကြီးဖြင့် ထုပ်ပြီး ရေနွေးထဲမထည့်မီ ရေချိုးခန်းထဲသို့ သီးသန့်သယ်သွားခဲ့သည်။
ရှောက်ယိကို ရေချိုးခန်းထဲ အရင်ခေါ်သွားခဲ့သည်။ ထို့နောက် သူမသည် ကျွမ်းကျွမ်းကို စောင်ထူထူထဲ၌ တင်းတင်းကျပ်ကျပ် ထုပ်ပိုးကာ ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားသည်။
ကလေးနှစ်ယောက်က ရေနွေးထဲမှာ အတူတူထိုင်ရင်း အရမ်းသက်တောင့်သက်သာ ဖြစ်နေတာကို ခံစားခဲ့ရသည်။
ရှောင်းကော သည် သူတို့၏ ခန္ဓာကိုယ်မှ အညစ်အကြေးများကို ပွတ်သပ်ရန် လှည့်ခိုင်းခဲ့သည်။ ဒီမျောက်ရိုင်းလေးတွေ ဘာတွေလုပ်လာကြတာလဲလို့ သူမ သိချင်နေခဲ့သည်။ သူတို့ကိုယ်မှာ အညစ်အကြေးတွေ အများကြီး ဖုံးလွှမ်းသွားပြီလို့ တွေးမိသည်။ သူတို့ပေါ်ရှိ အညစ်အကြေး ပမာဏက ထိပ်ဖျားတွင် ရှိနေသည်။ ရွှံ့တွေအားလုံးကို ဖယ်ရှားဖို့ သူမ ပြင်းပြင်းထန်ထန် ပွတ်တိုက်ခဲ့ရသည်။
သူတို့ကိုတိုက်ပေးဖို့ ဆပ်ပြာတွေ အများကြီးသုံးရသည်။ ခန္ဓာကိုယ်တွေကို ဆေးကြောပြီး ခြောက်အောင်လုပ်ပေးပြီးနောက် အိမ်ထဲသို့ သယ်ဆောင်သွားကာ နွေးထွေးသော စောင်အောက်တွင် ထားလိုက်သည်။
ကလေးနှစ်ယောက်က တစ်နေ့လုံး ကစားထားတော့ ပင်ပန်းနေပုံရသည်။ ရေချိုးကန်ကို သုတ်ပြီးနောက် အခန်းထဲပြန်ရောက်တော့ နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ အိပ်ပျော်သွားကြသည်ကို သူမတွေ့လိုက်ရသည်။
သူမ ဖယောင်းတိုင်ကို ညင်သာစွာ မှုတ်လိုက်ပြီး ထွက်သွားလိုက်သည်။
—-
အစောပိုင်းတွင် ရှောက်ယိ သည် ဤနေရာတွင် သုံးရက်နေရန် စီစဉ်ခဲ့သော်လည်း အချိန်ရောက်သောအခါတွင် နောက်ထပ်နှစ်ရက်ရွှေ့ဆိုင်းခဲ့သည်။ မထွက်သွားခင် တစ်ပတ်လုံး သူနေခဲ့သည်။
သူထွက်ခွာရမည့်နေ့တွင် ရှောက်ယိ အလွန်တွန့်ဆုတ်နေခဲ့သည်။ သူနိုးလာချိန်မှ စ၍ နုံးခွေနေခဲ့သည်။ သူ့ကို လာကြိုတဲ့ ကွမ်းရှီ ကိုတွေ့တော့ သူ မျက်တောင်ခတ်ပြနေခဲ့သည်။
“ကျွန်တော်—”
"မရဘူး၊ ရက်တော်တော်ကြာသွားပြီ။ ဧကရာဇ်မင်းက ကျွန်တော်မျိုးတို့ကို ပြန်လာဖို့ တိုက်တွန်းနေပြီ။"
ရှောက်ယိ သူ့ပါးစပ်ကို ဖွင့်တာကို မြင်လိုက်တော့ ကွမ်းရှီ က သူဘာပြောမယ်ဆိုတာ သိလိုက်သည်။ နောက်ဆုံးအကြိမ်တွင် ထွက်ခွာရန် တူညီသော နည်းဗျူဟာကို သူ အသုံးပြုခဲ့သည်။ ကွမ်းရှီသည် သူ၏ သနားစရာကောင်းသော အမူအရာကို မြင်ပြီးနောက် သူ့ကို သနားသွားသည်။ ဧကရာဇ်မင်းထံ တောင်းဆိုပြီးနောက် ရက်အနည်းငယ်ကြာအောင် သူ နေနိုင်ခဲ့သည်။ ဒါပေမယ့် အခု သူသည် အလားတူလှည့်ကွက်ကို ထပ်မံကြိုးစားနေသောကြောင့်၊ ကွမ်းရှီသည် ၎င်းတို့၏ထွက်ခွာသွားခြင်းကို နောက်ပြန်ဆုတ်ရန် နည်းလမ်းမရှိတော့ပေ။
ရှောင်းကောသည် ရှောက်ယိကိုကြည့်ကာ မကူညီနိုင်ဘဲရယ်လိုက်သည်။ သူမရဲ့နေရာက နန်းတော်ထက် ပိုကောင်းလို့လား။
ရှောက်ယိက ကျွမ်းကျွမ်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး လွှတ်ပေးဖို့ ငြင်းဆန်ခဲ့သည်။ ကျွမ်းကျွမ်းလည်း သူ့ကို ပြန်ပွေ့ဖက်ထားသည်။ သူတို့နှစ်ယောက် ကွမ်းရှီကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ နောက်တစ်ယောက်က သူတို့ကို ခွဲပစ်မယ့် မကောင်းဆိုးဝါ ဇာတ်ကောင်တစ်ယောက်လိုပင်။
သူ ဘယ်လောက်ပဲ တွန့်ဆုတ်နေပါစေ နောက်ဆုံးတော့ သူ ထွက်သွားရမှာပင်။ ရှောက်ယိ ရထားပေါ်သို့ တက်လာပြီး ကန့်လန့်ကာကို ချရန် ငြင်းဆန်ခဲ့သည်။ ကွမ်းရှီသည် ရှောင်ကော ကို အကူအညီတောင်းရန် မှတပါး ရွေးချယ်စရာမရှိပေ။
ရှောင်းကောသည် ရှေ့သို့ လျှောက်သွားကာ ရှောက်ယိ၏ ခေါင်းကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"ရှောက်ယိ သားက ထွက်သွားရတာမဟုတ်ဘူး"
သူမပြောပြီးသည်နှင့် ရှောက်ယိသည် ရှောင်းကောကို စိတ်ရှုပ်ထွေးစွာကြည့်ကာ သူမဘာကိုဆိုလိုသည်ကို နားမလည်ပေ။
"သားက တာဝန်ပြီးအောင်လုပ်ဖို့ မြို့တော်ကို သွားရမှာ။ တာဝန်ပြီးသွားရင် အန်တီတို့ဆီ ပြန်လာနိုင်တယ်"
သူမစကားပြောနေစဉ် ရှောက်ယိ၏ ကျောပြင်ပေါ်က အိတ်သေးသေးလေးကို လက်ဖြင့်ပုတ်ပြကာ မျက်တောင်ခတ်ပြလိုက်သည်။
ရှောက်ယိ ဒီစကားကိုကြားလိုက်တဲ့အခါ ချက်ချင်းဆိုသလိုပဲ သူ့စိတ်ဝိဥာဉ်ကို ပြန်လည်ရရှိလာသည်။ သူ့အိတ်ကို ကိုင်ကာ ခေါင်းညိတ်ပြလိုက်သည်။ မှန်တယ်၊ သူ့မှာ တာဝန်တစ်ခုရှိတယ်။
"ကျွန်တော် သေချာပေါက် ကောင်းကောင်းမွန်မွန်နဲ့ပြီးအောင် လုပ်မယ်!"
ရှောက်ယိသည် ရှောင်းကောနဲ့ ကျွမ်းကျွမ်းကို ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်နှာပေါ်ရှိ သူရဲကောင်းပီသစွာ အပ်နှံထားသည့် အကြည့်သည် ရှောင်းကောအတွက် အလွန်သဘောကျစရာကောင်းနေသည်။
ရထားလုံးက ဖြည်းဖြည်းချင်း သူတို့မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့သည်။ ရှောင်းကော သက်ပြင်းချလိုက်ပြီး သူမဘေးက ကျွမ်းကျွမ်းကို ငုံ့ကြည့်လိုက်သည်။
ဒီအချိန်မှာ ကောင်လေးက အရမ်းလွမ်းဆွတ်နေသလို ခံစားနေရသည်။ ရထားလုံးရှိရာဆီသို့ လှမ်းကြည့်ရင်း သက်ပြင်းချနေသည်။
“ပြန်ကြရအောင်”
ရှောင်းကောက ကျွမ်းကျွမ်းကို ကိုင်ပြီး အိမ်ပြန်ခဲ့သည်။ သူမ စိတ်မချမ်းမသာဖြစ်နေတဲ့ ကောင်လေးကို ကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်။ “ကျွမ်းကျွမ်း…”
"မေမေ သား သိပါတယ်။ ကောင်းတဲ့အရာတွေအားလုံးက နောက်ဆုံးမှာ ရောက်လာမှာ။ ဒါ့အပြင် အဲ့တာက သားတို့ နောက်တစ်ခါ ထပ်မတွေ့ရတော့ သလိုမျိုး မဟုတ်ဘူး၊ သူ သားကို လွမ်းရင် သားကို လာရှာလို့ ရတယ်။ သား သူ့ကို လွမ်းရင်မေမေလည်း သားကို သူ့ဆီခေါ်သွားပေးမှာ ဟုတ်တယ်မလား။"
“ဟုတ်တယ်…” ခဏလောက်စဉ်းစားပြီးမှ သူ ပြောတာမှန်ကြောင်း သိလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ သူမမှာ လုပ်စရာအများကြီး မရှိပေ။ အကယ်၍ ကျွမ်းကျွမ်းသည် ရှောက်ယိကို အမှန်တကယ်ရှာဖွေလိုပါက သူမ ရထားလုံးတစ်စီးငှားပြီး သွားနိုင်သည်။
သူမမှာ အချိန်နဲ့ ပိုက်ဆံရှိတယ်၊ ဒါကြောင့် ဒါက ကိစ္စကြီးတော့ မဟုတ်ပေ။