အခန်း (၂၃၃)
Vol. 16 Ch. 233
"ကောင်းပြီ မေမေသားကို ကတိပေးပြီးပြီလေ။ သား ဘာလို့ အရမ်းဝမ်းနည်းနေရတာလဲ"
ရှောင်းကောသည် သုန်မှုန်နေဆဲဖြစ်သော ကျွမ်းကျွမ်း ကိုကြည့်ကာ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ "ဒီကလေးလေး ဘာလို့ဒီလောက်စိုးရိမ်နေရတာလဲ"
"ဖေဖေ့ဆီ သား ရေးလိုက်တဲ့စာက မကောင်းသေးဘူးထင်တယ်"
ကျွမ်းကျွမ်းက လက်နှစ်ဖက်ကိုထောက်ပြီး မေးစေ့တင်ကာ ရှောင်းကောကို နှုတ်ခမ်းစူပြလိုက်သည်။ သူတကယ် အဲ့တာကို နောင်တရနေသည်။ သူသာသိရင် ဒီထက်မက ရေးဦးမှာ။
သူ့စကားကြားပြီးနောက် ရှောင်းကောသည် သူမရေးခဲ့သည့်အကြောင်းကို တွေးလိုက်မိသည်။ သူမရဲ့စာက တော်တော်ပြည့်စုံပုံရသည်။ အရာအားလုံးပါဝင်လို့ စိတ်သက်သာရာ ရသွားသည်။
သူမ ပြုံးပြီး ကျွမ်းကျွမ်း၏ ခေါင်းကို ပုတ်လိုက်သည်။ "စိတ်ပူဖို့ အချိန်ယူလိုက်ဦးနော် "
အဲဒါနဲ့ အိမ်ထဲကို ပြန်လာခဲ့သည်။
ဒီအဖြစ်အပျက်ရဲ့ အကြောင်းရင်းကတော့ ရှောက်ယိ မြို့တော်ကို မပြန်ခင် ညမှာ ဖြစ်ခဲ့တာပါ။
ညစာစားပြီးသောအခါ သူတို့ သုံးယောက် နွေးနွေးထွေးထွေးရှိစေရန် အိပ်ရာပေါ်တွင် လှဲလျောင်းနေကြသည်။ ရှောင်းကော တစ်ခုခုကို တွေးနေမိသည်။ ကျန်းတန်းဟယ်သည် မကြာသေးမီက စာနှစ်စောင် ပေးပို့ခဲ့သော်လည်း သူမက တစ်စောင်တည်းသာ ရေးခဲ့မည်ဆိုပါက ကောင်းမည်မဟုတ်ပေ။ သူမ လှည့်ကြည့်လိုက်တော့ ရှောက်ယိ ဆောင်းဦး သစ်တော်သီးအချိုရည်သောက်နေတာကို တွေ့လိုက်တဲ့အခါ ဒါက ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲလေ ဟုတ်တယ် မလား။ ရှောက်ယိ မြို့တော်ကို ပြန်ရောက်ရင် အချို့ကို ကျန်းတန်းဟယ်ဆီ ကူပြီးပို့ပေးနိုင်သည်။
စာရေးသူက ရှောင်းကော တစ်ဦးတည်း မဟုတ်ပေ။ ကျွမ်းကျွမ်းက ရှောင်းကော ရေးနေတာကိုတွေ့တော့ သူက ချက်ချင်းရေးဖို့ စုတ်တံနဲ့ စာရွက်ကို ကောက်ယူလိုက်သည်။ ကျန်းတန်းဟယ် ပေးထားသော ဇီးသီးမှင်ကိုပင် အသုံးပြုခဲ့သည်။
လမ်းတစ်ဝက်တွင် ရှောင်းကောသည် အမွှေးရနံ့ကို တွေ့ရှိခဲ့ပြီး မှင်အချို့ကိုလည်း အသုံးပြုချင်ခဲ့သည်။ ဒါပေမယ့်လည်း ကျွမ်းကျွမ်းက သူမကို ဘာပဲဖြစ်ဖြစ် အသုံးပြုခွင့်မပေးခဲ့ပေ။ မှင်ကို ပွင့်ပွင့်လင်းလင်း မသုံးနိုင်သောကြောင့် လက်လျှော့နည်းကို ကိုးစားရတော့သည်။ ကျွမ်းကျွမ်း အာရုံမထားနေတဲ့အချိန်မှာ သူမ၏ စုတ်တံကို မှင်ထဲသို့ တိတ်တဆိတ် ထိုးထည့်ရန် ကြိုးစားလိုက်သည်။ ဒါပေမယ့် ကျွမ်းကျွမ်းက အဲ့တာကို အနီးကပ်စောင့်ကြပ်နေသောကြောင့် ၎င်းကိုပြုလုပ်ရန် အခွင့်မသာခဲ့ပေ။
ရှောင်းကောသည် သူမ၏ ကလေးဆန်သော နည်းလမ်းများဖြင့် ကျွမ်းကျွမ်းအတွက် တိတ်တဆိတ် ဒုက္ခပေးခဲ့သည်။ အဲဒါက သူ့ကို အာရုံမစိုက်နိုင်စေဘဲ စကားလုံးနည်းနည်းပဲရေးပြီး အဆုံးသတ်လိုက်ရစေသည်။ နောက်ဆုံးတွင် သူတည်ဆောက်ခဲ့သော စိတ်ခံစားမှုများသည် ရှောင်းကောကြောင့် ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် စာကို အလျင်အမြန်သာရေးနိုင်ခဲ့သည်။ စာ၏နောက်ဆုံးစစ်ဆေးမှုမပြုလုပ်မီ ရှောင်းကောမှ စာအိတ်တစ်ခုထဲသို့ထည့်ခဲ့သည်။
အဆုံးမှာတော့ စာရေးပြီးသွားရင် ပြန်ပြီးမရေးသင့်ဘူးလို့ သူမက ထပ်ပေါင်းပြောခဲ့သည်။ ဤနည်းဖြင့် စာထဲတွင် ဖော်ပြထားသော ခံစားချက်တွေက စိတ်နှလုံးအရှိဆုံးဖြစ်လိမ့်မည်။ စကားလုံးတွေပြောင်းပြီးတာနဲ့၊ ဒါဟာ လူတစ်ယောက်ရဲ့ ခံစားချက်ရဲ့ အမှန်ကန်ဆုံးပုံစံ ဖြစ်လာမှာ မဟုတ်ပါဘူး။
ထိုစကားကိုကြားပြီးနောက် ကျွမ်းကျွမ်းသည် သူလုပ်ချင်သည့်တိုင် တစ်စုံတစ်ရာကို ပြောင်းလဲရန် ခက်ခဲသွားခဲ့သည်။ အကြံအစည်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် သူ၏ အရေးအသား ကျွမ်းကျင်မှုဖြင့် စာက ထိုမျှလောက် မဆိုးသင့်ပေ။
ရှောင်းကောသည် ရှောက်ယိ၏အိတ်ထဲသို့ စာနှစ်စောင်ကို ထည့်ထားသော်လည်း အိတ်၏ ပါးလျ ပျော့ပျောင်းသော ဒီဇိုင်းကို ကြည့်လိုက်တော့ သူမမှာ အတွေးတစ်ချို့ ရှိနေသည်။ ထို့နောက် ရှောက်ယိ၏ ခွင့်ပြုချက်ဖြင့် သူမသည် သူ၏အိတ်ကို သားရေလွယ်အိတ်တစ်လုံးအဖြစ် ပြန်လည်ပြင်ဆင်ခဲ့သည်။ ဒီလိုနည်းနဲ့ဆို ပစ္စည်းတွေက လွယ်လွယ်နဲ့ ပြုတ်ကျမှာမဟုတ်သလို အိတ်ကိုသယ်ရတာလည်း ပိုလွယ်ကူလိမ့်မည်။
—-
ရှောက်ယိ မြို့သို့ ပြန်သည့် ခရီးက ပိုမြန်သည်။ လမ်းတလျှောက် ရှုခင်းတွေကိုတောင် မမြင်ဖူးသေးခင်မှာ သူတို့ မြို့တော်ကို ရောက်လာခဲ့သည်။
"နန်းတော်ကို အရင်မပြန်သေးနဲ့ စစ်သူကြီး ကျန်းကို သွားရှာရအောင်"
ဒါကို ကွမ်းရှီ ကြားတော့ ရှောက်ယိကို လှည့်ကြည့်လိုက်သည်။ "အရှင့်သား၊ စစ်သူကြီးကိုရှာမှာဆိုရင် နန်းတော်ပြန်သွားလို့ရတယ်၊ သူ အခု နန်းတော်ထဲမှာပါ "
"ဟုတ်လား" ရှောက်ယိ သူ့နှုတ်ခမ်းတွေကို ဖိလိုက်သည်။ "ကောင်းပြီ၊ နန်းတော်ထဲ အရင်ပြန်သွားရအောင်။ စစ်သူကြီး အနားမှာမရှိရင် သူ့ကိုရှာဖို့ နန်းတော်ထဲကနေ ကျွန်တော့်ကို ချက်ခြင်းလိုက်ပို့ပေးရမယ်!"
ကွမ်းရှီက နန်းတော်ထဲပြန်ဝင်ဖို့အတွက် ရှောက်ယိက သူ့ကို လှည့်စားနေတယ်လို့ သံသယရှိတာကြောင့် သတိထားပြီး မေးလိုက်သည်။
“…ကောင်းပါပြီ !” ကွမ်းရှီ ကူကယ်ရာမဲ့ ပြန်မဖြေမီ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
သူ၏ အာမခံချက်ကြောင့် ရှောက်ယိ ပို၍ စိတ်သက်သာရာ ရသွားသည်။ သူ ဟွန့်ခနဲ နှာမှုတ်ပြီး ရထားလုံးပေါ် ပြန်ထိုင်လိုက်သည်။ " ငါဘယ်လောက်ပညာရှိလိုက်လဲဆိုတာကြည့်စမ်း!"
"နန်းတော်ပြန်မယ်" ကွမ်းရှီ ရထားလုံးပေါ်ရှိ အိမ်ရှေ့စံမင်းသားကို အားကိုးရာမဲ့စွာ ကြည့်လိုက်သည်။ မင်းသားက တကယ်ကို အတွေးလွန်နေတာပဲ။ သူလုံးဝမလိမ်ဘူး။ စစ်သူကြီးက ဧကရာဇ်မင်းနှင့်အတူ နန်းတော်ထဲတွင် အမှန်တကယ်ရှိနေသည်။
"သူတကယ်ဒီမှာလား"
ရှောက်ယိသည် ကွမ်းရှီကို သံသယရှိစွာဖြင့် နောက်ကလိုက်ကာ လိမ်ညာနေခြင်း ရှိမရှိ သိရန် မျက်လုံးကြီးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။
“…...”
"ဘာလို့ဘာမှမပြောတာလဲ။ ကျွန်တော့်ကိုတကယ်လိမ်နေတာလား ခမည်းတော်က ကျွန်တော့်ကိုလှည့်စားခိုင်းထားလို့လား"
ရှောက်ယိက ဒါကို မျှော်လင့်ထားသလိုပဲ။ ကွမ်းရှီက မင်းသား သူ့ကို စိုက်ကြည့်နေတဲ့အတွက် ပင်ပန်းလွန်းနေပြီ။ "အရှင့်သားကို လိမ်ပါ့မလား"
"အရှင့်သား၊ စစ်သူကြီးက တကယ်ပဲ နန်းတော်ထဲမှာရှိပါတယ်"
“ဒါဆို လမ်းပြ” အတန်ကြာစဉ်းစားပြီးနောက် ရှောက်ယိ က သူ့ကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကွမ်းရှီသည် စစ်သူကြီး နန်းတော်၌မရှိလျှင် သူ့ထံခေါ်ဆောင်သွားမည်ဟု ကတိပြုထားခဲ့သည်။
ကွမ်းရှီမှာ သူ့အတွက် စကားမရှိပေ။ ရှေ့ကနေဦးဆောင်ပြီး တိတ်တဆိတ် လမ်းပြခဲ့သည်။ အိမ်ရှေ့စံမင်းသားကို အမြန်ခေါ်သွားလေ သူ အိမ်ပြန်နိုင်လေလေပဲ။ မင်းသားကို ကိုင်တွယ်ရတာ ပင်ပန်းလွန်းတယ်...
ရှောက်ယိသည် သူ၏ခြေသလုံးကြွက်သားလေးများကို တင်းထားကာ ခြေလှမ်းတစ်လှမ်းမှ မလွတ်စေရန် ကွမ်းရှီ၏ နောက်သို့လိုက်ရန် အရှိန်မြှင့်လိုက်သည်။
ဧကရာဇ် စာကြည့်ဆောင်သို့ ရောက်သောအခါ၊ ကွမ်းရှီ ရပ်လိုက်သည်။ ရှောက်ယိ တစ်ယောက်တည်း လျှောက်လှမ်းသွားခဲ့သည်။ အိမ်ရှေ့စံမင်းသား ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူ သက်ပြင်းချမိသည်။ နောက်ဆုံးတော့ သူ့အလုပ်ပြီးသွားပြီ။
"ပြန်ရောက်ပါပြီ"
ရှောက်ကျန့်သည် ရှောက်ယိ၏ အသွင်အပြင်ကြောင့် အံ့သြသွားခြင်းမရှိပေ။
"အရာအားလုံးကို မသိတော့ဘူးလား"
ရှောက်ယိက ရှောက်ကျန့် ကိုကြည့်တောင်မကြည့်ခဲ့ပေ။ သူ့မျက်လုံးတွေက အခန်းတစ်ခုလုံးကို စကင်န်ဖတ်ကာ တစ်စုံတစ်ခုကို ရှာဖွေနေခဲ့သည်။ သူရှာနေတဲ့အရာကို ရှာမတွေ့တဲ့အခါ စိုးရိမ်တကြီးနဲ့ စိတ်ပျက်လက်ပျက်ဖြင့် ပြေးထွက်သွားသည်။
“အေး၊ ခဏ ”
ရှောက်ကျန့်က သူ့ကို ဒီအတိုင်း ဘယ်လိုလုပ်လွှတ်မှာလဲ။ ကောင်လေးကို သူ မတွေ့ရတာ တော်တော်ကြာပြီလေ။ ဆုံတွေ့ပြီးတာနဲ့ သူ့အဖေကို သူ ဘာမှပြန်မပြောပေ။ အဲဒီအစား တစ်ခုခုကို ဆက်ရှာနေခဲ့သည်။ ရှာမတွေ့တော့ ပြန်ထွက်ချင်လာသည်။ ဒီလိုမျိုး သူ ဘယ်လိုလုပ် ပြုမူနိုင်တာလဲ။ ဒီကလေး ထပ်ပြီး အခြခံသဘောတရားတွေသင်ကြားပေးတာ ခံချင်နေပုံရသည်။
"အိုက်ရား၊ သားတော် အလုပ်များနေတယ်!"
ထိုစကားကို ပြောပြီးသည်နှင့် လှည့်၍ ထွက်သွားတော့မည်။ ရှောက်ယိသည် ယခုအချိန်တွင် သူ၏ခြိမ်းခြောက်မှုများကို မကြောက်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်မင်းက သူ့ကို ဘယ်သောအခါမှ စိတ်ဆိုးမည်မဟုတ်ပေ။
“ဟူး…”
အိမ်ရှေ့စံမင်းသားကို မတားနိုင်တော့ဘဲ ရှောက်ကျန့် သက်ပြင်းရှည်ကြီး ထွက်လာသည်။ "ဒီကလေးက သူ့ထက်ကြီးတဲ့သူတွေကို မလေးစားဘူးပဲ။ ခဏနေရင် ငါ ခုနစ်ရက်ကြာအောင် သူ့ကို အခြေခံသဘောတရားတွေသင်ပေးမှရတော့မယ် "
အဝေးကြီးထိမသွားရသေးတဲ့ ရှောက်ယိမှာ သူ၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။ ဖခင်ဖြစ်သူ၏ သက်ပြင်းချသံကို ကြားလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်ကာ အမြန်ပြန်ပြေးသွားခဲ့သည်။ သူ့လက်တွေကို တံခါးဘောင်ပေါ်တင်ပြီး အတွင်းထဲကလူကို ကြည့်လိုက်သည်။သူ ကျီစယ်ကာပြောလိုက်သည်။ “နောက်မှ သားတော် ခမည်းတော်နဲ့ လာစားမယ်”
အဲဒါနဲ့ သူ အမြန်ပြေးထွက်သွားသည်။
ရှောက်ကျန့် သူ့အတွေးကြောင့် တုန့်ခနဲဖြစ်သွားပြီး ရယ်မောလိုက်သည်။ "ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ ငါ သူ့ကို မညှဉ်းဆဲသင့်ဘူး။ သူကိုညှဥ်းဆဲမိရင် ငါနဲ့သူဘယ်လိုလာစားမလဲ"
"ကွမ်းရှီ၊ ကွမ်းရှီ!"
ရှောက်ယိ အိမ်ကထွက်လာပြီးတာနဲ့ ကွမ်းရှီ ရဲ့နာမည်ကို အကျယ်ကြီးအော်လိုက်သည်။ လှေကားထစ်များကို လှမ်းကြည့်လိုက်ရာ ထိုလူကို မတွေ့သဖြင့် ပြေး၍ အော်လေသည်။
"အိုက်ရိုး၊ ဘာဖြစ်လို့ပါလဲ၊ အရှင့်သား " မိန်းမစိုးစုက ရှောက်ယိ ကို တားပြီး ချွေးတွေကို သုတ်ပေးလိုက်သည်။
"မိန်းမစိုး စု၊ ကွမ်းရှီးကော "
"တပ်မှူး ကွမ်းလား။ ခုနက သူ့ကို ဟိုနားမှာတွေ့လိုက်တယ် ဒါပေမယ့် အခု သူ သွားလောက်ပြီ"
"ဟင်"
ရှောက်ယိ စိတ်ပျက်သွားပုံရသည်။ "သူသွားလိုက်ပြီလား ငါဘယ်လိုလုပ်ရမလဲ..."
"သူ့ကိုရှာဖို့ ကျွန်တော်မျိုး တစ်ယောက်ယောက်ကို လွှတ်လိုက်ရမလား" မိန်းမစိုး စု သည် မင်းသားလေး၏ မျက်နှာပေါ်က စိတ်ပျက်နေတဲ့အကြည့်ကို မကြည့်နိုင်သဖြင့် ကွမ်းရှီ ကိုရှာရန် တစ်ယောက်ယောက်ကို စေလွှတ်ဖို့ ချက်ခြင်းစဉ်းစားလိုက်သည်။
ရှောက်ယိ ရဲ့ စိတ်တွေ လှုပ်ရှား သွားပြီး နောက် မိနစ် အတွင်းမှာ သူ ဉာက်အလင်းရသွားသည်။ သူဘာလို့ ကွမ်းရှီ ကိုရှာနေတာလဲ။ သူ စစ်သူကြီးကို ရှာဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်လို့ရတာပဲ။
"မိန်းမစိုး စု! ကျွန်တော် ကွမ်းရှီကို ရှာနေတာမဟုတ်ဘူး" ရှောက်ယိမှာ အကြံတစ်ခုရနေပြီဖြစ်လို့ သူ့ရဲ့ စိုးရိမ်စိတ်တွေ ချက်ချင်းရပ်တန့်သွားသည်။ "စစ်သူကြီး ကျန်း ကို ရှာနေတာ!"
“အိုး…” မိန်းမစိုး စုက ထိုစကားကိုကြားသောအခါ ပြုံးလိုက်သည်။ "ကျွန်တော်မျိုး သူ့ကို စောစောက တွေ့လိုက်ပါတယ်။ သူ ဧကရာဇ် စာကြည့်ဆောင်ကို သွားမယ်လို့ ပြောတယ်၊ သူ အဲဒီမှာ ရောက်နေလောက်ပါတယ်"
ထိုစကားကိုကြားသောအခါ ရှောက်ယိ၏ခြေထောက်တွေ အားနည်းသွားသည်။ သူထွက်သွားပြီးတာနဲ့ စစ်သူကြီးဝင်သွားတာလား။ “အိုး ငါ့နှယ်...…”
“အိမ်ရှေ့စံမင်းသား။ အိမ်ရှေ့စံမင်းသား။ မိန်းမစိုး စုကို မခြောက်ပါနဲ့…”
မိန်းမစိုးစုရဲ့ နှလုံးသားက ဒါကို မခံနိုင်ပေ။ ရှောက်ယိက အဆင်ပြေကြောင်းပြသရန် ချက်ချင်းခေါင်းယမ်းပြလိုက်သည်။ အလွန်ရှည်လျားသော လှေကားထစ်ကို ကြည့်ကာ သူ့ကိုယ်သူ အားပေးခဲ့သည်။ သူလုပ်နိုင်တယ်!
မိန်းမစိုး စုကို နှုတ်ဆက်ပြီးနောက် ရှောက်ယိသည် သူ၏ အိတ်သေးသေးလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး လှေကားထစ်ဆီသို့ ပြေးသွားခဲ့သည်။
ဧကရာဇ်စာကြည့်ဆောင် အဝင်ဝသို့ရောက်သောအခါ သူ တိုင်ကိုမှီ၍ ဟောဟဲစိုက်နေသည်။ လှေကားထစ်တွေကို ဘယ်လိုပုဂ္ဂိုလ်ကများ ဒီလိုဆောက်ဖို့ ဘယ်လိုများ တွေးလိုက်လဲဟု သူ တွေးမိသည်။ ဒီလောက်ရှည်တဲ့ လှေကားထစ်တစ်ခုကို တည်ဆောက်ပြီး လူတိုင်းကို ပင်ပန်းနွမ်းနယ်အောင်လုပ်ဖို့ ကြိုးစားနေတာလား။
သူ့ကိုကူညီဖို့ ရောက်လာတဲ့ အစောင့်ကို ခေါင်းခါပြလိုက်သည်။ 'သူအဆင်ပြေတယ်။ သူ့ကို ကိုင်ပေးစရာ မလိုဘူး။'
သူ့အသက်ရှုသွင်းပြီးနောက် ရင်တွင်း၌ ယိမ်းယိုင်နေလေသည်။ အရပ်ရှည်သောလူကို သူတွေ့လိုက်သည်နှင့် ရှောက်ယိသည် လုကု ရေကန်ကိုဖြတ်၍ နွေဦးလေပြေလေး တိုက်ခတ်နေသလို ခံစားလိုက်ရသည်။ ဒီအချိန်မှာ ကျန်းတန်းဟယ်က သူ့မျက်လုံးထဲမှာ ရှောင်းကော ထက်တောင် ပိုချစ်စရာကောင်းနေပုံပင်။
သူ့အား စိတ်အားထက်သန်စွာ ဖက်လိုက်ပြီး သူ့ခြေထောက်တွေကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ လွှတ်ပေးဖို့ ငြင်းဆန်ခဲ့သည်။
ရှောက်ကျန့် သည် ရှောက်ယိ အပြုအမူကိုမြင်သောအခါ သူ့စိတ်ထဲတွင် မနာလိုစိတ်များ ပြည့်နှက်နေသည်။ ကျန်းတန်းဟယ်က ဘာကြောင့် သူ့အဖေအရင်းနဲ့ ပိုတူနေတာလဲ။ ဒီလို ဆက်တံမှုမျိုး သူ တစ်ခါမှ မခံစားရဖူးဘူး...
အခြေအနေကို နားမလည်နိုင်ဘဲ ကျန်းတန်းဟယ်သည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ခြေထောက်တွေကို ငုံ့ကြည့်လိုက်သည်။ ချွေးတလုံးလုံးထွက်နေသော ရှောက်ယိကို သူမြင်လိုက်ရသည်။ မျက်လုံးမှိတ်တုတ်မှိတ်တုတ်ဖြင့် သူ့ကိုကြည့်ရင်း သူ့မျက်လုံးများက တောက်ပနေသည်။ ကျန်းတန်းဟယ်သည် ကောင်လေး၏ မျက်လုံးများထဲက စူးရှသော ကြယ်ရောင်ကြောင့် ချက်ချင်းပင် အံ့အားသင့်သွားသည်။ သူ့မျက်လုံးတွေကို ပွတ်သပ်ပြီး ရှောက်ယိကို ပြန်ကြည့်လိုက်သည်။
"ကျွန်တော့်ဆီကနေ ထွက်မပြေးနဲ့။ လှေကားတွေက တက်ရခက်တယ်"