အခန်း (၂၃၄)
Vol. 16 Ch. 234
ရှောက်ယိ အော်လိုက်သည်။ သူနောက်ထပ် ခရီးထွက်ရမယ်ဆိုရင် သူ့ခြေထောက်တွေ အားနည်းသွားလိမ့်မည်။
ကျန်းတန်းဟယ် စိတ်ရှုပ်သွားသည်။ သူ ရှောက်ယိ ကို ကောက်ကိုင်လိုက်ပြီး ချွေးတွေကို သုတ်ပေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
ရှောက်ယိ ထိုစကားကို ကြားလိုက်သောအခါတွင် ဝမ်းနည်းမှုများစွာက သူ့ရင်ထဲတွင် တိုးဝင်လာသည်။ ကျန်းတန်းဟယ်ကို ပြောစရာတွေ အများကြီးရှိပေမယ့် အခုအချိန်တော့မဟုတ်သေးဘူး။ သူ ခေါင်းငုံ့ပြီး အိတ်ကို ဖွင့်လိုက်သည်။ “အဲဒါက အရေးမကြီးဘူး၊ ဒါက ပိုအရေးကြီးတယ်။”
သူစကားပြောနေရင်းနဲ့ စာအိတ်ကို ကျန်းတန်းဟယ်ဆီ ပေးလိုက်သည်။
ကျန်းတန်းဟယ်က စာအိတ်ကို ကြည့်ကာ အဲ့တာက ရှောင်းကောဆီမှ စာတစ်စောင်ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။ ဒါပေမယ့် အခြားခံစားချက်တစ်ခုက ဤအတွေးကို လျင်မြန်စွာ အစားထိုးခဲ့သည်။ "ရှောက်ယိက စာ ထုတ်ပေးဖို့ မေ့သွားလို့လား"
ယေဘုယျအားဖြင့် နောက်ဆုံးအခြေအနေက ဖြစ်နိုင်ခြေပိုများသည်။
ရှောက်ယိ ကျန်းတန်းဟယ်၏ လက်ကို စိုက်ကြည့်နေသည်။ စာကိုယူလိုက်သည်နှင့် ရှောက်ယိ ဝမ်းသာအားရ အော်ပြောလိုက်သည်။ သူ မစ်ရှင်ကို ပြီးပြည့်စုံစွာ ပြီးမြောက်အောင်မြင်ခဲ့ပြန်သည်။
"တာဝန်ပြီးသွားပြီ။စာပို့ပေးပြီးပြီ။"
သူစကားပြောပြီးနောက် ထကာ ကုလားထိုင်ပေါ်ထိုင်ပြီး သူ့ဘာသာ ရေသောက်ခဲ့သည်။
ကျန်းတန်းဟယ်၏ နှလုံးက ခုန်ထွက်သွားလေသည်။ ရှောင်းကော ဒီစာနှစ်စောင်ကို သူ့ဆီ တကယ်ရေးခဲ့တာလား။
ဒါကိုတွေးပြီး သူ ငြိမ်မနေနိုင်တော့ပေ။ နှုတ်ဆက်ဖို့ အမြန်ထလိုက်သည်။ ရှောက်ကျန့်၏ ခွင့်ပြုချက်ရရှိပြီးနောက် သူထကာ ထွက်ခွာသွားခဲ့သည်။ ဒါပေမယ့် သူ လမ်းတစ်ဝက်တွင် ပြန်လာခဲ့သည်။ ရှောက်ယိ သူ့ကို ခုထိ မပြောသေးတာတစ်ခုရှိသည်။
သူ ဧကရာဇ်စာကြည့်ဆောင်သို့ ပြန်ရောက်လာသောအခါ ရှောက်ယိ ထွက်ခွာသွားပြီး သူ့အိမ်တော်သို့ ပြန်သွားပြီဖြစ်ကြောင်း သူသိလိုက်ရသည်။ ကျန်းတန်းဟယ် အမြန်ထွက်သွားပြီး ရှောက်ယိကို ထပ်မံရှာဖွေခဲ့သည်။
ရှောက်ကျန့်က သူ့စာအုပ်ကို ချပြီး တံခါးကို ကြည့်လိုက်သည်။ သူ ခေါင်းခါလိုက်သည်။ "သူတို့ဘာတွေလုပ်နေကြတာလဲ"
ကျန်းတန်းဟယ်သည် ရှောက်ယိ၏ အိမ်တော်ကို လျင်မြန်စွာရှာဖွေတွေ့ရှိခဲ့ပြီး ထိုကောင်လေးသည် သူ့အဝတ်အစားတွေလဲထားပြီး အိမ်ထဲတွင် အေးအေးဆေးဆေး စားသောက်နေကြောင်း သိလိုက်ရသည်။
ကျန်းတန်းဟယ် ကိုမြင်သောအခါ သူ အနည်းငယ် အံ့ဩသွားသည်။ သူဘာကြောင့် ဒီမှာရှိနေတာလဲဆိုတာ နားမလည်ပေ။ သူ့တာဝန်မပြီးခဲ့လို့လား။
"အရှင့်သား၊ သူမ စာကိုလက်ခံရရှိတုန်းက သူ့အမူအရာတွေကို မှတ်ထားသေးလား"
ကျန်းတန်းဟယ် ဒီလိုပြောတဲ့အခါ အနည်းငယ်ရှက်သွားသလို ခံစားရသည်။ သူ့လျှို့ဝှက်ချက်လေးကို ဖော်ထုတ်လိုက်ရသလို ခံစားရသည်။
"အိုး... ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ မှတ်ထားတယ်၊ ကျွန်တော် မှတ်မိတယ်။" ရှောက်ယိက သူ့လက်ထဲကို သစ်တော်သီးစိတ်တွေ ကောက်ယူပြီး အဲ့တာတွေကို စာလိုမျိုး လုပ်လိုက်သည်။ ထိုနေ့တွင် သူမြင်ဖူးခဲ့သောအရာကို ပြန်လည်ဖန်တီးခဲ့သည်။
ကျန်းတန်းဟယ်က မင်းသားလေးကို လေးလေးနက်နက် ကြည့်နေသော်လည်း ခံစားချက်တွေက ဘာတွေလဲဆိုတာကို မပြောနိုင်ပေ။ ဒါပေမယ့် သူပျော်နေသောကြောင့် ထိုအမူအရာများကို ပျော်ရွှင်မှုပုံစံအဖြစ် အမျိုးအစားခွဲခြားခဲ့သည်။
အရာအားလုံးကိုမြင်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ ရှောင်းကောဆီ ရေးခဲ့သောစာကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်က စိတ်လှုပ်ရှားစရာအခြေအနေဖြစ်နေသည်။ လီရှို့ကျီ ပေးထားတဲ့ စာအုပ်က အတော်လေး အထောက်အကူဖြစ်ပုံရသည်။
အရင်တုန်းကတော့ ရှောင်းကောကို သူ့ခံစားချက်တွေကို ဘယ်လိုဖော်ပြရမှန်း မသိတာကြောင့် သူ အမြဲတမ်း စိတ်ပူပန်ခဲ့ရသည်။ ထောက်ထားစာနာတတ်တဲ့ လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ လီရှို့ကျီက ကျန်းတန်းဟယ်ရဲ့ အခက်အခဲတွေကို သူ့ကိုယ်ပိုင်ကိစ္စထက် ပိုစိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူသည် ထမင်းစားချိန်တောင်အလွတ်ခံပြီးသူ့စာကြည့်ဆောင်တွင် ဤစာအုပ်ကို ရှာတွေ့ရန် အချိန်ပေးထားခဲ့သည်။ “အချစ်အကြောင်း စာသား၃၀၀ ” တဲ့
ပထမတော့ ကျန်းတန်းဟယ်က ဒါက သံသယဖြစ်စရာလို့ မထင်ခဲ့ပေ။ စာကြောင်းအနည်းငယ်ကို ဖတ်ပြီးနောက် ဘေးသို့ ပစ်ချလိုက်သည်။ အဓိက အကြောင်းအရင်းမှာ အကြောင်းအရာသည် အလွန်ရွံရှာဖွယ်ကောင်းသောကြောင့် ဖြစ်သည်။ ဒီစာအုပ်ရေးတဲ့သူဟာ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်နေတယ်လို့ သူ နက်နက်ရှိုင်းရှိုင်း သံသယဖြစ်မိသည်။ ထိုစကားများကို ရေးထားတာ ရွံရှာစရာကောင်းသည်။ တစ်စုံတစ်ယောက် အဲ့တာကိုဖတ်မည်ဟု သူ စိတ်ကူးမယဉ်နိုင်ပေ။
ဒါပေမယ့် ဒုတိယအတွေးတွင် လီရှို့ကျီသည် အမျိုးသမီးများအားလုံး ဤကဲ့သို့သော စကားမျိုးကို နှစ်သက်ကြောင်း ဖော်ပြခဲ့သည်။ မြို့တော်ရှိ အမျိုးသမီးများနှင့် မိန်းမပျိုများသည် ထိုစကားကြောင့် အလွန်အမင်း အကျိုးသက်ရောက်မှုရှိပြီး အိပ်ရေးပျက်ကြသည်။ ဒီအသံကို ကြားလိုက်ရတော့ သူ့နှလုံးသားက ခုန်ပေါက်သွားသည်။ ရှောင်းကောလည်း အဲ့တာတွေကို သဘောကျရင် ဘယ်လိုလုပ်မလဲ။ သူ့အတွက် သိပ်စက်ဆုပ်စရာမကောင်းတဲ့ စာကြောင်းတချို့ကို ရွေးပြီး ကူးရေးဖို့ ဆုံးဖြတ်လိုက်သည်။ ထိုနည်းဖြင့် ရှောင်းကော ညဘက်တွင် အိပ်ရေးပျက်ပါက၊ သူမသည် သူ့အတွက် ၁၅ မိနစ်သာ အိပ်မပျော်ခြင်းကို ခံစားရမည်ဖြစ်သည်။
ဒါကိုစဉ်းစားရင်း ကျန်းတန်းဟယ် ပြုံးလိုက်သည်။ စာအုပ်က တကယ်ကို အထောက်အကူဖြစ်ပုံရသည်။
ရှောက်ယိ သူ့လက်ထဲရှိ သစ်တော်သီးခြောက်ကို စားလိုက်ပြီး သူ့ရှေ့တွင် ပြုံးနေပြီး သူ့အမှတ်တရများထဲတွင် နှစ်မြှုပ်နေသော လူကို ကြည့်လိုက်သည်။ "ဘာလို့အထင်သေးခံရတာကို သူက ဝမ်းသာနေရတာလဲ"
" ဘာလို့…"
ကျန်းတန်းဟယ် စားပွဲပေါ်ရှိ သစ်သီးခြောက်အိတ်ကို မျက်စိမှေးကာကြည့်နေသည်။
ရှောက်ယိက သူ့လက်ထဲက သစ်တော်သီးခြောက်တွေကို ကြည့်ပြီး ကျန်းတန်းဟယ်ကို ကြည့်လိုက်သည်။ သစ်တော်သီးခြောက်က ဘာဖြစ်နေလို့လဲ။
ကျန်းတန်းဟယ်၏ ပါးစပ်ထောင့်များ ကွေးညွတ်သွားသည်။ “သစ်တော်သီးခြောက်လား။ ကောင်းတယ်”
“....…” (⊙o⊙) ရှောက်ယိ ??
—-
“ ဗြဲ....... …”
“အိမ်ရှေ့စံမင်းသား၊ အိမ်ရှေ့စံမင်းသား၊ မငိုနဲ့ မငိုနဲ့…”
ရှောက်ယိက ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူ့ခြေထောက်တွေနဲ့ ကုတင်ကိုကန်ကာ ငိုနေသည်။ ကျစ်ရှ က သူ့ကို ဖြေသိမ့်ဖို့ မကြိုးစားခင်မှာ သူ အဆင်ပြေနေပါသေးသည်။ သူမ ဖြေသိမ့်ပေးပြီးနောက်မှာ သူ့ကိုယ်သူအတွက် ပိုလို့တောင် စိတ်မကောင်းဖြစ်သွားတော့သည်။ သူ့ငိုသံက မြေကြီးတောင်ကွဲတော့မည်။
"အိမ်ရှေ့စံမင်းသား ရှောက်ယိ၊ မငိုပါနဲ့တော့။ ဘာဖြစ်လို့လဲ"
ကျစ်ရှ စိတ်ရှုပ်သွားသည်။ အခုလေးတင် သူတော်တော်ပျော်နေခဲ့တာပါ။ ခဏလေး ထွက်သွားပြီးတဲ့နောက် သူ ဘယ်လိုလုပ် ဒီလို အဆုံးသတ်သွားတာလဲ။
“ငါ့ရဲ့ သစ်တော်သီးခြောက်တွေ…”
ရှောက်ယိက စားပွဲကို လက်ညှိုးထိုးပြပြီး ပြင်းပြင်းထန်ထန် ငိုနေပြီးတော့ လေကိုရှူရှိုက်နေလေသည်။
"သစ်တော်သီးခြောက်လား " ကျစ်ရှ မျက်မှောင်ကြုတ်ပြီး စားပွဲကို ကြည့်လိုက်သည်။ "အိုး၊ သစ်တော်သီးခြောက်တွေ။ ဒီမှာ မရှိတော့လို့လား။"
ကျစ်ရှသည် စားပွဲပေါ်ရှိ သစ်တော်သီးခြောက်များကို အမြန်ကောက်ယူလိုက်သည်။ အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင် အပိုင်းအစ အနည်းငယ်မျှသာ တွေ့ရှိခဲ့သည်။ ရှောက်ယိ တစ်ထုပ်လုံး အမြန်စားခဲ့သည်။ သူမ စောစောကတွေ့တုန်းက အိတ်အပြည့်ရှိပါသေးသည်။ အရသာရှိရင်တောင် သူ မြန်မြန်မစားသင့်ဘူး။ ဒါပေမယ့် သူ ဒီလိုငိုနေတာကိုမြင်တော့ သူမ စိတ်မကောင်းဖြစ်သွားပြီး သစ်တော်သီးခြောက်တွေကို သူ့ပါးစပ်ဆီ အမြန်ယူဆောင်ပေးခဲ့သည်။ "လာစားပါ"
"မဟုတ်ဘူး၊ မဟုတ်ဘူး နည်းနည်းပဲကျန်တော့တယ်"
ရှောက်ယိသည် သူမလက်ထဲမှ သစ်တော်သီးခြောက်ကို လုယူလိုက်ပြီး အဲ့တာကို ကလေးလေးလို သူ့ရင်ခွင်ထဲတွင် ဆုပ်ကိုင်ထားသည်။ "မဟုတ်ဘူး မဟုတ်ဘူး ဗြဲ....."
ကျစ်ရှ နားမလည်ပေ။ သူ အလွန်အကျွံစားမိလို့ ဘယ်သူ့ကို အပြစ်တင်နိုင်မလဲ။
—-
"ဟေး ဘာလို့ပြန်လာတာလဲ"
လီရှို့ကျီက သူ့လက်ထဲမှာ ကြက်ပေါင်တစ်ချောင်းကို ကိုင်ထားပြီး သူ့နှုတ်ခမ်းတွေမှာ ဆီတွေနဲ့ တောက်ပြောင်နေသည်။ ကျန်းတန်းဟယ် ရုတ်တရက်ပြန်လာသည်ကို သူ မြင်လိုက်ရသည်။ ထိုလူသည် ဧကရာဇ်မင်းမြတ်ကို ကာကွယ်ရန် နန်းတော်သို့သွားခဲ့ပြီး ပြန်မလာသည်မှာ ကြာပြီဖြစ်သည်။ ဒီနေ့ဘာလို့ရုတ်တရက်ပြန်လာတာလဲ။ သူ ထပ်ပြီး မလိုတော့ဘူးလား။
“ဟုတ်တယ်။” ကျန်းတန်းဟယ်သည် စာကို တွေးနေသောကြောင့် လီရှို့ကျီကို အာရုံစိုက်ဖို့ အချိန်မရှိပေ။ ရိုးရိုးရှင်းရှင်းပဲဖြေခဲ့ပြီး သူ့အခန်းထဲပြန်ဝင်သွားသည်။
လီရှို့ကျီ က သူထွက်သွားတာကို ကြည့်နေသည် ။ သူ့မျက်လုံးတွေက စူးရှပြီး သူ့လက်ထဲက အိတ်သေးသေးလေးကို ချက်ချင်းတွေ့သွားသည်။ "ဟေး အဲဒါဘာလဲ"
"ဝေးဝေးနေ"
အဲဒါနဲ့ တံခါးပိတ်သွားသည်။
"တစ်ခုခုတော့ဖြစ်နေပြီ"
လီရှို့ကျီ စကားသုံးလုံးကို အေးအေးဆေးဆေး ပြောလိုက်သည်။ ပိတ်ထားတဲ့ တံခါးကို သေချာကြည့်လိုက်ပြီး သူ့လက်ထဲက ကြက်ပေါင်ကို စားဖို့ မမေ့ခဲ့ပေ။
ကျန်းတန်းဟယ်က သူ့လက်ထဲမှ အိတ်ကို ချလိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ စာအိတ်ကို သေသေချာချာဖွင့်ပြီး စာကိုထုတ်လိုက်သည်။ စာအိတ် သို့မဟုတ် စာ ပျက်စီးသွားမည်ကို သူစိုးရိမ်နေသည်။ ဖတ်ပြီးရင် သိမ်းထားရမည်။ ဒါက ရှောင်းကောရဲ့ ပထမဆုံးစာပင်။
မျှော်လင့်ချက်ဖြင့် စာကို မဖွင့်ခင် အသက်ပြင်းပြင်းရှူလိုက်မိသည်။ အဆင်သင့်ဖြစ်သောအခါ စာရွက်ကို လှန်လိုက်သည်။
“….... ကျန်းတန်းဟယ်”
ရိုးရိုးသားသားပြောရလျှင် သူသည် ရှောင်းကော သူမ၏ စာများကို သာယာသော သို့မဟုတ် ပြေပြစ်သောလေသံဖြင့် မည်သို့စတင်မည်ကို သူ စိတ်ကူးယဉ်ခဲ့သည်။ သူမကို ဒီလောက်ထိ တိုက်ရိုက်ပြောမယ်လို့ မမျှော်လင့်ထားပေ။ ကျန်းတန်းဟယ်ဆိုတဲ့ ငြီးငွေ့ဖွယ်စကားလုံးသုံးလုံးဖြင့် စတင်ခဲ့သည်။
အကြောင်းတစ်ခုခုကြောင့် ရုတ်တရတ် ဆိုးရွားတဲ့ ခံစားချက်တွေ ရလာခဲ့သည်...
"ကျွန်မ ရှင့်စာကို လက်ခံရပါတယ်။ အများကြီးစဉ်းစားပြီးမှ ရှင့်ဆီစာပြန်ရေးဖို့ ဆုံးဖြတ်ခဲ့တာ။ ကျွန်မတို့နေကောင်းပါတယ်။ ရှင်ပေးတဲ့ မီးသွေးကိုလည်း ကျွန်မတို့ရပြီးပြီ။ ရှင့်ကို ကျေးဇူးတင်ပါတယ်၊ ကျွမ်းကျွမ်းနဲ့ ကျွန်မတို့ နွေးထွေးတဲ့ဆောင်းရာသီကိုအလျှံအပယ် ပိုင်ဆိုင်ခဲ့ရပါတယ်..."
ဤစာ၏ ဤအပိုင်းကို ရောက်လာသောအခါ ကျန်းတန်းဟယ်၏နှလုံးက ငြိမ်သက်သွားသည်။ ဒီလို နွေးထွေးတဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး သူ ဘယ်လို ခံစားချက်မျိုး ရှိနိုင်မလဲ။ ထို့ကြောင့် သူသည် သူ့နှလုံးသားထဲတွင် နွေးထွေးသောခံစားမှုဖြင့် ဆက်ဖတ်နေခဲ့သည်။ ဖတ်ရင်းနဲ့ လက်လှမ်းလိုက်ပြီး သစ်တော်သီးခြောက်တစ်ခုကို ယူလိုက်သည်။ တစ်ကိုက်တည်းနဲ့ စားပစ်လိုက်သည်။ တကယ့်ကို အရသာရှိသည်။
"ကျွန်မ ပိုက်ဆံလည်းရပါတယ်။ ကျွန်မ အဲ့တာကိုဖယ်ထားပြီးပြီ။ စိတ်မပူပါနဲ့။ ကျွမ်းကျွမ်း သူ့မွေးနေ့မှာ ရှင့်ရဲ့လက်ဆောင်ကိုရခဲ့ပါတယ်၊ သူအရမ်းပျော်နေတယ်..."
ကျန်းတန်းဟယ်သည် စကားလုံးတိုင်းကို ဂရုတစိုက်ဖတ်ပြီး ရှောင်းကောက သူ့နားထဲတွင် ထိုစကားလုံးများကို တီးတိုးပြောနေသလို ခံစားနေရသည်။
" ရှင်ကောနေကောင်းရဲ့လား၊ ကျန်းမာရေးကော ဘယ်လိုရှိလဲ၊ ဘယ်လိုခံစားနေရလဲ "
နောက်ဆုံးမေးခွန်းသုံးခုက စာကိုနိဂုံးချုပ်လိုက်တာနဲ့ ကျန်းတန်းဟယ်ဟာ သူ့ရဲ့ ထုံးစံအတိုင်း အတွေးရထားတွေကို လိုက်ကြည့်ရင်း အရမ်းကို ထိမိသွားသည်။ ရှောင်းကော သူ့အတွက် စိတ်ပူနေတာဖြစ်မည်ဟု သူ့ကိုယ်သူ တွေးနေမိသည်။ သေချာပေါက် သူ့ကို စိတ်ပူနေခဲ့တာ!
သူ့လက်ထဲက သစ်တော်သီးခြောက်ကို စားပြီးသွားတော့ နောက်တစ်ခုကို လှမ်းကိုင်လိုက်သည်။ ရှောင်းကော၏စာတွင် နှုတ်ခွန်းဆက်စကားများနှင့် အိမ်တွင်းအခြေအနေဖော်ပြချက်များသာ ပါရှိသော်လည်း ကျန်းတန်းဟယ်သည် သူမ၏ ဖော်မပြနိုင်သော ချစ်ခြင်းမေတ္တာနှင့် တောင့်တခြင်းကို ခံစားမိနိုင်သည်။
ကျန်းတန်းဟယ် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ စာကိုချခါနီးမှာ စာအိတ်ထဲမှာ နောက်ထပ်စာရွက်တစ်ရွက်ရှိနေတာကို သူသိလိုက်ရသည်။ ကျန်းတန်းဟယ် ဝမ်းသာသွားသည်။ ပွင့်ပွင့်လင်းလင်းဖတ်ဖို့ အဲ့မှာ ရင်းနှီးလွန်းတဲ့ အခြားစကားလုံးတွေများ ပါဝင်နေမလား။
သူရှက်သွေးဖြာသွားကာ လှည့်ပတ်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်က လုံခြုံကြောင်း သေချာတာကို မြင်ပြီးနောက် သူ စာကိုထုတ်ကာ ဖွင့်လိုက်သည်။