← Chapters

အခန်း (၂၃၅)

Vol. 16 Ch. 235

အခန်း (၂၃၅)

Vol. 16 Ch. 235

သူမျှော်လင့်ထားတဲ့ စကားလုံးတွေကို မမြင်ခဲ့ရပေ။ သူ အနီးကပ်ကြည့်လိုက်တော့ ဒါက ကျွမ်းကျွမ်းရဲ့ လက်ရေးမှန်း သိလိုက်ရသည်။

ဂရုတစိုက်ဖတ်ပြီးနောက် ကျန်းတန်းဟယ်၏ မျက်လုံးတွေမှာ မျက်ရည်များဝဲတက်လာခဲ့သည်။ ကျွမ်းကျွမ်းက သူ့ကို အရမ်းလွမ်းနေမှန်း သူ မသိခဲ့ပေ။ သူတကယ်ပြန်သွားပြီး သူတို့နဲ့ အချိန်ဖြုန်းပေးချင်ခဲ့သည်။

ကျန်းတန်းဟယ် စာနှစ်စောင်လုံးကို မှတ်ဉာဏ်မှ ရွတ်ဆိုနိုင်သည်အထိ အထပ်ထပ်အခါခါ ဂရုတစိုက်ဖတ်ခဲ့သည်။ ထို့နောက် စာအိတ်ထဲသို့ တုံ့ဆိုင်းစွာ ပြန်ထည့်လိုက်သည်။ ဒါပေမယ့် အထဲမှာ နောက်ထပ်စာတစ်စောင်ရှိမှန်း သူ ရုတ်တရက် သိလိုက်ရသည်။ တစ်စုံတစ်ခုက ချက်ချင်းပင် သူ့စိတ်ထဲကို ဖြတ်သွားခဲ့သည်။ "နောက်ထပ်ရှိသေးတာလား"

ကျနိးတန်းဟယ် စာရွက်အပိုင်းလေးကို ထုတ်ယူလိုက်သည်။ ပထမတော့ သူသတိမထားမိခဲ့တာက အံ့သြစရာတော့မဟုတ်ပေ။ အဲ့တာကအလွန်သေးငယ်ပြီး စာအိတ်၏ ထောင့်စွန်းမှာ ထည့်ထားတာဖြစ်သည်။ သူသာ အနီးကပ်မကြည့်လိုက်မိရင် လွတ်သွားလိမ့်မည်။

သူ စာကိုဖွင့်ပြီး အကြောင်းအရာတွေကို မဖတ်ရသေးဘဲ ရှောင်းကော ရေးထားတဲ့ လက်ရေးဆိုတာကို ပြောပြနိုင်သည်။ သူ တခစ်ခစ်ရယ်ပြီး စာကို အစမှအဆုံး သေချာဖတ်ခဲ့သည်။

အကြောင်းအရာများကိုဖတ်ပြီးနောက် ကျန်းတန်းဟယ်၏ မျက်နှာမှာ လုံးဝနီရဲသွားခဲ့သည်။

စာထဲမှာပါတဲ့ အကြောင်းအရာတွေက အရမ်းရိုးစင်းသည်။ ရှောင်းကောက သူ့ကို ဘာကြောင့် ဒီထူးဆန်းတဲ့ စကားလုံးတွေ ရေးခဲ့တာလဲလို့ မေးထားတာ။ အရင်စာထဲက နောက်ဆုံးမေးခွန်းသုံးခုနဲ့ တွဲပြီးတော့ နားမလည်တာ တစ်ခုခုရှိလားလို့ သူ့ကိုမေးထားသည်။ ရှောင်းကောက သူ့ကို အရူးလို့ ထင်နေတာဖြစ်မည်...

ကျန်းတန်းဟယ် သူ့မျက်နှာကို လက်နဲ့အုပ်လိုက်သည်။ နောင်တတွေနဲ့ ပြည့်နေပြီ။ သူ့မျက်နှာမှာ ရှက်ကိုးရှက်ကန်း အကြည့်တွေက အချိန်အတော်ကြာအောင် ဖုံးလွှမ်းသွားသည်။

"ခဏလေး!" ကျန်းတန်းဟယ် ရှောက်ယိ ဖော်ပြခဲ့သည့်အမူအရာကို ရုတ်တရက် တွေးလိုက်မိသောကြောင့် ရုတ်တရက် ခေါင်းယမ်းလိုက်သည်။ ထိုအခြေအနေမျိုးတွင် သူမ၏မျက်နှာက ပျော်ရွှင်မှုကြောင့်မဟုတ်ပေ။ ရွံရှာဖွယ်အကြည့်တစ်ခုပဲ...

"လီ ! ရှို့ ! ကျီ!"

ခန်းမထဲမှာ ကြက်ပေါင်စားနေတဲ့ လီရှို့ကျီ ရုတ်တရက် တုန်လှုပ်သွားသည်။ သူ့တွင် နားမလည်နိုင်သော ဆိုးရွားသော ခံစားချက်တစ်ခု ရှိခဲ့သည်။ သေချာပါတယ် မကြာခင်မှာပဲ ဒေါသကြီးနေတဲ့ ကျန်းတန်းဟယ် လမ်းလျှောက်လာတာကို သူတွေ့လိုက်ရသည်။

တစ်ခုခုလွဲချော်နေသည်ကို သတိပြုမိကာ ကြက်ပေါင်ကို ကောက်ယူပြီး တစ်ဖက်သို့ ပြေးသွားခဲ့သည်။ မကြာသေးမီက သူသည် အကျင့်စာရိတ္တကောင်းမွန်ခဲ့ပြီး ကျန်းတန်းဟယ်ကို နှိုးဆော်ရန် မည်သည့်အရာမျှ မလုပ်ခဲ့သော်လည်း၊ ထိုလူသည် သူ့အတွက် ဤနေရာတွင် ရှိနေသည်ဟု တစ်နည်းနည်းဖြင့် ခံစားခဲ့ရသည်။ ထို့ကြောင့် သူ့လမ်းမှ ထွက်သွားတာ ပိုကောင်းသည်။

ထိုနေ့ညတွင် လီရှို့ကျီ သင်ခန်းစာတစ်ခု သင်ကြားခံရပြီးနောက် ကျန်းတန်းဟယ် လှဲချခဲ့ပြီး အိပ်ရာထဲသို့ လှည့်သွားခဲ့သည်။ သူမျက်လုံးမှိတ်လိုက်သည်နှင့် စာဖတ်နေစဉ်ဖြစ်နေမည့် ရှောင်းကော၏ မျက်နှာကို တွေးလိုက်မိသည်။ ကောင်းကင်က သူ့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးရင် လီရှို့ကျီကို သူ သတ်ပစ်မှာ သေချာသည်။

ကျန်းတန်းဟယ်တစ်ယောက်တည်းပဲ အိပ်မပျော်နိုင်တဲ့ သူ မဟုတ်ပေ။ မက်မွန်ပွင့် ရွာမှာ ဝေးကွာနေတဲ့ ရှောင်းကောလည်း ခံစားနေရသည်။

ရှောင်းကော အိပ်ပျော်နေတဲ့ ကျွမ်းကျွမ်းကို လှည့်ကြည့်လိုက်ပြီး လေးလေးနက်နက် တွေးတောနေမိသည်။ ကျန်းတန်းဟယ် စာကိုလက်ခံလိုက်ရပြီလားလို့ သူမ တွေးနေမိသည်။ ရက်စွဲတွေအရ မကြာခင် သူ လက်ခံရတော့မှာ။

သူမရဲ့ပြန်စာက တိုက်ရိုက်ဆန်လွန်းနေလား။ ဒါပေမယ့် သူ့စာထဲက အကြောင်းအရာတွေက နည်းနည်းတော့ ကြောက်စရာကောင်းသည်။ သူ့မှာ ကိုယ်ရည်ကိုယ်သွေး နှစ်မျိုးရှိပုံရသည်။

ကိုယ်ရည်ကိုယ်သွေးက ကွဲနေတာလား။ ဒါက မဖြစ်နိုင်ဘူးလို့ ထင်သည်။ နောက်ဆုံးတော့ သူက ဖိအားတွေ အများကြီးအောက်မှာ ရှိနေလောက်သည်။ သူက ရုတ်တရက် ကွဲထွက်သွားတဲ့ ကိုယ်ရည်ကိုယ်သွေး ဖြစ်လာရင်ကော။ သူသည် နေ့အချိန်တွင် ရန်သူများကို သူရဲကောင်းဆန်ဆန် ဖျက်ဆီးပြီး ညအချိန်တွင် ဒုက္ခရောက်နေတဲ့သူအဖြစ်သို့ ပြောင်းလဲသွားတာလား။

ယခုအချိန်တွင် ရှောင်းကော အလွန်အမင်း သဘောထားကွဲလွဲနေသည်။ သူမ သူ့ကို ကောင်းကောင်းသိတာ မဟုတ်ဘူးလား။ ဒါ သူတကယ်ပဲ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒါပေမယ့် ဒီလိုမျိုး ယောက်ျားတွေကို သူမ တကယ် မကြိုက်ဘူး...

"ကျန်းတန်းဟယ် ရှင်က တကယ်ပဲ ဘယ်လိုလူလဲ"

—-

နောက်တစ်နေ့မနက်တွင် ကျန်းတန်းဟယ် ပင်ပန်းနေသော မျက်လုံးများကို ဖွင့်လိုက်သည်။ တစ်ညလုံး စဉ်းစားပြီးနောက် ရှောင်းကောကို ရှင်းပြရန် သူ ဆုံးဖြတ်လိုက်သည်။ သူမ သူ့ကို အထင်လွဲရင် ပြီးသွားပြီပဲ။ လီရှို့ကျီက အပြစ်ရှိတဲ့သူသာမကဘဲ အဲ့တာက သူ မဟုတ်ကြောင်း သူမအား ရှင်းပြရမည်ဖြစ်သည်။

သူ့မျက်လုံးအောက်မှာ ညိုမည်းနေတဲ့ စက်ဝိုင်းတွေနဲ့ စားပွဲခုံမှာ ထိုင်ပြီး စုတ်တံတစ်ခုကို ကောက်ယူလိုက်သည်။ စာရွက်ကို ချောမွတ်စေပြီး စာစရေးခဲ့သည်။

စာရွက်ကြီး ၃ ရွက် ရေးပြီးတာနဲ့ ပြီးသွားသည်။ မှင်ခြောက်သွားသောအခါတွင် သူသည် စာတစ်စောင်ကို ကောက်ယူပြီး ဂရုတစိုက် စစ်ဆေးခဲ့သည်။ ဘာမှမကျန်တော့ဘူးဆိုတာ သေချာတဲ့အခါ စာအိတ်ထဲကို သေသေသပ်သပ်ထည့်လိုက်သည်။

သူအိမ်ကထွက်သွားတော့ အပြင်ထွက်နေတဲ့ လီရှို့ကျီနဲ့ တိုးခဲ့သည်။ နှစ်ယောက်စလုံး၏ မျက်လုံးအောက်တွင် အမည်းရောင်အဝိုင်းတွေကို မြင်လိုက်ရသည်။ လီရှို့ကျီ ၏ ပါးစပ်ထောင့်တွေ လှုပ်ယမ်းသွားသည်။ "ငါ မှတ်မိတာသာ မှန်ရင် ငါကသာ အရိုက်ခံခဲ့ရတဲ့သူပဲ..."

ကျန်းတန်းဟယ် စကားမပြောဘဲ သူ့လက်ကိုပဲ မြှောက်လိုက်သည်။ လီရှို့ကျီ ထိုအရာကိုမြင်သောအခါ ပြေးဖို့အဆင်သင့်ဖြစ်နေပြီ။ ကျန်းတန်းဟယ် သူ့လက်မောင်းကို ချိန်ရွယ်ကာ ဖမ်းဆုပ်လိုက်သည်။ "ကျေးဇူးပြုပြီး အလုပ်တစ်ခုလုပ်ပေး"

"မင်း ငါ့ကို ရိုက်မို့မဟုတ်ဘူးလား" လီရှို့ကျီ စိတ်ရှုပ်စွာ မေးလိုက်သည်။

ကျန်းတန်းဟယ် လီရှို့ကျီ ကိုကြည့်ကာ စကားမပြောပေ။ နောက်မှ ခေါင်းငုံ့ပြီး စာကို လွှဲပေးလိုက်သည်။

လီရှို့ကျီ စာကိုယူကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ နောက်ထပ် ညွှန်ကြားချက်တွေ မရှိတော့တာကို မြင်လိုက်ရတော့ သူ ထွက်သွားဖို့ ပြင်လိုက်သည်။ မထွက်ခင်မှာ မေးခဲ့သည်။ “ ပုံမှန်လုပ်ရိုးလုပ်စဥ်အတိုင်းပဲလား”

ကျန်းတန်းဟယ်ခေါင်းညိတ်လိုက်သည်။

"စကားမစပ်။ အဲဒီအချစ်ကဗျာစာအုပ်.... ငါသွားပြီ!"

လီရှို့ကျီ တောင်းပန်ရန် ရည်ရွယ်ချက်ဖြင့် စာအုပ်ကို ထပ်မံတင်ပြခဲ့သည်။ ဒါပေမယ့် ကျန်းတန်းဟယ်၏ မျက်လုံးထဲက အရိပ်အယောင်ကို မြင်လိုက်ရသောအခါ သူ ချက်ခြင်း ထွက်ပြေးသွားခဲ့သည်။ သူ့ဘဝအတွက် ပြေးတာက ပိုအရေးကြီးသည်။

......

“ကျေးဇူးပြုပြီး ခဏလေးနေပါဦး။ ငါ့ရဲ့ချစ်ရတဲ့ဝန်ကြီး”

ကျန်းတန်းဟယ်က သူ့ခြေလှမ်းကို ရပ်တန့်ပြီး ခေါင်းငုံ့ကာ မြေကြီးပေါ် အမြစ်တွယ်စွာရပ်လိုက်သည်။ အခန်းထဲက ဝန်ကြီးတွေ အားလုံး ထွက်သွားပြီးမှပဲ သူ မော့ကြည့်ခဲ့သည်။

"ဘာလို့ ငါ့ကို မော့မကြည့်တာလဲ"

ရှောက်ကျန့်သည် အဲ့တာက အလွန်ထူးဆန်းသည်ကို တွေ့လိုက်ရသည်။ ကျန်းတန်းဟယ် ဒီနေ့ ဘာလုပ်နေတာလဲ။ နန်းတော် ညီလာခံအစည်းအဝေး စတင်ချိန်မှစ၍ ခေါင်းငုံ့ထားခဲ့သည်။ အစည်းအဝေးပြီးတော့လည်း အခုချိန်ထိ မော့မကြည့်သေးဘူး။

ကျန်းတန်းဟယ် ဒီစကားကိုကြားတော့ သူ တုံ့ဆိုင်းသွားသည်။ အဆုံးတွင် ခေါင်းမမော့ဘဲ ရှေ့တည့်တည့်ကို ကြည့်လိုက်သည်။

ဤထောင့်မှ ရှောက်ကျန့်သည် သူ့မျက်လုံးတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သူ့အကြည့်တွေက ကျန်းတန်းဟယ်ရဲ့ မျက်လုံးနားတစ်ဝိုက်ကို ရောက်သွားပြီး သူချက်ချင်း ရယ်မောလိုက်သည်။

"မင်း။ ဟားဟား။"

ကျန်းတန်းဟယ် ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်လိုက်တာကြောင့် သူ၏ မျက်ခုံးမွှေးတွေကကို ယင်ကောင်တွေတောင်ဖမ်းဖို့ အသုံးချလို့ရသည်။ ရှောက်ကျန့် သူ့ကိုမြင်သွားရင် အဆုံးမရှိ လှောင်ပြောင်လိမ့်မယ်ဆိုတာ သူသိသည်။ အဲဒါကြောင့် ခေါင်းငုံ့ပြီး သူ့ကို မော့မကြည့်တာ။ ဒါပေမယ့် နောက်ဆုံးမှာ ရှောက်ကျန့်က သူ့မျက်လုံးများကို မြင်သွားသေးသည်။

ရယ်မောပြီးသောအခါ ရှောက်ကျန့် လည်ချောင်း ရှင်းလိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။ "ဒါက မင်း ရှောက်ယိ ဆီက လုယူသွားတဲ့ သစ်တော်သီးခြောက်တွေကိုအများကြီး စားမိသွားလို့များလား၊ အရမ်းစားမိသွားပြီး အိပ်ရတာ အဆင်မပြေဖြစ်သွားတာလား"

မနေ့ညက ရှောက်ကျန့်က ရှောက်ယိနဲ့ အတူတူစားဖို့စောင့်နေပေမယ့် ကောင်လေးက မလာခဲ့ပေ။ ရှောက်ယိ ကို စစ်ဆေးရန် တစ်စုံတစ်ဦးကို စေလွှတ်ပြီးနောက် ကောင်လေး အကြာကြီး ငိုနေမှန်း သူ သိလိုက်ရသည်။ ပြင်းထန်စွာ ငိုကြွေးပြီးနောက် သူ အိပ်ပျော်သွားခဲ့သည်။

ဒီစကားကြားတော့ သူ ကောင်လေးကို သနားသွားသည်။ အဖြစ်အပျက်ကို သိရှိရန် တစ်စုံတစ်ဦးကို လျှင်မြန်စွာ မေးမြန်းခဲ့ပြီးနောက် တရားခံမှာ ကျန်းတန်းဟယ် ဖြစ်နေသည်။

"ပြောပါဦး။ မင်း ကလေးတစ်ယောက်နဲ့ အစားအသောက်အတွက် ဘာလို့ ရန်ဖြစ်ရတာလဲ။"

ရှောက်ကျန့် အကျပ်ရိုက်နေသည်။ တစ်ယောက်က သူ့သား၊ နောက်တစ်ယောက်က သူ့ညီ။ သူ့ညီက သူ့သားကို ငိုအောင်လုပ်ခဲ့သည်။ သူ သူတို့နှစ်ယောက်ကို စကားအများကြီး မပြောနိုင်ပေ။ ခက်ခဲတဲ့အခြေအနေဖြစ်ခဲ့သည်။

ဒီနေ့ သူနိုးလာတဲ့အခါ ရှောက်ယိ ထပ်ပြီး ဝမ်းနည်းနေတယ်ဆိုတာကို ကြားလိုက်ရသည်။ နန်းတော်သည် မနေ့နေ့လည်ပိုင်းမှစပြီး ယနေ့နံနက်အထိ သူ့အတွက် သစ်တော်သီးခြောက်များ ပြုလုပ်ကာ အလုပ်များနေခဲ့သည်။ သစ်တော်သီးခြောက်များကို အသုတ်လိုက်လုပ်ပြီးနောက် ရှောက်ယိက တစ်ချက်မျှ မထိခဲ့ပေ။ အရင်ဟာတွေကိုပဲ ဆက်တောင်းနေသည်။ ဒါပေမယ့် သူ့အတွက် အဲဒါကို ဘယ်မှာ ရှာပေးရမှာလဲ။

ကျန်းတန်းဟယ်သည် ဤစကားကိုကြားသောအခါတွင် အပြစ်ရှိသည်ဟု မခံစားရပေ။ “ကျွန်တော်မျိုးမိန်းမနဲ့ဆိုင်တဲ့ ဥစ္စာကို ယူတာက ရာဇ၀တ်မှုမဟုတ်ဘူး” လို့ ကိုယ့်ကိုယ်ကို ဖြောင့်မတ်စွာနဲ့ ပြောခဲ့သည်။

“....…” ရှောက်ကျန့် ဒေါသထွက်သွားပြီး ရယ်ခဲ့သည်။ သူ အံကြိတ်ပြီးပြောလိုက်သည်။ "ဒါကို မင်းမိန်းမက ရှောက်ယိ ပေးခဲ့တာ မဟုတ်ဘူးလား"

"ဒါဆို ကျွန်တော်မျိုးရဲ့မိန်းမက ရှောက်ယိကို သစ်တော်သီးခြောက်တွေ ယူသွားခိုင်းတယ်လို့ကော အရှင်မင်းကြီးဘာလို့ မတွေးခဲ့တာလဲ"

"ဟေ။ ငါ့ဓားကော "

ရှောက်ကျန့် သူနှင့်အတူ အမြဲဆောင်ထားသော ဓားအတွက် ဒေါသတကြီး အော်လိုက်သည်။

"အရှင်မင်းကြီးရဲ့ခါးမှာ"

ကျန်းတန်းဟယ် အဲ့နေရာကို အေးအေးဆေးဆေး ပြောပြခဲ့သည်။

"ထွက်သွားတော့"

ကျန်းတန်းဟယ် ပြုံးပြီး ထွက်သွားတော့မည့်အချိန်မှာ သူ့နောက်က အသံတစ်ခုကို ကြားလိုက်ရသည်။

"မင်းမှာ သစ်တော်သီးခြောက်တွေ ရှိသေးလား"

ကျန်းတန်းဟယ်၏ နားရွက်တွေ လှုပ်ယမ်းသွားသည်။ သစ်တော်သီးခြောက်တွေ သူ့ဗိုက်ထဲမှာ ရှိတယ်လို့ ပြောပြီး တံခါးအပြင်ကို အမြန်ထွက်လာခဲ့သည်။ ထို့နောက် လှေကားထစ်တွေကို အမြန်ဆင်းလိုက်သည်။

သူပြောပြီးသည်နှင့် ထွက်ခွာသွားသည့်နေရာတွင် အမှတ်တရတစ်ခု လွှင့်တင်ခဲ့သည်။ တစ်စက္ကန့်လောက်ကြာမှ ထွက်သွားရင် အဲ့တာက သူ့ကို ထိသွားလိမ့်မည်။

"အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ"

မိန်းမစိုး စုသည် ရှောက်ကျန့်ကို စိတ်တည်ငြိမ်အောင်လုပ်ပေးဖို့ ကြိုးစားခဲ့သည်။ ဧကရာဇ်သည် စစ်သူကြီးအား စိတ်ဆိုးခြင်းမရှိကြောင်း သူသိသော်လည်း သူ့အား သက်သာရာရစေရန် နှစ်သိမ့်ပေးရသေးသည်။

မိန်းမစိုးစု ပြောလိုက်တာနဲ့ ရှောက်ကျန့် ချက်ချင်း ငြိမ်သက်သွားပြီး စိုးရိမ်တကြီး မေးခဲ့သည်။ "ရှောက်ယိ ဘယ်လိုနေသေးလဲ "

"ငိုထားလို့ ပင်ပန်းနေပါတယ်။ သူ မနက်စာစားနေပါပြီ "

“ကောင်းတယ်၊ အကြာကြီး ငိုပြီးရင် သူ့လည်ချောင်း နာနေလိမ့်မယ်။ နည်းလမ်းရှာဖို့ ဧကရာဇ် မီးဖိုချောင်ကို အမြန်တိုက်တွန်းလိုက်။ သစ်တော်သီးခြောက်တွေကို တချိန်တည်း အခြောက်ခံပြီး လတ်ဆတ်အောင် လုပ်ခိုင်း ”

ရှောက်ကျန့် သက်ပြင်းချလိုက်သည်။ သူ့ရဲ့တုံးအတဲ့သားလေးက ငိုရတာကြိုက်ပေမယ့် သူ့အစာစားချင်စိတ်ကို မထိခိုက်သရွေ့တော့ ကောင်းပါသည်။

“မှန်လှပါ ”

မိန်းမစိုး စုက သူ့ကိုယ်သူ အကြောင်းပြချက်ပေးပြီးနောက် နန်းတော် စားဖိုဆောင်ကို တည့်တည့်သွားခဲ့သည်။ သူ ဒီကိစ္စကို စိတ်ပူပြီး ကိုယ်တိုင်သွားကြည့်ခဲ့သည်။

"မိန်းမစိုး စု "

"အင်း၊ ဘယ်လိုလဲ"

မိန်းမစိုးစုက ခေါင်းဆောင်စားဖိုမှူးကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

“ကြည့်ကြည့်ပါ၊ ဒီအသုတ်နဲ့ ဒီအသုတ် ပြန်ရထားပါပြီ”

All Chapters