← Chapters

အခန်း (၂၃၆)

Vol. 16 Ch. 236

အခန်း (၂၃၆)

Vol. 16 Ch. 236

တော်ဝင် စားဖိုဆောင်ရဲ့ခေါင်းဆောင် စားဖိုမှူးမှာ ကြီးမားတဲ့ ဖိအားအောက်မှာ ရှိနေခဲ့သည်။ သူဦးနှောက်ခြောက်တဲ့အထိ စဥ်းစားပြီးနောက် သစ်တော်သီးခြောက် ပြုလုပ်ရန် နည်းလမ်းရှာမတွေ့သေးပေ။ ဟင်းချက်နည်းကို လေ့လာနေစဉ်တွင် မူလသစ်တော်သီးခြောက်တစ်ခုကို ချိုးခဲ့သည်။ ယင်းကြောင့် အိမ်ရှေ့မင်းသားက အချိန်အတော်ကြာအောင် ငိုကြွေးခဲ့သည်။ ခေါင်းဆောင်စားဖိုမှူးလည်း နောက်ဆုံးမှာ ကြံရာမရဖြစ်နေခဲ့သည်။

"ဒါတွေက တော်တော်လေးကောင်းတယ် မဟုတ်ဘူးလား"

မိန်းမစိုးစုသည် သစ်သီးခြောက်ပန်းကန်ပြားတွေကို ဝမ်းနည်းစွာကြည့်နေသည်။ သူတို့ဘာတွေ မှားနေတယ် ဆိုတာ မပြောနိုင်ဘူး။

"ဒါတွေက ခြောက်လွန်းတယ် ဒါမှမဟုတ် နူးလွန်းတယ်။ အရသာလည်း မမှန်ဘူး။ လုပ်ရတာ ခက်လွန်းတယ်"

စားဖိုမှူးမှာ မျက်ရည်တွေ ဝဲလာသည်။ သူသည် ငယ်စဉ်ကတည်းက သူ့ဆရာနှင့်အတူ တော်ဝင် စားဖိုဆောင်တွင် အလုပ်လုပ်ခဲ့သည်။ သူသည် နန်းတော်တွင် နှစ်လေးဆယ်ကျော်ကြာ အလုပ်လုပ်ခဲ့ပြီး မည်သည့်ပြဿနာမျှ မကြုံခဲ့ဖူးပေ။ အခု ဒီသစ်တော်သီးခြောက်လေးတွေကြောင့် သူ အကြံအိုက်သွားပြီလို့ တွေးမိသည်။ တကယ့်ကို ရှက်စရာကြီးပင်။

!!

"လူငယ်လေး၊ စိတ်မပူပါနဲ့၊ မင်းရဲ့ကြိုးစားမှုကို ဆက်လုပ်သွား "

မိန်းမစိုးစုက စားဖိုမှူးက အရှုံးပေးခါနီးနေပြီလို့ ပြောနိုင်တာကြောင့် သူ့ကို အားပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သူ ထွက်သွားလို့မရဘူး။ သူထွက်သွားရင် သစ်တော်သီးခြောက်လုပ်ဖို့ ဘယ်သူမှ မကျန်တော့ဘူး။

“….....” ခေါင်းဆောင်စားဖိုမှူးမှာ လုံးဝ စိတ်ပျက်သွားပုံရသည်။ မိန်းမစိုးစုက ဘယ်လူငယ်ကို ပြောနေတာလဲ။ သူ့မြေးလေးက မိန်းကလေးတွေနဲ့ ချိန်းတွေ့မယ့် အသက်အရွယ်ရောက်နေပြီ။

မိန်းမစိုးစုက အမှန်ပင် ဘဏ္ဍာစိုးဖြစ်သည်။ ကြင်နာမှုနှင့် အခွင့်အာဏာကို အသုံးချခြင်းဖြင့် သူသည် စားဖိုမှူးအား ညည်းညူခြင်းမရှိဘဲ နာခံမှုရှိရှိ အလုပ်ဆက်လုပ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။

"ကောင်းပြီ၊ ဆက်ကြိုးစား။ ငါ အိမ်ရှေ့မင်းသားလေးဆီ သွားကြည့်လိုက်ဦးမယ်။"

သူ ဦးနှောက်ဆေးကြောခြင်းကို အောင်အောင်မြင်မြင် ခံနိုင်ရည်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် မိန်းမစိုးစု ပြုံးကာ သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

တော်ဝင် စားဖိုဆောင်ရဲ့ ခေါင်းဆောင် စားဖိုမှူးက မိန်းမစိုးစု ထွက်သွားတာကို စောင့်ကြည့်ပြီး သစ်တော်သီးခြောက်တွေကို တစ်ဖန်ပြန်ပြုလုပ်ရာမှာ ချက်ချင်း နှစ်မြှုပ်သွားခဲ့သည်။ မိန်းမစိုးစု ပြောတာမှန်တယ်လို့ သူခံစားမိသည်။ ဒါကို မှန်ကန်စွာ ဆောင်ရွက်နိုင်ရင် အကျိုးကျေးဇူးတွေ အများကြီး ရလိမ့်မည်။

မှန်တယ်! သစ်တော်သီးခြောက်သေးသေးလေးက သူ့လို ဆရာကြီးကို အကြံအိုက်အောင်လုပ်နိုင်မယ်လို့ သူမယုံဘူး။

....

"အဒေါ် ကျစ်ရှ "

"မိန်းမစိုးစု"

ကျစ်ရှ ရပ်လိုက်ပြီး ထိုလူကို ပြုံးပြလိုက်သည်။

"အိမ်ရှေ့မင်းသား ဘယ်လိုနေလဲ။ငိုသေးလား"

ကျစ်ရှ ပြုံးပြီး ခေါင်းခါလိုက်သည်။ “ဟင့်အင်း သူ မငိုတော့ဘူး။ သူ ငိုရတာ ပင်ပန်းနေပြီ။ အိမ်တော်မှာ ရေနွေးတွေ ကုန်သွားလို့၊ သူက ဒါလုပ်ဖို့အတွက် ရေနွေးတည်ပေးဖို့ တောင်းဆိုလို့” သူမပြောနေစဉ်တွင် သူမလက်ထဲတွင် ပုလင်းလေးကို မိန်းမစိုးစု အား ပြလိုက်သည်။

"အိုး။ ဒါကဘာလဲ" မိန်းမစိုးစုသည် အနက်ရောင် ပစ္စည်းကို ကြည့်ကာ စပ်စုကာမေးခဲ့သည်။

"ဆောင်းဦးသစ်တော်ရည်လို့ ခေါ်တယ်လို့ အိမ်ရှေ့မင်းသားဆီက ကြားတယ်။ သူ အဲဒီကနေ ပြန်ယူလာတာ"

"ဆောင်းဦးသစ်တော်ရည်။ အတိအကျပြောချင်တာက ဘာလဲ"

မိန်းမစိုးစု ယူပြီး အနံ့ခံလိုက်သည်။ သစ်တော်သီးနဲ့ ဆေးနံ့က တကယ့်ကို ထူးဆန်းသည်။

“အိမ်ရှေ့စံမင်းသားက ဒါကို ရှင်းရှင်းလင်းလင်းတော့ မရှင်းပြနိုင်ဘူး၊ သစ်တော်သီးကို ဆေးဖက်ဝင်အပင်တွေနဲ့ ချက်ထားတာလို့ ပြောတာပဲ၊ စစ်သူကြီးရဲ့ ဇနီးက သူ့ ပြန်သယ်သွားလို့ရအောင်အတွက် အထူးဖျော်စပ်ထားတာလို့လည်း သူ ပြောတယ်" ကျစ်ရှ အဖုံးကိုပိတ်လိုက်သည်။ "သူငိုထားလို့ အသံမထွက်တဲ့အတွက် သူ့အတွက် တစ်ခွက်လုပ်ပေးခိုင်းလိုက်တာ "

"အိုး။ အသံအက်သွားတဲ့အခါ ဒီဆေးကို သောက်ရတာလား"

“ သူကတော့အဲ့လိုပြောတာပဲ။ ဒါက ချောင်းဆိုးတာ အတွက်လည်း ကောင်းတယ်တဲ့။ ပမာဏ အတိအကျကို လည်း ကျွန်မကို သတိပေးထားတယ်။ တစ်ဇွန်းပဲ သုံးရတာ”

“ဘယ်လောက် ဆန်းသစ်လိုက်လဲ။” မိန်းမစိုးစုသည် ဆောင်းဦးသစ်တော်ရည်လို့ခေါ်တဲ့ အရာအား ကြည့်လိုက်သည်။ ဒီလိုသောက်ခြင်းက လည်ချောင်းနာတာကို အထောက်အကူဖြစ်စေတာလား။

"ဒါက အသေးအမွှားကိစ္စပဲ၊ ဒီလိုလုပ်စရာ မလိုပါဘူး။ တစ်ယောက်လောက်၊ လာကူညီပေးလိုက်ကြ "

မိန်းမစိုးစုသည် စီရင်ချက်ကို အဆုံးသတ်လိုက်သောအခါတွင် တစ်စုံတစ်ဦးကို ချက်ချင်းခေါ်ရန် ကြိုးစားခဲ့သည်။

"ဟူး ၊ မရဘူး၊ မရဘူး၊ အိမ်ရှေ့စံမင်းသားက အဲ့တာကို တခြားသူကို မထိစေချင်ဘူး။ သူ့အတွက် ဒါက အရမ်းတန်ဖိုးရှိတယ်။" ကျစ်ရှက ပြုံးပြီး ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။ "အဲ့ဒီအကြောင်း မပြောတော့ဘူး အလုပ်ပြန်သွားလုပ်လိုက်ဦးမယ်"

မိန်းမစိုးစု ခေါင်းညိတ်လိုက်ပြီး သူမကို အမြန်လျှောက်သွားစေလိုက်သည်။ သူမထွက်သွားပြီးနောက် အိမ်ရှေ့စံမင်းသားထံ သွားရောက်လည်ပတ်ရန် တံခါးကို ခေါက်လိုက်သည်။

"မိန်းမစိုးစုလား။ အဒေါ် ကျစ်ရှလို့ ထင်လိုက်တာ။"

ရှောက်ယိသည် မည်သူဖြစ်သည်ကို မြင်သောအခါ စိတ်ပျက်စွာ ထိုင်ချလိုက်သည်။

“အိုက်ရိုး၊ အရှင့်သား၊ အဲ့မှာ မထိုင်နဲ့၊ ဒီမှာထိုင်၊ မီးကြောင့် နွေးနေပြီ ”

ရှောက်ယိကို ကူညီပေးရင်း မိန်းမစိုးစု၏ နှလုံးသား နာကျင်သွားသည်။ သူက မီးဖိုကို ကမ်းပေးလိုက်ပြီး သူ့လည်ပင်းတစ်ဝိုက်က သားမွေးမာဖလာကို ချိန်ညှိပေးလိုက်သည်။

ရှောက်ယိ နှာရှုပ်လိုက်က်ပြီး အက်ရှရှ အသံနဲ့ဒေါသတကြီးပြောခဲ့သည်။ "နန်းတော်မှာ ပျော်စရာမကောင်းဘူး!"

“ရှူး…” မိန်းမစိုးစု က သူ့ပါးစပ်ကို အလျင်အမြန် အုပ်လိုက်ကာ ကြောက်လန့်တကြားပြောခဲ့သည်။ “ကလေး၊ အဲ့လိုမျိုးစကားကိုပေါ့ပေါ့ဆဆပြောလို့ မရဘူး၊ နံရံတွေမှာ နားတွေရှိတယ်”

မိန်းမစိုးစုသည် တစ်ဖက်နန်းတော်၏ လက်ရှိဧကရီကို ရည်ညွှန်းခဲ့သည်။ အိမ်ရှေ့စံမင်းသားက သူမ၏သားအရင်းမဟုတ်ပေ။ အိမ်ရှေ့စံမင်းသားလေးကို ပစ်မှတ်ထားလိုက်ရင် ဘယ်လိုလုပ်မလဲ။

"ဟမ့်" ရှောက်ယိ ဘေးဘက်သို့ ခေါင်းလှည့်ကာ မပျော်ရွှင်စွာပြောလိုက်သည်။ "အမှန်တိုင်းပြောနေတာ။နန်းတော်မှာ လုံးဝ မနွေးထွေးဘူး။ ဒါ့အပြင် ဒီဟာတွေက ပူလည်းမပူဘူး။ ဒီက အိမ်ထဲမှာအေးစက်နေတာပဲ ကျွမ်းကျွမ်းတို့ နေရာနဲ့ မတူဘူး ။အဲ့ဒီမှာဆို အနွေးဝတ်အင်္ကျီဝတ်စရာတောင် မလိုဘူး။ အတွင်းခံပဲဝတ်ထားရင်တောင် အရမ်းပူတယ်။ ပြီးတော့......"

ရှောက်ယိက အဲဒီက အကျိုးကျေးဇူးတွေအကြောင်း မိန်းမစိုးစုကို ပြောပြပြီး နန်းတော်နဲ့ နှိုင်းယှဉ်နေသည်။

“ဒါဆို ဒီကဘိုးဘေးလေးက ဘာလိုချင်လို့လဲ” မိန်းမစိုးစက အသက်ကြီးနေပြီ။ ဒီစကားကြားတော့ သူ ခေါင်းကိုက်သွားသည်။

ရှောက်ယိသည် သူကြားချင်သောအရာကို ကြားသောအခါ လျှို့ဝှက်စွာ ပြုံးလိုက်သည်၊ ဆိုလိုသည်မှာ သူ့အကြံအစည် အောင်မြင်သွားပြီ။ ထို့နောက် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ စကားတစ်ခွန်းဖြင့် အခိုင်အမာပြောလိုက်သည်။

"ကျွန်တော်! လိုချင်တာက! ကျွမ်း! ကျွမ်း!ကိုသွားရှာဖို့ ! မက်မွန်!ပွင့်! ရွာကို!သွားချင်တယ်!"

"ပြီးတော့ ကျွမ်းကျွမ်းရဲ့အမေကိုကော" လို့ သူ့စိတ်ထဲမှာ တိတ်တဆိတ် ထည့်ပြောခဲ့သည်။ အိမ်ရှေ့စံမင်းသားအနေနဲ့ကတော့ ဘယ်သူ့ကိုမှ အရင်းနှီးဆုံး ဆွေမျိုးအဖြစ် အသိအမှတ်ပြုလို့မရနိုင်ပေ။ ဒါပေမယ့် သူ့စိတ်ထဲမှာ ရှောင်းကောက သူ့အမေပင်။ ကျွမ်းကျွမ်းက ဒါကို သဘောတူသည်။

“ဘိုးဘေးလေး…”

မိန်းမစိုးစု သက်ပြင်းရှည်ကြီးချလိုက်သည်။ ဒါကြောင့် ဒီဆူပူအုံကြွမှုရဲ့ ရည်ရွယ်ချက်က မက်မွန်ပွင့်ရွာကို ပြန်ဖို့ပေါ့။

“ဒီအကြောင်းက…”

"အား၊ မကြားချင်ဘူး။ မကြားချင်ဘူး၊ မကြားချင်ဘူး မကြားချင်ဘူး " ရှောက်ယိ သူ့နားကို အုပ်လိုက်သည်။ မိန်းမစိုးစု ဘာပြောမလဲဆိုတာ သူ ခန့်မှန်းနိုင်သည်။ သေချာတာကတော့ သူသဘောမတူဘူး။

မိန်းမစိုးစုသည် ဧကရာဇ်မင်းထံ တောင်းဆိုပေးဖို့ ကူညီခါနီးတွင် ကျစ်ရှက ဆောင်းဦးသစ်တော်သီးရည်နှင့်အတူ အိမ်ထဲသို့ ဝင်လာခဲ့သည်။

ရှောက်ယိ မကျေနပ်သဖြင့် ကြမ်းပြင်ကို စိုက်ကြည့်နေသည်။ အဒေါ်ကျစ်ရှသာ နည်းနည်းလေး နောက်ကျပြီးမှ ရောက်လာခဲ့ရင် သူ့အစီအစဥ်က ရေမြောင်းထဲ ကျသွားမှာ။

မိန်းမစိုးစု သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာ ကျစ်ရှ ဝင်လာခဲ့သည်။ မဟုတ်ပါက သူ့ထောင်ချောက်ထဲသို့ ကျသွားပေလိမ့်မည်။

“လာ၊ပူတုန်းလေး သောက်လိုက်ဦး”

ကျစ်ရှက သူ့ကို ဖန်ခွက်ကို ပေးခဲ့သည်။ ရှောက်ယိသည် ၎င်းကို လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး သေးသေးလေးတစ်ငုံသောက်လိုက်သည်။ သူက ဒီလောက်ထိလိမ္မာတဲ့ကောင်လေးတစ်ယောက်ဖြစ်သည်။ ရှောင်းကော ပြောထားတာကို သူ မှတ်မိပါသေးသည်။ တစ်နေ့တစ်ခွက်သောက်တာက အသက်ရှူလမ်းကြောင်းအတွက် ကောင်းတယ်တဲ့။ အသက်ရှုလမ်းကြောင်းက ဘယ်လမ်းကြောင်းလဲဆိုတာ မသိပေမယ့် လည်ချောင်းအတွက် ကောင်းတယ်ဆိုတာတော့ မှတ်မိသည်။

သူ အဲဒါကို မစဉ်းစားနိုင်တော့ဘူး။ သူတို့အကြောင်း ပိုတွေးလေလေသူ ပြန်သွားချင်လေလေပဲ။ ဆောင်းဦးသစ်တော်ရည်ကို သောက်ရင်း ရှောက်ယိ၏ မျက်လုံးတွေ နီရဲနေခဲ့သည်။

သူ၏ သနားစရာကောင်းသော အကြည့်က အခန်းတွင်းရှိ လူကြီးနှစ်ယောက်အား သူ့ကို သနားသွားစေသည်။ သူဘယ်တုန်းက တစ်စုံတစ်ခုနဲ့ ပတ်သတ်ပြီး ရှုပ်ပွခဲ့တာလဲ။ သူ့ကိုဒီလိုမြင်ရတာ တကယ်ကိုစိတ်မကောင်းဖြစ်မိသည်။

မိန်းမစိုးစုက မထွက်ခင်မှာ ခဏလောက်နေခဲ့သည်။ သူ မထွက်သွားခင်မှာ ရှောက်ယိကို တစ်ချက် ခိုးကြည့်ရုံမှတပါး သူ မကူညီနိုင်ပေ။ တစ်ချိန်တည်းမှာပင် ရှောက်ယိ သည် မိန်းမစိုးစုကိုပြသရန် သူ၏အသနားဆုံးသောအကြည့်ကို ဆင်မြန်းထားခဲ့သည်။ မိန်းမစိုးစုက ကောင်လေးအတွက် စိတ်မကောင်းဖြစ်နေပြီး ရှောက်ယိကို ရက်အနည်းငယ်ကြာအောင် မက်မွန်ပွင့် ရွာတွင်နေထိုင်ခွင့်ပေးရန် ဧကရာဇ်မင်းမြတ်၏ခွင့်ပြုချက်ကိုရယူရန် စီစဉ်နေသည်။

ဧကရာဇ်မင်းအနားသို့ ပြန်ရောက်သောအခါ မိန်းမစိုးစု ချီတုံချတုံဖြစ်ကာ ဘာသာရပ်ကို မည်ကဲ့သို့ ပိုင်းခြားရမည်ကို မသိခဲ့ပေ။ ရှောက်ကျန့်မှာ မိန်းမစိုးစု၏ လုပ်ရပ်ကို လျစ်လျူရှုဖို့ ခက်ခဲနေသည်။ နောက်ဆုံးတွင် ထိုကဲ့သို့သောလူအိုကြီးတစ်ယောက် သူ့ဘေးမှ လှည့်နေပြီး ညာဘက်လှည့်လိုက်၊ ဘယ်ဘက်လှည့်လိုက်လုပ်နေသည်ကို မြင်ရသည်မှာ အလွန်စိတ်ပျက်စရာပင်။

မိန်းမစိုးစုဆီမှ မရေမတွက်နိုင်သော ကြိုးပမ်းမှုအပြီးတွင် ရှောက်ကျန့်မှာ သူ၏ စုတ်တံကို ချဖို့ မတတ်နိုင်တော့ပေ။

"မိန်းမစိုးစု၊ ပြောစရာရှိရင်ပြော "

"ဒါဆို ......ကျွန်တော်မျိုး သတ္တိရှိရှိနဲ့ ပြောရပါလိမ့်မယ်" စကားပြောနေစဉ် မိန်းမစိုးစု၏ မျက်လုံးထောင့်များတွင် မျက်ရည်များ စီးကျလာသည်။သူ နှစ်ခါ ရှိုက်လိုက်ပြီးပြောခဲ့သည်။ “အရှင့်ရဲ့နိမ့်ကျတဲ့ အစေခံက အိမ်ရှေ့စံမင်းသားဆီသွားလည်ပြီး ဒီကိုလာခဲ့တာပါ။ သူ့ရဲ့ သနားစရာကောင်းတဲ့ မျက်နှာကိုဆို ပြောတောင်ပြောမနေပါနဲ့တော့။ကျွန်တော်မျိုး သူ့ကို နောက်ဆုံး တွေ့ခဲ့တာ တစ်ရက်ပဲ ရှိပါသေးတယ်၊ သူ့မျက်နှာက ညှိုးနေပါတယ် …”

ရှောက်ကျန့် ပိုပြီးမသိထားရင် သူ အဲ့တာကိုယုံလိုက်မှာ။ သူ့မျက်လုံးထောင့်တွေ လှုပ်သွားသည်။ မိန်းမစိုးစုက ကိစ္စတွေကို ဖန်တီးရာတွင် တော်လွန်းသည်။

"ဒီတော့ အရှင့်ရဲ့နိမ့်ကျတဲ့အစေခံက အိမ်ရှေ့စံမင်းသားကို စစ်သူကြီးရဲ့အိမ်မှာ နောက်ထပ်ရက်အနည်းငယ်လောက် ကစားခွင့်ပေးဖို့ အကြံပြုလိုပါတယ် သူ အဲ့မှာနေရတာ အရမ်းကိုသဘောကျနေပါတယ် "

"ဟူး၊ မင်း ရှောက်ယိရဲ့ လှည့်စားတာကို လုံးဝခံလိုက်ရပြီ" ရှောက်ကျန့် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

မိန်းမစိုးစုက သူဘာကိုဆိုလိုသည်ကို နားမလည်ပေ။ “အရှင်မင်းကြီး…”

"တော်ပြီ၊ စကားတွေ ရပ်လိုက်တော့။ ရှောက်ယိ ထပ်ပြီး အပြင်မထွက်ရတော့ဘူး။ သူ ငယ်တော့တာ မဟုတ်ဘူး၊ စာသင်ဖို့ အချိန်တန်ပြီ"

ရှောက်ကျန့် ပြောလိုက်တာနဲ့ မိန်းမစိုးစု ပါးစပ်ပိတ်သွားသည်။ ဧကရာဇ်မင်း၏ အဓိပ္ပါယ်ကို သူနားလည်သည်။ 'ဟူး၊ ဒီလိုမျိုးက အိမ်ရှေ့စံမင်းသားရဲ့ ကံကြမ္မာပဲ။သူက နန်းတော်အတွင်း ချည်နှောင်ခံထားရမယ့် ဦးတည်ရာနေရာပဲ။'

မိန်းမစိုးစု လွမ်းဆွေးနေပုံရသည်။ သူသည် အိမ်ရှေ့စံမင်းသား၏ တောင်းဆိုမှုကို ကူညီပေးချင်သော်လည်း အာဏာမရှိခဲ့ပေ။

"ထွက်သွားလို့ရပြီ" ရှောက်ကျန့် မျက်ခုံးများကို ပွတ်သပ်ကာ ထွက်သွားရန် လက်ဟန်ပြလိုက်သည်။

ဒါကိုမြင်တော့ မိန်းမစိုးစု ဦးညွှတ်ပြီး ထွက်သွားလိုက်သည်။ မထွက်သွားခင်မှာ ဧကရာဇ်မင်းရဲ့ ချောင်းဆိုးသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူ့ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ မကြာသေးမီက ရာသီဥတုအေးလာပြီ။ ဧကရာဇ်မင်း နေမကောင်းဘူးလား။

All Chapters