← Chapters

အခန်း (၂၃၇)

Vol. 16 Ch. 237

အခန်း (၂၃၇)

Vol. 16 Ch. 237

မိန်းမစိုးစု သက်ပြင်းချလိုက်သည်။ ဧကရာဇ်မင်းသည် ငယ်စဉ်ကတည်းက တရုတ်ဆေးသောက်ရတာကို မကြိုက်ခဲ့သဖြင့် သူ့ခန္ဓာကိုယ်ကို အမြဲဂရုစိုက်ခဲ့ပြီး အလွယ်တကူ ဖျားနာခြင်းမရှိခဲ့ပေ။ ဒါပေမယ့်လည်း မကြာသေးမီက ရာသီဥတုသည် ရုတ်ခြည်းအေးလွန်းလာသဖြင့် သူ မသိလိုက်ဘဲ နေမကောင်းဖြစ်နိုင်သည်။

အခန်းထဲမှ ချောင်းဆိုးသံကိုကြားတော့ မိန်းမစိုးစု၏ မျက်လုံးတွေ တောက်ပလာသည်။ ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ ဧကရာဇ်မင်းသည် ဆေးကို မကြိုက်သောကြောင့်၊ ထိုအရာကို လက်ခံနိုင်လိမ့်မည်မှာ သေချာသည်။

....

"ကျွန်တော့်ရဲ့ဆောင်းဦးသစ်တော်သီးရည်ကို ချေးချင်တာလား။ ခမည်းတော်အတွက်လား"

မိန်းမစိုးစု ခဏလောက် စဉ်းစားလိုက်သည်။ “ချေးပါ” ဟူသော စကားလုံးကို သူပြောနေခြင်းကို မမှတ်မိတော့ပေ—တကယ်တော့ သူ တစ်ပုလင်းတောင်းနေတာ.....

"ဒါပေမယ့်ကျွန်တော့်မှာ သိပ်အများကြီးမရှိဘူး..."

!!

ရှောက်ယိက သူ့ပါးကို ညှိုးငယ်စွာ ဆုပ်ကိုင်ထားရင်း သူ့မျက်လုံးလေးများက တဖျပ်ဖျပ်ခတ်နေသည်။

မိန်းမစိုးစုသည် ရှိုးပွဲလုပ်နေသည့် ရှောက်ယိ ကို ကြည့်လိုက်သည်။ သူ့မှာ အရည်တွေ အများကြီး မရှိဘူးလား။ သူပြန်လာတော့ ကောင်လေး၏ အိတ်ထဲတွင် ပုလင်းများစွာ ရှိနေကြောင်း အဒေါ် ကျစ်ရှ ထံကနေ သူ ဘာလို့ ကြားခဲ့ရတာလဲ။

မိန်းမစိုးစုသည် ဧကရာဇ်မင်း၏ ကလေးသဘာဝကို တွေးတောရင်း မင်းသားကို ချော့ရန် နည်းလမ်းအားလုံးကို ကြိုးစားခဲ့သည်။ ဆောင်းဦးသစ်တော်သီးရည်သည် ချိုမြိန်ပြီး စားသုံးရလွယ်ကူသောကြောင့် သူ့တွင် ရွေးချယ်စရာမရှိပေ။ အိမ်ရှေ့စံမင်းသားက နောက်ဆုံးတွင် အလျှော့ပေးခဲ့သည်။

ရျောက်ယိသည် ဆောင်းဦးသစ်တော်သီးရည် ပုလင်းငယ်ကို သူ့လက်ထဲတွင် ကိုင်ထားသည်။ ပေးဖို့ သူ ဝန်လေးနေ၏။ "ဒါဆို ကျွန်တော် ကျွမ်းကျွမ်းကိုရှာဖို့ နန်းတော်က ထွက်သွားဖို့ကကော "

ယခုအချိန်တွင် ရှောင်ယိသည် စည်းကမ်းချက်များကို ညှိနှိုင်းရန် အမှန်တကယ် ကြိုးစားနေသည်။ မိန်းမစိုးစုက ဒါကိုကြားတော့ ကြက်သေသေသွားသည်။ ထို့နောက် သူ မျက်တောင်တစ်ချက်မခတ်ဘဲ ပြောလိုက်သည်။ “ဧကရာဇ်မင်းကို တွေ့တဲ့အခါ အရှင့်သားကိုယ်စား ကျွန်တော်မျိုးသေချာပေါက် တောင်းဆိုပေးပါ့မယ်”

ဒီစာကြောင်းတွေကြား ဖတ်ရလျှင် မိန်းမစိုးစုသည် သူ့ကိုယ်စား ကြားဝင်တောင်ပန်ပေးဖို့ ပြောနေသည်ဟုပြောနိုင်သည်။ အလုပ်ဖြစ်မည်ဟု အာမခံချက်မရှိပေ။ ဉာဏ်ကောင်းသော်လည်း နုံအသော ရှောက်ယိကသာ သူ့စကားကို ယုံသည်။

မျှော်လင့်ထားသည့်အတိုင်း ရှောက်ယိသည် မိန်းမစိုးစု၏ ကတိကိုကြားသောအခါ ဝမ်းသာသွားသည်။ ရောထွေးနေသော ခံစားချက်များဖြင့် သူသည် အရည်ကို တွန့်ဆုတ်စွာ လွှဲပေးကာ သတိပေးခဲ့သည်။ "ကတိကို မမေ့နဲ့"

"စိတ်မပူပါနဲ့ အိမ်ရှေ့စံမင်းသား"

မိန်းမစိုးစုသည် ဆေးရည်ကိုယူကာ ထွက်ခွာမသွားမီ ရှောက်ယိ ယကို ခဏလောက် ချော့ခဲ့သည်။

မထွက်သွားခင်မှာ သူက ဝမ်ရှောက်ယိကို စိတ်ထဲကနေ တောင်းပန်ခဲ့သည်။ "တောင်းပန်ပါတယ် အိမ်ရှေ့စံမင်းသားလေး၊ အိမ်ရှေ့စံမင်းသားလေးရဲ့ဆန္ဒအတိုင်း အပြင်ထွက်ကစားဖို့ စဥ်းစားလို့မရတော့ပါဘူး"

ဤအရာအားလုံးကို သတိမထားမိဘဲ မိန်းမစိုးစု ထွက်သွားပြီးနောက် ရှောက်ယိမှာ ဝမ်းသာအားရ ခုန်ပေါက်နေခဲ့သည်။ နန်းတော်မှ ထွက်ခွာမည့်နေ့က နီးကပ်နေပြီဟု ထင်ရသည်။

သူ့အိတ်တွေကို ထုပ်ပိုးပြီး ထွက်သွားဖို့ မစောင့်နိုင်တော့ဘူး။ ဒါပေမယ့်လည်း အချိန်အတော်ကြာအောင် စောင့်ပြီးနောက် နန်းတော်မှ ထွက်သွားဖို့ မစီမံနိုင်ခဲ့ပေ။ အဲဒီအစား ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် အဆင့်မြင့်ဆရာကြီးတစ်ဦး ရောက်လာသည်။ ထို့ကြောင့် ခက်ခဲ ခါးသီးသော သင်ယူမှုခရီးကို စတင်ခဲ့ရသည်။

—-

" ရှောင်းကော ပြန်လာပြီလား"

“ဟုတ်တယ် ပြန်လာပြီ…” ရှောင်းကော စိတ်ရှုပ်ထွေးစွာ ခေါင်းညိတ်ပြလိုက်သည်။ သူမသည် များသောအားဖြင့် ရွာသူရွာသားတွေနဲ့ စကား သိပ်မပြောဖြစ်ပေ။ ဤသည်မှာ တစ်စုံတစ်ဦးမှ သူမနှင့် စကားပြောဆိုရန် အစပျိုးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဒါက သူမအတွက် လုံးဝအသစ်ဖြစ်ခဲ့သည်။

ရှောင်းကော မြည်းလှည်းကို မောင်းပြီးနောက် ရွာဝင်ပေါက်ရှိ အမျိုးသမီးတွေက စကားစမြည်ပြောခဲ့ကြသည်။

"သူမ ဘာလို့ ခရိုင်ကို သွားသွားနေတယ်လို့ ထင်လဲ"

"ဘယ်သူကသိနိုင်မှာလဲ"

"ဟူး ၊ သူ့ယောကျာ်း ကျန်းတန်းဟယ်က စစ်သူကြီးတစ်ယောက်ဆိုတာ ငါ့သမီးဆီက ကြားထားတယ်။"

စစ်သူကြီး ဆိုတဲ့စကားလုံးကိုပြောသောအခါ ကြားသွားမှာကိုကြောက်နေဟန်ဖြင့် တမင်တကာ အသံလျှော့လိုက်သည်။

"ဟင်"

"တကယ်ပြောနေတာလား"

သူ့စကားကြောင့် တခြားမိန်းမနှစ်ယောက်က ထိတ်လန့်သွားကြသည်။

"ဟုတ်တယ်၊ ငါ့သမီးက ရှောင်းဟူ ဆီက ကြားလာတာ။ သူတို့မိသားစုတွေက ရင်းနှီးကြတယ်လေ"

“အိုး ဘုရားရေ၊ ဒါဆို သူက ဘာလို့ သူတို့ကို သူ့နဲ့အတူမခေါ်သွားရတာလဲ။”

"မသိဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းတန်းဟယ်က စစ်သူကြီးတစ်ယောက်ပဲ။ ငါ့ရဲ့ အသိဉာဏ်က သေချာပေါက် မှန်တယ်။"

"အိုက်ရိုး၊ သူ့အခြေအနေက ဘာလို့ဒီလောက်ကောင်းလာတာလဲလို့ တွေးနေမိတုန်းပဲ၊ အရင်က သူတို့အိမ်က ဖြတ်သွားတော့ သူတို့အိမ်မှာ ချက်ပြုတ်ထားတဲ့ အသားတွေရတယ်"

"နင် ဖြတ်သွားတာပဲလား ဒါမှမဟုတ် အသားကို အနံ့ခံဖို့ တမင်ရည်ရွယ်ပြီး သွားတာလား"

သူပြောပြီးသည်နှင့် အမျိုးသမီးနှစ်ဦး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။

"အိုး ကျေးဇူးပြုပြီးတော့ ဒီရက်ပိုင်း အသားစားဖို့မတတ်နိုင်တဲ့ မိသားစုတွေရှိလား"

ပြက်လုံးကြောင့် အမျိုးသမီး၏ မျက်နှာက မည်းမှောင်သွားကာ သူမ ပြန်တုံ့ခဲ့ပြန်သည်။

"နင့်မိသားစုလေ!"

အမျိုးသမီးတစ်ဦးသည် သူမနှင့် ကောင်းမွန်စွာ ဆက်ဆံခြင်းမရှိကြောင်း တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောခဲ့သည်။ အခြားအမျိုးသမီးက သူမကိုတားလိုက်သောအခါတွင် အမျိုးသမီးက သူမ၏စကားများကို ငြင်းဆန်တော့မည်ဖြစ်သည်။

"တော်ပြီ၊ တော်ပြီ၊ နင်တို့နှစ်ယောက် တော်တော်ရှက်စရာကောင်းနေပြီ။ ငါတို့ တခြားသူတစ်ယောက်အကြောင်းပြောနေတာလေ။ နင်တို့နှစ်ယောက်က ဘာလို့ ပါလာကြတာလဲ"

သင်ကြားပို့ချခံရသော အမျိုးသမီးနှစ်ဦးက ဒေါသတကြီးဖြစ်နေသော်လည်း အခြားဘာမှ မပြောခဲ့ကြပေ။ မကျေနပ်မှုကို ဖော်ပြရန် အချင်းချင်း ဟစ်အော်ခဲ့ကြသည်။

"အဲဒါကို ပြောရရင် လီကျောက်ဒီရဲ့ ကိစ္စက တိုက်ဆိုင်လွန်းတယ်လို့ နင်တို့မထင်ဘူးလား"

"ဘာလို့အဲ့လိုပြောတာလဲ။"

"သူမ ဘာဖြစ်သွားတာလဲ စဉ်းစားကြည့်လိုက်လေ။ လွန်ခဲ့တဲ့ နှစ်ရက်က ငါ့မောင်လေးကို ရှာဖို့ ခရိုင်ကို သွားတုန်းက လီကျောက်ဒီ နဲ့ ချုံလော့ဇီတို့ကို ထောင်ထဲမှာ တွေ့လိုက်တယ်။ သူတို့ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်တာနဲ့ အရမ်းကြောက်ဖို့ကောင်းနေပြီ။ သူတို့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေကြီးပဲ!"

စကားပြောတဲ့ အမျိုးသမီးမှာ ခရိုင်ရုံးမှာ အလုပ်လုပ်နေတဲ့ မောင်လေးတစ်ယောက် ရှိသည်။ ထိုနေ့တွင် သူမ သူ့ထံ အလည်သွားသောအခါ ထောင်ထဲတွင် ထိုလင်မယားနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူမလိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့သည်။

လီကျောက်ဒီ၏ အမည်ကိုပြောလာသည်နှင့်တပြိုင်နက် အခြားအမျိုးသမီးနှစ်ဦးမှာ အံ့အားသင့်သွားကြသည်။ ဒီပုဂ္ဂိုလ်ကို မေ့သွားပုံရသည်။ ခဏအကြာတွင် သူတို့က ဘယ်သူဖြစ်သည်ကို သတိရသွားပြီး သက်ပြင်းချလိုက်ကြသည်။

သူတို့ထဲကအနည်းစုက ခဏလောက် စကားမပြောဖြစ်ကြပေ။ ထိုအချိန်တွင် ရွာရှိလူတိုင်းသည် လီကျောက်ဒီ၏ ကိစ္စရပ်ကို သိကြသည်။ သူတို့နှစ်ယောက် အဲ့တာနဲ့လုံးဝ ထိုက်တန်သည်။

ဟိုတုန်းက ဖြစ်ပျက်ခဲ့တာတွေကို သူတို့ မစဉ်းစားနိုင်ခဲ့ကြပေ။ အရာအားလုံးက ဘာကြောင့် ဒီလောက်တိုက်ဆိုင်ရတာလဲ။

ရှောင်းကော တစ်ယောက်တည်း လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ကျန်းတန်းဟယ်ရှိနေတုန်းပါပဲ။ ထို့အပြင် သူက စစ်သူကြီးတစ်ဦးဖြစ်သည်။ သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်သည်။

အမျိုးသမီး သုံးယောက်က စကားမပြောကြတော့ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားကြသည်။ အဲဒီနေ့က မြင်ကွင်းကို သူတို့အားလုံး တွေးနေကြသည်။ အသေးစိတ် အချက်အလက်တွေကို ပြန်မှတ်မိလာတော့ အဲ့တာက နည်းနည်းကြောက်စရာကောင်းသည်။

"ဟေး၊ ကြည့်ဦး။နောက်ထပ်ရထားလုံးတစ်စီးလာနေပြီ"

ရွာအဝင်ဝတွင် ရပ်နေသော အမျိုးသမီးတစ်ဦးက ရထားလုံးကို ချက်ချင်းမြင်ခဲ့သည်။ သူတို့ရွာမှာ ရထားလုံးတွေ တွေ့ရခဲသည်၊ ဒီနေ့က ဒါကဒုတိယမြောက်။

"သူတို့ဘယ်သူတွေကို ရှာနေတယ်ထင်လဲ"

သူတို့ သုံးယောက်ထဲက တစ်ယောက်မှ ရထားလုံးက သူတို့နဲ့ မဝေးသွားမချင်း စကားမပြောခဲ့ကြပေ။ အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။ “ ဘယ်သူဖြစ်နိုင်မှာလဲ၊ နောက်ဆုံးရထားလုံးနဲ့ တစ်လမ်းတည်းကိုသွားနေတာပဲဖြစ်ရမယ်”

…...

တစ်ဖက်တွင် ရှောင်းကောက မြည်းလှည်းကို မောင်းနှင်နေသည်။ အိမ်သို့ မရောက်မီတွင် အပြင်ဘက်တွင် ရပ်ထားသည့် ရထားလုံးကို မြင်ခဲ့သည်။

မောင်းတဲ့သူသည် ယခင်က သူမနှင့် တစ်ကြိမ်တွေ့ခဲ့ဖူးသူဖြစ်သည်။ ရှောင်းကော မြည်းလှည်းကို ရပ်လိုက်ပြီး ထိုလူကလည်း သူမကို တွေ့သွားခဲ့သည်။

"နောက်ထပ်စာလား"

ရှောင်းကောက သူ့ရင်ဘက်ထဲက တစ်ခုခုကို ထုတ်ယူနေတာကို မြင်ပြီး နောက်ဆုံးအကြိမ်က စာနဲ့ မီးသွေးကို ပေးခဲ့တဲ့လူကို မသိစိတ်က မေးလိုက်သည်။

“ဟုတ်ပါတယ်” အဲဒီလူက ပြုံးပြီး စာကိုထုတ်ကာ သူမကို ပေးလိုက်သည်။ "ကျွန်တော် အခု သွားတော့မယ်"

"ဟေး ခဏလေး" ရှောင်းကော သူ့ကိုလှမ်းအော်လိုက်သည်။ တကယ်တော့ သူမတစ်ခုခုကို သိချင်နေတာကြာပြီ။ "ရှင် စာကို ဘယ်လို ရခဲ့တာလဲ၊ ဒီစာကို ကိုင်တွယ်ဖို့ တစ်ခုတည်းကို တာဝန်ယူထားတဲ့ စာဆက်သား ရှိတာလား"

ဒီလိုအေးတဲ့ရာသီဥတုမှာ တစ်ယောက်ယောက်က စာတစ်စောင်ပို့ဖို့ ခရီးထွက်လာရင် နည်းနည်းတော့ များပုံရသည်။

"ဟုတ်ပါတယ် ကျွန်တော်က ဆက်သားပါ"

ဆက်သားလား။ ရှောင်းကော ခေါင်းညိတ်ပြပြီး စာအိတ်ထူထူကို ငုံ့ကြည့်လိုက်သည်။ သူမ မမှားဘူးဆိုရင် ကျန်းတန်းဟယ်က ဒီစာကို ရေးခဲ့တာဖြစ်မည်။

“ကျွန်မ စာရေးပြီး မြို့တော်ကို ပို့ချင်ရင် ဘယ်လိုလုပ်ရမလဲ”

ရှောင်းကော ဤအကြောင်းကို သိချင်နေတာ ကြာပြီ။ ကျန်းတန်းဟယ်ရဲ့စာတွေကို သူမလက်ခံရရှိတိုင်း စာပြန်ဖို့မသင့်တော်ပုံပေါ်သည်။ ဒါပေမယ့် စာပြန်ချင်ရင်တောင် စာတွေကို ဘယ်မှာတင်ရမှန်းမသိဘူး။ သူမကိုယ်တိုင် မြို့တော်ကို ခရီးထွက်ရမလားလို့ တွေးနေမိသည်။

ဆက်သားက ပြုံးပြီးပြောလိုက်သည်။ "စာပို့ချင်ရင် ခရိုင်မှာ စာတိုက်တစ်ခုရှိတယ်။ အဲဒီကိုသွားလို့ရတယ်။ တခြားသူတွေအတွက်တော့ မပြောနိုင်ပေမယ့် သခင်မ သွားရင်တော့ အထူးအနေနဲ့ ဘာအခကြေးငွေမှပေးဆောင်စရာမလိုပါဘူး။ ဒါ့အပြင် ကျိန်းသေပေါက် ကိုယ်ရေးကိုယ်တာစာတွေကို စိတ်ချလက်ချနဲ့ထားလို့ရပါတယ် သူတို့တွေက စာတွေ လုံခြုံစွာနဲ့ ပို့ပေးမှာပါ!"

ဆက်သားကစကားပြောပြီးသောအခါ ရှောင်းကော ခေါင်းယမ်းကာ ရယ်လိုက်သည်။ ဒါဆို သူမက ကျန်းတန်းဟယ်ရဲ့ ဇနီးဖြစ်မှန်း အားလုံးသိပြီးကြပြီလား။ ဒါဆို သူမမှာ ဒီလိုမျိုး အခွင့်ထူးတွေ ရတာလား။

လိပ်စာကိုရပြီးနောက် ရှောင်းကောသည် ၎င်းကို ဂရုတစိုက်မှတ်သားခဲ့သည်။ ဆက်သားက သူမနှင့် စကားပြောပြီးတာနဲ့ သူသည် ၎င်း၏နောက်မှတ်တိုင်သို့ ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ရှောင်းကော အိမ်ထဲသို့ ဝင်ခါနီးတွင် သူမနောက်မှ အသံတစ်ခုကြောင့် ရပ်တန့်သွားခဲ့သည်။

"ဟုတ်ကဲ့"

ရှောင်းကော သူစိမ်းတစ်ယောက်ကို ကြည့်ပြီး အနည်းငယ် အံ့သြသွားသည်။

"ကျွန်တော့်ကို မိန်းမစိုးစုက မြို့တော်ကနေ ပို့လိုက်တာပါ၊ သခင်မက သခင်မကျန်းလား"

သခင်မကျန်း? ရှောင်းကော ခေါင်းညိတ်လိုက်သည်။ သူမ ခေါင်းစဉ်ကို မေ့လုနီးပါးဖြစ်ခဲ့သည်။ "ကျွန်မပါပဲ"

“သခင်မအတွက် စာတစ်စောင်ပါလာတယ်။”

မိန်းမစိုးစု ရဲ့စာလား။ ရှောင်းကောသည် မိန်းမစိုး စု၏ စာကိုယူရန် လက်လှမ်းမယူမီ စောစောက စာအား သူမ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

အဲဒီလူက ထွက်သွားဖို့ ရည်ရွယ်ချက်မရှိတာကိုမြင်တော့ ရှောင်းကောက သူမကို တစ်ခုခုလုပ်ခိုင်းဖို့ သူ လိုအပ်နိုင်တယ်ဆိုတာကို သိလိုက်သည်။ သူ့ရှေ့မှာ စာကိုဖွင့်ကြည့်လိုက်သည်။

သူမ စာကို မြန်မြန်ဖတ်ပြီး ဘာတွေဖြစ်နေလဲဆိုတာ သိသွားသည်။

All Chapters