အခန်း (၂၃၈)
Vol. 16 Ch. 238
"ကျေးဇူးပြုပြီး ဒီမှာခဏလေးစောင့်ပါ"
ရှောင်းကောသည် ထိုလူ ခေါင်းညိတ်ပြသည်ကိုမြင်ပြီးနောက် သူမ မြည်းလှည်းကို အိမ်ထဲသို့ ခေါ်သွားခဲ့သည်။
မြည်းလှည်းကိုရပ်ပြီးနောက် ကျွမ်းကျွမ်းက အိမ်အပြင်သို့ ပြေးထွက်လာခဲ့သည်။ စောစောက တစ်စုံတစ်ယောက် တံခါးလာခေါက်တဲ့အသံကိုကြားပေမယ့် သူစိမ်းတွေအတွက် တံခါးမဖွင့်ဖို့ သူ့အမေက ပြောထားတာကြောင့် သူ မလှုပ်ရဲပေ။
ရှောင်းကောက ကျွမ်းကျွမ်းရဲ့ ခေါင်းကို ပွတ်ပြီးပြောခဲ့သည်။ " ရှောက်ယိက သားကို လွမ်းနေတယ်။ အမေတို့ သူ့ဆီ စာတစ်စောင် ရေးပေးကြမလား။"
ကျွမ်းကျွမ်း ဒီလိုကြားရတာကို ဝမ်းသာမိသည်။ သူ အမြန်ခေါင်းညိတ်ပြပြီး စုတ်တံနှင့် စာရွက်ကို ကောက်ယူရန် အိမ်ထဲသို့ ပြန်လာခဲ့သည်။ နှစ်ယောက်သား အတူတူထိုင်ပြီး ကိုယ်ပိုင်စာတွေ ရေးနေကြတော့သည်။
ကျွမ်းကျွမ်းသည် သူ၏ စုတ်တံဖြင့် နောက်ဆုံးရ သတင်းများနှင့် တိုးတက်မှုများကို ရေးသားခဲ့သည်။ ရှောင်းကောက သစ်တော်သီးခြောက်ပြုလုပ်နည်းအသေးစိတ်နှင့် မီးဖိုအကြောင်းဖော်ပြချက်တို့ကို ရေးသားခဲ့သည်။
ထိုအရာနှစ်ခုကို ရေးချပြီးနောက် သူမ စာရွက်အသစ်တစ်ခုသို့ ပြောင်းလိုက်သည်။ ဒီတစ်ခါတော့ ရှောက်ယိ ကို နှုတ်ဆက်ခဲ့သည်။
မိန်းမစိုးစု၏ စာအရ ကျန်းတန်းဟယ်က သူ့သစ်တော်သီးခြောက်ကို စားလိုက်သောကြောင့် ရှောက်ယိမှာ မရပ်မနား ငိုနေခဲ့သည်။ သူမရဲ့အိမ်မှာ သူခံစားခဲ့ရတဲ့ နွေးထွေးမှုကိုလည်း သူ လွမ်းဆွတ်နေသည်။ မိန်းမစိုးစုက သူ့အတွက် အဆင်ပြေရင် သစ်တော်သီးခြောက်လုပ်နည်းနဲ့ မီးဖိုဖွဲ့စည်းပုံကို ရေးပေးဖို့ တောင်းဆိုထားသည်။ ရှောက်ယိထံသို့ စာတစ်စောင်ရေးရန်လည်း အကူအညီတောင်းထားခဲ့သည်။
မိန်းမစိုးစု၏စာက ရိုးသားမှုအပြည့်ရှိသည်။ မီးဖိုဒီဇိုင်းနှင့် သစ်တော်သီးခြောက်များသည် ပေါက်ကြားလို့မရနိုင်သော ထိပ်တန်းလျှို့ဝှက်ချက်မဟုတ်ပေ။ ထို့အပြင် အဲ့တာက ကျန်းတန်းဟယ်၏ အမှားဖြစ်သည်။ မကူညီဖို့ သူမမှာ အကြောင်းပြချက်မရှိတာကြောင့်မို့ အားလုံးကို ချရေးလိုက်သည်။
ရှောင်းကောသည် ရှောက်ယိလည်း သူတို့ကို အရမ်းလွမ်းနေသည့်အတွက် သူမ မအံ့သြတော့ပေ။ ရှောက်ယိ က နန်းတော်အပြင်ဘက်ဘဝနှင့် ပိုလိုက်ဖက်ကြောင်း ပြောပြဖို့ရန် မခက်ပေ။ ဒါပေမယ့် အိမ်ရှေ့စံမင်းသားအတွက် လွတ်လပ်မှုဆိုတာက မလွှဲမရှောင်သာ အတော်လေး လွန်လွန်းလှနေပါပြီ။
ဒါကိုတွေးပြီး ရှောင်းကော သက်ပြင်းချလိုက်သည်။ ထိုထိုင်ခုံသည် သာမန်လူများအတွက် မရည်ရွယ်ပေ။
"မေမေ၊သား ပြီးပြီ"
ကျွမ်းကျွမ်းက စာကိုခေါက်ပြီး ရှောင်းကောကို ပေးလိုက်သည်။ ၎င်းကိုယူပြီးနောက် ညွှန်ကြားစာနှင့် စာများကို စာအိတ်နှစ်အိတ်အဖြစ် ခွဲလိုက်သည်။ ကံကောင်းထောက်မစွာ သူမသည် မကြာသေးမီက စာများရေးနေသောကြောင့် အိမ်တွင် စာအိတ်အလွတ်အချို့ရှိနေသည်။ မဟုတ်ရင် စာအိတ်မပါဘဲ မြို့တော်ကို စာတွေပို့ရလိမ့်မည်။
ဆက်သားက အပြင်မှာ စောင့်နေတုန်းမို့ ရှောင်းကော သူ့အချိန်တွေကို မယူရဲတော့ပေ။ သူမ အမြန်ထွက်သွားပြီး သူ့ဆီ စာတွေ ပေးလိုက်သည်။ ဒါပေမယ့် ထိုသို့မလုပ်ဆောင်မီတွင်၊ သူမသည် ကျွမ်းကျွမ်းအား အိမ်ထဲမှ သစ်အယ်သီးလှော်ထားတဲ့ဟာ အိတ်ငယ်လေးတစ်ထုပ်ကို ထုတ်ပေးရန် ကျွမ်းကျွမ်းအား တောင်းဆိုခဲ့သည်။ အဲ့တုန်းက ကျန်းတန်းဟယ်သည် သူမအတွက် သစ်အယ်သီးများစွာ စုဆောင်းပေးထားခဲ့သည်။ သူမရဲ့ မီးဖိုချောင်ထဲက ဗီရိုထဲမှာ အများကြီး ကျန်နေသေးတာကြောင့် တစ်နေ့က သူမ သစ်အယ်သီး လှော်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဒါက စမ်းစားကြည့်ဖို့ ရှောက်ယိကို လက်ဆင့်ကမ်းပေးဖို့ အခွင့်အရေးကောင်းပဲ။
"ဒုက္ခပေးရတဲ့အတွက် တောင်းပန်ပါတယ်။"
ရှောင်းကောက သူ့ကို အပြုံးနဲ့ စာနဲ့ အိတ်ကို ပေးလိုက်သည်။
"မစ္စစ် ကျန်း၊ မိန်းမစိုးစုက မစ္စစ်အတွက် ဒီဟာကို ကျွန်တော့်ကို ယူသွားပေးဖို့ တောင်းဆိုထားတယ်။ သူက အဲ့တာကကျေးဇူးတင်တဲ့ သင်္ကေတလေးတစ်ခုလို့တောင် ပြောခဲ့တယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ"
အရာအားလုံးကို ဖယ်ထားပြီးနောက် ထိုလူသည် လှည့်၍ တောင်းတစ်လုံးကို ရထားပေါ်မှ ရွှေ့လိုက်သည်။
ပထမတော့ ရှောင်းကောက သူပြောတာကို ကြားလိုက်တဲ့အခါ သူမက အဲ့တာ ပိုက်ဆံပဲလို့ မသိစိတ်က တွေးလိုက်ပြီး အနည်းငယ် ရှက်စပြုလာတော့သည်။ ပိုက်ဆံကို သူမလက်မခံနိုင်ဘူး။ ဒါပေမယ့် ခြင်းတောင်းကို မြင်လိုက်သောအခါတွင် သူမ၏ အတွေးတွေက ပြတင်းပေါက်မှ လွင့်ထွက်သွားသည်။
"ပြီးတော့ ဒါကောပဲ"
ရှောင်းကောသည် အဝတ်နဲ့အုပ်ထားသည့်ခြင်းတောင်းကို ကြည့်ပြီး ထိုလူကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
သူမ သိပ်အကြာကြီး စောင့်စရာမလိုပါဘူး။ ထိုလူက အဝါရောင်တောက်တောက်တစ်ချို့.... ပေါ်လာစေရန် အဝတ်စကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်... ငှက်ပျောသီးတွေ။
“ဒီနှစ်မှာ နန်းတော်က ငှက်ပျောသီးတွေ အများကြီး ရိတ်သိမ်းရတယ်။ မမှည့်သေးတဲ့ ငှက်ပျောသီးတွေကို အထူးရွေးချယ်ထားတာပါ။ ခရီးကြမ်းသွားလာရတော့ ဒါတွေ မှည့်လောက်ပြီ”
ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့ဆီမှ ပင့်သက်ရှိုက်သံများ ထွက်လာသည်။ ငှက်ပျောသီးတွေ အများကြီးပဲ။ ဒါက များလွန်းသည်။ သူမ သစ်တော်သီးနှင့် သစ်အယ်သီးတွေကို စားပြီးသွားပြီ။ ယခုလည်း သူမအား ငှက်ပျောသီးများစွာကို ပေးခဲ့သည်။ ၎င်းတို့သည် အလွန်ပျက်စီးလွယ်သည်—အပူချိန်တက်လာသောအခါတွင် ၎င်းတို့သည် အလွန်ပုပ်လွယ်သည်။
ငှက်ပျောသီးတစ်ပုံလိုက်ကြီးနဲ့ ခြင်းတောင်းကို ဖယ်ထုတ်ပြီးနောက် ရှောင်းကောသည် ရထားလုံး မျက်စိမှိတ်ပျောက်ကွယ်သွားသည်အထိ ထိုလူထွက်သွားသည်ကို စောင့်ကြည့်ခဲ့သည်။
ရှောင်းကောက ကျွမ်းကျွမ်းကို တံခါးဖွင့်ခိုင်းပြီး ငှက်ပျောသီးတွေကို အိမ်ထဲကို ရွှေ့လိုက်သည်။ သူမ ပင်ပန်းနွမ်းနယ်နေ၏။ "ကျွမ်းကျွမ်း၊ ဒါကို အန်တီယန်ဆီ ယူသွားလိုက် "
ရှောင်းကောသည် ငှက်ပျောသီး အဖီးကြီး နှစ်ဖီးကို ထုတ်ယူလိုက်သည်။ မစ္စယန်၏ အိမ်ထောင်စုတွင် မိသားစုဝင်များ ပိုများသောကြောင့် သူမသည် ၎င်းတို့ကို ပိုပေးခဲ့သည်။ ငှက်ပျောသီးက ကောင်းကောင်းသိမ်းထားလို့မရပေ။ အိမ်ထဲမှာ တစ်ညထားပြီးသွားရင် မည်းသွားလိမ့်မည်။ အခုပဲ စားလိုက်တာက ပိုကောင်းသည်။
ပထမတော့ ကျွမ်းကျွမ်း အဲ့တာကို မသယ်နိုင်တော့မှာကို သူမစိုးရိမ်မိသည်။ ဒါပေမယ့် သူမအတွက် စိတ်ပူစရာမရှိပေ။ ကောင်လေးက ဒါအတွက် ဒီလောက်ကြီးဝနေတာမဟုတ်ဘူး။ သူသည် ငှက်ပျောသီးများနှင့်အတူ ဖြည်းဖြည်းချင်း ပြေးသွားခဲ့သည်။
ကျွမ်းကျွမ်း ထွက်သွားပြီးနောက် ရှောင်းကောက ကျန်ရှိနေတဲ့ ငှက်ပျောသီးများကို ကြည့်လိုက်သည်။ သူမသည် မမှည့်သေးသော အသီးများကို ကောက်ယူပြီး အပြင်ဘက်တွင် ထားလိုက်သည်။ နေ့လည်ခင်းကျရင် ချင်းအန့်မင်ထံသို့ ယူဆောင်သွားရန် ရည်ရွယ်ချက်ဖြင့် သုံးဖီးကို ဖယ်ထုတ်ကာ ဘေးတွင် ထားခဲ့သည်။ နောက်ဆုံးတွင် ကျန်ရှိသော ငှက်ပျောသီးများကို မီးဖိုချောင်သို့ ယူဆောင်လာခဲ့သည်။
အားလုံးကို စားဖို့ နည်းလမ်းမရှိခဲ့ပါဘူး။ တစ်ခုတည်းသောဖြေရှင်းချက်မှာ ငှက်ပျောခြောက်များအဖြစ်သို့ ပြောင်းလဲရန်ဖြစ်သည်။ အဲဒါတွေက အရသာရှိပြီး သိမ်းရလွယ်ကူသည်။
ကျွမ်းကျွမ်း သွားပေးပြီးတော့ ပြန်လာသောအခါ ရှောင်းကောမှာ ငှက်ပျောသီး နှစ်ဗန်းကို လှီးပြီးသွားပြီဖြစ်သည်။ ကျွမ်းကျွမ်းသည် ထိုအရာကိုမြင်သောအခါ အနည်းငယ် အံ့ဩသွားသည်။ ငှက်ပျောသီးကို အပိုင်းပိုင်းဖြတ်မယ့်အစား အဲ့တာကို မစားသင့်ဘူးလား။
ရှောင်းကောက သူ့ကို ရှင်းပြပြီးနောက် ကျန်နေတဲ့ငှက်ပျောသီးတစ်ဝက်ကို ပေးလိုက်သည်။
သူမသည် ပန်းကန်တစ်လုံးကိုယူကာ သကြားဖြူဖြင့် ဖြည့်လိုက်သည်။ သူမသည် ငှက်ပျောသီးများကို ဘဲဥပုံအတုံးလေးများဖြစ်အောင် လှီးဖြတ်ကာ သကြားဖြူအလွှာကို နှံ့အောင်မလောင်းမီ ပန်းကန်ပြားပေါ်တွင် ဖြန့်ခင်းထားလိုက်သည်။ ထို့နောက် အိုးထဲသို့ ဆီအနည်းငယ်ထည့်လိုက်သည်။ ဆီပူလာသောအခါတွင် ငှက်ပျောသီးအတုံးများကို မီးအေးအေးဖြင့် ကြော်လိုက်သည်။ အတုံးများ အညိုရောင်ပြောင်းသွားသည်နှင့် သူမသည် ၎င်းတို့ကိုလှန်ပြီး ဆက်ကြော်ခဲ့သည်။ တစ်သုတ်ပြီးမြောက်ရန် ၁၅ မိနစ်ခန့်ကြာသည်။
"ကျွမ်းကျွမ်း၊ အမေ လုပ်လိုက်မယ်"
ရှောင်းကောက သူမ၏ တူတွေကို ချလိုက်ပြီး ကျွမ်းကျွမ်း အနားတွင် ထိုင်လိုက်သည်။ သူမသည် မီးညှပ်တစ်ချောင်းဖြင့် ထင်းတစ်ဝက်ကျော်ကို ထုတ်ယူလိုက်သည်။ မီးပွားအနည်းငယ်သာ ကျန်တော့ပြီး ငှက်ပျောသီးကို ဖြည်းဖြည်းချင်းကြော်ခဲ့သည်။
"မေမေ အဲ့တာက အရသာရှိလား"
ကျွမ်းကျွမ်းသည် သူ့မိခင်၏ အချက်အပြုတ်ကျွမ်းကျင်မှုကို လေးစားမှုအပြည့်ရှိသော်လည်း ငှက်ပျောသီးကြော်လုပ်မည်ဟု ကြားလိုက်သောအခါ အဲ့တာက ထူးဆန်းသည်ဟု သူထင်ခဲ့သည်။
"ကောင်ဆိုးလေး၊ စိတ်မပူနဲ့။ အရသာမကောင်းရင် မေမေ အကုန်စားလိုက်မယ်။ ဘာကိုမှ မဖြုန်းတီးဘူး"
ဒီကောင်လေးက သူမကို သံသယဝင်နေတာ။ ငှက်ပျောသီးတွေ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သူဘယ်လိုတောင်းစားမလဲဆိုတာကို သူမ စောင့်မျှော်နေမှာ။
ရှောင်းကော၏ ခန့်မှန်းချက်ကြောင့် ဆယ့်ငါးမိနစ်က ကုန်ဆုံးလုနီးပါးဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ ငှက်ပျောသီးအတုံးများ ကျက်လုနီးပါး ဖြစ်ရမည်။
သူမသည် ငှက်ပျောသီးအတုံးများကို ထုတ်ပြီး ဇကောပေါ်တွင် တင်ကာ အအေးခံရန် ဖယ်ထားလိုက်သည်။ ထို့နောက် သူမသည် နောက်ထပ်အသုတ်ကို ဆက်ကြော်ခဲ့သည်။ တူညီသောအဆင့်များကို ထပ်ခါထပ်ခါလုပ်ကာ အတုံးများကို သကြားဖြူဖြူဖြင့်နှစ်ပြီး မီးအေးအေးဖြင့်ကြော်ခဲ့သည်။
ထိုအချိန်တွင် ကျွမ်းကျွမ်းသည် အိုးထဲမှ ထုတ်ယူထားသော ငှက်ပျောသီးအတုံးများဆီမှာ ကပ်နေပါသည်။ သူသည် ပူနေတဲ့လေကို မြန်မြန်မောင်းထုတ်ပြီး အဲ့တာတွေကိုစားနိုင်အောင် သူ့လက်လေးတွေက ယက်တောင်တွေလိုခတ်နေသည်။ အနံ့က စွဲမက်ဖွယ်ကောင်းလောက်အောင် သူ တံတွေးတွေမှာကျလုနီးဖြစ်နေပြီ။
နောက်ဆုံးတွင် ငှက်ပျောသီးအတုံးများ အားလုံးအဆင်သင့်ဖြစ်သောအခါ ရှောင်းကောသည် စိတ်မရှည်သော ကျွမ်းကျွမ်းအတွက် ပန်းကန်တစ်ချပ်ထဲ ဖြည့်ပြီး စားဖို့ သူ့အခန်းသို့ ပြန်သွားခဲ့သည်။ ကျန်တဲ့ ငှက်ပျောသီးအတုံးတွေကို အအေးခံထားသည်။ လုံးလုံးအေးသွားသည်နှင့် သူမသည် ၎င်းတို့ကို အိုးတစ်လုံးထဲတွင် သိမ်းဆည်းပြီး အလုံပိတ်ထားမည်။ သူတို့ကိုဆန္ဒရှိတိုင်း ပုလင်းထဲက ထုတ်ယူနိုင်သည်။
ရာသီဥတုကောင်းမွန်တဲ့နေ့တစ်နေ့ပင်။
ထိုညက ထမင်းစားပြီးနောက် ရှောင်းကော သည် လက်နောက်ပစ်ပြီး ကျွမ်းကျွမ်းဆီသို့ လျှောက်သွားခဲ့သည်။ "ကျွမ်းကျွမ်း၊ အသီးအနှံတွေစားရအောင်"
"ဟင် " ကျွမ်းကျွမ်း သူမ၏စကားကိုကြားသောအခါ၊ သူ ထိုအရာကို ချက်ခြင်းတွေးမိသည်။ "ငှက်ပျောသီးလား"
"မှန်တယ်! မေမေက သားကို ငှက်ပျောသီးတစ်လုံးနဲ့ ဆုချမယ်!"
“အာ....… မေမေ၊ ဆုကြေးငွေပြောင်းပေးလို့ရမလား”
ကျွမ်းကျွမ်းသည် သူ၏ ချစ်စဖွယ်အမူအရာဖြင့် ရုန်းထွက်ရန် ကြိုးစားရင်း သူ သူမအား ဝမ်းနည်းစွာ ကြည့်နေလေသည်။
ရှောင်းကော ခေါင်းကို တင်းတင်း ခါလိုက်ပြီး "မရဘူး၊ စားရအောင်" လို့ ပြုံးပြီး ပြောလိုက်သည်။
ရှောင်းကောသည် ဒီဒဏ်ကို ပထမဆုံးခံနိုင်ရည်ရှိခဲ့သည်။ သူမ ငှက်ပျောသီးတစ်လုံးကို အမြန်စားခဲ့ပြီး အိပ်ရာပေါ်တွင် သက်တောင့်သက်သာ လှဲရင်း ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။
ကျွမ်းကျွမ်းက သေသေးလေးကိုက်ပြီး စားသောက်နေဆဲဖြစ်သည်။ သူစားနေတယ်ပြောရင် မှားလိမ့်မည်။ တကယ်တော့ သူက နှုတ်ခမ်းနဲ့ ထိရုံပဲထိနေတာ။ သူ့ပါးစပ်ထဲကို ဘာမှသိပ်မဝင်ဘူး။
ရှောင်းကော ဒါကိုမြင်ရလို့ အရမ်းပျော်သွားသည်။ ကျွမ်းကျွမ်းသည် လွန်ခဲ့သည့် တစ်ချိန်က ငှက်ပျောသီးကို စိတ်အားထက်သန်စွာ စားခဲ့ပြီး သူ့ကို ရပ်တန့်စေရန် မဆွဲဆောင်နိုင်ခဲ့ပေ။ ဒီလိုနဲ့ တစ်နေ့မှာ ငှက်ပျောသီး များများစားမိလို့ သူ နေမကောင်းဖြစ်သွားသည်။ ထိုအချိန်မှစ၍ အသီးကို အနံ့ခံလိုက်တိုင်း သူ ပျို့အန်ချင်လာသည်။ မကြာသေးမီက အခြေအနေတွေ ပိုကောင်းလာပုံရပြီး ရှောင်းကောက သူ့ကို ထပ်ပြီး စလာပါတော့သည်။
ဒါပေမယ့် စနောက်တာက တစ်ချက်ဖြစ်သည်။ ငှက်ပျောသီးတွေစားခိုင်းပြီး သေချာပေါက် သူ့ကို နေမကောင်းဖြစ်အောင် မလုပ်ဘူးဆိုတာတော့ သေချာသည်။ ထို့ကြောင့် သူသည် သူမကို ဆယ့်လေးကြိမ်မြောက် သနားစရာကောင်းစွာ ကြည့်လိုက်သောအခါတွင် သူမသည် မထိလုနီးပါးဖြစ်နေသော ငှက်ပျောသီးကို ဝမ်းသာအားရ ယူပြီး သုံးလေးချက်ကိုက်ကာ အကုန်စားပစ်လိုက်သည်။ သူမ ငှက်ပျောသီးကို တကယ်ကြိုက်ကြောင်း ဝန်ခံရပါမည်။ သူတို့က အရသာရှိပြီး ဝမ်းအတွက် ကောင်းသည်။
“မေမေက အကောင်းဆုံးပဲ…”
ကျွမ်းကျွမ်း ရှောင်းကောကို အပြစ်ကင်းစွာ ပွေ့ဖက်လိုက်သည်။ သူ့ကို ငှက်ပျောသီးနဲ့ စနောက်နေတာ ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း မေ့နေခဲ့သည်။
ကောင်လေးကို စနောက်ပြီးနောက် ရှောင်းကောမှာ "လူကောင်း" ဆိုတဲ့ကတ်ကို ပေးခံနေရဆဲပင်။ သူမ ကျွမ်းကျွမ်း၏ ခေါင်းကို ကူကယ်ရာမဲ့စွာ ထိုးဖွလိုက်သည်။ သူက တကယ့်ကို တုံးအတဲ့ ကောင်လေးပဲ။
ရှောင်းကော ခဏလောက်စဉ်းစားပြီး မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်သည်။ “ဒီနေ့တော့ လူ့အဖွဲ့အစည်းကြောင့် ရိုက်နှက်ခံရတယ်ဆိုတာ ဘာလဲဆိုတာကိုပြမယ်”
ကျွမ်းကျွမ်း၏ အပြစ်ကင်းစင်သော အကြည့်များအောက်တွင် သူမ၏မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်ဆန်အပြုံးတစ်ခု တဖြည်းဖြည်းပေါ်လာသည်။ "သား စောစောအိပ်သင့်တယ်။ မနက်ဖြန် မနက်စာ၊ နေ့လယ်စာ၊ ညစာနဲ့ ညလည်စာအတွက် ထမင်းစားပြီးရင် အသီးအနှံတွေက ငှက်ပျောသီးတွေ ဖြစ်လိမ့်မယ်"
“မေမေ … အိုးဟိုးဟိုး…”
ကျွမ်းကျွမ်း အိပ်ယာပေါ် လူးလှိမ့်နေချိန်တွင် ရှောင်းကောသည် သူ့ကို ကုတင်အနားမှ ပိတ်ဆို့ကာ သူလှည့်ပတ်နေချိန်တွင် ဘေးကင်းစေရန် စောင့်ရှောက်ပေးခဲ့သည်။ သူ့ရဲ့ လုပ်ရပ်ကိုသူမ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူမမှာ ဘာမှလုပ်စရာမရှိတဲ့အခါ ကျွမ်းကျွမ်းကို အမြဲတမ်း စနောက်လေ့ရှိသည်။ အရမ်းပျော်စရာကောင်းသည်။