← Chapters

အခန်း (၂၄၄)

Vol. 17 Ch. 244

အခန်း (၂၄၄)

Vol. 17 Ch. 244

အမြောက်များကို ပစ်လွှတ်လိုက်သည်နှင့် တပြိုင်နက် ရှောက် ဘုရင့်နိုင်ငံသည် ၎င်းတို့ကို ရာနှင့်ချီ၍ လျင်မြန်စွာ တည်ဆောက်ခဲ့ပြီး အမြောက်တွေကို အမြောက်အမြား ထုတ်လုပ်ခဲ့သည်။

၎င်းတို့ထဲမှ အများစုကို တပ်သားများ အစောင့်အကြပ် ထူထပ်စွာ စောင့်ကြပ်ထားသော တပ်စခန်းတွင် လုံခြုံစွာ သိမ်းဆည်းထားသည်။ အနည်းငယ်ကို နယ်ခြားစောင့်တပ် အသီးသီးကို ခွဲဝေ ပေးထားသည်။

အချိန်တိုလေးအတွင်းမှာပင် အမြောက်များနှင့် ဗုံးများ တပ်ဆင်ထားသော မရေမတွက်နိုင်သော ရထားလုံးတွေ မြို့တော်မှ ထွက်ခွာလာခဲ့သည်။ မြို့တော်တံခါးကို ဖြတ်ကျော်ပြီးသည်နှင့် မိမိတို့ ဦးတည်ရာသို့ ထွက်ခွာသွားကြသည်။

ကျန်းတန်းဟယ်သည် လီရှို့ကျီ နှင့်အတူ မြို့ရိုးပေါ်တွင် ရပ်ကာ အဝေးမှ အံ့မခန်းမြင်ကွင်းကို ကြည့်နေလေသည်။ သူ့မှာ ခံစားချက်တွေ ပြည့်နှက်နေခဲ့သည်။

"ညီကို၊ အရမ်းတော်တယ်!"

ကျန်းတန်းဟယ်၏ မျက်နှာမှာ ရွှင်လန်းမှု အပြည့်ရှိနေသည်။ သူသည် လီရှို့ကျီ၏ ပခုံးကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ သူက သူ့အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်လုနီးပါးဖြစ်နေပြီ။

"ဟမ့်၊ အခုမှသိတာလား။ သိချင်လိုက်တာနော် ငါ့ကို ဘယ်သူက..."

"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ငါ မင်းကို အရက်ဝယ်ပေးမယ်"

လီရှို့ကျီ ရယ်မောလိုက်သည်။ " ငါ အဲ့တာကိုစောင့်နေတာ။"

"သွားကြရအောင်။" ကျန်းတန်းဟယ်က လမ်းပြပြီး သူတို့နှစ်ယောက် မြို့တော်ရဲတိုက်ကနေ ထွက်လာခဲ့သည်။

"စကားမစပ်၊ မင်းရဲ့ဆုလာဘ်အကြောင်း မင်း ဧကရာဇ်မင်းနဲ့ ဘာလို့ စကားမပြောတာလဲ"

ကျန်းတန်းဟယ် ဒီကိစ္စကို သိချင်နေခဲ့သည်။ မကြာသေးမီက တရားဝင်မိတ်ဆက်ပွဲအတွင်း ဧကရာဇ်မင်းက အလွန်ဝမ်းမြောက်ခဲ့ပြီး လီရှို့ကျီအား ဆုချီးမြှင့်ချင်ခဲ့သည်။ ဒါပေမယ့် ဧကရာဇ်မင်းက သူ့ကိုဘာလိုချင်လဲဟု မေးသောအခါတွင် သူ အကြာကြီး တုံ့ဆိုင်းနေသော်လည်း ဘာမှပြန်မပြောခဲ့ပေ။ ထို့ကြောင့် ဧကရာဇ်မင်းက သူ့ကို ၎င်းကို သေသေချာချာ တွေးတောပြီး အဆင်သင့်ဖြစ်သောအခါတွင် ပြောရန် မိန့်ကြားခဲ့သည်။

“ငါ… ငါ အဲဒါကို မစဉ်းစားရသေးဘူး။ ငါ အချိန်ပိုလိုအပ်တယ်”

လီရှို့ကျ်ိ ဒီကိစ္စကို ပြောဖို့ တွန့်ဆုတ်နေခဲ့သည်။ ကျန်းတန်းဟယ် လုံးဝကို အာရုံမစိုက်တော့ပဲ အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။

လီရှို့ကျ်ိ သည် ကျန်းတန်းဟယ်ကို မရေမတွက်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ “ငါ တကယ် သေသေချာချာ စဉ်းစားရမှာမလို့ပါ…”

အိမ်တော်သို့ ပြန်ရောက်သည်နှင့် သူတို့ တံခါးဝတွင် ရပ်တန့်သွားခဲ့ကြသည်။ နှစ်ယောက်သား လှည့်ကြည့်လိုက်တော့ မိန်းမစိုးစုကို တွေ့လိုက်ရသည်။

ကျန်းတန်းဟယ်က သူကိုင်ထားတဲ့အရာကို ကြည့်ပြီး သူ့အလည်လာရတဲ့ အကြောင်းရင်းကို မြန်မြန်သဘောပေါက်သွားသည်။

"မိန်းမစိုးစု"

"မင်္ဂလာပါ စစ်သူကြီး" မိန်းမစိုးစုက ကျန်းတန်းဟယ် ကို ပြုံးပြပြီး လီရှို့ကျီ ကို ကြည့်လိုက်သည်။ “ကျွန်တော် သတင်းကောင်းလေးပေးချင်လို့ပါ…”

သူပြောပြောပြီး လက်ထဲတွင် အင်ပါယာ အမိန့်ပြန်တမ်းကို လက်ဟန်ပြလိုက်သည်။

သူတို့နှစ်ဦး မတွန့်ဆုတ်ဘဲ အမိန့်တော်ကို ခံယူရန် ချက်ချင်း ဦးညွှတ်ခဲ့ကြသည်။

"ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကြောင့် လီရှို့ကျီသည် တိုင်းပြည်အတွက် အလွန်သေစေနိုင်သောလက်နက်ကို ဖန်တီးခဲ့ပြီး ရှောက် ဘုရင့်နိုင်ငံရဲ့ ခွန်အားနဲ့ စည်းစိမ်ဥစ္စာများကို ပံ့ပိုးပေးခဲ့သည်ဟု ဧကရာဇ်မင်းမြတ်က အမိန့်ချမှတ်ခဲ့သည်။ ထို့ကြောင့် သူ့ကို အထူးဆုကြေးငွေအဖြစ် ရွှေတုံးတစ်ရာ ချီးမြှင့်လိုက်သည်။ ကျေးဇူးပြု၍ အမိန့်တော်ကို ခံယူပါ"

လီရှို့ကျီ ရှေ့သို့ လှမ်းသွားပြီး အင်ပါယာအမိန့်ပြန်တမ်းကို လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည်။ "ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး "

သူတို့နှစ်ယောက် ထရပ်လိုက်ပြီးနောက် မိန်းမစိုးစု က လီရှို့ကျီကို ပြောလိုက်သည်။ "မင်းလိုချင်တာကို မစဉ်းစားရသေးတဲ့အတွက် ဧကရာဇ်မင်းက မင်းကို လက်တွေ့ကျတဲ့ တစ်ခုခုနဲ့ အရင်ဆုချမယ်လို့ ပြောတယ်။ မင်းရဲ့ဆုလာဘ်အတွက် အချိန်ယူပြီး စဉ်းစားလို့ရတယ်။ အလျင်လိုစရာမလိုဘူး။"

“ဆုချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး” လီရှို့ကျီ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ တောင်းဆိုချက်က တရားဝင်နေသေးသရွေ့တော့ အဆင်ပြေသည်။ အစောပိုင်းက တောင်းဆိုချက်က ရွှေအဖြစ်သို့ ပြောင်းလဲသွားသည်ဟု သူထင်ခဲ့မိသည်။

ခဏကြာ စကားစမြည်ပြောပြီးနောက် မိန်းမစိုးစု ထွက်သွားသည်။

သူတို့ နှစ်ယောက် အိမ်ထဲကို ဝင်ခါနီးမှာပဲ ရောက်လာတဲ့ ဆက်သား နဲ့ တိုးမိကြသည်။ ကျန်းတန်းဟယ်က အကျွမ်းတဝင်ရှိသော ယူနီဖောင်းကို မြင်သောအခါ ဝမ်းသာသွားသည်။ သူ မကူညီနိုင်ဘဲ မျှော်ကြည့်လိုက်သည်။ ဆက်သားက ချောမောသော လူငယ်တစ်ယောက်ဖြစ်သည်။

တစ်စုံတစ်ယောက်အား သေတ္တာကို ယူဆောင်လာရန် ညွှန်ကြားနေသည့် လီရှို့ကျီက ကျန်းတန်းဟယ်ကို ကြည့်ပြီး ခေါင်းကို လှည့်လိုက်သည်။ သူ နှုတ်ခမ်းတွေကျု ဖိလိုက်သည်။ "ကျွတ်၊ ကျွတ်၊ သူ့မျက်နှာပေါ်က စူးရှတဲ့အကြည့်ကို ကြည့်လိုက်ပါဦး။"

သူ့မျက်နှာကို ဆက်ကြည့်နေရင် သူ မျက်မမြင်ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူသည် သေတ္တာများကို ကိုင်ဆောင်ထားသော စစ်သည်များအား ဤရွံရှာဖွယ်ကောင်းသော လူနှင့် ဝေးရာသို့ အမြန်သွားရန် တိုက်တွန်းခဲ့သည်။

ကျန်းတန်းဟယ် ရောက်လာသော ဆက်သားကိုသာ အာရုံစိုက်ခဲ့သည်။ ရထားလုံးပေါ်မှ စာအိတ်နှင့် အထုပ်များကို ထုတ်ယူလာသည်ကို ကြည့်ရင်း သူ့နှလုံးခုန်သံက မြန်လာသည်။ အကြားအာရုံ ဆုံးရှုံးသွားပုံရသည်။ သူကြားလိုက်ရတာက သူ့ရင်ခုန်သံတွေချည်းပင်။

ဆက်သားက ပုံမှန်အတိုင်း စိစစ်သည်။ ပေးပို့မှုကို မလွှဲပြောင်းမီ အရာအားလုံးမှန်ကန်ကြောင်း သေချာစေရမည်။

"ခွင့်ပြုပါ၊ ကျန်းတန်းဟယ်၊ စစ်သူကြီးကျန်းလား"

“…....”

"ဟယ်လို?"

“….....” ကျန်းတန်းဟယ် သူ့အသံကို ဘယ်လိုလုပ်မကြားနိုင်တော့တာလဲ။ အခု သူ လုံးဝ နားမကြားတော့ပေ။ သူမြင်နိုင်သမျှကတော့ ဆက်သားရဲ့လက်ထဲက စာအိတ်နဲ့ အထုပ်ကပဲ။ သူ့မျက်လုံးတွေက အရာဝတ္ထုများပေါ်တွင် ကပ်နေသည်။

"...ဟယ်လို ခင်များက ..."

"ဟုတ်တယ် သူပဲ" ကျန်းတန်းဟယ် အနားက စစ်သားက သည်းမခံနိုင်တော့တဲ့အတွက် စစ်သူကြီးအတွက် ပြောပေးလိုက်သည်။

“ကောင်းပါပြီ။” တပ်သားက အသက်ရှူထုတ်လိုက်သည်။ "ဒါဆို မက်မွန်ပွင့်ရွာက ချင်းရှောင်းကောဆိုတဲ့ သခင်မချင်ကို သိလား"

"သခင်မ ကျန်း " ဒီတစ်ခါတော့ စစ်သားက သူ့ကိုယ်စား ဖြေစရာ မလိုတော့ဘူး။ ဆက်သားက သူမကို သခင်မ ချင်းလို့ ခေါ်တဲ့အသံကို ကြားလိုက်တာနဲ့ သူ့အသိစိတ်က ပြန်ရောက်လာသည်။ သူမက တစ်ယောက်တည်းနဲ့ တစ်ဦးတည်းသော သခင်မကျန်း ဖြစ်သည်။

“အိုး… စာနဲ့ အထုပ်”

ဆက်သားက ပြုံးပြုံးရွှင်ရွှင်နဲ့ ပစ္စည်းတွေ ပေးလိုက်သည်။ "ဘာပဲဖြစ်ဖြစ်ပါ။ သခင်မ ချင်း ပဲဖြစ်ဖြစ် သခင်မ ကျန်းပဲဖြစ်ဖြစ် လူမှန်နေသရွေ့တော့ အဆင်ပြေပါတယ်။"

ကျန်းတန်းဟယ်က စာလက်ခံပြီးတာနဲ့ သူ့အခန်းထဲကို ပြန်ပြေးသွားသည်။ မှန်ပါတယ်၊ သူ အစွမ်းကုန် ပြေးခဲ့သည်။

လမ်းမှာ သူ့ကိုရှာနေတဲ့ လီရှို့ကျီ ကို ဝင်တိုးခဲ့သည်။ "ဟေ့ မင်းဘယ်သွားမလို့လဲ"

"ကိစ္စမရှိဘူး…"

အိုး၊ သူ့အသံက လွင့်ထွက်လုနီးပါးပဲ။

လီရှို့ကျီ လှောင်ပြောလိုက်သည်။ "သူဘယ်သွားမလို့လဲ၊ သူ ပုန်းပြီး သူ့စာကိုဖတ်တော့မှာ"

သူ ခေါင်းယမ်းပြီး သူ့အခန်းထဲပြန်ဝင်သွားသည်။ သူက ကျန်းတန်းဟယ်ကို သူ့ ရွှေတွေကို ဘယ်မှာ ဝှက်ရမလဲဆိုတာ ကူစဥ်းစားခိုင်းစေချင်ပေမယ့် သူမအားနေတာကြောင့် သူ့ဘာသာသူ စဉ်းစားဖို့ ဆုံးဖြတ်လိုက်သည်။

ကျန်းတန်းဟယ် အိမ်သို့ပြန်လာပြီး တံခါးနှင့် ပြတင်းပေါက်များကို တင်းကျပ်စွာပိတ်လိုက်သည်။ စားပွဲမှာ တစ်ယောက်တည်းထိုင်ပြီး သူ့လက်ထဲက ပစ္စည်းနှစ်ခုကို ချလိုက်သည်။

အတန်ကြာ စေ့စေ့စပ်စပ် တွေးကြည့်ပြီးနောက် သူ စာအိတ်ကို အရင်ဖွင့်လိုက်သည်။ အထုပ်ကိုဖွင့်ချင်ပေမယ့် စာကိုဖတ်ဖို့က ပိုအရေးကြီးသည်။

"ကျန်းတန်းဟယ်၊ ရှင် တော်တော် တရားလွန်နေပြီနော်၊ရှင် ရှောက်ယိရဲ့ သစ်တော်သီးခြောက်တွေကိုတကယ် ခိုးသွားတာပဲ..."

အဖွင့်ကိုမြင်လိုက်သောအခါ ကျန်းတန်းဟယ်နှလုံးခုန်နှုန်းက ခုန်ပျံသွားသည်။ " ရှောင်းကော ဘယ်လိုလုပ်ပြီးသိတာလဲ"

"ကျွန်မဘယ်လိုသိလဲဆိုတာကို မတွေးနေနဲ့၊ ဖောက်လို့မရတဲ့ တံတိုင်းဆိုတာ မရှိဘူး..."

"အိုး" ကျန်းတန်းဟယ် အံ့အားသင့်သွားသည်။ "သူမ ဘယ်လိုခန့်မှန်းလိုက်တာလဲ"

"သခင်မ ကျန်း အနေနဲ့ ကျွန်မမှာ မှော်အစွမ်းတွေရှိတယ်၊ ကျွန်မ မသိတာ ဘာမှမရှိဘူး..."

ဒါကိုမြင်တော့ သူက ပြုံးစိစိနဲ့။ "အော်ဒါဆို သူမရဲ့ မှော်အစွမ်းတွေကြောင့်သိတာပေါ့..."

"စာရောက်တာ နောက်ကျနေပြီလား။ ဟီးဟီး၊ အဲဒါ ကျွန်မ ရှင့်ကို မေ့လုနီးပါးဖြစ်တော့မလို့..."

ကျန်းတန်းဟယ် ဒီအပိုင်းကို ရောက်တဲ့အခါ သူ ဘယ်လိုငြိမ်ငြိမ်ထိုင်နေနိုင်မလဲ။ သူမ သူ့ကို ဘယ်လိုလုပ်မေ့နိုင်ရတာလဲ။ သူ အဲ့တာကို ခွင့်မပြုဘူး...

"စိတ်မလှုပ်ရှားပါနဲ့။ ကျွန်မ ရှင့်ကို စနေတာ။ ဟားဟားဟားဟားဟား..."

မရေမတွက်နိုင်သော “ဟားဟားဟား”တွေ ရှိသည်။ စိတ်ရှုပ်မခံနဲ့။ အဲ့တာ ရှောင်းကောသည် စကားလုံးရေတွက်ရန် ကြိုးစားနေသောကြောင့်ဖြစ်သည်။ တိုတောင်းလွန်းသော စာတစ်စောင်ရေးရန် အနည်းငယ် မသင့်တော်ဘူးဟု သူမ ခံစားမိသည်။ နောက်ဆုံးတော့ ကျန်းတန်းဟယ်က သူမဆီ စာမျက်နှာ ၃ မျက်နှာ အပြည့်ရေးထားခဲ့တယ်မလား။

ကျန်းတန်းဟယ် စာကိုစဖတ်ပြီးကတည်းက သူ့မျက်နှာပေါ်က အပြုံးက ဘယ်တော့မှ လျော့မသွားပေ။ သူ အဆုံးသတ်ကိုရောက်သွားတာနဲ့ သူ့ဘေးနားက အထုပ်ကို ဖွင့်လိုက်သည်။

ရှောင်းကော ပြောထားသည့် အထုပ်ထဲတွင် ငှက်ပျောသီးခြောက်နှင့် သစ်အယ်သီးကင်များ ပါဝင်သည်။ သူမသည် ခြေအိတ်နှစ်စုံနှင့် ကြိုးကျယ်များပါသည့် သိုးမွှေးကိုယ်ကျပ်ဝတ်စကုတ်တစ်ထည်ကို ပြုလုပ်ထားသည်။ ရှောင်းကောသည် အဲ့တာတွေကိုတစ်ထည်စီပြုလုပ်ထားသည် အနက်ရောင်က ကျန်းတန်းဟယ် အတွက်ဖြစ်သည်။

ကျန်းတန်းဟယ်သည် အိတ်ထဲမှ အရာများကို ဝမ်းသာအားရ ရေတွက်ရင်း အတွင်းရှိ အရာအားလုံးကို ကြည့်ခဲ့သည်။ သူသည် ပစ္စည်းများကို ကိုင်ကာ သရေစာများကို မြည်းစမ်းကြည့်လိုက်သည်။ ထို့နောက် စာအိတ်ကို ကောက်ကိုင်လိုက်ပြီး အဲ့တာကို ထပ်ခါထပ်ခါ ဖတ်ခဲ့သည်..

ကျန်ရှိသော သစ်တော်သီးခြောက်များကို ထုတ်ယူကာ သစ်အယ်သီးကင်နှင့် ငှက်ပျောသီးခြောက်များနှင့်အတူ သိမ်းဆည်းထားလိုက်သည်။ ဤနည်းဖြင့် သရေစာများကို သိမ်းဆည်းခြင်းသည် အဆာပြေပမာဏကို ပိုမိုများပြားစေသည်။ သူတို့ကိုကြည့်ရတာ သူ့ကို အရမ်းပျော်သွားစေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် ကျန်ရှိသော သစ်တော်သီးခြောက်များကို ခွဲတမ်းချခဲ့သည်။ ကံကောင်းထောက်မစွာ သူကောင်းကောင်းဝှက်ထားခဲ့ပြီး လီရှို့ကျီ ရှာမတွေ့သွားခဲ့ပေ။ မဟုတ်ရင် လောလောဆယ် ဘာမှ ကျန်တော့မှာမဟုတ်ဘူး။

သားမွေးခြေအိတ်နှင့် ဝတ်စကုတ်တို့ကိုလည်း ပွတ်သပ်နမ်းရှိုက်လိုက်သည်။ အထပ်ထပ်အခါခါ ပွေ့ဖက်နမ်းရှိုက်ပြီးနောက် ဗီရိုထဲမှာ သိမ်းထားလိုက်သည်။ ဒီညတော့ ရေချိုးပြီး မနက်စောစော ကျရင် ဝတ်ဖို့ စီစဉ်ထားသည်။

အရာအားလုံးကို ထုပ်ပိုးပြီးနောက် သူသည် စားပွဲ၌ ပြန်ထိုင်ကာ ရှောင်းကော၏ လက်ရေးကို စိုက်ကြည့်နေသည်။ အဲ့တာကို ထပ်မယူဘဲမနေနိုင်တော့ဘဲ စာကိုကောက်ကိုင်ပြီး ပြန်ဖတ်တော့သည်။

ဖတ်ပြီးတာနဲ့ စာအိတ်ထဲက တခြားစာတစ်စောင်ရှိနေတာကို တွေးလိုက်မိသည်။

သူသည် ရှောင်းကော၏စာကို တွန့်နုတ်စွာ ချလိုက်ပြီး ကျွမ်းကျွမ်း၏စာကို စတင်ဖတ်ခဲ့သည်။

ကျွမ်းကျွမ်း၏ လေသံမှာလည်း ထိခိုက်နစ်နာသည့်လေသံပါနေခဲ့သည်။ သူ့စကားတွေက ကျန်းတန်းဟယ် ကို စွပ်စွဲမှုတွေနဲ့ ပြည့်နေသည်။ သူ့အဖေက ဘက်လိုက်ပြီး သူ့အမေအတွက်ပဲ စာရေးတယ်လို့ ပြောထားသည်။

သူ ရယ်ရခက်ငိုရခက်ဖြစ်နေသည်။ "ဒီကောင်လေး မနာလိုဖြစ်နေတာပဲ။ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ နောက်တစ်ခါ သူတို့ဆီကို စာမျက်နှာနံပါတ်တူတူ ရေးပေးပါ့မယ်"

"အယ်... မဟုတ်ဘူး၊ ကျွမ်းကျွမ်း အတွက် စာနှစ်စောင်နဲ့ ရှောင်းကော အတွက် စာသုံးစောင်"

ကောင်းကင်ကြီး မှောင်သွားသည့်တိုင်အောင် သူသည် စာကို ထပ်ခါထပ်ခါ ဖတ်ခဲ့သည်။ ထို့နောက် လီရှို့ကျီ ကိုရှာဖို့ မထွက်သွားမီ သူသည် စာကို သပ်သပ်ရပ်ရပ် ခေါက်ပြီး ဗီရိုထဲတွင် သပ်ရပ်စွာ သိမ်းဆည်းခဲ့သည်။

လီရှို့ကျီ၏ ဆပ်ပြာတွေ စုဆောင်းမှုအကြောင်း သူကြားဖူးသည်။ သူ့ရေချိုးဖို့ တစ်တုံး ငှားရန် စဉ်းစားမိသည်။

All Chapters