← Chapters

အခန်း (၂၄၆)

Vol. 17 Ch. 246

အခန်း (၂၄၆)

Vol. 17 Ch. 246

"နောက်တစ်ယောက်!"

“…....”

ဘယ်သူမှ မဖြေလာပေ။ ကျန်းတန်းဟယ် လှည့်ပတ်ကြည့်လိုက်သည်။ "ဘယ်သူမှ မလာတော့ဘူးလား"

"မဟုတ်ပါဘူး! စစ်သူကြီး၊ ကျွန်တော် အခိုင်အမာယုံကြည်သွားပါပြီ!"

ဒီတစ်ခါတော့ တပ်သားသစ်တွေ တိတ်ဆိတ်မနေရဲတော့ပေ။ သူ့အမေးကို သူတို့ကြားတဲ့အခါ ချက်ခြင်းပဲ သူတို့ရဲ့ လေးစားမှုကို ဖော်ပြကြသည်။ သူတို့ ဘယ်လိုမှ အထင်မကြီးဘဲ မနေကြတော့ပေ။ အများစုမှာ ရှေ့သို့ထွက်၍ စိန်ခေါ်ခဲ့ကြသော်လည်း စစ်သူကြီးအနီးသို့ မရောက်မီ လူတိုင်း ရှုံးနိမ့်သွားကြသည်။ ကွင်းထဲကနေ ရုန်းထွက်လာချိန်မှာတော့ သူတို့ရဲ့ တင်ပါးတွေကို ကိုင်လာတာ ဒါမှမဟုတ် ဗိုက်ကို ကိုင်လာတာမျိုး ဖြစ်နိုင်သည်။

ကျန်းတန်းဟယ် ရယ်မောပြီး သူ့လည်ပင်းမှ ချွေးတွေကို သုတ်လိုက်သည်။ ဒါကို သူ ကျင့်သားရနေပြီ။ တပ်သားအားလုံးနီးပါးသည် စခန်းသို့ အသစ်ဝင်ရောက်လာသောအခါတွင် တူညီသောတောင်းဆိုမှုကို ပြုလုပ်ကြမည်ဖြစ်သည်။ သူတို့ရဲ့ တောင်းဆိုချက်တွေကို သူဘယ်တော့မှ မငြင်းပယ်ခဲ့ပေ။ အစကတည်းက မယုံကြည်တဲ့သူတိုင်းက စိန်ခေါ်မှုတွေတိုင်းမှာ ပြီးသွားရင် အဆုံးအဖြတ်ပေးပါလိမ့်မည်။ ဤနေရာ၌ ရက်စက်မှုသည် အရာအားလုံးအတွက် အဖြေဖြစ်သည်!

ကျန်းတန်းဟယ် ကွင်းပြင်ပေါ်တွင် အချိန်အတော်ကြာအောင် ရပ်နေပြီး စစ်သားများ၏ စိတ်ဓာတ်ကို မြှင့်တင်ရန် ကွင်းထဲမှ ထွက်မသွားမီ စစ်သားများအား အားပေးစကားများ ပြောကြားခဲ့သည်။

ကျန်းတန်းဟယ်၏ နန်းတွင်းဝတ်စုံကို ကိုင်ဆောင်ထားသည့် လက်အောက်ငယ်သားက ဖော်မပြနိုင်သောအမူအရာဖြင့် သူ့ထံချဉ်းကပ်လာသည်။ ထို့နောက် သူ့ကို မသဲကွဲသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် စစ်သူကြီး၏ ခန္ဓာကိုယ်မှ ထွက်လာသော ပြင်းထန်သော ရနံ့ကို ပြင်းပြင်းထန်ထန် ရှူရှိုက်ရင်း စကားပြောဖို့ရန် ချီတုံချတုံ ဖြစ်နေသည်။

ကျန်းတန်းဟယ်က ဒါကို သတိမထားမိပေ။ နန်းတွင်းဝတ်စုံကို ယူပြီးနောက် သူ့အဝတ်အစားတွေကို ချွတ်ပြီး သူ့လက်အောက်ငယ်သားကို အပ်လိုက်သည်။ ထိုလူအား ရိုးရှင်းသော ညွှန်ကြားချက် အနည်းငယ်ပေးပြီးနောက် ကျန်းတန်းဟယ် ထွက်ခွာသွားခဲ့သည်။

ဒါပေမယ့် သူချက်ချင်း မထွက်ခွာခဲ့ပေ။ အဲဒီအစား ရှောင်းကော သူ့အတွက်လုပ်ပေးထားတဲ့ အဝတ်အစားအသစ်တွေကို ပြသဖို့ တပ်စခန်းရဲ့ ထောင့်တိုင်းကို လျှောက်သွားခဲ့သည်။ ထိုမှသာ ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့သည်။

ကျန်းတန်းဟယ် ထွက်သွားပြီးနောက် အားလုံးက ပဟေဠိဖြစ်သွားကြသည်။ တူညီသော အတွေးတွေက သူတို့၏ စိတ်ထဲမှာ ပျံ့နှံ့သွားသည်။ "အဲဒီရနံ့က စစ်သူကြီးဆီက လာတာလား"

တပ်သားသစ်တွေက ညဘက် သန့်ရှင်းရေးလုပ်ကြတဲ့အခါ ဒီကိစ္စကို စပြီးပြောကြသည်။

"စစ်သူကြီးကိုကြည့်လိုက်ဦး၊ သူက ငါတို့နဲ့ လုံးဝမတူဘူး!"

“ဟုတ်တယ်။ ငါတို့ကိုကြည့်ဦး။ တစ်နေကုန် ချွေးတွေရွှဲပြီး အနံ့အသက်တွေ ထွက်နေတာ။ ဒါပေမယ့် စစ်သူကြီးက ငါတို့လို ချွေးတွေထွက်နေပေမယ့် အနံ့က အရမ်းကောင်းနေတာပဲ”

“တကယ်ပဲကွ၊ ဒီနေ့ ရနံ့တွေကြောင့် မူးနေပြီ…”

"ဟားဟားဟား၊ မင်းမျက်နှာပေါ်က ပုံမှန်မဟုတ်တဲ့ပုံစံကို ကြည့်လိုက်ဦး..."

"တော်ပြီ၊ တော်ပြီ၊ မြန်မြန် သန့်ရှင်းရေးလုပ်ရအောင်။ ငါတို့ ဒီရာသီဥတုမှာ အချိန်အကြာကြီးမနေသင့်ဘူး။ ငါတို့ ထပ်ပြီး အအေးပတ်သွားနိုင်တယ်။"

"သွားကြရအောင်။"

–

ကျန်းတန်းဟယ်ဆီ ပြန်သွားရရင် သူက သူ့အဝတ်အစားအသစ်ကို ကျေနပ်စွာနဲ့ တပ်စခန်းက ထွက်လာခဲ့သည်။ ရထားလုံးပေါ်ရောက်တာနဲ့ တစ်ခုခုလွဲနေတာကို သူ သတိထားမိသွားသည်။

အခုလေးတင် ဖွင့်ထားတဲ့နေရာမှာရှိတုန်းက သူ သတိမထားမိပေမယ့် အခု အလုံပိတ်နေရာလေးမှာ ရှိနေတော့ အဲဒီရနံ့က လေထဲမှာ ဘာရနံ့တွေ သင်းနေတာလဲလို့ တွေးမိသည်။

အနံ့က ပိုပြင်းလာပြီး ရင်းနှီးလာပုံရသည်။ ကျန်းတန်းဟယ် ဒီဟာအတွက် ဆိုးရွားတဲ့ခံစားချက်ရသွားသည်။ သူ ကန့်လန့်ကာကို စိတ်အားထက်သန်စွာ မလိုက်ပြီး မြင်းမောင်းသမားကို မေးလိုက်သည်။ “မင်း အနံ့တစ်ခုခု ရနေလား”

ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်နှင့် ရထားပေါ်မှ မွှေးကြိုင်သော ရနံ့တစ်ခု ပျံ့လွင့်လာသည်။ မြင်းမောင်းသမားက အသက်ပြင်းပြင်းရှူလိုက်သည်။ သူအမှန်အတိုင်းပြောရမလားဆိုတာကို သေချာမသိသောကြောင့် စမ်းတဝါးဝါးဖြင့်မေးလိုက်သည်။ “ဒါက ဘာအနံ့လဲ”

"မွှေးတဲ့အနံ့လား"

မြင်းမောင်းသမားက စိတ်လှုပ်ရှားစွာနဲ့ နှုတ်ခမ်းကိုဖိရင်း ရိုးရိုးသားသား ပြောလိုက်သည်။ “ကျွန်တော် တစ်ခုခု တော့ရတယ်”

ကျယ်လောင်သော အသံနှင့်အတူ ကန့်လန့်ကာကို အတွင်းလူက ရိုက်ချလိုက်ပြီး သူ့မြင်ကွင်းကို ဖြတ်တောက်ပစ်လိုက်သည်။ မြင်းမောင်းသမားက သူ့မျက်နှာပေါ်က ချွေးတွေကို သုတ်လိုက်ပြီး သူ့ကိုယ်သူ အနံ့ခံကြည့်လိုက်သည်။

"ဟမ်... အနံ့ကနည်းနည်းဆိုးတယ်..."

မြည်းမောင်းသမားက သူ့နှာခေါင်းကို ပွတ်သပ်ပြီး အမွှေးနံ့သာ သုံးလိုက်ရမလားလို့ တွေးမိသည်။ စစ်သူကြီးရဲ့ပုံရိပ်က သီးသန့်ဖြစ်နေတာဆိုတော့ မြင်းမောင်းသမားတစ်ယောက်အနေနဲ့ စစ်သူကြီးကို အရှက်ရအောင်နေလို့တော့မရဘူး။ သူ ချက်ချင်း အရေးစိုက်မှရမည်။ နောက်မှ အိမ်ပြန်ရောက်တဲ့အခါ သူ့မိန်းမမှာရှိတဲ့ အနံ့အသက်ကို ဖုံးတဲ့ ပေါင်ဒါတွေ လိမ်းရမည်။

ရထားလုံးပေါ်ရှိ ကျန်းတန်းဟယ်၏ ခေါင်းက မရပ်မနား မြည်နေသည်။ "ဒါ ငါ့ပုံရိပ်ရဲ့အဆုံးသတ်ပဲ..."

အဲဒီ့အခါမှာ ညီလာခံမှာကနေတဲ့ အနံ့က သူ့ဆီကပဲ … အခုလေးတင် တပ်သားသစ်တွေနဲ့ ပက်သက်ပြီး စစ်စခန်းကိုတောင် လျှောက်သွားခဲ့သေးသည်။ အနံ့က စခန်းတစ်ခုလုံးကို ပြည့်လျှံစေခဲ့သည်...

သေစမ်း၊ တခြားတစ်ယောက်ယောက်က အနံ့အသက် ကောင်းကောင်းရဖို့အတွက် ပေါင်ဒါမှုန့်တွေလိမ်းထားတယ်ဆိုတဲ့အချက်ကို သူ တကယ်မထီမဲ့မြင်ပြုခဲ့သည်။ ဒီတော့တကယ်က သူက တကယ့်တရားခံပဲ။ ဒါပေမယ့် သူက ဘာပေါင်ဒါမှုန့်မှ မလိမ်းထားဘူး။

ကျန်းတန်းဟယ် သူ့ခန္ဓာကိုယ်ကို အနံ့ခံလိုက်ကာ အနံ့အသက်က သူ့အဝတ်အစားမှ မဟုတ်ဘဲ သူ့အရေပြားမှ ထွက်လာကြောင်းကို သိလိုက်ရသည်။

ဤအတွေးဖြင့် သူ တော်လှန်ခြင်းခံခဲ့ရသည်။ ယောက်ျားတစ်ယောက်ဆိုတာ ဒီလိုအနံ့မျိုးနဲ့ တခြားသူတွေကို ဘယ်လိုရင်ဆိုင်မလဲ။

ကျန်းတန်းဟယ် စိတ်ပျက်သွားသည်။ သူ့လက်တွေနီသွားသည်အထိ အရေပြားကို ပြင်းပြင်းထန်ထန် ပွတ်ခဲ့သည်။

ထို့နောက် နောက်ကိုမှီကာ သူ့လက်မောင်းကို ဂရုတစိုက်အနံ့ခံလိုက်သည်။ အနံ့က ပိုပြင်းလာမှန်း သူသိလိုက်ရသည်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် မွှေးကြိုင်သော ရနံ့သာရှိသည်။ ပွတ်လိုက်သော နေရာတွင် အနံ့ပိုပြင်းသည်။

ရထားလုံးက အိမ်တော်အဝင်ဝမှာ ရပ်သွားခဲ့သည်။ ကျန်းတန်းဟယ် ရထားလုံးပေါ်မှ ဆင်းကာ လီရှို့ကျီ ၏ အိမ်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

သူ့ကိုယ်သူ ထူးဆန်းတဲ့အရာတွေကို အသုံးချခဲ့မိတာကို ပြန်သတိရလာဖို့ သူ့ဦးနှောက်တွေကို အလုပ်ပေးထားသည်။ မနေ့ညက သူ လီရှို့ကျီရဲ့ ဆပ်ပြာသုံးလိုက်တာကိုပဲ မှတ်မိသည်။

ဤအခြေအနေကို သူသာလျှင် ရှင်းပြနိုင်ပုံရသည်။

ကျန်းတန်းဟယ် သူ့တံခါးကို တွန်းဖွင့်လိုက်သည်။ "လီရှို့ကျီ "

အိပ်ပျော်နေဆဲ လီရှို့ကျီတစ်ယောက် အိပ်မက်မှ လန့်နိုးသွားခဲ့သည်။ သူ လှည့်ကြည့်လိုက်တော့ ကျန်းတန်းဟယ်ကို မြင်လိုက်ရသည်။ သူ ကူကယ်ရာမဲ့စွာ ထထိုင်လိုက်သည်။ "ညီကိုရာ၊ ငါ့အိပ်မက်တွေကို နှောင့်ယှက်ဖို့ မင်းအတွက် သင့်တော်ရဲ့လား"

"ဘာအိပ်မက်လှလှတွေမက်နေတာလဲ၊ အချိန်ကိုကြည့်ဦး။"

"ဘယ်နာရီရှိပြီလဲဆိုတာ အရေးမကြီးပါဘူး။ အမြောက်ကိုလေ့လာဖို့ အချိန်အများကြီးသုံးခဲ့ရတာ အိပ်ချိန်တောင်မလောက်ခဲ့ဘူး " သူပြောပြီးသမ်းလိုက်သည်။ "ဧကရာဇ်မင်းတောင်မှ ငါ့ကို ဒီအချိန်အတွင်းမှာ ကောင်းကောင်းအနားယူဖို့ ခွင့်ပြုပေးထားတာ၊ ဒါနဲ့ မင်းဘာလို့ ငါ့ကို နှောင့်ယှက်နေရတာလဲ"

ထိုစကားကို ပြောပြီးနောက် မှိန်းပြီး ပြန်အိပ်တော့မည်။ သူ့ကိုဒီလိုမြင်တော့ ကျန်းတန်းဟယ် ဒေါသဖြစ်သွားသည်။ ကုတင်ဆီသို့ လျှောက်သွားကာ သူ့ကို မြှောက်လိုက်သည်။

သူ ချဉ်းကပ်လာသည်နှင့်အမျှ လီရှို့ကျီ၏ နှာခေါင်းတွေ လှုပ်ရှားလာပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ "မင်းမနေ့က ငါ့ဆီကနေ ဘယ်ဆပ်ပြာကို ယူသွားတာလဲ"

မပြောလိုက်ရင် ပိုကောင်းလိမ့်မည်။ သူပြောလိုက်သည်နှင့် ကျန်းတန်းဟယ်ရဲ့မျက်နှာက မည်းမှောင်သွားသည်။ "အားလုံးက မင်းအပြစ်ပဲ!"

ဒီဆပ်ပြာကြောင့် သူ့ကိုယ်သူ အရှက်ခွဲမိသွားတာ။

"ဘယ်လိုမှမဖြစ်နိုင်ဘူး!" လီရှို့ကျီ ထပြီး ဖိနပ်စီးလိုက်သည်။ သူ့ဗီရိုကိုသွားကာ ဆပ်ပြာစုဆောင်းထားသော သေတ္တာကိုဖွင့်လိုက်သည်။ လှည့်ပတ်ကြည့်ပြီးနောက် သူ့အဖိုးတန်ဆုံး ပစ္စည်းပျောက်နေတာကို သူသိလိုက်ရသည်။

"အား!!!"

ကျန်းတန်းဟယ် နားကို အုပ်ပြီး ခပ်ဝေးဝေးတွင် ရပ်ခဲ့သည်။ လီရှို့ကျီ အော်နေတာကို ရပ်လိုက်တော့ သူ မေးခဲ့သည် "မင်းက ဘာဖြစ်ပြန်တာလဲ"

"မင်း၊ မင်း..." လီရှို့ကျီ သူ့နှလုံးသားကို ဆုပ်ကိုင်လိုက်ပြီး ကုတင်ပေါ် ပြန်လှဲချလိုက်သည်။ သူ မျှော်လင့်ချက်ကင်းမဲ့သော မျက်နှာထားဖြင့် မျက်နှာကျက်ကို လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

"မင်းဘယ်လိုတောင်လုပ်လိုက်တာလဲ!" လီရှို့ကျီ သူ့ခြေရင်းသို့ ခုန်ဆင်းကာ အပြစ်ကင်းသောလူကို စိုက်ကြည့်နေသည်။ "မင်း ငါ့ရဲ့ ပုလဲရနံ့ကို ယူသွားတာပဲ!"

"ပုလဲရန့" ကျန်းတန်းဟယ် ပဟေဠိဖြစ်နေသည်။ သူ့မှာ ထိုကဲ့သို့သော မိန်းမဆန်ဆန်အမည်မျိုးဖြင့် အမှန်တကယ် ပေါ်ပေါက်လာသည်။

"ပုလဲရနံ့က သူ့အမျိုးစားထဲက တစ်မျိုးပဲ။ မရေမတွက်နိုင်တဲ့ အဖိုးတန်ဆေးဖက်ဝင်အပင်တွေ၊ ပန်းတွေနဲ့ အကောင်းစား ပျားရည်တွေကို သုံးထားတာ။ အပူချိန်နည်းနည်းနဲ့ တလကျော်ကြာအောင် ချက်ထားရတာကွ။ ဒါက ငါ့သွေးနဲ့ ချွေးနဲ့လုပ်ထားရတာဆိုတာ မင်းသိရဲ့လား။"

ကျန်းတန်းဟယ် ငိုနေတဲ့ လီရှို့ကျီ ကို မျက်စောင်းထိုးလိုက်သည်။ "လုပ်ရတာ အရမ်းခက်တဲ့ဟာကို မင်းဘာလို့အများကြီး ထပ်မလုပ်ထားတာလဲ"

“.....…” ဒါကအမှန်ပဲ…...

လီရှို့ကျီ မျက်တောင်ခတ်လိုက်သည်။ သူ ညည်းတွားနေတာတွေကို မေ့နေပြီ၊ ဒါပေမယ့် သူဆက်ပြီး စကားများနေသည်။ “မင်း ကိစ္စမဟုတ်ဘူး!”

"ငါ ဂရုမစိုက်ဘူး။ မင်းရဲ့ကိစ္စကို ငါ စိတ်မဝင်စားဘူး၊ ငါ့အရေပြားက မွှေးရနံ့တွေ ဘာကြောင့်ရလာတာလဲဆိုတာပဲ ငါ သိချင်တယ်"

“...…”

လီရှို့ကျီ စကားမပြောနိုင်ဖြစ်သွားသည်။ သူ ကျန်းတန်းဟယ်ကို စူးစူးရဲရဲစိုက်ကြည့်ရင်း ပိီတိတဖွားဖွားဖြစ်သွားသည်။ "မင်း ဘယ်လောက်သုံးခဲ့လဲ"

နာမည်ပေးထားသည့်အတိုင်း ပုလဲရနံ့ ကို အရည်ပျစ်အောင်ကျိုထားသည့် ရနံ့များဖြင့် ပြုလုပ်ထားသည်။ ဒီလုပ်နည်းကို လမ်းဘေးဈေးက ပုံပြင်ပြောဆရာတစ်ယောက်ဆီက ကြားထားတာပင်။ ဒါပေမယ့် ထိုကဲ့သို့ဟာမျိုးကို တစ်စုံတစ်ယောက်မျှ မမြင်ဖူးပေ။

ကြိုးကြိုးစားစားလုပ်တဲ့သူတွေက အောင်မြင်ကြသည်။ လီရှို့ကျီ ရှေးဟောင်းစာအုပ်များစွာကို လှန်ကြည့်ကာ နေရာတိုင်းတွင် အချက်အလက်များကို ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် သူသည် လိုအပ်သော ပါဝင်ပစ္စည်းများကို စာရင်းပြုစုနိုင်ခဲ့သည်။ အဲဒီအထဲမှာ အလွန်ရှားပါးတဲ့ အရာတစ်ခု ရှိသည်။ အဲ့တာကို မတွေ့ခင်တစ်နှစ်အလိုမှာ တစ်ယောက်ယောက်ကို ရှာဖို့ စေလွှတ်ခဲ့သည်။ မရေမတွက်နိုင်သော ရှုံးနိမ့်မှုများ ပြီးတဲ့နောက်၊ သူသည် ပါဝင်ပစ္စည်းများ မကုန်မီ နောက်ဆုံးတွင် ပုလဲရနံ့ကို အပြီးသတ်ခဲ့သည်။

အပေါ်ယံက ရိုးရှင်းပြီး အနံ့က သိပ်မပြင်းပေ။ ဒါပေမယ့် ၎င်းနှင့်ပတ်သက်သော မှော်ဆန်သည့်အချက်မှာ ခန္ဓာကိုယ်ပေါ်တွင် သုတ်လိမ်းလိုက်သည်နှင့် အနံ့က အသုံးပြုသူ၏ အရေပြားတွင် ချက်ခြင်း စွဲကပ်သွားခြင်းပင်ဖြစ်သည်။ လူက ချွေးထွက်ခြင်း သို့မဟုတ် နွေးထွေးခြင်းတို့ကို ခံစားလာသောအခါတွင် ၎င်းတို့သည် အလွန်ဆွဲဆောင်မှုရှိပြီး ထူးခြားဆန်းပြားသော ရနံ့ကို ထုတ်ပေးသည်။

All Chapters