အခန်း (၂၄၉)
Vol. 17 Ch. 249
နံနက်စာစားပြီးနောက် ရှောင်းကော ဘဲကိုစပြင်ဆင်ခဲ့သည်။ သူမက ဘဲတွေကို ဆား၊ ငရုတ်ကောင်းငါးစေ့နှင့် ဂျင်းတုံးများဖြင့် နှပ်ထားသည်။
နေ့လယ်စာစားပြီးနောက်တွင် နှပ်ထားတဲ့ဘဲတွေကို ရေနွေးပူပူတွင် ထည့်ကာ စက္ကန့် (၂၀) ခန့် ရေနွေးဖြောလိုက်သည်။ ထို့နောက် ဘဲတွေကို ရေ ခြောက်သွားအောင်ပုတ်လိုက်သည်။ ရှောင်းကောသည် ဇလုံတစ်ခုထဲသို့ ပျားရည်နှင့် ဆန်ရှာလကာရည် လောင်းထည့်ပြီး ဘဲတွေပေါ်သို့ မသုတ်မီ ရောမွှေလိုက်သည်။ ထို့နောက် ဘဲတွေကို လေဝင်လေထွက်ကောင်းသောနေရာတွင် အခြောက်ခံရန် ချိတ်ဆွဲထားလိုက်သည်။ ဤလုပ်ငန်းစဉ်ကို ငါးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သည်။
သူမအဖေက ဒီဘဲကင်လုပ်နည်းကို သူမကို သင်ပေးထားခဲ့တာပင်။ ဒါက သူတို့တစ်မိသားစုလုံး နှစ်သက်သဘောကျသော အရသာဖြစ်သည်။
သူ့ဘေးမှာ ခုန်ပေါက်နေတဲ့ ကျွမ်းကျွမ်းကိုကြည့်လိုက်ပြီး ရှောင်းကော ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ "ကလေး၊ မေမေ့ကိုတစ်ခု ကတိပေးလို့ရမလား"
ကျွမ်းကျွမ်း ရပ်တန့်လိုက်ပြီး သူမကို မော့ကြည့်လိုက်သည်။ “ရတယ်လေ မေမေ ”
!!
"ခဏလောက်ရပ်လို့ရမလား"
ရှောင်းကော ဒီလိုမပြောချင်ပေမယ့် အရမ်းစိတ်လှုပ်ရှားနေတဲ့ ကျွမ်းကျွမ်းကို ဘယ်သူက တားနိုင်မှာလဲ။
“သား အဲ့တာတော့ မကူညီနိုင်ဘူး” ကျွမ်းကျွမ်း အပြစ်ကင်းစင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူတကယ် မခံနိုင်ဘူး။ ဒီည ဘဲကင်စားဖို့ ဗိုက်ထဲနေရာလွတ်ကျန်အောင် နေ့လယ်စာ စားချိန်မှာ သူ အများကြီး မစားထားပေ။
ရှောင်းကော ရယ်ရခက် ငိုရခက်ဖြစ်နေသည်။ ဒီကလေး ပိုပိုပြီး အစားအသောက် ခုံမင်တဲ့သူလေးနဲ့ တူလာနေပြီ။ ဒါပေမယ့် အိမ်မှာ ဒီလို အားပေးတဲ့ ပရိတ်သတ်ရှိနေတော့ ချက်ပြုတ်တာက ပိုပျော်စရာကောင်းသည်။
"လာ၊ အစားကြီးတဲ့သူလေး။ မေမေ့အတွက် ချိတ်တပ်ထားတဲ့စင်လေး သွားယူလာပေး "
“ဟုတ်…”
ကျွမ်းကျွမ်း၏ လက်ရှိပျော်ရွှင်မှုရင်းမြစ်မှာ ရှောင်းကော အတွက် အလုပ်တွေလုပ်ရခြင်းပင်ဖြစ်သည်။ သူ မြန်မြန်ပြေးနေသရွေ့ ဘဲတွေက မြန်မြန် အဆင်သင့်ဖြစ်မှာ!
ရှောင်းကောက ကျွမ်းကျွမ်း သယ်ဆောင်လာတဲ့ ချိတ်ကို အသုံးပြု၍ လုံးဝခြောက်သွားသော ဘဲများကို ချိတ်ဆွဲလိုက်သည်။ ဘဲနှစ်ကောင်ကို ဘေးချင်းကပ်လျက် သပ်သပ်ရပ်ရပ် ထားထားလိုက်သည်။
ပူနေတဲ့မီးဖိုဆီ တံခါးဖွင့်ကာ မီးသွေးကို ဘေးသို့တွန်းလိုက်သည်။ သူမသည် ဘဲများကို ထည့်ပြီး မီးဖိုထဲသို့ ဘဲဆီတွေ ကျမသွားစေရန် အောက်တွင် ပန်းကန်ပြားကြီးတစ်ချပ် ထည့်လိုက်သည်။
ထို့နောက် အပူတွေလွင့်မသွားစေရန် မီးဖိုကို အမြန်ဖုံးထားလိုက်သည်။
ဘဲများကိုထည့်ပြီးနောက် ရှောင်းကောသည် စစ်ပွဲဇုန်ကိုရှင်းလင်းရန် မီးဖိုချောင်သို့ပြန်လာခဲ့သည်။ သူမ ရေဆေးပြီး အရာအားလုံးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် စီစဉ်ခဲ့လိုက်သည်။
ရှောင်းကောသည် နောက်ပိုင်းတွင် မုန့်နှစ်ကို ပြုလုပ်နိုင်စေရန် ဇလုံတစ်ခုတွင် မုန့်နှစ်ကြီးတစ်တုံးကို ဆုပ်နယ်ခဲ့သည်။ ပြင်ဆင်မှုများပြီးသောအခါ ရှောင်းကော အိမ်ထဲသို့ပြန်ဝင်ပြီး ဘဲကင် ချက်ပြုတ်ရန် စောင့်နေခဲ့သည်။
ဒါပေမယ့် ကျွမ်းကျွမ်းက မီးဖိုနားမှခွာရန် တွန့်ဆုတ်နေလေသည်။ ရှောင်းကောက သူ့ကို ကြိမ်ဖန်များစွာ လှမ်းခေါ်သော်လည်း မရခဲ့ပေ။ သူ့ကို အိမ်ထဲကို ပြန်ဆွဲခေါ်လာဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။
ဒီလောက်အေးတဲ့နေ့မှာ အေးနေတဲ့နေရာမှာ မနေဘဲ အိမ်ထဲမှာ နွေးနွေးထွေးထွေး နေသင့်သည်။
"မေမေ၊ သား နောက်မှဝင်လာမယ်"
"မရဘူး"
ရှောင်းကောက သူ့ကို အိမ်ထဲ ဆွဲသွင်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ကျွမ်းကျွမ်းက နောက်ဆုတ်သွားခဲ့သည်။ သူ အိမ်ထဲသို့ဝင်လာစေရန် သူမ၏ ခွန်အားရှိသမျှကို အသုံးပြုခဲ့ရပြီး သူမ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာသည်အထိ အိမ်ထဲတွင် သူမတို့ ခဏတာ ကစားခဲ့ကြသည်။ အဲဒီချိန်က ဘဲသားက ကျက်ခါနီးနေပြီ။ ရှောင်ကော မီးဖိုချောင်သို့ပြန်လာပြီး မုန့်နှစ်ကို အတုံးသေးသေးလေးများခွဲလိုက်သည်။ ထို့နောက် သူမသည် ၎င်းတို့ကို ပုံမှန် ဖက်ထုပ်အရွယ်အစားများအဖြစ် လှိမ့်ပေးလိုက်သည်။ သူတို့ကို မထပ်မီ ဆီတွေကို တစ်ခုစီ၏ အလယ်တွင် ပွတ်ထထားလိုက်သည် ။ ပြန့်ကျဲနေသော မုန့်နှစ်အလွှာတိုင်းကို ယခင်အတုံးပေါ် မတင်မီ ဆီအလွှာနဲ့ ပွတ်ထားလိုက်သည်။ အားလုံးကို ပေါင်းစည်းပြီးနောက် သူမသည် ၎င်းတို့ကို လိပ်တံဖြင့် လှိမ့်ကာ အိုးထဲတွင် ပေါင်းထားသည်။
ထို့နောက် ကျွမ်းကျွမ်းက ပတ်ထားသော နွေကြက်သွန်နီကို ယူလိုက်သည်။ ပင်စည်ဖြူအပိုင်းကို ပါးပါးလှီးဖြတ်ပြီး ပန်းကန်ပြားတစ်ခုပေါ်တွင် တင်ထားလိုက်သည်။ ဒါတွေကို နောက်မှဘဲကင်နဲ့စားမည်။
"မေမေ၊ ဘဲကင် အဆင်သင့်ဖြစ်ပြီလား"
ကျွမ်းကျွမ်းက ပန်းကန်ပြားတစ်ချပ်ဖြင့် အနားတွင် စောင့်နေပြီဖြစ်သည်။
“ဖြစ်ပြီ သွားကြရအောင်။”
ရှောင်းကောသည် နောက်ဆုံးနွေကြက်သွန်နီ လက်တစ်ဆုပ်စာကို စီစဉ်ပြီး ဘဲကင်ယူရန် ကျွမ်းကျွမ်းကိုခေါ်လာခဲ့သည်။
မီးဖိုအဖုံးကို မလိုက်သည်နှင့် တပြိုင်နက် ဘဲကင်၏ အမွှေးအကြိုင်များက ရေနွေးငွေ့နှင့်အတူ ၎င်းတို့၏ မျက်နှာပေါ်သို့ ပျံ့နှံ့လာသည်။ ဘဲကင်၏ ထူးခြားသောရနံ့ကို ခံယူရင်း သူတို့နှစ်ဦး အပူဒဏ်မှ ကာခဲ့ကြသည်။
"ဝိုး မေမေ၊ ဒီအနံ့က အရမ်းကောင်းတာပဲ"
ကျွမ်းကျွမ်း ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။ ရှောင်းကောလည်း အရမ်းပျော်သွားသည်။ မီးဖိုက အလွန်အစွမ်းထက်ပုံပေါက်သည်။
ရှောင်းကောက သူမကိုယ်တိုင်လုပ်ထားသည့် အပူခံလက်အိတ်ကို ၀တ်ထားသည်။ သူမ မီးဖိုဆီလာပြီး ဘဲတွေကိုဆွဲရန် အသုံးပြုထားသော သံဖြင့်လုပ်ထားသည့်စင်ကို ဂရုတစိုက်ဆွဲထုတ်လိုက်သည်။ ဘဲကင်နှစ်ကောင်ကို မီးဖိုမှထုတ်လိုက်သည်နှင့် အဲ့တာက ဆီများဖြင့် တောက်ပြောင်နေသည်။ အပူရှိန်ကြောင့် ဘဲအရေပြားက စိုစွတ်နေသေးသည်။ ကျွမ်းကျွမ်းက အသားပေါ်လက်တင်ရန် သေလုမြောပါးဖြစ်နေသည်။
ရှောင်းကော စင်မှ ဘဲတွေကို ယူလိုက်စဥ် ကျွမ်းကျွမ်းက ကန့်လန့်ကာကို မရန် ရှေ့သို့ ပြေးသွားခဲ့သည်။
သူမ မီးဖိုချောင်ထဲ ပြန်ရောက်လာသောအခါ ရှောင်းကောက ဘဲတွေကို ချိတ်မှဖယ်ရှားပြီး ကြိုတင်ပြင်ဆင်ထားသည့် ပန်းကန်တစ်လုံးပေါ်တွင် ဘဲကင်တစ်ကောင်ကို တင်လိုက်သည်။ ထို့နောက် သူမသည် မုန့်နှစ်ခွံကိုယူရန် မီးဖိုထဲသို့သွားကာ ဘဲသားအနားတွင် ထားလိုက်သည်။
"ကျွမ်းကျွမ်း၊ သား သွားပေးပေးလို့ရမလား"
"ရတယ် မေမေ၊ မေမေ သားကိုစောင့်နေနော်။ သားကိုကတိပေး"
ရှောင်းကော ပြုံးလိုက်သည်။ "ကိစ္စမရှိဘူး!"
ကျွမ်းကျွမ်းက ထိုစကားကိုကြားသောအခါ သူ ဘဲကင်ကို ထုတ်ယူသွားခဲ့သည်။
မစ္စစ်ယန်၏ အိမ်သို့ရောက်သောအခါ၊ ကျွမ်းကျွမ်းရဲ့လက်တွေက ပြည့်နေပြီဖြစ်သောကြောင့် တံခါးကို ခြေထောက်နှင့်သာ ခေါက်နိုင်ခဲ့သည်။
ကံကောင်းထောက်မစွာ မစ္စစ်ယန်က ခြံဝင်းထဲတွင် ရေလောင်းနေသောကြောင့် အသံကို ကြားလိုက်ရသည်။ မဟုတ်ရင် တံခါးခေါက်သံကို သူမ ကြားရမှာမဟုတ်ပေ။
"လာပြီ၊ လာပြီ"
မစ္စစ်ယန်က ဇလုံကိုချပြီး တံခါးသွားဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် မွှေးရနံ့ကို ရနိုင်သည်။ “ဝါး!”
သူမ ကျွမ်းကျွမ်း၏လက်မှ ပြုတ်ကျသွားတော့မည့် ဘဲကင်ကို အမြန်ယူလိုက်သည်။ ကောင်လေးက သူ့လက်တွေကို ခါလိုက်ပြီး ပိုသက်တောင့်သက်သာဖြစ်သွားတာကို ခံစားလိုက်ရသည်။
"အန်တီ၊ ဘဲကင် ပို့ပေးပြီးပြီနော်၊ သား အရင်သွားနှင့်တော့မယ်။"
အဲ့လိုနဲ့ ကျွမ်းကျွမ်းက မစ္စစ်ယန်၏ အော်သံကို လျစ်လျူရှုကာ အိမ်သို့ အမြန်ပြေးသွားခဲ့သည်။ အိမ်ကဘဲကင်အကြောင်း သူ မတွေးဘဲ မနေနိုင်တော့ပေ။
မစ္စစ်ယန်က ထွက်ခွာသွားသော ကလေးငယ်ကို အားကိုးရာမဲ့စွာ ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ ဘဲကင်ကို အနံ့ရှူလိုက်သည်။
ရှောင်းကောက သူမကို ဒီညနည်းနည်းနောက်ကျမှ ညစာစစားဖို့ ဘာကြောင့်တောင်းဆိုခဲ့တာလဲလို့ တွေးနေခဲ့တာ။ ရှောင်းကောက သူမကိုလည်း နွေကြက်သွန်နီ အနည်းငယ် လှီးဖြတ်ထားဖို့ ညွှန်ကြားထားသည်။ အဲ့တာလုပ်ခိုင်းတာက ဒါကြောင့်ကိုး။
မစ္စစ်ယန်က ဘဲကင်ကို အိမ်ထဲသို့ပြန်ယူသွားရန် မစောင့်နိုင်တော့ပေ။ သူမမိသားစုကို အပြင်ထွက်ပြီးလာစားဖို့ ခေါ်ရန် သူမ မမေ့ခဲ့ပေ။
ရှောင်းကောနဲ့ ဘဲကင်တစ်ကောင်က သူ့အား စောင့်နေကြသည်ကို ကျွမ်းကျွမ်း မြင်သောအခါ အလွန်ဝမ်းသာသွားသည်။ သူ့အမေ ဘဲသားလှီးဖြတ်နေတာကိုကြည့်ဖို့ အချိန်မီပြန်လာနိုင်ဖို့ သူ တောက်လျှောက်ပြေးလာခဲ့တာ။
"စတော့မယ်နော်!"
လက်ထဲတွင် ဓားတစ်ချောင်းဖြင့် ရှောင်းကောသည် ဘဲ၏ဦးခေါင်းနှင့်လည်ပင်းကို ဖြတ်ကာ ကျွမ်းကျွမ်း၏ မျှော်လင့်ချက်အောက်တွင် ပန်းကန်ပြားတစ်ခုပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် သူမ၏ ကျွမ်းကျင်သော လှီးဖြတ်ခြင်းနည်းပညာဖြင့် အရိုးများမှ အသားများကို ခွဲထုတ်ပြီး မတူညီသော ပန်းကန်ပြားနှစ်ခုပေါ်တွင် တင်ထားလိုက်သည်။
ကျွမ်းကျွမ်းက ပန်းကန်ပြားတွေကို စားပွဲပေါ်သို့ အသီးသီး ယူဆောင်လာခဲ့သည်။ ရှောင်းကော သည် အိုးတစ်လုံးထဲမှ ပဲနှစ် အနည်းငယ်ကို ပန်းကန်လုံးလေးတစ်ခုထဲသို့ လောင်းထည့်လိုက်သည်။ ဒါက ဘဲကင်အတွက် တို့စားရမည့်ဆော့စ် ဖြစ်လိမ့်မည်။
ပဲနှစ်ကို မစ္စစ်ယန်၏ ယောက္ခမ လုပ်ထားတာဖြသ်သည်။ သူမ တစ်စည်လုံးလုပ်ထားပြီး ရှောင်းကော အား ပုလင်းတစ်လုံး ပေးလိုက်သည်။ မစ္စယန်ရဲ့ ပဲနှစ်က တကယ်ကို အံ့သြစရာကောင်းသည်။ ငန်ပြီး၊ မွှေးသည်။တို့စရာဆော့စ်နဲ့ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း စားလို့ကောင်းသည်။
"စားရအောင်!"
ရှောင်းကော ပဲနှစ်ကို စားပွဲပေါ်တင်ပြီး ထိုင်လိုက်သည်။ ကျွမ်းကျွမ်းရဲ့ ပါးစပ်ကနေ သွားရည်တွေကျမလာခင်မှာ စားဖို့ ကြေငြာခဲ့သည်။
စားပွဲပေါ်တွင် ဘဲသားနှင့် အရိုးတွေကို ပန်းကန်ပြားနှစ်ချပ်နဲ့ထည့်ထားသည်—အတုံးက အလွန်များပြားသည်။ ရှောင်းကောသူတို့ကို ကြည့်ရုံနဲ့ ဖိအားတွေ ခံစားခဲ့ရပေမယ့် ကျွမ်းကျွမ်းကတော့ ဖိအား လုံးဝမရှိဘူးလို့ ပြောခဲ့သည်။ သူ့ကုတ်အင်္ကျီကို ချွတ်လိုက်သည်နှင့် သူ တွင်းထဲသို့ စတင်ဝင်ရောက်လာသည်။
ဘဲကင်က မီးဖိုထဲက ထုတ်လာတော့ လတ်ဆတ်နေပြီး အရေပြားက ကြွပ်ကာ ဆီတွေ ရွှဲနေသေးသည်။ အသားကို မုန့်နှစ်နဲ့ ထုပ်ပြီး ပါးပါးလှီးထားတဲ့ နွေကြက်သွန်နီနဲ့ ဆောစ့်တို့နဲ့ စားကြသည်။ တလုတ်တည်းနဲ့ စားရတာ ကျေနပ်စရာပင်။
ရှောင်းကော အလုန်ကြီးကြီးစားချင်စိတ်မရှိခဲ့ပေ။ အတုံးအနည်းငယ်စားပြီးနောက် သူမ ရပ်တန့်ကာ ပြောင်းဖူးဆန်ပြုတ်ကို စားရန် ခေါင်းငုံ့လိုက်သည်။ ကျွမ်းကျွမ်းက ဆက်စားနေပြီး သူ့ပါးစပ်မှာ ဆီတွေဝေ့နေသည်။ ရှောင်းကော သူ စားနေတာကို ကြည့်ပြီး ကြောက်သွားသည်။ သူ့ဗိုက်သေးသေးလေးက အစာတွေ အများကြီးဆံ့နိုင်လား။
ဒါကို သူမတွေးပြီး ကျွမ်းကျွမ်းကို ဆက်မစားခိုင်းတော့ဘဲ အမြန်တားလိုက်သည်။ အစပိုင်းမှာတော့ သူအဆင်ပြေကြောင်းပြောပြီး ကန့်ကွက်ခဲ့ပေမယ့် ရှောင်းကောရဲ့ တင်းမာတဲ့သဘောထားက နောက်ဆုံးမှာ သူ့ကိုရပ်တန့်စေခဲ့သည်။
"ဒါဆို မနက်ဖြန် သား ဆက်စားမှာနော်"
ဒါတောင် ရှောင်းကောက စိုးရိမ်နေတုန်းပင်။ အိမ်ထဲပြန်ရောက်တော့ သူ့ဗိုက်လုံးလုံးကိုတွေ့တော့ သူ့အတွက် သူမ ကြောက်သွားသည်။ သူ ဘယ်လောက်စားခဲ့တာလဲ။
စားပြီးရင် အိပ်ငိုက်တာက သဘာဝပင်။ ကျွမ်းကျွမ်း လည်း အလားတူပါပဲ။ ခဏအကြာ အိမ်ထဲသို့ပြန်လာပြီးနောက် အိပ်ရာပေါ်တက်ရန် ကြိုးစားခဲ့သည်။ ရှောင်းကော က သူ့ကို အိပ်ခွင့်မပေးပေ။ ဗိုက်ပြည့်ပြီးရင် အိပ်ရာမဝင်သင့်ပေ။ သူ ကောင်းကောင်းမတ်တပ်ရပ်ပြီး လေ့ကျင့်ခန်းလုပ်ရမည်။
ကျွမ်းကျွမ်းက ကြမ်းပြင်ပေါ်တွင် သူ့ရဲ့လေ့ကျင့်ခန်းကို တုံ့ဆိုင်းစွာ လုပ်ခဲ့သည်။ သူ့ကို ဒီလိုမြင်ရတော့ ရှောင်းကောလည်း သူနဲ့အတူ လေ့ကျင့်ခန်းလုပ်ဖို့ အိပ်ရာကနေ ထလိုက်သည်။ ရှောင်းကောပါ လုပ်နေသဖြင့် ကျွမ်းကျွမ်း တုံ့ဆိုင်းမနေတော့ပေ။ အဲဒီအစား သူအရမ်းစိတ်အားထက်သန်လာသည်။
ဒါတောင် အိပ်ရာမဝင်ခင် ရှောင်းကောက အနီရောင်ဘယ်ရီသီးခြောက်လေးတွေကို ရှာပြီး ကျွမ်းကျွမ်းကို စားခိုင်းလိုက်သည်။
အနီရောင်ဘယ်ရီသီးက အစာချေဖျက်ရန် ကောင်းမွန်သည်။ များများစားရင် ညဘက် ပိုအိပ်ပျော်သည်။
ကျွမ်းကျွမ်းသည် ရှောင်းကောက သူ့အကျိုးအတွက် လုပ်ဆောင်နေမှန်းကို သိသည်။ အနီရောင်ဘယ်ရီသီးတွေကို သူ သိပ်မကြိုက်ပေမဲ့လည်း စားနေတုန်းပင်။
သူ့အသီးအနှံတွေကို ကုန်အောင်စားနေတာကိုကြည့်ပြီးနောက် ရှောင်းကော ပိုစိတ်သက်သာရာရသွားသည်။ ကျွမ်းကျွမ်း လုံးလုံး အိပ်ပျော်သွားသောအခါတွင် သူမ သူ့ကို ဂရုတစိုက်နဲ့စောင်ခြုံပေးလိုက်သည်။ မကြာမီပင် သူမလည်း အိပ်ပျော်သွားခဲ့သည်။