အခန်း (၂၅၀)
Vol. 17 Ch. 250
အချိန်တွေကုန်တာ မြန်သည်။
တရုတ်နှစ်သစ်ကူးပွဲတော်သည် ရှောက်ဘုရင့်နိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိသော ပွဲတော်တစ်ခုဖြစ်သည်။ မိသားစုတိုင်းက ဒီနေ့ကို စောင့်မျှော်နေကြတာဖြစ်သည်။ ဒီနေ့ကို ကြိုဆိုဖို့အတွက် လူတွေက ပြင်ဆင်မှုတွေ အများကြီးလုပ်ကြသည်။ ဥပမာ- နှစ်သစ်အတွက် ဈေးဝယ်ထွက်တာ၊ အိမ်မှာ ဆုတောင်းစာလေးတွေကပ်ကြတာ၊ မီးပုံးလေးတွေချိန်ဆွဲကြတာ၊ မီးရှူးမီးပန်းတွေဝယ်ကြတာ၊ ဖက်ထုပ်လုပ်တာမျိုးလေးတွေ လုပ်တာမျိုးပေါ့။ ကလေးတွေအားလုံး မျှော်လင့်စောင့်စားနေကြသော အဝတ်အစားအသစ်များလည်း ရှိသေးသည်။ ဟုတ်ပါတယ်၊ နှစ်သစ်အတွက်၊ ပြန်လည်ဆုံဆည်းတဲ့ညစာစားပွဲရှိရမည်။
“ကလေးတွေ၊ ကလေးတွေ၊ လောဘမကြီးနဲ့၊ လာဘပွဲတော် ၁ ပြီးရင် နှစ်သစ်ကူးလာပြီ” ဆိုသည့် ရိုးရာစကားတစ်ခုရှိသည်။
လာဘပွဲတော်အပြီးတွင် မက်မွန်ပွင့်ရွာရှိ ရွာသူ/သားများ တဖြည်းဖြည်း အလုပ်များလာကြသည်။ အိမ်ပြင်ထွက်တာရှားတဲ့သူတွေတောင် နှစ်သစ်ကူး ပစ္စည်းတွေဝယ်ဖို့ ခရိုင်မြို့ကို ထွက်လာကြသည်။
ရှောင်းကောလည်း ချွင်းချက်မရှိပေ။ ဒါပေမယ့် သူမ ခရိုင်မသွားခင် တခြားနေရာကို အရင်သွားရမည်။
"ကျွမ်းကျွမ်း၊ မေမေနဲ့လိုက်ခဲ့မလား ဒါမှမဟုတ် ရှောင်းဟူနဲ့ ကစားမှာလား။" ရှောင်းကောက အဝတ်အစားလဲရင်း မေးလိုက်သည်။
"မေမေနဲ့ လိုက်ခဲ့မယ်"
ကျွမ်းကျွမ်း မစဉ်းစားဘဲ ပြန်ဖြေခဲ့သည်။ ရှောင်းကော အဝတ်စားပြီး သူမနောက်ကို လှည့်ကြည့်လိုက်သည်။ "ဒါဆို သား မြန်မြန်အဝတ်ဝတ်မှရမယ်"
သူမ လှည့်ကြည့်လိုက်တော့ ကျွမ်းကျွမ်းက သူ့အဝတ်အစားတွေဝတ်ထားပြီး သူမကိုစောင့်နေမှန်း သူမ သိလိုက်ရသည်။
ရှောင်းကောက သူ့ကိုကြည့်နေတာကိုမြင်တော့ ကျွမ်းကျွမ်း ချက်ချင်းဆိုသလို ကုတင်ပေါ်ရှိ လွယ်အိတ်ကို ကောက်ကိုင်လိုက်ပြီး သူ့နောက်ကျောမှာ ခပ်သွက်သွက် လွယ်လိုက်သည်။ ထို့နောက် သူ သူမကိုကြည့်ကာပြောလိုက်သည်။ "သား အဆင်သင့်ဖြစ်ပြီ၊ သွားရအောင်!"
အဲဒါနဲ့ သူ ထွက်သွားဖို့ လမ်းပြခဲ့သည်။
ရှောင်းကော နေရာ၌ အံ့အားသင့်နေခဲ့သည်။ သူမ သူ့ကို မြန်မြန်လုပ်ခိုင်းနေတုန်း ကျွမ်းကျွမ်းက အဆင်သင့်ဖြစ်နေပြီ။ သူမကသာ နှေးကွေးသော သူတစ်ယောက်ဖြစ်ကြောင်း သူမ သိမြင်လာခဲ့သည်။
ရှောင်းကော အပြင်ကို ကြည့်လိုက်ရာ ကျွမ်းကျွမ်း မြည်းလှည်းပေါ်သို့ တက်နေပြီဆိုတာကို တွေ့လိုက်ရသည်။ “ခဏစောင့်ဦး” လို့ သူမ ချက်ချင်းအော်လိုက်ရသည်။
ရှောင်းကော ပြေးထွက်လာပြီး တံခါးကို သော့ခတ်လိုက်သည်။ ထို့နောက် ကျွမ်းကျွမ်းနှင့်အတူ စာတိုက်သို့ ထွက်ခဲ့သည်။
အနည်းဆုံး လေးငါးခါလောက် သူမ သွားဖူးသည်။ ခြံထဲကို ဝင်လိုက်တာနဲ့ ဘယ်ကိုသွားရမယ်ဆိုတာ သူမ အတိအကျ သိနေပြီ။
သူမသည် ကျန်းတန်းဟယ်နဲ့ အကြိမ်အနည်းငယ် စာဖြင့် ဆက်သွယ်ခဲ့ပြီးဖြစ်သည်။ အကြိမ်တိုင်း စောင့်ရတာ တော်တော်ကြာပေမယ့် နေ့တိုင်းတော့ သူမ မျှော်လင့်နိုင်တဲ့ အရာတစ်ခုပါပဲ။ မနက်တိုင်း အိပ်ရာက နိုးလာတဲ့အခါ သူ့စာရောက်လာမလားလို့ တွေးမိသည်။ စာတွေမရှိရင် သူမစိတ်ပျက်မှာတော့ မဟုတ်ပါဘူး။ သူမသည် နောက်ဆုံးတွင် ပြန်စာတစ်ခုရရှိမည်ကို သိသည်။ သူမဆီ စာပြန်ရေးဖို့ သူမ ဘယ်တုန်းကမှ လက်မလွတ်ခဲ့ဘူး။
နှစ်သစ်ကူးအတွက် ပစ္စည်းတွေသွားယူရတာမို့ ရှောင်းကော က စာတိုက်ကို စောစောရောက်အောင် စောစောထွက်လာဖို့ သေချာစေခဲ့သည်။ အဆောက်အဦးထဲကို ဝင်လိုက်တာနဲ့ ကောင်တာမှာ ထိုင်နေတဲ့လူကို မတွေ့ပေ။ ကျွမ်းကျွမ်းက ဦးဆောင် သွားပြီး တစ်ယောက်ယောက်ကို ရှာခဲ့သည်။ ရှောင်းကောက ခေါင်းညိတ်ပြပြီး သူ့ကိုလွှတ်ပေးလိုက်သည်။
သူမခွင့်ပြုချက်ရပြီးနောက် ကျွမ်းကျွမ်းက နောက်ဖေးဘက်သို့ တန်းတန်းသွားခဲ့သည်။ သူ့အတွေ့အကြုံအရ ခန်းမထဲက လူအများစုက ဒီအချိန်မှာ မြင်းတွေကို အစာကျွေးကြလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်း နောက်ဖေးသို့ ဝင်လိုက်သည်နှင့် မြင်းများရှေ့တွင် ရပ်နေသော လူကို မြင်လိုက်ရသည်။
ကျွမ်းကျွမ်း တခစ်ခစ်ရယ်ကာ ဝမ်းသာအားရ နှုတ်ဆက်ပြီး ရှေ့သို့ ပြေးသွားခဲ့သည်။
"မင်္ဂလာပါ!"
အသံ ရုတ်တရက် ထွက်လာတော့ ထိုအမျိုးသားက လှည့်ကြည့်လာသည်။ “အိုး၊ ကောင်လေးပဲ”
"ရောက်ပြီလား " မှတ်ပုံတင်တာဝန်ခံက အဘိုးကြီးတစ်ယောက်ဖြစ်သည်။ ဒီကလူတွေက သူ့ကို ဘကြီးလို့ခေါ်ကြသည်။
ဘကြီးက ကျွမ်းကျွမ်းကိုတွေ့တော့ မျက်လုံးမှေးပြီး ပြုံးပြသည်။ "သွားရအောင်၊ မင်းကို စာရင်းသွင်းပေးမယ်။"
ကျွမ်းကျွမ်း ပြုံးပြပြီး သူ့နောက်ကို လိုက်သွားသည်။ လမ်းတလျှောက်လုံး သူ ထိုလူနဲ့ စကားစမြည်ပြောခဲ့သည်။
ရှောင်းကောက ဧည့်ခန်းထဲတွင်နေရတာ ပျင်းလာသည်။ မကြာမီပင် အဝေးမှ ရယ်မောသံကို ကြားလိုက်ရသည်။
အဘိုးကြီးနှင့် ကောင်လေးမှာ တူညီမှုများစွာရှိပုံရသည်။ စာတိုက်မှ ထွက်ခွာမည့်အချိန်၌ပင် သူတို့နှစ်ဦး တစ်စုံတစ်ခုကို ဆက်ဆွေးနွေးနေခဲ့ကြသည်။ သားအမိမှာ သွားရတော့မယ့် အကြောင်းအရင်းမရှိဘူးဆိုရင် ဘကြီးက ကောင်လေးနဲ့ အချိန်ကြာကြာ စကားစမြည်ပြောလိမ့်မည်။
ဤအရာက ရှောင်းကော အား ကျွမ်းကျွမ်း ကို အလွန်အထင်ကြီးစေခဲ့သည်။ အသက်အရွယ်အမျိုးမျိုးနှင့် နောက်ခံအမျိုးမျိုးရှိသူများနှင့် စကားစမြည်ပြောရန် သူ့အတွက် အမြဲလွယ်ကူသည်—သူက လူတိုင်းနှင့် လိုက်လျောညီထွေရှိသည်။
သူတို့ ခရိုင်မြို့သို့ ပြန်ရောက်သောအခါ ရှောင်းကောက ကျွမ်းကျွမ်းကို ချစ်ခင်စွာ နမ်းလိုက်သည်။ သူ အရမ်းစိတ်လှုပ်ရှားနေတယ်ဆိုတာ ထင်ရှားသည်။ “လူမှုရေးကောင်းတဲ့ လိပ်ပြာလေး ” ဟူသော စကားကို သူမ ပြောခဲ့သည်။
လူအုပ်ကိုကြည့်နေသော ကျွမ်းကျွမ်းက ရှောင်းကော ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ "လူမှုရေးကောင်းတဲ့ လိပ်ပြာလေး၊ အဲဒါက ဘာလဲ"
သူ၏ အပြစ်ကင်းစင်သော စကားကိုကြားတော့ ရှောင်းကော ပါးစပ်ကို အုပ်ကာ ရယ်လိုက်သည်။ "အဲ့တာက အစွမ်းထက်တဲ့ ပန်းတစ်ပွင့်ပဲ"
အစွမ်းထက်တယ်တဲ့လား? ဘယ်လောက်ထူးဆန်းလိုက်လဲ။ ဒီလိုပန်းမျိုး တစ်ခါမှ မကြားဖူးဘူး။ နိုင်ငံအသီးသီးမှ ပန်းမျိုးစိတ်များကို အချိန်အနည်းငယ်ပေးပြီး လေ့လာသင့်ပုံရသည်။
"မေမေ၊ ခဏနေရင် သား စာအုပ်ဆိုင်သွားလို့ရမလား"
"ရတာပေါ့ " ရှောင်းကော မတွေးဘဲ ခေါင်းညိတ်လိုက်သည်။ ကျွမ်းကျွမ်း စာအုပ် လိုချင်သရွေ့ ဘယ်လောက်ပဲဈေးကြီးသည်ဖြစ်စေ သူမ အဲ့အတွက် ငွေပေးချေမည်ဖြစ်သည်။
“ကောင်းလိုက်တာ၊ ကျေးဇူးတင်ပါတယ် မေမေ! မွ…” သူစကားပြောပြီးသောအခါ ကျွမ်းကျွမ်းက ရှောင်းကော၏မျက်နှာကို ကိုင်ပြီး သူမပါးကို ပြင်းထန်စွာ နမ်းလိုက်သည်။
ရှောင်းကောက ကျွမ်းကျွမ်း၏ ချစ်ခြင်းမေတ္တာကို အလွန်နှစ်သက်သည်။ လောလောဆယ်တော့ သူမ တတ်နိုင်သလောက် ပျော်နေသင့်သည်။ သူ အသက်ကြီးလာတဲ့အခါ သူမ ကြိုက်တဲ့အချိန်တိုင်း သူ့ကိုနမ်းလို့မရတော့ဘူး။
နှစ်သစ်ကူးဈေးဆိုတော့ ခရိုင်မြို့က လမ်းတွေက အရမ်းစည်ကားသည်။ ဈေးနှင့် လမ်းများတွင် လူများဖြင့် ပြည့်နေသဖြင့် မြည်းလှည်းကို ရွှေ့ရန် ခက်ခဲစေသည်။ ရှောင်းကောမှာ ရွေးချယ်စရာမရှိပေ။ သူတပါးအတွက်ရော မိမိအတွက်ပါ လမ်းလျှောက်တာက ပိုကောင်းပါသည်။
သူမ ခေါက်ဆွဲဆိုင်အဝင်ဝတွင် မြည်းလှည်းကို ရပ်လိုက်သည်။ လူစုလူဝေးကို စိတ်ပူလို့ ရှောင်းကောက ကျွမ်းကျွမ်းကို ဆိုင်မှာထားခဲ့ချင်ခဲ့သည်။ ဒါပေမယ့်လည်း ကျွမ်းကျွမ်းက ငြင်းခဲ့ပြီး နှစ်သစ်ကူးစျေးကွက်၏ ဂုဏ်ကျက်သရေကို သက်သေပြလိုကြောင်း ပြောကြားခဲ့သည်။ ရှောင်းကောမှာ သူ့ကို ခေါ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။
“သား မေမေ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရမယ်နော်။ နားလည်လား။ သား စိတ်ဝင်စားစရာတစ်ခုခုတွေ့ရင် မေမေ့ကိုခေါ်ဖို့မမေ့နဲ့။ မေမေ သားခေါ်တာကို မကြားဘူးဆိုရင်တောင် မေမေ့ကို ခေါ်လို့ရမယ့်နည်းလမ်းစဥ်းစားရမယ် ဟုတ်ပြီလား။ ပစ္စည်းတွေကြည့်ဖို့ဆိုပြီး မေမေ့ကို မထားခဲ့ရဘူး။ မေမေ့စကားတွေကို သား မှတ်မိလား”
ရှောင်းကော စိတ်ပူနေတုန်းမို့ သူမ သူ့ကို ထပ်ခါထပ်ခါ သတိပေးခဲ့သည်။
သူမငယ်ငယ်ကတည်းက ဒါတွေကို သူမအမေဆီက ကြားခဲ့ရသည်။ သူမ အမေခေတ်တုန်းက တရုတ်နှစ်သစ်ကူးပွဲတွေနဲ့ ဘုရားကျောင်းပွဲတွေက ကလေးတွေ အလွယ်တကူ လမ်းပျောက်တဲ့နေရာတွေဖြစ်သည်။ အကြောင်းကတော့ ဒီနေရာတွေကို ကမ္ဘာအနှံ့က လူတွေ လာရောက်လည်ပတ်ကြလို့ပါပဲ။ တစ်ယောက်ယောက်က သားသမီးတွေကို မျက်ကွယ်ပြုထားမိရင် ပြန်ရှာရခက်လိမ့်မည်။
နှစ်သစ်ကူးပွဲတော်မှာလည်း ဒီအတိုင်းပါပဲ။ ဤနေရာတွင် ကုန်သည်များနှင့် လာရောက်လည်ပတ်သူ အများစုမှာ နိုင်ငံခြားသားများဖြစ်ကြောင်း မစ္စစ်ယန်က ပြောပြခဲ့သည်။ မစ္စစ်ယန်က သူမရဲ့ပိုက်ဆံအိတ်နဲ့ ကျွမ်းကျွမ်း ကို သေချာစောင့်ကြည့်ဖို့ သတိပေးထားသည်။
ထို့ကြောင့် သူမသည် ကျွမ်းကျွမ်းကို ထပ်ခါတလဲလဲ သတိပေးနေရတာဖြစ်သည်။ သူမသည် စိတ်ကူးယဉ် အဖြစ်အပျက်များအကြောင်းတောင် သူ့ကို အကြိမ်ကြိမ် ပြောပြဖူးသည်။ ကျွမ်းကျွမ်းက အလွန်လိမ္မာတဲ့ ကောင်လေးဖြစ်သည်။ ရှောင်းကော တစ်ခုခုပြောတိုင်း သူမရဲ့စကားတွေကို သေချာမှတ်မိနေလိမ့်မည်။ သူမ ဘယ်နှစ်ကြိမ်ပဲ ထပ်ခါထပ်ခါပြောနေပါစေ ကျွမ်းကျွမ်းက သူမရဲ့စကားတွေကို အလွတ်ကျက်ထားပြီး သူမ ပြောသောအခါ ခေါင်းညိတ်ခဲ့သည်။
သူမရဲ့စကားတွေကို သူနားလည်ကြောင်း စိတ်ချယုံကြည်စွာနဲ့ ရှောင်းကောက ကျွမ်းကျွမ်းကို လူအုပ်ထဲကို ခေါ်သွားခဲ့သည်။
လူအုပ်ကြားတွင် ရှောင်းကောက ကျွမ်းကျွမ်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ နှစ်ယောက်သား အပေါက်ဝကနေ လမ်းလျှောက်ပြီး ဈေးထဲကို လျှောက်သွားခဲ့ကြသည်။
မစ္စစ်ယန်၏ အဆိုအရ လာမည့်နှစ်ရက်အတွင်း စျေးမှာ လူနည်းနေသင့်သည်။ လူအများစုသည် ၎င်းတို့၏ နှစ်သစ်တွင် ဈေးဝယ်ထွက်ကြသည်။ ထို့ကြောင့် ရှောင်းကောက ဒီနေ့ လာရန် အထူးရွေးချယ်ခဲ့သည်။
ဒါပေမယ့် သူမရှေ့တွင် လူအုပ်ကြီး ဘာဖြစ်နေသည်ကို ဘယ်သူပြောနိုင်မှာလဲ။ ဒါက ဒီလောက်လူမပြည့်ဘူးဆိုရင် လွန်ခဲ့တဲ့နှစ်ရက်က ဘယ်လို လူများနေတာလဲ…
နှစ်သစ်ကို ကျွမ်းကျွမ်းနဲ့ နှစ်ယောက်တည်း ကုန်ဆုံးဖို့ ဖြစ်နိုင်ချေများသည်။ ချင်းအန့်မင်က သူတို့နဲ့ လာမပူးပေါင်းနိုင်လို့ပါပဲ။ ရူယီနဲ့ တခြားသူတွေနဲ့အတူ နှစ်သစ်ကူးကို သူတို့နဲ့အတူ ဖြတ်သန်းနိုင်သည်။ နောက်မှ သူမ သူ့ကို မေးသင့်တယ်လို့ ထင်ရသည်။
ရှောင်းကောက ကျွမ်းကျွမ်း ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမ ကျောပေါ်ရှိ ခြင်းတောင်း၏ အလေးချိန်ကို ခံစားလိုက်ရသည်။ သူမသည် ယနေ့တွင် အထူးအလတ်စား ခြင်းတောင်းတစ်လုံးကို ယူလာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အိမ်တွင် အသားတွေအများကြီးရှိသေးသည်။ သူမ ဒီနေ့ ထွက်လာရတဲ့ ရည်ရွယ်ချက်ကတော့ နှစ်သစ်အတွက် ဟင်းသီးဟင်းရွက်နဲ့ အလှဆင်ပစ္စည်းတွေ ဝယ်ဖို့ပင်။
ဒါကြောင့် ခြင်းတောင်းထဲက အလေးချိန်ကို ထိန်းနိုင်သေးသည်။
ရှောင်းကော လူစုလူဝေးနှင့်အတူ တရွေ့ရွေ့ ရွေ့လာပြီး ရပ်တန့်သွားခဲ့သည်။ လတ်ဆတ်တဲ့ အသီးအရွက်တွေကို တွေ့တော့ ဝယ်ခဲ့သည်။ အထူးတင်းကုပ်တစ်ခုမှ သူမဖြတ်သွားသောအခါ ရှောင်းကော ရုတ်တရက် ရပ်သွားသည်။ သူမ နောက်ကလူက အချိန်မီမတုံ့ပြန်ခဲ့ဘဲ သူမကို တိုက်မိလုနီးပါးဖြစ်သွားသည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်"
အပြုံးဖြင့်တောင်းပန်ပြီးနောက် ရှောင်းကောက ကျွမ်းကျွမ်းကိုဆွဲကိုင်ကာ ဆိုင်ဆီသို့ပြန်သွားခဲ့သည်။
သူမရဲ့မျက်လုံးတွေက သူမကိုလှည့်စားနေတယ်ထင်ခဲ့သည်။ သူမ အဲ့တာကိုတွေ့ရဖို့ တကယ် မမျှော်လင့်ထားခဲ့တာပင်။ သူမတွေးနေသည့်အရာက သူမရှေ့တွင် အမှန်တကယ်ပေါ်လာခဲ့သည်!
ရှောင်းကော တံတွေး မျိုချလိုက်ပြီး တင်းကုပ်မှာပြသထားတဲ့ ပစ္စည်းတွေကို ကြည့်လိုက်သည်။ သူမ မကြာသေးမီကပင် ပင်လယ်စာကို တောင့်တနေခဲ့သည်။ သူတို့ကို ဒီမှာတွေ့ရလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။
ဆိုင်တွင် မတက်ကြွနေသည့် မိန်းကလေးက ပင်လယ်စာများကို သပ်ရပ်အောင် ပြုပြင်ရင်း အလုပ်များနေဟန်တူသည်။ ဘယ်သူကမှ မဝယ်ပေမယ့် အလုပ်ရှုပ်နေပုံရသည်။ သူမအဖေက ဒါက စီးပွားရေးလုပ်ငန်းကို လည်ပတ်တဲ့နည်းလမ်းလို့ သူမကို ပြောဖူးသည်။
သူမရဲ့ ဆိုင်ကို လာအားပေးနေတဲ့ သူတစ်ယောက်ယောက်ကို ရုတ်တရက် တွေ့လိုက်တဲ့အခါ သူမ အံ့ဩသွားပြီး စီးပွားရေးလုပ်ဖို့ မေ့သွားခဲ့သည်။