အခန်း (၂၅၂)
Vol. 17 Ch. 252
ရှောင်းကော အနီးကပ်ကြည့်လိုက်ကာ လက်ရာသည် သူမထက် ပိုကောင်းကြောင်း သဘောပေါက်လိုက်သည်။ ဒါက တကယ့်ကို ပရော်ဖက်ရှင်နယ်ကျတဲ့ အလုပ်ပင်။
ပြဿနာမရှိကြောင်း သေချာပြီးနောက် သူမ ငွေပေးချေခဲ့သည်။
ဆိုင်ကထွက်လာတော့ တခြားဘာမှ ဝယ်စရာ မရှိတော့ပေ။ နှစ်ယောက်သား ပြန်သွားဖို့ ပြင်ဆင်နေကြပြီ။
ခေါက်ဆွဲဆိုင်ကို စျေးဝယ်အိတ်ပေါင်းများစွာနဲ့ သူတို့ ပြန်လာခဲ့ကြသည်။ ရူယီသည် မကြာသေးမီကမှ ဝန်ထမ်းများကို ထပ်ငှားရမ်းခဲ့ပြီး ယခု သူမသည် စားသောက်ဆိုင်တွင် နောက်တန်းမှာထိုင်နေသည်။ ကောင်တာရှိရာကနေ လှမ်းကြည့်လိုက်တော့ ရှောင်းကောနဲ့ ကျွမ်းကျွမ်းကို တွေ့လိုက်ရသည်။
“ဝါး ” ရူယီ စျေးဝယ်အိတ်များကို ကူသယ်ပေးရန် အမြန်သွားခဲ့သည်။ “အနီးကပ်သာ မကြည့်မိရင် အိတ်တွေမှာ ခြေထောက်တွေ ပါနေတယ်လို့ ထင်မိမှာ”
ရှောင်းကော၏ ပါးစပ်ထောင့်များ ကွေးညွတ်သွားသည်။ သူမ ပြုံးပြီးပြောလိုက်သည်။ "ဒီခရီးစဉ်အတွက် လိုအပ်တာတွေ အကုန်ဝယ်ဖို့ သေချာလုပ်လာတာ ၊ ဒါကြောင့် အကြိုနေ့မှာ ထပ်ပြီး ဈေးဝယ်စရာ မလိုတော့ဘူးပေါ့"
သူမစကားပြောနေစဉ်တွင် သူမသည် ဖောက်သည်မရှိသော စားပွဲတစ်ခုတွင်ထိုင်ကာ ဆိုင်၏အခြားထောင့်တွင်ရှိသော ချင်းအန့်မင်အား လက်ဟန်ပြလိုက်သည်။
"ဒီရက်ပိုင်း အလုပ်က ဘယ်လိုနေလဲ"
"မဆိုးဘူးလို့ ထင်တယ်"
ရှောင်းကောသည် ရူယီ၏မျက်နှာပေါ်ရှိ အဖြေကိုမြင်ပြီး မျက်ခုံးပင့်လိုက်သည်။ “စီးပွားရေးက ကောင်းနေပုံရတယ်"
“ဟီးဟီး” ရူယီ ပြုံးပြီး ရှောင်းကောကို ပွတ်သပ်လိုက်သည်။ "စကားမစပ် အစ်မ ဗျောက်အိုးတွေ ဝယ်ခဲ့လား"
နှစ်သစ်မှာ သူမအနှစ်သက်ဆုံးက ဗျောက်အိုးတွေပဲ။
"ဟမ် " ရှောင်းကောကို ဒီဟာက သတိပေးလိုက်ပုံရသည်။ တစ်စုံတစ်ခုကို မေ့သွားကြောင်း သူမ တွေးနေတာကြောင့်ပင် အမှန်မှာ အဲ့တာက ဗျောက်အိုးတွေ ဖြစ်သည်။
"အဲဒါကို ငါတကယ် မေ့သွားတယ်။ ငါ စစချင်းထွက်လာတော့ အဲဒါကို တွေးထားပေမယ့် အဲဒါက ငါ့စိတ်ထဲက လုံးဝ လွတ်ထွက်သွားတယ်။"
ရှောင်းကော ရယ်ရခက် ငိုရခက်ဖြစ်နေသည်။ သူမဦးနှောက်က တကယ်ကို ပျက်နေပြီ။
"ဆိုင်တွေမှာ အဲ့တာတွေကို မတွေ့လို့လား၊ အဲဒါတွေကို ဘာလို့ မေ့သွားတာလဲ"
ရူယီသည် ရှောင်းကောကို စာနာသောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူမစကားကိုကြားတော့ ရှောင်းကောက ရူယီ ပြောတာမှန်မှန်း သိလိုက်သည်။ “တကယ်တော့ ဈေးမှာတုန်းက ဗျောက်အိုးဆိုင် တစ်ဆိုင်မှ မမြင်ခဲ့ဘူး”
ဘယ်လောက်ထူးဆန်းလိုက်လဲ။ ရှေးခေတ်က မီးရှူးမီးပန်းများနှင့် ဗျောက်အိုးများကို တားမြစ်ပိတ်ပင်ထားခြင်းမရှိပေ။ ရောင်းတဲ့သူမရှိရင် ဘယ်လိုလုပ်မလဲ။
"ညီမ အဲ့တာကိုသိတယ်။ ဆိုင်တွေ ဘယ်မှာရှိလဲဆိုတာ အစ်မ မသိပါဘူး!"
ရူယီသည် ရှောင်းကော၏ ပဟေဠိဆန်သောအမူအရာမှ သူမ မသိကြောင်းကို ပြောပြနိုင်သည်။
"မြို့မှာ မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေ မရောင်းရဘူး။ မတော်တဆမှု တစ်ခုခုဖြစ်မှာစိုးလို့ သူတို့ လမ်းဖွင့်ထားတဲ့ နေရာတွေမှာ ရောင်းကြတာ။ ခရိုင်ဂိတ်ကနေ ထွက်သွားပြီး အနောက်ဘက်ကို ကွေ့လိုက်ရင် ဆိုင်တွေကို တွေ့လိမ့်မယ်"
ရှောင်းကော စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။ အကြောင်းပြချက်က ဒါကြောင့် ဖြစ်သည်။ ရူယီသာ ဗျောက်အိုးများကို မပြောခဲ့ပါက ၎င်းတို့အကြောင်းကို သူမ လုံးဝ မေ့သွားပေလိမ့်မည်။
ခဏအကြာတွင် ချင်းအန့်မင် ကျွမ်းကျွမ်းနှင့်အတူ ရောက်လာသည်။
"အစ်ကို၊ ညီမ အစ်ကို့ကိုမေးစရာရှိတယ်"
ရှောင်းကော လမ်းပျောက်နေသည့်ပုံပေါက်နေသော ချင်းအန့်မင် ကိုကြည့်ကာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ "နှစ်သစ်တောင်ရောက်တော့မယ်။ အစ်ကို အိမ်ပြန်လာဦးမှာလားလို့ မေးချင်လို့"
"လာမှာ အစ်ကို ပြန်လာမယ်" ချင်းအန့်မင် မစဥ်းစားဘဲ ပြန်ဖြေခဲ့သည်။ “နှစ်သစ်မှာ အိမ်မပြန်ရင် အစ်ကိုက ဘယ်ကိုသွားရမှာလဲ”
ရူယီ၏ မျက်ဝန်းထဲတွင် စိတ်ပျက်ဖွယ်အရိပ်အမြွက် ပေါ်လာသော်လည်း သူမ တည်ငြိမ်မှု အမြန်ပြန်ရလာသည်။
ရှောင်းကောသည် ရူယီ၏အမူအရာကို အနီးကပ် အာရုံစိုက်နေသောကြောင့် သူမ၏ မျက်ဝန်းထဲက စိတ်ပျက်ခြင်း အရိပ်အယောင်ကို တွေ့လိုက်ရသည်။ သူမ ချင်းအန့်မင်ကို စကားမပြောဘဲ လှည့်ကြည့်လိုက်သည်။ 'ငတုံး။ သူဘယ်တော့မှ ဉာဏ်အလင်းရမှာလဲ။'
ရှောင်းကော သူတို့ရဲ့ အချစ်ရေးမှာ ပါဝင်ဖို့ ရည်ရွယ်ချက်မရှိပေ။ ကံတရားက အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကံကြမ္မာရောက်လာတာနဲ့အမျှ လူတွေက သံလိုက်တွေလို တစ်ယောက်ကိုတစ်ယောက် ဆွဲငင်သွားလိမ့်မည်။
"ဒါပေါ့ ညီမတို့နှစ်သစ်ကို အတူတူဖြတ်သန်းကြမယ်။ ပွဲတော်ရာသီအတွက် မိသားစုတွေစုပြီးနေရတာက အရမ်းကောင်းတယ်။"
ရူယီ ပြုံးပြီးပြောလိုက်သည်။ "ဒါဆို အစ်ကို အန့်မင်၊ နောက်နှစ်ရက်လောက်ထိ စောစောအနားယူလိုက်။ အစ်ကိုအိမ်ပြန်သွားပြီး ကူညီသင့်တယ်"
ရူယီ စိတ်ပေါ့ပါးစေရန် ကြိုးစားနေကြောင်း ရှောင်းကော ပြောပြနိုင်ပြီး သူမသည် ညင်သာစွာ ပြုံးလိုက်သည်။ "ညီမကရော"
"ညီမလား" ရူယီ စိတ်ရှုပ်သွားသည်။ သူမကကော။
"ညီမကော ဘာတွေစီစဉ်ထားလဲ အစ်မအစ်ကိုနဲ့ မလိုက်တော့ဘူးလား" ရှောင်းကော ပြုံးလိုက်သည်။ နှစ်သစ်မှာ လူတွေ များများရှိနေရင် ပိုကောင်းမည်။
"ညီမလည်း လာလို့ရလား"
ရူယီ မယုံနိုင်စွာ ကြည့်နေသည်။ နှစ်သစ်မှာ သွားဖို့ သင့်တော်လို့လား။
"ရတာပေါ့!"
ကျွမ်းကျွမ်း အရင်ဖြေခဲ့သည်။ ထို့နောက် သူက ရှောင်းကောကို ပြုံးကာ မှန်ကန်စွာ ဖြေဆိုပေးသည့်အတွက် ချီးကျူးမှုကို ရရှိရန် မျှော်လင့်နေသည်။
ရှောင်းကောက သူ့ကို ငုံ့ကြည့်ပြီး ဆံပင်တွေကို ပွတ်သပ်ပေးလိုက်သည်။ "သူပြောတာ လုံးဝမှန်တယ်!"
"ညီမတို့ကော"
လင်းလုံနဲ့ ဖူအာတို့ ဖြတ်သွားစဉ်တွင် သူတို့၏ စကားပြောသံကို ကြားလိုက်ရသည်။ သူဌေး သွားမှာဆိုကတည်းက သူတို့ကိုလည်း ဒီနေရာမှာ ထားခဲ့လိုတော့မရဘူး။
သူတို့နှစ်ဦးသည် တောက်ပသောမျက်လုံးများဖြင့် ရှောင်းကောကို ကြည့်ကာ တိတ်ဆိတ်သောမျှော်လင့်ချက်များကို သူမဆီသို့ ပေးပို့နေကြသည်။
ရှောင်းကော မျက်နှာကို လက်ဖဝါးဖြင့် အုပ်ကာ အကူအညီမဲ့စွာ ပြောလိုက်သည်။ "ညီမတို့အားလုံးအကြောင်း အစ်မပြောနေတာ။ ရူယီ၊ လင်းလုံ၊ ဖူအာ၊ ဦးလေး ရှုနဲ့ ရှောင်ချွေ့"
လူတိုင်းပါဝင်သည်။
"ကောင်းလိုက်တာ! အစ်မ ရှောင်ချွေ့နဲ့ ဦးလေး ရှုကို ပြောပြလိုက်ဦးမယ်။"
လင်းလုံသည် ရှောင်ချွေ့ကိုရှာရန် မီးဖိုချောင်သို့ ပျော်ရွှင်စွာပြေးသွားခဲ့သည်။ ဖူအာသည် ဝမ်းသာစရာသတင်းကို ဦးလေး ရှုအား ပြောပြရန် ငွေကိုင်ဆီ ပြေးသွားခဲ့သည်။
"ကျေးဇူးတင်ပါတယ် အစ်မ ရှောင်းကော "
ရူယီ လေးလေးနက်နက် ပြောလိုက်သည်။ မိသားစုမရှိကြသော လူတစ်စုအတွက် နှစ်သစ်ကို အတူတူဖြတ်သန်းရန် ဖိတ်ခေါ်ခြင်းထက် ကြည်နူးစရာဘာမှ မရှိခဲ့ပေ။
ရှောင်းကော ရူယီ၏လက်ကို ညင်သာစွာ ပွတ်သပ်ရင်း ဘာမှပြန်မပြောခဲ့ပေ။
ကျွမ်းကျွမ်းကတော့ ချင်းအန့်မင်ရဲ့ ရင်ခွင်ထဲမှာ ထိုင်နေပြီး လူတိုင်းကို မျက်လုံးပြူးပြူးနဲ့ ကြည့်နေသည်။ သူက လူတွေအနီးမှာ ရှိနေရခြင်းကို နှစ်သက်သောကြောင့် သူ့မိသားစုနဲ့ နှစ်သစ်ကို အတူတကွ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့သည်။
ရူယီသည် ချင်းအန့်မင်ကို စောစောအိမ်ပြန်နိုင်စေရန် နောက်ထပ် အနားယူရက်အနည်းငယ်ပေးရန် စီစဉ်နေသည်။ ကျန်တဲ့သူတွေက နှစ်သစ်ကူးအကြိုနေ့တွင် မထွက်ခွာမီ ရက်အနည်းငယ်ကြာအောင် ဆိုင်တွင် ဆက်လုပ်ကိုင်ကြရမည်ဖြစ်သည်။
ဘယ်သူကမှ ကန့်ကွက်ခြင်း မရှိတဲ့အတွက် ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်သည်။
ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့က လူတိုင်းအား နှုတ်ဆက်ခဲ့ကြသည်။ သူတို့ပစ္စည်းတွေကို မြည်းလှည်းပေါ်တင်ပြီး ဗျောက်အိုးဆိုင်ဆီ အမြန်မောင်းသွားကြသည်။
ဒီနှစ်နှစ်သစ်မှာ အတူနေတဲ့သူတွေ အများကြီးရှိမှာမို့လို့ သူမ ဗျောက်အိုးတွေ ထပ်ဝယ်ဖို့ လိုသည်။ ကံကောင်းထောက်မစွာ သူမတွင် အသားနှင့် ဟင်းသီးဟင်းရွက်များ အလုံအလောက်ရှိသောကြောင့် အစားအစာများများဝယ်ရန် အခြားခရီးထွက်ရန် မလိုအပ်ပေ။
ဗျောက်အိုးရောင်းသည့်နေရာသို့ သူမက ကျွမ်းကျွမ်းကို ခေါ်ဆောင်လာသည်။ ရူယီပြောတာ မှန်သည်။ လိပ်စာက ရှာရလွယ်သည်။ ဗျောက်အိုးတွေ အများကြီးရှိပြီး နေရာကလည်း အရမ်းစည်ကားသည်။
သူမရှေ့တွင် လူစည်ကားသော မြင်ကွင်းကိုကြည့်ရင်း ရှောင်းကော မျက်မှောင်ကြုတ်နေတော့သည်။
ကံကောင်းထောက်မစွာ လမ်းက မြည်းလှည်း ဖြတ်သွားနိုင်လောက်အောင် ကျယ်သည်။ ဒါက ကျွမ်းကျွမ်းနဲ့ စျေးဝယ်အိတ်တွေနဲ့အတူ လှည်းပေါ်က ဆင်းရတဲ့အခက်အခဲမှ သူမကို ကယ်တင်ခဲ့သည်။
"ကျွမ်းကျွမ်း၊ သား မျက်စိကျတာတွေ့ရင် မေမေ့ကိုပြောနော်"
“ဟုတ်!”
ရှောသ်းကောနဲ့ ကျွမ်းကျွမ်းတို့ ဗျောက်အိုးများကို စစ်ဆေးရန် သီးခြားဆီလမ်းလျှောက်ခဲ့ကြသည်။ ရိုးရိုးသားသားပြောရလျှင် ဗျောက်အိုးများအကြောင်း သူမ၏ စိတ်ကူးက မီးတောက်များနှင့် ပေါက်ကွဲသံများသာဖြစ်သည်။ ဤအရာနှစ်ခုသည် သူမနှင့် ကစားရဲသော အရာများသာဖြစ်သည်။ အခြားအရာအားလုံးက သူမအတွက် တုန်လှုပ်ဖွယ် အမှတ်တရများကို ပြန်ယူဆောင်လာခဲ့သည်။
ငယ်ငယ်တုန်းက သူမအဖေက Baby's Stars လို့ခေါ်တဲ့ မီးရှူးမီးပန်းကို ဝယ်ခဲ့သည်။ သူမ စိတ်အားထက်သန်စွာဖြင့် သူ့ကို မီးညှိခိုင်းခဲ့သည်။ ထိုအချိန်က သူမ ငါးတန်းသာရှိသေးသည်။ သူမသည် ငယ်ရွယ်ပြီး ရဲရင့်သောကြောင့် သူမရှေ့ကိုသွားကာ မီးခြစ်ဖြင့် ထွန်းလိုက်သည်။ မထင်မှတ်ပဲ ဗျောက်အိုးကို မီးညှိပြီးသွားတော့ သူမ တုန်လှုပ်သွားခဲ့သည်။ ထိုအချိန်တွင် သူမ၏ ခြေထောက်တွေ အားနည်းလာပြီး မြေပေါ်သို့လဲကျသွားခဲ့သည်။
လူကြီးတွေ အချိန်မီ မတုံ့ပြန်နိုင်ခင် ရုတ်တရက်ကြီး ဖြစ်သွားခဲ့တာ။ သူမရှေ့က ကြိုးကဖြည်းညှင်းစွာ တောက်လောင်နေတာကို ကြည့်ပြီး သူမ အံ့သြသွားသည်။ နောက်ဆက်တွဲဖြစ်လာတာကတော့ ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့ မီးရှူးမီးပန်းတွေက ကောင်းကင်ကို ပစ်လွှတ်လိုက်တာပင်။ သူမ၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များအောက်တွင် အဲ့တာက ကောင်းကင်တွင် ပေါက်ကွဲသွားကြသည်။ Baby's Stars ဆိုတဲ့ နာမည်နဲ့တကယ်တူသည်။
အဲဒီအပိုင်းပြီးတော့ တစ်လခွဲကျော်ကြာတဲ့အထိ သူမ ဘာမှ မကြားနိုင်တော့ပေ။ မီးရှူးမီးပန်း ပစ်လွှတ်မှုကြောင့် ကောင်းကင်ယံတွင် ကျယ်လောင်စွာ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ မီးရှူးမီးပန်းများ ပေါက်ကွဲပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော သူမသည် ဤမျှလှပသော မီးရှူးမီးပန်းကို တစ်ခါမျှ မမြင်ဖူးကြောင်း တွေးနေမိသည်။ အသံတိတ်နေလို့လည်း အဲ့တာက ကောင်းပါသည်။
နောက်ပိုင်းတွင် သူမသည် အကြားအာရုံမဆုံးရှုံးစေရန် ဗျောက်အိုးရဲ့အဝေးမှာနေမှဖြစ်ကြောင်း သူမသိလိုက်ရသည်။
သူမ၏ အမှတ်ရစရာများ ကုန်ဆုံးသွားချိန်တွင် ရှောင်းကော တိတ်ဆိတ်စွာ တုန်လှုပ်သွားခဲ့သည်။ အဲဒါကို တွေးကြည့်ရုံနဲ့ အရမ်းကြောက်စရာကောင်းသည်။
ဒါပေမယ့် ချင်းအန့်မင် အနီးနားတွင် ရှိနေမည်ဟု တွေးကာ ရှောင်းကော ပိုစိတ်ချလာကာ မီးရှူးမီးပန်း အမြောက်အမြား ဝယ်ခဲ့သည်။
မီးရှူးမီးပန်းတွေရဲ့ အရောင်တွေက အရမ်းလှတယ်လို့ သူဌေးဆီက ကြားခဲ့ရသည်။ ရှောင်းကော အဲ့တာတွေမဝယ်မီ သူ့ကတိစကားများကို အကြိမ်ကြိမ် နားထောင်ခဲ့သည်။
မီးရှူးမီးပန်းတွေက လှပသော်လည်း အချိန်တိုတောင်းသည်။
ရှောင်းကော သူမရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။ ဤခဏတာအရာသည် ဤမျှလောက်ကုန်ကျမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ စျေးကတော့ ဝက်ဝက်လောက်နီးပါးပါပဲ။ သူမနှလုံးသားက အရမ်းနာကျင်လွန်းလို့ အသက်ရှူမဝတော့ပေ။
ကျွမ်းကျွမ်းက ရှောင်းကောကို တိတ်တဆိတ် နှစ်သိမ့်ခဲ့သည်။ သူ အခုမှမြင်ဖူးတာ။ သူ့အမေက ပိုက်ဆံကို လွှဲပေးတဲ့အခါ မျက်ရည်ကျနေသည်။
ရှောင်းကောက ဉာဏ်ကောင်းပြီး နာခံမှုရှိသော ကျွမ်းကျွမ်းကို ပွေ့ဖက်ကာ တုန်တုန်ယင်ယင်အသံဖြင့် ပြောလိုက်သည်။ "မေမေ့ရဲ့သားလိမ္မာလေး၊ သား မီးရှူးမီးပန်းကြည့်ရတာ ဘယ်လောက်ကြိုက်လဲဆိုတာကို နောက်ထပ်စကားနည်းနည်းလောက် မြန်မြန်ပြောလိုက်။ မေမေ့ကို ပိုပြီးခံစားချက်ကောင်းလာအောင်လုပ်ပေး"
"မေမေ၊ သား မီးရှူးမီးပန်းကြည့်ရတာ ကြိုက်တယ်။ မီးရှူးမီးပန်းကြည့်ရတာ ကြိုက်တယ်။ မီးရှူးမီးပန်းကြည့်ရတာ ကြိုက်တယ်..."
ရှောင်းကော၏နှလုံး အလွန်နာကျင်နေတာကို ရပ်တန့်စေခဲ့တာက ကျွမ်းကျွမ်း၏ ကျေးဇူးကြောင့်ဖြစ်သည်။ သူမသားအတွက်ကြောင့် ကျည်ဆံကိုက်ရရင် ဘယ်လိုလုပ်မလဲ။
ဒါကမီးရှူးမီးပန်းအကြီးကြီးတစ်ခုသာ ဖြစ်သည်။ ဒါဆို သူ နှစ်ခု သုံးခုလောက် လိုချင်ရင် ဘယ်လိုလုပ်မလဲ။
အဲ့လိုဆို သူမ အဲ့တာကို မတတ်နိုင်ဘူး.....