အခန်း (၂၅၃)
Vol. 17 Ch. 253
ကျန်းတန်းဟယ် ရှောင်းကော၏ စာကို လက်ခံရရှိသောအခါတွင် သူ ညီလာခံမှ ပြန်လာခဲ့သည်။ သူ အိမ်ထဲကို မဝင်ခင် ဆက်သားနဲ့ ပက်ပင်းတိုးခဲ့သည်။
သူသည် စာကို စိတ်လှုပ်ရှားစွာ ယူပြီး သူ၏ အိမ်သို့ ပြန်လာခါနီးတွင် ဆက်သားက သူ့ကိုတားခဲ့သည်။
"ခဏလေးပါ စစ်သူကြီး"
"ဟမ်" ကျန်းတန်းဟယ် လှည့်ကြည့်လိုက်သည်။ တခြားတစ်ခုခုရှိနိုင်လို့လား။ ဤအခိုက်အတန့်တွင် ရှောင်းကောသည် သူ့အတွက် အရသာရှိသော အစားအစာကို ပြုလုပ်ထားသည်ဟု သူတွေးနိုင်ခဲ့သည်။
သူ၏ တိတ်တဆိတ် မျှော်လင့်ချက်အောက်တွင် ဆက်သားက သူ့ကို စာတစ်စောင်ပေးလိုက်သည်။
ကျန်းတန်းဟယ် စူးစမ်းလိုစိတ်ဖြင့် စာကိုယူလိုက်သည်။ စာအိတ်ပေါ်တွင် စကားလုံးသုံးလုံးသာရှိသည်... လီရှို့ကျီ။
စာပြန်ပို့တဲ့အလုပ်ပြီးလို့ ဆက်သားက ပျော်ရွှင်စွာနဲ့ ထွက်ခွာသွားသည်။ သူ ဂရုတစိုက်မစစ်ဆေးသောကြောင့် စာတွေက မတူညီသောလက်ခံသူနှစ်ဦးအတွက် ရည်မှန်းထားသည်ကို သူ မသိခဲ့ပေ။ သခင်မကျန်းက စစ်သူကြီးဆီ ရေးခဲ့တာလို့ သူ မသိစိတ်က တွေးနေတော့ သူ အဲဒီစာကို ပေးလိုက်တာ။
ကျန်းတန်းဟယ် စာအိတ်ကို ကိုင်ကာ အဲ့တာကို လေ့လာခဲ့သည်။ ၎င်းသည် လီရှို့ကျီထံသို့ ရေးထားသော စာတစ်စောင်ဖြစ်သော်လည်း လက်ရေးက ရှောင်းကောနဲ့ သက်ဆိုင်ပုံရသည်။ သူ ဖတ်သင့်လား။ သူဖတ်လိုက်ရမလား။
တစ်ဖက်မှာတော့ လီရှို့ကျီ မြင်းပေါ်ကဆင်းပြီး အစောင့်ကို ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ သူ အိမ်ထဲသို့ လမ်းလျှောက်လာရင်း လေချွန်နေသည်။
သူ့တံခါးကို လှမ်းကြည့်လိုက်တော့ ကျယ်ကျယ်ပွင့်နေတာကို တွေ့လိုက်ရသည်။
လီရှို့ကျီ ရုတ်တရက် တင်းမာလာသည်။ မျက်နှာတည်တည်ဖြင့် ပြတင်းပေါက်ဘက်သို့ ခြေဖျားထောက်ကာ သူ့အိမ်ထဲသို့ ရဲတင်းစွာခိုးဝင်လာတဲ့သူက ဘယ်သူဆိုတာကို မြင်ချင်လာသည်။ ပူးပေါင်းကြံစည်မှုတစ်ခုခုများလား။
"လီရှို့ကျီ၊ ဝင်လာခဲ့"
သူ ပြတင်းပေါက်ကိုဖွင့်ပြီး အထဲဝင်ကြည့်တော့ တစ်စုံတစ်ယောက်က အရင်စကားပြောလာသည်။
လီရှို့ကျီ၏ စိုးရိမ်စိတ်တွေ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ ချစ်စရာကောင်းသော သဘောထားကို ပြန်ပြောင်းသွားခဲ့သည်။ ဒါက ကျန်းတန်းဟယ်ပဲ။ သူအဲ့တာကို သိသည်။ သူကိုယ်တိုင်ကလွဲလို့ ကျန်းတန်းဟယ်က သူ့အခန်းထဲကို လာရတာကို နှစ်သက်တဲ့သူ တစ်ဦးပဲ။
"မင်းဘာလို့ ငါ့အခန်းထဲရောက်နေတာလဲ"
"မင်းအခန်းလား။ ဒီအိမ်တော်ကြီးတစ်ခုလုံးက ငါ့ဟာပဲ"
ကျန်းတန်းဟယ် လှောင်ရယ်ကာ ကုလားထိုင်နောက်ဘက်သို့ ပျင်းရိစွာ မတ်တပ်ရပ်လိုက်သည်။ “မင်း ငါ့မိန်းမကို မကြာသေးခင်က ဆက်သွယ်ခဲ့သေးလား” သူ နူးညံ့စွာပြောလိုက်သည်။
သူစကားပြောနေစဉ်မှာ ဖွင့်ထားတဲ့ စာအိတ်ကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။ သူ မျက်တောင်မခတ်ဘဲ လီရှို့ကျီကို စိုက်ကြည့်နေသည်။
မျှော်လင့်ထားသည့်အတိုင်း လီရှို့ကျီသည် စာကိုမြင်သောအခါ ချက်ခြင်းပင် သူ့ကျော မတ်သွားသည်။ သူ့မျက်နှာတွင် အပြစ်ရှိသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး မျက်လုံးတွေက လှည့်ပတ်နေခဲ့သည်။ သူ့မှာ အပြစ်ရှိကြောင်း ထင်ရှားနေသည်။
သူ့ကို ဒီလိုမြင်လိုက်ရတော့ ကျန်းတန်းဟယ်ရဲ့ မှန်းဆချက်က ပိုသေချာသွားသည် ။ သူ မျက်လုံးတွေကို မှေးပြီး လီရှို့ကျီ၏ မျက်နှာပေါ်ရှိ အမူအရာတိုင်းကို အကဲခတ်လိုက်သည်။ မကြာသေးခင်က ဒီကလေးက သူ့နောက်ကွယ်မှာ ဘာတွေလုပ်နေတာလဲ။
"မင်းစာဖတ်ပြီးပြီမလား။ ငါ့ကို ဘာလို့မေးနေတာလဲ"
လီရှို့ကျီ မတုံးပေ။ သူ၏ ကနဦး အထိတ်တလန့် ဖြစ်ပြီးနောက်၊ သူ အမြန် ငြိမ်သက်သွားပြီး ကျန်းတန်းဟယ်ကို တည့်တည့် ကြည့်လိုက်သည်။ သူစာဖတ်ပြီးသွားရင် ဒီမေးခွန်းတွေကို အခုမေးမှာမဟုတ်ဘူး။ စာကို မဖတ်ဘဲ သူ့ကို လှည့်စားဖို့ ကြိုးစားနေတာ ပိုများသည်။
ကျန်းတန်းဟယ်၏ မျက်လုံးတွေက ကျေနပ်အားရစွာ တောက်ပသွားသည်။ "ကြည့်ရတာ သူက ဒီလောက်ရူးမိုက်တဲ့လူမဟုတ်ဘူး"
ဒါပေမယ့် သနားစရာပဲ။ ရွေးချယ်ထားတဲ့ လူနည်းစုကသာ သူ့ကိုယ်သူ အလွယ်တကူ ဖတ်နိုင်စေဖို့ သူခွင့်ပြုထားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်စွာ ကစားချင်ရင်တော့ ခြေရာတွေ ချန်ထားမှာ မဟုတ်ဘူး။
တစ်ဖက်မှာတော့ လီရှို့ကျီ တုန်လှုပ်သွားသည်။ တစ်ဖက်တွင်၊ ကျန်းတန်းဟယ်သည် အခြေအနေကို သက်တောင့်သက်သာ ကိုင်တွယ်နေသည်။ ဘယ်သူက အသာစီးရတယ်ဆိုတာ သိသာသည်။
ခဏအကြာတွင် လီရှို့ကျီ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ သူ့အတွက် လုံးဝပြီးသွားပြီ။ ကျန်းတန်းဟယ် စာရဲ့အကြောင်းအရာကို သိသွားပြီလား။ အဖြေက ဟုတ်ရင် သူ အရိုက်ခံရလိမ့်မည်၊ အဖြေက မဟုတ်ဘူးဆိုရင် အကြောင်းအရာတွေကို ပြောပြပြီးတာနဲ့ အရိုက်ခံရမှာပါပဲ။
"တက်ကြွတာနဲ့ မတုန်မလှုပ်ဖြစ်ခြင်းကြားက ခြားနားချက်ကို မင်းသိလား။"
သူ တုံ့ဆိုင်းနေချိန်တွင် ကျန်းတန်းဟယ်က သူ့ကို ရာဇသံပေးလိုက်သည်။
ဘယ်နည်းနဲ့မဆို သူ အရိုက်ခံရလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ အဆုံးသတ်က သေမှာပဲ။ ဒါပဲ !
သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ကျန်းတန်းဟယ်၏ ခြိမ်းခြောက်မှုအောက်တွင် စာကို အသံထွက်ဖတ်ရန် သတ္တိများစွာ လိုအပ်နေသေးသည်။
နောက်ဆုံးတော့ သူစိတ်ထဲ ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူသေတော့မှာမို့ သူ့သေဆုံးမှုက ဂုဏ်သရေရှိသင့်သည်။
ထို့ကြောင့် လီရှို့ကျီ အက္ခရာစာလုံးကို စကားလုံးအဖြစ် ဖတ်ပြခဲ့သည်။ စာများများဖတ်လေ ငြိမ်သက်လေလေပဲ။ ထွက်လမ်းမရှိတော့ဘူး။ ဒီတော့ ဘာပဲဖြစ်ဖြစ်ပေါ့။
ဒါပေမယ့် မိနစ်ပိုင်းအတွင်း ကျန်းတန်းဟယ်၏ မျက်နှာက မည်းမှောင်လာသည်။ လီရှို့ကျီ က သူ့ကို အခုကြည့်နေတယ် ဆိုရင် သူ့ရဲ့ ပြောင်းလဲနေတဲ့ အမူအရာတွေကို မြင်နိုင်မှာ။
နောက်ဆုံးစကားလုံးကို ဖတ်ပြီးနောက် လီရှို့ကျီ သေသေချာချာ ခေါင်းမော့လိုက်သည်။ ဒါပေမယ့်လည်း သူ ကျန်းတန်းဟယ် မျက်လုံးထဲကို မကြည့်ခဲ့ပေ။ ယင်းအစား သူသည် ကြမ်းပြင်ကိုကြည့်ကာ သူ့ကံကြမ္မာကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
စာထဲမှာ ဘာမှသိပ်မရှိဘူး။ လွန်ခဲ့သည့် ရက်အနည်းငယ်က လီရှို့ကျီသည် ကျန်းတန်းဟယ် အတွက် ပေးစာတစ်စောင်ကို ပေးပို့သောအခါတွင် သူ့ကိုယ်ပိုင် တိုင်တန်းစာတစ်စောင်ကို ပူးတွဲပြီး ဆက်သားဆီသို့ လွှဲပြောင်းပေးခဲ့သည်။ ရှောင်းကောက သူ့စာကို ပြန်စာပို့လာတာ။
“ငါ့ကို စာပေး”
ခဏအကြာတွင် ကျန်းတန်းဟယ် ပြောလိုက်သည်။
လီရှို့ကျီ မဝ့မရဲ ခြေလှမ်းများဖြင့် သူ့ဆီသို့ လျှောက်သွားခဲ့သည်။ သူ ကျန်းတန်းဟယ်၏ စိတ်ကိုဖတ်ရန်ကြိုးစားနေခဲ့သည်။ သူ့ကို ချုပ်နှောင်ပြီး ရိုက်ဖို့ လှည့်စားနေတာလား။ သူသည် ဒဏ်ခတ်ခြင်းကို ခံရသော အရွယ်ကို ကြာရှည်စွာ ကျော်လွန်သွားခဲ့ပြီ။ ကျန်းတန်းဟယ် တကယ်ရက်စက်နိုင်ပါ့မလား။
သူ စာကို မဝ့မရဖြင့် ပေးလိုက်သည်။ ကျန်းတန်းဟယ် သူ့ဒေါသကို ထိန်းထားပြီး စာကို ဘေးသို့ မထားခဲ့မီ စာကိုဂရုတစိုက် ခေါက်လိုက်သည်။
ထို့နောက် လျှပ်စီးကြောင်းအရှိန်ဖြင့် သူ လီရှို့ကျီကို သူ့ပခုံးပေါ်ကို ပစ်တင်လိုက်သည်။
နောက်ဆက်တွဲဖြစ်လာတာကတော့ နှိပ်စက်ညှဉ်းပန်းသည့် မုန်တိုင်းတစ်ခုပင်။ ဟုတ်ပါတယ်၊ ဒါက ဒုတိယစစ်သူကြီးလီရှို့ကျီ ရဲ့ ဖော်ပြချက်ပေါ်မှာပဲ အခြေခံခဲ့တာဖြစ်သည်။
စစ်သူကြီး ကျန်းတန်းဟယ်၏ ဖော်ပြချက် အရ သူ ဒုတိယ စစ်သူကြီး လီရှို့ကျီ ကို မြှောက်ပြီး အောက်သို့ ပစ်ချလိုက်သည်။
ပြီးသွားသောအခါ ကျန်းတန်းဟယ် ပခုံးတွန့်ပြကာ လီရှို့ကျီဆီသို့ ရှောင်းကော ရေးထားသော စာဖြင့် သူ့အခန်းသို့ ပြန်သွားခဲ့သည်။
ကျန်းတန်းဟယ် အိမ်သို့ပြန်ရောက်သောအခါ သူ ယခင်လို မငြိမ်သက်တော့ပေ။ သူသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ စိုးရိမ်တကြီးဖြင့် သူခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
သူ လီရှို့ကျီကို ဒီအတိုင် ခွင့်လွှတ်ပေးခဲ့သည်။ သူ့ကို နောက်ထပ် ထိုးချက်အနည်းငယ် ပေးသင့်သည်။
လီရှို့ကျီ ပုလဲရနံ့ ကို သူဘယ်လို လွဲမှားစွာ အသုံးပြုခဲ့ကြောင်း ရှောင်းကောအား အမှန်တကယ် ပြောပြခဲ့သည်။ သူသည် စာထဲတွင် သူ့ကို လမ်းလျှောက်နေသော ဖျားနာသူအဖြစ်ပင် ဖော်ပြခဲ့သည်—ဝန်ကြီးဟောင်း ဒါဇင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သော အမျိုးအစားဖြစ်သည်။
သူသည် လီရှို့ကျီကို နောက်တစ်ကြိမ် အနိုင်ယူရန် လုံး၀ သေလုမျောပါး ဖြစ်နေသည်။
ကျန်းတန်းဟယ် ကုလားထိုင်တစ်လုံးမှာထိုင်ပြီး သူ့ဆံပင်တွေကို သန်မာတဲ့လက်တွေနဲ့ တင်းတင်းကြပ်ကြပ်ဆွဲနေသည်။ သူ၏ သပ်ရပ်သော ဆံထုံးက ချက်ချင်း ပျက်စီးသွားသည်။
နောက်ဆုံး သူလိုချင်တဲ့ အရာက နောက်ဆုံးတော့ ဖြစ်သွားခဲ့သည်...
ယခုအချိန်တွင် ရှောင်းကော ရေးထားသောစာကိုဖွင့်ရန် သူ့မှာ သတ္တိမရှိတော့ပေ။
သူမက အလွန်နီးကပ်နေသော်လည်း ယခုအချိန်မှာတော့ဝေးကွာသွားပြီ။
သူမ သူ့ကို ရယ်မှာလား။ သူမ ဘာပြောမလဲ။ သူ့ကို ရယ်ရင် ဘယ်လိုလုပ်မလဲ။
ကျန်းတန်းဟယ်၏ စိတ်က အလုပ်မဖြစ်တော့ပေ။ သူ့မျက်လုံးတွေက လွမ်းမောဖွယ်ရာများဖြင့် ပြည့်နှက်နေသည်။ အမွှေးရနံ့တွေ ပျောက်ကွယ်သွားပေမယ့် နောက်တစ်ကြိမ် ထပ်မယူလာချင်တော့ပေ။ ရှောင်းကော ဤအကြောင်းအရာကို သိရှိမည်မဟုတ်ဘူးဟု သူမျှော်လင့်ခဲ့သည်။
လီရှို့ကျီက မောင်စပ်စုဖြစ်သည်။ ဒီမှာ သူ့ရဲ့ အရည်အချင်းတွေကို လုံး၀ ဖြုန်းတီးနေတာ။
ကျန်းတန်းဟယ် တုံ့ဆိုင်းသွားသော်လည်း သူဖတ်နေသေးသည်။ သူ စာကိုယူ၍ ဖြည်းညှင်းစွာဖွင့်ကာ သူ့ကိုယ်သူ ငြိမ်သက်စေရန် အသက်ပြင်းပြင်းရှူခဲ့သည်။
“ဟားဟားဟားဟား…”
မရေတွက်နိုင်သော ရယ်မောသံများက သူ့ရှေ့တွင် ပေါ်လာသည်။ သူအရမ်းထိတ်လန့်သွားပြီး ချက်ချင်းပဲ သူ့မျက်နှာမှာ ဝမ်းနည်းတဲ့အမူအရာနဲ့ စာကိုခေါက်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူမ သူ့ကို လှောင်ပြောင်နေသည်။
ကျန်းတန်းဟယ် သူ၏ သတ္တိကို စုစည်းပြီး ဆက်လက်ဖတ်ရှုခဲ့သည်။ ထိုမှသာ နားလည်မှုလွဲမှားခြင်းဖြစ်သည်ကို သူသဘောပေါက်ခဲ့သည်။ ရှောင်းကောက သူ့ကို ရယ်နေတာမဟုတ်ပေ။ ယင်းအစား လီရှို့ကျီသည် ပုလဲရနံ့ အကြောင်း သူမဆီ စာရေးခဲ့ကြောင်း နူးညံ့စွာ ရှင်းပြခဲ့သည်။ အဆုံးထိတော့ သူ့ကို လေးလေးနက်နက် နှစ်သိမ့်ပေးနေသေးသည်။
ကျန်းတန်းဟယ် စာတစ်စောင်လုံးကို နီမြန်းနေသော နားရွက်ဖြင့် ဖတ်ခဲ့သည်။ အထူးသဖြင့် နောက်ဆုံးစကားက သူ့နှလုံးခုန်နှုန်းကိုမြန်စေသည်။
"တကယ်တော့ ရှင့်ရဲ့ အနံ့က အရမ်း ဆွဲဆောင်မှုရှိမယ်လို့ထင်တယ်..."
ကျန်းတန်းဟယ်က ထိုစကားများကို ရှောင်းကော ဘယ်လို လေသံဖြင့် ပြောမည်ကို မကူညီနိုင်ဘဲ တွေးကြည့်ခဲ့သည်။
ခဏအကြာတွင် သူ ရှက်ရွံ့စွာ ခေါင်းယမ်းကာ သူ့ကိုယ်သူ အဲ့တာကို တွေးမနေသင့်တော့ကြောင်း ပြောလိုက်သည်။ မဟုတ်ရင် သူ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ရေချိုးဖို့ ပုလဲရနံ့ကို သုံးမိလိမ့်မည်။ ထို့နောက် သူမအနားသို့ ပြေးသွားပြီး သူမကို သူ ဘယ်လောက်တောင် ဆွဲဆောင်မှုရှိကြောင်း ပြသမည်။
တကယ်တော့ ဒါဟာ မတော်တဆ နားလည်မှုလွဲမှားခြင်းလို့ ယူဆနိုင်သည်။ ရှောင်းကော တွေးနေတဲ့ ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ကိစ္စက သူတွေးနေတာနဲ့ လုံးဝကို မတူပေ။
ရှောင်းကောက ဆွဲဆောင်မှုရှိသော ကိုယ်လုပ်တော်ကဲ့သို့ အရွယ်ရောက်ပြီးသားအမျိုးသားရဲ့ အနံ့အသက်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။ စာထဲမှာ သူက ဝန်ကြီးတွေ တော်တော်များများကို ဆွဲဆောင်တယ်လို့ ရေးထားတာမို့လို့ပါ… ဟီးဟီး…
ကျန်းတန်းဟယ်က ရှောင်းကော စာရေးနေချိန်တွင် သူမ၏ မကောင်းဆိုးဝါးဆန်ဆန် အတွေးတွေအကြောင်းကို သူ သိခဲ့မည်ဆိုလျှင်၊ သူသည် အလားတူ ရှက်ရွံ့စရာ အတွေးမျိုး ရှိမည်မဟုတ်ပေ။ လီရှို့ကျီက သူ့ကို ဓားဖြင့်မခုတ်ပါက သူ ကြင်နာမှုပြသလိမ့်မည်။