အခန်း (၂၆၀)
Vol. 18 Ch. 260
ရှောင်းကော အံ့အားသင့်သွားတာကတော့ ရွာရှိ အခြားလူများကလည်း မီးရှူးမီးပန်းတွေကို ဖောက်နေကြလို့ပင်။
ချင်းအန့်မင် နဲ့ ကျွမ်းကျွမ်းတို့ မီးရှူးမီးပန်းများ ဖောက်ရာတွင် ပျော်နေကြသည်။ သူတို့ အိမ်ထဲပြန်ဝင်တော့ တခြားမိသားစုတွေကလည်း မီးရှူးမီးပန်းတွေ စဖောက်နေကြသည်။
ရွှင်မြူးပြီးအသက်ဝင်လှနေတဲ့အသံတွေက တစ်ညတာလုံး တောက်လျှောက်ရှိနေခဲ့သည်။
နောက်နေ့မနက်အထိ ပွဲတော်ကို မိသားစုတချို့ လာတက်ကြသည်။
အိပ်ရာသိမ်းပြီးနောက် ရှောင်းကော မီးဖိုချောင်သို့သွားခဲ့သည်။
သူမ ပထမဆုံးလုပ်တာကတော့ မီးဖိုကိုဖွင့်ပြီး မီးသွေးအနည်းငယ် လောင်းထည့်လိုက်တာပဲ။
နေ့တိုင်း ဒီလိုလုပ်ပြီးမှ ချက်ပြုတ်ဖို့ပြင်သည်။
ရှောင်းကော ဒီနေ့ အစောကြီး နိုးလာတာကြောင့် အိမ်မီးလင်းဖို့ ဖယောင်းတိုင်မီးလိုသည်။ ကျွမ်းကျွမ်းနဲ့ ချင်းအန့်မင်တို့ကတော့ အိပ်မောကျနေဆဲဖြစ်သည်။ ရှောင်းကောသည် ဝက်လက်ပြင်သား၊ ကြက်သားနှင့် လေးထောင့်အသားတစ်ပိုင်းကို ဇလုံထဲမှ ကောက်ယူပြီး ချက်ပြုတ်ရန်အတွက် အိုးထဲသို့ ထည့်လိုက်သည်။
အသားများကိုရေနွေးဖျောပြီးပါက အရသာမျိုးစုံထည့်လိုက်သည်။ ထို့နောက် အသားများ လုံးဝမြုပ်သွားသည်အထိ အိုးထဲသို့ ရေနွေးထည့်လိုက်သည်။ ထင်း ထပ်ထည့်ကာ အသားများကို ဆူအောင်တည်ထားလ်ုက်သည်။ အိုးထဲတွင် ပါဝင်ပစ္စည်းတွေ ပွက်ပွက်ဆူလာတာနဲ့ မီးကို လျှော့လိုက်သည်။ ရည်ရွယ်ချက်ကတော့ အသားကို မွန်းတည့်အထိ မီးအေးအေးနဲ့နှပ်ထားဖို့ပင်။
အသားကို နှပ်ထားပြီးနောက် ရှောင်းကော နံနက်စာ ချက်ခဲ့သည်။ သူမ ပြောင်းဖူးဆန်ပြုတ်လုပ်ခဲ့သည်၊ လက်ကျန်ဖက်ထုပ်များကို ကြော်ကာ ကြက်ဥအချို့ကိုလည်း ကြော်ခဲ့သည်။ ထို့နောက် မစ္စစ်ယန် ပေးထားတဲ့ အချဉ်ဖောက်ထားသော အသီးအရွက်အချို့ကို ထုတ်ယူလိုက်သည်။ ဒါက မနက်စာပါ။
ဒါပေမယ့် အလျင်လိုမှု မရှိခဲ့ပေ။ ခုက စောသေးသည်။ သူမ ဆန်ပြုတ်လုပ်ခဲ့ပြီး ကျန်တာကို နောက်ပိုင်းအတွက် ထားခဲ့သည်။
အခုလည်း တခြားဟင်းလျာတွေ ပြင်ဆင်ရသည်။ ချက်ပြုတ်ထားတဲ့ အသားကလွဲလို့ တခြား အရံဟင်းအနည်းငယ် ရှိသေးသည်။
ရှောင်းကော သည် မီနူးကို ထုတ်ကာ နံရံပေါ် ကပ်လိုက်ပြီး မော့ကြည့်လိုက်သောအခါတွင် ၎င်းကို ရည်ညွှန်းနိုင်စေခဲ့သည်။ ဒီနည်းက ပိုအဆင်ပြေသည်။
အသီးအရွက်တွေ၊ အသားတွေ တင်လှီးထားသော စားပွဲကို သန့်ရှင်းရေးလုပ်ပြီးနောက် ကျယ်ဝန်းသော နေရာတစ်ခုကို ရှင်းထုတ်လိုက်သည်။ ထို့နောက် ပန်းကန်ပြားများအားလုံးကို ဗီရိုထဲမှထုတ်ကာ ရေနွေးပူပူလောင်းလိုက်သည်။ သူတို့ကို သန့်ရှင်းရေးလုပ်ပြီးနောက် စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် ခင်းကျင်းထားလိုက်သည်။ လှီးဖြတ်ထားသော အသီးအရွက်များကို နောက်ပိုင်းတွင် ဤပန်းကန်များပေါ်တွင် ထားရှိမည်။
ပထမဦးစွာ သူမသည်ကျောက်ငါးကို စတင်လုပ်ဆောင်ခဲ့သည်။ ဤငါးသည် အလွန်ပြင်းထန်သော ငါးအနံ့ရှိသောကြောင့် သူမ ဆားဖြူးလိုက်သည်။ ဒါက ငါးပေါ်ရှိ အကျိအချွဲတွေကို သန့်စင်အောင် လုပ်ရာမှာ ပိုလွယ်ကူစေသည်။ ထို့အပြင် ကျောက်ငါးရဲ့အကြေးခွံများကိုဖယ်ရှားရန် အလွန်ခက်ခဲသောကြောင့် သူမသည်အကြေးခွံအားလုံးကိုဖယ်ရှားရန် အချိန်အတော်ကြာခဲ့သည်။
ရှောင်းကော ငါးများကို ကိုင်တွယ်ပြီးနောက် ငါးအရိုးများကို ပစ်ခဲ့သည်။ သူမသည် ငါးကို ရေသန့်ဖြင့် ဆေးကြောပြီး အနည်းငယ် လှီးဖြတ်လိုက်သည်။ ထို့နောက် ငါးကို ပန်းကန်ပြားတစ်ခုပေါ်တွင် တင်ထားကာ ချင်း(ဂျင်း) အတုံးများကို အဲ့အပေါ်မှာ အညီအမျှ တင်ထားလိုက်သည်။ ဒါတွေကို အစားစားချိန်မှာ အိုးထဲမှာ ပေါင်းထားမည်။
သူမသည် ဝက်နံရိုးများကို ထုတ်ကာ ဓားဖြင့် အညီအမျှ ခုတ်ဖြတ်လိုက်သည်။ ဝက်နံရိုးချိုချဥ်က လုပ်ရလွယ်သည်။ နေ့ခင်းဘက်တွေမှာ လုပ်လို့ရသည်။
ရှောင်းကောသည် မစ္စစ်ယန် ပေးထားသော တရုတ်ဇီးသီးခြောက်များကို ထုတ်ယူပြီး ရေဆေးလိုက်သည်။ ထို့နောက် အခြောက်လှန်းပြီး ပန်းကန်ပြားတစ်ခုပေါ်တွင် ထားလိုက်သည်။ နေ့ခင်းဘက်မှာတော့ တရုတ်ဇီးသီးတွေနဲ့ ဝက်သားနှပ် ချက်ဖို့လုပ်မည်။
သူမ လှည့်ပြီး ပြည်ကြီးငါးကို ယူလာသည်။ သူမသည် ၎င်း၏ ခန္ဓာကိုယ်ကို ဓားနဲ့ သေချာလှီးဖြတ်ပြီး ဇလုံတစ်ခုထဲမထည့်ခင် အတွင်းမှာရှိတဲ့ မှင်အိတ်ကို ဖယ်ထုတ်လိုက်သည်။ ဖက်ထုပ်ပြုလုပ်ရာတွင် မှင်ကို အသုံးပြုနိုင်သည်။
ပြည်ကြီးငါးရဲ့ ခန္ဓာကိုယ်ကို ဖြတ်တောက်ပြီးတဲ့အခါ အသေးစိပ်လေးတွေ လှီးဖြတ်ပြီး အရာအားလုံးကို ပန်းကန်ပြားတစ်ခုပေါ်မှာ ထားလိုက်သည်။ ပြည်ကြီးငါးနဲ့ တွဲစားဖို့ နောက်ထပ် ကြက်သွန်မြိတ် နှစ်ပင်ကိုလည်း လှီးဖြတ်လိုက်သည်။
ရှောင်းကောသည် ပေကျင်းဆော့စ်နှင့် ဝက်သားနှပ်နှပ်စင်းပြုလုပ်ရန် အသင့်တော်ဆုံးသော ဝက်သားအသားလွှာတစ်ပိုင်းကို ထုတ်လိုက်သည်။ သူမသည် ဤဟင်းအတွက် ဤအသားအပိုင်းကို တမင်သိမ်းထားတာဖြစ်သည်။ သူမသည် မိုးခိုကို အထူအပါးလေးများဖြစ်အောင် လှီးဖြတ်သည်။ ထို့နောက် အချပ်လေးတွေကို နုပ်နုပ်စင်းလိုက်သည်။ ပဲပြားခြောက်ကို မဝယ်ထားသောကြောင့် ဂျုံမုန့်ညက်ဖြင့် အစားထိုးလိုက်သည်။ မစားခင်မှာ အသီးအရွက်တွေကို လှီးဖြတ်ပြီး လှီးဖြတ်ထားတဲ့ မုန်လာဥနီနဲ့ ကြက်သွန်နီစိမ်းတွေကို ပန်းကန်ထဲကို ထည့်လိုက်သည်။
အိမ်မှာ တရုတ်နံနံ လက်နှစ်ဆုပ်စာကျန်နေသေးပြီး နောက်ဟင်းအတွက် သင့်တော်သည်။ သူမသည် တရုတ်နံနံကို ထောင့်ဖြတ်ပုံစံလေးတွေ လှီးဖြတ်ကာ နှစ်ပုံခွဲထားသည်။ တစ်ပုံကို အခွံမာသီးနဲ့ မွှေကြော်ပြီး ကျန်တစ်ပုံကိုတော့ အသုပ်အဖြစ် ရောစပ်ထားမှာဖြစ်သည်။ သူမမှာ မနေ့ညက ရေစိမ်ထားတဲ့ မုန်လာဥနီအချပ်တွေ၊ မြေပဲနဲ့ မှိုတွေလည်း ရှိသည်။ အဲဒါတွေအားလုံးကို အသုပ်ထဲထည့်မည်။
ချက်ပြုတ်ပြီး တစ်ဝက်လောက်မှာ သူမ အိမ်ဝင်ပြန်ဝင်လာပြီး မနေ့ညက အခွံခွာထားတဲ့ အခွံမာသီးပန်းကန်တစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် နံနံပင်၏ အခြားတစ်ခြမ်းဘေးတွင် ထားလိုက်သည်။
ထိုအချိန်တွင် ရှောင်းကောသည် သူမ၏ ပြင်ဆင်မှုများကို ရပ်တန့်လိုက်သည်။ အခွံမာသီးတွေယူနေတုန်း အနောက်ခန်းက လာတဲ့အသံတချို့ကို သူမကြားလိုက်တာကြောင့် ချင်းအန့်မင်နဲ့ ကျွမ်းကျွမ်း နိုးလာတာဖြစ်လိမ့်မယ်လို့ သူမ မှန်းဆလိုက်သည်။ ဆန်ပြုတ်က အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေပြီ။ သူမသည် ကြက်ဥကြော်နှင့် ဖက်ထုပ်များကို စချက်ပြုတ်ရမည်ဖြစ်သည်။
ပထမဦးစွာ သူမသည် ဆန်ပြုတ်ကို မီးထဲမှထုတ်ကာ အဖုံးဖွင့်ပြီး အေးသွားအောင် လုပ်လိုက်သည်။ ထို့နောက် ဒယ်အိုးတစ်လုံးကို တင်လိုက်သည်။ ဤဒယ်အိုးကို ကြော်ဖို့ရန်အတွက် စိတ်ကြိုက်ပြုလုပ်ထားတာဖြစ်သည်။ ဒယ်အိုးကို အပူပေးပြီးနောက် ဝက်ဆီထည့်လိုက်သည်။ ဝက်ဆီအရည်ပျော်သွားသည်နှင့် သူမသည် ဖက်ထုပ်တွေကို အပေါ်မှသပ်သပ်ရပ်ရပ်ထားလိုက်သည်။
ဒယ်အိုးပေါ်တွင် ဖက်ထုပ်များကို တင်ပြီးနောက် ရှောင်းကော လှည့်လိုက်ပြီး အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များ၊ မုန်လာဥအမြှောင်းများ၊ မုန်ညင်းစိမ်းများကို ပန်းကန်သေးသေးတစ်လုံးထဲ ဖြည့်ထည့်လိုက်သည်။ သူမသည် ၎င်းတို့ကို မြည်းစမ်းကြည့်သောအခါ၊ ရှောင်းကောသည် မစ္စစ်ယန်ကို ကြွားလုံးထုတ်နေခြင်းမဟုတ်ကြောင်း သေချာသိလိုက်ရသည်။ မက်မွန်ပွင့် ရွာမှာ ဟင်းသီးဟင်းရွက်ချဉ်ပြုလုပ်ရာတွင်သူက အတော်ဆုံးဖြစ်သည်ဟု ပြောထားသည်။ လုံးဝမှန်သည်။
အချဥိတည်ထားတဲ့ ဟင်းသီးဟင်းရွက်တွေက အငန်ဓာတ်ရှိသည်၊ မွှေးသည်၊ ကြွပ်ရွပြီး လန်းဆန်းစေသည်။ သူမသည် ၎င်းတို့ကို အလုံအလောက်မရရှိနိုင်တော့ ဟင်းသီးဟင်းရွက်ချဥ်များနှင့်အတူ ဆန်ပြုတ်ကို နှစ်ပန်းကန်လုံးအပြည့် စားနိုင်ခဲ့သည်။
ရှောင်းကော အသီးအရွက်ချဥ်တွေကိုချပြီး အိုးဆီသွားလိုက်သည်။ သူမသည် သူမ၏ တူများဖြင့် လှန်လှောကြည့်လိုက်သည်။ ထို့နောက် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကစီဓာတ်ရောထားတဲ့ ရေအနည်းငယ်ကို အိုးထဲသို့ အညီအမျှ ဖြန်းလိုက်သည်။ အဲ့တာက ဖက်ထုပ်ကြော်လုပ်ရန် လုံလောက်သည်။
ရေတွေ အငွေ့ပျံနေချိန်မှာ ရှောင်းကောက ဥတွေထည့်ထားသည့်တောင်းထဲကို သွားပြီး ဘဲဥငါးလုံး ထုတ်လိုက်သည်။ ရှောင်းကောက ကြက်ဥတစ်လုံးသာစားနိုင်သော်လည်း ကျွမ်းကျွမ်းနဲ့ ချင်းအန့်မင်တို့က တစ်ယောက် နှစ်လုံးစားနိုင်သည်။
မကြာသေးမီက ရာသီဥတုအေးသောကြောင့် ကြက်တွေနဲ့ ဘဲတွေက ဥဥရတာကို မကြိုက်တော့ပေ။ ၎င်းတို့သည် ရာသီဥတုပူပြင်းသည့်အချိန်ထက် ကြက်ဥအထွက်နည်းကြောင်း ထင်ရှားသည်။ ဒါပေမယ့် အိမ်တွင် လူနှစ်ယောက်သာရှိသောကြောင့် ရိက္ခာမှာ လုံလောက်နေသေးသည်။
ရှောင်းကောသည် ဘဲဥတွေကို အိုးဆီ ပြန်ယူလာခဲ့သည်။ အိုးထဲကရေက လုံးဝအငွေ့ပျံသွားပြီး ရှဲရှဲဆိုတဲ့အသံကြားနေရသည်။ ရှောင်းကော ဖက်ထုပ်တွေကို အမြန်ထုတ်ယူလိုက်သည်။ ဖက်ထုပ်၏ အောက်ခြေကို ရွှေအိုရောင်ဖြစ်အောင်ကြော်ထားသည်။ အရောင်က တော်တော်လေးကြည့်ကောင်းသည်။
အိုး ပူနေတုန်းမှာ ဝက်ဆီတစ်ဇွန်းထည့်ပြီး ဘဲဥတွေကိုခွပြီးထည့်လိုက်သည်။
မတွဲသွားစေရန် တူတွေကို အသုံးပြုခဲ့သည်။ ကြော်ပြီးသွားသောအခါ ပန်းကန်အသစ်တစ်ခုထဲ ထည့်လိုက်သည်။
အစားအသောက်တွေရပြီးသည်နှင့် ကျွမ်းကျွမ်းက စိတ်လှုပ်ရှားစွာ ပြေးလာခဲ့သည်။ "မေမေ!"
"ရှင့်။ ဘာဖြစ်လို့လဲ"
ရှောင်းကောက သူ့အသံကိုကြားသောအခါတွင် သူမ၏ လက်တွေကို ဆေးကြောနေခဲ့သည်။ သူမ သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
"မေမေ ဘာလုပ်ထားတာလဲ။ အနံ့ကအရမ်းကောင်းတာပဲ!" ကျွမ်းကျွမ်းသည် မွှေးရနံ့နောက်ကိုသာ လိုက်၍ မီးဖိုဆီသို့ ပြေးသွားခဲ့သည်။ အငွေ့တွေထွက်နေတဲ့ အိုးအဖုံးကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေက ရွှင်မြူးမှုအပြည့်နဲ့။
"ဝက်လက်ပြင်သား၊ ကြက်သားနဲ့ ဝက်ဗိုက်သား"
ရှောင်းကော ပြောပြီးတာနဲ့ ကျွမ်းကျွမ်းက စိတ်လှုပ်ရှားစွာ အာမေဋိတ်သံပြုခဲ့သည်။ မွှေးရနံ့ကို စွဲလန်းစွာ ရှိုက်လိုက်သည်။
ချင်းအန့်မင်က နောက်မှရောက်လာသည်။ မွှေးရနံ့သာ သူလည်း စစ်ဆေးဖို့ ရောက်လာသည်။
ဒါပေမယ့် လှည့်ကြည့်လိုက်တော့ အလွန်ဖမ်းစားနိုင်သော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
ချင်းအန့်မင်ရဲ့ မျက်လုံးတွေ ပြူးကျယ်လာပြီး မေးရိုးတွေ ပြုတ်ကျသွားသည်။ "ဝိုး!"
သူစကားပြောရင်းနဲ့ စားပွဲနားကို ရွှေ့ပြီး စားပွဲပေါ်က ဟင်းပွဲတွေကို အနီးကပ်ကြည့်ခဲ့သည်။ ကျွမ်းကျွမ်း လည်း ငုံ့ကြည့်လိုက်သည်။ သူ့ရဲ့အရပ်ကြောင့် စားပွဲပေါ်မှ အရာများကို သတိမထားမိပေ။ ခုတော့ ခွေးခြေပေါ်မှာ ရပ်နေတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ။
"အိုးဘုရားရေ၊ ဒါက မန်ချူး-ဟန် ဧကရာဇ်ပွဲတော် ဖြစ်ရမယ်"
ချင်းအန့်မင်သည် သူ့တစ်သက်တွင် ဤမျှလောက် ဟင်းပေါင်းများစွာကို တစ်ပြိုင်နက် မစားဖူးပေ။ အချိန်တွေကောင်းလာတဲ့အခါ အများအားဖြင့် သူ့မှာ ဟင်းတစ်မျိုးပဲရှိသည်။ ပွဲတော်ရာသီများတွင် စားပွဲပေါ်တွင် ဟင်းနှစ်ပွဲရှိတာက ဇိမ်ခံပစ္စည်းဟု ယူဆကြသည်။ ဒါပေမယ့် ဤအရာသည် သူ့မျှော်လင့်ချက်ကို လုံးဝကျော်လွန်သွားခဲ့သည်။ သူ့ရှေ့က ပွဲကို ကြည့်လိုက်တော့ သူ အဲ့တာရဲ့လုံလောက်မှုကို မရပေ။
ဒါက ကျွမ်းကျွမ်း အတွက် ပိုလို့တောင် ကောင်းပါသည်။ သူ့အမေက အမြဲတမ်း ဟင်းချက်ရာမှာ ထူးချွန်ပေမယ့် ဒီနေ့ရဲ့ ပျံ့နှံ့မှုက တကယ့်ကို ထူးခြားသည်။ သူသည် ညရောက်လာမည့်အချိန်ကို မစောင့်နိုင်တော့ပေ။
ရှောင်းကောက သူတို့၏ တုံ့ပြန်မှုကို သဘောကျစွာ ရယ်လိုက်သည်။ အနည်းငယ် ဂုဏ်ယူမိတာကို မကူညီနိုင်ဘဲ ခံစားလိုက်ပေမယ့် ဒါက အသေးအဖွဲလေးပါပဲဆိုတဲ့ပုံစံကို လုပ်ရန်လေသံကိုပြင်ဖို့ ကြိုးစားခဲ့သည်။ "ဒါက ဘာမှမဟုတ်ပါဘူး၊ နောက်ထပ် ဟင်းပွဲတွေ ထပ်လာဦးမှာ"
ချင်းအန့်မင်နဲ့ ကျွမ်းကျွမ်းတို့သည် သူမစကားကြားသောအခါတွင် သူတို့ ချက်ချင်းပင် သက်ပြင်းရှည်ကြီး ထွက်လာကြသည်။ ရှောင်းကောက သူတို့အတွက် မေးစေ့တွေကို ကိုင်ထားပေးနေရသလို ခံစားရသည်။ ပါးစပ်ကို အကြာကြီးဟထားရတာ ပင်ပန်းနေမှာပဲ။
"တော်ပြီ၊ တော်ပြီ စားဖို့အချိန်ရောက်ပြီ"
ရှောင်းကော ကုလားထိုင်တစ်လုံးမှာထိုင်ပြီး စားပွဲဆီကိုလာဖို့ ဖိတ်လိုက်သည်။
"မေမေ၊ မေမေ မနက်စာတောင် ချက်ထားပြီးပြီ။ မေမေ ဘယ်တုန်းက ထနေတာလဲ"
ကျွမ်းကျွမ်းသည် ထိုင်နေရာမှ ခုန်ဆင်းကာ ရှောင်းကော ကို ပွေ့ဖက်ရန် ပြေးသွားခဲ့သည်။
"ဖယောင်းတိုင်မီး ထွန်းထားတာကို မြင်လိုက်တာနဲ့ အဲ့အချိန်ကို ဦးလေး ပြောလို့ရတယ်။"
ရှောင်းကော စကားမပြောမီ ချင်းအန့်မင် ဖယောင်းတိုင်ကို မီးမှုတ်လိုက်ပြီး သူမအတွက် စိတ်မကောင်းဖြစ်မိသည်။ "အစ်ကို ညီမလေးကို နှောင့်ယှက်ချင်နေတာ မဟုတ်ဘူး ဒါပေမယ့် ညီမလေးဘာလို့ အစောကြီးထနေတာလဲ၊ နေထွက်တဲ့အခါ အစ်ကိုတို့အတူတူ လုပ်လို့ရတာပဲဟာ"
ရှောင်းကော ရှက်ရှက်ဖြင့် ခေါင်းကုတ်လိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ညီမ မပင်ပန်းပါဘူး။ တကယ်ကို ကြိုပြီးပြင်ထားချင်ခဲ့လို့ပါ၊ အဲဒါက နောက်ပိုင်းမှာ ဒုက္ခအများကြီးရောက်တာ သက်သာစေမှာလေ"
ထိုသို့ပြောပြီးနောက် ရှောင်းကော ပြုံးလိုက်သည်။ ရိုးရိုးသားသားပြောရရင် သူမအိပ်မပျော်နိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့တာ။ ဒီနေ့က နှစ်သစ်ကူးအကြိုနေ့။ သန်းခေါင်ကျော်ရင် နှစ်သစ်ရောက်ပြီ။ ဤသည်မှာ သူမ၏ ပထမဆုံး နှစ်သစ်ကူးအကြို ဖြစ်လိမ့်မည်။ သူမ မကူညီနိုင်ဘဲ စိတ်လှုပ်ရှားနေမိသည်။
မနေ့ညက အကြောင်းကို ပိုတွေးလေလေ၊ သူမ ပို၍ တက်ကြွလာသည်။ ပြင်ဆင်မှုများလုပ်ဆောင်ရန် ချက်ချင်းပင် အိပ်ရာမှထလာသလို ခံစားရသည်။ အချိန်အတော်ကြာအောင် ဟိုလှည့်သည်လှည့်လုပ်ပြီးနောက် မိုးလင်းတော့ သူမ အလုပ်လုပ်ဖို့ အမြန်ထခဲ့သည်။