← Chapters

အခန်း (၂၆၁)

Vol. 18 Ch. 261

အခန်း (၂၆၁)

Vol. 18 Ch. 261

ဒါပေမယ့် သူမ ပင်ပန်းသည်ဟု မခံစားရပေ။ အဲဒီအစား သူမ ပိုပိုပြီး တက်ကြွလာသည်။ ကံကောင်းထောက်မစွာ ရူယီနဲ့ တခြားသူတွေက မွန်းတည့်ချိန်မရောက်လာခဲ့ကြပေ။ သူတို့ နေ့ခင်းဘက်ရောက်လာမှာ ဖြစ်နိုင်သည်၊ ဒါကြောင့် နေ့လယ်စာအတွက် အစားအသောက် အများကြီး ပြင်ဆင်စရာ မလိုပေ။ သူမလက်ထဲမှာ အချိန်အများကြီးရှိသည်။

နံနက်စာစားပြီးနောက် သူမသည် ပန်းကန်ဆေးခြင်းကို ချင်းအန့်မင်နဲ့ ကျွမ်းကျွမ်းတို့ဆီ ထားခဲ့ကာ ပြန်လည်ဆုံဆည်းရန် ညစာပြင်ဆင်ရန် အာရုံစိုက်ခဲ့သည်။

မီနူးကိုကြည့်ကာ လှီးဖြတ်ထားသော ပါဝင်ပစ္စည်းများကို ရေတွက်လိုက်သည်။ စာရင်းကိုကြည့်လိုက်ပြီး ဘယ်ပါဝင်ပစ္စည်းများကို အပြီးသတ်ရမယ်ဆိုတာကို သူမစစ်ဆေးခဲ့သည်။ ရေဘဝဲနှင့် ပုဇွန်များသာ ကျန်တော့ကြောင်း သူမ သိလိုက်သည်။

ယခုအချိန်တွင် ကျွမ်းကျွမ်းနဲ့ ချင်းအန့်မင် သည် စားပွဲကို ရှင်းလင်း ပြီးသွားပါပြီ။ ရှောင်းကောသည် ပုဇွန်ထည့်ထားသည့် ဇလုံကြီးတစ်ခုကို သူတို့ရှေ့တွင် ချလိုက်သည်။ "ပုဇွန်တွေကို ချီးထွင်လို့ရအောင် အစ်ကိုတို့ကို တံကျင်ပေးမယ်။"

သူတို့နှစ်ယောက်လုံး သဲသဲကွဲကွဲ မသိကြသော်လည်း ရျောင်းကော၏ စိတ်ရှည်ရှည် ရှင်းပြချက်ကြောင့် သူတို့ အမြန် အလုပ်လုပ်ခဲ့ကြသည်။

သူတို့ ကောင်းကောင်း လိုက်လုပ်နိုင်ပုံရပြီး ပုဇွန်ချီးတွေကို အသေအချာ ကိုင်တွယ်နိုင်ခဲ့သည်။ ထို့ကြောင့် ရှောင်းကောသည် ရေဘဝဲကို လုပ်ဖို့ သွားစဉ်တွင် သူတို့ကို ထားခဲ့လိုက်သည်။

ရေဘဝဲကြီးကို အတုံးသေးသေးလေးတွေ လှီးဖြတ်လိုက်သည်။ ငရုတ်သီးအနီနှင့် အစိမ်းအချို့ကိုလည်း လှီးဖြတ်ထားလိုက်သည်။ ၎င်းတို့ကို နောက်ပိုင်းတွင် ပန်းကန်ထဲသို့ ထည့်မည်။

ကျန်နေတဲ့ဆေးကြက်ဥက အသင့်စားနိုင်ပြီဖြစ်သည်။ အဲ့တာကို နောက်မှ နေ့လည်ကျရင် ကောက်မည်။

ပဲပိစပ် ပန်ကိတ်နှင့် သကြားညို ကောက်ညှင်း မုန့်များ ပြုလုပ်ရန် အသင့်ဖြစ်ပြီပင်။ နေ့ခင်းဘက်မှာ ကြော်လို့ရပေမယ့် ကန်စွန်းဥကို အစကနေ လုပ်ထားရမည်။

ချက်ပြုတ်နည်းသည် အလွန်ရိုးရှင်းသည်။ အိမ်မှာ ကန်စွန်းဥအကြီးကြီးတစ်လုံးရှိသည်။ အခွံခွာပြီးရင် ပြုတ်ပြီး ထောင်းထားလိုက်သည်။ ထို့နောက် ကောက်ညှင်းမှုန့်၊ သကြားနှင့် ကစီဓာတ်အချို့ကို မုန့်နှစ်အဖြစ် မထောင်းမီ ပေါင်းထည့်လ်ုက်သည်။ ဂျုံမုန့်ညက်ကို ရှည်လျားသောအလိပ်အဖြစ် လှိမ့်လိုက်ပြီး အတုံးသေးသေးလေးများဖြစ်အောင် လှီးထားလိုက်သည်။ ရှောင်းကောသည် ၎င်းတို့အား အလုံးများဖြစ်အောင် ပုံသွင်းကာ ကစီဓာတ်အလွှာဖြင့် ဖုံးအုပ်ထားခဲ့သည်။ နေ့ခင်းဘက်မှာ ကြော်စားမည်ဖြစ်သည်။

ထိုအချိန်တွင် ချင်းအန့်မင်နဲ့ ကျွမ်းကျွမ်းတို့ ပုဇွန်တွေကို လုပ်ပြီးသွားကြပြီပင်။ ရှောင်းကောသည် ပါဝင်ပစ္စည်းများအပြည့်ရှိသော စားပွဲကိုကြည့်ကာ တိတ်တိတ်လေးရေတွက်လိုက်သည်။ ပါဝင်ပစ္စည်းများအားလုံး အဆင်သင့်ဖြစ်နေပါပြီ။ တစ်ခုပဲကျန်တော့သည်။

အဲဒါကတော့ဆော့စ်တွေ ရောမွှေဖို့ပါပဲ။ ဟင်းချက်တဲ့အခါ စိတ်ရှုပ်မခံရအောင် လိုအပ်တဲ့ ဆော့စ်တွေကို ကြိုတင်ရောမွှေဖို့ အရမ်းအရေးကြီးသည်။

ကျွမ်းကျွမ်းနဲ့ ချင်းအန့်မင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အိမ်တစ်ဝိုက်ကို လှည့်ပတ်ကြည့်နေကြသည်။ သူတို့လုပ်စရာ တခြားဘာမှမရှိဘူးဆိုတာကို သူတို့သဘောပေါက်သွားသည်။ ရှောင်းကော မနက်အိပ်ရာဘယ်ချိန်ထမှန်း သူတို့မသိခဲ့ပေ။ ဒီနာရီမှာ သူမမှာ ပါဝင်ပစ္စည်းတွေ အားလုံး အဆင်သင့်ဖြစ်နေပြီလို့ တွေးလိုက်မိသည်။

"နောက်ထပ် ဘာလုပ်လို့ရနိုင်သေးလဲ"

သူတို့နှစ်ယောက်က ရှောင်းကောရဲ့နောက်ကို ဖြည်းညှင်းစွာ ရွှေ့သွားပြီး သူမဇွန်းနဲ့ ဟိုလုပ်သည်လုပ် လုပ်နေတာကို ကြည့်နေခဲ့သည်။ အလွန်ထူးဆန်းသည်။

ရှောင်းကောမှာ သူတို့ကို အာရုံစိုက်ဖို့ အချိန်မရှိပေ။ ဆော့စ်အားလုံးကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ဇွန်းစာ ပြင်ဆင်ရသည်။ သူတို့ရဲ့စကားကိုကြားတော့ သူမက ပါးစပ်တောင်မဟဘဲ လက်ဖြင့်သာ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြီး တုံ့ပြန်ခဲ့သည်။

သူတို့နှစ်ယောက်က စိတ်ချင်းဆက်နေကြသည်။ သူမက အဲ့တာကို မပြောသော်လည်း သူတို့ နားလည်သည်။ သူမကို ဒုက္ခမပေးဘဲ ဘေးဖယ်နေဖို့ သူတို့ကို ပြောနေတာ။

သူတို့ လုံးဝနားလည်ကြသည်!

"ကျွမ်းကျွမ်း အခန်းထဲပြန်သွားရအောင်"

“ဟုတ်၊ ဟုတ်”

နှစ်ယောက်သား အတူတူ အခန်းထဲ ပြန်ဝင်သွားကြသည်။ ဘာမှလုပ်စရာမရှိတော့လို့ အခန်းထဲပြန်သွားပြီး ခဏလောက်စာဖတ်ခဲ့သည်။ သူမကို ဆက်နှောင့်ယှက်နေပါက သူမ ထပ်ပေါက်ကွဲသွားနိုင်သည်။

နောက်ဆုံးတော့ ဟင်းခတ်အမွှေးအကြိုင်တွေအားလုံး အဆင်သင့်ဖြစ်နေပြီ။ ရှောင်းကော သည် အရာအားလုံး မှန်ကန်ကြောင်း သေချာစေရန် နှစ်ခါ စစ်ဆေးခဲ့သည်။ သူမ လုပ်စရာ တစ်ခုတည်းပဲကျန်တော့သည် အဲ့တာက နေ့ခင်းဘက် ထမင်းချက်ဖို့ပဲ။ သူမခါးထောက်ကာ စိတ်ကျေနပ်စွာဖြင့် လှည့်ပတ်ကြည့်ပြီး အနားယူရန် အခန်းထဲသို့ ပြန်သွားခဲ့သည်။

–

"ကျွမ်းကျွမ်း၊ ခွေးခြေခုံကို ဖယ်လိုက်ဦး"

“ဟုတ်ကဲ့…”

ရှောင်းကောနဲ့ ချင်းအန့်မင်တို့ စားပွဲကို မီးဖိုချောင်မှ နောက်ခန်းသို့ ဂရုတစိုက် ရွှေ့လိုက်သည်။ ကျွမ်းကျွမ်းကိုတော့ လမ်းမှာရှိနေတဲ့ ထိုင်ခုံကို ရွှေ့ခိုင်းလိုက်ပြီး စားပွဲကို ချလိုက်ကြသည်။

“ဒီလောက်ဆိုရပြီ။” ရှောင်းကောသည် မီးဖိုချောင် စားပွဲကို ကျွမ်းကျွမ်း၏ စာရေးစားပွဲနှင့် ချိန်ညှိကာ အလျားကို တိုင်းလိုက်သည်။

"ဘယ်လိုလဲ၊ စားပွဲနှစ်လုံးနဲ့ ဆိုလောက်ရဲ့လား"

ချင်းအန့်မင်က ရှောင်းကောကိုကြည့်ပြီး မေးလိုက်သည်။ စားပွဲနှစ်လုံးတွင် ဟင်းလျာ ၁၆ လုံးကို တည်ခင်းနိုင်ရမည်။

“လောက်တာပေါ့” ရှောင်းကော ခေါင်းညိတ်လိုက်သည်။ ပြဿနာမရှိတာတော့ သေချာသည်။ လူရှစ်ယောက်နှင့် ဟင်းဆယ့်ခြောက်ပွဲအတွက် နေရာအလုံအလောက်ရှိသင့်သည်။

"စကားမစပ်၊ ကျွမ်းကျွမ်း၊ မြေပဲ၊ ဖရဲစေ့၊ အခွံမာသီးတွေနဲ့ တခြားသရေစာတွေ အားလုံးကို ယူလာခဲ့" ထိုစကားကိုပြောပြီးနောက် သူမ ချင်းအန့်မင်ဘက်သို့လှည့်ကာပြောလိုက်သည်။ "အစ်ကို၊ တံခါးသွားဖွင့်လိုက်ဦး"

"နားလည်ပြီ!"

ကျွမ်းကျွမ်းနဲ့ ချင်းအန့်မင်တို့ အမိန့်ကို လက်ခံခဲ့ပြီး တစ်ယောက်တစ်လမ်းစီ လမ်းခွဲခဲ့သည်။ ရှောင်းကော ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အရမ်းကောင်းသည်။

ဒါပေမယ့် သူတို့ ရုတ်တရက် လှည့်ကြည့်လာကြပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ “ညီမလေး/မေမေကကော ”

သူတို့နှစ်ယောက်လုံးကျတော့ အလုပ်ရှိပြီး သူမကကောဘာဆက်လုပ်မှာလဲ။

“...…”

ရှောင်းကော မျက်တောင်ခတ်ပြီး ခဏအကြာမှာပြောလိုက်သည်။ "ညီမက စားဖို့သွားပြင်ဆင်မယ်"

"မြန်မြန် မြန်မြန် မြန်မြန်။ သွား၊ သွား!"

အဲဒါနဲ့ ရှောင်းကော ယက သူတို့နှစ်ယောက်ကို ကျော်ဖြတ်ပြီး စိတ်အားထက်သန်စွာနဲ့ မီးဖိုချောင်ကို ပြေးသွားခဲ့သည်။

နှစ်ယောက်တည်းပဲ ကျန်ခဲ့ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ "အဲဒါ ဘာအကြောင်းလဲ"

ရှောင်းကောသည် မီးဖိုချောင်တွင် အိုးထဲမှ အသားများကို ထုတ်ယူနေသည်။ သူမသည် ကြက်သား၊ ဝက်ဗိုက်သားနှင့်မိုးခိုသားများကို ထုတ်ယူပြီး ပန်းကန်တစ်လုံးပေါ် တင်ထားလိုက်သည်။ လတ်လတ်ဆတ်ဆတ် ချက်ထားတဲ့ အသားက ကြည့်ကောင်းပြီး ရနံ့ကလည်း မွှေးသည်။ ရှောင်းကော သူမ၏ တံတွေးကို မျိုချလိုက်သည်။ “ဒီအသားတွေအားလုံးက အိုးထဲကနေ လတ်ဆတ်တဲ့ အနံ့တွေထွက်နေတယ်”

နောက်ခန်းမှာရှိနေတဲ့ ကျွမ်းကျွမ်းက စားပွဲအလယ်မှာ အခွံမာသီးခြောက် ပန်းကန်အပြည့်ကို ထားခဲ့သည်။ သူတို့ကို ချပြီးနောက် ပြေးထွက်လာခဲ့သည်။ သူ့အမေက မကြာခင် ဟင်းချက်တော့မည်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ အခါသမယကို သူ ဘယ်လို လွဲချော်သွားနိုင်မလဲ။

မီးဖိုချောင်တံခါးကိုရောက်သောအခါ တံခါးကိုသွားဖွင့်လာခဲ့တဲ့ ချင်းအန့်မင်နဲ့ ဝင်တိုးခဲ့သည်။ နှစ်ယောက်သား မီးဖိုခန်းဆီသို့ အတူတူလျှောက်သွားလိုက်ကြသည်။

ခွေးလေးနှစ်ကောင်က မီးဖိုချောင်တံခါးကို စောင့်ကြပ်နေကြသည်။ အမဲသားကို တောင့်တသော်လည်း သူတို့သည် လိမ္မာရေးခြားရှိ၍ ခွင့်မပြုဘဲ အိမ်ထဲသို့ မ၀င်ကြပေ။

ကျွမ်းကျွမ်းက ခွေးပေါက်လေးနှစ်ကောင်ကို တွန်းထုတ်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ မဟုတ်ရင် သူတို့ တံခါးကို ပိတ်ဆို့ထားရင် ဘယ်သူမှ ဝင်လို့ရနိုင်မှာ မဟုတ်ပေ။

ကန့်လန့်ကာကို မလိုက်သည်နှင့် တပြိုင်နက် အသား၏ မွှေးရနံ့က သူ့အား လုံး၀ လွင့်စင်သွားလေသည်။ ကျွမ်းကျွမ်း အသက်ပြင်းပြင်းရှူပြီး မူးယစ်သွားခဲ့သည်။ ချင်းအန့်မင်နဲ့ ရှောင်းကောတို့ သူ့အမူအရာကိုမြင်တော့ ပြုံးလိုက်ကြသည်။

"မေမေ၊ အစ်မ ရူယီနဲ့ တခြားသူတွေ ဘယ်တော့လာကြမှာလဲ"

“ဟူး” ရှောင်းကော သက်ပြင်းချကာ ကူကယ်ရာမဲ့နေသည်။ "ကလေး၊ ဒါ သားမေးတာ ပဉ္စမမြောက်အကြိမ်ပဲ"

ကျွမ်းကျွမ်း နှုတ်ခမ်းစူလိုက်ပြီး သနားစရာကောင်းစွာပြောလိုက်သည်။ "သား နေ့လည်စာ အများကြီးမစားထားဘူး"

"မစားရဘူးလို့ ဘယ်သူပြောတာလဲ" ချင်းအန့်မင်သည် သူ့စကားကြားသောအခါ အလိုလိုပြောလိုက်သည်။ သူကခွေးခြေပေါ်မှာထိုင်ပြီး ထင်းခုတ်နေသည်။

နေ့ခင်းဘက်တွင် ကျွမ်းကျွမ်းသည် ညစာစားချင်စိတ်ကို သက်သာစေရန် တွန်းအားပေးနေသောကြောင့် သူအများကြီးမစားခဲ့ရပေ။ သူသည် ထမင်းအနည်းငယ်မျှသာ စားပြီး သူ့တူတွေကို ချခဲ့သည်။ ခုတော့ သူဗိုက်ဆာနေပြီဆိုတော့ လူကြီးတွေဘာမှ မလုပ်နိုင်ကြတော့ပေ။

“မေမေ၊ ဦးလေးပြောတာ နားထောင်ကြည့်…”

ကျွမ်းကျွမ်းက ရှောင်ကောကို ကွန်ပလိန်းတက်ပြီး ချင်းအန့်မင်ကို စွပ်စွဲပြောဆိုလိုက်သည်။ သူ ညစာစားချိန်မှာ ပိုစားနိုင်စေရန်သာ ပြုလုပ်ခဲ့သည်။ မဟုတ်ရင် သူ့အမေကို စိတ်မချရ ဖြစ်နေလိမ့်မည်။ သူမက တစ်နေကုန် ပွဲကို ပြင်ဆင်နေခဲ့တာ။

“ဟမ့်…”

ရှောင်းကောက သူ့ကို လျစ်လျူရှုနေတာကို မြင်တော့ ကျွမ်းကျွမ်း ကျယ်လောင်စွာ နှာမှုတ်လိုက်ပြီး ချင်းအန့်မင်ကို သူဒေါသထွက်နေကြောင်း ပြသဖို့ ကြိုးစားနေသည်။

မမျှော်လင့်ဘဲ ချင်းအန့်မင်က သူ့ကို လုံးဝအလေးအနက်မထားခဲ့ပေ။ ဒါကိုမြင်တော့ သူ အကျယ်ကြီးရယ်လိုက်သည်။

ရှောင်းကောပင် မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ကျွမ်းကျွမ်းက ငယ်ပေမယ့် သန်မာသည်။ သူ့အမေ သူ့ကိုရယ်ရင် သူ ဘာမှလုပ်လို့မရနိုင်ဘူး။ ဒါပေမယ့် သူ့ဦးလေးက သူ့ကို ရယ်ရင် သူလှုပ်လှုပ်ရှားရှား လုပ်ရမည်။

"ဒါကိုယူ!"

အဲဒါနဲ့ သူက ချင်းအန့်မင်ရဲ့ နောက်ကျောပေါ် ခုန်တက်လိုက်သည်။ သူ၏ အလေးချိန်မှာ အလွန်များပြားပြီး ချင်းအန့်မင်မှာ သူ့တိုက်ခိုက်မှုကို တားဆီးရန် ပြဿနာများရှိသည်။

သူမက သူတို့ကို နောက်ကျောပေးထားလျက် ရှောင်းကော ကျယ်လောင်တဲ့ အသံ နှစ်သံကိုသာ ကြားလိုက်ရသည်။

စူးစမ်းလိုစိတ်ဖြင့် သူမ ဓားကိုချကာ လှည့်ကြည့်လိုက်သည်။ သူမသည် သူတို့ကို မြင်သောအခါ ရယ်ရလွန်းလို့သီးတောင်သီးတော့မည်။

"အစ်ကိုတို့ ဘာလုပ်နေကြတာလဲ" ရှောင်းကောသည် သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်တွေကို သုတ်လိုက်ပြီး ရယ်ရင်း ဗိုက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ မထင်မှတ်ဘဲ မီးဖိုပေါ်ကနေ ပြုတ်ကျပြီး မီးခိုးမှိုင်းတွေပေနေတဲ့ မျက်နှာတွေနဲ့ အဆုံးသတ်ရပုံကို တစ်ယောက်ယောက်များ သူမကို ပြောပြပေးနိုင်မလား။

“အစ်ကို/သားတို့…”

သူတို့စကားမဆုံးခင်မှာ တံခါးဝမှာ ဆူညံသံကြားလိုက်ရသည်။ ရှောင်းကော ပြုံးပြီး ထွက်မပြေးမသွားခင် လက်ဝါးချင်းရိုက်ခဲ့သည်။ သူတို့နှစ်ယောက်ကို သူမ သိပ်ဂရုမစိုက်နိုင်ပေ။ သူတို့လုပ်ချင်တာ လုပ်ဖို့အတွက် ထားခဲ့လိုက်သည်။

"အစ်မ ရှောင်းကော!"

"ရူယီ!"

ကန့်လန့်ကာကို မလိုက်သည်နှင့် ရူယီ၏ ရထားလုံးက ခြံဝင်းထဲမှာ ရပ်သွားခဲ့သည်။ သူတို့ငါးယောက် တစ်

ယောက်ပြီး တစ်ယောက် ထွက်လာကြပြီး တယောက်စီ ပစ္စည်းတွေ သယ်လာကြသည်။

ဒါကိုမြင်တော့ ရှောင်းကောက သူတို့ကို အိမ်ထဲကို အမြန်ခေါ်သွားလိုက်သည်။ "မြန်မြန် မြန်မြန် အထဲဝင်ပြီး ခဏ နားလိုက်ကြဦး၊ အစ်မအခု သွားချက်ပြုတ်လိုက်ဦးမယ်"

"ရပါတယ် အတူတူ ချက်ရအောင်!"

ရူယီနဲ့ ရှောင်ချွေ့က အသက်နည်းနည်းလေးကြီးသည်။ သူတို့က လွယ်အိတ်ကို လင်းလုံနဲ့ ဖူအာထံသို့ ပေးပြီး ရှောင်းကောနောက်ကနေ မီးဖိုခန်းသို့ လိုက်သွားခဲ့သည်။

လင်းလုံနဲ့ ဖူအာတို့သည် ထုပ်ပိုးထားသော အိတ်များကို ရှောင်းကော၏ အခန်းထဲသို့ လျင်မြန်စွာ သယ်ဆောင်သွားကြသည်။ မျှော်လင့်ထားသည့်အတိုင်း ကုတင်ပေါ်တွင် စောင်ငါးထည်နှင့် ခေါင်းအုံးများကို သပ်သပ်ရပ်ရပ် ခင်းကျင်းထားသည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့က အိပ်ရာပေါ်မှာ ပူးကပ်ပြီး အတူတူအိပ်ရတာကို နှစ်သက်ကြသည်။

မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်နှင့် ရှောင်းကောသည် အမည်းရောင် မျက်နှာနှစ်ခု အနားတွင်မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သူတို့ မျက်နှာသစ်ဖို့သွားလိုက်တာဖြစ်မယ်ထင်သည်။ မဟုတ်ရင် သူတို့ရဲ့ ညစ်ပတ်တဲ့ မျက်နှာတွေနဲ့ ဘယ်သူနဲ့ တွေ့ဆုံနိုင်မှာလဲ။

ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးတော့ ဦးလေး ရှု့က နှုတ်ခမ်းနားထိပြည့်နေတဲ့ တောင်းကြီးတစ်လုံးနဲ့ အပြင်ကနေ ဝင်လာတာကို တွေ့လိုက်ရသည်။ သူ စားပွဲမှာရပ်ပြီး ခြင်းတောင်းကို အဲ့အပေါ်တင်လိုက်သည်။

All Chapters