အခန်း (၂၆၂)
Vol. 18 Ch. 262
"ဒါကဘာလဲ"
စူးစမ်းချင်စိတ်ကြောင့် ရှောင်းကော လမ်းလျှောက်လာပြီး ခြင်းတောင်းပေါ်က အဝတ်ကိုမလိုက်သည်။ သူမ အံ့အားသင့်သွားတာကတော့ အဲ့ထဲမှာ အသားလုံးများနှင့် အသီးအရွက် အမျိုးမျိုးရှိသည်။
"ဝိုး ဒီအစားအစာတွေအကုန်လုံးနဲ့ ဟော့ပေါ့လုပ်စားကြမလို့လား။"
ရှောင်းကော ဒီစကားတွေပြောပြီးတာနဲ့ ရူယီက ချက်ချင်း အသံထွက်လာသည်။ သူမ မှန်းဆထားတာ မှန်နေပုံရသည်။ "ဟုတ်တယ်၊ ဟော့ပေါ့လုပ်စားဖို့ စိတ်ကူးထားတာ၊ ညီမတို့အားလုံး အစ်မလုပ်ထားတဲ့ မူရင်းအရည်စပ်စပ်လေးကို စားချင်နေကြတာလေ၊ အစ်မ ရှောင်းကော "
သူမစကားပြောနေစဉ်တွင် မျက်တောင်ခတ်လိုက်သည်။
"အဲ့တာကလွယ်ပါတယ်။ မနက်ဖြန်ညကျရင် ဟော့ပေါ့စားကြရအောင်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ်မမှာ သိုးသားအချပ်လေးတွေ အများကြီးကျန်သေးတယ်"
အရင်က သူမ ပျင်းလာတဲ့အချိန် ရေခဲသေတ္တာထဲမှာ ကျန်နေတဲ့ သိုးသားကို အထူးတည်လှီးဖြတ်ထားခဲ့သည်။ ထိုအချိန်တွင် သူမသည် အနာဂတ်တွင် ဟော့ပေါ့စားချင်သည့်အခါ လှီးထားသောအသားများကို ထုတ်သုံးနိုင်မည်ဟု သူမ တွေးခဲ့သည်။ အရမ်းအဆင်ပြေမယ်လို့ထင်သည်။
ရှောင်းကောက ဒါကိုပြောပြီးတာနဲ့ အခန်းထဲက ကျန်တဲ့သုံးယောက်က တညီတညွတ်တည်း သဘောတူခဲ့ကြသည်။ သူတို့ အဝအပြဲစားပစ်မည်။
"အစ်မ ရှောင်းကော၊ အစ်ကို အန့်မင်နဲ့ ကျွမ်းကျွမ်းတို့ကော "
ရူယီ ဝင်လာကတည်းက သူတို့ကို မတွေ့မိပေ။ သူမ သူတို့ပျောက်နေတဲ့အကြောင်းကို သိချင်နေသည်။
ဤအချိန်တွင် ရှောင်းကောသည် အစောပိုင်းက သူတို့၏ ရှက်စရာကောင်းသော အပြုအမူကို ပြန်အမှတ်ရခဲ့သည်။ သူမ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။ လူတိုင်း၏ ပဟေဋ္ဌိအကြည့်များအောက်တွင် သူမက ဖြစ်ပျက်ခဲ့သမျှကို ပြောပြခဲ့သည်။
သူမ ပြောပြီးသည်နှင့် အခန်းထဲတွင် ရယ်မောသံများ ထွက်ပေါ်လာသည်။ ပြီးတော့ အပြင်မှာ ရပ်နေတဲ့ လူနှစ်ယောက်ကို သူတို့ လမ်းကြောင်းပေါ်ကနေ အောင်မြင်စွာရပ်တန့်စေခဲ့သည်။ အခန်းထဲသို့ လှမ်းတော့မည့် ခြေထောက်များကို အမြန်ပြန်ရုတ်သိမ်းလိုက်ကြသည်။
"သားတို့ ဝင်သွားကြဦးမလား၊ ဦးလေး"
ကျွမ်းကျွမ်း မော့ကြည့်လိုက်ပြီး ချင်းအန့်မင်ကို တိုးတိုးလေးမေးခဲ့သည်။
“မဝင်ဘူး…” ချင်းအန့်မင် ခေါင်းခါလိုက်သည်။ ဒီလိုအချိန်မျိုးမှာ သူဘာလို့ဝင်သွားရမှာလဲ။ မဝင်ခင် အချိန်အတော်ကြာအောင် စောင့်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ခဲ့သည်။
ဒါပေမယ့် သူ့စကားမဆုံးခင်မှာ သူတို့နောက်မှာ အံ့သြနေတဲ့အသံတစ်ခု ထွက်ပေါ်လာသည်။
"အစ်ကိုအန့်မင်၊ ကျွမ်းကျွမ်း၊ ဘာလို့အထဲမဝင်ကြတာလဲ"
အသံထွက်လာသည်နှင့် တပြိုင်နက် ကြားလိုက်ရသည်မှာ သူတို့ချည်းပဲမဟုတ်ပေ။ အခန်းထဲက လူတိုင်းလည်း ကြားကြသည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ ချင်းအန့်မင်က တစ်ခုခုပြောတော့မယ့်အချိန်မှာ အတွင်းခန်းမှ ကန့်လန့်ကာကို မခဲ့ပြီး လူတိုင်းအား သူတို့ကိုလုံးလုံးလျားလျား ထုတ်ဖော်ပြသခဲ့သည်။
ချင်းအန့်မင် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ဒါပေမယ့် ကျွမ်းကျွမ်း ကတော့ ဘာမှ မခံစားရပေ။ သူ့ဦးလေးရဲ့ ခံစားချက်ကိုလည်း သူ နားမလည်နိုင်ဘူး။ သူ ပါးစပ်ကိုဖွင့်ဟပြီး လူတိုင်းကို နှုတ်ဆက်လိုက်သည်။
ချင်းအန့်မင်က အဖွဲ့၏ လှည့်စားမှုကို တစ်ကြိမ်သာ ဖြတ်သန်းခဲ့ရသည်။ ဒါပေမယ့် အဲဒါကို တွေးပြီးတာနဲ့ ဒါက အသေးအမွှားကိစ္စပဲလို့ သူ့ကိုယ်သူ ပြောခဲ့သည်။ ဖြစ်စဉ်မှာ ထိခိုက်မှု မရှိခဲ့ပေ။
မီးရှူးမီးပန်းဖောက်သံများက တစ်နေကုန် ဆူညံနေသည်။ ညစာစားချိန်ပြီးသောအခါ အသံများကပို၍ကျယ်လောင်လာသည်။
ရှောင်းကော၏ မီးဖိုချောင်တွင် လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ လူတိုင်းက အဲဒီ့မှာ တစ်ခုခုကို တာဝန်ယူထားကြသည်။ အိုးတိုင်းက စားစရာများနှင့် ပြည့်နေသဖြင့် တစ်လုံးလေးမှ မအားဖြစ်နေသည်။ ပါဝင်ပစ္စည်းများနှင့် ဆော့စ်များအားလုံးကို ကြိုတင်ရောစပ်ထားသောကြောင့် ဟင်းချက်ခြင်းလုပ်ငန်းစဉ်က ချောမွေ့သွားသည်။
အလတ်စား မီးဖိုချောင်တွင် လက်ထောက်များ၊ စားဖိုမှူးများ၊ စားပွဲထိုးများ၊ တောက်တိုမည်ရ အပြေးအလွှားလုပ်နေရသမားများနှင့် ကျွမ်းကျွမ်းနှင့် တိတ်တဆိတ် အစားအသောက် ခိုးသွားသော သူ အနည်းငယ်လည်း ရှိသေးသည်။ အစားအစာ၏ အပူနှင့် မွှေးရနံ့က ပြတင်းပေါက်မှ လွင့်ထွက်ပြီး အပြင်ဘက်ရှိ လေထဲသို့ လွင့်သွားသည်။
ယခုအချိန်တွင် မက်မွန်ပွင့်ကျေးရွာရှိ အိမ်တိုင်းကို ဖယောင်းတိုင်မီးဖြင့် ထွန်းညှိထားကြသည်။ မီးခိုးခေါင်းတိုင်များမှ အဖြူရောင်မီးခိုးများ တက်လာခဲ့သည်။ ခြံဝင်းထဲတွင် မတ်တပ်ရပ်ရင်း နေရာတိုင်းတွင် အစားအစာ၏ ရနံ့ကို ရှူရှိုက်နိုင်သည်။ ဘဝရဲ့အသေးအမွှားကိစ္စလေးတွေက လူတွေရဲ့စိတ်နှလုံးကို နှစ်သိမ့်မှုအရှိဆုံးပေးတယ်ဆိုတဲ့ စကားတွေထဲက တစ်ခုကို အမှတ်ရစေသည်။
နောက်ဆုံး ဟင်းလျာပူပူကို စားပွဲပေါ်သို့ ယူလာခဲ့သည်။ အားလုံးက ဧည့်ခန်းမကြီးထဲကို တယောက်ပြီး တယောက် ပြန်လာကြသည်။ ရှောင်းကောက သူတို့နောက်မှ အနီးကပ်လိုက်လာသည်။ ကျွမ်းကျွမ်း မီးဖိုချောင်ရှိ ဖယောင်းတိုင်များကို မှုတ်ထုတ်ခါနီးတွင် ရှောင်းကောက သူ့ကို အမြန်တားခဲ့သည်။ "ကျွမ်းကျွမ်း၊ ဖယောင်းတိုင်တွေကို မငြိမ်းစေနဲ့။"
"ဘာလို့လဲ" ကျွမ်းကျွမ်းက နှုတ်ခမ်းစူပြီး စူးစမ်းကာ မေးလိုက်သည်။
"နှစ်သစ်ကူးအကြိုနေ့မှာ ကောင်းကင်က ဆင်းသက်လာတဲ့ မသေမျိုးတွေကို ကြိုဆိုဖို့အတွက် အိမ်ထောင်စုတိုင်း မီးထွန်းထားရမယ်..."
ဤအချိန်တွင် ရှောင်းကောသည် ရှေးထုံးတမ်းစဉ်လာများကို ပြန်ကျင့်သုံးရတော့သည်။ သူမသည် မသေနိုင်သောပုဂ္ဂိုလ်များနှင့် မကောင်းဆိုးဝါးများ၏ ဒဏ္ဍာရီများအကြောင်း အတိုချုံးပြောပြခဲ့သည်။ အချိန်ကန့်သတ်ချက်များကြောင့် အသေးစိတ် မဖော်ပြထားသော်လည်း ကျွမ်းကျွမ်းက အများစုကို နားလည်သဘောပေါက်ခဲ့သည်။
သူမရဲ့စကားကို သူ ခေါင်းညိတ်ခဲ့သည်။ တစ်ခုခုမေးခါနီးမှာ ပင်မအခန်းထဲက အသံတစ်ခု ထွက်လာသည်။
ရှောင်းကော ပြန်ထူးလိုက်ပြီး ကျွမ်းကျွမ်း၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ "သွားစားရအောင်။"
ကျွမ်းကျွမ်းက မေးခွန်းကို လည်ချောင်းထဲ မျိုချလိုက်ပြီး နာခံစွာခေါင်းညိတ်ကာ ပင်မခန်းမထဲသို့ သူမနောက်ကနေ လိုက်သွားခဲ့သည်။
အခန်းထဲ ဝင်လာတော့ ကျန်တဲ့အဖွဲ့တွေက စားပွဲဝိုင်းမှာ ထိုင်နေကြပြီ။ သူတို့ နှစ်ယောက်သာ ထိုင်ခုံနေရာလွတ်နေကြတာ။
ရှောင်းကောက သူမအတွက် သီးသန့်ထားထားသော စားပွဲထိပ်တွင် ထိုင်နေသည်။ သူမသည် ထိုအဖွဲ့ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ အနည်းစုက သူမကို ပြန်ကြည့်ကြသည်။ သူပြောမချင်သမျှကို စကားလုံးနှစ်လုံးနဲ့ အကျဉ်းချုပ်ပြောခဲ့သည်။ "စားရအောင်!"
သူမပြောပြီးသည်နှင့် အားလုံးက ချက်ချင်းဆိုသလို သူတို့ရဲ့ တူတွေကို ကောက်ကိုင်လိုက်ကြသည်။ အနီးနားရှိလူများနှင့်အတူ၊ လူတိုင်းမှာ စိတ်အခြေအနေကောင်းနေကြသည်။ ထို့ကြောင့် သူတို့အားလုံး စိတ်နှလုံး ကျေနပ်စွာ စားသောက်ခဲ့ကြသည်။
စားပွဲပေါ်ရှိ ဟင်းပွဲများအားလုံးမှာ အလွန်နာမည်ကြီးသော်လည်း လူကြိုက်အများဆုံးမှာ ပင်လယ်စာဖြစ်သည်။ ဒါတွေအားလုံးက သူတို့ပထမဆုံးစားတာဖြစ်ပြီး အရသာက အရမ်းကောင်းသည်။ ပင်လယ်စာပါသော ဟင်းပွဲများအားလုံးကို လုံး၀ ရှင်းထုတ်ပစ်လိုက်သည်။ ဒါပေမယ့် တခြားဟင်းလျာတွေကလည်း အရမ်းကောင်းသည်။ ကျွမ်းကျွမ်းမှလွဲ၍ ထမင်းစားပွဲရှိ အခြားလူများအားလုံး မူးဝေသွားကြသည်။
ရူယီနဲ့ တခြားသူတွေ ယူလာတဲ့ ဝိုင်ပုလင်းက တကယ်ကို ပြင်းသည်။ ရှောင်းကောသည် သူမအရက်ကို ခံနိုင်ရည်ရှိသည်ဟု ထင်ခဲ့သော်လည်း အနည်းငယ် သောက်သုံးပြီးနောက် သူမ အနည်းငယ် ရီဝေဝေဖြစ်လာခဲ့သည်။
စိတ်အခြေအနေကောင်းနေသောကြောင့် လူတိုင်းသောက်ခဲ့ကြသော်လည်း မမူးကြပေ။ သူတို့နည်းနည်းလေးပဲ ရီဝေဝေဖြစ်နေခဲ့ကြသည်။
အပြင်ဘက်တွင် မီးရှူးမီးပန်း ဖောက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ယခုအချိန်တွင် ပွဲတော်ကျင်းပရန် မိသားစုအားလုံး စုဝေးခဲ့ကြသည်။ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း ကြိုးစားလုပ်ကိုင်ပြီးနောက် သူတို့လုပ်အား၏အသီးအနှံများကို မြည်းစမ်းကြည့်ကြသည်။ အားလုံးက နှစ်သစ်ကို ကြိုဆိုဖို့ ပြင်ဆင်နေကြပြီ။
ပြန်လည်တွေ့ဆုံပွဲညစာစားပြီးနောက် ကျွမ်းကျွမ်း အလွန်အမင်း အဝအပြဲစားခဲ့ပြီးနောက် မတ်တပ်မရပ်နိုင်ဖြစ်ခဲ့ရသည်။ တခြားသူတွေလည်း ဗိုက်နင်းနေသလို ခံစားရသည်။ သူတို့ ဗိုက်တွေကဝိုင်းစက်နေပြီး မျက်နှာတွေက နီမြန်းနေကြသည်။
ညစာစားပြီးနောက် လူတိုင်း သန့်ရှင်းရေးလုပ်ခဲ့ကြသည်။ ထို့နောက် မီးရှူးမီးပန်းဖောက်ဖို့ အချိန်တန်ပြီ၊ ဒါကအားလုံးစောင့်မျှော်နေကြသော အချိန်ဖြစ်သည်။
ထိုအချိန်တွင် လင်းလုံနဲ့ ဖူအာတို့က အိမ်ထဲသို့ ပြန်ပြေးသွားကြသည်။ ခဏကြာတော့ သူတို့လက်ထဲမှာ ပစ္စည်းထုပ်တွေနဲ့ ထွက်လာကြသည်။
ရှောင်းကောက ပိုမိုနီးကပ်စွာကြည့်ရှုနိုင်စေရန် သူတို့ နီးကပ်လာတာကို စောင့်ဆိုင်းခဲ့သည်။သူတို့ ခုန်းမင် မီးပုံးများကို ကိုင်ဆောင်ထားကြသည်။ သူမ၏ မျက်လုံးတွေ တောက်ပလာသည်။ သူမအဲ့တာဝယ်ဖို့ မေ့သွားခဲ့သည်။ သူမ၏ ကြီးကြပ်မှု အနည်းငယ်က ဒီလောက်လျင်မြန်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ရူယီက လူတိုင်းအတွက် မီးပုံးအလုံအလောက်ဝယ်ထားသည်။ လူတိုင်းက နှစ်လုံးယူရင်တောင် လှည့်ပတ်သွားဖို့ မီးပုံးတွေ လုံလုံလောက်လောက် ရှိနေတုန်းပါပဲ။ မီးရှူးမီးပန်းများ၊ ဗျောက်အိုးများနှင့် ခုန်းမင်မီးပုံးများ အများအပြား ထောက်ပံ့ပေးခဲ့သည်။
ချင်းအန့်မင်က ဗျောက်အိုးတွေကို အိမ်အပြင်သို့ ယူဆောင်လာခဲ့သည်။ အရာအားလုံးကို ရှင်းမပြမီ သူ အနည်းငယ်လမ်းလျှောက်သွားရမည်။
အကြီးမားဆုံး မီးရှူးမီးပန်း အသွင်အပြင်က လူတိုင်းကို တုန်လှုပ်စေသည်။ သူတို့ အတူစုပြီး ဝိုင်းဖွဲ့ကာ ဘယ်လိုပုံစံနဲ့ လာမလဲဆိုတာ ဆွေးနွေးခဲ့ကြသည်။
"နောက်မှ ကိုယ့်ဘာသာကိုကြည့်ကြ"
သူတို့ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဉ် ရှောင်းကောက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ တခြားသူတွေမှာ ရယ်ရခက် ငိုရခက်ဖြစ်နေကြသည်။ အမှန်တော့ သူတို့ နောက်မှ သိပါလိမ့်မည်။
ရှောင်းကော မှလွဲ၍ ကျန်တဲ့လူတိုင်းက လက်ထဲတွင် ဗျောက်အိုးတွေကိုင်ထားကာ မီးရှူးမီးပန်းများကို ကောက်ယူကြသည်။ ခြံဝင်းသည် လူတိုင်း တစ်ယောက်နှင့်တစ်ယောက် ဝေးဝေးနေရန် လုံလောက်သည်။ မီးထွန်းပြီးနောက် အတူစုနေကြပြီး ပျော်ရွှင်စရာကောင်းတဲ့ ဝန်းကျင်ကို ခံစားခဲ့ကြသည်။
ကျွမ်းကျွမ်းတောင်မှ မီးရှူးမီးပန်းများကို မီးညှိရန် သတ္တိရှိနေသည်။
ရှောင်းကော တုန်လှုပ်စွာဖြင့် ထောင့်တစ်နေရာတွင် ထိုင်ချခဲ့သည်။ မီးရှူးမီးပန်းများကို ကြည့်ရှုရန် သူမ အမှန်တကယ် စိတ်အားထက်သန်နေသော်လည်း ၎င်းတို့ကို မီးညှိဖို့ရန် သတ္တိမရှိပေ။
ရူယီက အခြားသူများကို ကြည့်ကာ ရှောင်းကောကို လျှာထုတ်ပြလိုက်သည်။ သူမ မကောင်းနေဘူးဆိုတာ သိသာသည်။ ထို့နောက် လျှပ်စီးကြောင်းအရှိန်ဖြင့် သူမလက်ထဲရှိ မီးရှူးမီးပန်းများကို ဦးဆောင်ကာ ထွန်းညှိလိုက်သည်။ နားရွက်တွေကို အုပ်ပြီး ရှောင်းကောဆီကို ပြေးသွားခဲ့သည်။ ဒါကိုမြင်တော့ တခြားသူတွေလည်း မီးရှူးမီးပန်းတွေကို တောက်လျှောက် မီးညှိကြသည်။ ထိုသို့လုပ်သောအခါ ရူယီအား သူတို့ကို သစ္စာဖောက်ခြင်းအတွက် ညည်းညူခဲ့ကြသည်။ မီးရှူးမီးပန်းများကို တပြိုင်နက်တည်း မီးညှိရန် သဘောတူခဲ့ကြသော်လည်း အားလုံးရှေ့တွင် သူမက မီးရှူးမီးပန်းများကို တိတ်တဆိတ် မီးညှိခဲ့သည်။
ထိုအဖွဲ့သည် ရှောင်းကော၏ နံဘေးသို့ ပြေးသွားခဲ့သည်။ ကျွမ်းကျွမ်းနဲ့ ကောင်မလေးတွေက သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားကြပြီး ချင်းအန့်မင်နဲ့ ဦးလေး ရှု့က ဘေးမှာရပ်ပြီး ရယ်နေကြသည်။
မကြာမီ မီးရှူးမီးပန်းများ တပြိုင်နက်တည်း အသံထွက်လာခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ဆူညံသံများ တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။
—-
ခုန်းမင် မီးပုံးကို လူတစ်ယောက်ရဲ့ ရေးထားတဲ့ ဆန္ဒနဲ့ ကောင်းကင်ပေါ် လွှတ်တင်လိုက်တဲ့အခါ မသေမျိုးတွေကအဲ့တာကို မြင်ပြီး အဲဒီ လိုအင်ဆန္ဒတွေကို ပေးကမ်းကြလိမ့်မယ်လို့ ဆိုကြသည်။
အခုအချိန်မှာတော့ လူတိုင်းက စုတ်တံကိုကိုင်ပြီး သူတို့ရဲ့ဆန္ဒကို တိတ်တဆိတ် ရေးချနေကြသည်။
တစ်ချို့က ငြိမ်းချမ်းပြီးလုံခြုံမှုကိုဆန္ဒပြုကြသည်၊ တချို့က ချမ်းသာဖို့ဆုတောင်းကြသည်။ သူတို့က အချစ်နဲ့ကျန်းမာရစေဖို့ဆုမွန်ကောင်း တောင်းကြသည်...
ရှောင်းကောလည်း ဒီလိုမျိုး လုပ်နေသည်။ ထောင့်တစ်နေရာမှာ ပုန်းအောင်းရင်း သူမရဲ့ဆန္ဒကို ချရေးဖို့ ကြိုးစားနေသည်။ ဒဏ္ဍာရီက ဒဏ္ဍာရီဆန်လွန်းတယ်လို့ ထင်ရပေမယ့် နောက်ကွယ်က အဓိပ္ပါယ်က ရည်ရွယ်ချက်ကောင်းသည်။
အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ ဘာရေးရမှန်း မသိနိုင်သေးပေ။ သူမသည် မီးပုံးပေါ် မှင်စက်တစ်ခုကျသွားသည်အထိ စုတ်တံကို မြှောက်လိုက် နှိမ့်လိုက်လုပ်နေမိသည်။